← Chapters

ရှန်းကွမ်အဖွဲ့က ရပိုင်ခွင့်များစွာနဲ့ ကမ်းလှမ်းနေတယ်

Vol. 22 Ch. 298

ရှန်းကွမ်အဖွဲ့က ရပိုင်ခွင့်များစွာနဲ့ ကမ်းလှမ်းနေတယ်

Vol. 22 Ch. 298

“အား”

ဘေးနားမှာရှိနေသော ခြုံပုတ်ထဲမှ အော်သံတစ်သံကြားရ၏။ ဖန့်ကြွယ်ယွီက အဖြူရောင်ဝတ်ရုံဝတ်ထားသော လူငယ်ကို ခြံပုတ်ထဲမှ ဆွဲထုတ်ပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။

“ဒီနားမှာတစ်ယောက်ယောက်ရှိနေတာပဲ”

ထိုလူ၏ အစွမ်းသည် အလယ်အလတ်အဆင့်လောက်ပဲရှိသေးသည်။ စွမ်းအားရှင် အယောက် (၃၀) ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို သတိမထားမိကြပေ။

“အံ့ဩစရာတော့မရှိပါဘူး။ သူ့ရဲ့ ကိုယ်ယောင်ကိုယ်ဝါဖျောက်ထားဖို့ ဆေးသောက်ထားတာ”

သူတို့၏ အစွမ်းကို တိုးတက်အောင် ကျင့်ကြံနေသောစွမ်းအားရှင်များတွင် အားနည်းချက်တစ်ခုရှိသည်။ သူတို့၏ အစွမ်းကိုတိုးတက်အောင်ကျင့်ကြံနေကြချိန်တွင် အနည်းစုသာ ကိုယ်ခံပညာကို သင်ကြားနိုင်သည်။

သို့သော် ဖန့်ကြွယ်ယွီက သူတို့နှင့်မတူပေ။ သူ၏ အမြင်နှင့် စိတ်တန်ခိုးကြောင့် သာမန်စွမ်းအားရှင်နှင့် ယှဉ်ပါက ဆယ်ဆပိုပြီး ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်နိုင်သည်။ ထို့အပြင် ကိုယ်ခံပညာနှင့် သိုင်းပညာကိုလည်း

စိတ်ကြိုက်သင်ကြားနိုင်သည်။ ထို့ကြောင့် ထိုလူက ဆေးသောက်ပြီး ကိုယ်ယောင်ဖျောက်ထားသော်လည်း သူ့လက်က မလွတ်နိုင်ပေ။

လူအယောက် ၃၀၏ ဝိုင်းထားခြင်းကို ခံရသော လူက ကြောက်လန့်ပြီး တစ်ကိုယ်လုံးတုန်ရီနေသည်။ ဤလူအယောက် ၃၀အတွင် သူ့ကိုအပြတ်ရှင်းရခြင်းက ပုရွတ်ဆိတ်တစ်ကောင်ကို သတ်သလောက်ပင် လွယ်ကူ၏။သူတို့၏ ဘေးနားမှာရှိနေရသော ဖိအားနှင့်ပင် သူ့ကို သေစေနိုင်သည်။

“ဟေး မင်းက ဘာတွေကြောက်နေတာလဲ။ ငါတို့က ခေါင်းဆောင်က လွှတ်လိုက်တဲ့ အဖွဲ့ပါ။ သူခိုးဓားပြ မဟုတ်ပါဘူး။ မင်းက ငါတို့ပြောတာကို လုပ်မယ်ဆိုမင်းကို ဘာမှ မလုပ်ပါဘူး စိတ်ချ”

ဖန့်ကြွယ်ယွီက ထိုလူကို ကြည့်ပြီးပြောသည်။

“မင်းတို့က သူခိုးနဲ့ မတူတာ ဘာများရှိလို့လဲ”

ထိုလူက ဒေါသတကြီးပြောသည်။ ဖန့်ကြွယ်ယွီမှ လွဲပြီး ကျန်လူများက သူခိုးဓားပြနှင့် မခြားနားပေ။

သူပြောတာလည်းမမှားပေ။ စွမ်းအားရှင်များ၏ ကိုယ်ရေးနောက်ကြောင်းကိုကြည့်ပါက တစ်ဦးနှင့် တစ်ဦးမတူကြပေ။ တချို့က ပညာတတ်အသိုင်းအဝိုင်းမှ လာကြသလို တချို့က စျေးသည်၊အသားသည် စသည့် အောက်ခြေအသိုင်းအဝိုင်းမှ လာကြသည်။

သူတို့မှာ တူညီဝတ်စုံဟူ၍ သတ်သတ်မှတ်မှတ်မရှိဘဲ အဆင်ပြေသလို ဝတ်ဆင်ကြသည်။

“ကောင်းပြီ။ မသိချင်ယောင်ဆောင်မနေပါနဲ့တော့။ ငါတို့က ယန်ယွမ်အဖွဲ့က လွှတ်လိုက်တဲ့ လူတွေဆိုတာ မင်းသိပါတယ်။ ငါတို့ဒီကိုလာရတဲ့ အကြောင်းပြချက်လည်း မင်းသိပြီးသားပဲလေ။ အချိန်တွေမဖြုန်းချင်ဘူးကွာ။ ရှေ့မှာ ဘယ်လိုထောင်ချောက်နဲ့ အစီအရင်တွေရှိနေလဲဆိုတာ ငါတို့ကိုပြောပြ။ ငါ ခေါင်းဆောင်ကို ဒီအကြောင်းပြောပြပြီး မင်းကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးမယ် ဟုတ်ပြီလား”

“သေလိုက်ပါ့လား။ သိုင်းသမား နဲ့ စွမ်းအားရှင်ဆိုတာ တစ်သက်လုံးရန်သူတွေပဲ။ တရုတ်လူမျိုးဖြစ်နေလို့ မျက်နှာမပျက်ချင်လို့ ငြိမ်နေကြတာ။ မင်းတို့ကို ငါက လမ်းပြခေါ်သွားမယ်ထင်နေလား။ ဆုတောင်းလေ”

“မင်းက တကယ့်ခေါင်းမာတဲ့ကောင်ပဲ။ မင်းက စကားကို လက်လွယ်စပယ်လည်း တယ်ပြောသကိုး”

“အကြံပေး.. ဒီကိစ္စကိုကျွန်တော်လုပ်လိုက်မယ်။ ဒီကောင် ပြောထွက်လာအောင် လုပ်ပြမယ်”

“ဒီကောင် ဒီလောက်ခေါင်းမာနေတာ။ ရိုက်နှက်ပြီးပြောထွက်လာအောင် လုပ်ပစ်ကွာ”

“ဟေး မင်းရှေ့မှာရှိနေတဲ့လူကိုသိလား။ ခေါင်းဆောင်ကိုယ်တိုင်က အသိအမှတ်ပြုပြီးခန့်ထားတဲ့ဂုဏ်ထူးဆောင် အကြံပေးကွ မင်းသိရဲ့လား။ အေးအေးဆေးဆေးပြီးသွားအောင် ငါတို့မေးတာ ဖြေစမ်းပါ”

စွမ်းအားရှင်များသည် ယန်ဟွမ်အဖွဲ့ခေါင်းဆောင်နှင့် ဖန့်ကြွယ်ယွီတို့၏ အမိန့်မှလွဲပြီး မည်သည့်အမိန့်ကိုမှ မနာခံကြပေ။ ဖန့်ကြွယ်ယွီက သူတို့ကို နှစ်လကြာလေ့ကျင့်ပေးပြီးနောက် ဖန့်ကြွယ်ယွီအား အလွန်အမင်း လေးစားသွားကြ၏။ သူတို့ လေးစားရသောလူကို မည်သူစော်ကားတာမျှ လက်မခံချင်ပေ။

“ဟုတ်ပြီ မင်းတို့လုပ်တာ လူဆိုးဂိုဏ်းနဲ့တူနေပြီ။ ငါပဲလုပ်လိုက်တော့မယ်”

ဖန့်ကြွယ်ယွီက သူတို့ကို တွန်းထုတ်လိုက်သည်။

“ငါ့နည်းငါ့ဟန်နဲ့ မင်းကိုရှင်းပစ်တာ ခံချင်လို့လား”

“မင်း…မင်း ဘာလုပ်မလို့လဲ။ ငါပြောပြီးပြီနော် မင်းတို့ ငါ့ကိုသစ်ပစ်ရင်တောင်မှ မင်းတို့ကို မခေါ်သွားပေးနိုင်ဘူး”

“မဟုတ်ပါဘူး။ ငါဆိုလိုချင်တာက ဒီကမ္ဘာမှာ ပိုက်ဆံနဲ့ မဖြေရှင်းနိုင်တာ မရှိဘူးလို့”

ဖန့်ကြွယ်ယွီက စက္ကူစာရွက်တစ်ရွက်ကိုထုတ်ပြီး တစ်စုံတရာကို ရေးနေသည်။

“အကြံပေးက ဘာလုပ်နေတာလဲ”

“မသိဘူး။ ဒါပေမဲ့ အကြံပေးက သူ မပိုင်တာ ဘာမှမလုပ်တာ သေချာတယ်”

“သနားစရာပဲ ကျွတ်ကျွတ်..ဒီကောင် ငါတို့ခိုင်းသလိုလုပ်ရင် ပြီးနေတာကိုကွာ”

“ရပြီ”

ဖန့်ကြွယ်ယွီက စာရွက်ကို ထိုလူထံ ပေးလိုက်သည်။

ရှန်းကွမ်အဖွဲ့က အကျိုးအမြတ်များများပေးပြီး ဝန်ထမ်းအသစ်များကို ခန့်အပ်နေသည်။ ယန်ဟွမ်အဖွဲ့၏ အောက်တွင်ရှိပြီး သီးခြားရပ်တည်နေသော ရှန်းကွမ်အဖွဲ့သည် ဝန်ထမ်းအသစ်များစွာကို ခန့်အပ်နေပါသည်။

အကျိုးအမြတ်များကတော့ ဝန်ထမ်း၏ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းပေါ်မူတည်ပြီး ပေးအပ်မှာဖြစ်ကာ ဘောနပ်စ်များစွာလည်း ပေးမှာဖြစ်ပါသည်။

နှစ်စဉ် ဒေါ်လာနှစ်သန်းဘောနပ်စ်၊ ကိုယ်ခံပညာအားကောင်းစေသောဆေးများနှင့် အဆင့်-၅ ကိုယ်ခံပညာသိုင်းကျမ်းတို့ပါဝင်သည်။

“အကြံပေးက သူ့ကို ကမ်းလှမ်းနေတာလား”

“ဒါပေါ့”

“မင်းတို့အဖွဲ့ကရော ငါပေးသလောက်ပေးနေလား။ မင်းကို ကိုယ်ခံပညာအားကောင်းစေတဲ့​ဆေးနဲ့ သိုင်းကျမ်းတွေပေးလား။ ဒီအဖွဲ့က အခုမှ ဖွဲ့တာဆိုတော့ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုတယ်။ နောင်လာမည့်နှစ်တွေမှာ အခုလိုအခွင့်အလမ်းတွေရှိမှာမဟုတ်ဘူး”

“ဘာလဲ မင်းက ငါပြောတာမယုံဘူးလား”

ဖန့်ကြွယ်ယွီက ပြောရင်းဆိုရင်း ဆေးလုံးများကို သူ၏ရှေ့တွင် ချပေးလိုက်သည်။

“ငါတို့က ယန်ဟွမ်အဖွဲ့ကပါ။ မင်းကို ငါတို့က မလှည့်စားပါဘူး။ တွေ့လား ဒီဆေးတွေက အဆင့်-၂ ဆေးတွေ”

“ဝိုး..အကျိုးအမြတ်ပေးတာမိုက်လှချည်လား”

“တကယ်တော့ ယန်ဟွမ်အဖွဲ့မှာလုပ်တာက တစ်နှစ်ကို သိန်းနဲ့ချီပြီးရတယ် ဆိုပေမဲ့ ဘောနပ်စပ်ကတော့ မနည်းမနောပဲ။ ကိုယ်ခံပညာမြှင့်တင်တဲ့အားဆေးကိုပဲကြည့်ပါလား”

“ဘောနပ်စ်နှစ်သန်းတောင်ပေးတာ။ အစိုးရဝန်ထမ်းတောင် အဲ့လောက်မရဘူး”

“အကြံပေးကတော့ အကြံပေးပီသပါတယ်။ သုံးသွားတဲ့ အကွက်လေးက အရမ်းလှတယ်”

ဖန့်ကြွယ်ယွီက ထိုလူကို ကြမ်းကြမ်းရမ်းရမ်းကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟုအစတုန်းက ထင်ခဲ့ကြသည်။ သို့သော် ဖန့်ကြွယ်ယွီက မတူညီသည့်နည်းလမ်းကိုသုံးကာ လူငယ်လေးအားဆွဲဆောင်သည်။

ထိုလူက ခေတ္တခဏငြိမ်ပြီးစဉ်းစားနေသည်။ သူတို့၏ သိုင်းလောကအဖွဲ့အစည်းတွင် အမှန်တကယ် ကောင်းစားသူများက ထိပ်ပိုင်းအဖွဲ့ဝင်များဖြစ်ကြသည်။ သိုင်းလောကအဖွဲ့များက ငွေကြေးဓနအင်အား တောင့်တင်းကြသော်လည်း မိသားစုကောင်းကျိုးနှင့် တပည့်များကို သိုင်းပညာသင်ကြားရေးအတွက်သာ အသုံးများသည်။

“ငါက တကယ်မင်းတို့နဲ့ ပူးပေါင်းလျှင် မင်းပြောတဲ့အတိုင်းတကယ်ရမှာလား”

နှစ်သန်းဆိုသောပမာဏသည် သူက အနှစ်၂၀လုံးလုံးကြိုးစားပြီး အလုပ်လုပ်မှသာ ရနိုင်မည်။

“မင်းဘက်က အိုကေပြီဆို အခုပဲ စာချုပ်မှာလက်မှတ်ထိုးလို့ရတယ်”

ဖန့်ကြွယ်ယွီက စာရွက်စာတမ်းအထပ်လိုက်နှင့် ရှန်းကွမ်အဖွဲ့တံဆိပ်ကို ထုတ်သည်။

“ငါလက်မှတ်ထိုးမယ် ထိုးမယ်”

ထိုလူက ချက်ချင်းဆိုသလို သူ့နာမည်ကိုလက်မှတ်ထိုးလိုက်သည်။

“အကြံပေးက ဒီပစ္စည်းတွေကို ဘယ်ကနေထုတ်လိုက်တာလဲဆိုတာ မင်းတို့မြင်လိုက်ကြလား”

“ငါ..ငါတော့မမြင်ပါဘူး မင်းတို့ရော”

“ငါလည်း မမြင်မိဘူး”

“အကြံပေးက ဒါတွေဖြစ်လာမယ်ဆိုတာ ကြိုသိနေလို့ မနေ့ညကများ ရုံးကိုသွားပြီး

ဒီပစ္စည်းတွေ သွားယူလာတာလား”

“ကောင်းပြီ ငါတို့ကိုလမ်းပြ”

“ဟုတ်ကဲ့ပါ အကြံပေး”

“အကြံပေး ဒီဝင်္ကပါက ဥက္ကဌကိုယ်တိုင်ပြုလုပ်ထားတာပါ။ ချယ်ရီတောအပြင် နောက်ထပ် အစီအရင် ငါးခုရှိပါသေးတယ်။ တစ်ခုချင်းစီက အရှေ့တစ်ခုထက်ပိုပြီး ကြမ်းတယ်။ မွေးရာပါသိုင်းပညာရှင်တောင် သတိတစ်ချက်လွတ်တာနဲ့ ခံရတာပဲ”

“ဘယ်လိုဖြတ်ရမလဲဆိုတာ မင်းသိလား”

“သိတာပေါ့။ ဒီဟာတွေကို ငါပဲ အမြဲစစ်ဆေးနေရတာ။ မင်းတို့ကိုလမ်းပြခေါ်သွားပါ့မယ်”

“ကောင်းတယ် ကောင်းတယ်”

စွမ်းအားရှင်များက လက်မထောင်ပြသည်။

ပိုက်ဆံက တကယ့်ကိုထူးဆန်းသည့်အရာများကို ဖန်တီးနိုင်တာပဲဟု သူတို့၏ စိတ်ထဲမှာ ကောက်ချက်ချနေမိသည်။

All Chapters