← Chapters

အပိုင်း(၈၁၇) ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်

Vol. 59 Ch. 817

အပိုင်း(၈၁၇) ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်

Vol. 59 Ch. 817

စုမင်က ကျိုးခန်းကိုကြည့်လိုက်စဉ် သူ့မျက်နှာက တင်းမာသွားသည်။ စုမင်က သီးခြားနယ်မြေ၏လျှို့ဝှက်ဆန်းကြယ်မှုများကို စမ်းသပ်ချင်ရုံသာမက ကျိုးခန်းဆီက အရေးပါသောအချက်အလက်များကို သိချင်သောကြောင့် ကူညီပေးခဲ့သည်။

ထိုအချက်အလက်များက သူ့အတွက် အလွန်အသုံးဝင်သည်။ အနည်းဆုံးတော့ သူ့ကျောက်တိုင်ကို အမြန်ဆုံးနှုန်းနဲ့ ပေတစ်သန်းအထိ ကြီးထွားစေနိုင်ပြီး တစ်ခြားလူတွေထက်သာအောင် ကူညီပေးနိုင်လိမ့်မည်။

သို့ပေမဲ့ တစ်စုံတစ်ယောက်က ကိုယ်တိုင် ထူးခြားသောအခြေအနေတစ်ခုခု ကြုံတွေ့ခဲ့ရပြီး သိရသောအသိပညာများကို တစ်ခြားသူများအား မျှဝေချင်မှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် တခြားတစ်ယောက် အောင်မြင်သွားလျှင် သေဆုံးနိုင်ခြေ ပိုများလာလိမ့်မည်။တကယ်တော့ နတ်ဘုရားအနှစ်သာရကိုရယူမှုက ယှဉ်ပြိုင်မှုတစ်ခုပင်ဖြစ်၏။

မည်သူကမှ သူစိမ်းတစ်ယောက်ကို သူတို့၏ အတွေ့အကြုံတွေကို ပြောပြပြီး ကိုယ့်ရှေ့က သွားခိုင်းမှာ မဟုတ်ပေ။ ပိုအရေးကြီးတာက အတွေ့အကြုံများက အချိန်အများကြီးပေးဆပ်ပြီးမှ ရလာသည်ဟု ပြောနိုင်သည်။ သီးခြားနယ်မြေမှာ ရှိသောသူများက ဝင်ကပါလျှောက်လမ်းထဲမှာ ပိတ်မိပြီးနောက် ပုံစံအမျိုးမျိုးနှင့်‌သေဆုံးသွားခဲ့ရသည်။ ထို့ ကြောင့် အတွေ့အကြုံများက အလွန်တန်ဖိုးရှိလှသည်။ စုမင်က ထိုအတွေ့အကြုံများကို လိုအပ်လေသည်။ အဘယ်ကြောင့်ဆိုသော် မဟာလောကကြီးလေးခုက သီးခြားနယ်မြေတွင်ရှိသော သူ့နောက်ကိုလိုက်ဖမ်းသူများရှိအောင် ဆုကြေးများတိုးမြှင့်ပေးမည်ကို ရှင်းရှင်းလင်းလင်း သိလေ၏။ယခုတစ်ကြိမ်တွင် မဟာလောကကြီးလေးခုက မည်သည့်ဆုလာဘ်မျိုးပေးအပ်မည်ကို စုမင် သေချာမသိပေ။ သို့သော် လူတစ်ယောက်က အသက်ကိုရင်း၍ သီးခြားနယ်မြေသို့စိတ်ပါလက်ပါသွားစေနိုင်သော ဆုလာဘ်မျိုးဖြစ်လောက်သည်။ လူတစ်ယောက်တည်းဆို ကိစ္စမရှိပေ၊ သို့ပေမဲ့ လူအများကြီးဆိုလျှင်တော့ စုမင်အတွက် ရင်လေးစရာပင်ဖြစ်၏။

“လူတစ်ယောက်ဝင်လာရင် သေဆုံးနိုင်ခြေက တစ်သိန်းမှာ တစ်ယောက်..လူတစ်သိန်းဝင်လာရင် ငါ မသေနိုင်တော့ဘူး..ကုန်ကုန်ပြောရရင်‌တော့ ရွေးချယ်မှုတိုင်းက လူတစ်သိန်းကြားထဲမှာပဲ..ပုံစံတစ်သတ်မတ်တည်းတော့ မရှိဘူး..ကိုယ်ပိုင်ကျောက်တိုင်ရှိသူတွေတောင် အရွေးခံရနိုင်တယ်..”

“ဒါပေမယ့် အဲဒီအချိန်ရောက်ရင် အန္တရာယ်က အရမ်းကြောက်စရာကောင်းတဲ့နှုန်းနဲ့ ရောက်လာလိမ့်မယ်.. ဒီအခြေအနေကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့... ကျောက်တိုင်ကို ပေတစ်သန်းအမြင့်ဖြစ်အောင် အတိုဆုံးအချိန်ယူပြီး လုပ်ဆောင်ဖို့ပါပဲ.. ဒီလိုလုပ်မှရွေးချယ်ခံရမှုကို ရှောင်ရှားနိုင်မှာ”

စုမင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူက မှန်ကန်သော အလောင်းအစားကိုလုပ်ခဲ့ကြောင်း သိလိုက်သည်။ သူ့လုပ်ရပ်များဖြင့် သူ့ရိုးသားမှုကိုပြကာ ကျိုးခန်းက အချက်အလက်များကို ရယူချင်ခဲ့သည်။ ထိုအရာက စုမင်အတွက် အပေးအယူတစ်ခုပင်ဖြစ်သည်။

“ဒီနေရာမှာ အမွေဆက်ခံမှု စမ်းသပ်မှုရဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ ကျုပ်ရဲ့ ကျောက်တိုင်ကို အချိန်တိုအတွင်းမှာ ပေတစ်သန်းအမြင့်ရောက်အောင် ဘယ်လိုလုပ်ရမလဲ”

စုမင်က စိတ်မဝင်စားဟန်ဖြင့် ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ တကယ်တော့ သူ၏စိုးရိမ်သောကများကို ဖုံးကွယ်ထားလေသည်။

ကျိုးခန်းက ချက်ချင်းပြန်မဖြေပေ။ သူက စစ်မာယွဲ့ပိုင်ဆိုင်ခဲ့ဖူးသောကျောက်တိုင်ကို ဆွေးငေးစွာ ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ့ဘာသာသူ တိုးတိုးလေး ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်တုန်းက ငါက လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ပဲရှိသေးတယ်..အဲ့တုန်းက သူမရဲ့အဖေက သီးခြားနယ်မြေထဲဝင်သွားခဲ့ပြီး ပြန်မထွက်လာခဲ့ဘူး..ဒါကြောင့် ငါ သူမနဲ့အဖော်အဖြစ်လိုက်လာတာ..”

“မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်းသုံးထောင်ကုန်ဆုံးသွားခဲ့တယ်..အဲဒီအချိန်အတောအတွင်းမှာ ငါတို့ဟာ ဒီမှာ အဆက်မပြတ်ရုန်းကန်နေခဲ့ရတယ်.. ဒါပေမဲ့ အဲဒီအမွေအနှစ်လိုချင်လို့မဟုတ်ဘူး.. အမွေအနှစ်ရတဲ့သူက ပါရာဂွန်ဖြစ်လာမှာ..ငါ‌ကတော့ အဲဒါတွေဂရုမစိုက်ခဲ့ဘူး..သူမနဲ့အတူ ဒီနေရာကနေ

အသက်ရှင်လျက် ထွက်သွားချင်ရုံလေးပါပဲ..”.

“ငါတို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်..ငါ့ဇနီးယွဲ့အာရဲ့အလားအလာက ငါ့ထက်အများကြီး ပိုပေမဲ့ ဒီနေရာမှာတော့ အဲဒီအလားအလာဆိုတာက အဓိပ္ပာယ်မရှိဘူး

နှစ်ပေါင်းသုံးထောင်ကာလအတွင်းမှာ သူမရဲ့ ကျောက်တိုင်ကို ပေနှစ်သိန်းအထိ ရောက်အောင် လုပ်နိုင်ခဲ့တယ်... ငါက သူမကို ဒီနေရာမှာ တစ်ယောက်တည်းမထားခဲ့နိုင်ဘူး..ဒါ့ကြောင့် ငါ့ရဲ့အခွင့်အရေးသုံးခါကို လက်လွတ်ခဲ့ပြီး သူမနဲ့အတူရှိနေခဲ့တာ..”

“ဘာလို့လဲဆိုတော့ ငါ့ရဲ့ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင်လုပ်နိုင်ခဲ့ရင်တောင်..ငါ တစ်ယောက်တည်းထွက်သွားရမှာ.. သူမမရှိဘဲ ငါ့ကိုနှစ်တစ်ထောင်လွတ်လပ်ခွင့် ပေးရင်တောင် ဘာအသုံးဝင်မှာလဲ.. လုံးဝ အသုံးမဝင်ဘူး... ငါ အဲဒီအခွင့်အရေး သုံးကြိမ်ကို စွန့်လွှတ်ပြီး သူမနဲ့အတူ ဒီမှာ နေခဲ့တယ်”

ကျိုးခန်းက စုမင်၏မေးခွန်းကိုမဖြေဘဲ သူ့ဘာသာသူ တိုးတိုးလေး ဆက်ပြောနေခဲ့သည်။

စုမင်က သူ့စကားကို နားထောင်ခဲ့ပြီး

ကြားဖြတ်မပြောခဲ့ပေ။ ကျိုးခန်း၏စစ်မာရှင်းအပေါ်ထားသောမေတ္တာက သူ့ကိုယ်သူထက် သာလွန်ခဲ့သည်။ ကျိုးခန်း၏ကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင်လုပ်နိုင်သော အခွင့်အရေး သုံးကြိမ်ရှိခဲ့တာကို စုမင် အံ့အားသင့်မိလေသည်။ ကျိုးခန်း စကြိုးစားခဲ့တာ နှစ်ပေါင်း သုံးထောင်သာ ရှိသေးသည်။

“ယွဲ့အာက ငါထက် ပိုဥာဏ်ကောင်းတယ်.. ဒီနေရာနဲ့ ပတ်သက်ပြီး ငါ့ထက် ပိုဗဟုသုတရှိတယ်.. ပထမ နှစ်ငါးရာအတွင်းမှာ ငါတို့ရဲ့ကျောက်တိုင်ထဲမှာနေရတဲ့ အတွေ့အကြုံတွေကို ဆန်းစစ်ခဲ့ကြတယ်..ဒီနေရာမှာရှိတဲ့စီနီယာတွေက စကားနဲ့တောင်အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပဲ...အတိတ်မှာ သူတို့ရှည်လျားပြီး ကွေ့ကောက်တဲ့လမ်းတွေကို လျှောက်ရင်း ပျော်ခဲ့တဲ့သူတွေပဲ..”

“ငါတို့ရဲ့ကျောက်တိုင်တွေမှာ တွေ့ရှိတဲ့အရာတွေက ကွဲပြားတယ်..ဒါပေမဲ့ ငါတို့ရတဲ့အဖြေတွေကတော့ အတူတူပဲ..ဒီနတ်ဘုရားအနှစ်သာရလို့ခေါ်တဲ့အရာဟာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အရ အဆင့်ဆယ်ဆင့်ခွဲထားတာ..”

ကျိုးခန်းက တိုးလျသောအသံဖြင့်ပြောလိုက်ပြီး စုမင်က အာရုံစိုက်နားထောင်လိုက်သည်။

“ယွဲ့အာနဲ့ငါက နတ်ဘုရားအနှစ်သာရဆိုတာ မသိဘူး..ဒါက လူတစ်ယောက်ကို ပါရာဂွန်ဖြစ်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိခဲ့ဘူး..မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်နဲ့ နှလုံးသားတွေက ပုံရိပ်ယောင်ငါးဆင့်ကျင့်စဥ်ပဲ...”

“ခြေလက်အင်္ဂါနဲ့ ကိုယ်ထည်ကို ပုံရိပ်စစ်ငါးဆင့်ကျင့်စဥ်လို့ ခေါ်တယ်””

“ခန္ဓာကိုယ်တစ်ခုလုံးကို ပေါင်းလိုက်ရင် အဆင့်ဆယ်ဆင့်ပြီးပြည့်စုံသွားလိမ့်မယ်.. အဆင့်တစ်ခုစီပြီးသွားတဲ့အခါ မင်းရဲ့ကျောက်တိုင်ကို ပေတစ်သန်းအထိ ကြီးထွားအောင်လုပ်နိုင်လိမ့်မယ်...”

ကျိုးခန်း၏အသံက ‌ပဲ့တင်ထပ်ပြီး စုမင်၏နားထဲသို့ရောက်ရှိသွားသည်။ ထိုအခါ စုမင်၏နှလုံးသား တဒိန်းဒိန်းစိတ်လှုပ်ရှားသွားလေသည်။

“ဒီကိုလာတဲ့သူအားလုံးနီးပါးက ကျောက်တိုင်ကို ထိဖို့ သူတို့ရဲ့လက်တွေကိုသုံးရမယ်ဆိုတဲ့ မရေမရာသတိပေးချက်ကို ရရှိလိမ့်မယ်..အဲဒီအခါမှသာ သူတို့ဟာ အမွေအနှစ် လေ့ကျင့်မှုကို စတင်နိုင်လိမ့်မယ်..ယွဲ့အာနဲ့ငါလဲ ဒီလိုစတင်ခဲ့ကြတယ်..”

“နှစ်ပေါင်းငါးရာကြာပြီးတဲ့နောက်

ငါတို့တစ်ခုခု မှားယွင်းနေတာကို သတိထားမိခဲ့တယ်..ဒါပေမဲ့နောက်ကျသွားပြီ..ငါတို့ နောက်ပြန်လှည့်လို့မရတော့ဘဲ အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားခဲ့ရတယ်..”

“ဒါက ငါတို့ရဲ့လက်တွေကို ကျောက်တိုင်ကို ထိဖို့ အသုံးပြုခဲ့လို့ပဲ..ငါတို့ ရွေးချယ်ခဲ့တဲ့ ပထမဆုံး အဆင့်ငါးဆင့်လမ်းကြောင်းက ပုံရိပ်စစ်ငါးဆင့်ကျင့်စဉ်ပဲ.. ငါတို့ရဲ့ညာလက်ကို ကျောက်တိုင်ကိုထိဖို့သုံးခဲ့တယ်..ဒါ့ကြောင့် ငါတို့ပထဆုံးကျင့်ကြံရမှာက ညာလက်ပဲ..ပြီးတော့ ဘယ်လက်..နောက်တော့ ခန္ဓာကိုယ်တစ်ခုလုံးပေါ့...ဒါက ငါတို့ရဲ့ကျောက်တိုင်တွေကို ငါးသန်းထိမြင့်မားအောင်လုပ်နိုင်လိမ့်မယ်..”

“ဒါပေမဲ့ ဒီကိုရောက်လာတဲ့ လူတွေဟာ ပုံရိပ်စစ်ငါးဆင့်ကို အရင်မကျင့်ကြံခဲ့ဘူးဆိုတာ ငါတို့ ခန့်မှန်းမိခဲ့တယ်..ဘာလို့လဲဆိုတော့ ဒီလမ်းကြောင်းက အရမ်းခက်ခဲလွန်းလို့ပဲ..အဲဒါက နားလည်မှု၊ ဉာဏ်အလင်းရရှိမှုတွေ မလိုဘူး..ငါတို့ကျင့်ကြံနေကျအတိုင်း ခန္ဓာကိုယ်ကိုကျင့်ကြံရုံပဲ..ဒီလမ်းကြောင်းရဲ့ ခက်ခဲမှုကို မကြုံဖူးတဲ့သူတွေ နားမလည်နိုင်ဘူး..”

“ ပုံရိပ်‌ယောင်ငါးဆင့်ကျင့်စဉ်ကတော့ မတူဘူး..အဲဒါက နားလည်မှုနဲ့ ဉာဏ်အလင်းရရှိမှုပုံစံ လိုအပ်တယ်.. တခြားလမ်းကြောင်းနဲ့ ယှဉ်ရင် ပိုခက်ခဲပုံရတယ်.. တကယ်တော့

ကောင်းချီးတစ်ခုရချင်ရင်..ပုံရိပ်ယောင်ငါးဆင့်ရဲ့ လမ်းကြောင်းအတိုင်း ဦးစွာလျှောက်လှမ်းရမယ်..ပြီးရင် အရာအားလုံးနဲ့ပတ်သတ်ရင် ဉာဏ်အလင်းရလာပြီး ကိုယ့်လမ်းကြောင်းအတိုင်း ပိုမြန်မြန်သွားနိုင်လိမ့်မယ်..”

ကျိုးခန်း၏စကားကြောင့် စုမင်က မျက်မှောင်ကြုတ်မိသွားရင်း မေးခွန်းမေးလိုက်သည်။

“စီနီယာကျိုးခန်း..ကျုပ်ခန္ဓာကိုယ်က ကျောက်တိုင်ကို ပထမဆုံးထိရင် နတ်ဘုရားအနှစ်သာရရဲ့ သန့်စင်မှုကို ပထမဆုံးရရှိမယ်လို့ ဆိုလိုတာလား..ကျုပ်ရဲ့ခန္ဓာကိုယ်က ဒီနတ်ဘုရားအနှစ်သာရကို ကျင့်သားရလာရမယ် ဒါမှမဟုတ် အနည်းဆုံးတော့ မှတ်မိလာရမယ်..ပြီးရင် ခန္ဓာကိုယ်ကို အခြေခံထားပြီး နတ်ဘုရားအနှစ်သာရကို ဖြည်းဖြည်းချင်း ဉာဏ်အလင်းရအောင်လုပ်ရမှာ.. နောက်ဆုံးမှာကျုပ်ရဲ့ကျောက်တိုင်ကို ပေဆယ်သန်းအထိရောက်အောင်လုပ်ရမယ်ဆိုတာမျိုးလား...”

“တကယ်လို့ ဒီလမ်းကြောင်းအတိုင်းမသွားရင် ကျုပ်က နတ်ဘုရားအနှစ်သာရကို နားလည်သဘောပေါက်အောင်ကျင့်ကြံရမှာပေါ့.. ပြီးတော့ ကျုပ် အဲဒီခံစားချက်ကို မှတ်မိသွားတဲ့အခါ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်လို့ရလား..”

“ဒီဆို လမ်းကြောင်းနှစ်ခုရှိတာပေါ့..တစ်ခုက ခန္ဓာကိုယ်ပြင်ပကနေ အတွင်းပိုင်းအစိတ်အပိုင်းတွေအထိ ကျင့်ကြံတာ...( ပုံရိပ်စစ်ငါးဆင့်ကျင့်စဉ်)...

နောက်တစ်ခုက ခန္ဓာကိုယ်အတွင်းပိုင်းကနေ အပြင်ပိုင်းအစိတ်အပိုင်းတွေအထိ လေ့ကျင့်တာပေါ့..(ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်)....”

ကျိုးခန်းက ခဏတာတိတ်ဆိတ်သွားလေသည်။ ခဏအကြာမှာ ကျိုးခန်းက စစ်မာယွဲ့ပိုင်ဆိုင်ခဲ့ဖူးသောကျောက်တိုင်ကနေ အကြည့်လွှဲပြီး စုမင်ကိုကြည့်လိုက်သည်။

“ဒါက ငါနဲ့ငါ့ဇနီးရဲ့မှန်းဆချက်ပါ..အဲဒါကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်ထိပဲ..အဲဒီအချိန်တုန်းက လူတစ်ယောက်ဟာ သူ့ရဲ့ ကျောက်တိုင်ရှေ့မှာ ထိုင်ပြီး နှစ်ပေါင်း သုံးရာကြာ တရားထိုင်ခဲ့တယ်..ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ ဉာဏ်အလင်းရသွားတယ်..သူ့နာမည်က ရှင်းယွီ..အခုအချိန်မှာ သူ့ရဲ့ ကျောက်တိုင်က ပေ နှစ်သန်းအထိ ရောက်နေပြီ..”

“ကျောက်တိုင်ကို ထိဖို့ မင်းရဲ့ခန္ဓာကိုယ်ကို မသုံးနဲ့..မင်းရဲ့မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်နဲ့ နှလုံးသားကို အသုံးပြုပြီး ကျောက်တိုင်နဲ့ မှိန်ဖျော့ဖျော့ ချိတ်ဆက်မှုတစ်ခု ဖန်တီးပါ.. ဒါက မင်းကို စက်ဝိုင်းပုံစံရွေ့လျားစေပြီး မင်းရဲ့ အောင်မြင်မှုအခွင့်အလမ်းကိုလည်း ပိုများစေလိမ့်မယ်”

“မင်းက မြန်မြန်မလုပ်နိုင်လောက်ဘူး မင်း နှေးတောင်သွားနိုင်တယ် ... ဒါပေမဲ့ ငါတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဒီနှစ်နှစ်ထောင်ကျော်အတွင်းမှာ ရောက်လာတဲ့သူတွေ အများကြီးရှိတယ်.. သူတို့ရဲ့ ကျောက်တိုင်တွေကို ပေတစ်သန်းအထိ ရောက်အောင် လုပ်တဲ့သူတွေလည်း အများကြီးရှိတယ်.. ဒီအတောအတွင်းမှာ တချို့လူတွေ သေဆုံးသွားတာ သဘာဝကျပါတယ်..ဒါပေမဲ့ ရှင်းယွီ ကတော့ ရှိနေတုန်းပဲ..”

“ဒါကြောင့် ယွဲ့အာက ပုံရိပ်ယောင်ငါးဆင့် အတိုင်း လျှောက်လှမ်းသူတွေဟာ တခြားလူတွေနဲ့ ယှဉ်ရင် သေဆုံးနိုင်ခြေ အများကြီး နည်းပါးလိမ့်မယ်လို့ ယုံကြည်ခဲ့တာ..ဒါက ခန့်မှန်းချက်တစ်ခုပဲ..ဘာလို့လဲဆိုတော့ အဲဒီလမ်းကြောင်းမှာ လေ့ကျင့်တဲ့သူတွေက အရေအတွက် အရမ်းနည်းလွန်းတာကြောင့် ငါတို့မှာ သက်သေအထောက်အထား အများကြီး မရှိခဲ့ဘူး...”

“မင်း ငါ့ကို ယုံမလား မယုံမလား မင်းဘာသာမင်း ရွေးချယ်နိုင်တယ်”

ကျိုးခန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အသံက နေရာတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားလေသည်။

“ဒါက ငါတို့ ကြုံတွေ့ခဲ့ရတာတွေပဲ.. ဒါ့အပြင် ကျောက်တိုင်ကို ထိဖို့ ဘယ်လိုနည်းလမ်းမျိုးသုံးသုံး ကျောက်တိုင်ထဲမှာရှိတဲ့ လောကနဲ့ ပေါင်းစပ်ဖို့ လိုအပ်သေးတယ်.. အဲဒါက စိတ်ကူးယဉ်ကမ္ဘာတစ်ခုပဲ... လူတိုင်းရဲ့ အတွေ့အကြုံတွေက မတူညီဘူး.. ဒါက မင်းရဲ့ မှတ်ဉာဏ်တွေအပေါ် အခြေခံပြီး မွေးဖွားလာတာပါ...

“တစ်ခါတ‌လေတော့ မင်းတောင်မသိတဲ့ မှတ်ဉာဏ်တချို့ကို ဖော်ထုတ်လိမ့်မယ်..ငါအတွေ့အကြုံအရ မင်း ကျောက်တိုင်နဲ့ပေါင်းစပ်လိုက်ချိန်မှာ

မင်း အသိစိတ်ကိုသေချာကပ်ထားရမယ်..ဒါဆိုရင် မင်းရဲ့မှတ်ဥာဏ်ထဲက လောကကို ပိုတွေ့ရဖို့များတယ်...”

ကျိုးခန်း၏မျက်လုံးများတွင် အတိတ်ကိုလွမ်းဆွတ်မှုများ ပေါ်လာသည်။ သူ၏ညာဘက်လက်ကို မြှောက်ပြီး ကျောက်တိုင်ကို ဖြည်းဖြည်းချင်းဖိလိုက်သည်။ စုမင်က ထိုလူ၏မှတ်ဉာဏ်ထဲရှိတွင် စစ်မာယွဲ့ဟူသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကို ခန့်မှန်းနိုင်ခဲ့သည်။

“ဒါတွေအားလုံးက ငါ့ရဲ့အတွေ့အကြုံတွေပဲ..မင်းကို အားလုံးပြောပြပြီးသွားပြီ.. မင်း... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..”

ကျိုးခန်းက တိုးတိုးလေးပြောနေစဉ် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သူ၏ကျောက်တိုင်ပေါ်တွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။ထိုနေရာမှ လက်တစ်ဖက်က ရုတ်တရက် ထွက်လာပြီး ကျိုးခန်း၏ညာဘက်လက်ကို ဆွဲခေါ်သွားသည်။

“နောက်ဆုံးတစ်ခုက... လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာက ယွဲ့အာ ခန့်မှန်းခဲ့တာ.. သူမသေဆုံးရခြင်းရဲ့ အကြောင်းရင်းလဲ ဖြစ်နိုင်တယ်... သူမက သီးခြားနယ်မြေမှာ ကြီးမားတဲ့လိမ်လည်မှုတစ်ခုရှိတယ်လို့ ငါ့ကိုပြောပြဖူးတယ်...”

ကျိုးခန်းက ပျောက်ကွယ်သွားသော်လည်း သူ့အသံက လေထုထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ စုမင်က အံ့အားသင့်သော အမူအရာဖြင့် ထိုနေရာတွင် ထိုင်နေသည်။ သူက ကျိုးခန်း၏ ကျောက်တိုင်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

နေရာတစ်ခုလုံး အပ်ကျသံမကြားအောင် တိတ်ဆိတ်သွားသည်။ သို့သော်လဲ ကျိုးခန်း၏အသံက စုမင်၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးထဲတွင် တောက်ပသောအလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့အကြည့်က သူ့ရှေ့တွင်ရှိသော သူ၏ကျောက်တိုင်ပေါ်သို့ ဖြည်းဖြည်းချင်းကျရောက်သွားသည်။

ဤကျောက်တိုင်က ပေနှစ်သောင်းသာမြင့်၏။၎င်းက အခြားကျောက်တိုင်များနှင့် နှိုင်းယှဉ်ပါက အလွန်အရေးမပါလှပေ။

‘ဘာပဲဖြစ်ဖြစ် ငါ ဒီလမ်းကြောင်းအတိုင်း လျှောက်ရဦးမှာပဲ.. ကျိုးခန်းရဲ့စကားတွေကို လုံးဝယုံလို့မရပေမဲ့ တစ်ချို့ဟာတွေကတော့ မှန်တယ်..ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်လား...”

စုမင်က ကျောက်တိုင်ကိုထိရန် သူ့လက်များကို အသုံးမပြုခဲ့ပေ။ ယင်းအစား သူက နေရာတွင်ထိုင်ပြီး ကျောက်တိုင်ကို

စိုက်ကြည့်နေခဲ့သည်။သူ့မျက်လုံးများက ကျောက်တိုင်ကို ကြည့်နေပြီး သူ့နှလုံးသားနှင့် မစဉ်းစား၊ သူ့ခန္ဓာကိုယ်နှင့် မလှုပ်ရှားခဲ့ပေ။ သူ့မျက်လုံးများမှလွဲ၍ သူ၏အာရုံခံအင်္ဂါများအားလုံးက ဘာမှမလုပ်ခဲ့ပေ။

‘ပုံရိပ်ယောင်ငါးဆင့်ကျင့်စဥ်ဆိုရင် ငါ့မျက်လုံးတွေနဲ့ စတင်လိုက်မယ်’

စုမင်က တိတ်ဆိတ်စွာ တရားထိုင်လိုက်သည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်… မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်အတွင်းမှာ စုမင်က မျက်တောင်တစ်ချက်တောင်ခတ်လေ့မရှိပေ။ သူက ကျောက်တိုင်ကို စိုက်ကြည့်မြဲကြည့်နေခဲ့သည်။ သူ့စိတ်နှင့်ခန္ဓာကိုယ်တစ်ခုလုံးက ထိုမြင်ကွင်းကို အာရုံစိုက်နေပြီး သူ့ပတ်ဝန်းကျင်က အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။

စုမင်က အချိန်ကိုတောင် မေ့သွားခဲ့သည်။

သူက ကျောက်တိုင်ပေါ်မှာ ဝဲဂယက်တစ်ခုကို တွေ့လိုက်ရသည်။ ထိုထဲက ကြီးမားသောစုပ်ယူအားတစ်ခုကို မြင်လိုက်ရပြီး ဝဲဂယက်ထဲမှာ မျက်လုံးတစ်လုံးပေါ်လာသည်။ ထိုမျက်လုံးက စုမင်ကို ကြည့်နေသောအခိုက်အတန့်တွင် စုမင်၏ခန္ဓာကိုယ်က မထင်မရှား ပုံရိပ်ယောင် ဖြစ်လာသည်။

“အချိန်..ငါ မာန်နတ်ဘုရားဖြစ်ပြီးတဲ့အချိန်လား..နေရာ..နဝမမြောက်တောင်ထွဋ်..မနက်ခင်းတာအိုလောကဂိုဏ်းရဲ့တာအိုယွမ် ရောက်လာတဲ့အချိန်...”

စုမင်က ပုံရိပ်ယောင်ဖြစ်သွားချိန်၌ သူ့မျက်လုံးထဲမှာ သွေးဆာနေသောသတ်ဖြတ်လိုစိတ်တစ်ခုပေါ်လာသည်။

သူ့အသံက လေထုထဲမှာ ပဲ့တင်ထပ်သွားပြီး စုမင် ပျောက်ကွယ်သွားလေသည်။

All Chapters