သီးခြားနယ်မြေ..
Vol. 59 Ch. 813
ရက်အတော်ကြာပြီးနောက်တွင် မဟာလောကကြီးလေးခုက အလိုရှိရာဇ၀တ်ကောင်မိုစုမှာ သီးခြားနယ်မြေထဲသို့ဝင်ရောက်သွားကြောင်း သတင်းဖြန့်လေသည်။ ထိုအကြောင်းကိုသိသူများမှာ မိုစုနောက်ကိုမလိုက်တော့ဘဲ ရှာဖွေမှုကို အဆုံးသတ်ခဲ့သည်။
အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်မှကျင့်ကြံသူများ သို့မဟုတ် အခြားနဂါးငွေ့တန်းမှ လာသူများဖြစ်မဖြစ် အရေးမကြီးပေ။ သူတို့က ထိုသတင်းအသစ်ကိုကြားသိလိုက်ရပြီးနောက် သူတို့၏နှလုံးသားထဲတွင် အနည်းငယ်ရောထွေးနေသောခံစားချက်များ ပေါ်လာသည်။ သူတို့ထဲမှအချို့က သီးခြားနယ်မြေ၏အစွန်းအဖျားများဆီသို့ သွားကြည့်ခဲ့ကြပြီး တစ်ချို့မှာ တိတ်ဆိတ်စွာ ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။
သူတို့က ဆုလာဘ်များလိုချင်၍ စုမင်နောက်သို့လိုက်ခဲ့လျှင်တောင် သီးခြားနယ်မြေ၏အန္တရာယ်များကို အတိအကျသိသည်။ ထို့ကြောင့် သူတို့က စုမင်ကို အနည်းငယ်လေးစားသွားရလေသည်။
မဟာလောကကြီးလေးခုက သူ့ခေါင်းအတွက် အပိုဆုကြေးများ ပေးစေခဲ့သည်။သူက ချိပ်တံဆိပ်များစွာကို ချေဖျက်ရင်း ရက်စက်သောသားရဲများကို လွှတ်ပေးခဲ့သည်။ မဟာလောကကြီးကိုယ်တိုင် ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင်ကို ပိတ်ပစ်ခဲ့ရသည်။ မဟာလောကကြီးလေးခုက အစောင့်များအားလုံးကိုစုစည်းခဲ့ပြီး ရာဒစ်ဂြိုလ်ကလဲ ပင်မစခန်းချရာနေရာမှ ခေတ္တထွက်ခွာခဲ့ရသည်။
ဤအရာအားလုံးက ရိုးရှင်းသည်ဟုထင်ရသည်။သို့ပေမဲ့ မင်နက်ရောင်ဂြိုလ်အပြောင်းအလဲများအပြင် မဟာလောကကြီးလေးခုကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်နိုင်သူမှာ စုမင်သာရှိခဲ့သည်။
ဤမိုစုက ရှင်သန်နိုင်ရုံသာမက မရေတွက်နိုင်သောလိုက်ရှာသူများကိုလဲ သတ်ပစ်ခဲ့သည်။ လောကမှော်ယာဉ်ပျံကနဦးအဆင့်ရှိသူနှင့် မဟာမြေကြီးနယ်ပယ်ရှိသူမိုစုတွင် အလွန်ကွာခြားချက်ရှိလေသည်။ သို့သော် ထိုလူများက မိုစုနှင့်ထိပ်တိုက်တွေ့သောအခါ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့ရသည်။
လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ရှိသူများသာ စုမင်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ သို့သော် သူတို့က စုမင်ကို လိုက်ရှာနေစဉ် ကောင်းကင်ဘုံရတနာဂြိုလ်ပင် ကွဲအက်သွားခဲ့သည်။ ကျောက်မိသားစု၏ဘိုးဘေးက သူ့ကို မဖမ်းဆီးနိုင်သောကြောင့် စုမင်၏ဂုဏ်သတင်းက အကြိမ်ကြိမ် ကျော်ကြားလာခဲ့သည်။ သူ၏လုပ်ရပ်များက အနောက်တိမ်တိုက်ဂြိုလ်တွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။
ထိုကဲ့သို့လူမျိုးက လေးစားထိုက်လေသည်။ သူ့နောက်မှ လိုက်လာသူများက သီးခြားနယ်မြေထဲသို့မလိုက်ရဲသောကြောင့် တိတ်တိတ်နေရန် ရွေးချယ်ခဲ့ကြသည်။
ရက်အတော်ကြာပြီးနောက် ဆိတ်ညံ့လွန်းသောသီးခြားနယ်မြေ၌ သံပြင်းချသံတစ်ခုကြားရလေ၏။ ဆုတ်ပြဲနေသောအဝတ်အစားများနှင့်အဘိုးအိုက ဒယီးဒယိုင်ခြေလှမ်းများနှင့်ထွက်ပေါ်လာသည်။ သူ့လက်ထဲမှာ စပျစ်ဝိုင်အိုးလေး ရှိလေသည်။ သူက လမ်းလျှောက်ရင် ဝိုင်တစ်ကျိုက်မော့လိုက်သည်။ သူက သီးခြားနယ်မြေကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် ကြည်နူးမှုအရိပ်အယောင် ပေါ်လာသည်။
“ဒီကောင်လေးက မဟာလောကကြီးလေးခုက အလိုရှိနေတဲ့ ရာဇ၀တ်ကောင်ဖြစ်လာပြီး အနောက်တိမ်တိုက်ဂြိုလ်ကို တုန်လှုပ်စေခဲ့တယ်..တယ်သတ္တိရှိပါ့လား..သူ့အသက်ရှင်ဖို့ သီးခြားနယ်မြေထဲကို ပြေးဝင်သွားခဲ့တယ်.. ဒီကလေးမသေရင် နောင်မှာ သေချာပေါက် ရွေးချယ်ခံရသူဖြစ်လာမှာပဲ..”
အဘိုးအိုက ငြိမ်သက်စွာ သောက်လိုက်သည်။ ခဏကြာတော့ သူ ခေါင်းယမ်းပြီး လှည့်ထွက်သွားလေသည်။
‘မိုစု.. မင်းနာမည် မှတ်ထားမယ်..မင်း တစ်နေ့နေ့ မင်း ထွက်လာခဲ့ရင် မင်းကို အရက်သောက်ဖို့ ဖိတ်မယ်..”
အဘိုးအို ထွက်သွားပြီး မကြာခင်မှာပင် မရေမတွက်နိုင်သောကျောက်တုံးကြီး
များမှာ တခြားလမ်းကြောင်းကနေ နဂါးငွေ့တန်းပေါ်တွင် ဘွားခနဲ ပေါ်လာသည်။ ထို့နောက် ကျောက်တုံးကြီးများက
ဧရာမလူသားတစ်ဦးအသွင် စုစည်းသွားကြသည်။ ထိုကျောက်တုံးလူသား၏ မျက်လုံးများက သီးခြားနယ်မြေကို
ငေးကြည့်ရင်း အေးစက်နေခဲ့သည်။ ထို ကျောက်တုံးလူသားက စကားတစ်ခွန်းမှ မပြောခဲ့ပေ။အချိန်အတော်ကြာပြီးနောက် ကျောက်တုံးလူသားက အေးစက်စွာ သက်ပြင်းချလိုက်ကာ နဂါးငွေ့တန်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ခုနစ်ရက်အကြာတွင် ဝတ်ရုံဖြူနှင့် လူငယ်တစ်ဦးက သီးခြားနယ်မြေအနီးသို့ ရောက်လာသည်။ ထိုလူငယ်၏အမူအရာက အေးစက်နေပြီး သူ့အကြည့်ထဲတွင် အထီးကျန်မှုအ ငွေ့အသက်များ ရှိနေသည်။ သူက သီးခြားနယ်မြေကြည့်ကာ အကြာကြီး တိတ်ဆိတ်နေ၏။
“စုမင်..မင်း ဒီမှာသေလို့မရဘူး..မင်းကိုသတ်ပိုင်ခွင့်ရှိတဲ့လူက ငါပဲ..မင်းဒီမှာသေသွားရင် ငါ့မှာ ပြိုင်ဘက်တွေမရှိတော့ဘူး...”
ရဲဝမ်က လှည့်ထွက်မသွားမီ ထိုနေရာတွင် နာရီပေါင်းများစွာ ရပ်နေခဲ့သည်။
အချိန်များ ကုန်ဆုံးသွားလေသည်။ မကြာခင် အချိန်တစ်လကုန်သွားလေသည်။ အကယ်၍ မဟာလောကကြီးလေးခုက သတိပေးချက်အသစ်ကို မထုတ်ပြန်ခဲ့လျှင် မိုစုနှင့်ပတ်သက်သည့် ကိစ္စသည် ပြီးဆုံးသွားပေလိမ့်မည်။ ထိုအကြောင်းအရာသည် ကြားသိသူတိုင်း၏ နှလုံးသားထဲတွင်သာ ရှိနေပေလိမ့်မည်။
သို့မဟုတ် နှစ်ပေါင်းများစွာ ကြာပြီးနောက် ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော် သတိပေးချက်အသစ်ကြောင့် အနောက်တိမ်တိုက်ဂြိုလ်နှင့်အခြားနဂါးငွေ့တန်းသုံးခုတွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။ မှော်စက်ဝန်းနယ်ပယ်ရတနာကို အပိုဆုကြေးအဖြစ် ကြေညာစဉ်က လူအားလုံး အံ့ဩ တုန်လှုပ်သွားခဲ့သည်။ သို့တိုင် ယခုအချိန်တွင်ဖြစ်ပျက်နေသည့်အရာနှင့် နှိုင်းယှဉ်၍မရပေ။ ၎င်းတို့ကြားက ခြားနားချက်က ကောင်းကင်နှင့် မြေကြီးလိုပင်ဖြစ်သည်။
လူများက တွန့်ဆုတ်တွေဝေလာသည်။ အစက လက်လျော့ထားသူများက ဤသတိပေးချက်ကြောင့် တုန်လှုပ်သွားကြသည်။ ပြင်းထန်သောပဋိပက္ခများနှင့်အတူ သူတို့၏မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်လာသည်။ယခင်က မှော်စက်ဝန်းနယ်ပယ်ရတနာကိုအရူးအမူးလိုက်ခဲ့သောမိစ္ဆာအိုကြီးများကလဲ သတိပေးချက်ကြောင့် ထိတ်လန့်သွားကြသည်။ သူတို့တောင် မယုံကြည်နိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရသည်။ အမှန်မှာ မဟာလောကကြီးလေးခုက မိုစုဟုခေါ်သော ဤပုဂ္ဂိုလ်ကို အဘယ်ကြောင့် အလွန်အာရုံစိုက်ရသနည်းဟူသော အကြောင်းပြချက်ကို သူတို့ စိတ်ကူးမယဉ်နိုင်ကြပေ။ သူတို့၏အာရုံစိုက်မှုက မင်နက်ရောင်ဂြိုလ်ဖြစ်စဉ်ကထက် ကျော်လွန်သွားခဲ့သည်။
မိစ္ဆာအိုကြီးများသာ မယုံကြည်နိုင်သူများသာ မဟုတ်ပေ။လောကကြီးလေးခုမှ အစောင့်များပင်လျှင် ထိုအကြောင်းအရာကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ ပင်မစခန်းမှ တိုက်ရိုက်ပေးပို့သည့် ဆယ့်ကိုးဆင့်သတိပေးချက်ဖြစ်သည်။ ဤသတိပေးချက်၏အဆင့်ဆယ့်ကိုးဆင့်မှာ ပင်မစခန်းရှိ အင်အားကြီးစစ်ဗိုလ်ချုပ်ဆယ့်ကိုးဦးမှ အတူတကွ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုသည်။ အမှန်မှာ ပင်မစခန်းအတွင်းရှိ စစ်နတ်ဘုရားအဆင့်ရှိပုဂ္ဂိုလ်များ၏သတိပေးချက်လဲ ပါ၏။ သို့မဟုတ်ပါက စစ်ဗိုလ်ချုပ်ဆယ့်ကိုးယောက်က ထိုကဲ့သို့သောဆုလာဘ်ကို ပေးဆောင်နိုင်မည်မဟုတ်ပေ။
ဤသတိပေးချက်က ပင်မစခန်း၏ အမိန့်ပေးမှု၊ မဟာလောကကြီးလေးခုမှ တန်ခိုးစွမ်းအားများကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သော်လဲ မဟာလောကကြီးလေးခု၏ဘိုးဘေး၏ ဆန္ဒကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။
“အနောက်တိမ်တိုက်ဂြိုလ်ရဲ့သီးခြားနယ်မြေကို ဝင်ရောက်ပြီး မိုစုကို အရှင်လတ်လတ်ဖမ်းဆီးရမိသူတွေဟာ ရာဇ၀တ်မှုအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မဟာလောကကြီးလေးခုကို လွတ်လွတ်လပ်လပ်ပြန်သွားနိုင်မယ်..လွတ်လပ်မှုကို ရရှိလိမ့်မယ်...”
ဤသည်မှာ သတိပေးချက်၏ အကြောင်းအရာဖြစ်သည်။ လောကအမြုတေကျောက်တုံးများ ၊ ကျင့်ကြံခြင်းဂြိုလ်များ သို့မဟုတ် မှော်စက်ဝန်းနယ်ပယ်ရတနာများ ဖော်ပြထားခြင်းမရှိပေ။ သို့ရာတွင် ‘လွတ်လပ်ခြင်း’ ဟူသော စကားလုံးမှာ နတ္ထိအနှစ်သာရနယ်မြေအတွင်းရှိကျင့်ကြံသူများကြားတွင် အကြီးမားဆုံးဆန္ဒဖြစ်ပြီး သူတို့၏ကျင့်ကြံဆင့်က မည်သို့မျှ အရေးမကြီးပေ။သူတို့က လွတ်လပ်မှုအတွက် အရာရာကို စွန့်လွှတ်လိုစိတ်ရှိခဲ့ကြသည်။
လွတ်လပ်မှုနှင့်ယှဉ်လျှင် ရတနာအားလုံးက ဘာမှမဟုတ်ပေ။ မဟာလောကကြီးလေးခုက နတ္ထိအနှစ်သာရနယ်မြေအတွင်းရှိလူများ၏လွတ်လပ်မှုအဖြစ် ပထမဦးဆုံးအကြိမ် ကမ်းလှမ်းခြင်းဖြစ်သည်။
ဤသတိပေးချက်ကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။ နဂါးငွေ့တန်းကြီးလေးခုအတွင်း တစ်နှစ်ပတ်လုံးသီးသန့်ကျင့်ကြံနေသောမိစ္ဆာအိုများပင် အံ့သြသွားကြသည်။ တကယ်တော့ လကြမ္မာမှော်စက်ဝန်းနယ်ပယ်စွမ်းအားရှိသူများလဲ
ထိုသတိပေးချက်ကြောင့် ထိတ်လန့်သွားကြသည်။ သူတို့၏လွတ်လပ်မှုကို လိုချင်တောင့်တမှု ကြီးမားလွန်း၍ သီးခြားနယ်မြေကို ခြေဦးတည့်ချင်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်က အနောက်တိမ်တိုက်ဂြိုလ်၏သီးခြားနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့လျှင် ဒုတိယမြောက်ဝင်ရောက်သွားသူ ဖြစ်လိမ့်မည်။ ပထမလူမှာ မိုစုပင်ဖြစ်သည်။ ထိုသို့ လွတ်လပ်ခွင့်ကို မက်မောမှုကြောင့် တိုက်ပွဲဝင်နိုင်သူများပြားလာသည်။
ကောင်းကင်ရှိလမင်းကြီးက နူးညံ့ပြီး တောက်ပသော အလင်းရောင်ဖြင့် လင်းလက်နေ၏။ နှင်းများက တဖွဲဖွဲကျနေပြီး မြေပြင်ကို ငွေရောင်သမ်းစေလေသည်။ ကောင်းကင်မှကျလာသောနှင်းများက လေထဲတွင် ပဲ့တင်ထပ်နေသည့်လှပသော သီချင်းတစ်ပုဒ်လိုပင်ဖြစ်သည်။
မြေပြင်က နှင်းထုများနှင့်ပြည့်နေပြီး အလွန်အေးလှသည်။ ထိုနေရာတွင် သစ်ပင်များလဲ စီတန်းစွာရှိနေသည်။ ဆောင်းရာသီတွင် သစ်ပင်များက ရွက်ဟောင်းကြွေ၍ ကိုင်းခြောက်များသာ ကျန်ခဲ့တော့၏။ သို့ပေမဲ့ သစ်ပင်များတွင် အဖြူရောင်နှင်းပွင့်များနေရာယူထားသောအကိုင်းအခက်များဖြင့် ဝေဝေဆာဆာ လှပနေတော့သည်။
ဟိုးအဝေးမှာ ရွာတစ်ရွာရှိလေ၏။ လရောင်အောက်မှာ စက္ကူများဖြင့်ပြုလုပ်ထားသည့်ပြတင်းပေါက်နောက်မှာ မီးအိမ်လေးများက မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသည်။
ဤရွာက လူရာပေါင်းများစွာရှိသော ရွာဖြစ်သည်။ ဤမှောင်မိုက်သောည၌ ရွာက လူတို့ကို ငြိမ်သက်တိတ်ဆိတ်စေသော ခံစားချက်ကိုပေးသည်။ ဆောင်းလယ်၏ အအေးဒဏ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အိမ်များရှိခွေးလေးများက ခြံစည်းရိုးဘေးတွင် ဝပ်နေလေ၏။ သူစိမ်းတစ်ယောက်ရောက်လာလျှင်တောင် သူတို့က ဟောင်ချင်စိတ်၊ ရန်လိုစိတ်မရှိကြပေ။
ရံဖန်ရံခါတွင် ကလေးငယ်များ၏ ငိုသံများကို ကြားနေရသည်။ မကြာမီတွင် ကာကွယ်မှုပေးသောမိခင်၏နူးညံ့နှစ်သိမ့်သောတီးတိုးသံများနှင့် ညည်းသံများ တဖြည်းဖြည်း ပျံ့လွင်လာသည်။
ဤသည်မှာ စုမင်က သတိကြီးကြီးနှင့်သီးခြားနယ်မြေထဲသို့ဝင်လာစဉ် မြင်လိုက်ရသောမြင်ကွင်းဖြစ်၏။ သူ့ကျင့်ကြံစွမ်းအားကို ဖြန့်ကျက်ထားပြီး တိုက်ခိုက်ရန်အသင့်ပြင်ထားလေသည်။
ဤတည်ငြိမ်အေးချမ်းမှု၊ နူးညံ့သိမ်မွေ့မှု၊ ပုံမှန်ဖြစ်တည်မှု၊ ကလေးငယ်များ၏ ညည်းညူသံများ၊ မိခင်များ၏တီးတိုးသံများနှင့် ဤရွာသည် စုမင်ကို ခဏတာ အံ့အားသင့်စေခဲ့သည်။
သူက နှင်းထုပေါ်မှာ ရပ်နေပြီး အဝေးက ရွာကို လှမ်းကြည့်နေတယ်။ တည်ငြိမ်အေးချမ်းမှုကြောင့် ဤနေရာကသီးခြားနယ်မြေဖြစ်ကြောင်း မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။
ဤနေရာမှာ အန္တရာယ်များနှင့် ပြည့်နှက်နေသောနေရာတစ်ခုတော့မဟုတ်ပေ။ လက်တွေ့အားဖြင့် ဝင်ရောက်လာသူအားလုံးက သေဆုံးသွားကြပြီး အသက်ရှင်ကျန်ရစ်သူအနည်းငယ်က သူတို့ကြုံခဲ့ရသောအဖြစ်အပျက်များကို ပြန်မပြောလိုသောနေရာတစ်ခုတော့ မဟုတ်ပေ။ အမှန်တော့ စုမင်က သူ့အခြေတည်ဝိညာဉ်ကိုဖြန့်ကျက်ပြီး နယ်မြေတစ်ဝိုက်ကိုစစ်ဆေးလိုက်သည်။ သူက ထိုနေရာရှိအန္တရာယ်ကို မခံစားမိသလို အင်အားစုများ၏တည်ရှိမှုကို မတွေ့ရှိပေ။ ဤနေရာက သာမန်ရွာတစ်ခုသာဖြစ်ကြောင်း စုမင်ကိုယုံကြည်စေခဲ့သည်။ ဤနေရာတွင် ကျင့်ကြံသူမရှိသလို အန္တရာယ်လည်း မရှိပေ။
“ဒါ ဘယ်လိုဖြစ်ရတာလဲ”
စုမင်က တိုးတိုးလေးပြောလိုက်သည်။စုမင်စိတ်ကူးထားသော သီးခြားနယ်မြေနှင့် ယခုမြင်ကွင်းမှာ ကွာဟချက်ကြီးကြီးမားမားရှိခဲ့သည်။ သူက အဆုံးမဲ့အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်သောသားရဲကြီးများနှင့် ထိပ်တိုက်တွေ့မိလျှင်တောင် ယခုလိုတုန်လှုပ်မည်မဟုတ်ပေ။
ထိုကဲ့သို့သာမန်ငြိမ်းချမ်းမှုမျိုးက သူ့ကို ကြက်သီးတဖြန်းဖြန်းထသွားစေသည်။
သူ့သတိရှိမှုက ပေါ့လျော့မသွားဘဲ ပို၍အားကောင်းလာသည်။ သူက နေရာတစ်ဝိုက်ကို စစ်ဆေးလိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်များသည် ရွာထဲသို့ တစ်ဖန်ပြန်ကျသွားသည်။ ထိုအချိန်တွင် သူသည် ဖြည်းညှင်းစွာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ဘေးနားက ခြောက်သွေ့နေသော သစ်ပင်ကြီးအောက်မှာထိုင်ရင်း ရွာကို တိတ်တဆိတ် ကြည့်နေလေသည်။
“သီးခြားနယ်မြေ...”
စုမင်က မြေပြင်မှနှင်းကို လက်တစ်ဆုပ်ယူလိုက်သည်။ နှင်းများက သူ့လက်မှ အနွေးဓာတ်ကို စုပ်ယူကာ ဖြည်းဖြည်းချင်း အရည်ပျော်သွားသည် ။ သူ့လက်ဖဝါးမှ စီးဆင်းလာသော နှင်းရည်များနှင့် မြေကြီးပေါ်တွင် ချိုင့်ခွက်သေးသေးလေးများ လုပ်နေလေသည်။
“ဒါက လွဲမှားမှုတစ်ခုလား..”
စုမင်၏မျက်လုံးများ တောက်ပလာသည်။ သူ့ဘယ်မျက်လုံးမှာ လပုံရိပ်ပေါ်လာပြီး သူ့ညာမျက်လုံးမှာ နေပုံရိပ်ပေါ်လာလေသည်။ ထိုအချိန်တွင် သူ့နှလုံးသားတွင် ကြယ်တစ်ပွင့်ပေါ်လာသည်။
“ကြယ်တစ်ပွင့် ..နေတစ်စင်း...လတစ်စင်းတို့ရဲ့ပုံရိပ်ယောင်စွမ်းရည်..”
ဤစွမ်းရည်မှာ စုမင်ဘာသာရရှိလာခဲ့သောနတ်စွမ်းရည်အမျိုးအစားဖြစ်သည်။
သူ့ထက် မြင့်မားသောကျင့်ကြံဆင့်ရှိသူများပင်လျှင် ထိုစွမ်းရည်အောက်တွင် လှည့်စားခံရမည်ဖြစ်သည်။ ထိုအချိန်တွင် စုမင်က ဤစွမ်းရည်ကို အပြည့်အ၀ အသုံးချပြီး အဝေးမှ ရွာဆီသို့ လှမ်းကြည့်လိုက်သည်။
သူက စွမ်းရည်ကိုအသက်သွင်းထားသော်လည်း ရွာ၏ပြောင်းလဲမှုကို နည်းနည်းမှမတွေ့ရပေ။ နှင်းတဖွဲဖွဲကျနေသော ရွာငယ်လေးတစ်ရွာ..လူစည်းကားသောရွာငယ်လေးပင် ဖြစ်၏။ အရာအားလုံးက အစစ်အမှန်ဖြစ်သောကြောင့် စုမင် အနည်းငယ်စိတ်လှုပ်ရှားသွားလေသည်။
‘တစ်ခုခုတော့ မူမမှန်ဘူး...သီးခြားနယ်မြေက ဒါမျိုးမဟုတ်လောက်ဘူး”
စုမင်က မျက်လုံးများကို အမြန်မှိတ်လိုက်သည်။ သူ့ကနဦးကျင့်ကြံစွမ်းအားကို သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ခဲ့သည်။ ခဏအကြာတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာပြီး ရွာဆီသို့ တစ်ဖန် မျှော်ကြည့်မိသည်။ ရွာလေးက ပြောင်းလဲမှုမရှိဘဲ အရင်အတိုင်းပင်ဖြစ်သည်။
စုမင်က နှုတ်ဆိတ်နေခဲ့သည်။ရွာလေးက ထူးဆန်းသည်ဟု ခံစားမိသော်လည်း ထွက်ခွာရန် မရွေးချယ်ခဲ့ပေ။ ယင်းအစားသူက ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။ နေရောင်ခြည်တောက်ပပြီး နေ့သစ်တစ်နေ့ကိုရောက်လာသော် စုမင်က ရွာကို ဆက်ကြည့်နေသေးသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ စုမင်က အချိန်တစ်လကြာ စောင့်ကြည့်နေခဲ့ပြီး မည်သည့်ပြောင်းလဲမှုကိုမှ မတွေ့ရပေ။ သူက ရာနှင့်ချီသော ရွာသားများ—ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုနှင့် လူငယ်—သို့သော် သူတို့အားလုံးက သေမျိုးများပင်ဖြစ်သည်။
တစ်လခွဲကြာသောညတစ်ည၌ စုမင်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့အကြည့်က ရုတ်တရက်အဝေးသို့ ရောက်သွားလေသည်။
အချိန်က ညသန်းခေါင်ဖြစ်ပြီး
အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ရယ်မောသံများက စုမင်နားထဲသို့ ဝင်ရောက်လာသည်။ ဤသည်မှာ လွန်ခဲ့သော နာရီပေါင်းများစွာကတည်းက သူသတိပြုမိခဲ့သော မြင်းစီးသူရဲအဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုလူအားလုံးမှာ ရက်စက်ကြမ်းကြုတ်ပုံပေါက်လေသည်။ သူတို့က ဟားတိုက်ရယ်မောရင်း ရွာထဲသို့ ဝင်လာကြသည်။ သူတို့က ဓါးရှည်များနှင့်တိုက်ပွဲဝင်ပုဆိန်များကို ကိုင်ဆောင်ထားသောကြောင့် ရွာကိုဓါးပြတိုက်မည်ဆိုတာ ထင်ရှားလေသည်။