သီးခြားနယ်မြေထဲကိုအတင်းပြောင်းရွေ့ခြင်း
Vol. 59 Ch. 812
ရာဒစ်ဂြိုလ်ကိုယ်ထည်အများစုက ဆင်းသက်လာပြီဖြစ်သည်။ ရာနှင့်ချီသော ရှေးကြေးဝါဓားရှည်များက နဂါးငွေ့တန်းတစ်ခုလုံးကို အပြည့်နေရာယူထားလေသည်။ ဂြိုလ်များစွာက အလင်းတန်းရှည်အသွင်ဖြင့် နဂါးငွေ့တန်းကိုဖြတ်သန်းသွားလာနေသည်။ ၎င်းတို့က
စုမင် လွတ်မြောက်ရန် မဖြစ်နိုင်သော ပိုက်ကွန်ကြီးကို ချထားတော့မည်။အစောင့်အားလုံးက နတ္ထိအနှစ်သာရနယ်မြေမှ ထွက်ခွာသွားကြသည်။ သူတို့က လကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိသူနှစ်ဦးကို ထိုက်တန်သောအဖိုးအခများထုတ်ပေးခဲ့သည်။ သူတို့၏ စုမင်ကိုသတ်လိုသောဆန္ဒက မယုံနိုင်လောက်အောင် ပြင်းထန်နေပြီ ဖြစ်သည်။
“ရာဒစ်ဂြိုလ်လုံးဝမပေါ်ခင် မင်းမှာအသက်ဆယ်ရှိုက်စာအချိန် ရမယ်..အသက်ဆယ်ရှိုက်စာပြီးရင် မင်းနေရာပြောင်းရွေ့နိုင်ရင်တောင် အဲဒီ့စွမ်းအားကို အများကြီးအသုံးမပြုနိုင်တော့ဘူး..”
အခြားဓါးများထက်အဆပေါင်းများစွာပိုကြီးသောရှေးဟောင်းကြေးဝါဓါးကြီးတစ်လက်က နဂါးငွေ့တန်းထဲမှာ ပေါ်လာလေသည်။ မျက်ခုံးအလယ်၌မီးတောက်အမှတ်အသားရှိသော တာအိုရမ်က ဓါးထိပ်မှာ မတ်တပ်ရပ်နေလေသည်။ သူက အဝေးရှိရာဒစ်ဂြိုလ်ဆင်းသက်လာတာကိုကြည့်ခြင်း သူ့ခန္ဓာကိုယ်ကနေမီးတောက်များက မမြင်နိုင်သောပုံစံနှင့်ပျံ့နှံ့သွားသည်။
“အခု မင်း နေရာပြောင်းရွေ့သွားရင်တောင် ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး..မင်းဘယ်နေရာကိုပြောင်း ရွေ့ပါစေ ငါတို့က မင်းကိုချက်ချင်းလိုက်ဖမ်းနိုင်တယ်...”
တာအိုရမ်က အေးစက်စွာရယ်မောရင်း ပြောခဲ့သည်။
နဂါးငွေ့တန်းက ခဏတာ အေးခဲရပ်တန့်သွားသည်။ စုမင်၏တည်ငြိမ်သောအသံကြောင့် မီးလျှံဂြိုလ်သခင်က အံ့ကြိတ်ကာ စကားမပြောဘဲ ရပ်လိုက်သည်။ ယင်းအစား သူက ကောင်းကင်သို့ ဟိန်းဟောက်လိုက်သောအခါ သူ့တစ်ကိုယ်လုံးမှ ပြင်းထန်သောစွမ်းအားလှိုင်းလုံးများ ပျံ့နှံ့သွားသည်။
ထိုလှိုင်းလုံးများက စုမင်နှင့် ကြိုးကြာငှက်တို့ကို ဖုံးလွှမ်းပြီးနောက် အရပ်ရပ်သို့ပျံ့နှံ့သွားသည်။ အဆုံးမဲ့အလင်းတန်းရှည်များ ရောက်ရှိလာခါနီးတွင် စုမင်တို့ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်မှ ပြင်းထန်ပြီး ကျယ်လောင်သော အသံများ ထွက်လာသည်။
ထိုအချိန်တွင် ကျယ်လောင်သော
ပေါက်ကွဲသံများက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။ ရာဒစ်ဂြိုလ်က ပိုက်ကွန်ပုံစံဖြင့် ဆင်းသက်လာသည်။ ထို့နောက် မီးလျှံဂြိုလ်သခင်က စုမင်၊ ကြိုးကြာငှက်တို့နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က စွမ်းအားလှိုင်းလုံးများနှင့်ရောထွေးပြီး နေရာရွေ့ပြောင်းသွားကြသည်။
စုမင် နေရာပြောင်းရွေ့သွားခြင်းကြောင့်
ကောင်းကင်မှ ဆင်းသက်လာသောအစောင့်များ၏အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ ထိုအရာကို အစကတည်းက သူတို့ မျှော်လင့်ထားလေသည်။ စုမင်က တည်နေရာရွေ့ပြောင်းနေစဉ် ရာဒစ်ဂြိုလ်က ၄င်း၏ပုံစံအပြည့်ဖြင့် ပေါ်လာသည်။ ရာဒစ်ဂြိုလ်၏အားကြီးသောအလင်းလှိုင်းများက နဂါးငွေ့တန်းကိုဖြတ်သွားကာ ကြေးဝါဓားရှည်များ၊ စစ်မှန်သော အစောင့်များအားလုံးနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ကြံခြင်းဂြိုလ်အတွင်း သို့မဟုတ် အပြင်ဘက်တွင် အစောင့်များကိုချန်ထားခဲ့ခြင်းမရှိပေ။ အရာအားလုံးက လှည့်စားမှုတစ်ခုလိုခံစားရလေသည်။
အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တွင် ထူးခြားသောနေရာတစ်ခုရှိခဲ့ပြီး ထိုနေရာတွင် အဆုံးမဲ့အက်ကြောင်းများရှိဧ။။် အေးစက်သောလေပြင်းက ထိုအက်ကွဲကြောင်းများမှ တဝှီးဝှီးအသံနှင့်တိုက်ခတ်နေလေသည်။ အက်ကွဲကြောင်းအများအပြားကြောင့် ဤနေရာသို့ ရောက်လာသူတိုင်း၏ အမြင်အာရုံကို မထင်မရှားဖြစ်စေလေသည်။
လေတိုက်ခတ်မှုက သိပ်မပြင်းထန်ပေ။
တကယ်တော့ မဟာမြေကြီးကျင့်ကြံဆင့်ရှိသူများတောင် နည်းနည်းပိုသတိထားလိုက်လျှင် ထိုလေထုထဲမှာ ဘေးကင်းနိုင်သည်။ သို့သော်လည်း အန္တရာယ်ကင်းမဲ့သောနေရာတွင် လူအနည်းငယ်သာ ဝင်ဝံ့မည့်နေရာဖြစ်သော သီးခြားနယ်မြေတစ်ခုရှိလေသည်။
“အနောက်တိမ်တိုက်ဂြိုလ်ရဲ့သီးခြားနယ်မြေ...”
ထိုနေရာက ဝင်ပေါက်ဖြစ်ပြီး ခုနကလေထုကြောင့် အန္တရာယ်သိပ်မရှိပေ။ သီးခြားနယ်မြေသို့ဝင်ပေါက်တိုင်းတွင် အန္တရာယ်သိပ်မရှိပေ။ သို့သော် တစ်စုံတစ်ယောက်က ထိုအက်ကြောင်းများထဲမှတစ်ခုဆီသို့ တိုးဝင်သွားပါက အန္တရာယ်ကင်းတော့မည်မဟုတ်ပေ။ ဤအက်ကြောင်းအားလုံးက နေရာရွှေ့ပြောင်းခြင်း၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ မည်သည့်သက်ရှိဖြစ်ဖြစ် အက်ကွဲကြောင်းထဲကို ရောက်သွားလျှင် သီးခြားနယ်မြေထဲသို့ချက်ချင်းရောက်သွားလိမ့်မည်။ အိပ်မက်ဆိုးကြီးဖြစ်သော ဒုက္ခအစစ်အမှန်ကို ကြုံတွေ့ခံစားရမည်ဖြစ်သည်။
ထိုအချိန်တွင် ဤနေရာမှ လှိုင်းပုတ်သံများ ထွက်ပေါ်လာသည်။ စုမင်၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲတွင် ထင်ရှားလာသည်။ သူနှင့်အတူ ကြိုးကြာငှက်နှင့်မီးလျှံဂြိုလ်သခင်ပါ ပေါ်မလာပေ။
သူက ကြိုးကြာငှက်ကို သိမ်းဆည်းလိုက်သည်။ ဂြိုလ်သခင်မှာမူ ထိုအပြောင်းအရွှေ့အတွင်း သူ၏စွမ်းအားအားလုံးကို အသုံးပြုလိုက်သောကြောင့်
နက်ရှိုင်းစွာ ငိုက်မျဉ်းသွားခဲ့သည်။ ဤအပြောင်းအရွေ့က အခြားအရာများနှင့်မတူညီပေ။ နေမှော်စက်ဝန်းကြမ္မာမျက်လုံးက သူတို့ကို ပိတ်ဆို့ထားချိန်တွင်က
သူအသုံးပြုရမည့် စွမ်းအားထက် ပိုမိုအသုံးပြုခဲ့ရသည်။
အိပ်စက်သွားသောဂြိုလ်သခင်က စုမင်၏ညာဘက်လက်မောင်းရှိ ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရုပ်တုက မှိန်ဖျော့နေသော်လည်း သူ့အထဲမှာ အသက်စွမ်းအားအနည်းငယ်ပါရှိနေသေးသည်။ သူက ပြန်နှိုးထလာရန် အချိန်လိုအပ်လေသည်။
စုမင်က တုံ့ဆိုင်းခြင်းမရှိဘဲ သီးခြားနယ်မြေထဲသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက လျင်မြန်စွာ ရွေ့လျားသွားသဖြင့် ပစ်လွှတ်လိုက်သောမြှားတစ်စင်းကဲ့သို့ထင်ရလေသည်။ ထိုစဉ် နဂါးငွေ့တန်းက ပြင်းထန်စွာ ဟိန်းဟောက်စပြုလာသည်။
ထိုဟိန်းဟောက်သံများက လေထဲတွင် တဟုန်ထိုး တုန်ခါစေ၏။ နဂါးငွေ့တန်းအတွင်း ဧရာမကောက်ကြောင်းတစ်ခု ပေါ်လာပြီး ပုံပျက်နေသော လှေကားထစ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းက ရာဒစ်ဂြိုလ်ပင်ဖြစ်သည်။ ၎င်းက စုမင်ကို မလွတ်တမ်း မိအောင်လိုက်ဖမ်းနေ၏။
စုမင် မည်သည့်နေရာမှာရှိနေပါစေ ၎င်းက ချက်ချင်းသိရှိပြီး နောက်ကလိုက်ဖမ်းလိမ့်မည်။
ထို့နောက်ကြီးမားသော ရှေးဟောင်းကြေးဝါဓါးရှည်များက သီးခြားနယ်မြေအပြင်ဘက်ရှိ နဂါးငွေ့တန်းအတွင်း ချက်ချင်းဆိုသလို ပေါ်လာသည်။ ဓါးရှည်များက ရာနှင့်ချီရှိခဲ့ပြီး အလင်းတန်းရှည်များလဲ မရေမတွက်နိုင်အောင်ရှိနေခဲ့သည်။
“သီးခြားနယ်မြေ...ဒါ အနောက်တိမ်တိုက်ဂြိုလ်ရဲ့သီးခြားနယ်မြေပဲ..”
“သူ ဒီကို ပြောင်းရွေ့လာတာလား.. သူ ဘာလုပ်ချင်တာလဲ..သူ ငါတို့နဲ့တိုက်ရင် သေချာပေါက်သေမှာသိလို့ အသက်ရှင်လို့ရှင်ငြား သီးခြားနယ်မြေထဲသွားခဲ့တာလား...”
“သီးခြားနယ်မြေ..”
ထိုရှေးဟောင်းကြေးဝါဓါးရှည်များပေါ်ရှိ စစ်မှန်သော အစောင့်တပ်သားများ လုံးလုံး မတ်တပ်ရပ်လိုက်ကြသည်။ သူတို့က ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အဝေးသို့ထွက်ပြေးနေသောစုမင်ကို တွေ့လိုက်ရသည်။
ကျီလုံရှန့်လဲ လူအုပ်ထဲတွင် ရှိနေသည်။ သူ့ရှေ့ရှိ စုမင်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာသည်။ သူ့ဘေးနားရှိလီဟော်၏ မျက်လုံးများတွင် ရှုပ်ထွေးသောခံစားချက်များ ပေါ်လာသည်။
ကျိယွင်ဟိုင်က မျက်လုံးပြူးသွားခဲ့သည်။ ထိုခဏတွင် တိတ်တိတ်ဆိတ်ဆိတ် ခေါ်သံတစ်ခုက မယုံနိုင်လောက်အောင် ပြင်းထန်လာခဲ့ပြီး သူ့ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်းမရှိလုနီးပါးဖြစ်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။
စစ်မှန်သောအစောင့်တပ်များ ပေါ်လာသောကြောင့် နဂါးငွေ့တန်းအတွင်းတွင်
လှိုင်းဂယက်များ ပြင်းထန်စွာပျံ့နှံ့သွားသည်။အနက်ရောင် နေလုံးကြီးက ကောင်းကင်ထက်တွင် ထင်ရှားနေ၏။ ထိုမျက်လုံးထဲတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး စုမင်ကို စူးစိုက်ကြည့်လိုက်သည်။
စုမင်၏ခြေလှမ်းများက တုံ့ခနဲ ရပ်တန့်သွားသည်။ သူက ဧရာမရှေးဟောင်းဓါးရှည်များ၊ ပိုကြီးလာသောရာဒစ်ဂြိုလ်နှင့် စစ်မှန်သောအစောင့်များကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက သီးခြားနယ်မြေထဲကို ထွက်ပြေးနေပြီး သူ့နောက်မှာ ပေသုံးဆယ်ရှိ အက်ကွဲကြောင်းတစ်ခုရှိလေသည်။ ထိုအက်ကွဲကြောင်းမှ စုပ်ယူမှုအားနည်းသောလှိုင်းလုံးများ ပျံ့နှံ့သွားပြီး သီးခြားနယ်မြေထဲကို တိုက်ရိုက်ပို့ဆောင်ပေးမည့် ဝင်ပေါက်များထဲမှ တစ်ခုဖြစ်သည်။
ရှေ့ဆုံးတွင်ရှိသော ဓါးသုံးချောင်းပေါ်တွင် ရပ်နေသော လူသုံးဦးကို သူမြင်လိုက်ရသည်။ ကောင်လေးတစ်ယောက်နှင့် အခြားလူတစ်ဦးကို သူမြင်လိုက်ရသည်။ စုမင်က သူတို့ကို ကြည့်လိုက်ရုံဖြင့် သူ့မျက်လုံးများက နာကျင်လာသည်။
စုမင်က ထိုလူများထံမှ မမြင်နိုင်သော ဖိအားများပျံ့နှံ့သွားသည်ကို မြင်ဖူးသည်။
စုမင် ယင်းမရဏလောကမှာ ရှိနေစဉ်က
သူ့ခန္ဓာကိုယ်ထဲမှာ တံဆိပ်ခတ်ခံထားသောဝိညာဉ်သုံးခုကလဲ စွမ်းအားကြီးနယ်ပယ်မှာ ရှိနေခဲ့သည်။ သူတို့က လကြမ္မာမှော်စက်ဝန်းနယ်ပယ်အတွင်းကြောက်မက်ဖွယ်တည်ရှိမှုများပင်ဖြစ်သည်။ သူတို့က ဓါးရှည်များပေါ်ရပ်နေချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိနဂါးငွေ့တန်းကလည်ပတ်မှုအားလုံးကို ရပ်တန့်သွားပုံရသည်။ ဤသည်မှာ စုမင်၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည့် တန်ခိုးကြီးသော စွမ်းအားတစ်ခုဖြစ်သည်။ ထိုလူနှစ်ယောက်အပြင် အလယ်ရှိဓါးရှည်ပေါ်တွင် ရပ်နေသော လူငယ်တစ်ဦးလည်း ရှိသေးသည်။ သူ့မျက်ခုံးအလယ်မှာ မီးတောက်အမှတ်အသားရှိ၏။ ထိုလူငယ်၏အကြည့်များက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ စုမင်က ထိုအကြည့်ကို တခဏမျှသာ တွေ့လိုက်ရပြီး အဆုံးမဲ့ အပူပမာဏက သူ့ကို ချက်ချင်းဝိုင်းရံလာခဲ့သည်။
ထိုနေရာတွင် စစ်မှန်သော အစောင့်တပ်သားသောင်းနှင့်ချီ ရှိပြီး သူတို့ သုံးဦးမှာ ခေါင်းဆောင်များ ဖြစ်သည်။ သူ့ကို သတ်ရန်စည်းရုံးနေသူအများကြီးရှိကြောင်း တွေ့လိုက်ရတော့ စုမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဤနေရာ၌ မည်သည့်အန္တရယ်မျှမရှိပေ။ သို့သော်လည်း ဝင်ပေါက်များ၌ချထားသောစစ်မှန်သောအစောင့်များထဲမှ တစ်ဦးတစ်ယောက်မျှ မဝံ့မရဲဖြစ်နေသည်ကိုမြင်လိုက်ရသောကြောင့် စုမင် အေးစက်စွာ ရယ်နေမိသည်။ သူ၏စိတ်နှလုံးကို တုန်လှုပ်စေသော အင်အားကြီးသူနှစ်ဦးနှင့် သူ၏ကျင့်ကြံစွမ်းအားကို ရပ်တန့်သွားစေသောလူငယ်ကိုကြည့်ရင်း စုမင် ရယ်မောနေလေသည်။
ရှေ့တန်းမှ သုံးယောက်အပါအဝင် လိုက်ပါလာသူအားလုံးက သီးခြားနယ်မြေထဲသို့ မဝင်ရဲကြဘဲ သူတို့၏စွမ်းအားလှိုင်းများကို နယ်မြေအနား မပျံ့နှံ့အောင် အစွမ်းကုန်တားဆီးနေကြသည်။
ကျီလုံရှန့်နှင့်လီဟော်တို့၏ မျက်နှာများပေါ်တွင် ရှုပ်ထွေးသောအမူအရာများ ရှိနေသည်။ သူတို့ဘေးနားရှိကျိယွင်ဟိုင်က သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဤမြင်ကွင်းကြောင့် စုမင်က မှန်ကန်သော အလောင်းအစားပြုလုပ်ခဲ့ကြောင်း သိသာစေခဲ့သည်။အကယ်၍ စုမင်က အချိန်အတိုင်းအတာနယ်ပယ်အတွင်း၌ ပုန်းအောင်းရန် ရွေးချယ်ခွင့်ရရှိခဲ့လျှင်ပင်၊ သူ၏ရုပ်ခန္ဓာက ကျိန်းသေပျက်စီးသွားပြီး ဂြိုလ်သခင်လဲ သေချာပေါက်သေဆုံးသွားလိမ့်မည်။ ကြိုးကြာငှက်လဲ မည်မျှပင် ပုန်းကွယ်နေပါစေ၊ ဤဘေးအန္တရာယ်မှ လွတ်မြောက်ရန် ခက်ခဲနေပေလိမ့်မည်။
စုမင်က ခံစားချက်မဲ့နေသူဖြစ်လျှင်တောင် သူ့အဖော်များကို သူ့ရှင်သန်မှုအတွက် မစတေးရဲပေ။ ထို့အပြင် သူက သူ၏ဝိညာဉ်ကို ဖုံးကွယ်ထားလျှင်တောင်မှ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်ချိပ်ပိတ်ခံရခြင်းမှ လွတ်မြောက်ရန် ခက်ခဲနေသေးသည်။ သူက အချိန်အတိုင်းအတာနယ်ပယ်ထဲမှ ထွက်သွားရန်ခက်ခဲပြီး ထွက်လိုက်တာနဲ့ သေဆုံးသွားလိမ့်မည်။
သူက သီးခြားနယ်မြေကိုရွေးချယ်ခဲ့သောကြောင့် ထိုလူများကို ကြောက်လန့်တကြားဖြစ်စေခဲ့သည်။ သူက ထိုနေရာသို့ ဦးတည်ကာ ရှင်သန်ရန် အတွက် တိုက်ပွဲဝင်ခဲ့သည်။ ထိုအရာက သူ့ရွေးချယ်မှုပင်ဖြစ်၏။
စုမင်က ဟားတိုက်ရယ်မောနေစဉ်
စစ်မှန်သောအစောင့်တပ်သားအားလုံး တိတ်ဆိတ်သွားကြသည်။
“ငါ အကြိမ်ပေါင်းများစွာ လိုက်ဖမ်းခံရတဲ့ အချိန်တိုင်းမှာ မြင်လိုက်ရတဲ့သူတွေက မဟာလောကကြီးလေးခုထဲကလူတွေပဲ..တကယ်လို့ ငါ သီးခြားနယ်မြေမှာ မသေခဲ့ရင် မင်းတို့အကုန်ပြန်ပေးဆပ်ရမယ်...”
စုမင်၏ရယ်သံက လူတိုင်းကို အဆုံးမဲ့ကြက်သီးထစေလေသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အက်ကွဲကြောင်းနားသို့ ရွှေ့လိုက်သည်။
“မင်းတို့သတ္တိရှိရင် သီးခြားနယ်မြေထဲကိုလိုက်ခဲ့..ငါ့ကိုလိုက်ဖမ်းကြလေ..”
စုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်ပေါ်လာသည်။ သူ့မှတ်ဉာဏ်ထဲတွင်ထိုနေရာရှိလူများ၏မျက်နှာအားလုံး၊ အထူးသဖြင့် သူတို့ထဲရှိအသန်မာဆုံးသုံးယောက်ကို စွဲမြဲစွာ မှတ်ထားခဲ့သည်။ ထို့နောက် သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အက်ကွဲကြောင့်သို့ လုံးလုံးလျားလျား ဝင်ရောက်သွားသည်။
“သီးခြားနယ်မြေထဲကိုဝင်တာက ငရဲကိုသွားတာနဲ့အတူတူပဲ..မင်းကို လွှတ်ထားလိုက်မယ်. မင်း နေကြမ္မာမှော်စက်ဝန်းနယ်ပယ်ထဲမှာအသက်ရှင်ရပ်တည်နိုင်ဖို့ဆိုတာ ရှားတယ်... မင်း ငါတို့လက်ထဲမှာ မသေချင်ဘူးဆိုတော့ သီးခြားနယ်မြေကိုသွားပြီးတော့ ကိုယ့်ကိုကိုယ်သတ်သေနိုင်တယ် ဒါကို ငါတို့ခွင့်ပြုတယ်”
တာအိုရမ်က ပြတ်ပြတ်သားသားပြောခဲ့သည်။
စုမင်က သူ့စကားကိုကြားသော်လည်း စကားပြန်မပြောပေ။ သူ့ခန္ဓာကိုယ်ပျောက်ကွယ်မသွားခင်မှာ တာအိုရမ်ကို စိမ်းစိမ်းဝါးဝါး တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်တစ်ချက်က ထိုလူ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
စုမင်၏ မျက်လုံးများထဲတွင် သူတစ်ခါမှ မမြင်ဖူးသော ဆုံးဖြတ်ချက်နှင့် ပြတ်သားမှုကို မြင်လိုက်ရသည်။ ထိုအကြည့်များက ထူးခြားသောသတင်းစကားတစ်ခုဖြစ်ကြောင်း သူတို့ရှင်းလင်းစွာ သိနေခဲ့သည်။
“ငါ သေချာပေါက် ပြန်လာခဲ့မယ်..”
စုမင်၏ခန္ဓာကိုယ်က အက်ကွဲကြောင်းအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအက်ကွဲကြောင်းက စုမင်ကို ကိုက်စားလိုက်ပုံပေါ်ပြီး တစ်ချိန်တည်းမှာပင် အခြားသူများ ဝင်ရောက်လာရန် စောင့်ဆိုင်းနေသကဲ့သို့ လှောင်ပြောင်နေဟန်တူသည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။ တာအိုရမ်က သူ့လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်စဉ် သူ့မျက်လုံးထဲမှာ အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာသည်။
“ဒီကောင်လေး သီးခြားနယ်မြေထဲကိုဝင်သွားပြီ..သူသေမှာ သေချာတယ်.. သူ့ခေါင်းအတွက် ဆုကြေးထုတ်စရာမလိုတော့ဘူး..သူ့အသက်ရှင်ဖို့ အလားအလာမရှိဘူး..သူ့ ခေါင်းအတွက်ထုတ်ထားတဲ့
ဆုလာဘ်ကို ဘယ်သူမှ မရယူနိုင်ခဲ့ဘူး..ဒါပေမဲ့ ငါတို့ ဒီပြသနာကို ဖြေရှင်းနိုင်လိုက်ပြီ..ပြီးတော့ ပင်မစခန်းကိုလဲ အဖြေပေးနိုင်ပြီ...”
နဂါးငွေ့တန်းအတွင်း လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။ ရာနှင့်ချီသောဓားများပေါ်ရှိစစ်မှန်သောအစောင့်များက သူတို့အတွေးများနှင့်နစ်မြောနေစဉ် ရာဒစ်ဂြိုလ်နှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ထွက်ခွာသွားသောစစ်မှန်သောအစောင့်အများအပြားက စုမင်နေရာမပြောင်းမီက စုမင်၏အကြည့်ကို မှတ်မိနေသေးသည်။ ထိုအကြည့်များက သူတို့ခေါင်းထဲတွင် တည်ရှိနေပြီး အကြာကြီး ပျောက်ကွယ်မသွားပေ။