← Chapters

လူထွားကြီး

Vol. 59 Ch. 815

လူထွားကြီး

Vol. 59 Ch. 815

ပုံတူစာလိပ်က ပျောက်ကွယ်သွားပြီး

မြင့်မားသောကျောက်တိုင်များက စုမင်ရှေ့တွင် ပေါ်လာသည်။ ထိုကျောက်တိုင်များက အမြင့်အမျိုးမျိုးရှိသည်။ အချို့မှာ ပေထောင်ပေါင်းများစွာ မြင့်မားပြီး အချို့မှာ ပေနှစ်သောင်း သို့မဟုတ် သုံးသောင်းသာ မြင့်သည်။ စုမင်က ကျောက်တိုင်များကို စိုက်ကြည့်လိုက်သောအခါ ၎င်းတို့၏ အရေအတွက်မှာ တစ်သိန်းကျော်ရှိပြီး အဆုံးမရှိဟု ထင်ရသည်။

၎င်းတို့၏အရောင်အများစုမှာ မှိန်ဖျော့နေသည်။ အချို့တွင် အက်ကွဲကြောင်းများပင် ရှိသည်။ ၎င်းတို့မှ ရှေးဟောင်းအငွေ့အသက်များ ပျံ့နှံ့လာပြီး ခြောက်သွေ့သောသွေးစက်များကိုလဲ တွေ့ရှိနိုင်သည်။

ကျောက်တိုင်တစ်ခုစီတွင် အမည်တစ်ခု ထွင်းထားပြီး ကျောက်တိုင်တစ်သိန်းကျော်ရှိသောကြောင့် နာမည်လဲတစ်သိန်းကျော်ရှိ၏။

“ ကံကြမ္မာမျိုးနွယ်ဝင်ဖြစ်သရွေ့ ငါ့ရဲ့ နတ်ဘုရားအနှစ်သာရကို ရယူနိုင်တယ်..ဒါပေမဲ့... တောတွင်းဥပဒေသဆိုတာ ဘယ်တော့မှ ပျောက်ပျက်မှာမဟုတ်ဘူး.. အဲဒါကြောင့် ငါဟာ အထိမ်းအမှတ် ကျောက်တိုင်တွေကိုရာနဲ့ချီပြီး ချန်ထားခဲ့တယ်.. ဝင်လာသူတိုင်းဟာ လူဟောင်းတစ်ယောက်ကို သေစေလိမ့်မယ်.. ငါ့ရဲ့ နတ်ဘုရားအနှစ်သာရကို ရယူချင်တယ်ဆိုရင် ဒါကို နားလည်ရမယ်..”

“အထိမ်းအမှတ်ကျောက်တိုင်တွေထဲမှာ

အမြင့်ပေသန်းကျော်လွန်တဲ့သူတွေဟာ ငါ့နတ်ဘုရားအနှစ်သာရရဲ့ ပြိုင်ပွဲဝင်တွေပဲ.. သူတို့ဟာ ယာယီအားဖြင့် နှစ်တစ်ထောင်လောက် ထွက်သွားနိုင်တယ်..

အဲဒီအချိန်ပြီးရင် သူတို့ ဒီနေရာကို ပြန်လာရမှာ..သူတို့ရဲ့ကျောက်တိုင်ကို ပေတစ်သန်းမြင့်အောင် လုပ်ပြီးတိုင်း အချိန်နှစ်တစ်ထောင် ရနိုင်မယ်...ဒါမှမဟုတ် အမွေအနှစ်စမ်းသပ်မှုကို ကြိုးစားနိုင်တယ်....သူတို့ကြိုက်တာ ရွေးချယ်လို့ရတယ်...”

“သူတို့ နှစ်တစ်ထောင်တိုင်းပြည့်သွားလို့ပြန် မလာဘူးဆိုရင် ဖျက်ဆီးခံရလိမ့်မယ်.. ဒါက ငါ့ရဲ့ နတ်ဘုရားအနှစ်သာရကို ရယူလိုသူတွေအတွက် ဒုတိယရလဒ်ပဲ..”

“ပထမဆုံးအကြိမ်မှာ သူတို့ရဲ့ ကျောက်တိုင်တွေကို အမြင့်ပေသန်းဂဏန်းအထိ ရောက်အောင် လုပ်နိုင်သူတွေဟာ ငါ့ရဲ့ နတ်ဘုရားအနှစ်သာရရဲ့စမ်းသပ်မှု ချက်ချင်းကြိုးစားနိုင်တယ်..အဲဒီအချိန်ကျ ‌ကျန်တဲ့ကျောက်တိုင်တွေဟာ ဖုန်မှုန့်တွေအဖြစ် ပြန့်ကျဲသွားလိမ့်မယ်..ဒါက တတိယမြောက် ရလဒ်ပဲ..”

စွေ့ချန်ကျစ်၏အသံက စုမင်၏နှလုံးသားထဲမှာ ပဲ့တင်ထပ်လာသောအခါ ပေရှစ်သိန်းရှိကျောက်တိုင်တစ်ခုကို မြင်လိုက်ရသည်။ထိုကျောက်တိုင်က အက်ကွဲကြောင်းများနှင့်ပြည့်နှက်သွားပြီး ထိုထဲကနေ လတ်ဆတ်သောသွေးများ အဆက်မပြတ်စီးဆင်းလာတာကို ကြားလိုက်ရသည်။ တကယ်တော့ လေထုထဲမှာ နာကျင်စွာအော်ဟစ်သံများနှင့်ရှုံးနိမ့်မှုကို မဝန်ခံနိုင်သောအသံများကိုတောင် စုမင် ကြားနေရသည်။

“မဟုတ်ဘူး..ငါ ဒါကို လက်မခံဘူး.. ငါ ဒီမှာ နှစ်ပေါင်း နှစ်သောင်းသုံးထောင် လောက်ပိတ်မိနေခဲ့တာ..ငါ့ကို အချိန်ပိုပေးပါ.. ဒီကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင် လုပ်မယ်.. ငါ ဒါကို လက်မခံနိုင်ဘူး..”

ထိုဟိန်းဟောက်သံများက ရုတ်တရက် တိတ်ဆိတ်သွားသည်။ စုမင်းရှေ့ရှိ ကျောက်တိုင်မှာ သွေးများဖြင့် ဆေးကြောခံလိုက်ရသည်။ ထိုအသံ ပျောက်ကွယ်သွားသောအခါ ကျောက်တိုင်ပေါ်တွင် တစ်ချိန်က ရှိခဲ့သော နာမည်မှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် နူးညံ့သော အလင်းရောင်တစ်ခု စတင်ထွန်းလင်းလာသည်။ထိုအလင်းတန်းက ကျောက်တိုင်ကို ဝန်းရံလိုက်သောအခါ တဖြည်းဖြည်း သေးငယ်သွားသည်။ အလင်းတန်းက ပေနှစ်သောင်းသာ ကျန်ရှိတော့ပြီး နောက်ပိုင်းလုံးဝ ပျောက်ကွယ်သွားသည်။ ကျောက်တိုင်၏ မျက်နှာပြင်က မှန်ကဲ့သို့ ချောမွေ့နေသည်။ စုမင်း ကြည့်လိုက်သောအခါ သူ၏ ပုံရိပ်က ကျောက်တိုင်ပေါ်တွင် ထင်ဟပ်နေသည်။

“မင်းနာမည်ကို ထားခဲ့.. အမွေဆက်ခံမှုက အခုပဲ စတင်ပြီ”

စုမင်၏စိတ်ထဲတွင် ရှေးဟောင်းအသံက

ထပ်မံ ပဲ့တင်ထပ်လာသည်။ စုမင်က ရုတ်တရက်ငြိမ်ကျသွားလေသည်။ သူက သူ့ပတ်ဝန်းကျင်ရှိ ကျောက်တိုင်

တစ်သိန်းကို ကြည့်လိုက်ပြီး သူ့မှာ ဆုတ်ခွာရန် နေရာမရှိကြောင်း သဘောပေါက်လိုက်သည်။

ရလဒ်သုံးခုဟုခေါ်သော အရာများမှာ လူများက အမွေကို မရရှိမီ လက်ခံလိုသည် သို့မဟုတ် ငြင်းပယ်လိုသည်ကို ရွေးချယ်ရန် မဟုတ်ပေ။ ယင်းအစား၊ သူတို့က သီးခြားနယ်မြေသို့ ခြေချပြီး ပထမဆုံးရွေးချယ်မှု ပြုလုပ်ပြီးသည်နှင့် အမွေဆက်ခံမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် ကံကြမ္မာပါလာလေသည်။

စုမင်က တိတ်ဆိတ်နေခဲ့သည်။

စွေ့ချန်ကျစ်၏အစီအစဉ်ကြောင့် သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ပုံမှန်မဟုတ်သောအရာများက ပိုကြောက်စရာကောင်းလာကြောင်းကို သူသိလေသည်။ ထိုအမွေဆက်ခံခွင့်က ဘယ်သူ့ကိုမှ ကိုယ့်ဘာသာကိုယ် ရွေးချယ်ခွင့်မပေးခဲ့ပေ။ ထိုအရာကသာ သူတို့ကို အဆက်မပြတ် ရွေးချယ်နေခဲ့သည်။

ထိုနေရာကို ရောက်လာသူ အနည်းငယ်သာ ရှိကောင်းရှိလိမ့်မည်။ အမွေဆက်ခံမှုက ထိုလူများအတွက် ဘာအဓိပ္ပါယ်မှမရှိပေ။ ရွေးချယ်မှုတစ်ခု ပြုလုပ်တာနှင့် လူတစ်သိန်းမှာ တစ်ယောက်ပဲ သေဆုံးမှာဖြစ်ပြီး လူအားလုံး သေဆုံးနိုင်ခြေက အလွန်နည်းသည်။ ကံဆိုးသူတစ်ယောက်သာလွဲလျှင် ကျန်လူများက လွတ်ငြိမ်းခွင့်ရလိမ့်မည်။

သို့ပေမဲ့ ထိုအမွေဆက်ခံမှုက လူတိုင်းအတွက် ဖွင့်လှစ်ထားသည်။ အမှန်တော့ အချိန်၏ထာဝရဖြတ်သန်းမှုအတွင်းမှာ ဤနေရာကို ရောက်လာသူအများကြီးရှိခဲ့သည်။ အကယ်၍ လူတစ်သောင်းက သီးခြားနယ်မြေသို့ ရောက်လာခဲ့လျှင် လူဆယ်ယောက်မှာ တစ်ယောက် သေဆုံးလိမ့်မည်။

လူငါးသောင်းရောက်လာလျှင် နှစ်ယောက်မှာ တစ်ယောက်သေဆုံးမည်။ အလားတူပင် လူတစ်သိန်းရောက်လာလျှင် ထိုအရာက ရက်စက်စွာ ဖယ်ရှားပစ်သောအလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မည်။ ခဏလေးအတွင်းမှာပဲ အရင်လူတစ်သိန်းမှာ အစားထိုးခံရလိမ့်မည်။

တစ်ယောက်ယောက်က အခွင့်အရေးရပြီး နတ်ဘုရားအနှစ်သာရကို ခံယူရလျှင်တောင် သေခြင်းတရားက သူတို့၏အိမ်တံခါးဝကို ရောက်လာလိမ့်မည်။ ထိုအရာ မတရားသော်လည်း ဤလောကမှာ တရားမျှတမှုဆိုတာ မရှိခဲ့ပေ။

ကံကောင်းခြင်းကသာ ဤနေရာမှာ ရှင်သန်ရန် အဓိကသော့ချက်ပင်ဖြစ်၏။

စုမင်က အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ သူက အားလုံးကို နားလည်သွားသောအခါ ထိုအရာကို ရှောင်ရှားရန် နည်းလမ်းမရှိကြောင်း သိလိုက်ရသည်။ သူ့ရှေ့က ကျောက်တိုင်ကို စိုက်ကြည့်ပြီး ညာဘက်လက်ကို မြှောက်ကာ ကျောက်တိုင်ကို ဝှေ့ယမ်းလိုက်သည်။

လေပြင်းတစ်ချက်က မြေပြင်ကို ဖြတ်တိုက်သွားသလိုပင် ကျောက်တိုင်ပေါ် မှာနာမည်တစ်ခု ပေါ်လာ၏။

“မိုစု..”

စုမင်၏နာမည် ပေါ်လာချိန်မှာ ကျောက်တိုင်ထဲကနေ တုန်ခါနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ထို့နောက် ထိုကျောက်တိုင်ပေါ်မှာ ပုံတူတစ်ပုံကို တဖြည်းဖြည်း ရေးဆွဲလိုက်သည်။ ခဏအကြာမှာ လေထုနှင့်နှင်းပွင့်များက အပြန်အလှန်ရောနှောနေ‌သောရွာတစ်ရွာကိုမြင်လိုက်ရပြီး စုမင်က ထိုရွာသွားများ၏ ရပ်နေတာကို မြင်လိုက်ရသည်။

ထိုအရာက သူ့၏ ပထမဆုံးရွေးချယ်မှုဖြစ်ပြီး ထိုပုံရိပ်က ကျောက်တိုင်ပေါ်မှာ ပေါ်လာသည်။

စုမင်က ကျောက်တိုင်ကို စိုက်ကြည့်နေလေ၏။ အချိန်အတော်ကြာပြီးနောက် သူ့အကြည့်ကို လွှဲလိုက်သည်။သူက အဝေးကို ကြည့်လိုက်စဉ် ပေတစ်သန်းအမြင့်ရှိသော ကျောက်တိုင်တစ်ထောင်ကို တွေ့လိုက်ရသည်။ ဆိုလိုတာက နှစ်ပေါင်းများစွာ ပိတ်မိနေပြီးနောက်မှာ ကံကောင်းပြီး မသေဘဲ သူတို့၏ ကျောက်တိုင်ကို ပေတစ်သန်းအထိ ကြီးထွားအောင်လုပ်နိုင်သူများရှိခဲ့သည်။ ထိုလူများက နှစ်တစ်ထောင်လွတ်လပ်မှုကို ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သောသဘောပင်ဖြစ်၏။

ပေနှစ်သန်းအမြင့်ရှိ ကျောက်တိုင်မှာ ငါးရာရှိ၏။ ထိုကျောက်တိုင်ငါးရာကို ဦးတည်ရာအမျိုးမျိုးနှင့် စိုက်ထူထားပြီး နာမည်များက မှိန်ပျပျအလင်းရောင်နဲ့ တောက်ပနေသည်။

ပေသုံးသန်းအမြင့်ရှိ ကျောက်တိုင်သုံးရာနှင့် ပေလေးသန်းအမြင့်ရှိ ကျောက်တိုင်နှစ်ရာရှိသည်။ ပေငါးသန်းအမြင့်ရှိ ကျောက်တိုင်ကတော့ ကျောက်တိုင်တစ်သိန်းမှာ တစ်ရာလောက်သာ မြင်လိုက်ရသည်။

ပေခြောက်သန်းအမြင့်ရှိသော ကျောက်တိုင်နှစ်ဆယ်ရှိ၏။

ပေခုနစ်သန်းအမြင့်ရှိ ကျောက်တိုင်ဆယ်ခုရှိ၏။

စုမင်းက ပေရှစ်သန်းအမြင့်ရှိ ကျောက်တိုင်တစ်တိုင်ကို မြင်လိုက်ရသည်။၎င်းက အဝေးကြီးမှာ စိုက်ထူထားသော်လည်း ထိုနေရာဧ။်အမြင့်ဆုံးနေရာဖြစ်တာကြောင့် ဆွဲဆောင်မှုအကောင်းဆုံးတည်ရှိမှုပင်ဖြစ်၏။ စုမင်ကကျောက်တိုင်ကို ကြည့်လိုက်သော် နာမည်တစ်ခုကို မှုန်ဝါးဝါးမြင်လိုက်ရသည်။

“ယွင်ရှန်ကျစ်..”

“ငါ့ရဲ့ နတ်ဘုရားအနှစ်သာရအတွက် ပါဝင်ယှဉ်ပြိုင်သူ ဖြစ်လာရင် မင်းရဲ့သက်တမ်းကို ရေတွက်လို့ မရတော့ဘူး..ငါ့ရဲ့ဥပဒေသရဲ့ စွမ်းအားအောက်မှာ မင်းပျက်စီးမှာမဟုတ်ဘူး... ဒါပေမဲ့ ဒီကျောက်တိုင်ကို ဆက်ကြီးထွားအောင် မလုပ်နိုင်ရင်.. ဒီမှာ ထာဝရပိတ်မိနေမဲ့အပြင် တခြားလူတွေရောက်လာရင် မင်းရဲ့အခွင့်အရေးက ဆုံးရှုံးသွားမှာ..”

ရှေးဟောင်းအသံက စုမင်၏နှလုံးသားထဲမှာ အေးစက်စွာ ပဲ့တင်ထပ်နေလေသည်။

“ရက်စက်စွာ ဖယ်ရှားပစ်ခြင်းအဆင့်”

စုမင်က တိုးတိုးလေးပြောလိုက်သည်။ တစ်ယောက်ယောက်က ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင်

လုပ်နိုင်လျှင် ထိုသူ၏ပေတစ်သန်းရှိကျောက်တိုင်က ပေါ်လာမှာမဟုတ်ပေ။ ယင်းအစား အရင်ကျောက်တိုင်တစ်ထောင်ထဲက တစ်တိုင်ကို ရှင်းလင်းပစ်မည်ဖြစ်သည်။ ကျောက်တိုင်တစ်ထောင်ကတော့ ထာဝရရှိနေမည်ဖြစ်၏။

တစ်ယောက်ယောက်ကတော့ ကံအကြောင်းမလှလျှင် သတ်ပစ်ခံရမည်ဖြစ်သည်။ ထိုအကွာအဝေးအတွင်းရှိလူများအားလုံးအပေါ်သက်ရောက်မှုရှိပြီး တစ်ယောက်က ပေတစ်သန်းကျော်ရှိပြီး နောက်တစ်ယောက်က ပေတစ်သန်းသာရှိလျှင်တောင် အသတ်ခံရနိုင်ခြေရှိသည်။

အမွေဆက်ခံမှု့အတွက် ကျောက်တိုင်တစ်ထောင်မှာ တစ်ယောက်ကိုရွေးချယ်လိမ့်မည်။

‘အချိန်ကာလရဲ့အဆုံးမရှိဖြတ်သန်းမှုအတွင်းမှာ ဒီနေရာကိုရောက်လာတဲ့သူတွေ အများကြီးရှိခဲ့ရမယ်... ဒီမှာ အသက်အရွယ်ကန့်သတ်ချက်မရှိဘူး.. ဆိုလိုတာက ပါဝင်ယှဉ်ပြိုင်သူတွေက အလွန်ရှေးကျတဲ့တည်ရှိမှုတွေလို့ပြောလို့ရတယ်...”

‘တစ်ယောက်ယောက်က နတ်ဘုရားအနှစ်သာရကို ရတာနဲ့ ကျန်တဲ့သူတွေအားလုံးသေဆုံးကြလိမ့်မယ်...တစ်ချိန်ကငါ့ရဲ့အသူရာဘိုးဘေးက သီးခြားနယ်မြေထဲကိုဝင်ပြီး ပြန်ထွက်လာတယ်လို့ မီးလျှံဂြိုလ်သခင်က ပြောခဲ့ဖူးတယ်..”

“ငါ့ရဲ့ဘိုးဘေးက သီးခြားနယ်မြေလေးခုထဲက ဘယ်နေရာကိုသွားခဲ့လဲဆိုတာမသိဘူး..သူ သီးခြားနယ်မြေထဲကပြန်ထွက်လာတယ်ဆိုကတည်းက သူလဲ ပါဝင်ယှဉ်ပြိုင်သူပဲ..ဒါပေမဲ့ နောက်ဆုံးတော့ သူလဲသေသွားခဲ့တာပဲ.. ဘာလို့လဲဆိုတော့… သူပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ သီးခြားနယ်မြေမှာ နတ်ဘုရားအနှစ်သာရကို တကယ်ရရှိတဲ့သူတစ်ယောက် ပေါ်လာလို့လား..”

စုမင်ဧ။်နှလုံးသား တုန်လှုပ်နေပြီး ထိုအတွေးကို အမြန်ဖျောက်ပစ်လိုက်သည်။

“ အနှစ်သာရကြယ်ပင်လယ်ကို ထည့်မတွက်ရင် သီးခြားနယ်မြေလေးခုပဲရှိတယ်လို့ မီးလျှံဂြိုလ်သခင်က ပြောဖူးတယ်..အခုထိ လေးခုပဲ ရှိသေးတယ်..ဆိုလိုတာက အခုထိ ဘယ်သူမှ နတ်ဘုရားအနှစ်သာရကို မရရှိနိုင်သေးဘူး..”

စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာပြီး သူ့မျက်နှာမှာ တွေးတောနေသောအမူအရာတစ်ခုပေါ်လာသည်။

‘ဖြစ်နိုင်တယ်… ငါ့ရဲ့ဘိုးဘေး… မသေသေးတာလား..အဲဒီအစား..နှစ်ပေါင်းတစ်ထောင်ဆိုတဲ့ အချိန်ကန့်သတ်ချက်ကြောင့် သူဟာ သီးခြားနယ်မြေကိုပြန်ဖို့ အတင်းအကျပ်ခိုင်းစေခံရပြီး အဲဒီမှာ ပိတ်မိနေတုန်းပဲလား..”

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာ သဲလွန်စတွေ အများကြီးရှိသော်လည်း တကယ့်အကြောင်းရင်းကို ရှာရန် ခဲယဉ်းလေသည်။ ဘာပဲဖြစ်ဖြစ် ငါးခုမြောက်လောကကြီးပျက်စီးခြင်းနှင့်သီးခြားနယ်မြေများကြားမှာဆက်နွယ်မှုထောင်ပေါင်းများစွာ ရှိနိုင်သည်။

စုမင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ရှေ့မှာ လမ်းတစ်လမ်းသာ ရှိတော့သည်။ ဤသည်မှာသူ့ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင် လုပ်ရန်ဖြစ်သည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ကို ကိုယ်စားပြုသော ကျောက်တိုင်ဆီကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ သူ ကြည့်လိုက်ပြီး ညာဘက်လက်ကို မြှောက်လိုက်သည်။ ကျောက်တိုင်ပေါ် သူ့လက်ကို တင်လိုက်ရုံဖြင့် လူတစ်သိန်းနှင့်သေမင်းတိုက်ပွဲမျိုးမှာ ပါဝင်ရမှာကို အနည်းငယ်စိုးရိမ်နေလေသည်။

စုမင်က ကျောက်တိုင်ပေါ် သူ့လက်ကို တင်မည့်အချိန်တွင် လေထုထဲမှာရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အဝေးတစ်နေရာတွင် ပေသုံးသိန်းလောက်အမြင့်ရှိ ကျောက်တိုင်တစ်ခုသည် တောက်ပသောအလင်းရောင်နှင့် တောက်ပနေသည်။ ၎င်း၏အမြင့်က လျင်မြန်စွာ မြင့်တက်သွားပြီး ပေလေးသိန်းအထိ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် အလင်းရောင်ကြားထဲရှိထိုလူမှာ ကျောက်တိုင်ကနေ ထွက်လာသည်။

ထိုလူက လူထွားကြီးတစ်ယောက်ပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အလွန်အမင်း မြင့်မားပြီး သူ့တွင် လောကမှော်ယာဉ်ပျံစွမ်းအားများနှင့်ပြည့်နှက်နေသည်။ သူက လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်၏။

ထိုအချိန်တွင် သူ့မျက်နှာက မောပန်းနွမ်းနယ်နေပုံပေါ်ပြီး စိတ်ဝင်စားမှုမရှိသောအမူအရာနှင့်ထွက်လာခဲ့သည်။ သူက စုမင်ကို မြင်လိုက်ရသော်လည်း ဂရုမစိုက်ပေ။ ယင်းအစား သူ့ဘေးနားက ပေနှစ်သိန်းအမြင့်ရှိကျောက်တိုင်ကို ကြည့်လိုက်သည်။ သူ၏ပင်ပန်းနွမ်းနယ်နေသော မျက်လုံးထဲမှာ နူးညံ့သောအရိပ်အယောင်တွေ ပေါ်လာပြီး ထိုကျောက်တိုင်က သူ့၏ တစ်ခုတည်းသော လှုံ့ဆော်မှုလို့ ထင်ရသည်။

စုမင်က လူထွားကြီးဧ။်ကျောက်တိုင်ကိုလှမ်းကြည့်လိုက်သော် နာမည်တစ်ခုထွင်းထားတာကို တွေ့လိုက်ရသည်။

“ကျိုးခန်း..”

စုမင်းကလည်း ပေနှစ်သိန်းအမြင့်ရှိကျောက်‌တိုင်ပေါ်မှာ စစ်မာယွဲ့ ဟူသောအမည်ကိုတွေ့လိုက်ရသည်။ လူထွားကြီးက ထိုကျောက်တိုင်ကိုလဲ နူးညံ့သောအကြည့်ဖြင့်ကြည့်နေလေသည်။

“စစ်မာယွဲ့..အဲဒါ အမျိုးသမီးနာမည်ဖြစ်ရမယ်..ဒီလူတွေက သူငယ်ချင်းကောင်းတွေ ဒါမှမဟုတ် ချစ်သူတွေပဲဖြစ်ရမယ်”

စုမင်းက ကျောက်တိုင်အောက်မှာ ထိုင်နေသောလူကို ကြည့်လိုက်သည်။ စုမင်က သူ့ကို ကြည့်နေတာကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်ထားသည်။လူထွားကြီးက မျက်လုံးများကို မှိတ်ပြီး ဘာစကားမှ မပြောပေ။

စုမင်က သူ့ကျောက်တိုင်ပေါ်လက်တင်ပြီး ချက်ချင်း မထိုင်ပေ။ သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ နတ်ဘုရားအနှစ်သာရကို အမွေဆက်ခံခြင်းနှင့်ပတ်သတ်၍ သူ့မှာအတွေ့အကြုံအများကြီးမရှိပေ။ သူက ထိုလူဆီကနေ နည်းနည်းလောက်သိရလျှင် ပို၍ယုံကြည်မှုရှိလာမည်ဖြစ်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားလေသည်။ စုမင်းရော၊ ထိုလူပါ စကားမပြောကြပေ။ နာရီအနည်းငယ်အကြာမှာ စုမင်းပါ ရုတ်တရက်လှည့်ပြီး တခြားဘက်ကို ကြည့်လိုက်သည်။

သူ့မျက်စိရှေ့မှာတင် သွေးနီရောင်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာတာကို စုမင် မြင်လိုက်ရသည်။ ထိုအက်ကွဲကြောင်းကနေ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။ မကြာခင်မှာပင် ထိုထဲမှ လူတစ်ယောက် ထွက်လာခဲ့သည်။

ထိုလူက အဘိုးကြီးတစ်ယောက်ပင်ဖြစ်ဧ။်။ အဘိုးကြီး၏မျက်နှာက အံ့ဩမင်သက်နေပြီး လူက ကြောင်အမ်းအမ်းဖြစ်နေလေသည်။ သူ့မျက်နှာပေါ်မှာ အံ့အားသင့်မှုအပြင် ထိတ်လန့်မှုများပါ ရှိနေသည်။

ဤလူထွားကြီးက စုမင်နှင့် အတူတူပင်ဖြစ်၏။ သူလဲ သီးခြားနယ်မြေကို ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်သည်။

ဤမြင်ကွင်းက စုမင်၏အာရုံကို ချက်ချင်းဖမ်းစားသွားသည်။ အမှန်တော့ လူထွားကြီးက မျက်လုံးများကို ချက်ချင်းဖွင့်ပြီး အဘိုးကြီးကို စိုက်ကြည့်နေသည်။ သူ့ အသက်ရှူသံများက အနည်းငယ်မြန်ဆန်လာသည်။ မကြာခင် သေခြင်းတရားဧ။်ရွေးချယ်မှုက စတင်တော့မည်။ ခဏကြာပြီးနောက် လူတစ်သိန်းထဲက တစ်ယောက်ယောက်ပေါ်တွင် သေခြင်းတရားက ကျရောက်လာမည်။ စုမင်နှင့် ထိုလူနှစ်ယောက်စလုံးမှာ ကံဆိုးသူဖြစ်လာနိုင်သည်။

All Chapters