← Chapters

အင်အားအကြီးဆုံးဖြစ်ချင်လွန်းတဲ့ဆန္ဒ

Vol. 59 Ch. 821

အင်အားအကြီးဆုံးဖြစ်ချင်လွန်းတဲ့ဆန္ဒ

Vol. 59 Ch. 821

“ဒါဆို ငါ လောကပါရာဂွန်စွမ်းအားကို ရပြီးတဲ့နောက်မှာ အတိတ်က ငါ့ကို စိတ်ပျက်အားငယ်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခုက ဟာသတစ်ခုပဲပေါ့”

စုမင်က ကျယ်လောင်စွာလှောင်ရယ်လိုက်သည်။ သူက လောကကြီးနှင့်သူ့ကိုယ်သူသာ ဟားတိုက်ရယ်နေခဲ့သည်။

သူ့မှာ ပျော်ရွှင်မှုတစ်စုံတစ်ရာ မခံစားရပေ။သူ လက်စားချေရတာအတွက် ပျော်ရွှင်မှု မရှိပေ။ ယင်းအစား လှောင်ပြောင်

သရော်မှုသာ ရှိ၏။

ဤကပ်ဘေး၌ ကိုယ့်ကိုယ်ကို ဖျက်စီးခြင်းကိုရွေးချယ်သူအားလုံး၏သေဆုံးမှုအားလုံးကို စုမင်က တတ်နိုင်သလောက်တားဆီးခဲ့သည်။ ယခင်က အားလုံးကိုကယ်တင်ရန် မတတ်သာသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး သူ

မလုပ်ချင်သော အပေးအယူတစ်ခုလုပ်ခဲ့ရသည်။ ထိုအခိုက်အတန့်အတွင်းမှာပင် စုမင်၏ နှလုံးသားထဲမှာ အားကြီးသူနဲ့ အားနည်းသူကြားက ခြားနားချက်ကို ကြီးစွာသတိထားမိခဲ့သည်။

စုမင်က ယင်မရဏဝဲဂယက်ရှိတည်ရှိမှုကို တောင်းဆိုသောအခါ ထိုတည်ရှိမှုက “ကောင်းပြီ” ဟုသာပြန်ဖြေခဲ့သည်။

အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ပါးစပ်ကနေ “ကောင်းပြီ”ဟူသောစကားတစ်ခွန်းက စုမင်၏ကပ်ဘေးကိုရပ်တန့်ရန် လုံလောက်ခဲ့သည်။ ယခု စုမင် လုပ်နိုင်သလိုမျိုးပင်ဖြစ်၏။ စုမင်သတ်ချင်လျှင် အလွယ်တကူသတ်နိုင်သည်။ တာအို‌ယွမ်နှင့်တာအိုကျေးကျွန်များအားလုံးက သူ့ရှေ့တွင် ပုရွက်ဆိတ်များလိုဖြစ်နေခဲ့သည်။ ထိုအရာက သူ့အတွက်တော့ လှောင်ပြောင်မှုလိုဖြစ်ပြီး တခြားသူများ၏ နှလုံးသားကို ဝမ်းနည်းစေနိုင်သောကိစ္စမျိုးပင်ဖြစ်သည်။

“ငါ ပိုပြီးအင်အားကြီးရမယ်..ငါ အားနည်းတဲ့သူ မဖြစ်ချင်တော့ဘူး..အစွမ်းထက်ကျင့်ကြံသူဖြစ်ပြီး ငါ့ဘဝကို ထိန်းချုပ်ချင်တယ်..ငါ့ကို ကာကွယ်ဖို့ လူတွေ သေဆုံးတာကို မမြင်ချင်တော့ဘူး..ငါ့ဘေးနားက လူတွေအားလုံး ပျောက်ကွယ်သွားပြီး ဒီကျယ်ပြောလှတဲ့လောကကြီးမှာ ငါတစ်ယောက်တည်း အထီးကျန်နေတာကို မလိုချင်တော့ဘူး..”

“အဲဒီလို မဖြစ်ချင်တော့ဘူး..”

ယခု စုမင်က အားနည်းသူနှင့်အားကြီးသူကြားက ခြားနားချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။ ယင်းမရဏဝဲဂယက်ရှိတည်ရှိမှုက ပြသနာများကိုဖြေရှင်းပေးချိန်တွင် သူ့ဘာသူတုန်လှုပ်ပြီး ဝမ်းနည်းပူဆွေးမှုများနှင့်ပြည့်နှက်နေခဲ့သည်။ ထိုတည်ရှိမှု၏ကြီးမားသောစွမ်းအားက သူ့နှလုံးသားကို တုန်လှုပ်စေပြီး သူ့နှလုံးသားထဲတွင် ကြီးမားသောဆန္ဒတစ်ခုကို မွေးဖွားစေခဲ့သည်။

ထိုဆန္ဒကို သူ့ကို ရူးသွပ်သွားစေပြီး ပိုအားကောင်းလာချင်စိတ် ဖြစ်စေခဲ့သည်။

ယခုအချိန်အထိ သူက ကျောက်တိုင်၏စွမ်းအားကို အသုံးပြု၍ အတိတ်သို့ ပြန်သွားပြီး လက်စားချေခဲ့သည်။ အတိတ်က သူမျှော်လင့်ခဲ့သော စွမ်းအားကို ရရှိခဲ့သည်... သို့သော် သူ မပျော်ရွှင်ခဲ့ပေ။

အကြောင်းကတော့ သူ့မှာ လုံလောက်သောစွမ်းအားမရှိသေးသောကြောင့်ဖြစ်၏။သူ့ကိုယ်သူ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု မသတ်မှတ်နိုင်သေးပေ။ သူက တာအိုယွမ်နှင့်တစ်ခြားတာအိုကျေးကျွန်များကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မည်။ သို့ပေမဲ့ ယခု လက်စားချေနိုင်လျှင်တောင် အချိန်နှောင်းသွားခဲ့လေသည်။

သူသာ ပိုအားကောင်းသောရန်သူအသစ်

များနှင့် ရင်ဆိုင်ခဲ့ရလျှင် ထိုသို့စိတ်ပျက်အားငယ်မှုမျိုးနှင့် ထပ်ကြုံရမည်။ ယခုလို သူ ပြန်မတိုက်နိုင်သောအင်အားစုတစ်ခုက လိုက်လံနှောင့်ယှက်သောကြောင့် သီးခြားနယ်မြေထဲသို့ ဝင်ရန်တွန်းအားပေးခံခဲ့ရသည်။

သူက လုံလောက်အောင်စွမ်းအားမကြီးသေးသောကြောင့် အတိတ်က ကပ်ဘေးတစ်ခုကျရောက်ခဲ့သောအချိန်‌များကို ပြန်လှည့်မကြည့်ချင်တော့ပေ။ ထို့ပြင် သူက ကပ်ဘေးတိုင်းကို စိတ်ပျက်အားငယ်စွာ မဖြတ်သန်းချင်တော့ပေ။

သူက ကံကြမ္မာ၏ရှေ့မှောက်မှာရုပ်သေးရုပ်ဖြစ်မည့်အစား သူ့ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ချင်ခဲ့သည်။ ထို့ကြောင့် သူက စွမ်းအားကြီးကျင့်ကြံသူဖြစ်ချင်ခဲ့သည်။

“အားကြီးသူနဲ့ အားနည်းသူ..ဒါက အရမ်းရိုးရှင်းတဲ့သဘောတရားတစ်ခုပဲ..အခုမှ ငါ ဒါကိုနားလည်နိုင်ခဲ့တယ်...”

စုမင်က ခေါင်းကိုမော့ပြီး ရယ်လိုက်သည့်အခါ သူ့မျက်ရည်များက ပါးပြင်ပေါ်သို့စီးကျသွားသည်။ သူက သွေးစွန်းနေသောကောင်းကင်နှင့်ပင်လယ်ထဲကသွေးရေများကို ကြည့်လိုက်သည်။ ထိုအရာက ဆောင်းဦးရာသီ၏သွေးရောင်ပင်ဖြစ်သည်။ သူမြင်နေရသောမြင်ကွင်းတွင် ပင်လယ်နှင့်ကောင်းကင်ကို ခွဲခြား၍မရပေ။ အရာအားလုံးက သွေးနီရောင်လွှမ်းနေလေသည်။

ဆောင်းဦးရာသီ၏ဆန္ဒက စုမင်၏အသိစတ်နှင့်မသိစိတ်မှာပါ အလိုလိုပေါ်လာသည်။ ထိုအချိန်တွင် သူ့ကနဦးကျင့်ကြံစွမ်းအားက လည်ပတ်လာသည်။

“ဆောင်း.. ဆောင်းဦး.. နွေရာသီ.. နွေဦး..”

ထိုအရာက စုမင်၏အသက်လမ်းကျင့်စဉ်ဖြစ်သည်။ ထိုအရာက သူနားလည်ပြီး အနာဂတ်မှာ သူလျှောက်လှမ်းရမည့်လမ်းစဉ်ဖြစ်သည်။ သူလမ်းစဉ်က သေခြင်းတရားကနေ ရှင်သန်ခြင်းဆီသို့ သွား‌ခြင်းဖြစ်၏။ သူ ယင်းမရဏ‌နယ်မြေမှာ ရှိစဉ်က သူက ဆောင်းရာသီအလယ်လမ်းစဉ်တွင် ရှိခဲ့သည်။ ထို့နောက် သူ အရှေ့မြေရိုင်းမျှော်စင်ကိုရောက်ပြီးနောက် ဆောင်းဦးရာသီ၏အရောင်ကို နားလည်ခဲ့သည်။ လောကကြီးတစ်ခုလုံး သွေးနီရောင်ဖုံးလွှမ်းသွားတာကို မြင်ချင်ခဲ့သည်။ ဆောင်းဦးရာသီ၏အနီရောင်က သူ့ဆီကနေ သေခြင်းတရားအငွေ့အသက်များကို ဖယ်ရှားသွားစေခဲ့သည်။

“ဆောင်းဦးရာသီရဲ့ အဓိပ္ပာယ်က ဘာလဲ... အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ ရှိနေတဲ့အရာက ဆောင်းဦးရာသီပဲ..”

“ဘာလို့လဲဆိုတော့ ဆောင်းဦးရာသီက နွေးထွေးမှုနဲ့ အအေးဒါဏ်ကြားအပြောင်းအလဲပဲ.. ဆောင်းဦးရာသီဆိုတာက ဘဝအမျိုးမျိုးဟာ အသက်ဝင်တဲ့ အခြေအနေတွေကနေ ညှိုးနွမ်းသွားတဲ့ အခြေအနေဆီကို ဦးတည်သွားမယ့် လမ်းကြောင်းဖြစ််လို့ပဲ..”

“ဆောင်းဦးရာသီက သွေးနီရောင်ဖြစ်သင့်တယ်..ငါ့ရဲ့ ကောင်းချီးကိုပြီးပြည့်စုံအောင်လို့ ငါလူတွေကို အတိုင်းအဆမရှိသတ်ဖြတ်တယ်.. ဒါ့ကြောင့် လူတိုင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း အခြေအနေကို ပြောင်းလဲမှုတစ်ခုဖြစ်စေတယ်..ဒါက ဆောင်းဦးရာသီရဲ့သတ်ဖြတ်ခြင်းပဲ...”

စုမင်၏ကနဦးကျင့်ကြံစွမ်းအားက ပို၍လည်ပတ်မှုမြန်ဆန်လာသည်။ သူ့ဉာဏ်အလင်းရသွားပြီးနောက် သူ့မျက်စိရှေ့က လောကကြီးမှာ အဆုံးမဲ့သွေးနီရောင်နှင့်ဖုံးလွှမ်းနေပြီး သူ့ကျင့်ကြံစွမ်းအားက မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းလာသည်။

“ငါ့ရဲ့အသက်လမ်းကျင့်စဉ်က ဆောင်း..ဆောင်းဦး..နွေ..နွေဦးရာသီပဲ..ငါ့ဘဝမှာ ချို့တဲ့နေတာက ဝိညာဉ်..

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မဟုတ်ဘဲ အသက်ဝင်လှုပ်ရှားမှုပဲ..အဲဒါချို့တဲ့ရတဲ့အကြောင်းက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ငါ့အမေရဲ့ ရင်ခွင်ထဲက သေသွားတဲ့ ကလေးငယ်လေး ဖြစ်နေလို့ပဲ”

“ဒါပေမဲ့ ငါ့မှာအသိစိတ်ရှိတယ်..ဒါက အသူရာဖန်ဆင်းရှင်တွေရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာတွေကြောင့်ပဲ..ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟာ အင်မော််တယ်ပြည်မှာ ကြီးပြင်းလာခဲ့တာ.အဲဒါက

သေဆုံးသွားသူတွေဟာ ဆက်လက်ကြီးထွားနိုင်မှာ မဟုတ်ဘူးလို့ ဘယ်သူမှ မပြောခဲ့ကြလို့ပဲ..”

“အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း..

အားကြီးသူနဲ့ အားနည်းသူ..အရမ်းရိုးရှင်းတယ်...”

စုမင်က အရူးတစ်ယောက်လုံး ရယ်မောနေသည်။ သူ့ကျင့်ကြံစွမ်းအားက အသက်ဒုက္ခကျင့်စဉ်၏ကနဉီးအဆင့်မှာ ရှိနေလေသည်။ ထိုအဆင့်က မဟာမြေကြီးကျင့်ကြံဆင့်နှင့် အဆင့်တူဖြစ်၏။

သို့ပေမဲ့ သူ၏ကနဦးကျင့်ကြံစွမ်းအားက

သူ့ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေပြီး သူ့မှာ အသက်ဓာတ်မရှိတာကို သဘောပေါက်လာခဲ့သည်။ ထိုစဉ် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်လာသည်။ ရာသီဥတုက ပြောင်းလဲသွားပြီး ကောင်းကင်က ဟိန်းဟောက်လိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ နေရာများက ငလျင်လှုပ်သလို တုန်ခါလာသည်။ သူ့ကျင့်ကြံစွမ်းအားများက မြင့်တက်လာပြီးအသက်ဒုက္ခကျင့်စဉ်၏အလယ်လတ်အဆင့်ကို ရောက်သွားသည်။အကယ်၍ စုမင်က ထိုအဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့လျှင် အသက်နန်းတော်ကျင့်စဉ်ကိုရောက်ရှိနိုင်လိမ့်မည်။ ထိုအဆင့်က ကောင်းကင်ဘုံကျင့်ကြံနယ်ပယ်နှင့်အဆင့်တူဖြစ်၏။

စုမင်က ခေါင်းမော့ပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

“ ငါ အစွမ်းထက်ချင်တယ်..ဒီလောကကြီးထဲမှာ အစွမ်းထက်ဆုံးလူ ဖြစ်ချင်တယ်..”

သူအနေနှင့် ပထမဆုံးအကြိမ် ထိုစကားများကို အော်ဟစ်ပြောဆိုခဲ့သည်။ အရင်တုန်းက သူက စွမ်းအားရှိချင်ခဲ့သည်။ သို့ပေမဲ့ သူ့မှာ တိကျသောရည်မှန်းချက်တစ်ခုမှ မချမှတ်ခဲ့ပေ။ ယခုအချိန်မှာတော့ သူ့ဟိန်းဟောက်မှုက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့ပြီး ထိုတုန်လှုပ်နိုင်မှုက သူ့ဧ။်နှလုံးသားထဲကဆန္ဒကို ကိုယ်စားပြုသည်။

“ကောင်းကင်နဲ့မြေပြင်တစ်ခွင်မှာရော..စကြဝဠာအတွင်းနဲ့ အပြင်ဘက်မှာရော အင်အားအကြီးဆုံးလူဖြစ်ချင်တယ်”

“တစ်ချိန်က ငါကို အရှက်ခွဲခဲ့သူတွေ..တစ်ချိန်က ငါ့ကို ချောင်ပိတ်မိအောင်လုပ်ခဲ့သူတွေ..ငါ့ကို သတ်ချင်ခဲ့သူတွေနဲ့ ထိန်းချုပ်ချင်ခဲ့သူတွေအားလုံးကို ဖုန်မှုန့်အဖြစ်ပြောင်းလဲပစ်မယ်..ဒီစကြဝဠာတည်ရှိနေသရွေ့ ငါ့ကို ကူညီပေးခဲ့သူတွေ..ငါ့ကို ကာကွယ်ပေးခဲ့သူတွေရဲ့ဆံပင်တစ်ချောင်းတောင် မထိခိုက်စေရဘူး..သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ အပြစ်တွေ ကျူးလွန်ခဲ့ရင်တောင်မှပေါ့..”

“ငါ အင်အားအကြီးဆုံးလူ ဖြစ်ချင်တယ်..အင်အားကြီးတာက အကောင်းဆုံးပဲ..”

စုမင်၏အသံက လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားစဉ် သူ့ပတ်ဝန်းကျင်ရှိ သွေးနီရောင်အလွှာက သူ့ဆီသို့ တိုးဝင်လာသည်။ သေဆုံးသွားသောတာအိုကျေးကျွန်များဧ။်သွေးအလွှာနှင့်ဆောင်းဦးရာသီ၏စိတ်ဆန္ဒက သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာသည်။ ထိုစဉ် စုမင်က ကောင်းကင်ဆီသို့ ဟိန်းဟောက်လိုက်သည်။

သူ၏မီးခိုးရောင်ဆံပင်များက လေထဲတွင် ကခုန်နေလေသည်။ ထိုအချိန်တွင် သူ့ကနဦးကျင့်ကြံစွမ်းအားကပေါက်ကွဲသံနှင့်အတူ တစ်ဖန်ပြန်လည်မြင့်တက်လာပြီး အသက်ဒုက္ခကျင့်စဉ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိလာသည်။ သူ နောက်ခြေတစ်လှမ်းလှမ်းရုံဖြင့် ကြီးကြယ်ပြီးမြောက်‌သောအောင်မြင်မှုကို ရရှိမည်ဖြစ်သည်။ သူက ထိုအဆင့်ကိုကျော်ဖြတ်နိုင်လျှင် အသက်နန်းတော်ကျင့်စဉ်ကို ရောက်ရှိနိုင်မည်။ ထို့အတူ သူက ကောင်းကင်ဘုံနယ်ပယ်ကို ရောက်ရှိသွားပြီဟု ဆိုလိုနိုင်သည်။

စုမင်၏ကျင့်ကြံဆင့်မှာ မဟာမြေကြီးကျင့်ကြံဆင့်၏အထွဋ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ့ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်က ဧရာမဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဝဲဂယက်ကြီး လည်ပတ်နေချိန်တွင် မျက်လုံးတစ်လုံးပေါ်လာသည်။။

ထို့နောက် စုမင်၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့အချိန်တွင် သူက နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲမှာ ရူးသွပ်မှုတစ်စုံတစ်ရာမရှိသော်လည်း ခွဲခွာရန် တွန့်ဆုတ်မှုသာရှိသည်။

သူက ကျောက်တိုင်၏အချိန်အတိုင်းအတာထဲမှာရှိစဉ်က သူ့စိတ်ခံစားမှုများနှင့် နာကျင်မှုများကို ပိတ်ဆို့ထားစွမ်းအားများ ခေတ္တပျောက်ကွယ်သွားကြောင်း ခံစားမိခဲ့သည်။ သူက ကျောက်တိုင်ထဲမှာ ရှိနေလျှင် နဂိုစုမင်ပုံစံအတိုင်း ခံစားရသည်။

သူ့ပတ်ဝန်းကျင်ရှိ နဝမမြောက်တောင်ထွဋ်ရှိ လူများကိုကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှာ ထာဝရတည်ရှိနေမည့်ရင်းနှီးသောမျက်နှာများပင် ဖြစ်၏။ သူတို့ သေဆုံးသွားသော်လည်း စုမင်၏နှလုံးသားထဲမှာတော့ အမြဲရှင်သန်နေလိမ့်မည်။

“တစ်နေ့မှာ ငါ..မင်းတို့အားလုံးကို ပြန်ရှင်အောင်လုပ်မယ်...”

စုမင်က မီးလျှံဂြိုလ်သခင်ပြောခဲ့သောအသူရာဖန်ဆင်းရှင်စွမ်းရည်ကို သတိရရင်း တိုးတိုးလေးရေရွတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

…..

မဟာလောကကြီးလေးခုထဲကတစ်ခုဖြစ်သည့်စစ်မှန်သောမနက်ခင်းတာအိုလောကတွင် ဥသျှစ်ပန်းဂြိုလ်ရှိလေသည်။ ထိုနေရာမှာ ဥသျှစ်ပန်းများစွာရှိသောကြောင့် ဂြိုလ်နာမည်က အထူးအဆန်းမဟုတ်ပေ။ သူတို့၏မွှေးရနံ့က သင်းပျံ့နေပြီး လေထုထဲမှာ ရစ်ဝဲနေလေသည်။ ထိုဂြိုလ်၏အရှေ့တောင်ဘက်ဒေသမှာ တောင်တန်းတစ်ခုရှိပြီး ခမ်းနားသော မျှော်စင်များစွာရှိလေသည်။ ထိုထဲမှာ ကျင့်ကြံသူများစွာရှိသည်။

တရုတ်ဗျပ်စောင်းတေးသွားတစ်ခုက မျှော်စင်တစ်ခုမှ ထွက်ပေါ်လာသည်။ ထိုသံစဉ်များက လေထဲတွင် ပဲ့တင်ထပ်နေပြီး အချိန်အတော်ကြာပြီးနောက်ပင် ပျောက်ကွယ်သွားခြင်းမရှိပေ။ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသောအမျိုးသမီးတစ်ဦးရှိပြီး သူမ၏ရှည်လျားသောဆံပင်များသည် သူမ၏ပခုံးပေါ်တွင် ပြန့်ကျဲနေသည်။ သူမက အလွန်လှပပြီး စုမင်သာ သူမကိုမြင်နိုင်ပါက တန်းမှတ်မိသွားလိမ့်မည်။ စုမင် ယင်းမရဏနယ်မြေမှာ ရှိစဉ်က သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်သုံးခုက ပိုင်စုပါသောမြင်ကွင်းကို ပြပေးဖူးခဲ့သည်။ သူမက ပိုင်စုအစစ်အမှန်ဖြစ်သည်။

“ဘယ်လိုထူးဆန်းတဲ့ခံစားချက်ကြီးလဲ... ဒါကြီးက အိပ်မက်တစ်ခုလိုပဲ ခံစားရတယ်”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏မျက်နှာမှာ မင်သက်နေသောအမူအရာတစ်ခု ပေါ်လာသည်။ သူမက တီးတိုးပြောနေစဉ် ဗျပ်စောင်းတေးသွားများက လေထုထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိုအိပ်မက်ထဲတွင် စုမင်၏လှောင်ပြောင်သောရယ်သံနှင့်ဝမ်းနည်းမှုများ ပါဝင်နေပုံရသည်။

မနက်ခင်းတာအိုလောကထဲရှိ သာမန်ကျင့်ကြံခြင်းဂြိုလ်တစ်ခုတွင် ဂူတစ်ခုရှိလေသည်။ သာမန်လေ့ကျင့်သူတစ်ယောက်က ထိုဂူထဲမှာ ထိုင်နေလေသည်။အမှန်တော့ သူက တရားထိုင်နေရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။

အချိန်အတော်ကြာပြီးနောက် သူမျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်လုံးထဲတွင်အတိတ်ကိုလွမ်းဆွတ်သောခံစားချက်များ ပေါ်လာသည်။

“ ငါ မာန်ပြည်ထောင်ကိုမေ့လို့မရဘူး..နဝမမြောက်တောင်ထွဋ်ကို မေ့လို့မရဘူး..ငါ မာန်ပြည်ထောင်မှာရှိတုန်းက ငါခံစားခဲ့ရတဲ့ ပျော်ရွှင်မှုကိုလည်း မေ့လို့မရဘူး..ငါ မင်းကိုလဲ မေ့လို့မရဘူး..စုမင်”

ထိုကျင့်ကြံသူမှာ မြင့်မားသောကျင့်ကြံဆင့် မရှိပေ။ သူ့ဘာသာသူ တိုးတိုးလေးပြောပြီးနောက် သူ့မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

ယင်းမရဏဝဲဂယက်အတွင်း၌ရှိသော အင်မော်တယ်များဧ။်ပိုင်နက်နေရာက မာန်ပြည်ထောင်၏နယ်မြေပင်ဖြစ်သည်။

ထိုနယ်မြေရှိ နဝမမြောက်တောင်ထိပ်တွင် ပန်းပွင့်ကဲ့သို့နူးညံ့သော လူတစ်ယောက်ထိုင်နေလေ၏။သူက အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည်။ ပင်လယ်လေတိုက်ခတ်လာသောအခါ သူ့ဝတ်ရုံကို မြှောက်လိုက်ပြီး သူ့ဆံပင်ရှည်များကို တဖျပ်ဖျပ်လွင့်နေစေသည်။ ထို့နောက် နူးညံ့ပြီး ချောမောသောမျက်နှာကို ပေါ်လွင်စေခဲ့သည်။

သို့ပေမဲ့ သူ့မျက်နှာဘေးကို ဖြာကျနေသော နေရောင်ခြည်မရှိတော့သလို နူးညံ့သောအပြုံးလဲ မရှိတော့ပေ။ သူက တိတ်ဆိတ်စွာရပ်နေပြီး အဝေးကိုကြည့်နေလေသည်။

“အငယ်ဆုံးညီလေး..ငါ မင်းကို အိပ်မက်မက်တယ်… မင်း တာအိုယွမ်နဲ့တာအိုကျေးကျွန်တွေအားလုံးကို သတ်လိုက်တယ်..မင်း အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်လာတယ်..ဒါက အိပ်မက်တစ်ခုပဲလား...”

ဒုတိယအစ်ကိုက တိုးတိုးလေး မေးခွန်းထုတ်လိုက်သည်။

သူ့နောက်က ဂူထဲရှိဟူကျီက အိပ်မက်ကနေနိုးလာရင်း မျက်ရည်များစီးကျလာသည်။ သူ့မျက်နှာက မုတ်ဆိတ်များနှင့်ပြည့်နှက်နေသော်လည်း သူက မုတ်ဆိတ်ရိတ်ရန်ဆန္ဒမရှိပေ။ သူ့ဘေးနားက ဝိုင်အိုးကို ဆွဲယူပြီး တစ်ကျိုက်မော့ချလိုက်သည်။ သူ့မျက်နှာက ညစ်ပတ်ပေရေနေသည်။ ဝိုင်က သူ့နှုတ်ခမ်းထောင့်ကနေ ပြန်စီးကျလာသည်။ သို့ပေမဲ့ သူက ဝိုင်သောက်နေတုန်းမှာတောင် မျက်ရည်ကို မထိန်းနိုင်ခဲ့ပေ။ သူ တိတ်တိတ်လေး ငိုနေမိခဲ့သည်။

“အငယ်ဆုံးညီလေး..ငါ မင်းကို အိပ်မက်မက်ပြန်ပြီ..ငါ မင်းကို လွမ်းတယ်...”

နဝမမြောက်‌တောင်ထွဋ်၏‌တောင်ခြေက ပင်လယ်အောက်မှာ ရှိပြီး အကြီးဆုံးအစ်ကို၏ သီးသန့်ကျင့်ကြံရာနေရာလဲဖြစ်သည်။ သူ့မှာ ခေါင်းမရှိသော်လည်း သူ့ခန္ဓာကိုယ်ထဲမှာ ရူးသွပ်သောဆန္ဒတစ်ခုရှိနေသည်။သူက အဆက်မပြတ်ကျင့်ကြံနေလေသည်။ ထိုသို့လုပ်ခြင်းဖြင့်သာ နာကျင်မှုနှင့် အပြစ်ရှိစိတ်ကို လွှတ်ချနိုင်ပြီး ခဏလောက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာကို ရပ်တန့်နိုင်မည်ဖြစ်၏။

“အငယ်ဆုံးညီလေး... တောင်းပန်ပါတယ် မင်းငါ့ကို မကယ်တင်ခဲ့ရင်...ငါတော့..”

ဘာသာပြန်မှတ်စုများ

ချမ့်ချန် (သာမန်ကျင့်ကြံသူ) - စုမင်က ကျိန်စာကို ပထမဆုံးစမ်းသပ်တုန်းက ခံရသူ..ထိပ်ပြောင်ကြိုးကြာငှက်ရဲ့ လှည့်စားတာကိုခံရပြီး စုမင်တို့နဲ့အတူ နဝမမြောက်တောင်ထွဋ်ကိုပါသွားပြီး တာအိုယွမ်၏သေဆုံးမှုတစ်ခုလုံးကို မြင်ခဲ့ရသူ...

All Chapters