← Chapters

မှော်စက်ဝန်းနယ်ပယ်ရတနာ

Vol. 59 Ch. 810

မှော်စက်ဝန်းနယ်ပယ်ရတနာ

Vol. 59 Ch. 810

ထိုကဲ့သို့ရတနာမျိုးက မဟာလောကကြီးလေးခုထဲတွင်ပင် ရှားပါး၏။၎င်းတို့ထဲမှ အများစုကို ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်စွမ်းအား ပိုင်ဆိုင်ထားသည့် မိစ္ဆာအိုကြီးများက ထိန်းချုပ်ထားပြီး ထိုကဲ့သို့သောရတနာများ၏တန်ဖိုးကို စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသည်။ အင်အားကြီးကျင့်ကြံသူများအဖို့ ထိုရတနာအတွက် အချင်းချင်းတိုက်ခိုက်ရန် ထိုက်တန်သည်ဟု ယူဆနိုင်သည်။

လူများက ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်အဆင့်ရှိရတနာများကို ဖန်တီးရန် လုံးဝမလွယ်ကူပေ။ ဤကျယ်ပြောလှသော စကြဝဠာကြီးတွင် ရတနာအများစုမှာ သဘာဝအတိုင်း မွေးဖွားလာကြသည်။ ၎င်းတို့က လောကကြီး၏ဖြစ်တည်မှုကဲ့သို့ ရတနာများဖြစ်၏။ ရတနာတစ်ခုစီက ကွဲပြားကြပြီး ၎င်းတို့၏ မြင့်မြတ်သောစွမ်းရည်များလဲ ကွဲပြားမှုများရှိသည်။ သို့သော် အားအနည်းဆုံးမှော်စက်ဝန်းနယ်ပယ်ရတနာများပင်လျှင်

လကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိသူနှစ်ဦးကို မွေးထုတ်ပေးနိုင်စွမ်းရှိသည်။

လကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိသူက

လက်ထဲတွင် မှော်စက်ဝန်းနယ်ပယ်ရတနာမရှိလျှင် အဆင့်တူပြိုင်ဘက်အနိုင်ရရန် မမျှော်လင့်နိုင်ပေ။

လကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိသူက မှော်စက်ဝန်းနယ်ပယ်ရတနာ လက်ဝယ်ရှိလျှင် နေကြမ္မာမှော်စက်ဝန်းနယ်ပယ်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်ဟု မှတ်ယူနိုင်သည်။

ထိုအဆင့်ရှိရတနာများမှာ ပြင်ပလောက၌ပင် ရုတ်ရုတ်သဲသဲဖြစ်အောင်

လှုံဆော်နိုင်သည်။ ထိုရတနာက ကပ်ဘေးကြီးတစ်ခုနီးပါးဖြစ်စေရန် ရန်တိုက်ပေးနိုင်သည်။

ဤဆုလာဘ်က နတ္ထိအနှစ်သာရနယ်မြေရှိ အပြင်ထွက်ခဲသော လကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိသူများကို ဆွဲဆောင်နိုင်သည်။ ထို့ပြင် ထိုဆုလာဘ်ကြောင့် လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရှိသူများနှင့် စစ်မှန်သောအစောင့်များကိုပင်

ရူးသွပ်သွားစေနိုင်သည်။

သူတို့က မိုစုကို သတ်လိုက်လျှင် ထိုရတနာကို ရရှိနိုင်မည်ဖြစ်သည်။ ထိုထပ်ဆောင်းဆုလာဘ်မှာ လောကအမြုတေကျောက်တုံးများနှင့် ကျင့်ကြံခြင်းဂြိုလ်ထက်သာလွန်သွားခဲ့သည်။

ဤသတင်းကြောင့် အခြားနဂါးငွေ့တန်းသုံးခုသည်လည်း ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။ကျင့်ကြံသူများက သူတို့လုပ်သမျှကို ဘေးဖယ်ထားကာ အနောက်ငွေ့ရည်ဂြိုလ်သို့ အရှိန်အပြည့်ဖြင့် အပြေးအလွှားထွက်ခွာသွားကြသည်။

ထိုနယ်မြေ၌ ဖုန်မှုန့်များနှင့် ပြည့်နေသော နေရာတစ်ခုရှိသည်။ ထိုနေရာ၌ တောက်ပသော အလင်းရောင်က ရံဖန်ရံခါ တောက်ပနေသော်လည်း အသံတစ်သံမျှ မကြားရပေ။ အဝေးမှကြည့်လျှင် လွင်ပြင်တစ်ခုလိုပင်ထင်ရသည်။ အဆုံးမရှိသောကွဲကြေနေသောကျောက်တုံးကြီးများက လေထဲတွင် လွင့်မျောနေသည်။

သိပ်မကြာခင်မှာပဲ အဝေးကနေ ထိုနေရာသို့နီးကပ်လာသော အလင်းတန်းရှည်တစ်ခု နီးကပ်လာပြီး နက်ပြာရောင်

၀တ်ရုံရှည်ကို ၀တ်ထားသောအဘိုးအိုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားက ပျံ့နှံ့သွားပြီး လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ရှိသူဖြစ်ကြောင်း ပြသသည်။

အဘိုးအိုက ကျောက်တုံးကြီးပေါ်မှ ရပ်လိုက်ပြီး လက်သီးကို လက်သီးဖြင့် ပတ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ဆရာကြီး.. တပည့်တွေ့ခွင့်တောင်းပါတယ်...”

အဘိုးအို၏အသံက ကျယ်လောင်လွန်းလှသည်။ ထိုစဉ် သူ့ရှေ့မှ ကွဲအက်နေသော ကျောက်တုံးများက ရုတ်တရက် ရွေ့လျားလာပြီး မရေမတွက်နိုင်သည့် ကျောက်တုံးများပါဝင်သောဧရာမမျက်နှာကြီးတစ်ခု ဖြစ်လာသည်။

ဤမျက်နှာတွင် သိက္ခာရှိသော လေထုနှင့်ပြည့်နေသော လူလတ်ပိုင်းတစ်ဦး၏ မျက်နှာကို ယောင်ဝါးဝါးမြင်နိုင်သည်။ ထိုမျက်နှာရှိမှိတ်ထားသော မျက်လုံးများက တဖြည်းဖြည်းပွင့်လာသည်။

“ဘာကိစ္စရှိလို့လဲ...”

မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံများက နေရာအနှံ့ ပျံ့နှံ့သွားပြီး လှိုင်းအလွှာများပင် ထသွားသည်။ ထို့အပြင် နဂါးငွေ့တန်းကြီး တုန်ခါသွားကာ နယ်မြေအတွင်းရှိ ဥပဒေ‌သအာဏာအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

“ဆရာကြီး...မဟာလောကကြီးလေးခုက လူတစ်ယောက်ရဲ့ခေါင်းအတွက် မှော်စက်ဝန်းနယ်ပယ်ရတနာပေးမယ်လို့ ကြေညာထားပါတယ်..”

ထို့နောက် အဘိုးအိုက ခေါင်းကိုငုံ့ထားလိုက်သည်။ သူ့အမူအရာက လွန်စွာရိုကျိုးနေပုံပေါ်သည်။ သူ့ဆရာကြီး

မည်မျှတန်ခိုးကြီးသည်ကို သူ ရှင်းရှင်းလင်းလင်း သိသည်။သို့သော် သူက အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တစ်ခုလုံးရှိ အသန်မာဆုံးလူ သုံးဦးထဲမှ တစ်ဦးဖြစ်၏။ သူက လောကမှော်ယာဉ်ပျံအလယ်အလတ်အဆင့်ရှိသူဖြစ်သော်လည်း သူဆရာကြီးရှေ့တွင် ကြောက်ရွံ့နေသေးသည်။

“မှော်စက်ဝန်းနယ်ပယ်ရတနာ...”

ဧရာမကျောက်တုံးမျက်နှာကြီး၏မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံဂြိုလ်အသေးလေးတစ်ခုတွင် သူတောင်းစားကဲ့သို့အဝတ်စုတ်များ ၀တ်ဆင်ထားပြီး သနားစရာကောင်းသည့်အသွင်အပြင်နှင့် အဘိုးအိုတစ်ဦးရှိသည်။ သူက ခြောက်သွေ့နေသောတောအုပ်ထဲမှာ လဲလျောင်းနေသည်။ သူ့ဘေးနားမှာ ကျင့်ကြံသူအနည်းငယ်ရှိလေသည်။ ထိုကျင့်ကြံသူထဲတွင် အားအကြီးဆုံးမှာ မဟာမြေကြီးကျင့်ကြံနယ်ပယ်ရှိသူဖြစ်ပြီး လူသားကျင့်ကြံနယ်ပယ်ရှိသူများတောင် ပါသေးသည်။

ထိုအချိန်တွင် သူတို့က ပေထောင်ချီအကွာတွင်ရှိသော ကျားအသွင်ဖြင့် ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်ကို သတိထားပြီး စိုက်ကြည့်နေကြသည်။ ထိုသားရဲကိုကြည့်လိုက်လျှင် မဟာမြေကြီးကျင့်ကြံနယ်ပယ်ရှိကြောင်း သိနိုင်သည်။ သားရဲနောက်ရှိ မြေပြင်တွင်ပွင့်နေသောသုံးရောင်ခြယ်ပန်းတစ်ပွင့်နှင့် ပန်းရနံ့များက ထူးကဲစွာပျံ့လွင့်နေသည်။

ထိုသားရဲက ကျယ်လောင်စွာဟိန်းဟောက်ရင်း ၎င်း၏ပတ်လည်ကို စဉ်ဆက်မပြတ် စူးစမ်းလေ့လာခဲ့သည်။

ထိုအချိန်တွင် ထိုသုံးရောင်ခြယ်ပန်းပွင့်များမှ ပွင့်ချပ်များ ကြွေကျလာသောအခါ စူးရှသောလေချွန်သံများက အရပ်ရပ်မှ ထွက်ပေါ်လာသည်။ ကျင့်ကြံသူလေးဆယ်ခန့်က တောထဲမှ ပြေးထွက်လာပြီး ကျားဆီသို့ အရှိန်တင်လိုက်သည်။

လူအုပ်ထဲတွင် အဘိုးကြီးပါပြီး ဆူညံသံ အများဆုံးထွက်နေသူလဲ ဖြစ်သည်။

“သတ်လိုက်...‌ဒီကောင်က သေးသေးလေး..အဲဒီရတနာက ငါတို့ဟာပဲ...

အဘိုးအို၏မျက်လုံးများက တောက်ပလာပြီး အော်ဟစ်သံနှင့်အတူ ပြေးထွက်လာသည်။ ကျားက ဒေါသတကြီးဟိန်းဟောက်ပြီး လူများကို ကိုက်ဖြတ်နေလေသည်။ မကြာခင်မှာပင် အဘိုးအိုထံမှ နာကျင်စွာ အော်သံထွက်လာသည် ။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကျားကုတ်ရာကြီးပေါ်လာပြီး သူ့ကိုယ်တွင်းအင်္ဂါများပါ ကုတ်ခြစ်ခံရပုံပေါ်သည်။ သူ မြေပြင်ပေါ်သို့ လဲကျသွားစဉ် စကားတစ်ခွန်းကို အော်ပြောခဲ့သည်။

“အားးး ငါတော့ သေပြီ...”

အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် မြေပြင်ပေါ်ရှိ အဘိုးအိုက မျက်လုံးကိုဖွင့်ကာ မျက်တောင်ခတ်လိုက်သည်။ ကျားက လူများကို တိုက်ခိုက်ရင်း အဆက်မပြတ် ဟိန်းဟောက်နေတာကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက သတိကြီးကြီးနှင့် ရှေ့ကို တွားသွားကာ သုံးရောင်ခြယ် ပန်းကလေးဆီ ချဉ်းကပ်သွားလေသည်။

သူက မယုံနိုင်လောက်အောင် လျင်မြန်ပြီး အရင်က ထိုကဲ့သို့သရုပ်ဆောင်ခဲ့ဖူးပုံပေါ်သည်။ သို့ပေမဲ့ သူက ပန်းပွင့်နားကပ်လာစဉ် ကောင်းကင်ရှိ လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“အဲဒီလူအိုကြီးက ဘယ်ကနေရောက်လာတာလဲ..သူက သုံးရောင်ခြယ် ပန်းကို ခိုးယူဖို့သေချင်ယောင်ဆောင်ခဲ့တာလား..”

“ဟမ်.. သူက ငါတို့ဘက်က မဟုတ်ဘူးကွ...”

“ဟင့်အင်း.. ဒီကျားကို ထားလိုက်..အဲဒီလူအိုကြီးကို အရင်သတ်ရအောင်..သူက ငါတို့လူမဟုတ်ဘူးကွ...”

ဒေါသတကြီးအော်သံများက ကောင်းကင်ကနေ ထွက်ပေါ်လာသည်။

ကျင့်ကြံသူအချို့က ကျားကို ကျော်လွန်ပြီး မြေပြင်ဆီသို့ အရှိန်တင်လေသည်။ ထိုအချိန်တွင် အဘိုးအိုက စိုးရိမ်တကြီး မျက်နှာထားဖြင့် သုံးရောင်ခြယ်ပန်းကိုခူးကာ အမြန်ထလိုက်သည်။သူက စိတ်ပျက်လက်ပျက်ဖြင့် အမြန်ထွက်ပြေးသွားခဲ့သည်။

မှော်ရတနာများစွာရှိ အလင်းတန်းများက သူ့နောက်မှ လိုက်ပါလာလေသည်။ ထို့ပြင် သူ့နောက်ကို လိုက်တိုက်ခိုက်သောမြင့်မြတ်သောစွမ်းရည်များတောင် ရှိခဲ့သည်။ အဘိုးအို၏ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူက ပြေးနေရင်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ သူ့ရင်ဘတ်မှ ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်သည်။ထိုစဉ် သူ့မျက်လုံးထဲတွင် တောက်ပသောအလင်းရောင်တစ်ခု ရုတ်တရက်ပေါ်လာပြီး တုံ့ခနဲ ရပ်သွားလေသည်။

ထို့နောက် ထူးဆန်းသော ရတနာများနှင့် မြင့်မြတ်သော စွမ်းရည်များစွာက သူ့အနား နီးကပ်လာသည်။ ကျယ်လောင်သောပေါက်ကွဲသံက လေထဲတွင် တဟုန်ထိုးမြည်ဟည်းနေသော်လည်း အဘိုးအိုက ဆက်၍မတ်တပ်ရပ်ကာ တစ်လက်မမျှမတုန်လှုပ်ပေ။ သူ့ထံ ရောက်သွားသော ထူးဆန်းသော ရတနာများအားလုံးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ မြင့်မြတ်ဆသာစွမ်းရည်များက လုံးဝပြိုပျက်သွားသည်။

“မှော်စက်ဝန်းနယ်ပယ်ရတနာ..”

အဖိုးအိုက မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပန်းပွင့်ကို ကိုက်စားလိုက်သည်။

ထို့နောက် သူ့ခေါင်းကို ချာခနဲလှည့်ပြီး အံ့ဩသင့်နေသောကျင့်ကြံသူများကို စူးစူးဝါးဝါးကြည့်လိုက်သည်။

“သုံးရောင်ခြယ်ပန်း..ငါက အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်မှာရှိတဲ့ လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရှိအင်အားကြီးသုံး‌ယောက်ထဲက တစ်ယောက်ပဲကွ..ငါ မင်းတို့ဆီက လုယူတော့ရော ဘာဖြစ်လဲ..ထွီ...”

အဘိုးအိုက ကောင်းကင်သို့မတက်မီ မြေပြင်ပေါ်တွင် ကြိမ်ဖန်များစွာ တံတွေးထွေးပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်ရှ်နေရာတစ်ခုဆီသို့ အတင်းအကျပ်ပြောင်းရွှေ့ခံရသည့်ကျင့်ကြံခြင်းဂြိုလ်ခုနစ်လုံးရှိသည်။ ထိုနေရာကို ဝန်းရံနေသောဂြိုလ်များမှ ခြိမ်းခြောက်မှုစွမ်းအားက အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ဗဟုသုတနှံ့စပ်သူများက ဂြိုလ်ခုနစ်လုံးကိုမြင်လျှင် အနောက်တိမ်တိုက်ဂြိုလ်ရှိအင်အားအကြီးဆုံးမိသားစုကို ပြေးမြင်မိလိမ့်မည်။

“လီမိသားစု...”

လီမိသားစု၏ဘိုးဘေးယွမ်ဟွာသည် လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်တွင်ရှိ၏။ သူ၏စွမ်းအားက ပတ်ဝန်းကျင်ရှိလူတိုင်းကို ခြိမ်းခြောက်သောကြောင့် လီမိသားစုက အနောက်တိမ်တိုက်ဂြိုလ်တွင် နာမည်ကောင်းရခဲ့ပြီး နဂါးငွေ့တန်း၏အချုပ်အခြာအာဏာပိုင်အဖြစ် လူသိများသည်။

လီမိသားစု၏ဘိုးဘေးတွင် ပေသုံးဆယ်ရှိ ဆံပင်ရှည်များ ရှိပြီး ထိုဆံပင်ကို ထူးဆန်းသော ရတနာအဖြစ် ပြန်လည်သန့်စင်ခဲ့ကြောင်းကောလဟာလများ ထွက်ခဲ့ဖူးသည်။ ထိုဆံပင်ကြောင့် သေဆုံးခဲ့ရသူများမှာ မရေမတွက်နိုင်အောင် များပြားနေပြီး သူ၏ သွေးထွက်သံယို ကျော်ကြားမှုကို အခြေခံ၍ လီမိသားစု၏ သြဇာအာဏာကို တည်ဆောက်ခဲ့သည်။

လီမိသားစုအပြင်၊ ကျင့်ကြံခြင်းဂြိုလ် ခုနစ်ခုတွင်နေထိုင်သူအားလုံးက သူတို့၏လက်အောက်ငယ်သားများဖြစ်သည်။ သူတို့က လီမိသားစု၏ အကာအကွယ်ကို အားကိုးပြီး အမိန့်ကို နာခံခဲ့ကြသည်။ ခုနစ်ခုမြောက်ဂြိုလ်ပေါ်တွင်မြင့်မားသောတောင်တန်းများနှင့်ရေကန်တစ်ခုရှိသည်။ကန်အတွင်းရှိရေသည် မယုံနိုင်လောက်အောင် ကြည်လင်နေပြီး နတ္ထိအနှစ်သာရနယ်မြေတွင် ရှားပါးသောမြင်ကွင်းတစ်ခုဖြစ်သည်။

ရေကန်ဘေးမှာ ပျဉ်ထောင်အိမ်တစ်လုံးရှိပြီး အိမ်အပြင်ဘက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် မတ်တပ်ရပ်နေသည်။ သူက ခေါင်းငုံ့ထားကာ သူ့မျက်နှာပေါ်တွင် လေးစားမှုက တည်တံ့စွာ ရှိနေသည်။

“ဒီလိုမျိုးတွေ ဖြစ်ပျက်ခဲ့ပါတယ် ဆရာကြီး... မဟာလောကကြီးလေးခုက ဆုလာဘ်အနေနဲ့ မှော်စက်ဝန်းနယ်ရတနာကို ပေးအပ်မှာတဲ့...”

“ငါနားလည်ပြီ.. မင်းအခုသွားလို့ရပြီ”

ခဏအကြာတွင် သစ်သားအိမ်မှ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာသည်။ သက်လတ်ပိုင်းအရွယ်လူ၏မျက်နှာပေါ်မှ စိတ်ထက်သန်သောအကြည့်ဖြင့် ဦးညွှတ်ပြီး ထွက်သွားလေသည်။

“မှော်စက်ဝန်းနယ်ပယ်ရတနာ..ဒီလို ရတနာမျိုးက ထျန်းဟွမ်ကျစ်ရဲ့ အာရုံစူးစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မှာပဲ..အဲဒီကောင်ပ ကျင့်ကြံသူလေးတွေနဲ့ အမြဲရောနှောလိုစိတ်ရှိပြီး အင်အားကြီးသူတွေရဲ့အမူအကျင့်တစ်စက်မှမရှိဘူး”

“ဒါပေမဲ့... မှော်စက်ဝန်းနယ်ပယ်ရတနာကိုပေးမှာပေါ့..ဟမ့်..မဟာလောကကြီးလေးခုက ဒီကောင်စုတ်လေးမိုစုအတွက် ဒီလိုရတနာမျိုးပေးမယ်ဆိုတော့ သူ့ကို

လျှော့တွက်လို့မရဘူး...”

ဘိုးဘေး၏အသံက တဖြည်းဖြည်း ငြိမ်သက်သွားသည် ။

အနောက်ငွေ့ရည်တိမ်တိုက်တစ်ခုလုံး မှော်စက်ဝန်းနယ်ပယ်ရတနာအတွက် သွပ်သွားခဲ့သည်။ အဆုံးမဲ့အလင်းတန်းရှည်များက နဂါးငွေ့တန်းကိုဖြတ်၍ ခရီးနှင်နေသည်။ အားလုံးက မိုစုကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားနေကြ၏။ ရံဖန်ရံခါတွင် အခြားနဂါး ငွေ့တန်းများမှ လူများက အနောက်တိမ်တိုက်ဂြိုလ်၏နယ်နိမိတ်များကို ဖြတ်ကျော်လာကြသည်။

နဂါးသုံးကောင်က နဂါးငွေ့တန်းကိုဖြတ်၍ အရှိန်တင်နေသည်။ သူတို့နောက်မှာ အနက်ရောင်မှော်စီးယာဉ်ရှည်ကြီးများရှိလေသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လေ့ကျင့်ရေးသမား အများအပြားက ယာဉ်ပေါ်တွင် တရားထိုင်နေကြသည်။

မြင့်မြတ်သောကြယ်တာရာဝတ်ရုံနှင့်လူငယ်က အလယ်ရှိနဂါး၏ခေါင်းပေါ်တွင် ရပ်နေ၏။ သူ့ဘေးမှာ တင်ပျဉ်ခွေထိုင်နေသော အဖြူရောင်ဝတ်ရုံနှင့်လူတစ်ယောက်ထိုင်နေသည်။ ထိုလူ၏မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော်လည်း အေးစက်ခက်ထန်ပြီး

ခံစားချက်မဲ့နေသောအမူအရာ ရှိသည်။ ထိုလူက ဓါးအိမ်မှဆွဲထုတ်လိုက်သောဓါးကဲ့သို့ ထက်မြက်တည်ငြိမ်ပြီး ထူးခြားနေလေသည်။

“ရဲဝမ်..မင်းက ငါ့နောက်လိုက်ဖြစ်လာရင် မိုစုကို ကူဖမ်းပြီး မှော်စက်ဝန်းနယ်ပယ်ရတနာရအောင် အစွမ်းကုန်ကူညီပေးမယ်..အနာဂတ်မှာ မင်းရဲ့ဂိုဏ်းကို အင်မော်တွေကြားထဲ အင်အားအကြီးဆုံးဖြစ်အောင် လုပ်ပေးမယ်..”

“မလိုပါဘူး..”

အဖြူရောင်ဝတ်ထားသော လူငယ်က

ရဲဝမ်ဖြစ်၏။ သူက မိုစု၏နာမည်ကို ကြားလိုက်ရသောအခါတွင် သူ့မျက်လုံးထဲရှိ ထူးဆန်းသော အလင်းတန်းများ ဖုံးကွယ်ထားလိုက်သည်။

‘မိုစု... တော်တော်ရင်းနှီးနေတဲ့နာမည်ပဲ..မဟုတ်မှလွဲရော အဲဒီတုန်းက မိုစုလား.. မင်းက သူမဟုတ်ရင်လဲ ထားလိုက်..ဒါပေမဲ့ ဟုတ်နေခဲ့ရင် မင်း ဒီနေရာကို ဘယ်လိုရောက်လာလဲဆိုတာ ငါဂရုမစိုက်ဘူး ငါတို့ရဲ့ရန်ပွဲက မပြီးသေးဘူး..”

‘နှစ်တွေကြာလာတာနဲ့အမျှ မင်းက ငါ့ကို သေချာတိုက်နိုင်တဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ပဲ.. ဒီနေ့အထိ ငါမှတ်မိနေတဲ့သူပဲ... မင်းကိုသတ်ပိုင်ခွင့်ရှိတဲ့သူက ငါပဲမို့လို့ မင်းမသေရဘူး...”

ရဲဝမ်က မျက်လုံးတွေကိုမှိတ်ထားရင်း စိတ်ထဲကနေ တိတ်တိတ်လေး ရေရွတ်လိုက်သည်။

အနောက်တိမ်တိုက်ဂြိုလ်ရှိ ရာနှင့်ချီသော

ဓါးရှည်များထဲမှာ တင်ပျဉ်ခွေထိုင်သော လူတစ်ယောက်ပါရှိလေသည်။ ထိုလူက ကျီလုံရှန့်ဖြစ်ပြီး မိုစု၏နာမည်က သူ့ခေါင်းထဲတွင် ပေါ်လာသည်။

သူ့ဘေးနားရှိ လီဟော်က ငြိမ်သက်စွာ ငေးကြည့်နေရင်း သူ့နှလုံးသားထဲတွင် ပုံရိပ်တစ်ခုဖြစ်သည်။ ထိုပုံရိပ်က မိုစုအမည်ရှိ လူငယ်တစ်ဦးလဲ ဖြစ်သည်။

‘ဒါ မင်းလား..’

လီဟော်က ခေါင်းယမ်းလိုက်သည်။

ဤလူနှစ်ယောက်က ကျိယွင်ဟိုင်ကို သတိမထားမိလိုက်ပေ။ ကျိယွင်ဟိုင်က သူတို့ဘေးမှာ ထိုင်နေရင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေလေသည်။ သူ့ခန္ဓာကိုယ်ကို အမည်မသိနည်းလမ်းတစ်ခုခုနှင့်ဆင့်ခေါ်နေသလို ခံစားနေရလေ၏။

‘မိုစု...စုမင်... အရင်တုန်းကတော့ ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားအာရုံကျန်နေခဲ့တာကိုဖော်ထုတ်နိုင်စွမ်း မရှိခဲ့ဘူး မင်းက ငါ့ခန္ဓာကိုယ်ကိုသန့်စင်ပြီး ငါ့သခင်ဖြစ်လာတယ်..မင်းနဲ့ငါအခုလိုထိပ်တိုက်တွေ့ရမယ်လို့ ဘယ်သူကထင်မှာလဲ..ကောင်းပြီ..ဒါဆိုငါတို့ရဲ့နေရာတွေကို လဲဖို့အချိန်ကျပြီ...”

ကျိယွင်ဟိုင်၏မျက်လုံးများတွင် အေးစက်နေသောအလင်းတန်းတစ်ခု လင်းလက်လာသည်။

All Chapters