← Chapters

ရှေးခေတ်သိုင်းပညာအဖွဲ့အစည်း

Vol. 22 Ch. 295

ရှေးခေတ်သိုင်းပညာအဖွဲ့အစည်း

Vol. 22 Ch. 295

ရုပ်ရှင်ဇာတ်ကားအတွက် ကျင်းပသော သတင်းစာရှင်းလင်းပွဲလည်းအောင်အောင်မြင်မြင်ပြီးခဲ့ပြီဖြစ်သည်။ ယနေ့မှာလည်း ဖန့်ကြွယ်ယွီတစ်ယောက် ပရိတ်သက်များ တိုးခဲ့လေသည်။ စိတ်ပါလက်ပါအားပေးသော ပရိတ်သက်တချို့က အင်တာဗျူးကို ဖြတ်ညှပ်ကပ်ပြီး လိုင်းပေါ်တင်ကြသေးသည်။

ထိုဗီဒီယိုကလည်း လိုင်းပေါ်မှာ တမဟုတ်ချင်း နာမည်ကြီးလာခဲ့သည်။

ထိုအချိန်မှာပင် ဟောလိဝုဒ်နာမည်ကြီးအကျော်အမော် ဘရီလာတစ်ယောက် ရုတ်တရက် စိတ်ဖောက်ပြန် သွားသည်ဆိုသော သတင်းက ချက်ချင်းဆိုသလို ပျံ့နှံ့လာသည်။ ကျွမ်းကျင်သမားတော်များက သူသည် ရုတ်တရက် ထိတ်လန့်အံ့ဩခြင်းနှင့်ကြုံလာရချိန်တွင် စိတ်ကျန်းမာရေးချို့ယွင်းသည့်အခံကြောင့် စိတ်ဖောက် ပြန်သွားရသည်ဟု မှတ်ချက်ပြုကြသည်။ ပရိတ်သက်များက ဖန့်ကြွယ်ယွီနှင့် ပဋိပက္ခဖြစ်သော ဟောလိဝုဒ်အဖွဲ့သည် ဘရီလာပဲ ဖြစ်ရမည်ဟု မှတ်ချက်ပြုကြသည်။

ဘရီလာက တစ်သက်လုံးကြိုးစားပမ်းစား တည်ထောင်ထားခဲ့သော လုပ်ငန်းတစ်ခုက နေ့ချင်းညချင်း ပျက်စီးရသည့် အဖြစ်အပျက်အပေါ် ဘရီလာက စိတ်ထိခိုက်သွားသည်ဆိုတာ ပရိတ်သက်များက သဘောပေါက်သွားကြသည်။ သို့သော် ထိုကိစ္စများ၏ နောက်ကွယ်က ဖန့်ကြွယ်ယွီရှိနေသည်ဆိုတာ မည်သူမှ မရိပ်မိကြပေ

“ကျွတ် ကျွတ် သနားပါတယ်။ ဒါက ခင်ဗျားက ဒါရိုက်တာနဲ့မှ အပြိုင်အဆိုင်ဖြစ်ရတဲ့အကျိုးဆက်ပေါ့”

“နောက်တစ်ယောက်ခံရပြန်ပြီ။ ဒါက ခြေရာလက်ရာဖျောက်ပြီး လူသတ်မှုလုပ်လိုက်သလိုပဲ။ ဒီကောင်တွေက တရုတ်တွေဆို အနိုင်ကျင့်လို့ရမယ်ထင်နေတာကိုး”

“အားလုံးပဲ နောက်ဆိုသတိထားကြ။ သူနဲ့မှ သွားပြီး ငြိရင်တော့ ပြန်ရတဲ့ အကျိုးဆက်က မလွယ်ဘူး။ သူ့ကိုပေးရမဲ့ လျော်ကြေးဆိုတာလည်း သူ့အိတ်ထဲပဲရောက်သွားမှာ”

….

နောက်ရက်အနည်းငယ်မှာ ဘရီလာ၏နာမည်အောက်ရှိ လုပ်ငန်းခွဲများကို ရှယ်ယာရှင်ကြီးများက ခွဲဝေလိုက် ကြပြီး တရုတ်ဘက်မှာ လာရောက်ပြီး အမြောက်အမြားရင်းနှီးမြှုပ်နှံကြသည်။ ထိုရင်းနှီးမြှုပ်နှံမှုများကြောင့် တာ့ခ်လာမခန်သဲကန္တာရပရောဂျက်ကြီးက မြန်မြန်ဆန်ဆန်ပြီးလာခဲ့သည်။ မကြာခင်မှာ ထိုနေရာသည် ဟောလိဝုဒ်လိုမျိုး နာမည်ကြီးမြို့တစ်မြို့ ဖြစ်လာတော့မည်။

ဒီလိုနေရာမျိုးက လူသူမနေထိုင်သော သဲကန္တာရဖြစ်ဖူးခဲ့မည်ဆိုတာ မည်သူမှ မယုံနိုင်ပေ။

“တော်လိုက်တာ တော်တယ်ကွာ”

ဝမ်ချုံးက သူ့ဖခင်၏ အလုပ်စားပွဲမှာ ရှေ့မှာရပ်ပြီး ဖခင်ဖြစ်သူ ဝမ်လင်းကို ကြည့်နေသည်။

“ဖန့်ကြွယ်ယွီက တကယ့်စီးပွါးရေးပါရမီရှင်ပဲ”

“ပါးပါး ကျွန်တော်နားမလည်တာတစ်ခုရှိတယ်။ သူက ဒီပရောဂျက်အတွက် ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ အဲ့ပိုက်ဆံတွေက ဘယ်နှနှစ်လောက်ကြာမှ ပြန်ရလာမှာလဲ”

“မင်းက ဘာတွေသိလို့လဲ။မင်းက မိန်းမရှုပ်ဖို့ပဲသိတာ။ သူ့လိုလည်း အမြင်မကျယ်ပါ့လား”

“ငါသိသလောက်ဆို ဟောလိဝုဒ်ရုပ်ရှင်လောကတစ်ခုလုံး ဒီကိုဖြည်းဖြည်းချင်း ရွှေ့လာပြီ။ အခုလက်ရှိ အမြတ်က သူရင်းနှီးမြှုပ်နှံသလောက် မရသေးပေမဲ့ ငါးနှစ်ကနေ ဆယ်နှစ်အတွင်း အဲ့နေရာက ငွေတွင်းကြီး ဖြစ်လာမှာ”

ဝမ်လင်းက ဆက်ပြီးပြောသည်။

“သူက နိုင်ငံရဲ့ သဲကန္တာရ စီမံခန့်ခွဲမှုအတွက် လုပ်ဆောင်ပေးခဲ့တယ်။ ၁၀၀စတုရန်းကီလိုမီတာက သူ့အပိုင်ဖြစ် သွားပြီ။ အဲ့အတွက် သူကြိုက်တာ လုပ်လို့ရပြီ။ ဒီပမာဏက သူ့အတွက် သီးသန့်ပိုက်ဆံရှာပေးတဲ့ မြို့လေးတစ် မြို့စာလောက်ရှိတယ်။ သူရင်းနှီးထားတဲ့ ဘီလီယံနဲ့ချီတဲ့ ပမာဏက ရဖို့ခဲယဉ်းမယ်ထင်လား”

“ဒီကောင် အမြီးချောင်ခြောင်းနဲ့ မြေခွေးလိုပါလား”

၁၀၀စတုရန်းကီလိုမီတာ အကျယ်ကမြို့သေးသေးလေး တစ်မြို့စာပဲရှိသော်ငြား ထိုမြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အနေအထားက ကမ္ဘာ့အချမ်းသာဆုံးမြို့များနှင့် ယှဉ်နိုင်သည်။ ရရှိသည့်အခွန်တစ်ခုတည်းက အလွန်များပြားပြီး ဘေးပတ်ဝန်းကျင်ရှိမြို့များထိ နယ်ချဲ့နိုင်မည်။ ထိုစက်မှုလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းက ပြောမပြတတ်အောင် များပြားပေသည်။

“မင်းလည်း သူနဲ့ မိတ်ဆွေဖြစ်နေတာပဲ။ သူ့ဆီက စီးပွါးရေးအမြင်လေးဘာလေးသင်ပါဦး။

မဟုတ်ရင် နောက်ပိုင်းကျ ငါ့လုပ်ငန်းတွေကို မင်းလက်ထဲကို ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ အပ်နိုင်ပါ့မလဲ”

ဝမ်ချုံးက စိတ်ထဲမှ ပြောနေမိသည်။

“ဒါဆိုလည်း အရင်ဆုံး ကျွန်တော့်ကို ဘီလီယံနဲ့ချီတဲ့ ပိုက်ဆံတွေပေးပေါ့ဗျာ။ ဒီလောက်ကြီးတဲ့ ပရောဂျက်ကို ဒီကမ္ဘာမှာ သူ့အပြင် ဘယ်သူက လုပ်နိုင်မှာလဲ”

ဟောလိဝုဒ်ပြသနာလည်း မြန်မြန်ဆန်ဆန်နိဂုံးချုပ်ခဲ့လေပြီ။

….

ခုရက်ပိုင်းမှာ တရုတ်ပြည်၏ သိုင်းလောကအဖွဲ့အစည်းများကြားမှာ ရုတ်ရုတ်သည်းသည်းဖြစ်နေသည်။ သိပ်မကြာခင်ကပင် ယန်ဟွမ်အဖွဲ့က သူတို့ထံအကြောင်းကြားစာပို့လာခဲ့သည်။ ယန်ဟွမ်အဖွဲ့က အကြံပေးတစ်ဦးကိုခန့်အပ်ပြီး အဖွဲ့အသစ်ကိုတည်ထောင်ကာ စွမ်းအားရှင်များနှင့် သိုင်းသမားများကို တစ်ဖွဲ့ထည်းပေါင်းစည်းထားရှိမည့်အကြောင်းကို အကြောင်းကြားလာခဲ့သည်။

သိုင်းလောကအဖွဲ့အစည်းသည် သိုင်းလောကမိသားစုများနှင့် ဂိုဏ်းအသီးသီး ပူးပေါင်းကာ ဖွဲ့ထားခြင်းဖြစ်၏။

ထိုအဖွဲ့သည် သိုင်းလောကသားအချင်းချင်းရိုင်းပင်းကူညီဖို့အပြင် ပဋိပက္ခများဖြစ်ပွါးလာပါက ဖြေရှင်းပေးခြင်း နှင့် သိုင်းလောကသားများအကြား ပူးပေါင်းနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် သူတို့၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ စွမ်းအားရှင်များကို ဂရုမစိုက်ဘဲ ယန်ဟွမ်အဖွဲ့၏ ထိန်းချုပ်မှုမှ ကင်းလွတ်ကာ သီးသန့်ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံနှင့် သွားလိုသည်။ ထိုမှသာ သူတို့အဖွဲ့က လွတ်လွတ်လပ်လပ်နေထိုင်နိုင်ပေမည်။

ယန်ဟွမ်အဖွဲ့ခေါင်းဆောင်သည် အဆင့်ရှစ်စွမ်းအားရှင်တစ်ဦးဖြစ်ပြီးအလွန်တော်ပေသည်။ သိုင်းလောက အဖွဲ့ခေါင်းဆောင် စွန်းရှင်းဟယ်က နတ်ဘုရားဘုံ၏ ကနဦးအဆင့်မှာရှိနေသည်။ သူတို့အဖွဲ့ထဲမှာ မြင့်မြတ်သောနတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်မှာရှိနေသော လူကြီးမင်းတစ်ဦးရှိနေတာကို လူတစ်ချို့ကပဲ သိကြသည်။

သူတို့ခေါင်းဆောင်အပြင် ယန်ဟွမ်အဖွဲ့ထဲမှာ အဆင့်-၇ စွမ်းအားရှင်နှစ်ဦးလည်းရှိနေသည်။ သို့သော် သိုင်းလောက၏ အကြီးဆုံးဂိုဏ်းသုံးခု၏ အကြီးအကဲများကလည်း မြင့်မြတ်သောနတ်ဘုရားအသွင်ကူးပြောင်း ခြင်း အဆင့်မှာရှိနေကြသည်။ ထို့ကြောင့် တစ်ဖက်ကလည်း သုံးယောက် ရှိသလို တစ်ဖက်မှာလည်း သုံးယောက်ရှိနေသဖြင့် မျှခြေဖြစ်နေသည်ဟု ဆိုနိုင်သည်။ သိုင်းလောက အဖွဲ့အစည်းကြီး၏ တည်နေရာသည် လင်လန်တောင်ကြားမှာရှိပြီး ခွင့်ပြုချက်မရရှိပါက ဝင်ထွက်သွားလာခွင့်မရပေ။

ထိုတောင်ကြားသည် နတ်ပြည်နှင့် အလားသဏ္ဍာန်တူနေပြီး မြူခိုးများက အုံ့စိုင်းနေသည်။ ထိုနေရာရှိအဆောက် အအုံများက ရှေးခတ်ပုံစံဖြစ်ကြသည်။

ထိုတောင်၏ ထိပ်တွင် သိုင်းလောကအဖွဲ့၏ ဌာနချုပ်ဖြစ်သည့် သစ်သားပုံအဆောက်အအုံတစ်လုံးရှိသည်။ အသက် ၁၀၀ကျော်ပြီဖြစ်သောသိုင်းလောကသားများကလည်း အသက်ငါးဆယ်အရွယ်အလား အရွယ်တင်နုပျို သည်။ သူတို့သည် အဖွဲ့၏ အကြီးအမှူးများဖြစ်ကြပြီး ယန်ဟွမ်အဖွဲ့၏ ရုတ်တရက်လုပ်ဆောင်ချက်အပေါ် တုံ့ပြန်ရန် ခေါင်းချင်းဆိုင်နေကြသည်။

အကြီးအမှူးများက သိုင်းလောက နာမည်ကြီးမိသားစုများ၏ ခေါင်းဆောင်များနှင့် သိုင်းလောကဂိုဏ်း ခေါင်းဆောင်များ ပါဝင်သည်။

“ယန်ဟွမ်မှာအဆင့်မြင့် စွမ်းအားရှင်တစ်ဦးဦးများ ရှိလာတာများလား”

“မဖြစ်နိုင်တာ။ ငါတို့လူတွေလည်း ယန်ဟွမ်မှာရှိနေတာပဲ။ ခုချိန်ထိ ဟိုမိန်းမအပါအဝင် အဆင့်-၇ အထက် စွမ်းအားရှင် ၃ ဦးပဲရှိသေးတာလေ”

“ဒါဆိုဘာလို့လဲ။ ဒီတိုင်းနေနေတာ ၁၀စုနှစ် တစ်ခုကျော်ခဲ့ပြီလေ။ ငါတို့ကို ဖီဆန်ဖို့ ဘယ်ကသတ္တိတွေ ရလာကြတာလဲ”

“ဟိုမိန်းမက အဆင့်-၉ကို ရောက်သွားတာများလား”

“ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ အဲ့မိန်းမလား အဆင့်-၉ကို ရောက်သွားရင် သူ့စိတ်နဲ့သာဆို ခုလိုထိ စောင့်နေမှာမဟုတ်သလို ငါတို့နဲ့ ညှိနှိုင်းဖို့ အကြံပေးလည်း လွှတ်မှာမဟုတ်ဘူး”

“သူတို့ဆီမှာ အဆင့်-၇ စွမ်းအားရှင်တစ်ဦး ထပ်တိုးလာလည်း ကြောက်စရာတော့မရှိပါဘူး။ ငါတို့ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ကျီဝေအိမ်တော်က ခေါင်းဆောင်ကလည်း မြင့်မြတ်သောနတ်ဘုရားအသွင် ကူးပြောင်းခြင်းအဆင့်ကို မနှစ်ကတည်းက ဖြတ်ကျော်နိုင်ခဲ့ပြီလေ”

“တကယ်လား”

ထိုစကားကိုကြားမှပဲ အားလုံးလည်း စိတ်အေးရတော့သည်။ မြင့်မြတ်သောနတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်မှာရှိနေသောသိုင်းသမားက စွမ်းအားရှင်ထက်တော့ မနိမ့်ပေ။

“အမှန်ပဲ”

“ကောင်းတယ်။ ဒါဆို ဘာကိုကြောက်စရာလိုမှာလဲ။ အခုဆို ငါတို့မှာ မြင့်မြတ်သောနတ်ဘုရားအသွင် ကူးပြောင်းခြင်းအဆင့်မှာရှိတဲ့ သိုင်းသမားလေးဦးရှိနေပြီ။ သူတို့လာလည်း ငါတို့ကလက်ဗလာချည်းနဲ့ ပြန်ခုခံလည်း အသာလေးနိုင်တယ်”

“ခေါင်းဆောင် အခုလေးပဲမိုးပေါ်က သေတ္တာတစ်လုံးကျလာတယ်”

သိုင်းလောကဂိုဏ်းသားတစ်ဦးက လက်ထဲမှာ စတုရန်းပုံ သေတ္တာလေးတစ်လုံးကိုကိုင်ပြီး ဝင်လာသည်။

“ဒါကိုမြင်ဖူးတယ် ခုခေတ်လူငယ်တွေက လေပေါ်ကနေချတဲ့ဟာလို့ ခေါ်ကြတာလေ”

“ခေါင်းဆောင် မြန်မြန်လေးဖွင့်ပြီး ကြည့်ကြည့်ပါဦး”

ခေါင်းဆောင်က သေတ္တာကိုဖွင့်ကြည့်သောအခါ အထဲမှာ စာတစ်စောင်ကိုတွေ့ရသည်။

“ဒါက တရုတ်ပြည်က ယန်ဟွန်အဖွဲ့ရဲ့ အကြံပေးဖြစ်သူကပို့လိုက်တာပါ။ နောက်သုံးရက်အတွင်း အဲ့ကိုရောက်မယ်ဆိုတာ ကြိုတင်အသိပေးတာပါ”

သိုင်းလောကအဖွဲ့အကြီးအမှူးများက တစ်ဦးကိုတစ်ဦးကြည့်ကာ သံပြိုင်ရွတ်ကြသည်။

“သူတို့ရောက်လာကြတော့မှာပေါ့”

All Chapters