ဂန္တဝင်တိုက်တေနီယမ်အလွှာမျက်ဝန်းဖြစ်နေမလား
Vol. 22 Ch. 300
ကမ္ဘာပေါ်မှာ အပျင်းဆုံးခွေးကို ညွှန်ပြပါဆိုလျှင် အားကောကို ပြရပေမည်။သူ့ကို နတ်ဘုရားအကယ်ဒမီဆီ ခေါ်သွားသည့် အချိန်မှလွဲပြီး ကျန်သည့်အချိန်များတွင် ပျင်းပြီးအိပ်နေလေ့ရှိသည်။ သူက ဖန့်ကြွယ်ယွီ၏ အနောက်ကိုလိုက်ပြီး အပြင်ထွက်ရသည့်အနေအထားက ရှားပါးလွန်းသော်လည်း အခုထိ တက်တက်ကြွကြွ မရှိဘဲ ပျင်းရိနေဆဲဖြစ်သည်။ သူ့ကို တစ်ခုခုပေးပြီးခိုင်းခြင်း သို့ ကတိပေးခြင်းသာမရှိလျှင် သူသည် ပျင်းရိပြီး အိပ်နေမှာဖြစ်သည်။
သို့သော် သူက ဝူလီကိုတွေ့ရချိန်တွင် နဂိုမူလပုံစံနှင့်မတူဘဲ အလွန်တက်ကြွနေသည်။ သူ့အတွက် အလွန်အရသာရှိသည့် အစားအစာတစ်ခုကို တွေ့လိုက်ရသလိုဖြစ်နေသည်။
“ဒီ့ကောင်ခန္ဓာကိုယ်ထဲမှာ ဝိဥာဉ်ဝါးမြိုတဲ့သားရဲကောင်ရဲ့ ကြောက်စရာပုံစံနဲ့ စိတ်က ကိန်းအောင်းနေတာပဲ”
သူ့ပုံစံကိုကြည့်ပြီး ဖန့်ကြွယ်ယွီက အံ့ဩနေသည်။
“အကြံပေးဖန့်…ခင်ဗျားခွေးကို ထိန်းဦးနော်။ အလျင်စလို သွားမကိုက်စေနဲ့”
အကြံပေးဖန့်က သူ့ခွေးက သာမန်ထက်ထူးခြားသည်ဟု မည်မျှပင် ပြောနေစေကာမူ သာမန်ခွေးတစ်ကောင် ပုံစံနှင့် တူနေသည်။
တိဘက်ခွေးကြီးတစ်ကောင်ဖြစ်သော ဝူလီက တောင်တံခါးကို စောင့်ကြပ်သည့်အချိန်မှစပြီး မွေးရာပါအဆင့် သိုင်းပညာရှင်များစွာကို ဒဏ်ရာရစေခဲ့သည်။ နတ်ဘုရားအဆင့် သိုင်းသမားများတောင်မှ ထိုအန္တရာယ်ကို မကျော်လွှားနိုင်ကြပေ။ သူ၏ ခွေးက နတ်ဘုရားအဆင့်သိုင်းသမားများထက်ပိုပြီး အစွမ်းထက်နေလား။
ထိုအတွေးက အားလုံး၏ စိတ်ထဲမှာပေါ်လာကြသည်။ ဖန့်ကြွယ်ယွီ၏ ကြွယ်ဝချမ်းသာမှုနှင့်ဆို ထိုကဲ့သို့ အစွမ်းထက်သားရဲကောင်တစ်ကောင်ကို ရဖို့ မခဲယဉ်းလှပေ။
အားကော၏ ပုံစံကို သေချာအကဲခတ်ကြည့်တော့လည်း သာမန်ခွေးအနက်တစ်ကောင်နှင့် မခြားနားပေ။ သူ၏ အရွယ်အစားတစ်ခုတည်းက တစ်ဖက်ခွေးထက်ပိုပြီး ကြီးမားနေသည်။
“စိတ်မပူပါနဲ့။ ဒီကောင်ဖြေရှင်းနိုင်ပါတယ်။ အားကော ဘာရပ်ကြည့်နေတာလဲ။ သွားကိုက်လေ”
အားကောက တစ်စုံတစ်ရာကို ဝူလီအား တိုးတိုးလေးပြောလိုက်ဟန်တူသည်။ ဖန့်ကြွယ်ယွီက ခွေးတွေအကြောင်းနားမလည်သလို ရှောင်းရီကလည်း သူ့ကို ခွေးဘာသာစကားနှင့် ပတ်သက်ပြီး မသင်ထားပေးချေ။
ဖန့်ကြွယ်ယွီက စိတ်မရှည်တော့ဘဲ အားကောကို အားကုန်သုံးပြီးကန်ပစ်လိုက်တော့သည်။ အားကောလည်း အရှိန်ဖြင့် လေပေါ်မြောက်တက်သွားရသည်။
“ဟာ..ငါကန်တာအဲ့လောက်ကြီးအားပြင်းသွားမယ်မထင်လို့ပါ”
အားကောက လွင့်ထွက်လာသည်ကိုမြင်ရချိန်တွင် ဝူလီလည်း အခြေအနေမဟန်တော့တာကို စိတ် ထဲသိလာသည်။ ဝူလီထံမှ အအေးစွမ်းအင်ထွက်လာပြီး သူ့ပတ်လည်မှာရှိနေသော ပတ်ဝန်းကျင်၏ အပူချိန်ကို အနှုတ် ၂၀ဒီဂရီထိ ကျဆင်းစေသည်။
သူက အားကုန်အော်ဟစ်ပြီး ရှေ့ခြေထောက်ကို မြှောက်ပြီး အားကောထံကို ဝင်လာသည်။ သူ၏ ခြေသည်းများက ချွန်ထက်နေပုံက သာမန်သတ္တဝါတစ်ကောင်ကို အသာလေးပိုင်းဖြတ်နိုင်သည့်ပုံပေါ်နေသည်။
“ဟမ်”
ဖန့်ကြွယ်ယွီမှ လွဲ၍ ကျန်သောသူများအကုန် တအံ့တဩဖြစ်ကုန်ကြသည်။ အားကောက ဝပြီး ပျင်းရိသော်ငြား သူက သက်ရှိတစ်ကောင်ဖြစ်ပေသည်။ အားကော၏ မျက်လုံးများထဲမှာ ကြောက်စိတ်ဟူ၍ မြူမှုန်တစ်မှုန်မျှတောင် မရှိနေပေ။
“ဝုန်း”
ဝူလီ၏ ချွန်ထက်လှသော ခြေသည်းများက အားကောနှင့် ထိတွေ့သောအခါ အစိတ်စိတ်အမွှာမွှာဖြစ် ကုန်ကြသည်။
“ဟမ် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အားကော၏ ခြေသည်းများက အစွမ်းထက်လက်နက်ကိုတောင်အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့တာကို ယန်လီမြင်ဖူးသည်။
အားကော၏ တိုက်ကွက်များက အခုမှ အစဖြစ်သည်။ သူသည် လေထဲမှာ ခန္ဓာကိုယ်ကို ၇၂၀ ဒီဂရီလှည့်ပြီးနောက် သူ၏ ခရမ်းရောင်မျက်ဝန်းထဲမှာ ခရမ်းရောင်အလင်းတန်းများ စုဝေးနေသည်။
“ဝှစ်”
အားလုံးက တအံ့တဩဖြစ်နေချိန်မှာပင် သူ၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက မြေပြင်ကို ထိရိုက်သောအခါ အနီရောင် ချော်ရည်စီးကြောင်းများကို ချန်ထားခဲ့သည်။ ကျောက်တုံးများကို ချော်ရည်အဖြစ်အရည်ပျော်စေသည်။
ထိုအရာများကိုမြင်ရပြီးနောက် ခက်ထန်မာကျောနေသော ဝူလီ၏ ပုံစံသည် ချက်ချင်းဆိုသလို ဘာလုပ်ရမှန်းမသိဖြစ်သွားတော့သည်။
သူ၏ အရှေ့မှာ အလွန်ထူသော ရေခဲလွှာတစ်ခုဖြင့် ဖုံးကာထားလိုက်သည်။ သို့သော် ထိုရေခဲလွှာသည် အလင်းတန်း၏ စူးရှထက်မြက်မှုကို ခံနိုင်ရည်မရှိဘဲ အစိတ်စိတ်အမွှာမွှာဖြစ်ကုန်တော့သည်။
နောက်ဆုံးတော့ ဝူလီလည်း ကပျာကယာထွက်ပြေးရတော့သည်။ ထိုသို့ ထွက်ပြေးသော်လည်း အားကော၏ အလင်းတန်းကြောင့် သူ၏ ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရတော့သည်။
“ဒါက ဂန္တဝင်တိုက်တေနီယမ်အလွှာမျက်ဝန်းများရှိတဲ့ ခွေးများဖြစ်နေမလား”
ထိုနေရာမှာရှိနေသော စွမ်းအားရှင်များ၏ စိတ်ထဲမှာ ဒွိဟဖြစ်ကုန်ကြသည်။
အားကောက သူ၏ ပုတိုတိုခြေထောက်လေးဖြင့် ကျောက်သားနံရံကို ကန်ပစ်လိုက်ပြီး ဝူလီထံသို့ ပြေးလာသည်။ ဝူလီ၏ ဝမ်းဗိုက်ကို ခပ်ပြင်းပြင်းအရှိန်တစ်ခုဖြင့် ဆောင့်မိသည်။
၀.၅ မီတာရှည်လျားပြီး ကိုယ်အလေးချိန်ပေါင်အနည်းငယ်သာလေးသော ခွေးပုလေးက သုံးမီတာနီးပါးမြင့်ပြီး တစ်တန်ကျော် အလေးချိန်ရှိသော ခွေးနှင့် ဝင်တိုက်မိချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ကို အားလုံးတွေးတောမိလောက်မည်။ သို့သော် သူတို့အထင်နှင့် အမြင်က တခြားစီဖြစ်နေသည်။
ကြီးမားလှသော ဝူလီက လွင့်ထွက်သွားပြီး အနောက်မှာရှိနေသော ကျောက်နံရံနှင့် တိုက်မိကာ ဒဏ်ရာအကြီးအကျယ်ရသွားသည်။
“ဒါ..ဒါက ငါအိမ်မက်မက်နေတာများလား”
“မဟုတ်ဘူး။ တကယ်ဖြစ်နေတာကွ။ မင်းကိုပြောပြရင်ယုံပါ့မလားတော့မသိ။ အကြံပေးဖန့်ရဲ့ ခွေးက ဘယ်လိုတိုက်ခိုက်လိုက်လဲဆိုတာတောင် မတွေ့လိုက်ရဘူး”
“ငါလည်း သေချာမမြင်လိုက်ရပါဘူး”
“ဝုန်း”
ဝူလီက မြေပြင်ပေါ်သို့ အရှိန်နှင့်ပြုတ်ကြသည်။ သူ၏ နောက်ခြေထောက်မှာရှိသော ဒဏ်ရာဆီက သွေးများဒလဟော စီးကျနေသည်။
သို့သော် စွမ်းအားရှိတိရစ္ဆာန်တစ်ကောင်က အစွမ်းက ထင်ထားတာထက်အများကြီးသာလွန်ပေသည်။
သူ၏ ရေခဲစွမ်းအားအရှိန်ဖြင့် လေထုထဲရှိ ရေငွေ့များက ခဲသွားပြီး ရေခဲအချွန်များ ဖြစ်လာကြသည်။
“ဝှစ် ဝှစ် ဝှစ်”
ထိုချွန်ထက်နေသော ရေခဲချောင်းများက အားကောဆီသို့ မုန်တိုင်းသဖွယ် ပြေးဝင်လာကြသည်။
“အာဝူးးးးး”
ထိုအချိန်တွင် အားကောထံမှ ကြားနေကျမဟုတ်သော အသံထွက်လာသည်။ သူ၏ အော်သံက တခြားခွေးများ နှင့် မတူသလို ဖန့်ကြွယ်ယွီက အခုမှ ပထမဆုံးကြားဖူးခြင်းဖြစ်၏။ အားကောကိုသာ မြင်မနေရပါက ထိုအသံက သူ့ဆီက ထွက်လာတာကို ယုံနိုင်ဖွယ်မရှိပေ။
အားကော၏ ခန္ဓာကိုယ်ပတ်လည်မှာခရမ်းရောင်ခပ်ဖျော့ဖျော့ အလင်းတန်းလေးက ဝိုင်းရံထားသည်။ ထို ရေခဲစူးချွန်များအားလုံးကို အပိုင်းပိုင်းဖြစ်စေပြီး သူက ဒဏ်ရာတစ်ချက်လေးတောင်မရပေ။
“ဂရုစိုက်ဦး..ဒီဟာတွေက အရမ်းအားပြင်းတယ်”
ဖန့်ကြွယ်ယွီက နတ်ဘုရားဓားခြောက်ချောင်းသိုင်းကို ထုတ်ပြီး ထိုရေခဲစူးချွန်များကိုကာကွယ်သလို စွမ်းအားရှင်အသီးသီးကလည်း အစွမ်းထုတ်ကာ ခုခံကြသည်။
ကံကောင်းထောက်မစွာဖြင့် ရေခဲစူးချွန်များ၏ အစွမ်းက ထင်သလောက်မဟုတ်ဘဲ စွမ်းအားရှင်များက အသာလေးရှင်းလိုက်နိုင်သည်။
ထိုအချိန်မှာ အားကောက ဝူလီ၏ ရှေ့လက်ကို အားကုန်ကန်လိုက်သဖြင့် အရိုးပေါ်မတတ် ပြင်းထန်သည့် ဒဏ်ရာရသွားသည်။ ကြီးမားထွားကျိုင်းသော ဝူလီတစ်ကောင်လည်း တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားတော့သည်။
“ဂီးးးး”
အားကောက ဝူလီ၏ ခေါင်းကို ခြေထောက်ဖြင့်ကန်သည်။ ထိုပုံစံကြောင့် ဝူလီက အလွန်ထိတ်လန့်သွားကာ အရှုံးကိုလက်ခံလိုက်ရတော့သည်။ ဝူလီလည်း ထပ်မံပြီးခုခံတိုက်ခိုက်ခြင်း မရှိတော့ပေ။ ဝူလီလိုမျိုး အစွမ်းထက် သတ္တဝါတစ်ကောင်က ခြောက်လသက်တမ်းရှိသော ခွေးတစ်ကောင်ကို ရှုံးနိမ့်ခဲ့လေသည်။
“အကြံပေးရဲ့ ခွေးက ဘာမျိုးလဲ”
“သူလဲ အစွမ်းထက်သတ္တဝါမျိုးပါပဲ။ ဟဲဟဲ သူက ခွေးနတ်ဘုရားလို့ ပြောရင် မင်းတို့ယုံကြမှာလား”
“ဟမ် ဘယ်လို”
“ဟင် အကြံပေးရဲ့ခွေးက ဘာလုပ်နေတာလဲ”
“ဟမ် အားကော မင်းဘာတွေလုပ်နေတာလဲ”
အားကောက မြေပြင်ပေါ်လဲကျနေသည့် ဝူလီ၏ အပေါ်မှနေပြီး မဖွယ်မရာပြုလုပ်နေသည်။
“အားကော နှာဘူးကောင် ဘာတွေလုပ်နေတာလဲ”
ဝူလီက ခွေးအမဖြစ်တာမို့ အားကောက သူ့ကိုမြင်မြင်ချင်းကတည်းက ခံစားချက်ရှိခဲ့ပုံရသည်။
“ငါမင်းကိုတိုက်ခိုက်ခိုင်းတာက ဒီလိုပုံစံလုပ်ခိုင်းတာ မဟုတ်ဘူးကွ”
ဖန့်ကြွယ်ယွီက ရှက်လွန်းသဖြင့် ဆက်ပြီးတောင်မကြည့်နိုင်တော့ပေ။