← Chapters

အရမ်းရိုးရှင်းလွန်းတယ်

Vol. 59 Ch. 820

အရမ်းရိုးရှင်းလွန်းတယ်

Vol. 59 Ch. 820

စုမင်က သူ့ခြေထောက်ကို မြှောက်လိုက်သည်။မှော်အစီအရင်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံကြောင့် သူ့ပတ်လည်ရှိ လူအုပ်ကြီး အံ့အားသင့်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း လှစ်ခနဲပျောက်ကွယ်သွားသည်။

သူ၏ ပျောက်ကွယ်သွားမှုက လူများကို အံ့အားသင့်စေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏နှလုံးသားထဲတွင် စုမင်က အင်အားအကြီးဆုံးဖြစ်သောကြောင့်ဖြစ်၏။ သို့သော် ဘေးနားရှိအသူရာနဂါး၏မျက်လုံးများက မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းက စုမင်ပျောက်ကွယ်သွားသည့်နေရာကို ငေးကြောင်ကြောင်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အသူရာနဂါးက လောကမှော်ယာဉ်ပျံနယ်ပယ်ရှိအစွမ်းထက်တည်ရှိမှုကို သာမက အန္တရာယ်အငွေ့အသက်ကိုပါ ခံစားမိခဲ့သည်။ ထို့အပြင် စုမင်၏စွမ်းအားက ၎င်း၏တည်ရှိမှုကို ခြိမ်းခြောက်နိုင်သောခံစားချက်ဖြစ်စေပြီး မယုံကြည်နိုင်ဖြစ်စေခဲ့သည်။

“ဗူန်းးးးးး...”

အဝေးရှိ တာအိုယွမ်နှင့်တာအိုကျေးကျွန်ငါးယောက်က ကျွန်းပတ်လည်ရှိ အတားအဆီးကို ဖြတ်၍ လျှောက်လာကြသည်။ တာအိုယွမ်က မာနထောင်လွှားသော အမူအရာဖြင့် ပေါ်လာသည်။ သူ စကားမပြော‌ရသေးခင် သူ့ပတ်လည်ရှိတာအိုကျေးကျွန်ငါးယောက်၏အမူအရာများက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

တစ်ဖက်ရှိ စုမင်၏မျက်နှာက ခံစားချက်မဲ့နေသောအမူအရာရှိပြီး သူ့မျက်လုံးထဲတွင် ပြင်းထန်သောသတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သည်။ သူက တာအိုယွမ်ဆီသို့

တွန့်ဆုတ်ခြင်းမရှိဘဲ ပြေးဝင်သွားသည်။

“အစွမ်းထက်တဲ့ကျင့်ကြံသူ..လောကမှော်ယာဉ်ပျံနယ်ပယ်တည်ရှိမှု..ချီးပဲကွာ..ဘာလို့ ဒီမှာအစွမ်းထက်ကျင့်ကြံသူရှိနေရတာလဲ..”.

“သခင်လေးကို ကာကွယ်ကြ..ဒီလူရဲ့သွေးဆာလောင်မှုက အရမ်းထူထဲပြီး သူ့ရဲ့စွမ်းအားက ကြီးမားတယ်..ဒါက နယ်ပယ်တူအချင်းချင်းတောင် သတ်ဖြတ်နိုင်တဲ့အရှိန်အဝါပဲ...”

တာအိုကျေးကျွန်ငါးယောက်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျေးကျွန်တစ်ယောက်က တာအိုယွမ်ကိုဆွဲကာ နောက်ပြန်ဆုတ်သွားသည်။ ကျန်လေးယောက်က အလင်းတန်းရှည်အဖြစ်သို့ပြောင်းလဲပြီး စုမင်ဆီသို့ ပြေးသွားကြသည်။ သူတို့ စုမင်နား နီးကပ်လာစဉ် သူတို့၏ကနဦးကျင့်ကြံစွမ်းအားများ ပေါက်ကွဲသွားသည်။သို့သော် အချည်းနှီးဖြစ်ခဲ့ရသည်။ သူတို့၏စွမ်းအားများက မာန်ပြည်ထောင်၏ကန့်သတ်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ အတိတ်က သူတို့၏တိုက်ခိုက်ရေးစွမ်းရည်က စုမင်ကို စိတ်ပျက်အားငယ်မှု၏အနက်ရှိုင်းဆုံးနေရာအထိ တွန်းပို့နိုင်ခဲ့သည်။ ယခုမူ..

သူ ရှေ့ကို ပြေးဝင်ပြီး တာအိုကျေးကျွန် လေးယောက်နှင့် ချက်ချင်းတိုက်ခိုက်လေသည်။ စုမင်၏ညာလက်သီးက တာအိုကျေးကျွန် ၁၉ ၏ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည့်အခါ လောကကြီးကိုတုန်လှုပ်စေသော ပေါက်ကွဲသံကြီးက လေထုထဲမှာ ပဲ့တင်ထပ်သွားလေသည်။

တာအိုကျေးကျွန် ၁၉ ၏မျက်လုံးများက အပြူးသားဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်က တစ်လက်မချင်းစီ ကွဲအက်လာပြီး အသားစများအဖြစ် ပြောင်းလဲသွားသည်။ သူက လက်ရှိစုမင်နှင့်ရင်‌ဆိုင်ရသောအခါ ချက်ချင်းသေဆုံးသွားသည်။

လောကမှော်ယာဉ်ပျံနယ်ပယ်၏အဖျက်စွမ်းအားက ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီး သူ၏နတ်ဘုရားအာရုံနှင့်ဝိညာဉ်ကိုပါ ဆုတ်ဖြဲပစ်လိုက်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်စီးသွားလေသည်။

တစ်ချိန်တည်းမှာပဲ ကျန်တာအိုကျေးကျွန်သုံးယောက်၏နတ်ဘုရားစွမ်းရည်အားလုံးက စုမင်ပေါ်ကျရောက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ပေ။ အမှန်တော့၊ သူတို့၏ နတ်ဘုရားစွမ်းရည်များက စုမင်ကို ခဏလေးတောင် နှေးကွေးသွားအောင် မလုပ်နိုင်ခဲ့ပေ။ သူတို့က တာအိုကျေးကျွန် ၁၉ သေဆုံးသွားတာကို ဒီအတိုင်းရပ်ကြည့်နိုင်ခဲ့သည်။

“မင်းတို့က လောကမှော်ယာဉ်ပျံစွမ်းအားကိုတောင် အသက်မသွင်းနိုင်ဘူးလား..မင်းတို့လုပ်နိုင်ရင်တောင် လောကမှော်ယာဉ်ပျံကနဉီးအဆင့်မှာပဲ ရှိလိမ့်မယ်

အရင်တုန်းကလဲ မင်းတို့ကိုသတ်ဖို့ မခဲယဉ်းခဲ့ဘူး..အခုကတော့ ငါအသက်ရှုသလောက်ကို လွယ်ကူတယ်..”

ထိုစဉ် စုမင်၏မျက်လုံးထဲမှာ ကြောက်စရာကောင်းသောအမုန်းတရားတစ်ခု ပေါ်လာသည်။ သူ့အသံက တိုက်ခတ်သွား

သော အေးစက်စက်လေပြင်းကဲ့သို့ပင်ဖြစ်ပြီး တာအိုကျေးကျွန်သုံးယောက်၏နှလုံးသားများ တုန်ခါသွားလေသည်။

အဝေးရှိ တာအိုကျေးကျွန် ၅၁ က တာအိုယွမ်ကို ဆုပ်ကိုင်ထားပြီး ထွက်ပြေးသွားခဲ့သည်။ တာအိုယွမ်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများကို အထင်းသားတွေ့မြင်နိုင်သည်။ စုမင်ရှေ့ရှိ တာအို ကျေးကျွန်သုံးယောက် ချက်ချင်းဆုတ်ခွာသွားသည်။ စုမင်က သူတို့ မနိုင်သောဝန်တစ်ခုလိုဖြစ်နေသည်။ သူတို့က စုမင်အသံကိုကြားလိုက်ရစဉ် ထိုအသံမှ မာနထောင်လွှားမှုအရိပ်အမြွက်မျှမတွေ့ရပေ။ ယင်းအစား ပြင်းထန်သောသတ်ဖြတ်လိုစိတ်သာဖြစ်သည်။

စုမင်ပြောသည့်အတိုင်း သူတို့က လောကမှော်ယာဉ်ပျံစွမ်းအားကို အသုံးချနိုင်လျှင်တောင် သူတို့က စုမင်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ စုမင်၏သတ်ဖြတ်လိုစိတ်ကြောင့် သူတို့ကို အလွန်စိုးရိမ်ပူပန်စေခဲ့သည်။ ထိုအရှိန်အဝါမှာ လူအများကြီးကိုသတ်ပြီးမှ ရလာသော သွေးဆာလောင်နေသောအရှိန်အဝါတစ်ခုဖြစ်သည်။ပုံမှန်ဆို သူတို့က ထိုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးက ရန်သွားမစရဲပေ။ သို့သော် စုမင်၏ ပေါ်ထွက်လာမှုက အရမ်းရုတ်တရက်ဆန်နေပြီး သူတို့၏ဘယ်လုပ်ရပ်က စုမင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လဲဆိုတာတောင် မသိလိုက်ကြပေ။

သူတို့က ဖျက်ဆီးလိုစိတ်နှင့် မာန်ပြည်ထောင်ကို ရောက်လာခဲ့သော်လည်း ဤမြေပေါ်က မြက်ခင်းတစ်ကွက်တောင် မပျက်စီးစေခဲ့ပေ။ သူတို့လုပ်ခဲ့တာက နဝမမြောက်တောင်ထွဋ်၏အတားအဆီးကို ဖြိုချလိုက်ခြင်းပင်ဖြစ်၏။

“ဒါက အထင်လွဲတာနေပါ..သခင်လေး..ကျေးဇူးပြုပြီး မဒေါသထွက်ပါနဲ့..ကျုပ်တို့က မနက်ခင်းတာအိုလောကဂိုဏ်းကပါ..”

“ဟုတ်ပါတယ်..ကျုပ်တို့ရဲ့သခင်လေးက်ု ကာကွယ်ရင်း ဒီနေရာကနေ ဖြတ်သွားမိတာပါ...ခင်ဗျား ဒီမှာ တိတ်တိတ်လေး လေ့ကျင့်နေတယ်ဆိုတာ ကျုပ်တို့ မသိခဲ့ဘူး..ကျုပ်တို့ လက်ဆောင်တွေနဲ့ တောင်းပန်ခွင့်ပြုပါ..ကျုပ်တို့ ချက်ချင်း ထွက်သွားပါ့မယ်..”

“သခင်လေး.. ခင်ဗျားမှာ ထူးကဲတဲ့ စွမ်းအား တွေရှိတယ်..ဘယ်သူနဲ့မှမတူဘူး..ကျုပ်တို့ကြားမှာ ရန်ငြိုးရန်စလဲမရှိပါဘူး..ဒါက ကျုပ်တို့ကို အထင်မှားနေတာပါ..”

လူသုံးယောက်က တစ်ယောက်ပြီးတစ်ယောက် တောင်းပန်းစကားပြောနေကြပြီး စုမင်၏အစွမ်းကြောင့် ကြောက်လန့်သွားကြသည်။ ထိုအချိန်တွင် သူတို့က တာအိုကျေးကျွန် ၁၉ ၏သေဆုံးမှုကို ချေပရန်စိတ်မဝင်စားခဲ့ပေ။ သူတို့အတွက် အရေးကြီးဆုံးက ဤနေရာကနေ အမြန်ဆုံးထွက်သွားနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ နှိမ့်ချပြီး လက်သီးကို လက်ဝါးဖြင့် ရစ်ပတ်ဟန်ပြုလုပ်ထားသည်။

သို့ပေမဲ့ လူသုံးယောက် စကားမဆုံးခင်မှာပဲ ဝမ်းနည်းကြေကွဲမှုနှင့် ပြည့်နှက်နေသော ရယ်သံက သူတို့၏စကားကို ချက်ချင်း ဖြတ်တောက်လိုက်သည်။

“ရန်ငြိုးရန်စမရှိဘူးပေါ့ ဟုတ်လား..ဟားးး”

စုမင်း၏ရယ်သံက အလွန်ခါးသီးပြီး ဝမ်းနည်းကြေကွဲနေပုံပေါ်ပြီး ကောင်းကင်ကို လောင်ကျွမ်းစေနိုင်သော အမုန်းတရားလဲ ပါရှိ၏။ သူက မေးခွန်းထုတ်ရင်း ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။ တာအို‌ကျေးကျွန်သုံးယောက်၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့ နောက်ဆုတ်ရင်လဲ သေမယ်ဆိုတာသိရတော့ သူတို့ စုမင်ဆီပြေးသွားရင်း သူသေကိုယ်သေတိုက်ခိုက်ကြတော့သည်။

“ဗုန်းးးးး...”

“ရန်ငြိုးလဲ မရှိ၊ ရန်စလဲ မရှိဘူးဟုတ်လား.. ငါတို့ကြားမှာ ရန်ငြိုး မရှိဘူးလို့ မင်းပြောတာလား..’

စုမင်၏ခြေအောက်ကနေ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထိုအလင်းတန်းက ပေတစ်သောင်းလောက်အထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက် ရွှေရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက စုမင်၏လောကမှော်ယာဉ်ပျံစွမ်းအားပင်ဖြစ်သည်။

ထိုစွမ်းအား ပေါက်ကွဲထွက်လာချိန်မှာ တာအိုကျေးကျွန် ၂၁ ၏ခန္ဓာကိုယ်က ပြိုကွဲသွားသည်။

“ငါတို့ကြားမှာ ဘာလို့ ရန်ငြိုး၊ ရန်စမရှိရမှာလဲ.. မင်း မေ့သွားပြီလား...”

စုမင်၏အသံက လေထုထဲမှာ ပဲ့တင်ထပ်သွားစဉ် သူက တာအိုကျေးကျွန် ၃၁ ၏ဘေးနားသို့ ရောက်ရှိသွားသည်။ စုမင်၏အမုန်းတရားများက တစ်စတစ် တိုးပွားလာပြီး တာအိုကျေးကျွန် ၃၁၏မျက်ခုံးအလယ်ကို သူ့လက်ညိုးဖြင့် ဦးခေါင်းခွံထဲထိ ထိုးနှိုက်လိုက်သည်။

“ဒါက မြင့်မြတ်တဲ့ကြယ်တာရာဝတ်ရုံပဲ..သူ့မှာ ကြယ်တာရာဝတ်ရုံရှိတယ်..”

ထိုစကားများက တာအိုကျေးကျွန် ၃၁ မသေဆုံးခင်မှာ ပြောခဲ့သော စကားများဖြစ်သည်။

“ငါတို့ရဲ့အမုန်းတရားက ကောင်းကင်ကို လောင်ကျွမ်းစေတယ်...”

စုမင်က လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ ထိုစဉ် တာအိုကျေးကျွန် ၃၁၏သေဆုံးပုံကို မြင်လိုက်ရသော တာအိုကျေးကျွန် ၄၁ က တွန့်ဆုတ်ခြင်းမရှိဘဲ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။

စုမင်၏မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူကိုယ်တိုင်ပင် သတိမထားမိခဲ့သော မှော်သင်္ကေတက သူ့ညာဘက်မျက်လုံးထဲတွင် ရုတ်တရက် တောက်ပလာခဲ့သည်။

တာအိုကျေးကျွန် ၅၁ ကတိုက်ကွက် မထုတ်လိုက်ရဘဲ သူ့ကနဦးကျင့်ကြံစွမ်းအားများ ဆုံးရှုံးသွားသည်။ သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။

သူ့ခန္ဓာကိုယ် တုန်ခါသွားပြီး ချက်ချင်း ပြိုကွဲသွားသည်။ ထို့နောက် မှော်သင်္ကေတ နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုမင်ဆီသို့ ချက်ချင်း ပျံသန်းသွားသည်။ ထို့ကြောင့် စုမင်၏ညာမျက်လုံးရှိ မှော်သင်္ကေတက ရက်စက်စွာ တောက်ပလာသည်။

စုမင်း ခဏတာ အံ့အားသင့်သွားသော်လည်း သူ့မျက်လုံးထဲက လျှို့ဝှက်ချက်များကို မစူးစမ်းချင်သေးပေ။ ယင်းအစားက အဝေးသို့ဆုတ်ခွားနေသောတာအိုယွမ်နှင့်တာအိုကျေးကျွန် ၅၁ ကိုကြည့်လိုက်သည်။ တာအိုယွမ်၏မျက်နှာက သွေးမရှိသလို ဖြူဖျော့နေလေသည်။ သူက စုမင်နှင့်အကြည့်ချင်းဆုံသွားသော် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

“မင်း...မင်း..မင်းက ဘယ်သူလဲ..မင်းမှာ မြင့်မြတ်တဲ့ကြယ်တာရာ ဝတ်ရုံ ရှိတယ်..ဒါပေမဲ့ ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး..မင်းက ဘယ်သူလဲကွ..”

“မင်း ငါ့ကို မသတ်နိုင်ဘူး..ငါ့မှာလဲ မြင့်မြတ်တဲ့ကြယ်တာရာ ဝတ်ရုံရှိတယ်..ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး.”

တာအိုယွမ်က တုန်တုန်ယင်ယင်နှင့် သွေးရူးသွေးတန်းအော်ဟစ်နေလေသည်။

သူ့နှလုံးသားထဲက ကြောက်ရွံ့မှုက အတိုင်းအတာတစ်ခုထိ ရောက်ရှိသွားပြီး သူ့ညာလက်ထဲက ပစ္စည်းတစ်ခုကို ဝှေ့ယမ်းလိုက်သည်။ ထိုပစ္စည်းက မနက်ခင်းတာအိုလောကရှိ အခြားအင်အားစုများကို ဆင့်ခေါ်သောအရာဖြစ်သည်။

ကောင်းကင်က တစ်ဟုန်ထိုးမြည်ဟည်းလာပြီး ရှည်လျားသောမှော်စီးယာဉ်များ ပေါ်ထွက်လာသည်။ ထိုမှော်စီးယာဉ်များ ပေါ်တွင် လူအများအပြား ရှိနေခဲ့သည်။

“တိုက်ခိုက်ကြ.. သူ့ကို သတ်..သတ်စမ်း...”

တာအိုယွမ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

သို့ပေမဲ့ ထိုမှော်စီးယာဉ်များနှင့်လူများ ပေါ်လာချိန်တွင် စုမင်၏နှုတ်ခမ်းများကအေးစက်စွာ လှောင်ပြုံးလိုက်သည်။သူက ထိုအချိန်ကို စောင့်မျှော်နေခဲ့တာကြာခဲ့ပြီ။

သူက တာအိုယွမ်နှင့်တာအိုကျေးကျွန်ငါးယောက်ကို သတ်ရုံနှင့် သူ့ဒေါသနှင့်အမုန်းတရားကို ပြေပျောက်ရန်မလွယ်ပေ။ သူက ထိုလူများကိုစောင့်နေပြီး အားလုံးကို သတ်ပစ်ချင်ခဲ့သည်။

“ဗုန်းးး...”

စုမင်၏လောကမှော်ယာဉ်ပျံစွမ်းအားကအပြည့်အဝပျံ့နှံ့သွားသည်။ ထိုရွှေရောင်မြူခိုးများက ပေငါးသောင်းအထိ ချက်ချင်းကျယ်ပြန့်သွားပြီး သူ့သီးသန့်လောကအဖြစ် ပြောင်းလဲသွားသည်။ သူက ကောင်းကင်ကို ခုန်တက်သွားပြီး ဝင်လာသောမှော်စီးယာဉ်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဗုန်းးးးဗုန်းးးးဗုန်းးးး..”

ကောင်းကင်မှာ အဆုံးမဲ့ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ စွမ်းအားကြီးတာအိုကျေးကျွန်များသေဆုံးသွားတော့ သူတို့ထဲမှာ အင်အားအကြီးဆုံးသူများက ကောင်းကင်ဘုံကျင့်ကြံနယ်ပယ်ရှိသူများဖြစ်သည်။ အများစုမှာ မဟာမြေကြီးနှင့်လူသားကျင့်ကြံနယ်ပယ်မှာ ရှိလေသည်။ စုမင်ကသာ ထိုလူများကို သတ်ဖြတ်ပြီး ခြယ်လှယ်နိုင်စွမ်းရှိသည်။

အမွှေးတစ်တိုင်စာကြာသည့်အထိ ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသည်။ ကောင်းကင်က သွေးရောင်များဖြင့် အရောင်ဆိုးခြင်းခံရပြီး မှော်သင်္ကေတများက တစ်ခုပြီးတစ်ခု ပေါ်လာသည်။ မှော်သင်္ကေတများက ရာနှင့်ချီရှိပြီး စုမင်နောက်ကို ဝိုင်းပြီး လိုက်လာကြသည်။ ၎င်းတို့က ကောင်းကင်မှဆင်းသက်လာပြီး သူ့ညာဘက်မျက်လုံးထဲကို တိုးဝင်လာသည်။ သု့မျက်လုံးက လူတိုင်းကြောက်ရွံ့စေသည့်ပုံရိပ်များနှင့် ပြည့်နှက်သွားသည်။

တာအိုယွမ်၏မျက်လုံးထဲမှာ စုမင်နောက်က သွေးမြူခိုးထုက ကောင်းကင်သို့ တလိပ်လိပ်တက်လာသည်။ စုမင် လမ်းလျှောက်လိုက်သည့်အခါ ထိုမြူခိုးများက သူ့အတွက် ဝတ်ရုံတစ်ထည်လိုဖြစ်သွားသည်။ ထိုအချိန်မှာ စုမင်းက သွေးနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သတ်ဖြတ်လိုစိတ်နှင့်အတူ တာအိုယွမ်ဆီသို့ လျှောက်လာလေသည်။

“မင်း ငါ့ကို မသတ်နိုင်ဘူး၊ မင်း ငါ့ကို မသတ်နိုင်မှာမဟုတ်ဘူး ငါတို့ကြားမှာ ဘာအငြိုးအတေး မရှိဘူး...”

တာအိုယွမ်၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်သွားသည်။ တာအိုယွမ် မြန်မြန် ဆုတ်ခွာသွားသည့်အခါ စုမင်၏ညာမျက်လုံးက ရုတ်တရက် တောက်ပလာပြီး မှော်သင်္ကေတရာပေါင်းများစွာက တာအိုယွမ်၏ခန္ဓာကိုယ်ပေါ်မှာ တစ်ပြိုင်နက်တည်း ပေါ်လာသည်။ ထိုမှော်သင်္ကေတများက သူ့ခန္ဓာကိုယ်၏ နေရာအမျိုးမျိုးတွင် ရှိနေပြီး ၎င်းတို့အားလုံး တောက်ပနေသည်။တာအိုယွမ်၏အသံက

တိတ်ဆိတ်သွားပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပင် ပြိုကွဲသွားသည်။ သူ၏မြင့်မြတ်သောကြယ်တာရာဝတ်ရုံက

ထိုမှော်သင်္ကေတများကြောင့် ပြာကျသွားခဲ့သည်။

လောကကြီးက ချက်ချင်း တိတ်ဆိတ်သွားပြီး နဝမမြောက်တောင်ထွဋ်က လူများက စုမင်ကို ဘာမှမပြောဘဲ ကြည့်နေကြသည်။ သူတို့က အသက်ရှုဖို့တောင်မေ့သွားခဲ့သည်။

စုမင်က လေထုထဲမှာ ငြိမ်ငြိမ်လေး ရပ်နေရင်း ရုတ်တရက်ဟားတိုက်ရယ်လိုက်သည်။ သို့ပေမဲ့ သူရယ်နေရင်း သူ့ပတ်ဝန်းကျင်ရှိလူများကို ကြည့်လိုက်သည်။ နဝမမြောက်တောင်ထွဋ်ရှိအသက်ဆုံးရှုံးသွားသောလူများကို ကြည့်ရင်း သူ့မျက်လုံးထဲက ဝမ်းနည်းမှုက တစ်ဖန်ပြန်ပေါ်လာသည်။

“ငါနားလည်သွားပြီ... ဒါကြောင့် သတ်ဖြတ်တာက ရိုးရှင်းတဲ့ လုပ်ရပ်တစ်ခုပဲ...”

All Chapters