← Chapters

ရင်ဝယ်ပိုက်ထားမှု

Vol. 59 Ch. 819

ရင်ဝယ်ပိုက်ထားမှု

Vol. 59 Ch. 819

ပေတစ်သိန်းရှိကျောက်တိုင်ကြီးက စုမင်ရှေ့တွင် မြင့်မားစွာတည်ရှိနေသော်လည်း သူ့ရင်ထဲတွင် ဝမ်းနည်းမှုသာရှိနေသည်။ သူက ထို‌ကျောက်တိုင်ရှေ့တွင် မျက်လုံးမှိတ်ထားရင်း မျက်ရည်များစီးကျလာသည်။

တစ်စုံတစ်ယောက်က သူ့မျက်လုံးများ သေချာကြည့်လိုက်ပါက သူ့ညာဘက်မျက်လုံးတွင် တောက်ပမှုနှင့် မှောင်မိုက်မှုတို့ တစ်လှည့်စီပြောင်းနေသည်ကို မြင်တွေ့နိုင်မည်။ ထိုအလင်းရောင်က လျင်မြန်စွာဖြစ်ပေါ်လာသော မှော်သင်္ကေတနှင့် သက်ဆိုင်လေသည်။

တစ်စုံတစ်ယောက်က သူ့မျက်လုံးမှ ထိုမှော်သင်္ကေတကို ထုတ်ယူလိုက်ပါက ရှေးဟောင်းတည်ရှိမှုကို ခံစားရလိမ့်မည်။ ၎င်းက အချိန်ကာလ၏ အဆုံးမဲ့ ရွေ့လျားမှုတွင်သာ တည်ရှိနေပုံရပြီး လက်ရှိခေတ်ကာလတွင် မရှိသလောက်ရှားပါးသည်။

စုမင်က ကျောက်တိုင်နှင့် မပေါင်းစပ်ရသေးခင်တွင် ထိုမှော်သင်္ကေတ မရှိခဲ့ပေ။ ကျောက်တိုင်က ပေတစ်သိန်းအထိ မြင့်တက်လာသောအခါ ထိုမှော်သင်္ကေတက

သူ့အလိုလိုပေါ်လာလေသည်။

အချိန်ကြာလာပြီးနောက် မှော်သင်္ကေတက စုမင်း၏ညာဘက်မျက်လုံးတွင် ပိုမိုထင်းလာပြီး သူ့မျက်လုံးအိမ်ကို လုံးဝအစားထိုးသွားခဲ့သည်။ ထိုအချိန်မှာ တစ်စုံတစ်ယောက်က သူ့ညာမျက်လုံးကိုမြင်ရင် အံ့အားသင့်သွားလိမ့်မည်။စကြဝဠာဧ။်ဥပဒေသပြောင်းလဲမှုများနှင့် စကားလုံးဖြင့်ဖော်ပြ၍မရသောအမှန်တရားတို့က မှော်သင်္ကေတထဲမှာ ပါဝင်နေသည်။

သို့ပေမဲ့ စုမင်က ထိုအရာများကို ဂရုမစိုက်ခဲ့ပေ။ သူ့မျက်ရည်များက ပါးပြင်ပေါ်စီးကျလာသော်လည်း သူ့ဝတ်ရုံပေါ် စီးကျမလာခဲ့ပေ။ ယင်းအစား မြေကြီးပေါ် စီးကျသွားခဲ့သည်။

မြေပြင်ပေါ် ကျဆင်းလာသော မျက်ရည်

များ၏အသံကို တစ်ယောက်ယောက်က နှလုံးသားနှင့်နားထောင်မှသာ ကြားနိုင်လိမ့်မည်။ ထိုအသံက နူးညံ့ပြီး စုမင်းဧ။်နှလုံးသားထဲမှာ နွေးထွေးမှု၊ မရင်းနှီးမှုနှင့် ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်မှာတောင် သူ့ရင်ဘတ်ထဲရှိခံစားချက်က ပျောက်ကွယ်သွားခြင်းမရှိပေ။

အရင်က ကလေးငယ်လေးမှာ နဂါးငွေ့တန်းထဲတွင် တစ်ယောက်တည်း မျောနေခဲ့သောကြောင့် ယင်းကိုးပါးဝိညာဉ်များကခေါ်သွားခဲ့သည်ဟု စုမင်တွေးခဲ့ဖူးသည်။ ယခုတော့ အမှန်တရားက လုံးဝကွဲပြားသွားလေသည်။ အတိတ်ကသူက တစ်ယောက်တည်းမဟုတ်ဘဲ သူ့အမေနှင့်အတူ မျောလွင့်နေခဲ့ခြင်းဖြစ်သည်။ မိခင်နှင့်သား နှစ်ယောက်စလုံး သေဆုံးသွားသော်လည်း သူမဧ။်နွေးထွေးမှုနဲ့ မျက်ရည်များက စုမင်ဧ။်စိတ်ထဲမှာ ထာဝရစွဲထင်နေခဲ့သည်။

ရောယှက်နေသောနာကျင်မှု၏စူးရှသောထိုးနှက်ချက်များက သူ့နှလုံးသားကို ရိုက်ခတ်စေခဲ့သည်။ထိုအမှတ်တရများက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာတိုင်း

သူ့မျက်နှာက ဖြူဖျော့သွားပြီး ဝမ်းနည်းပူဆွေးမှုနှင့် ပြည့်နှက်နေခဲ့သည်။

“ဒါဆို အဲဒီအချိန်တုန်းက သူမက... ငါ့နဲ့ ဒီလောက်နီးနီးလေးရှိနေခဲ့တာ... မေမေ...”

စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူ့မျက်လုံးများက သွေးနီရောင်များနှင့်ရောသွားပြီး သူ့ပါးစပ်ထောင့်ကနေ သွေးစက်များ စီးကျလာသည်။ လူတစ်ယောက်၏ စိတ်ခံစားချက်များ ပြင်းထန်နေချိန် ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှုလှိုင်းလုံးကြီးက သူတို့၏နှလုံးသားနှင့် ဝိညာဉ်ကို ထိခိုက်နာကျင်စေလိမ့်မည်။ ထိုအခါ ထိုသူတို့က သွေးအန်သောနာကျင်မှုကို ခံစားရလိမ့်မည်။

ထိုသွေးစက်များက စုမင်၏မှတ်ဉာဏ်ထဲမှာ ထာဝရတည်ရှိနေမည့်မျက်နှာ၏ သင်္ကေတပင်ဖြစ်သည်။

သူ့မျက်လုံးများက ဖျတ်ခနဲလင်းလက်သွားသည်။ သူ့လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ ထိုအချိန်က သူ့အမေကို ပထမဆုံးအကြိမ်မြင်ဖူးတာ ဖြစ်နိုင်ပြီး သူတို့ကြားက မိသားစုမေတ္တာဆိုတာ သူ မရင်းနှီးသောအရာတစ်ခုဖြစ်သည်။

သို့ပေမဲ့ သူမ၏မျက်ရည်များ ၊ သူမ

မသေခင် ကလေးကိုကာကွယ်ခဲ့သော အပြုအမူနှင့်တခြားအရာအားလုံးက စုမင်တစ်ခါမှ မခံစားဖူးသောနွေးထွေးမှုကို ယူဆောင်လာပေးခဲ့သည်။

ဒုတိယအစ်ကိုကြီး ပြောပြခဲ့သောဇာတ်လမ်းကို သူ သတိရမိသည်။ ထိုဇာတ်လမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့ပြီး စုံတွဲတစ်တွဲအကြောင်းဖြစ်၏။

“ဒီလောကကြီးက အသူရာဖန်ဆင်းရှင်တွေအတွက် ဖြစ်သင့်တယ်..”

သတ်ဖြတ်လိုစိတ်က စုမင်၏ မျက်လုံးများတွင် တောက်ပနေသည်။

မူလကမနက်ခင်းတာအိုလောကအပေါ် သူ၏မုန်းတီးမှုက ဖြေရှင်း၍မရသော ပုစ္ဆာတစ်ခုဖြစ်သည်။ ယခုမူ ထိုမုန်းတီးမှုတွင် နောက်ထပ်အမုန်းတရားထပ်ပေါင်းသွားသည်။ စုမင်က လက်စားမချေရမချင်း အနားယူမည်မဟုတ်ပေ။

“စစ်မှန်တဲ့မနက်ခင်းတာအိုလောက..”

စုမင်က အသက်ပြင်းပြင်းရှုရှိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့နှလုံးသားထဲက ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ဝမ်းနည်းမှုကို ဖုံးကွယ်ထားခဲ့သည်။သူ့ဝမ်းနည်းမှုကို မည်သူမှ မမြင်နိုင်ပေ။ သူ အထီးကျန်ပြီး သူ့မိသားစုကို လွမ်းဆွတ်နေချိန်တွင်သာ အတိတ်က ဝမ်းနည်းမှုကို ပြန်ခံစားရမည်ဖြစ်သည်။

မိဘ၏မေတ္တာသည် လောကကြီးပေါ်ရှိ အခြားမည်သည့်အရာထက်မဆို ကြီးမားသည်။ ထိုမေတ္တာမျိုးက လူတစ်ဦး၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသောအခါ ထိုလူ့ဘဝတစ်သက်လုံးအမှတ်ရနေစေလိမ်မည်။

စုမင်က ကျောက်တိုင်ရှေ့တွင် တိတ်ဆိတ်စွာ ထိုင်ကာ စိုက်ကြည့်နေသည်။သူ့အမြင်တွင် ထိုကျောက်တိုင်က ရေခဲလိုအေးစက်သောတည်ရှိမှုမဟုတ်တော့ပေ၊ ထိုမျှမက နတ်ဘုရားအမွေအနှစ်ကို ဆက်ခံရန် အတင်းအကျပ်ခိုင်းစေသောအရာနှင့် ရုတ်တရက်သတ်ဖြတ်နိုင်သောအရာမဟုတ်ပေ။ သူ့အတွက်တော့ သူဧ။်ပျောက်ဆုံးသွားသောမှတ်ဉာဏ်များကို ပြန်လည်ရယူရန် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။

စုမင်၏ပျောက်ဆုံးသွားသောမှတ်ဉာဏ်များကို ပြန်လည်ရယူတာနှင့် နှိုင်းယှဉ်လျှင် ထိုကျောက်တိုင်ကို ပေတစ်သန်းအထိ ရောက်အောင်လုပ်ဆောင်ဖို့က အရေးမကြီးတော့ပေ။ စုမင်က အချိန်တွေ ဖြည်းဖြည်းချင်းကုန်ဆုံးသွားတာကို ငေးမောကြည့်နေလေသည်။

မကြာခင်မှာပင် သူသတိလစ်သွားလေသည်။ ထို့ပြင် သူ့ပတ်ဝန်းကျင်မှာ ကျယ်လောင်သောအသံတစ်ခု ပဲ့တင်ထပ်သွားပြီး အဝေးက လေထုထဲမှာ အက်ကွဲကြောင်းကြီးသုံးခု ပေါ်လာသည်။ ထိုထဲမှ လူသုံးယောက် ပြေးထွက်လာသည်။

ထိုလူသုံးယောက်၏မျက်နှာမှာ စိတ်ရှုပ်ထွေးမှုနှင့်ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပဲ ကျောက်တိုင်တစ်သိန်းထဲက သုံးခုက စူးရှသောအလင်းရောင်နှင့်အတူ တောက်ပလာသည်။ ထိုစဉ် ရှုံးနိမ့်မှုကို မဝန်ခံလိုသောအော်ဟစ်သံများ ထွက်ပေါ်လာပြီး မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသည်။

လူသစ်သုံးယောက် ရောက်လာပြီး သူတို့ရှေ့ကလူတွေ၏နေရာကိုရယူလိုက်သည်။

လူသုံးယောက် ပေါ်လာစဉ် စုမင်းရှေ့က ကျောက်တိုင်ကနေ ဝဲဂယက်တစ်ခု ထွက်ပေါ်လာတယ်။ ဝဲဂယက်ထဲက မျက်လုံးတစ်လုံး ထွက်လာပြီး စုမင်နှင့်အကြည့်ချင်း ဆုံသွားလေသည်။

စုမင်၏ခန္ဓာကိုယ်က တဖြည်းဖြည်း မှေးမှိန်ပြီး ကျောက်တိုင်နှင့် ရောနှောပျောက်ကွယ်သွားခဲ့သည်။

ယခုတစ်ခါတော့ စုမင်ရှေ့မှာ အမှောင်ထုမရှိတော့ပေ။သူက မှိန်ဖျော့ဖျော့ကောင်းကင်..ပင်လယ်ပေါ်က အပြာရောင်လှိုင်းများကို မြင်လိုက်ရသည်။ ထို့ပြင် သူက မာန်ပြည်ထောင်၏လတ်ဆတ်သောလေညှင်းကိုရှုရှိုက်ရင်း ရင်းနှီးနေသောစွမ်းအားလှိုင်းများကို ခံစားလိုက်ရသည်။

သူ ခေါင်းငုံ့ကြည့်လိုက်သော် စွဲမက်ဖွယ်မျက်နှာနှင့်ချောမောလှပသော အမျိုးသမီးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ဒေါသထွက်ပြီး သူ့အောက်က အဝါရောင်ခွေးကြီးတစ်ကောင်ကို အဆက်မပြတ်ဆူပူနေလေသည်။

ထိုအဝါရောင်ခွေးကြီး၏မျက်နှာမှာ ဒုက္ခခံစားနေရပုံပေါက်နေသည်။ အမျိုးသမီးက သူ့အမွှေးများကို ဆုပ်ကိုင်ထားလိုက်စဉ် သူ့ခေါင်းက အောက်ကိုငုံ့သွားလေသည်။ တစ်ခါတစ်ရံမှာ သူ့ထံမှ ညည်းညူသံများ ထွက်လာတတ်သည်။

စုမင်က အမျိုးသမီးကို ကြည့်နေရင်း သူ့မျက်နှာမှာ နူးညံ့သောအကြည့်တစ်ခု တဖြည်းဖြည်းပေါ်လာသည်။

“ယွီရွှမ်...”

စုမင်က တိုးတိုးလေး ခေါ်လိုက်သည်။

အမျိုးသမီးက ခေါင်းကိုလှည့်ပြီး သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဟမ်..စုစုလေး..နင် ဘယ်လိုခေါ်လိုက်တာလဲ..နင်သဘောနဲ့နင် ငါ့ကိုခေါ်လိုက်တာလား..နင်..”

အမျိုးသမီးက ခဏတာ အံ့အားသင့်သွားပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုများ ပေါ်လာသည်။ သူက အဝါရောင်ခွေးကြီးကို ဂရုမစိုက်တော့ဘဲ စုမင်၏ဘေးကိုသွားကာ နဖူးကို စမ်းကြည့်လိုက်သည်။

ယွီရွှမ်က စုမင်၏မျက်နှာအမူအရာကိုမြင်ပြီး သူမ၏လုပ်ရပ်ကို မရှောင်ရှားတာကို သတိထားမိသည်။ သူမဧ။်မျက်နှာအမူအရာက ချက်ချင်းထူးဆန်းသွားပြီး

မယုံကြည်နိုင်သောအမူအရာနှင့် အနည်းငယ်နောက်ဆုတ်လိုက်သည်။

ခဏလေးအတွင်းမှာပဲ စုမင်က သူမအပေါ် အမြဲတမ်းစိတ်မရှည်ခဲ့တာကို သတိရမိသွားသည်။ ထို့ကြောင့် ယခုစုမင်၏ပြောင်းလဲမှုက သူမကို သတိကြီးကြီးထားစေခဲ့သည်။

အထူးသဖြင့် စုမင်၏နူးညံ့သောအပြုအမူကြောင့်ဖြစ်သည်။ သူမက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး မြန်မြန်ပြောလိုက်သည်။

“အာ... နင်သိတယ်မလား.. နင်ရဲ့ဒုတိယအစ်ကိုပြောခဲ့တဲ့ အိမ်ထောင်ရေးကို အလေးအနက်မထားသင့်ဘူး.. နင်... နင့်ရဲ့မျက်နှာအမူအရာက အရမ်းထူးဆန်းနေတယ်...အားးး..”

ယွီရွှမ် စကားမဆုံးခင်မှာ သူမက ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ သူမ၏ခန္ဓာကိုယ်က ကျောက်ရုပ်လိုတောင့်တောင့်ကြီးဖြစ်သွားပြီး စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားသည်။ သူမက စုမင်ကို ကြောင်အမ်းအမ်းကြည့်နေလေသည်။

အကြောင်းကတော့ စုမင်က ရှေ့ကို ခြေတစ်လှမ်းတိုးပြီး သူမဘေးမှာ ပေါ်လာပြီး ဖက်လိုက်သောကြောင့် ဖြစ်၏။ သူမ၏ရင်ဘတ်က ဒုန်းစိုင်းနေပြီး ကြက်သေသေမိသွားသည်။

သူမတစ်ယောက်တည်း ထိုသို‌ခံစားရတာ မဟုတ်ပေ။ သူမဘေးနားရှိအဝါရောင်ခွေးကြီးတောင် အံ့သြမှင်သက်နေပြီး အချိန်အတော်ကြာသည့်အထိ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်တော့ပေ။ မဝေးလှသောနေရာကနေချောင်းကြည့်နေသောကြိုးကြာငှက်က မျက်လုံးများပြူးပြဲကြည့်ပြီး မယုံနိုင်ဖြစ်နေလေသည်။

“ယွီရွှမ်.. ကျေးဇူးတင်ပါတယ်..”

“နင်က ဘယ်သူလဲ”

သူမက အလိုလို အော်ပြောလိုက်သည်။ သူမရှေ့ကလူက သူမစနောက်ချင်သူ မဟုတ်တော့ကြောင်း ခံစားလိုက်ရသည်။

စုမင်က ခေါင်းခါလိုက်ပြီး တရားထိုင်နေသော သူ့ဒုတိယအစ်ကိုဆီကို အကြည့်ရောက်သွားသည်။ မြေပြင်ပေါ်မှာ ဟောက်နေသောဟူကျီနှင့်ရုပ်တုဖြစ်သွားသောအစ်ကိုကြီးကို မြင်လိုက်ရသည်။

ဤနေရာက နဝမမြောက်တောင်ထွဋ်ပင်ဖြစ်သည်။ သူ့ပတ်ဝန်းကျင်က ရှုခင်းများကို ကြည့်ရင်း သူအရင်က သွားချင်ခဲ့သောနေရာများကို ပြန်ရောက်သွားကြောင်း သတိထားမိသည်။ ထိုမှတ်ဉာဏ်များက တာအိုယွမ်ကို မတွေ့သေးခင်ကအချိန်များပင် ဖြစ်၏။

“ဖြစ်ပြီးခဲ့တာတွေကိုတော့ ပြောင်းလဲလို့မရပေမဲ့ အခုဖြစ်နေတာတွေကို ငါ ပြောင်းလဲနိုင်တယ်..ဒါက အချည်းနှီးဖြစ်ရင်တောင် ငါပြောင်းလဲမှာ..”

စုမင်က တီးတိုးရေရွတ်လိုက်သည်။ ကျောက်တိုင်၏စမ်းသပ်မှုကို သေချာမသိသေးပေ။ သို့သော် သူ့မှတ်ဉာဏ်ထဲက အတိတ်ကို ပြန်သွားနိုင်လျှင် အရာအားလုံးကို ပြောင်းလဲပစ်ချင်မိသည်။

စုမင်၏အကြည့်က အဝေးကို ရွေ့လျားသွားသည်။ အဖြူရောင်ဝတ်ရုံအမျိုးသမီးတစ်ယောက်က သူ့ကို တိတ်တိတ်လေးကြည့်နေလေသည်။ သူမက ပိုင်စုဖြစ်ပြီး သူမမျက်နှာမှာ ချစ်စရာကောင်းသောအပြုံးလေး ပေါ်လာသည်။

အတိတ်က စုမင်မှာ ထိုအပြုံး၏အဓိပ္ပာယ်ကို နားလည်ခဲ့သော်လည်း ရှောင်ရှားရန် ရွေးချယ်ခဲ့သည်။ ယခုမူ သေဆုံးသွားသောသူမ၏အဝတ်စကို မဖမ်းနိုင်ခဲ့သော အမှတ်တရက စိတ်ထဲမှာ ပြန်ပေါ်လာသည်။ ထိုအရာက သူ့စိတ်ထဲမှာ သံမှိုစွဲသလို မှတ်မှတ်သားသားရှိခဲ့သည်။ သူက သူမကို လှမ်းမဖမ်းဆုပ်နိုင်သောကြောင့် သူမ၏အဝတ်စလေးကို လွင့်မျောခွင့်ပေးလိုက်ရသည်။

‘မင်းတို့အားလုံးကို ပြန်တွေ့ရတာ အရမ်းဝမ်းသာပါတယ်...’

စုမင်က သူ့အမေနှင့် ပတ်သက်သော ဝမ်းနည်းမှုကို ဖုံးကွယ်ပြီး သူ့နှလုံးသားထဲရှိ ပျော်ရွှင်မှုကို ခံစားလိုက်သည်။ ထိုခံစားချက်က အတုအယောင်လည်း မဟုတ်ပေ။ သူ့မိတ်ဆွေဟောင်းများနှင့်မိသားစုကို ပြန်တွေ့ရသောကြောင့် သူ့နှလုံးသားထဲက တိုက်ရိုက်လာသော ပျော်ရွှင်မှုပင်ဖြစ်သည်။

“ဒီလောကမှာ တန်ဖိုးထားနည်းနှစ်မျိုးရှိတယ်..တစ်မျိုးကတော့ လူဖြစ်ဖြစ် အရာဝတ္တုဖြစ်ဖြစ် ရှိနေစဉ်မှာ တန်ဖိုးမထားဘဲ ဆုံးရှုံးသွားမှ နောင်တရတတ်တဲ့သူမျိုးတွေ...နောက်တစ်မျိုးကတော့ တစ်ခုခုကို အမြဲတန်ဖိုးထားပြီး ဆုံးရှုံးသွားပြီးနောက်မှာတောင် အဲဒီအရာကို ဂရုစိုက်နေသေးတဲ့လူမျိုးတွေ...”

စုမင်က ဒုတိယလူအမျိုးအစားထဲတွင် ပါဝင်သည်။

သူက နဝမမြောက်တောင်ထိပ်.. သူ့အိမ်နှင့် အဝေးက လူများကို ကြည့်လိုက်သည်။ အတိတ်က ထိုလူများက နဝမမြောက်တောင်ထိပ်မှာနေရန် ရွေးချယ်ခဲ့သည်။ သို့သော် စုမင် အန္တရာယ်ကြုံရစဉ် သူ့တို့ကိုယ်တိုင်ဖျက်ဆီးရန် ရွေးချယ်ခဲ့ကြသည်။ သူက ထိုလူအားလုံးကို ကြည့်ရင်း အရမ်းပျော်ရွှင်နေခဲ့သည်။

စုမင်ဧ။်အပြုံးက ယွီရွှမ်ကို သံသယဝင်စေခဲ့သည်၊ ပိုင်စုကို အံ့အားသင့်စေခဲ့ပြီး အဝါရောင်ခွေးကိုတောင် အံ့အားသင့်စေခဲ့သညိ။ သူတို့ လုံးဝနားမလည်ကြပေ။

“ဗုန်းးးးးး...”

စုမင် ပြုံးနေစဉ် အ‌ဝေးမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နဝ‌မမြောက်တောင်ထွဋ်၏မှော်အစီအရင် ကွဲအက်သွားတာကို စုမင် မြင်လိုက်ရသည်။ စုမင်က အတိတ်က မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ သူ့အပြုံးများက ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်လိုစိတ်တစ်ခု ပေါ်လာသည်။

“တာအိုယွမ်.. ငါ မင်းကို စောင့်မျှော်နေခဲ့တာကြာပြီ…ငါ့ဘဝသံသရာတစ်ခုလုံးနီးပါးပဲ..”

ထိုသို့မုန်းတီးမှုမျိုးအတွက် ရှင်းပြချက် အများကြီး မလိုအပ်ပေ။ တချို့လူများက စုမင်ကို နားလည်နိုင်လိမ့်မည်ဟုထင်သော်လည်း တကယ်တမ်းကျနားမလည်နိုင်ကြပေ။

All Chapters