← Chapters

ကိုးသိန်းကိုးသောင်းပေအမြင့်

Vol. 59 Ch. 822

ကိုးသိန်းကိုးသောင်းပေအမြင့်

Vol. 59 Ch. 822

မဟာလောကကြီးလေးခုအနက်တစ်ခုဖြစ် သောမဟာအသူရာဖန်ဆင်းရှင်လောကတွင် အလွန်ကြီးမားသောနဂါးငွေ့တန်းကြီးတစ်ခုရှိလေသည်။ ထိုနဂါးငွေ့တန်းကို ဝဲဂယက်ကြီးကိုးခုဖြင့် ဖွဲ့စည်းထားပြီး တားမြစ်နယ်မြေတစ်ခုကို ဖန်တီးထားသည်။ ဝင်ရောက်ခွင့်ကဒ်ပြားမပါဘဲ ဤနေရာသို့ ခြေချပါက အသက်ရှင်ရန် ခက်ခဲလိမ့်မည်။

နဂါးငွေ့တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ဝဲဂယက်ကြီးတစ်ခုရှိသည်။၎င်း၏

အလယ်ဗဟိုတွင် နေရာတစ်ခုရှိပြီး

အနက်ရောင်လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းထားသည်။ ထိုနေရာက အရမ်းအကြီးမားဘဲ လီသန်းပမာဏလောက်သာရှိသည်။

ထိုနေရာတွင် ပန်းများနှင့် မြက်ခင်းများဖြင့် ဖုံးလွှမ်းနေသည်။ ထူထဲသောဝိညာဉ်စွမ်းအားများက လေထုတွင် ပြည့်နှက်နေသောကြောင့် ရုပ်ပိုင်းဆိုင်ရာအလုံးအထည်ရသလို ဖြစ်နေသည်။ ထိုစွမ်းအားများက ပုံစံအမျိုးမျိုးပေါ် အခြေခံ၍ လေထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်နေလေသည်။ ထိုနယ်မြေ၏အလယ်ဗဟိုတွင် အဘိုးကြီးကိုးယောက်က တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့က စက်ဝိုင်းပုံစံထိုင်နေကြပြီး ၎င်းတို့အလယ်တွင် အမျိုးသမီးငယ်တစ်ဦးသည် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။

သူမက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အိပ်ပျော်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားသည်။

သူမက ယွီရွှမ်ဖြစ်၏။

သူမက ငြိမ်သက်စွာနှင့် မလှုပ်မယှက်ဖြစ်နေပြီး သူမမျက်နှာက လူသေကောင်ကဲ့သို့ ဖြူဖျော့သွားလေသည်။

.............................

အနောက်ငွေ့ရည်တိမ်တိုက်၏သီးခြားနယ်မြေတွင် ကျောက်တိုင်တစ်သိန်းရှိပြီး အားလုံးသည် အရွယ်အစားကွဲပြားသည်။ စုမင်က သူ့ကျောက်တိုင်ရှေ့တွင် တစ်ဖန်ပြန်လည်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပုံပေါ်လာပြီး သူ့ရှေ့ရှိ

ကျောက်တိုင်မှ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။ ၎င်းက ပေတစ်သိန်းမှ ပေနှစ်သိန်းအထိ တဖြည်းဖြည်းကြီးထွားလာပြီး အလင်းရောင်က

ပျောက်ကွယ်သွားသည်။

တည်ငြိမ်သောအသံတစ်ခုက စုမင်း၏နားထဲသို့ ဝင်ရောက်လာသည်။

“ဂုဏ်ယူပါတယ်.. ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်းရဲ့ကျောက်တိုင်ကိုဒီလောက်အဆင့်အထိ ကြီးထွားအောင်လုပ်နိုင်ခဲ့တယ်...”

အသံပိုင်ရှင်မှာ ကျိုးခန်းဖြစ်သည်။ ထိုအသံက ပေတစ်သိန်းအမြင့်ရှိသော ကျိုးခန်း၏ကျောက်တိုင်မှ ထွက်ပေါ်လာသည်။ စုမင်၏ပေအမြင့်နှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ အလွန်ကြီးမားသော်လည်း ထိုလူက ယခင်ကကဲ့သို့ တည်ငြိမ်နေပုံရသည်။

အချိန်အတော်ကြာပြီးနောက် စုမင်က ထိုနေရာမှ အကြည့်လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ၏ကိုယ်ပိုင်စွမ်းအားကို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ တရားထိုင်နေသောလူများစွာကို တွေ့လိုက်ရသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးကြပေ။

စုမင်၏အကြည့်က ကျိုးခန်းထံ ကျရောက်သောအခါ ကျိုးခန်း၏ကျောက်တိုင်က အရွယ်အစားသေးသွားသည်ကို မြင်လိုက်ရသည်။ စုမင် ကျောက်တိုင်မှ ပထမဆုံး ထွက်လာစဉ်က ကျိုးခန်း၏ကျောက်တိုင်ကို လှမ်းကြည့်လိုက်ရာ ပေခုနစ်သိန်းခန့် အမြင့်ရှိနေတာကို သူ သတိရသွားသည်။ ထိုအချိန်က သူ့အမေ၏အမှတ်တရများတွင် နှစ်မြှုပ်နေပြီး သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို သိပ်အာရုံမစိုက်ခဲ့ပေ။

“ ငါ့ကျောက်တိုင်က ပေတစ်သန်းအထိမလုပ်နိုင်ခဲ့လို့ ပေတစ်သိန်းကို ‌ပြန်ကျသွားတာ...”

ကျိုးခန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“မင်းရဲ့အမြန်နှုန်းက ဒီလောက်မြန်လိမ့်မယ်လို့ ငါမထင်ထားဘူး.. ယွဲ့အာရဲ့ခန့်မှန်းချက်က မှန်ပုံရတယ်..ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်က ဒီနေရာမှာ ကျင့်ကြံဖို့ အကောင်းဆုံးနည်းလမ်းပဲ..”

“ဒါက မင်းရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ကြီးမားတဲ့ဆက်စပ်မှုရှိတယ်..မင်းမှာ နဂိုကတည်း ပါရမီရှိလို့ဖြစ်မှာပေါ့..ငါဆိုရင် ကျင့်ကြံဆင့်က ဉာဏ်အလင်းမြန်မြန်ရတဲ့ယွဲ့အာထက်နည်းတယ်..ဒါပေမဲ့ သူမ ထွက်သွားတဲ့အချိန်မှာ ငါပဲအသက်ရှင်ကျန်နေခဲ့တယ်..”

ကျိုးခန်း၏မျက်လုံးထဲမှာ ဝမ်းနည်းမှုပေါ်လာပြီး သူ့ဘာသာသူ တိုးတိုးလေးပြောလိုက်သည်။

“တကယ်လို့ စီနီယာရဲ့ကျောက်တိုင်က ပေတစ်သန်းကို ရောက်ဖို့ ကျရှုံးသွားရင် ဒုံရင်းပြန်ရောက်သွားတာပေါ့..”

စုမင်းက တိုးတိုးလေးမေးလိုက်သည်။

“မင်းရဲ့ကျောက်တိုင်ထဲက လောကက မင်းရဲ့မှတ်ဉာဏ်တွေပေါ်မှာ လုံးဝဖွဲ့စည်းထားတာကြောင့် အကျိုးကျေးဇူးတွေကို သဘောပေါက်ရမယ်..ဒီနည်းနဲ့ မင်းအတွက် ဉာဏ်အလင်းရဖို့ ပိုအဆင်ပြေပြီး မင်းရတဲ့ဉာဏ်အလင်းတွေကလဲ ပိုနက်နဲလာလိမ့်မယ်...”

“ဒါကြောင့် ကျောက်တိုင်အတွင်းမှာ မင်းရဲ့ကျင့်ကြံဆင့်က တိုးမြှင့်နိုင်တယ်..လူတွေက အသတ်မခံရသရွေ့ သူတို့ထဲက အတော်များများဟာ ပေတစ်သန်းအထိ ရောက်ရှိဖို့ကို လက်လျှော့ကြတယ်..ပြီးတော့ သူတို့၏ကျောက်တိုင်ထဲကလောကမှာပဲ ဆက်လက်နှစ်မြှုပ်ဖို့ ရွေးချယ်ပြီး. နက်နဲတဲ့ဉာဏ်အလင်းတွေရဖို့ လုပ်ကြတယ်...”

“ဒါပေမဲ့ ဒါက မင်းလိုချင်တာမဟုတ်ရင်တောင်..မင်းမှာ ရွေးချယ်စရာ မရှိဘူး..ဘာလို့လဲဆိုတော့ မင်းရဲ့ကျောက်တိုင်ကို ပေကိုးသိန်းအထိ ရောက်အောင် လုပ်ဖို့က အရမ်းခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး..အစကတည်းက အဲဒီအမြင့်ကို ရောက်ရှိနိုင်သူတွေ အများကြီးရှိခဲ့တယ်..”

“ဒါပေမဲ့ ပေကိုးသိန်းကနေ ပေတစ်သန်းကိုရောက်ဖို့ ကြိုးစားတဲ့အခါ နံရံတစ်ခုရှိတယ်.. လူတိုင်းအတွက် အတူတူပါပဲ.. မင်း အဲဒါကို ကျော်ဖြတ်ချင်ရင်တော့… ခက်ခဲလိမ့်မယ်..အရမ်းကိုခက်ခဲလိမ့်မယ်။.. ငါ တွက်ကြည့်မယ်ဆိုရင် ဒီနံရံကို လေးကြိမ်တိုင်တိုင် တိုက်မိခဲ့တယ်..အရင်သုံးကြိမ်မှာ အဲဒါကို လက်လျှော့ဖို့ ရွေးချယ်ခဲ့တယ်.. ငါ့ဇနီးကို စောင့်နေတာ..သူမ ဆုံးပါးသွားတဲ့အခါ ငါ ဒါကို ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး”

ကျိုးခန်းက စုမင်ကို တည်ငြိမ်‌စွာ ကြည့်လိုက်သည်။

“မင်းမအောင်မြင်ရင် ပြန်စရလိမ့်မယ်.. ဒါက ပြန်လည်ဝင်စားခြင်း သံသရာလိုပဲ.. မင်း ဒီလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်နေရလိမ့်မယ်... ဒီနံရံကို ကျော်ဖြတ်နိုင်သူတွေက ရှားတယ်..အရမ်းနည်းတယ်...” ကျိုးခန်းက မျက်လုံးများကိုမှိတ်လိုက်သည်။

စုမင်လဲ တိတ်ဆိတ်သွားသည်။ သူက ပေနှစ်သိန်းအမြင့်ရှိ သူ၏ကျောက်တိုင်ကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် ရှိနေသောမေးခွန်းများကို ကျိုးခန်းက အဖြေပေးလိုက်ပြီဖြစ်သည်။ သူ၏ကျောက်တိုင်မှ ပထမဆုံးထွက်ခွာချိန်တွင် ပေတစ်သိန်းရှိသောကျောက်တိုင်ကိုကြည့်ရင်း နတ်ဘုရားအနှစ်သာရအပေါ် သံသယဝင်နေခဲ့သည်။ ၎င်းက... မခက်ခဲသကဲ့သို့ ထင်ရသည်။

“ဒါဆို ဘာလို့ လူအများကြီးကျရှုံးပြီး ပေ ပေတစ်သန်းအထိ ရောက်ရှိနိုင်သူ နည်းနည်းပဲရှိတာလဲ...”

စုမင်က မျက်လုံးမှိတ်ထားသော ကျိုးကန်ကို ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

“နောက်ရက်အနည်းငယ်အတွင်း ဝင်လာ

မဲ့သူတွေ အများကြီးရှိတယ်..တကယ်လို့... မင်းရဲ့ကျောက်တိုင်ကို ပေတစ်သန်းအထိ အမြန်ဆုံးရောက်အောင် လုပ်နိုင်ရင် တန်းလုပ်လိုက်..”

ကျိုးခန်းက ဘာမှမပြောဘဲ မျက်လုံးမှိတ်ထားလိုက်သည်။

ထိုနယ်မြေတွင် အလင်းတန်းများက ရံဖန်ရံခါလင်းလက်လာသည်။ တစ်ချို့လူများက ကျောက်တိုင်ထဲကနေထွက်ပြီး တစ်ချို့က ပြန်ဝင်သွားကြသည်။ စုမင်က သူ့ကိုသတ်ရန်ကြိုးစားခဲ့သောအဘိုးအို၏ကျောက်တိုင်ကို တခြားတစ်ယောက်ယောက်က သိမ်းပိုက်ထားပြီး ပေတစ်သိန်းအထိ ရောက်နေပြီဆိုတာ

သတိထားမိသည်။

ရက်အနည်းငယ်အကြာမှာ ကျိုးခန်းက ကျောက်တိုင်ထဲရှိလောကသို့ ပြန်ဝင်သွားပြီး စုမင်လဲ ပြန်ဝင်ရန် ရွေးချယ်လိုက်သည်။

အချိန်တွေက ထပ်မံကုန်ဆုံးသွားပြန်သည်။ စုမင်က ကျောက်တိုင်၏လောကထဲတွင် ရှိနေစဉ် သူ မာန်နတ်ဘုရားဖြစ်လာချိန်၊ နက်မှောင်တောင်မှာ ရှိနေစဉ်၊ ရှာမန်နှင့်မာန်ပြည်ထောင်၏စစ်ပွဲကြီးကိုကြုံတွေ့ခဲ့ရတဲ့အချိန်နှင့် အေးခဲကောင်းကင်ကလန်ထဲကို ဝင်ရောက်ခဲ့ချိန်များကို ပြန်ရောက်သွားခဲ့သည်။

သူ၏အတွေ့အကြုံများ၊ ကောင်းချီများနှင့်သတ်ဖြတ်မှုများက မှော်သင်္ကေတများကို တစ်ထပ်တည်းကျစေခဲ့သည်။ ထို့ပြင် စုမင်၏ညာမျက်လုံးမှာ စကြဝဠာတစ်ခုလုံးရှိနေသလိုခံစားခဲ့ရသည်။ သူ့စွမ်းအားက အဆမတန်တိုးပွားဘာပြီး သူကိုယ်တိုင်တောင် ကြောက်လန့်သွားခဲ့သည်။

ထိုစွမ်းအားက သူ့ကောင်းချီးထံကနေ တစ်ဆင့်ရလာသောအရာမဟုတ်ပေ။ သူက ကျောက်တိုင်ထဲကိုဝင်ရန် သူ့မျက်လုံးကိုသုံးပြီးနောက် သဘာဝအတိုင်းရလာခဲ့သည်။

စုမင်က အချိန်ကုန်ဆုံးတာကို မသိလိုက်ပေ။ သူက သီးခြားနယ်မြေမှာ နေခဲ့တာ အနှစ်ခြောက်ဆယ်ပြည့်သွားခဲ့၏။ ထိုအချိန်အတွင်း ဤနေရာကို ရောက်လာသူသုံးသောင်းကျော်ရှိလေသည်။ ရောက်လာသူတိုင်းက နတ်ဘုရားအနှစ်သာရအတွက် ပါဝင်ယှဉ်ပြိုင်သူများ ဖြစ်လာခဲ့သည်။

ထိုလူသုံးသောင်းထဲမှာ အမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး သူတို့ထဲက အများစုမှာ စုမင်၏ခေါင်းကိုလိုချင်သောကြောင့် လာခဲ့ကြသည်။ စုမင်ကို မြင်လိုက်ရသောအချို့လူများက တိုက်ကွက်ထုတ်ရင်း အလိုလိုသေဆုံးသွားကြသည်။ အကြိမ်ပေါင်းများစွာ သေဆုံးပြီးနောက်မှာတော့ ကျန်လူများက သီးခြားနယ်မြေ၏ကန့်သတ်ချက်ကို သတိထားမိပြီး လက်လျှော့လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က စုမင်ကို ဘာမှမလုပ်နိုင်သောကြောင့် ဖြစ်၏။

တစ်ခါတစ်ရံမှာ လူသစ်များ ရောက်လာသော်ငြား စုမင်ကတော့ လုံးဝဂရုမစိုက်ပေ။ တကယ်တော့ သူက ရှောင်ဖို့တောင် မကြိုးစားခဲ့ပေ။ သူတို့၏နတ်ဘုရားစွမ်းရည်တွေက သူ့ကိုယ်ပေါ် ကျရောက်နေသရွေ့ သူတို့အားလုံး သေဆုံးသွားကြမှာဖြစ်၏။

သီးခြားနယ်မြေ၌ရှိနေသော လူဟောင်းများက ထိုအဖြစ်အပျက်များကို သတိထားမိပြီး သဘောတွေ့နေလေသည်။ အကြောင်းက တိုက်ခိုက်သူတစ်ယောက်သေဆုံးသွားတိုင်း ကျောက်တိုင်တစ်ခု ဗလာဖြစ်သွားမှာဖြစ်သည်။ အသစ်ဝင်လာသူများက ထိုကျောက်တိုင်များကို ရရှိပြီး လူဟောင်းများက သေဆုံးနိုင်ခြေကို ကျော်လွှားနိုင်မည်ဖြစ်၏။

လူပေါင်း သုံးသောင်းရောက်ရှိလာခြင်းက သေဆုံးမည့်သူအရေအတွက် ညီမျှကြောင်း ဆိုလိုသည်။ ကျောက်တိုင်များပေါ်ရှိ အမည်ဟောင်းများကို အမည်သစ်များဖြင့် တဖြည်းဖြည်း အစားထိုးခဲ့သည်။ တစ်ခါတစ်ရံ သေဆုံးမှုများကလဲ လူတိုင်းအပေါ် ယခင်က မကြုံဖူးသော ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။

ပေတစ်သန်းတွင်ရှိသော နံရံကို ဖြိုခွင်းရန် ကြိုးစားသောလူများ အဆက်မပြတ် ရှိခဲ့သည်၊ သို့သော် ခြောက်ဆယ်နှစ်အတွင်း မည်သူမျှ အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ။

သီးခြားနယ်မြေသို့ ဝင်ရောက်လာသူများ ရှိနေဆဲဖြစ်ပြီး စုမင်က ပြင်းထန်သော ခြိမ်းခြောက်မှုကိုပင် အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသည်။ ဤခံစားချက်က နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သော်လည်း အကြိမ်အနည်းငယ်ကသာ စုမင်းအပေါ် ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။

ခြောက်ဆယ်နှစ်အတွင်း စုမင်က သူ၏ ကျောက်တိုင်ကို ပေကိုးသိန်းကိုးသောင်းအထိ ကြီးထွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျိုးကန်၏ ကျောက်တိုင်သည်လဲ ပေကိုးသိန်းရှစ် သောင်းသို့ ရောက်ရှိခဲ့သည်။

ခြောက်ဆယ်နှစ်အတွင်း ကျိုးခန်းက သူ့ကျောက်တိုင်ကို ထိုအမြင့်ရောက်အောင် လုပ်ခဲ့တာ ဒုတိယအကြိမ်ဖြစ်၏။

“ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းလာတာ နှစ်ခြောက်ဆယ်ရှိပြီ၊

ငါတို့လို လူတွေအတွက် နှစ်ခြောက်ဆယ်ဆိုတာ တိုတောင်းလွန်းတယ်..ဒါပေမဲ့ သာမန်လူတွေအတွက်က တစ်သက်လုံးပဲ..”

“ဒီနေ့‌တော့ မင်းရဲ့ကျောက်တိုင်လဲ တော်တော်မြင့်နေပြီ..ပေတစ်သန်းအထိ ရောက်အောင် ကြိုးစားရာမှာ မင်းကို နံရံနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေအကြောင်း ဘာမှ မပြောပြနိုင်တာ နှမြောစရာပဲ..ဒီမှာရှိတဲ့ ဥပဒေသတွေက ငါတို့အပေါ် ကန့်သတ်ချက်ထားတယ်..မင်းအောင်မြင်ပါစေလို့ ဆုတောင်းပေးတယ်”

ကျိုးခန်းက စုမင်ကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး သူ့ညာဘက်လက်ကို ကျောက်တိုင်ပေါ်တင်ပြီး ပျောက်ကွယ်သွားသည်။

စုမင်က သူ့ကျောက်တိုင်ကို ကြည့်လိုက်သည်။ သူ့ကျောက်တိုင်က ပေကိုးသိန်းကိုးသောင်းအမြင့်မှာ ရှိ၏။ နှစ်ခြောက်ဆယ်အတွင်းမှာ သူက သီးခြားနယ်မြေရှိ လူတိုင်းနီးပါးကို မြင်တွေ့ခဲ့ရသည်။ တစ်ခါတစ်ရံမှာ သူတို့က ထိုင်းမှိုင်းနေသောမျက်နှာများဖြင့် တစ်ခြားသူများ၏ကျောက်တိုင်ကို အသစ်ဝင်လာသူများနှင့် မြန်မြန်အစားထိုးသွားရန် မျှော်လင့်ကြသည်။ ဤနေရာက မည်မျှရက်စက်ကြောင်းဖော်ပြနေသော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

ကျောက်တိုင်ကို ပေတစ်သန်းအထိရောက်အောင်လုပ်နိုင်သူအချို့မှာ ပြင်ပလောကသို့ထွက်ခွင့် အနှစ်တစ်ထောင်ကြာချိန်ရလေသည်။ တစ်ချို့လူများက နှစ်ပြည့်သွားသောကြောင့် သီးခြားနယ်မြေသို့ပြန်လာကြသည်။ သူတို့က နတ်ဘုရားအနှစ်သာရကို ရယူရန် ဆက်လက်ကြိုးစားရမယ်ဆိုတာ ထင်ရှား၏။

စုမင်က ခေါင်းခါလိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ပြီး ကျောက်တိုင်ကို ကြည့်လိုက်သည်။သူ့ပတ်ဝန်းကျင်မှာ သူ့ကို အကဲခတ်နေသူအများကြီးရှိနေတာကို သတိထားမိသည်။ စုမင်က ထိုကဲ့သို့အကြည့်များကို ကျင့်သားရနေခဲ့သည်။

တခြားလူများနှင့် ယှဉ်လျှင် သူက ပုံရိပ်ယောင်ငါးဆင့်ကျင့်စဉ်လမ်းကြောင်းအတိုင်းလျှောက်လှမ်းရန် ရွေးချယ်ခဲ့သည်။ သူက တစ်ခြားသူများ၏အာရုံကို အလိုလိုဖမ်းစားနိုင်ခဲ့သည်။ ထို့ပြင် နှစ် ခြောက်ဆယ်အတွင်းမှာ အသစ်ဝင်လာသူများက တခြားအရာအားလုံးကို လျစ်လျူရှုပြီး သူ့ကို ချက်ချင်းတိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့် သူ လျစ်လျူရှုထားလျှင်တောင် လူတိုင်းက သူ့ကိုအာရုံစိုက်နေကြသည်။

ခဏအကြာတွင် သူ့ရှေ့ရှိကျောက်တိုင်ပေါ်မှာ ဝဲဂယက်ကြီးတစ်ခု ပေါ်လာသည်။ ထိုဝဲဂယက်က ကျယ်လောင်သော ပေါက်ကွဲသံများနှင့်လည်ပတ်နေချိန်မှာ

စုမင်၏ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန် မထင်မရှားဖြစ်ပြီး ပျောက်ကွယ်သွားသည်။

သူ့မြင်ကွင်း ရှင်းလင်းသွားသည့်အခါ သူ့အခြေတည်ဝိညာဉ်ကို နေရာတစ်ဝိုက် စစ်ဆေးရန်ခိုင်းစေခဲ့သည်။ ထိုအရာက နဂါးငွေ့တန်းတစ်ခုဖြစ်ပြီး သူနှင့်သိပ်မဝေးသောနေရာတွင် ကျင့်ကြံဂြိုလ်တစ်ခုရှိသည်။ ထိုကျင့်ကြံဂြိုလ်က ရွှေရောင်ဖြစ်ပြီး အလင်းတန်းများနှင့်တောက်ပနေသည်။

“ငါ့ရဲ့နတ်ဘုရားအနှစ်သာရကို ရယူလိုသူတွေဟာ သူတို့ရဲ့ ကျောက်တိုင်တွေကို ပေတစ်သန်းအထိ ရောက်အောင် လုပ်ချင်ရင် ဒီစမ်းသပ်မှုကို ဖြတ်သန်းရမယ်.. မင်းအောင်မြင်ရင်... ငါ့ရဲ့ နတ်ဘုရားအနှစ်သာရစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကို မင်းရရှိလိမ့်မယ်..မင်းမအောင်မြင်ရင် ဒုံရင်းပြန်ရောက်သွားလိမ့်မယ်...”

“မင်းရှေ့ကကျင့်ကြံဂြိုလ်က ငါ့ရဲ့ မွေးရပ်မြေပဲ..အဲဒီနေရာမှာ ငါ့ရဲ့နတ်ဘုရားအနှစ်သာရရှိတယ်..ဒါပေမဲ့ မင်း ဒါကို ရမရက မင်းရဲ့ကံကောင်းခြင်းပေါ်မှာပဲ မူတည်တယ်..”

လွန်ခဲ့သောအနှစ်ခြောက်ဆယ်က စုမင်နှင့်စကားပြောခဲ့သော စွေ့ချန်ကျစ်၏ရှေးဟောင်းအသံက စုမင်စိတ်ထဲမှာ တစ်ဖန်ပြန်ပဲ့တင်ထပ်လာသည်။

“ မင်း နတ်ဘုရားအနှစ်သာရကို ရအောင်လုပ်ဖို့..မင်းမှာရှိတဲ့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုနိုင်တယ်…”

စွေ့ချန်ကျစ်၏ရှေးဟောင်းအသံ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် စုမင်က သူ့ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးများက တောက်ပလင်းလက်လာသည်။ အထူးသဖြင့် သူ့ညာမျက်လုံးမှာရှိ ထပ်နေသောမှော်သင်္ကေတများက သူ့ကို ခန့်ညားသောအသွင်အပြင်ကို ပေးစွမ်းပြီး အလွန်ထူးဆန်းပုံပေါက်စေသည်။ သူ ရှေ့ကိုတစ်လှမ်းတိုးလိုက်စဉ် ကျင့်ကြံဂြိုလ်ဆီသို့ပြေးဝင်သွားသော ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

စုမင်၏အမြန်နှုန်းက ပိုပိုပြီးမြန်ဆန်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက နဂါးငွေ့တန်းတစ်ခုလုံးကို ဖြတ်ကျော်ပြီး ရွှေရောင်ကျင့်ကြံခြင်းဂြိုလ်ဆီကို နီးကပ်လာသည်။ ထိုအချိန်တွင် ကျင့်ကြံခြင်းဂြိုလ်ကနေ အစွမ်းထက်ပြီး အင်အားကြီးမားသောဖိအားတစ်ခု ပျံ့နှံ့သွားသည်။ ထို့နောက် ရွှေရောင်အလင်းတန်းက ရွှေရောင်ပင်လယ်နှင့်တူပြီး စုမင်၏အမြန်နှုန်းကို အလွန်လျော့နည်းစေသည်။

All Chapters