မှော်စက်ဝန်းကြမ္မာမျက်လုံး
Vol. 59 Ch. 811
စစ်မှန်သောယင်းလောကမှ အခြားရှေးဟောင်းဓါးရာပေါင်းများစွာ၏ရှေ့တွင် ဦးဆောင်နေသောဓါးရှည်ကြီးသုံးချောင်းရှိလေသည်။ ထိုဓါးများက တြိဂံပုံစံ တည်ရှိလေသည်။ ထိုဓါးသုံးချောင်း၏ထိပ်တွင် လူတစ်ယောက်ရပ်နေ၏။
အလယ်ရှိဓါးဖျားတွင်ရပ်နေသော သူ၏မျက်ခုံးအလယ်ဗဟိုတွင် မီးတောက် အမှတ်အသားရှိ၏။ သူက အနီရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားပြီး ဟော်ကျူး၏စွမ်းအားကို အဆမတန်ရရှိထားသည့် ကိုးအဆင့်ရှိစစ်မှန်သောအစောင့်တာအိုရမ်ဖြစ်သည်။
သူ့မျက်လုံးများက တောက်လောင်နေပုံပေါ်သည်။ သူ့ခန္ဓာကိုယ်ထဲက မီးတောက်များက မပြန့်သွားသော်လည်း သူရပ်နေသည့်နေရာက မယုံနိုင်လောက်အောင် ပူခြစ်နေလေသည်။ တကယ်တော့ သူ့ခြေထောက်အောက်က ဓါးမှာ ဖြည်းညှင်းစွာ အရည်ပျော်လာ၏။
“မိုစု...”
တာအိုရမ်က မျက်လုံးများကို မှိတ်ထားလိုက်သော်လည်း သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များကို တွေ့ရသည်။ ဤမိုစုက စစ်မှန်သောယင်းကိုးပါးလောကကို အရှက်ရစေခဲ့သူဖြစ်ပြီး ပင်မစခန်းကိုလည်း မကျေမနပ်ဖြစ်စေခဲ့သည်။ သူတို့က ဤပြသနာကို တစ်လအတွင်း မဖြေရှင်းနိုင်လျှင် သူတို့အားလုံး အပြစ်ပေးခံရလိမ့်မည်။
အခြားရှေးဟောင်းဓါးရှည်နှစ်ချောင်း၏ ထိပ်ဖျားရှိ ကျန်လူနှစ်ဦးက တင်ပျဉ်ခွေကာ တရားထိုင်နေကြသည်။ တစ်ယောက်က အဘိုးကြီးဖြစ်ပြီး နောက်တယောက်က ခပ်ပုပု ကောင်လေးဖြစ်သည်။
သူတို့၏ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းလုံးများ ပျံ့နှံ့သွားခြင်းမရှိသော်လည်း မည်သူမဆို အနီးကပ်ကြည့်ရှုလိုက်လျှင် ၎င်းတို့ပတ်ဝန်းကျင်တွင် စကြာဝဠာဥပဒေသ အရိပ်အမြွက်မျှမရှိကြောင်း တွေ့ရလိမ့်မည်။ ထို့ပြင် သူတို့ ပတ်ပတ်လည်ရှိ ဧရိယာက တွန့်လိမ်ပုံပျက်သွားသကဲ့သို့၊သို့မဟုတ် နဂါးငွေ့တန်းက သူတို့ရှိရာနေရာတိုင်းကို ရှောင်ချင်နေသကဲ့သို့ပင် ထင်ရလေသည်။
တာအိုရမ်က ခေါင်းကိုလှည့်ပြီး ညာဘက်ခြမ်းက ဓါးရှည်ပေါ်က ကောင်လေးကို ကြည့်လိုက်ပြီး စကားပြောလိုက်သည်။
“စီနီယာဟန်ထုံကျစ်.. မိုစုကို ဘယ်လောက်ကြာအောင်ရှာရမှာလဲ”
တာအိုရမ်၏တည်ရှိမှုက ကျောက်မိသားစုဘိုးဘေးကဲ့သို့ လောကမှော်ယာဉ်ပျံအလယ်အလတ်အဆင့်တွင်ရှိလေသည်။ သို့သော် ကောင်လေးနှင့်စကားပြောသောအခါတွင်တော့
လေးစားမှုအရိပ်အမြွက်မျှမရှိပေ။ သူ့ကိုယ်သူ ကောင်လေးနှင့် တန်းတူဟုသဘောထား၍ ပြောဆိုလေသည်။
ယခု သူက စစ်မှန်သောအစောင့်တစ်ယောက်မဟုတ်သောကြောင့် အခြေအနေက မတူညီတော့ပေ။ သူ့မှာ ဟော်ကျူး၏သံတမန်ထက်သာလွန်သော အဆင့်အတန်းတစ်ခုရှိခဲ့ဖူးသည်။ ထို့ကြောင့် သူနှင့်အဆင့်တူသူများကို ပေါ့ပေါ့ပါးပါးပြောဆိုနေသည်။
ကောင်လေးက မျက်လုံးဖွင့်ကြည့်လိုက်သည်။သူက တာအိုရမ်ကို ငေးကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။
“ကျုပ် သူ့ကိုတွေ့ဖို့ လေးနာရီလောက်လိုလိမ့်မယ်...”
“လေးနာရီ... မိုစု၊ နောက်ထပ် လေးနာရီပဲ ကျန်တော့လို့ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့အောင် ငါလုပ်မယ်...’
သတ်ဖြတ်လိုစိတ်များက တာအိုရမ်၏ မျက်လုံးများတွင် တောက်ပနေသည်။
.........................................
ထိုအချိန်တွင် စုမင်က အနောက်တိမ်တိုက်ဂြိုလ်အတွင်းရှိ ကြက်သွေးရောင် ခေါင်းတလားပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းဂြိုလ်တစ်ခုဆီသို့ ထွက်ခွာသွားခဲ့သည်။ သူ့နောက်ရှိ ပေါက်ကွဲသံများက လေထဲတွင် ပဲ့တင်ထပ်နေသေးပြီး သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့လာသည်။ ရက်စက်ကြမ်းကြုတ်သောသားရဲအချို့က ကျင့်ကြံခြင်းဂြိုလ်များမှ ထွက်လာကြသည်။
“ဟုတ်ပြီ...”
ကြိုးကြာငှက်သည် စုမင်၏ဘေးနားတွင် ထိုင်နေကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူက ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့သည်။ ကျင့်ကြံခြင်းဂြိုလ်များရှိ ချိပ်တံဆိပ်များကို ဖွင့်လိုက်တိုင်း မဟာလောကကြီးလေးခုကို လက်စားချေသည်ဟု တွေးထင်ခဲ့သည်။ ထိုခံစားချက်ကြောင့် ချိပ်တံဆိပ်များကို အခမဲ့ဖွင့် ပေးကာ သဘောတွေ့နေလေသည်။
“စုမင်...နောက်ထပ် ဘယ်နေရာကိုသွားအုံးမှာလဲ...နတ္ထိအနှစ်သာရနယ်မြေရဲ့ချိပ်တံဆိပ်တွေအားလုံးကို ချိုးဖျက်ပြီး မဟာလောကကြီးလေးခုကို ဒေါသထွက်အောင် လုပ်ကြရအောင်...သူတို့ဒေါသကြီးလာလေ ဒုက္ခပို ေရာက်လာလေလေ...ငါတို့လဲ ပိုပျော်လာလေလေပဲ”
ကြိုးကြာငှက်သည် အလွန်စိတ်လှုပ်ရှားနေပြီး စုမင်ကို မျှော်လင့်တကြီးကြည့်နေလေသည်။
“ငါ့ကိုသတ်ဖို့ မှော်စက်ဝန်းနယ်ပယ်ရတနာလား...”
စုမင်က ကြိုးကြာငှက်ကို လျစ်လျူရှုခဲ့သည်။ သူ့အမူအရာက မယုံနိုင်လောက်အောင်ကို မည်းမှောင်နေသည်။ သူက ကျင့်ကြံခြင်းဂြိုလ်တစ်ခုမှ ထွက်ခွာလာစဉ် သူ့ခေါင်းအတွက် နောက်ထပ်ဆုလာဘ်တစ်ခု ထပ်တိုးလာကြောင်းသိလိုက်ရသည်။
“စုမင်... ငါတို့ ဆက်ချိုးဖျက်နေလို့မဖြစ်တော့ဘူး..ငါတို့ ချက်ချင်း ထွက်သွားရမယ် ဒီထက်ပိုပြီး မြန်မြန်ထွက်သွားနိုင်ရင် ပိုကောင်းလိမ့်မယ်...မဟာလောကကြီးလေးခုက မင်းရဲ့ခေါင်းအတွက် မှော်စက်ဝန်းနယ်ပယ်ရတနာကိုပေးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... “
မီးလျှံဂြိုလ်သခင်က စုမင်၏အနားတွင် ရှိနေသည်။ သူက စုမင်ကို စိုးရိမ်သောကအမူအရာဖြင့် ကြည့်သည်။
“မှော်စက်ဝန်းနယ်ပယ်ရတနာဆိုတာ ဘာလဲ..”
စုမင်က မေးလိုက်သည်။ မီးလျှံဂြိုလ်သခင်၏ရှင်းပြချက်ပြီးနောက် စုမင်၏မျက်နှာက ပို၍ မည်းမှောင်လာသည်။ သူ့လက်သီးကို အလိုလိုတင်းကျပ်စွာဆုပ်လိုက်သည်။ ထို့နောက် အရိပ်အကဲသိသောကြိုးကြာငှက်ထံမှ ဆူညံသံကို မကြားရတော့ပေ။ မဟာလောကကြီးလေးခုက သူ့လုပ်ရပ်ကြောင့် ကြောက်လန့်သွားသည်မှာ ထင်ရှားလေသည်။
“သူတို့က ငါ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား...မှော်စက်ဝန်းနယ်ပယ်ရတနာ..ငါတောင် စိတ်ဝင်စားမိသွားတယ်...”
စုမင်၏မျက်လုံးများက တလက်လက် တောက်ပလာသည်။ စုမင်က စိတ်လှုပ်ရှားသွားသော်လည်း သူ့အန္တရာယ်ပေါင်းစုံကို ဖြေရှင်းရန်နည်းလမ်းရှာမတွေ့ခဲ့ပေ။
အစကတည်းက ဤအရာက သူ့အသက်ကို ဆုံးရှုံးစေမည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ကြောင်း ခန့်မှန်းထား၏။ အကယ်၍
မဟာလောကကြီးလေးခုက သူ့ကိုသတ်ချင်လျှင် အလွယ်လေး ဖြစ်၏။ စုမင်မဆိုထားဘိ၊ လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရှိသူတောင် သေခြင်းတရားမှလွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူလွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မင်နက်ရောင်ဂြိုလ်သို့သွားခြင်းဖြစ်သည်။ ထိုနေရာက မဟာလောကကြီးလေးခုအာဏာလွှမ်းမိုးမှုအနည်းဆုံးနေရာဖြစ်သည်။ သူက မင်နက်ရောင်ဂြိုလ်မှတစ်ဆင့် အနှစ်သာရကြယ်ပင်လယ်သို့ ဝင်ရောက်မည်ဖြစ်၏။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ မဟာလောကကြီးလေးခုက သူ့နောက်ကိုမလိုက်နိုင်တော့ဘဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိမ့်မည်။
သို့သော်လည်း မင်နက်ရောင်ဂြိုလ်က အလွန်ဝေးကွာပြီး အချိန်တိုအတွင်း ရောက်ရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ သူ၏ တစ်ခုတည်းသောမျှော်လင့်ချက်ကို ပျက်စီးစေသောအရာဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စုမင်က သူ့ဝိညာဉ်ထဲသို့ပေါင်းစပ်သွားသော အနက်ရောင်ကျောက်တုံးကြီး၏ အချိန်အတိုင်းအတာနယ်ပယ်ထဲသို့ လှမ်းရန်ကြိုးစားခဲ့သော်လည်း အသုံးမ၀င်ပေ။
သူ ဝင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်က မလိုက်နိုင်ပေ။ သူ့စိတ်ဝိညာဉ်ကသာ လုပ်နိုင်သည်။ အကယ်၍ သူက ဤအတိုင်းအတာနယ်ပယ်ထဲသို့ အတင်းအကျပ်ဝင်ပါက သူ၏ရုပ်ခန္ဓာကို စွန့်လွှတ်ခြင်းနှင့် အတူတူပင်ဖြစ်၏။ထို့နောက် သူက အရာအားလုံးကို နောက်ထပ်တစ်ကြိမ် အစက ကြိုးစားရဦးမည်ဖြစ်သည်။
ဤနည်းလမ်းက သူ့အသက်ကို ဆုံးရှုံးစေမည့်ဘေးအန္တရာယ်ကို ရှောင်ရှားရန် ပြီးပြည့်စုံသောအဖြေတစ်ခုတော့ မဟုတ်ပေ။ သူက သူကိုယ်သူ လူလုံးပြလေလေ တိုက်ခိုက်ရန် အစွမ်းအစလျော့နည်းလာလေဖြစ်မည်။
ထို့အပြင် စုမင်က သူ့ခန္ဓာကိုယ်နှင့် သူ၏စွမ်းအားကိုစွန့်လွှတ်လိုက်ရန်
မရွေးချယ်ချင်ခဲ့ပေ။
ထိုအချိန် ကြက်သွေးရောင်ခေါင်းတလားသည် နဂါးငွေ့တန်းကိုဖြတ်သန်းသွားသည် ။ အမွှေးတစ်တိုင်စာကြာပြီးနောက် စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာပြီး ဆုံးဖြတ်ချက်ခိုင်မာမှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
“ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ဒီကပ်ဘေးကလွတ်မြောက်ဖို့ နည်းလမ်းမရှိတော့ဘူး..ဒါ့အပြင် အနက်ရောင်ကျောက်တုံးကြီးရဲ့အချိန်အတိုင်းအတာနယ်ပယ်ထဲမှာ အကြာကြီးပုန်းနေလို့မရဘူး..မဟာလောကကြီးလေးခုက နတ္ထိအနှစ်သာရနယ်မြေရဲ့ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ကို အမြဲပိတ်ထားမှာတော့မဟုတ်ဘူး...”
“မှော်အစီအရင်ကို အသက်သွင်းပြီး နောက်တစ်ကြိမ်လည်ပတ်နေသမျှကာလပတ်လုံး ငါက အဲဒီစွမ်းအားကိုငှားရမ်းသုံးနိုင်မှာပဲ..အဲဒီအချိန်ကျ ဘယ်ချိပ်တံဆိပ်မှ ငါ့အပေါ်မသက်ရောက်နိုင်ဘူး...”
“သူတို့က တစ်နှစ်လောက် ပိတ်ပစ်ကြလိမ့်မယ်..ဒါပေမဲ့ လအနည်းငယ်လောက်ပဲဖြစ်လောက်တယ်..ဒီထက်တောင် နည်းနိုင်ခြေရှိတယ်.. မဟုတ်ရင် သူတို့က ငါ့အတွက်နဲ့ ချိပ်ပိတ်မှော်အစီအရင်ကို လက်လွှတ်မှာမဟုတ်ဘူး..”
‘ဒီလိုဆိုရင် ငါ အချိန်အတိုင်းအတာနယ်ပယ်ထဲ ပုန်းနေမှဖြစ်မယ်..ဒီကာလအတွင်းမှာ ငါ့ခန္ဓာကိုယ်က လုံခြုံနေသရွေ့တော့ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး..”
‘အရင်ကစမ်းသပ်မှုတွေကိုကြည့်ရင် ငါ့စိတ်ဝိညာဉ်ကလွဲလို့ အတိုင်းအတာနယ်ပယ်ထဲကို တစ်ခြားဘယ်အရာမှ မဝင်နိုင်တာနှမြောစရာပဲ..ပြီးတော့ သိုလှောင်အိတ်ကိုတောင်ယူလို့မရဘူး..ငါ ယင်းမရဏနယ်မြေမှာရှိနေတုန်းက အဲလိုမဟုတ်ဘူး ..ဒီနတ္ထိအနှစ်သာရနယ်မြေရဲ့
ထူးခြားမှုလဲ ဖြစ်နိုင်တယ်...”
စုမင်က ခေါင်းခါလိုက်ပြီး သူ့မျက်လုံးထဲမှာ အလင်းရောင်တစ်ခုပေါ်လာသည်။ သူ့အောက်ရှိကြက်သွေးရောင်ခေါင်းတလား၏အရှိန်က အဆမတန် တိုးလာကာ လမ်းကြောင်းပြောင်းလိုက်သည်။ထို့နောက် သူက ကျင့်ကြံခြင်းဂြိုလ်ဆီသို့ အရှိန်တင်လိုက်သည်။
“ဒီကျင့်ကြံခြင်းဂြိုလ်မှာရှိတဲ့ချိပ်တံဆိပ်အများစုက ကျိုးပဲ့သွားပြီ..သူတို့က ချိပ်တံဆိပ်ပြန်ခတ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မယ်..ဒါပေမဲ့ ငါ ထွက်မသွားသေးရင်ငါရဲ့တည်နေရာကို ဖော်ထုတ်ပေးတဲ့သူတွေရှိမှာပဲ..
စုမင်၏မျက်လုံးများက တောက်ပလာသည်။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ်အောက်ရှိကြက်သွေးရောင်ခေါင်းတလားက ကျင့်ကြံခြင်းဂြိုလ်သို့ ပြေးဝင်ကာ ဂြိုဟ်၏အပေါ်ဆုံးအလွှာကို ချိုးဖျက်လိုက်သည်။ သူက ဂြိုလ်ပေါ်ဆင်းလာမည့်အစား သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤကျင့်ကြံခြင်းဂြိုလ်ပေါ်တွင် ကျက်တီးမြေရှိသောတောင်ကုန်းများစွာနှင့် ရွံ့ညွန်များ အများအပြားရှိသည်။ ထိုအချိန်တွင် စုမင်က ရွှံ့ညွန်တစ်ခုအနီးတွင် ထိုင်နေသည်။ သူက နေရာများစွာကို သေသေချာချာ စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ဤနေရာကို ရွေးချယ်ခဲ့သည်။
ထိုနေရာက လုံးဝကျက်တီးမြေကြီးတောပမဟုတ်ပေ။ ထူးဆန်းသော ဝိညာဉ်ဆေးပင်များ ပေါက်သောကြောင့် ကျင့်ကြံသူအချို့ ရံဖန်ရံခါဖြတ်သွားကြသည်။ ထိုဆေးပင်များတွင် ဝိညာဉ်စွမ်းအင် အနည်းငယ်ပါရှိသည်။
“ငါ့ရဲ့တည်ရှိမှုကို ဖုံးကွယ်နိုင်တဲ့ ရတနာတစ်ခုရှိတယ်..ငါ့ရဲ့တည်ရှိမှု ပျောက်ကွယ်သွားရင် ကြိုးကြာငှက်..ငါ့ခန္ဓာကိုယ်ကို ကာကွယ်ပြီး ထွက်မလာခဲ့နဲ့..မီးလျှံဂြိုလ်သခင်ကိုလဲ အားကိုးပါရစေ..ကျုပ်ရဲ့တည်ရှိမှုပျောက်သွားတဲ့အချိန်.. တစ်နှစ်ခွဲလောက်ကြာမှ ကျုပ်ထွက်လာခဲ့မယ်..”
စုမင်က စကားပြောနေချိန်တွင် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
ထိုစဉ် မီးလျှံဂြိုလ်သခင်က ကောင်းကင်ကို လျင်မြန်စွာ မော့ကြည့်လိုက်ပြီး သူ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
“မင်းရဲ့စိတ်ဝိညာဉ်ကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာထဲကို မဝင်နဲ့...ဒါ လှည့်စားမှုတစ်ခုပဲ.. မှော်စက်ဝန်းကြမ္မာမျက်လုံးပဲ...”
မီးလျှံဂြိုလ်သခင်က ချက်ချင်းပင် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ကောင်းကင်ကြီးက မူလက ပိန်းပိတ်အောင်မည်းမှောင်နေလေသည်။ ဂြိုလ်သခင်၏အသံကြောင့် ကောင်းကင်ရှိအမှောင်ထုက ပျောက်ကွယ်သွားပြီး မှိန်ဖျော့နေသောအလင်းရောင်ရှိသော ကောင်းကင်ကြီးပြန်ဖြစ်သွားသည်။ ကောင်းကင်မှ အနက်ရောင်နှင်းများ တဖွဲဖွဲကျလာပြီး ကောင်းကင်က ချက်ချင်း အဖြူရောင်ပြောင်းသွားလေသည်။
ထိုအဖြူရောင်ကောင်းကင်ကြီးအတွင်း၌
ပုံရိပ်ရောင်ဖြစ်သောအနက်ရောင်နေလုံးကြီးထွက်ပေါ်လာသည်။ ထိုအရာက တကယ့်နေကံကြမ္မာမှော်စက်ဝန်းနယ်ပယ်မဟုတ်ဘဲ ထင်ယောင်ထင်မှားတစ်ခုဖြစ်၏။ ပိုတိကျစွာပြောရလျှင် လကြမ္မာမှော်စက်ဝန်းနယ်ပယ်၏လ ဖြစ်သည်။
ထိုပုံရိပ်ယောင်နေလုံးကြီးက လနှင့်တူပြီးကောင်းကင်တွင် ပေါ်လာသည်။ ထို့ကြောင့် ကောင်းကင်မှ အနက်ရောင်နှင်းများ ပြန့်ကျဲလာသည်။ ထိုအချိန်တွင် အနက်ရောင်ကောင်းကင်တွင် မျက်လုံးတစ်လုံး ပေါ်လာသည်။
ဤမျက်လုံးတွင် ဉာဏ်ပညာနှင့်အသက်ကြီးရင့်သောလက္ခဏာတို့ ပါရှိသည်။ ထိုအချိန်တွင် ကောင်းကင်မှ အဆုံးမဲ့အနက်ရောင် နှင်းများ ဖွာကျလာသည်။
“လကြမ္မာမှော်စက်ဝန်းနယ်ပယ်....ဒီလကို တစ်ချိန်တည်း အကောင်အထည်ဖော်နေတဲ့ အနည်းဆုံး လူနှစ်ယောက် ရှိတယ်..ဒီလူတွေက မှော်စက်ဝန်းနယ်ပယ်ရတနာတွေကို ပိုင်ဆိုင်ပြီးမှသာ ကြမ္မာမျက်လုံးကို အကောင်အထည်ဖော်နိုင်တာ..ဒါတောင် အဝေးက မျက်လုံးပဲရှိသေးတယ်...သူတို့ရှိတဲ့နေရာတိုင်းက အရာအားလုံးကို ရှာဖွေနိုင်တယ်..”
“စုမင်..မင်းရဲ့ရုပ်ခန္ဓာကို ဖုံးကွယ်ဖို့ မလုပ်နဲ့အုံး..မင်းရဲ့စိတ်ဝိညာဉ်ကို ဖုံးကွယ်ထားရမဲ့နည်းလမ်းကိုတောင် ငါမသိသေးဘူး..ငါတို့ကို စိတ်မပူနဲ့... ငါတို့က မလွတ်မြောက်နိုင်တော့ဘူး..မင်းက ငါ့လူတွေရဲ့မျှော်လင့်ချက်ပဲ..မင်းငါ့ကိုပေးခဲ့တဲ့ကတိကို သတိရနေရမယ်..ဒါ့ကြောင့် ငါ့လူတွေရဲ့အသူရာဝိညာဉ်အလံတွေကိုရှာပေးရမယ်..အသူရာဖန်ဆင်းရှင်..ငါ့လူတွေကို အသက်ပြန်သွင်းပေးပါ...”
“မင့်ရဲ့ရုပ်ခန္ဓာကို ဆက်တွယ်ကပ်မနေနဲ့တော့..ဒါဆို မင်း နေရာပြောင်းရွေ့နိုင်ရင်တောင် အသုံးမဝင်တော့ဘူး..ငါတို့လဲ နေမှော်စက်ဝန်းကြမ္မာမျက်လုံးအောက်ကနေလွတ်မြောက်နိုင်မှာ မဟုတ်ဘူး..သူတို့ ငါတို့ကို ချက်ချင်းပြန်ရှာနိုင်လိမ့်မယ်..”
“ ငါ့ရဲ့နတ်ဘုရားအာရုံကို ဖောက်ခွဲပစ်မယ်..ငါသိမ်းဆည်းထားတဲ့ ကျန်ရှိနေတဲ့ စွမ်းအားကို မင်းကိုနေရာရွေ့ပြောင်းနိုင်အောင်ကူညီပေးမယ်..စုမင်..ဂရုစိုက်ပါ”
ဂြိုလ်သခင်က စကားကိုအော်ဟစ်ပြောနေလေသည်။ ထိုအချိန်တွင် ကျယ်လောင်သော အသံများက ကောင်းကင်မှ ပဲ့တင်ထပ်နေသည်။ နှင်းထုပုံစံ မျက်လုံးများစွာက လေထုထဲတွင် ဝဲလွင့်နေသည်။ ထိုအချိန်တွင်အင်အားစုများစွာက နယ်မြေအတွင်းသို့ ဆင်းသက်လာသည်။ ချက်ချင်းပင် ထိုနေရာအားလုံးက ရေခဲဖုံးလွှမ်းသကဲ့သို့ အေးစက်သွားခဲ့သည်။
အပေါ်စီးကကြည့်လျှင် ဤမြင်ကွင်းက ပို၍ရှင်းလင်းသည်။ ကောင်းကင်ကြီးက ရေခဲအလွှာအဖြစ်သို့ ပြောင်းလဲသွားသည့်အခိုက်တွင် ရှေးဟောင်းကြေးဝါဓါးရှည်များသည် ဧရိယာအတွင်းသို့ ရွေ့လျားသွားခဲ့သည်။ လူပုံရိပ်များ ဖျတ်ခနဲပေါ်လာပြီးနောက် ယင်းကိုးပါးလောကက အခြေစိုက်ယူထားသောနဂါးငွေ့တန်းထဲတွင် ပေါက်ကွဲသံများကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အဆုံးမရှိသော လှိုင်းဂယက်များက ပျံ့နှံ့သွားသည်။ထိုလှိုင်းဂယက်များက လေထုထဲတွင် စွမ်းအားလှိုင်းများအသွင် ပြောင်းသွားသည်။ ဧရာမရာဒစ်ဂြိုလ်က စစ်မှန်သောယင်းလောကမှ ဖြည်းညှင်းစွာထွက်ပေါ်လာသည်။ ဤသည်မှာ အဆုံးမဲ့ အချိန်ကာလကြာပြီးမှ ရာဒစ်ဂြိုလ်ကို
ဒုတိယအကြိမ် စေလွှတ်ခြင်းဖြစ်သည်။
ပထမအကြိမ်မှာ မင်နက်ရောင်ဂြိုလ်ပြောင်းလဲမှုဖြစ်စဉ်တွင် ဖြစ်၏။
ရာဒစ်ဂြိုလ် ထွက်ပေါ်လာပြီးချင်း ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စုမင်ရှိနေသောနဂါးငွေ့တန်းက ရေခဲများဖြင့် ဖုံးလွှမ်းသွားသောအခါ ထိုနဂါးငွေ့တန်းရှိဟင်းလင်းပြင်က ဆုတ်ပြဲသွားပြီး ရာဒစ်ဂြိုလ်ဆင်းသက်လာသည်။
ကောင်းကင်ဘုံဂြိုလ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော လှေကားထစ်ပုံသဏ္ဍာန်ရှိဂြိုလ်ကိုယ်ထည်ကြီးက လေထဲတွင် လျင်မြန်စွာ ပေါ်လွင်နေသည်။ ဂြိုလ်ကြီးက တစ်ဝက်လောက်ပေါ်လာပြီးနောက် ချိပ်ပိတ်တားဆီးနိုင်သောစွမ်းအားကြီး တစ်ခုပေါ်လာသည်။ စစ်မှန်သောလောကအစောင့်မှ စုမင် နေရာမပြောင်းရွေ့နိုင်အောင် ပြင်ဆင်ထားခြင်းဖြစ်သည်။ ရာဒစ်ဂြိုလ်က ၎င်း၏ပုံစံအပြည့်အစုံဖြင့် ပေါ်လာမှသာ ချိပ်တံဆိပ်က ပြီးပြည့်စုံမည်ဖြစ်သည်။နေကြမ္မာမှော်စက်ဝန်းနယ်ပယ်အောက်တွင်ရှိသော သူများအားလုံးပင် နေရာပြောင်းရွှေ့နိုင်မည်မဟုတ်ပေ။
သူတို့က စုမင်၏တည်နေရာကိုပထမဆုံးတွေ့ရှိပြီးနောက် ရာဒစ်ဂြိုလ်က သူ့လှုပ်ရှားမှုများကို တားမြစ်ရန် ဆင်းသက်လာခဲ့သည်။
“စုမင်..မင်းဘာတွေစဉ်းစားနေတာလဲ..မြန်မြန်လုပ်..မဟာလောကကြီးလေးခုထဲက ကောင်းကင်ဘုံစစ်ပွဲရာဒစ်ဂြိုလ်ကိုယ်ထည်ကြီးက ပေါ်လာပြီ...”
မီးလျှံဂြိုလ်သခင်က စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။ ကောင်းကင်က တွန့်လိမ်ပုံပျက်သွားလေသည်။ ကြီးမားသောဓါးပုံရိပ်က ပေါ်လာပြီး ရှည်လျားသော ဓါးအသွားကို လေထဲတွင် ထက်မြိစွာပေါ်လွင်စေသည်။
မီးလျှံဂြိုလ်သခင်က အလောတကြီးဖြစ်ပေါ်နေချိန်တွင် စုမင်၏မျက်လုံးများတွင် ရူးသွပ်မှုများထွက်ပေါ်လာသည်။
“ခင်ဗျားရဲ့စွမ်းအားအပြည့်နဲ့နေရာရွေ့ပြောင်းပေးတော့..မီးလျှံဂြိုလ်သခင်...”
စုမင်၏ မျက်လုံးများက ရူးသွပ်မှုများနှင့် ပြည့်နှက်နေသော်လည်း သူ့အသံမှာ တည်ငြိမ်လွန်းသဖြင့် ကြောက်မက်ဖွယ်ရာကောင်းလှသည်။
မီးလျှံဂြိုလ်သခင်က သူ့ခေါင်းကိုမော့ကာ စိုးရိမ်တကြီးပြန်မေးလိုက်သည်။
“ဘယ်နေရာကိုလဲ..”
“ပြောင်းတော့... အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့သီးခြားနယ်မြေကို ပြောင်း...”