မိန်းမအတွက် လက်စားချေခြင်း
Vol. 59 Ch. 816
“ဒါက ပါရာဂွန်တွေရဲ့အမွေအနှစ်...ဒါက ပါရာဂွန်တွေရဲ့ နတ်ဘုရားအနှစ်သာပဲ..ဒါက သီးခြားနယ်မြေလား..သီးခြားနယ်မြေတွေကတကယ်တည်ရှိနေတာပဲ..”
အဘိုးကြီးက အံ့အားသင့်စွာ အော်ဟစ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့်ရမ္မက်လောဘများ ပေါ်လာသည်။
အစက အဘိုးကြီးမှာ မဟာလောကကြီးလေးခုကကမ်းလှမ်းသောလွတ်လွပ်မှုကို ရယူချင်ခဲ့သည်။ ထို့ကြောင့် သူက စုမင်ကိုအသက်ရှင်လျက်ဖမ်းရန် အနောက်တိမ်တိုက်ဂြိုလ်၏သီးခြားနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့ပေမဲ့ သီးခြားနယ်မြေက ထိုသို့ထူးဆန်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူ့အတွက် အမွေအနှစ်ကိုရရှိခြင်းက လွတ်လပ်မှုထက်တောင် ပို၍အရေးကြီးလာခဲ့သည်။
ထိုအချိန်တွင် သူ့ရယ်သံက လေထဲမှာ ပဲ့တင်ထပ်သွားပြီး ကျောက်တိုင် တစ်သိန်းထဲက တစ်ခုပေါ်မှာ အက်ကွဲကြောင်းများ ချက်ချင်းပေါ်လာသည်။ ထိုအက်ကွဲကြောင်းများကနေ သွေးများပန်းထွက်လာကာ သနားစရာအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအသံက သေခါနီးအသံငင်နေသောသာမန်လူတစ်ယောက်၏အသံပင်ဖြစ်သည်။
စုမင်က ငိုကြွေးသံများထွက်ပေါ်လာသောကျောက်တိုင်ကို အမြန်ကြည့်လိုက်သည်။
စုမင်က ထိုကျောက်တိုင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ လူထွားကြီးကို အလိုလိုကြည့်လိုက်မိသည်။
ထိုအချိန်တွင် လူထွားကြီးက တုန်ယင်နေပြီး သူ့ခြေကိုဆောင့်နေသည်။ သူ့မျက်လုံးများက ရဲနေပြီး သူ့မျက်ရည်များက ပါးပြင်ပေါ်ကနေ စီးကျလာသည်။ အော်ဟစ်သံများထွက်ပေါ်လာသောကျောက်တိုင်မှာ စစ်မာယွဲ့အမည်ရှိကျောက်တိုင်ပင်ဖြစ်သည်။ ထိုကျောက်တိုင်က လူထွားကြီး၏ဘေးတွင်ရှိပြီး ပေနှစ်သိန်းသာမြင့်မားသည်။
သူက ကျောက်တိုင်တွင်အက်ကွဲကြောင်းများ ပိုပေါ်လာပြီး သွေးများပိုထွက်လာသည်ကို ကြည့်နေလေသည်။ သူ့မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျလာသည်။
“ဂရုစိုက်နော် ...”
ကျောက်တိုင်အတွင်းကနေ အားနည်းသောအမျိုးသမီးအသံတစ်ခုက ပဲ့တင်ထပ်လာသည်။ ထိုအသံက အရမ်းအားနည်းနေသောကြောင့် ကျယ်လောင်စွာ ရယ်မောနေသောအဘိုးကြီးက မကြားနိုင်ပေ။ စုမင်တောင် တိုးတိုးလေးကြားရလေသည်။ ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော တစ်ဦးတည်းသောသူက လူထွားကြီးပင်ဖြစ်၏။
ထိုအသံက စစ်မာယွဲ့၏အသံပင်ဖြစ်သည်။ သူမကို စောင့်မျှော်နေသူက အသက်ရှင်၊ မရှင် မသိသော်လည်း ထိုစကားက နှုတ်ဆက်စကားဖြစ်လေသည်။
သူမ၏အသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ကျောက်တိုင်မှ အလင်းတန်းများ ပျံ့နှံ့သွားကာ ပေနှစ်သိန်းအမြင့်ရှိကျောက်တိုင်က သူမ၏
နာမည်ကို ဖျက်ပစ်လိုက်သည်။ နောက်ဆုံးမှာတော့ ကျောက်တိုင် အရွယ်အစားသည် တဖြည်းဖြည်း သေးငယ်သွားသည်။
စုမင်း ထိုမြင်ကွင်းကိုမြင်သော် သူ့နှလုံးသားက တုန်လှုပ်သွားသည်။
ထိုအချိန်မှာ အဘိုးကြီး၏အေးစက်သောစိတ်ဆန္ဒက သူ့ပတ်ဝန်းကျင်နှင့်ကျောက်တိုင်ကို ဖုံးလွမ်းသွားသလို ခံစားလိုက်ရသည်။ သို့ပေမဲ့ ထိုစိတ်ဆန္ဒက သူ့ကိုကျော်ပြီး စစ်မာယွဲ့၏ကျောက်တိုင်ကို ဖုံးလွှမ်းသွားသည်။
ထိုအေးစက်တဲ့စိတ်ဆန္ဒက သူ့အပေါ်မှာ စုပုံလာလျှင် သေသွားမည့်သူမှာ သူဖြစ်ကြောင်း စုမင် ကောင်းကောင်းတွေးနိုင်သည်။
“ဟားဟားးး.. ဒါက ငါ့ရဲ့ကျောက်တိုင်ပဲ ဟမ်..”
အဘိုးကြီးက တဟားဟားရယ်မောလိုက်ရင်း သူ့ကျောက်တိုင်ရှေ့ကို ပေါ်လာသည်။ ထို့နောက် သူ့မျက်လုံးများက ရုတ်တရက် မျက်မှောင်ကြုတ်မိသွားသည်။ သူ၏စိတ်လှုပ်ရှားမှုကြောင့် သူ့ဘေးမှာ တခြားလူများရှိနေတာကို သတိမထားမိပေ။
ပထမတော့ စုမင်၏အကြည့်က လူထွားကြီးပေါ်ကျရောက်ခဲ့သည်။ အခု သူပြန်ကြည့်လိုက်သောအခါ လူထွားကြီး၏မျက်ရည်များက ပျောက်ကွယ်သွားသည်။ သူ၏နီရဲနေသောမျက်လုံးများက မှေးမှိန်သွားပြီး သူ၏ခံစားချက်ကို လုံးဝမထုတ်ဖော်တော့ပေ။
အဘိုးကြီးက ပတ်ဝန်းကျင်ကို ကြည့်
ရင်း သူ့မျက်လုံးထဲမှာ ရုတ်တရက်လင်းလက်လာသည်။ သူက အဝေးမှာထိုင်နေသော စုမင်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက ပိုပြီးတောက်ပလာပြီး လောဘဇောတက်လာပုံပေါ်သည်။
“မိုစု...”
အဘိုးကြီးက ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့စွမ်းအားက ရုတ်တရက်ပျံ့နှံ့သွားသည်။ ထူထဲသောလောကမှော်ယာဉ်ပျံစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။ သူ့ကျင့်ကြံဆင့်က ကျောက်မိသားစု၏ဘိုးဘေးနှင့်အတူတူပင်ဖြစ်သည်။ သူက လောကမှော်ယာဉ်ပျံအလယ်အလတ်အထွတ်အထိပ်ကိုရောက်ရှိခဲ့သူဖြစ်သည်။
သို့ပေမဲ့ အဘိုးအိုက ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။ သူက မိုက်မဲပြီး စဉ်းစားဉာဏ်မရှိသူ မဟုတ်ပေ။ သူက ပါးနပ်သော မြေခွေးအိုကြီးဖြစ်သောကြောင့် နတ္ထိအနှစ်သာရနယ်မြေမှာ ရှင်သန်နိုင်ပြီး ထိုကဲ့သို့ကျင့်ကြံဆင့်ကို ပိုင်ဆိုင်နိုင်ခဲ့သော။ သီးခြားနယ်မြေတွင် တိုက်ခိုက်ခြင်းနှင့်တားဆီးခြင်းကို ကန့်သတ်ချက်ရှိမရှိ သူ သေချာမသိပ။ ထို့ကြောင့် စွမ်းအားများက သူ့ခန္ဓာကိုယ်ကနေပေါက်ကွဲထွက်လာပြီး ရှေ့ကိုမတိုးခဲ့ပေ။ ယင်းအစား သူက စုမင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် စုမင်က ဤနေရာကို သူ့ထက်စောပြီး ရောက်လာခဲ့တာကြောင့် သူ့ထက် အများကြီးပိုသိလေသည်။ စုမင်၏အကျင့်အရ အဘိုးကြီးက အရာများစွာကို ရှာဖွေတွေ့ရှိနိုင်သည်။
စုမင်၏မျက်လုံးထဲမှာ တောက်ပမှုတစ်ခု ပေါ်လာသည်။ အဘိုးကြီးမှာ သူ့နောက်ကိုလိုက်လာသူတွေထဲက တစ်ယောက်ဖြစ်ကြောင်း စုမင် သေချာခန့်မှန်းမိလေသည်။ သူက ကျောက်တိုင်နှင့် ပေါင်းစပ်ပြီး အမွေအနှစ်ကို စမ်းသပ်မှုခံယူရန် ချက်ချင်းထရပ်လိုက်သည်။ အဘိုးကြီး၏သတ်ဖြတ်မှုကို ရှောင်ရှားနိုင်ရန် သူ့လက်ကို ကျောက်တိုင်ပေါ် တင်ရန် စဉ်းစားခဲ့သည်။ သို့ပေမဲ့ သူ့နှလုံးသားထဲမှာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး ထိုသို့မလုပ်ခဲ့ပေ။ ယင်းအစား သူက တင်းမာပြီး သတိထားသောအမူအရာနှင့် နောက်ပြန်ဆုတ်သွားခဲ့သည်။
သူက လူထွားကြီးကြောင့် ကျောက်တိုင်နှင့်ပေါင်းစပ်ရန်မရွေးချယ်ခဲ့ပေ။ ယခုချိန်မှာ ထိုလူက တည်ငြိမ်နေပုံရသော်လည်း စစ်မာယွဲ့၏ကျောက်တိုင်ကိုကြည့်နေသော သူ၏နူးညံ့သောအကြည့်ကို စုမင် ဘယ်တော့မှမေ့နိုင်မည်မဟုတ်ပေ။ စစ်မာယွဲ့၏ကျောက်တိုင်မှလာသော စကားလုံးနှစ်လုံးကို စုမင် မေ့မရပေ။
“တခြားတစ်ယောက်ဆိုရင် ဒီအဘိုးကြီးကို သတ်ပစ်မှာ သေချာတယ်..ဒါပေမဲ့ ဒီလူက မတိုက်ခိုက်ရုံတင်မကဘူး..သူ့ မျက်ရည်တွေကို သုတ်ပြီး မျက်လုံးနီနီတွေကို ဖုံးကွယ်ထားတယ်.. တစ်ခုခုမှားနေပြီ..”
“ဖြစ်နိုင်တာက... ဒီမှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်လို့မရဘူးလား..”
စုမင်းက သတိကြီးကြီးထားရင်း မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးကြီးက ကျောက်တိုင်ပေါ်မှာ နာမည်ကိုချန်မထားတာကို စုမင်တွေ့လိုက်ရသည်။
စုမင်၏အတွေးအားလုံးက အချိန်အကြာကြီးတွေးနေပုံရသော်လည်း အမှန်တော့ ခဏလေးသာ ကြာသည်။ စုမင်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုပေါ်လာသည်။ ထို့နောက် သူ့အမူအရာကို ပြန်ပြင်လိုက်ပြီး နောက်သို့ဆုတ်သွားလေသည်။
အဘိုးကြီးက စုမင်၏အမူအရာ၊ ဆုတ်ခွာမှုကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ စုမင်က ထွက်ပြေးတော့မည့်ချိန်တွင် အဘိုးအို၏သံသယများက မှေးမှိန်သွားသည်။ သို့သော် စုမင်က သတိကြီးကြီးထားနေလေသည်။ သီးခြားနယ်မြေတွင် လူသတ်ရ၊ မရကို မသိသေးဘဲ စုမင်က အလွယ်တကူ တိုက်ခိုက်မှာ မဟုတ်ပေ။
စုမင်က ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်စဉ် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ ထို့နောက် သူက လူထွားကြီး၏ဖြစ်အင်ကို ပြန်စဉ်းစားလိုက်သည်။
သို့ပေမဲ့ စုမင်က လူထွားကြီးကို ထပ်မ့ကြည့်လိုက်သည်။ လူထွားကြီး၏မျက်လုံးများတွင် တည်ငြိမ်မှု၊ ခေါင်းမာမှုနှင့် မနာခံလိုသော အရိပ်အယောင်များ ရှိနေသည်။
“တစ်ယောက်နဲ့တစ်ယောက်ကို သတ်ချင်ဖြတ်ချင်ရင် ဝေးဝေးသွားကြ..ကျုပ် ကျင့်ကြံနေတုန်း လာမနှောင့်ယှက်နဲ့..လမ်းပျောက်တယ်..”
လူထွားကြီးက အေးစက်စွာအော်ဟစ်လိုက်သည်။ ထိုစဉ် သူ့ညာလက်ကို မြှောက်ပြီး အဘိုးကြီးဆီကို လက်ဝှေ့ယမ်းလိုက်သည်။
လောကမှော်ယာဉ်ပျံစွမ်းအားများက သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်စဉ် လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရှိစွမ်းအားက အဘိုးကြီးဆီကို လေပြင်းဝှေ့သလို တိုက်ခတ်သွားလေသည်။
လေပြင်းက အလွန်မြန်ဆန်စွာ တိုက်ခတ်သွားလေသည်။ အဘိုးကြီးသာ မရှောင်တိမ်းလျှင် မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ ထိုအရာက လောကမှော်ယာဉ်ပျံအလယ်အလတ်အဆင့်နှင့်နှောင်းပိုင်းအဆင့်ရှိသူများကြား ကြီးမားသောကွာခြားချက်ဖြစ်သည်။ အဘိုးကြီး ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
အဘိုးကြီး၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက လူထွားကြီး၏ကျင့်ကြံဆင့်ကို သတိထားမိတာ ကြာခဲ့လေပြီ။ သူ့ခန့်မှန်းချက်အရဆိုလျှင် လူထွားကြီးမှာ လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရှိရမည်။သို့ပေမဲ့ အဘိုးကြီးက တိုက်ခိုက်ရန် တွန့်ဆုတ်နေခဲ့သည်။ မထင်မှတ်တာက လူထွားကြီးက
သူ့ကို စည်းမဲ့ကမ်းမဲ့တိုက်ခိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသာ နည်းနည်းလေး နှေးနေရင် ပြင်းထန်စွာ ဒဏ်ရာရမည်ဆိုတာ ရှင်းနေ၏။
ထို့အပြင် လူထွားကြီး တိုက်ခိုက်တာက ခြောက်လှန့်ရုံမဟုတ်ဘဲ တကယ့်အစစ်အမှန်ဖြစ်ကြောင်း အဘိုးကြီး သိခဲ့သည်။ ထိုအချိန်တွင် အဘိုးကြီးက ရှောင်တိမ်းဖို့ မလုပ်ဘဲ ခဏရပ်တန့်သွားလေသည်။
သူက လူထွားကြီးကို စိုက်ကြည့်နေလေသည်။ လူထွားကြီးက သူ့ကို တကယ်တိုက်ခိုက်နေတာလား သို့မဟုတ် ဟန်ဆောင်နေတာလားဆိုတာ နောက်တစ်ကြိမ် စမ်းသပ်ချင်ခဲ့သည်။ ပြင်းထန်သော လေပြင်းတိုက်ခတ်မှုက အဘိုးကြီးနား နီးကပ်လာပြီး ဖျက်ဆီးနိုင်စွမ်းက သူ့ဆီကို ပေါက်ကွဲသံနှင့်အတူ ရောက်ရှိလာသည်။ အဘိုးအိုမှာ လူထွားကြီးက မင်သေသေနှင့် အတည်တိုက်ခိုက်ကြောင်း သတိပြုမိခဲ့သည်။
‘မင်း ဒီလို သတ်လို့ဖြတ်လို့ရတယ်ပေါ့”
အဘိုးကြီး၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားလေသည်။
သူ့ရင်ထဲမှာ သံသယများ မရှိတော့ပေ။ လေပြင်းက သူ့ကိုတိုက်ခတ်တော့မည့်ဆဲဆဲတွင် သူက နောက်ဆုတ်ပြီး ကျောက်စိမ်းပြားတစ်ပြားကို ထုတ်လိုက်သည်။
ကျောက်စိမ်းပြားက ကွဲအက်သွားပြီး
အဘိုးကြီးလဲ ပျောက်ကွယ်သွားသည်။ ထို့နောက် အဘိုးကြီးက စုမင်နှင့်မဝေးသောပေထောင်ပေါင်းများစွာအကွာအဝေးတွင် ပြန်ပေါ်လာသည်။
‘ဒီလူက အရမ်းအစွမ်းထက်တယ်..ငါ သူ့ကို ရန်သွားမစသင့်ဘူး..ဒါ့အပြင် ငါ့မှာ လောကမှော်ယာဉ်ပျံစွမ်းအားတွေကို ရှောင်တိမ်းနိုင်ပြီး နေရာရွေ့ပြောင်းနိုင်တဲ့ကျောက်စိမ်းပြားရှိတယ်ဆိုတာ သူ မသိလောက်ဘူး..ဒါဆိုရင်... မိုစု..မင်း လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
အဘိုးကြီးက လျင်မြန်စွာလှည့်ကြည့်ရင်း စုမင်ဆီသို့အကြည့်ရောက်သွားလေသည်။ အဘိုးကြီးက တဟားဟားရယ်မောလိုက်သောအခါ လောကမှော်ယာဉ်ပျံစွမ်းအားက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ့ညာလက်ကိုမြှောက်လိုက်စဉ် မှော်သင်္ကေတအများအပြား ရုတ်တရက် ပေါ်လာသည်။ ၎င်းတို့က လေထဲမှာ စုဝေးပြီး မြင်းမြီးပုံစံကျာပွတ်အသွင် ပြောင်းသွားသည်။အဘိုးကြီးက ထိုကျာပွတ်ကို စုမင်၏ဦးတည်ရာသို့ လွှဲယမ်းလိုက်သည်။
စုမင်က သူ့ခြေလှမ်းများကို ရပ်တန့်ပြီး အမြန်လှည့်လိုက်သည်။ သူက သူရှောင်တိမ်းခြင်းမရှိဘဲ အဘိုးကြီးကို စိုက်ကြည့်နေလိုက်သည်။ အမှန်တော့ သူက မြင်းမြီးကျာပွတ်ကို အနီးကပ်ခွင့်ပေးခဲ့သည်။ ထိုတိုက်ခိုက်မှုက သူ့ကို ထိခိုက်စေနိုင်သော်လည်း ပြင်းထန်တာမျိုးတော့ မဟုတ်ပေ။ စုမင်က သူ့ကိုယ်သူဒါဏ်ရာအရခံပြီး သီးခြားနယ်မြေ၏လျှို့ဝှက်ဆန်းကြယ်မှုကို လောင်းကြေးထပ်လိုက်သည်။ ယခင်က သူ ခွဲခြမ်းစိတ်ဖြာခဲ့သောအရာများကို ပြန်တွေးရင် သူ့မှန်းဆချက်က ဆယ်ပုံရှစ်ပုံမှန်မည်ဟု တွေးနေခဲ့သည်။
ယခု အဘိုးအို၏တိုက်ခိုက်မှုက စုမင်း၏မှန်းဆချက်များကို မှန်ကန်စေတော့မည်။
‘သူ့လုပ်ရပ်တွေက အတုအယောင်မဟုတ်ဘူး.. သူ့မျက်လုံးထဲက သွေးနီရောင်နဲ့ ဝမ်းနည်းမှုက အစစ်အမှန်ပဲ.
အဲဒီမိန်းမအသံက သူ့ကို ဂရုစိုက်ဖို့ပြောတဲ့အခါ ဒီလူ တုန်လှုပ်သွားတယ်...”
‘သူက အဘိုးကြီးကို တိုက်ခိုက်နေသလို ထင်ရပေမဲ့ တကယ်တော့ ဒီလူက ကိုယ့်သေတွင်းကိုယ်တူးနေတာ.. သူ့လက်စားချေမှုက အောင်မြင်လိမ့်မယ်၊ ဒါမှမဟုတ်ရင် သူသေသွားလိမ့်မယ်..ပြီးတော့ အဘိုးအိုကို ဒီနေရာမှာတကယ်တိုက်ခိုက်လို့ရတယ်လို့ထင်သွားအောင်လုပ်နေတာ..”
စုမင်၏လှုပ်ရှားမှုက ရပ်တန့်သွားသည်။
ထိုအချိန်တွင် မြင်းမြီးကျာပွတ်က သူ့နားသို့ ချက်ချင်းရောက်လာသည်။ ထိုမြင်ကွင်းက လူထွားကြီး၏မျက်လုံးများကို ဖျတ်ခနဲလင်းလက်စေပြီး အဘိုးအို၏အမူအရာကို ပျက်ယွင်းသွားစေသည်။ ခဏအတွင်းမှာပဲ မြင်းမြီးကျာပွတ်က စုမင်ဧ။်ခန္ဓာကိုယ်ကို ရိုက်မိသွားသည်။ စုမင်က ဒါဏ်ရာရရန်အဆင့်သင့်ဖြစ်နေခဲ့သည်။သို့သော်လည်း ကျာပွတ်က သူ့ကို ထိထိချင်း သဲလွန်စမရှိပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကြောင့် အဘိုးကြီး၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုပေါ်လာလေသည်။သူ ထောင်ချောက်မိသွားတာကို သိလိုက်ရချင်းမှာပင် အေးစက်သောခံစားချက်ကသူ့ခန္ဓာကိုယ်ကို ချက်ချင်းဖြတ်သန်းသွားသည်။ ထို့နောက် ဘာအသံမှမကြားရဘဲ
သူ့ခန္ဓာကိုယ်က ပြာအဖြစ် ချက်ချင်းပြိုကွဲသွားသည်။
“ သူသေပြီ.. သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကပျက်စီးသွားပြီ..”
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ စုမင်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်နှာအမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူ့ကျောက်တိုင်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး
တင်ပျဉ်ခွေ ပြန်ထိုင်လိုက်သည်။ ထို့နောက် သူ့အကြည့်များက လူထွားကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ သူတို့ အကြည့်ချင်းဆုံမိသွားလေသည်။
ခဏကြာတော့ လူထွားကြီးက တိုးတိုးလေး စကားပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ရတယ်”
စုမင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
ထိုလူထွားကြီးက ငြိမ်ကျသွားပြန်သည်။ သူက စုမင်ကို မကြည့်တော့ဘဲ စစ်မာယွဲ့ပိုင်ဆိုင်ခဲ့ဖူးသောကျောက်တိုင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာပြီး သူ့မျက်နှာပေါ်ရှိ ဝမ်းနည်းမှုက အလွန်သိသာလာသည်။
သူက ထိုကျောက်တိုင်ကိုကြည့်ရင်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူနှင့်စစ်မာယွဲ့က သီးခြားနယ်မြေကို ရောက်ရှိလာပုံ၊ ကြုံတွေရသောအဖြစ်အပျက်များကို ပြန်ပြောင်းအောက်မေ့နေလေသည်။
သူမက သူ့အတွက် အရာအားလုံးဖြစ်ပြီး သူကလဲ သူမ၏အရာအားလုံးဖြစ်သည်။ သို့ပေမယ့် ယခုတော့ သူက တစ်ယောက်တည်း ကျန်နေခဲ့သည်။
“ငါ ဘယ်သူ့ကိုမှ အကြွေး မတင်ချင်ဘူး.. မင်းလဲ အသစ်ဝင်လာတဲ့သူဆိုတော့ မင်းမှာ မေးခွန်းတွေအများကြီးရှိမှာပဲ..မေးချင်တာမေး ငါသိတာတွေအားလုံး.. ကြုံတွေ့ခဲ့ရတာတွေအားလုံး ပြောပြမယ်..ငါ့ဇနီးကို သတ်ခဲ့တဲ့လူကို လက်စားချေဖို့ ကူညီပေးတဲ့အတွက် မင်းကို ပြန်ပေးဆပ်တယ်လို့ မှတ်ယူလိုက်..”
ကျိုးခန်းက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။