လွန်ခဲ့တဲ့နှစ်တွေတုန်းက မျက်ရည်စက်တွေ
Vol. 59 Ch. 818
စုမင်က တာအိုယွမ်နှင့် တာအိုကျေးကျွန်ငါးယောက်လုံးကို သတ်ချင်ခဲ့သည်၊ တာအိုယွမ်နောက်က အပေါင်းအပါများကိုနှင့်အရာအားလုံးကို သတ်ပစ်ချင်ခဲ့သည်။ လက်ရှိအင်အားကြီးလာသောသူက
အတိတ်ကို ပြန်သွားစေချင်ခဲ့သည်။
“ဗုန်းးးး.”
စုမင်း၏နှလုံးသားထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ကွဲအက်တော့မယ့်အလား ပြင်းထန်သော နာကျင်မှု ခံစားလိုက်ရသည်။ ထိုခံစားချက်က အချိန်အတော်ကြာထိ သူမခံစားဖူးသော အရာဖြစ်၏။
‘အဲဒါ မမှန်ဘူး.. ငါ့ရဲ့ နာကျင်မှုကို အာရုံခံစားနိုင်စွမ်းက ဆုံးရှုံးသွားပြီသား…’
ပြင်းထန်သောနာကျင်မှုက စုမင်း၏ နှလုံးသားကို တုန်လှုပ်စေပြီး သူ့မျက်လုံးများကို အတင်းဖွင့်ရန်ကြိုးစားစေခဲ့သည်။
သို့ပေမဲ့ သူ မလုပ်နိုင်ခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်သော နာကျင်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့ပေမဲ့ စုမင်က သူဘယ်နေရာရောက်နေလဲဆိုတာ မသိခဲ့ပေ။ သူ့မျက်လုံးများကို ဖွင့်ကြည့်၍ မရပေ။ သူ့ခန္ဓာကိုယ်က သူပိုင်တာမဟုတ်တော့သလို ထိန်းချုပ်မရတော့ပေ။
‘ဘာတွေဖြစ်နေတာလဲ... ငါ ဘယ်အချိန်အတိုင်းအတာထဲမှာ ပစ်ချခံရတာလဲ..”
သူ့ခန္ဓာကိုယ်ရှိ ပြင်းထန်သောနာကျင်မှုက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားမိနိုင်သည်။ ခဏအကြာတွင် သူ့ နာကျင်မှုပျောက်ကွယ်သွားသောအခါ သူ့ မျက်လုံးများကို ဖွင့်ကြည့်ရန် ကြိုးစားသေးသည်။သို့သော် သူ့တွင် ခွန်အားမရှိသကဲ့သို့ မဖွင့်နိုင်သေးပေ။
သူ၏ကနဦးကျင့်ကြံစွမ်းအားနှင့်အခြေတည်ဝိညာဉ်က သူနှင့်အတူ ရှိနေကြောင်း ခံစားမိသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်မှ ထွက်ခွာ၍မရကြောင်း ကန့်သတ်ခံထားရပြီး ဖြန့်ကျက်မရသကဲ့သို့ ဖြစ်သည်။
သို့သော် ထိုအရာက အရေးကြီးဆုံးအရာ မဟုတ်ပေ။ အဓိကအချက်မှာ ပြင်းထန်သောနာကျင်မှု ပျောက်ကွယ်သွားပြီး စုမင်က နွေးထွေးမှုကို ချက်ချင်းခံစားလိုက်ရသည်။ထိုခံစားချက်က သူ့ခန္ဓာကိုယ်မှ မဟုတ်ဘဲ နှလုံးသားမှ လာခြင်းဖြစ်သည်။ ၎င်းက သူ၏စိတ်ဝိညာဉ်မှ လာခြင်းဖြစ်ပြီး ထိုနွေးထွေးမှုမျိုးက သူနှင့် မရင်းနှီးပေ။ အဘယ်ကြောင့်ဆိုသော် ထိုမရင်းနှီးမှုတွင် ဝမ်းနည်းမှုအနည်းငယ်ရှိနေသည်။
တကယ်တော့ သူဘာကြောင့် ဝမ်းနည်းနေမှန်းတောင် မသိပေ။ သို့သော် ဤဝမ်းနည်းမှုက ငိုချင်စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုခံစားချက်က အလွန်အမင်းနာကျင်ရသောကြောင့် သူ့ကို မေ့မြောသွားစေခဲ့သည်။
‘ဘာလို့ ငါ နွေးထွေးမှုကို ခံစားရတာလဲ.. ဒီနွေးထွေးမှုကို ငါ့အတွက် တန်ဖိုးရှိသလို ခံစားရပြီး ငါ့ကို ကာကွယ်ပေးနေသလိုပဲ.. ငါ့ဘဝမှာ ချို့တဲ့နေတဲ့အရာတစ်ခု.. ကာကွယ်ရမဲ့အရာတစ်ခုလို့ ခံစားရစေတယ်… ငါ ဘယ်ရောက်နေတာလဲ..”
‘ဘာလို့ ဒီလောက်ရင်းနှီးနေသလို ခံစားရတာလဲ.. ငါ့ရဲ့မှတ်ဉာဏ်ထဲမှာ ဒီနေရာက ဘယ်အချိန်ကာလနဲ့ သက်ဆိုင်တာလဲ..”
‘ဘာလို့… ငါဝမ်းနည်းပြီး ငိုချင်စိတ်ပေါက်နေတာလဲ.. ဘာလို့ ငါ့ဘဝမှာ အဖိုးတန်ဆုံးလူကို ဆုံးရှုံးလိုက်ရသလို အရမ်းဝမ်းနည်းနေရတာလဲ..”
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။
နွေးထွေးမှုနှင့်အတူကပ်ပါသောဝမ်းနည်းမှုကိုပါ ခံစားနေရသည့်စုမင်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။ စုမင်က ထိုစိတ်အခြေအနေနှင့် တစ်နေ့တာကုန်လွန်သွားခဲ့ပြီး တစ်ခုခုမှားယွင်းနေကြောင်း ခံစားလာရသည်။
အရင်က သူ့ကျင့်ကြံစွမ်းအားကို ခန္ဓာကိုယ်တစ်ခုလုံးသို့လည်ပတ်သည့်အခါ အချိန်ခဏလေးသာလိုသည်။ ယခုအခါ သူ၏လည်ပတ်မှုအမြန်နှုန်းက မယုံနိုင်စရာ အခြေအနေတစ်ခုကို ရောက်ရှိသွားသည်။ အရင်က သူ့ ကနဦးစွမ်းအားကို တစ်ပတ်သာ လည်ပတ်နိုင်ခဲ့ပြီး ယခုမူ ဆယ်ကြိမ်လောက် လည်ပတ်နိုင်ခဲ့သည်။
ဤကဲ့သို့သောအမြန်နှုန်းက သူ့ကို ခဏတာ အံ့အားသင့်စေပြီး သူ့ခေါင်းထဲတွင် အတွေးများစွာ ပြေးလွှားနေစေသည်။
“ငါ့ရဲ့ကျင့်ကြံဆင့်ကတော့ မတက်လာသေးဘူး..မဟာမြေကြီးကျင့်ကြံဆင့်ပဲရှိသေးတယ်..ဒါဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်ကြောင့်မဟုတ်ဘဲ ငါ့ခန္ဓာကိုယ်ကြောင့်ပဲ..”
“ကျောက်တိုင်ထဲကလောကက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကနေ ပေါက်ဖွားလာတယ်လို့ ကျိုးခန်းက ပြောပြဖူးတယ်..ငါရဲ့ ကျင့်ကြံစွမ်းအားက ဒီလိုလည်ပတ်မှုအမြန်နှုန်းကို ရောက်နိုင်တဲ့ အတိတ်ကာလတစ်ခု ရှိခဲ့ဖူးတယ်လို့ ပြောနေတာပဲ..”
‘ဘယ်တုန်းကလဲ… ငါမာန်နတ်ဘုရားသခင်မဖြစ်ခင်ကလား ဒါမှမဟုတ် ဖြစ်ပြီးနောက်လား..ငါ့ရဲ့ခန္ဓာကိုယ်က စုစည်းထားတဲ့ မှားယွင်းတဲ့မှတ်ဉာဏ်ပဲ..အဲဒီတုန်းက ဒီလိုအမြန်နှုန်းမျိုးကို ရောက်အောင် မလုပ်နိုင်ခဲ့ပါဘူး..”
‘ဒီအတွက် ရှင်းပြချက်တစ်ခုပဲ ရှိတယ် - ဒါက… ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကြောင့်ပဲ...”
စုမင်၏နှလုံးသားက တုန်ခါသွားလေသည်။ သူ့၏ခွဲခြမ်းစိတ်ဖြာမှုကနေ ရရှိလာတဲ့အဖြေကသာ ထိုသို့အမြန်နှုန်းရသည့်အကြောင်းအရင်းဖြစ်သည်။
“ငါပရဲ့ခန္ဓာကိုယ်အစစ်အမှန်...အမှောင်ထု.…ငါက အလင်းရောင်ကိုမမြင်နိုင်တဲ့အချိန်နဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကို အေးစက်မှုတွေဝန်းရံထားတဲ့အချိန်၊ ပြီးတော့ ဖေးအာရဲ့အသံက ငါနဲ့အတူရှိနေတဲ့အချိန်လား..”
“အဲဒီ့အချိန်အတိုင်းအတာနယ်ပယ်ထဲရောက်သွားတာ ဖြစ်လောက်တယ်..ငါ့ရဲ့ခန္ဓာကိုယ်အစစ်အမှန်က အင်မော်တယ်ပြည်မှာရှိနေတယ်...အဲဒီခန္ဓာကိုယ်ကြီးကတံဆိပ်ခတ်ခံထားရပြီး တခြားလူတွေ စုပ်ယူနိုင်တဲ့အရာတစ်ခု ဖြစ်လာတယ်..ဒါပေမဲ့ ဘာလို့ နွေးထွေးမှု၊
မရင်းနှီးမှုနဲ့ ဝမ်းနည်းမှုတွေ ရှိနေရတာလဲ..”
ထိုအချိန်တွင် စုမင်က သူ့မျက်လုံးကိုဖွင့်မရသေးပေ။ သူက ပတ်ဝန်းကျင်ကိုမမြင်ရသောကြောင့် သူ့မှန်းဆချက်မှာ မသေချာပေ။
‘ဒီတစ်ခါ ငါ စမ်းသပ်မှုအတွက် ပုံရိပ် ယောင်ငါးဆင့်ကျင့်စဥ်ကနေ မျက်လုံးကို ရွေးချယ်ခဲ့တယ်..အခုချိန်မှာ ငါ့မျက်လုံးကို မဖွင့်နိုင်ဘူး ဒါဆိုရင် စမ်းသပ်ခြင်းရဲ့အောင်မြင်မှုက…ငါ့မျက်လုံးကို ဖွင့်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်တာလား...”
စုမင်းဟာ အတိတ်တုန်းကလို မသိနားမလည်သော ကောင်လေး မဟုတ်တော့ဘးပေ။ အချိန်ကာလအများကြီးနှင့် အရာများစွာကို ကြုံတွေ့ဖြတ်သန်းပြီးနောက် သူ့မှာ အစွမ်းထက်သောစိတ်ဆန္ဒနှင့်ဥဏ်ပညာကို ပိုင်ဆိုင်ခဲ့သည်။ သူက သဲလွန်စအနည်းငယ်ရှိရုံနှင့် အရာများစွာကိုရှာဖွေတွေ့ရှိနိုင်ခဲ့သည်။
‘ဒါ အမှန်တရားဖြစ်ဖြစ် မဖြစ်ဖြစ်အရေးမကြီးဘူး..ငါ့မျက်လုံးတွေကို ဆက်ဖွင့်ဖို့ ကြိုးစားရမယ်..”
စုမင် မျက်လုံးဖွင့်ချင်ပေမဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား မအောင်မြင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တာကြောင့် သူ့မျက်လုံးများကို မှိတ်ထားခဲ့သည်။
သူ ဆက်ကြိုးစားခဲ့ပြီး အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားခဲ့၏။ တစ်လ နှစ်လ… တစ်နှစ်၊ နှစ်နှစ်…
စုမင်က အချိန်မည်မျှကြာသွားမှန်းတောင် မသိတော့ပေ။ သူလက်ရှိနေထိုင်သောအချိန်အတိုင်းအတာက အင်မော်တယ်ပြည်မှာရှိနေခဲ့သောကာလမဟုတ်ကြောင်း တဖြည်းဖြည်း ခံစားမိလာသည်။
မဟုတ်လျှင် သူ့စွမ်းအားကို စုပ်ယူနေသူ၏အငွေ့အသက်ကို မခံစားရမည်နည်း။အမှန်တော့ သူ့ခန္ဓာကိုယ် ရွေ့လျားနေသည်ဟု ခံစားနေရသည်။ ပိုတိကျအောင်ပြောရလျှင် သူ့ခန္ဓာကိုယ်က မျောလွင့်နေလေသည်။
“ငါ ဒါကို မမှတ်မိဘူး..ငါက မျောနေပြီး မျက်လုံးတွေဖွင့်မရတဲ့အချိန်ကို မမှတ်မိဘူး...ဒါဘယ်တုန်းက ဖြစ်ပျက်ခဲ့တာလဲ”
တစ်နေ့မှာတော့ စုမင်က ရုတ်တရက် ပြင်းထန်တဲ့ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
ထိုပေါက်ကွဲသံကြောင့် သူ့နားက အကြားအာရုံပြန်ရကြောင်း သတိထားမိလိုက်သည်။ နှစ်တွေကြာလာတာနဲ့အမျှ ထိုအသံက ပထမဆုံးကြားရသောအရာပင်ဖြစ်သည်။ ပေါက်ကွဲသံများကြားတွင် နားအူမတက်ဝီစီသံတစ်ခု ထွက်ပေါ်လာသည်။ ထိုစဉ် စုမင်က သူ့စိတ်ကူးထဲမှာ ပုံတစ်ပုံ ချက်ချင်းဆွဲကြည့်လိုက်သည်။
ထိုပုံထဲမှာ လေထုကို ဖြတ်သွားသော အလင်းတန်းရှည်တစ်ခုရှိသည်။ ထိုဝီစီသံက ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး ပေါက်ကွဲသံကို ဖန်တီးလိုက်သည်။
အခိုက်အတန့်တိုင်းတွင် ထိုအသံက စုမင်၏နားထဲမှာ ပို၍ကျယ်လောင်လာပြီး အဆုံးမရှိသလို ခံစားရသည်။ သူ့နှလုံးသားက တသိမ့်သိမ့်တုန်ခါသွားပြီး သူ့အတွေးက မှားနေတာကို သဘောပေါက်လိုက်သည်။ ထိုအရာက အလင်းတန်းရှည်မဟုတ်ဘဲ ဧရာမမှော်စီးယာဉ်ကြီးပင် ဖြစ်သည်။
“မှော်စီးယာဉ်ကြီးက အလွန်မြန်ဆန်တဲ့ အရှိန်နဲ့သွားလာနေတဲ့ အသံလား..ဒါက ကျင့်ကြံဂြိုလ်အတွင်း သွားလာနေတာမဖြစ်နိုင်ဘူး..ဒါက နဂါးငွေ့တန်းအတွင်းမှာ ဖြစ်နိုင်တယ်...”
စုမင်က အရင်ပုံကို ချက်ချင်းဖျက်လိုက်ပြီး ဧရာမမှော်စီးယာဉ်နှင့် အစားထိုးလိုက်သည်။ နောက်ခံက နဂါးငွေ့တန်းပင်ဖြစ်သည်။
ဧရာမမှော်စီးယာဉ်က နဂါးငွေ့တန်းကိုဖြတ်သန်းသွားသောဓါးတစ်ချောင်းလို စူးရှသောအသံနှင့် နီးကပ်လာသည်။စုမင်က ထိုအသံမျိုးကို ရင်းနှီးသည်။
‘ဓားတစ်ချောင်း.. ဒါက ဟင်းလင်းပြင်ကိုဖြတ်သွားတဲ့ဓါးရဲ့ဝီစီသံပဲ..ရှေးဟောင်းကြေးဝါဓါးကြီး..စစ်မှန်တဲ့ယင်းလောကရဲ့
ဧရာမ ရှေးဟောင်းကြေးဝါဓားတစ်ချောင်းက ဟင်းလင်းပြင်ကို ဖြတ်သွားတဲ့အသံပဲ..”
ထိုအချိန်မှာ စုမင် အသက်ရှူနိုင်လျှင် ပိုမိုမြန်ဆန်လာမည်ဖြစ်၏။ သူ့ခေါင်းထဲက ပုံရိပ်က ပြီးပြည့်စုံသွားပြီး သူ့စိတ်ထဲမှာအတွေးများစွာ ပေါ်လာသည်။
ကျယ်ပြောလှသောနဂါးငွေ့တန်းထဲမှာ ဧရာမ ရှေးဟောင်းကြေးဝါဓားတစ်ချောင်းက ဖြတ်သန်းသွားလာလေသည်။ နဂါးငွေ့တန်းထဲတွင် အဆုံးမဲ့အမှုန်အမွှားများရှိနေပြီး ထိုထဲတွင် အလောင်းတစ်လောင်း ပေါလောမျောနေသည်။
“အဲဒီမှာ ရုပ်အလောင်းတစ်လောင်း ရှိတယ်..ဒါမှားစရာအကြောင်းမရှိဘူး..ဒါက အင်အားကြီးမားတဲ့ စွမ်းအားလှိုင်းတွေကို ဖြန့်ကျက်နေတဲ့ အလောင်းပဲ..ဒီနေ့ ကျုပ်တို့ကံကောင်းတယ်..အစွမ်းထက်တဲ့ ကျင့်ကြံသူရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်..”
ထိတ်လန့်စရာကောင်းသော အသံတစ်သံက စုမင်၏နားထဲသို့ ရောက်လာသည်။ စုမင်က ထိုအသံပိုင်ရှင်ကို ချက်ချင်းမှတ်မိနိုင်ခဲ့သည်။ ထိုအချိန်တွင် သူ၏နှလုံးသားနှင့်စိတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါက ယင်းကိုးပါးလောကဘိုးဘေးရဲ့ဝိညာဉ်တော်တွေအသံပဲ..ရုပ်အလောင်းတစ်ခု..ရှေးခေတ်ကြေးဝါးဓါး..ဒါက ယင်းကိုးပါးဝိညာဉ်တွေ နဂါးငွေ့တန်းမှာကလေးငယ်တစ်ဦးကို ရှာတွေ့ခဲ့တဲ့အချိန်ပဲ...”
“အဲဒီ့ကလေးက ငါလား..”
စုမင်၏စိတ်ထဲရှိကျယ်လောင်သောအသံများက မိုးကြိုးပစ်သံများနှင့်တူလေသည်။ သူ့နားထဲကို နောက်ထပ်ဝင်လာသောစကားကြောင့် စုမင်၏နှလုံးသား ကွဲကြေလုမတတ်ဖြစ်သွားသည်။
“ဟမ်.. အလောင်းကတစ်လောင်းတည်းမဟုတ်ဘဲ နှစ်လောင်းလား..”
ယင်းကိုးပါးလောကဘိုးဘေးအသံက သူ့နားသို့ရောက်ရှိလာပြီး နတ်ဘုရားအာရုံများစွာက သူ့ဆီကိုချက်ချင်းရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်ပေါ်မှာစုဝေးလာသည်။
“အလောင်းရဲ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်ပွေ့ချီထားတယ်... နှမြောစရာပဲ.. ဒါပေမဲ့ ကလေးကလဲသေသွားပြီ.. ကလေးကြည့်ရတာ မွေးတာမကြာသေးဘူး.. ဒီအမျိုးသမီးက သူ့အမေပဲဖြစ်မယ်..”
“သူမ သေသွားတဲ့အချိန်မှာတောင် ကလေးကိုကာကွယ်ချင်ပုံရတယ်..သူ့ခန္ဓာကိုယ်ကိုသုံးပြီး ကလေးကာကွယ်ဖို့
လုပ်နေတယ်..ကလေးကို မထိခိုက်စေချင်တဲ့စိတ်ပေါ့...”
“ဒီအမျိုးသမီး အသက်ရှင်စဉ်က အလွန်အစွမ်းထက်ခဲ့ပုံရတယ်.. သူမရဲ့မျက်ရည်တွေကို ကြည့်လိုက်... မျက်နှာပေါ်မှာ အေးခဲနေတယ်.. ကလေးရဲ့ခန္ဓာကိုယ်ပေါ် ကျဆင်းသွားတဲ့မျက်ရည်တွေတောင် အေးခဲသွားတယ်.. အစွမ်းထက်တဲ့တည်ရှိမှုတွေရဲ့ မျက်ရည်တွေကသာ လောကမှော်ယာဉ်ပျံစွမ်းအားကို ပိုင်ဆိုင်နိုင်ပြီး ထာဝရမျက်ရည်စက်တွေ ဖြစ်လာတယ်..အဲဒီမျက်ရည်စက်တွေက ရတနာတွေပဲ..သူတို့ကို မှော်ရတနာတွေအဖြစ် သန့်စင်မယ်ဆိုရင် သူတို့ရဲ့ အစွမ်းက အလွန်ကြီးမားလိမ့်မယ်...”
“ကောင်းပြီ..အလောင်းနှစ်လောင်းကို ခွဲပြီး သိမ်းထားလိုက်..ငါတို့ အလောင်းနည်းနည်းထပ်တွေ့ရင် ပြန်ကြမယ်..”
စုမင်၏နှလုံးသားထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ယခုအသံကို မိုးကြိုးပစ်သံဟု တင်စား၍မရတော့ပေ။ ထိုအသံက စုမင်ဘဝမှာ ကြားခဲ့ရသော အကြီးမားဆုံးအသံပင်ဖြစ်သည်။ ကျယ်လောင်သောပေါက်ကွဲသံက သူ့နှလုံးသားတင်မက သူ့ခန္ဓာကိုယ်ပါ တုန်ခါစေခဲ့သည်။
ယခု သူ ခံစားနေရတာတွေကို စကားလုံးဖြင့်ဖော်ပြ၍မရနိုင်ပေ။ သူ့စိတ်က ဗလာနတ္ထိဖြစ်နေလေသည်။ ယင်းကိုးပါးလောကဘိုးဘေး၏အသံက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေပြီး ပို၍ကျယ်လောင်လာသည်။ ထိုအသံကြောင့် စုမင်က ပို၍ တုန်ရီလာပြီး သူ့မျက်လုံးဖွင့်ရန် တွန်းအားပေးနေခဲ့သည်။
သူခံစားရသော နွေးထွေးမှုအကြောင်းကို နားလည်သဘောပေါက်လာသည်။ သူက အမျိုးသမီး၏ရင်ခွင်ထဲမှာ ရှိနေခဲ့သောကြောင့်ဖြစ်၏။
သူခံစားရသော မရင်းနှီးမှုကိုလဲ လက်ခံမိသွားသည်။ သူက ထိုအမျိုးသမီးကို တစ်ခါမှ မတွေ့ဖူး ၊ မမြင်ဖူးပေ။
သူ့ဝမ်းနည်းမှု၏အရင်းအမြစ်ကို သိသွားလေသည်။ သူ့ဝိညာဉ်ကနေ လာသောဝမ်းနည်းမှုက အမျိုးသမီး၏မျက်ရည်များက အေးခံသွား၍ဖြစ်သည်။
“မေမေ...”
စုမင်ဧ။်နှလုံးသားက စုတ်ပြတ်သတ်သွားသလို ခံစားရသည်။ သူ၏ဝမ်းနည်းပူဆွေးမှုက အလွန်အမင်းနာကျင်မှုကို ယူဆောင်လာပေးသည်။ နာကျင်မှုက သွေးကရေထက်ပျစ်တယ်ဆိုတော့ ဆက်နွယ်မှုကြောင့် ဖြစ်လိမ့်မည်။သူ
ထိုအမျိုးသမီးကို ချက်ချင်း မသိလျှင် သားတစ်ယောက်၏ ကျရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။
သူ့ဘဝနောက်ဆုံးအချိန်မှာတောင် သူ့ကို ကာကွယ်ပေးခဲ့သောအမေကို ခဏတာ မြင်ချင်ခဲ့သည်။ သူ့အတွက် မျက်ရည်များကျနေသော သူ့အမေကို မြင်ဖူးချင်ခဲ့သည်။
သူ့မျက်လုံးများကို ဖွင့်ပြီး သူမဧ။်မျက်နှာ သူ့ဘဝတစ်လျှောက်လုံး မှတ်မိသွားအောင်သိမ်းထားချင်သည်။ သူ့မှတ်ဉာဏ်တွေထဲမှာ သူမကို ကာကွယ်ချင်ခဲ့သည်။
သူ့ခန္ဓာကိုယ်က တုန်ခါသွားလေသည်။
သူ့စိတ်က မြင်းတစ်ကောင်ကဲ့သို့ ဒုန်းစိုင်းကာ စိတ်လှုပ်ရှားနေခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသောစွမ်းအားတစ်ခု စုစည်းလာပြီး စုမင်၏မျက်လုံးများကိုအတင်းဖွင့်ရန် တွန်းအားပေးခဲ့သည်။ ထိုအချိန်မှာ သူ့မျက်လုံးများက ပွင့်သွားလေသည်။
ထို့ပြင် ရှေးဟောင်းကြေးဝါဓါးပေါ်ရှိယင်းကိုးပါးလောကဘိုးဘေးနှင့်သူ့နောက်က လူအနည်းငယ်ကို စုမင် မြင်လိုက်ရသည်။
သူ့ကို ဆုပ်ကိုင်ထားသည့် နွေးထွေးသော
လက်တစ်စုံကိုလဲ မြင်လိုက်ရသည်။
နောက်ဆုံးတော့ စုမင် ခေါင်းလှည့်ကြည့်လိုက်စဉ် လှပသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏မျက်လုံးများက အိပ်ပျော်နေသလိုမှိတ်ထားခဲ့သည်။သို့သော် သူမ၏မျက်နှာပေါ်တွင် ခွဲခွါရန်တွန့်ဆုတ်နေမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို တွေ့လိုက်ရသည်။ သူမ၏ပါးပြင်မှာ အေးခဲနေသောမျက်ရည်စက်များ စီးကျနေသည်။ ထိုပုံပန်းသဏ္ဍာန်အားလုံးက စုမင်၏စိတ်ထဲမှာ စွဲထင်နေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာသည်။
“ဗုန်းးးး..”
စုမင်၏ မျက်လုံးရှေ့က အရာအားလုံး ပျောက်ကွယ်သွားလေသည်။ သူ့လက်ကို မြှောက်ပြီး အရာအားလုံးဆုပ်ကိုင်ချင်သော်လည်း သူဖမ်းမိနိုင်ခဲ့သောတစ်ခုတည်းသောအရာက ဗလာနတ္ထိပင်ဖြစ်၏။ သူ့ပတ်ဝန်းကျင်မှာ အဆုံးမရှိ ကျောက်တိုင်များသာ ကျန်ရှိတော့သည်။ သူပိုင်ဆိုင်သော ကျောက်တိုင်မှ ကျယ်လောင်သော
အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူ့ကျောက်တိုင်က ပေနှစ်သောင်းကနေ ပေတစ်သိန်းအထိ မြင့်တက်သွားသည်။
Note-
ယင်းကိုးပါးဝိညာဥ်လောကရဲ့ဘိုးဘေး
ယင်းကိုးပါးလောကရဲ့ဘုရားကျောင်းထဲမှာရှိတဲ့အရိုးစု...စုမင်ကို လေ့ရှန်ရှို့ရဲ့စွမ်းအားတွေအကြောင်းမေးခဲ့တယ်..ပြီးတော့ သူက စုမင်နဲ့ကံကြမ္မာမျိုးနွယ်စုကို လွတ်မြောက်အောင် ကူညီပေးခဲ့တယ်