ဝင်္ကပါ
Vol. 22 Ch. 297
မနက် ၁၀နာရီအချိန်တွင် ဖန့်ကြွယ်ယွီက စွမ်းအားရှင် အယောက် ၃၀ နှင့် အားကောကို ခေါ်ချလာပြီး လန်ယာတောင်ခြေသို့ ရောက်ရှိလာသည်။ သူက တောင်ထိပ်ကိုလှမ်းကြည့်သည်။ တောင်က အတော်လေး မတ်စောက်ပြီး အမြင့်ဆုံးတောင်ထွတ်သည် မီတာ၂၀၀၀ကျော်ရှိမည်ဟု ထင်ရသည်။
“အကြံပေး..ဒါက သိုင်းလောကအဖွဲ့အစည်းရှိနေတဲ့ လန်ယာတောင်ပါ”
စွမ်းအားရှင် တစ်ဦးက ပြောသည်။
“မင်းတို့ထဲက ဒီကိုရောက်ဖူးတဲ့လူများရှိလား”
ဖန့်ကြွယ်ယွီက မေးသည်။
အားလုံးက ခေါင်းခါပြသည်။ ယန်ဟွမ်အဖွဲ့ဥက္ကဌက ဒီနေရာကို လွန်ခဲ့သည့် ၁၀နှစ်တုန်းက တစ်ကြိမ်ရောက် ဖူးခဲ့သည်။ထိုအချိန်မှာ သူတို့တွေက စွမ်းအားရရန်ကျင့်ကြံနေတုန်းမို့ မလိုက်လာခဲ့ကြပေ။
“ဒါပေမဲ့ ကြားဖူးတာတော့ တစ်ခုရှိပါတယ်။ ဒီတောင်မှာ ထူးဆန်းတဲ့အစီအရင်တွေနဲ့ စက်တွေ တပ်ထားတယ် ဆိုပဲ။ ပြင်ပက လူတစ်ဦးဦးများ ဝင်လာခဲ့ရင် တောင်ရဲ့ တစ်ဝက်လောက်တောင် မရောက်ခင်မှာ အဖမ်းခံရတာ ဒါမှမဟုတ်ထောင်ချောက်ထဲ ပိတ်မိတယ်လို့ ပြောကြတယ်”
“အင်း မိုက်တာပေါ့”
သူ၏ နတ်ဘုရားအကယ်ဒမီ ပြင်ပတွင် မည်သည့်ထောင်ချောက်မှ မဆင်ထားသည့် အဖြစ်ကို ဖန့်ကြွယ်ယွီက အမှတ်ရသွားသည်။
“ကဲ ဘာမှ စိတ်မပူကြနဲ့။ တက်ကြမယ်။ ဘယ်ထောင်ချောက်ကများ ငါတို့ကို ဖမ်းနိုင်မှာလဲ”
“ဟား အကြံပေးပြောတာမှန်ပါတယ်။ ကိုယ့်ကိုကိုယ် SSSအဆင့်မှာရှိနေတဲ့ စွမ်းအားရှင်မဟုတ်တော့ဘူးဆိုတာ မေ့သွားတယ်”
နှစ်လကြာလေ့ကျင့်ပြီးနောက် စွမ်းအားရှင်သုံးဆယ်ဦး၏ အခြေခံအဆင့်သည် အဆင့်-၂စွမ်းအားရှင် အနေအထားမှာ ရှိနေကြသည်။နတ်ဘုရားဘုံအဆင့်မှာရှိနေသော သိုင်းသမားများနှင့်တောင် ယှဉ်ပြိုင်ပြီး တိုက်ခိုက်နိုင်သည်။
သို့သော်လည်း တစ်ဖက်အဖွဲ့တွင် နတ်ဘုရားဘုံအဆင့်မှာရှိနေသော သိုင်းသမား ဘယ်နှဦးများရှိနေမည်နည်း။ သူတို့ကထိုအကြောင်းကို ဖုံးကွယ်ထားသော်လည်း သူတို့အဖွဲ့မှာ နတ်ဘုရားဘုံအဆင့်တွင် ရှိနေသော သိုင်းသမား ၂၀ဦးတောင် မရှိဘူးဆိုတာ ဖန့်ကြွယ်ယွီက သိနေသည်။ဤ စွမ်းအားရှင်အယောက် ၃၀၏ တိုက်ရည်ခိုက်ရည်နှင့်ဆို လန်ယာတောင်ကို ပြားသွားအောင်ပင် လုပ်နိုင်သည်။
“ဒါပေမဲ့ အကြံပေးဖန့် ငါတစ်ခုလောက်မေးပါရစေ”
“မေးပါဗျာ”
“ငါတို့က ဒီကို ခေါင်းဆောင်ရဲ့ အမိန့်ကို ကျေပွန်အောင်လုပ်ဖို့ ရောက်နေကြတာ။ ဘာလို့ ဒီခွေးကို ခေါ် လာရတာလဲ။ တိုက်ရင်းခိုက်ရင်းနဲ့ ခွေးလေးထိခိုက်သွားမှာ မစိုးရိမ်ဘူးလား”
“ဪ မင်းပြောချင်တာသိတယ်။ အားကောလေးက အိမ်မှာနေရတာ ပျင်းနေပြီ။ ဒါကြောင့်မို့ အပြင်ကိုလည်းထွက်ရင်း လေကောင်းလေသန့်လေးလည်းရအောင် သူ့ကိုခေါ်လာတာ။သူ့အတွက် စိတ်မပူနဲ့။ သူက နေတတ်ပါတယ်”
အားကောက ခြောက်လအရွယ်ရှိပြီးခွေးကြီးတစ်ကောင်အရွယ်အစားရှိနေပြီဖြစ်သည်။ သူ၏ အမွှေးများက နက်ပြောင်နေပြီး မျက်လုံးက ခရမ်းရောင်ရှိသည်။ သေချာကြည့်ပါက သူက သာမန်ခွေးတစ်ကောင်နှင့် လုံးဝမတူပေ။
ဖန့်ကြွယ်ယွီက လျှို့ဝှက်စွမ်းအားရှင်အလယ်အလတ်အဆင့်မှာရောက်ရှိနေပြီဖြစ်သော်လည်း အားကောနှင့် ကစားပါက သူ၏ အမြန်နှုန်းကိုမလိုက်နိုင်ပေ။
“အားကော အရင်သွားပြီ ကင်းထောက်ကြည့်”
“ဝုတ်”
သူက တစ်ချက်ပြန်ဟောင်ရင်း ဖန့်ကြွယ်ယွီကို ကြည့်နေသည်။
အားကော၏ တုံ့ပြန်ပုံက ဖန့်ကြွယ်ယွီကကိုယ်တိုင်မကြည့်ဘဲ သူ့ကိုဘာကြောင့်လွှတ်လဲဟု မေးနေသည့် ပုံတူသည်။
“မင်းကိုယ်မင်းလည်း ပြန်ည့်ပါဦး။ ဒီလောက်ဝနေတာ။ အဲ့လိုဆက်ပြီးပျင်းနေရင်ဝက်ဖြစ်လာတော့မယ်”
“သွားပါ ငါမင်းကို ဝက်အူချောင်းကျွေးမယ်”
ဝက်အူချောင်းဟူသော အသံကိုကြားရချိန်တွင် အားကောက ချက်ချင်း မြေပြင်ပေါ်မှ ထလာသည်။ သူ့အတွက် ဆေးလုံးများက အရသာရှိပြီး အစွမ်းထက်သော်လည်း ဝက်အူချောင်းက အရသာအရှိဆုံးဖြစ်၏။
ခဏအကြာမှာ အားကောက အမြီးလေးနန့်ပြီး ပြန်ရောက်လာသည်။
“အရှေ့မှာ အန္တရယ်ရှိလား”
ဖန့်ကြွယ်ယွီကမေးသည်။
“ဝုတ် ဝုတ်”
အားကောက ခေါင်းခါပြသည်။ ထို့နောက် လျှာကိုထုတ်ပြရင်း ဖန့်ကြွယ်ယွီကျွေးမည့်အရာကို တောင်းနေသည်။
“အင်းပါ ရော့ မင်းအတွက်”
ဖန့်ကြွယ်ယွီက အိတ်ကပ်ထဲမှ ဝက်အူချောင်းကိုထုတ်ရင်း အားကောကိုကျွေးသည်။
ဝက်အူချောင်းက လေထဲကိုမြောက်သွားချိန်တွင် အားကောက လှမ်းပြီးဖမ်းကာ တစ်ကိုက်တည်းစားပစ်သည်။
“ဒီခွေးက တစ်ခုခုပဲ”
အားကောကို စွမ်းအားရှင်များက တအံ့တဩကြည့်နေကြသည်။ အကြံပေး၏
ခွေးဖြစ်တာမို့ တစ်ခုခုတော့ ထူးခြားနေရမည်။
“ကဲ ကြည့်မနေကြနဲ့။ ဒီကောင် ဥာဏ်ကောင်းပေမဲ့ အချိန်တိုင်းပြသနာရှာနေတာ။ ငါ့မှာ သူ့ပြသနာတွေကိုလိုက်ရှင်းရတာ မနည်းမနောပဲ”
“ကဲ သွားကြစို့။ ဒီကိစ္စကို ဒီနေ့အပြတ်ဖြတ်ကြတာပေါ့။ အပြန်ကျ မင်းတို့ကို ငါ ညနေစာကောင်းကောင်း ဝယ်ကျွေးပါ့မယ်”
ဖန့်ကြွယ်ယွီက အရှေ့က ဦးဆောင်ပြီးခေါ်သွားသည်။
လမ်းကြောင်းက ချောမွေ့နေပြီး မည်သည့်ထောင်ချောက်မှ မတွေ့ရပေ။ ပေ ၃၀၀အမြင့်မှာ တောင်လမ်းကြောင်းက ရုတ်တရက်ဆိုသလို ချယ်ရီပင်တောထဲကို လမ်းပြနေသည်။
“အကြံပေး ဒီတောင်က အတော်လေးထူးဆန်းတယ်။ ဩဂုတ်လတောင်ရောက်နေပြီ။ အခုထိ ချယ်ရီပန်းတွေ ပွင့်နေတုန်းပဲ”
သို့သော် သူတို့၏ လက်ချောင်းများက ချယ်ရီပန်းကို ထိလိုက်ချိန်တွင် ချယ်ရီပန်းများက ရုတ်တရက်ပေါက်ကွဲ ထွက်လာသည်။ ပွင့်ဖတ်များက ချွန်ထက်သော ဓားအသွင် နေရာအနှံ့ကိုလွင့်စင်ထွက်လာသည်။ထိုအချိန်မှာ ချယ်ရီပင်၏ ကိုင်းများဆီမှ မီးခိုးလုံးကြီးထွက်လာသည်။
“ဂရုစိုက်ကြ ထောင်ချောက်ဟေ့”
ဖန့်ကြွယ်ယွီက အော်လိုက်သည်။
“ပြန်ဆုတ်ကြ”
ကံကောင်းထောက်မစွာဖြင့် သူတို့အဖွဲ့သည် ချယ်ရီတောထဲမှ အချိန်မီပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်။
စွမ်းအားရှင်များ၏ ကိုယ်ပေါ်တွင် ဓားချက်များကြောင့် ဒဏ်ရာရကုန်သည်။ ထိုဒဏ်ရာများက သူတို့၏ အစွမ်းများကြောင့် ချက်ချင်းပြန်သက်လာသည်။ သို့သော် အဆိပ်မိသွားကြသဖြင့် ဒဏ်ရာများဆီမှဆိုးဆိုးဝါးဝါး အနံ့များထွက်လာသည်။
“အဆိပ်ဖြေဆေးသောက်ကြဦး”
ဖန့်ကြွယ်ယွီက သူတို့ကို ဖြေဆေးပုလင်းပေးသည်။ သူ့အတွက် ဒီအဆိပ်လောက်က ဘာမှ မပြောပလောက်ပေ။
သူက အားကောကိုတစ်ချက်ကြည့်လိုက်သည်။
“သုံးစားမရတဲ့ကောင်..မင်းပြောတော့ အန္တရာယ်ကင်းတယ်ဆို။ အခုက ဘာလဲ”
“ဝုတ်ဝုတ်”
သူက အရှေ့လက်တစ်ချောင်းကို မြှောက်ပြပြီး ကျောက်တုံးပေါ်မှာစွန်းနေသော ကျင်ငယ်ရည်ကို ညွှန်ပြသည်။
အားကောက ဒီနေရာကိုလာကြည့်ခဲ့တာကို အမှတ်အသားသဘောဖြင့် သေးပေါက်ခဲ့ခြင်းဖြစ်၏။ သူစစ်ခဲ့သော နေရာက လုံခြုံသည်ဟု သက်သေပြနိုင်သည်။ ဒီနေရာမဟုတ်သော တခြားနေရာ၏ လုံခြုံမှုအတွက် သူကတာဝန်မရှိပေ။
“ဒီလောက်ပျင်းတဲ့ခွေး။ လမ်းနည်းနည်းလေးထပ်လျှောက်ပြီးစစ်တော့ ဘာဖြစ်သွားမှာမလို့လဲ”
“ဆရာဟွမ်ဆီက ချီမင်သိုင်းကို သင်ခဲ့ရမှာကွာ”
ဖန့်ကြွယ်ယွီက အစီအရင်၊ထောင်ချောင်များနှင့် ပတ်သက်ပြီးသူကမသိနေသည့်အပေါ် အခုမှ နောင်တရမိသည်။
“အကြံပေး ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ”
စွမ်းအားရှင်များ၏ ဒဏ်ရာက သက်သာနေသော်လည်း လမ်းကြောင်းတစ်လျှောက် မီးခိုးများဖုံးနေပြီး မမြင် နေရပေ။ ဤချယ်ရီတောအလွန်မှာ မည်သည့်ထောင်ချောက်ရှိနေမလဲဆိုတာ ဘယ်သူမှ မသိကြပေ။
“ရုံးချုပ်ကိုလှမ်းပြီး ငါတို့ကို တောင်ထိပ်ထိခေါ်သွားဖို့ လှမ်းပြောရမလား”
“မရဘူးလေ။ ဒီနေရာကို လေယာဉ်ရောက်လာလည်း ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ဒီနေရာမှာ အားပြင်းတဲ့ လျှပ်စစ်သံလိုက်ကွင်းရှိတာကိုး”
သူက ထိုအကြောင်းကိုတွေးမိချိန်တွင် လေယာဉ်ပေါ်မှာ နေရောင်ခြည်သုံးဓာတ်ပေါင်းဖို တည်ဆောက်ရန် တွေးမိသေးသည်။
အမြင့်မှာ သူတို့ကို ချပေးလျှင်လည်း မြေပြင်ပေါ်မရောက်ခင် သိုင်းပညာရှင်အဖွဲ့က သူတို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ပေမည်။
“ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ”
“လွယ်ပါတယ်။ ဒီကမ္ဘာမှာ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ အရာတွေအတွက် ခေါင်းရှုပ်မခံနေဘူး”
ဖန့်ကြွယ်ယွီက တောဆီသို့ ထွက်လာခဲ့သည်။