မင်းက တံခါးပေါက်ကနေတောင် မဝင်နိုင်ဘူးဆို ဘာလို့ဒီထိ တက်လာနိုင်မှာလဲ။
Vol. 22 Ch. 301
အားကောလည်း သူ၏ အနိုင်ရမှုအတွက် အလွန်ပျော်နေပြီး ဖန့်ကြွယ်ယွီဆီ အမြီးလေးနန့်ပြီး ပြေးလာသည်။ ထိုအပြုအမူက သူ့ကိုပေးမည့် ဆုလာဘ်ကို တောင်းနေခြင်းဖြစ်သည်။ဖန့်ကြွယ်ယွီအတွက် ဆူးညှောင့်ခလုတ် တစ်ခုသဖွယ်ဖြစ်နေသော ရန်သူကိုအပြတ်ရှင်းလိုက်နိုင်သဖြင့် ထိုက်သင့်သည့် ဆုလာဘ်ကို တောင်းသင့်သည် မဟုတ်ပါလော။
“သွားစမ်းကွာ…မင်း ဒီနေ့တစ်နေ့လုံး ငါ့ကိုအရှက်လိုက်ခွဲနေတာ”
“ဝုတ်”
အားကောက သူ့ကိုခေါင်းစောင်းပြီး ပြန်ကြည့်သည်။ သူက ဖန့်ကြွယ်ယွီပြောသည့်အတိုင်းလုပ်ခဲ့သော်လည်း အဆူခံနေရသည်။
ဘာတွေဖြစ်ကုန်တာလဲ!!
“အကြံပေး..အကြံပေး ဝူလီက ဒီကိုလာနေပြန်ပြီ”
ယန်လီက ရန်သူတော်ကြီးကို တွေ့လိုက်ရသည့်အတိုင်း ဝူလီကို လက်ညှိုးထိုးပြီး
ပြောနေသည်။
ဝူလီ၏ ရှေ့ခြေနှင့် နောက်ခြေက ဒဏ်ရာကြီးကြီးမားမားရထားသော်လည်း သူ၏ အင်အားက
အံ့မခန်းဖြစ်သည်။ သူက စွမ်းအင်ပြန်လည်ပြည့်နေသရွေ့ ဤဒဏ်ရာများက အချိန်မရွေး သက်သာနိုင်သည်။
အားကောက ဆက်လက်ပြီးမတိုက်ခိုက်သဖြင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော နဂိုမူလပုံစံများ ပြန်လည်ပေါ်လာပုံရသည်။
“အကြံပေးကိုကာကွယ်ကြ”
စွမ်းအားရှင်များအဖွဲ့က ဖန့်ကြွယ်ယွီ၏ အရှေ့မှာပိတ်ပြီး
နေရာယူလိုက်ကြသည်။
“ခဏလေး သူ့မျက်လုံးတွေကိုကြည့်လိုက်ကြဦး”
ထိုအချိန်မှာ ဝူလီ၏ အကြည့်က ကြောက်စရာမကောင်းတော့ဘဲ နားလည်သဘောပေါက်ပြီး အမိန့်နာခံသည့် ပုံစံများ ပေါ်နေသည်။ အားကော၏ အပြုအမူများက ဝူလီကို အနိုင်ရခဲ့ပြီလား။
ဖန့်ကြွယ်ယွီပြောသည့်အတိုင်းပင် ဝူလီက အားကောအနားကိုကပ်ပြီး ခေါင်းကို ပွတ်သီးပွတ်သပ်လုပ်သည်။
“ဝုတ်”
အားကောက အရှေ့လက်တစ်ချောင်းကိုမြှောက်ပြပြီး ဝှေ့ရမ်းပြနေပုံက အောင်နိုင်သူတစ်ဦးပုံစံပေါ်နေသည်။
“ဝုတ် ဝုတ် “
အားကောက ဝူလီကို နှစ်ကြိမ်ဟောင်ပြသောအခါ ဝူလီက နားလည်သလိုလိုဖြင့် ခေါင်းညိမ့်ပြသည်။ သူက ဖန့်ကြွယ်ယွီကို နှစ်ကြိမ်တိုင်တိုင်ပွတ်သပ်သည်။ ပြီးနောက် သူ၏ ခေါင်းကို ဖန့်ကြွယ်ယွီ၏ ခြေဖဝါးနားမှာထားပြီး သစ္စာခံသည့်ပုံစံလုပ်ပြသည်။
“အားကောက မဆိုးဘူးပဲ”
တိုက်ခိုက်ပြီးသည့်နောက် ဝူလီကို ချက်ချင်းထိန်းကျောင်းနိုင်ခဲ့သည့် အားကောကို ကြည့်ပြီး တအံ့တဩဖြစ် ရသည်။
“ဟုတ်ပြီ ငါ့ရဲ့ အဆင့်မြင့်နတ်ဘုရားကျောင်းမှာ ဂိတ်စောင့်လိုနေတာ။ အခုချိန်ကစပြီး
မင်းကို ဂိတ်စောင့်ရာထူးပေးလိုက်ပြီ ဝူလီ”
ဖန့်ကြွယ်ယွီက အနာအကျက်မြန်သည့်ဆေးနှင့် ကျင့်ကြံခြင်းကိုမြန်ဆန်စေသောဆေးတို့ကိုထုတ်ပြီး ဝူလီကို ပေးသည်။ဝူလီလည်း အလွန်အမင်းပျော်ရွှင်မြူးတူးသွားတော့သည်။
ဝူလီသည် သိုင်းပညာအဖွဲ့အစည်း၏ အတင်းအကျပ်ဖိအားပေးမှုကြောင့်သာ ထိုအဖွဲ့မှာ နေခဲ့ခြင်းဖြစ်၏။ သို့သော် အခုလို စေတနာအရမ်းထက်သန်သော လူကို ရှာတွေ့ရသဖြင့် ထိုအဖွဲ့မှ ထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက် တော့သည်။
“အားကော.. ရော့ ဒါက မင်းကို ဆုချတာ”
ဖန့်ကြွယ်ယွီက ဝက်အူချောင်းနှစ်ချောင်းကို အားကောကိုပစ်ပေးလိုက်သည်။ စွမ်းအားရှင်အဖွဲ့များနှင့် ယန်လီက တအံ့တဩဝိုင်းကြည့်နေကြ၏။ အဆင့်မြင့်သားရဲတိရစ္ဆာန်တစ်ကောင်က အခုလိုမျိုး ပြောင်း လဲသွားရသည့်အပေါ် အထူးအဆန်းဖြစ်နေကြသည်။ ဝူလီကို ဆုံးရှုံးရခြင်းက သိုင်းလောကအဖွဲ့အစည်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ပေသည်။
“ငါတို့နဲ့အတူတူတောင်ထိပ်ကို လိုက်ပြီးတက်ခဲ့ရမယ်။ ဒီက ကိစ္စပြီးတာနဲ့ ငါ့ရဲ့ နတ်ဘုရားအကယ်ဒမီမှာ အစောင့်လုပ်ရမယ် ကြားလား”
ဖန့်ကြွယ်ယွီက ဝူလီကို ညင်သာစွာပွတ်သပ်နေသည်။
“မင်းစားဖို့သောက်ဖို့လည်းအလျှံအပယ်ရှိတယ်။ မပူနဲ့ ဟုတ်ပြီလား။ ငါ မင်းကို မပစ်ပယ်ထားပါဘူး စိတ်ချ”
ဝူလီကလည်း သူပြောသည့်စကားများကို နားလည်သလိုလိုနှင့် ဖန့်ကြွယ်ယွီ၏ နောက်မှာ မတ်တပ်ရပ်နေသည်။
“အကြံပေး ဒီကနေစပြီး အတားအဆီးတွေမရှိတော့တာမို့ တောင်ထိပ်ကို တိုက်ရိုက်တက်သွားနိုင်ပါပြီ”
ယန်လီကပြောသည်။
“ဟုတ်ပြီ ငါတို့နောက်ကလိုက်ခဲ့ကြလေ။ မင်းကို ငါတို့တွေ စောင့်ရှောက်ပေးပါ့မယ်”
“ဟုတ်ကဲ့ အကြံပေး”
ယန်လီက သူတို့၏ အနောက်မှာ နေပြီးလိုက်လာသည်။ သူ တစ်ချိန်လုံး စိုးရိမ်ပူပန်ခဲ့သော အရာများလည်း အဆင်ပြေအေးချမ်းခဲ့ပြီဖြစ်သည်။ သိုင်းလောကအဖွဲ့အစည်းက ဖန့်ကြွယ်ယွီလိုလူကို အနိုင်ရဖို့ မဖြစ်နိုင်ပေ။
“အားလုံးပဲ ခဏနားကြမယ်။တောင်ပေါ်မတက်ခင် နေ့လည်စာစားကြစို့”
ဖန့်ကြွယ်ယွီမှာ ဒိုရေမွန်အိတ်ကပ်ရှိသလိုပင် အိတ်ထဲမှ အသားကင်မည့်ပစ္စည်းများ တစ်ခုပြီးတစ်ခု ယူထုတ်
လာသည်။
“ဟုတ်ပြီ လာကြဦး။ တောင်ပေါ်မတက်ခင် အစာအိမ်ကို အရင်ဖြည့်ကြတာပေါ့။ မင်းတို့ အလုပ်လုပ်ဖို့အတွက် အင်အားလိုအပ်တယ်”
“ဥက္ကဌ နေ့တစ်ဝက်တောင် ကျိုးနေပြီ။ သူတို့တွေ တောင်ထိပ်ကို ရောက်သင့်နေပြီမဟုတ်လား”
“သူတို့တွေ လမ်းခုလတ်က ထောင်ချောက်တွေမိကုန်ကြတာလား။ ဒါမှမဟုတ် ဝူလီအပြတ်ရှင်းတာများ ခံလိုက်ရပြီလား”
“ဟား ဒါနဲ့များ စကားကြီးစကားကျယ်ပြောနေသေးတယ်။ ဘာကိုအကြံပေးလဲ။ ဟာသပဲ”
“တောင်ခြေက လူတွေဆီက သတင်းလေးဘာလေးများ မရကြဘူးလား”
ဥက္ကဌစွန်းရှင်ဟဲက မေးသည်။
“ဥက္ကဌကိုလျှောက်တင်ပါတယ်။ တောင်ခြေကလူတွေပြောတာတော့ ဒီလူတွေ လွန်ခဲ့တဲ့ နာရီပိုင်းအလိုက တောင်ပေါ်တက်သွားကြပြီး အခုထိပြန်ဆင်းလာတာ မတွေ့ရသေးဘူးလို့ ပြောပါတယ်”
“ဥက္ကဌ ဒီလူတွေသေနေလောက်ပါပြီ။ သူတို့သ အသက်ရှိသေးတယ်ဆို အခုဒီမှာရောက်နေလောက်ပြီလေ။ သူတို့လွှတ်လိုက်တဲ့လူတွေက လူညံ့တွေပါ။ ဂိတ်တံခါးကိုတောင်ဖြတ်ကျော်နိုင်ကြမှာမဟုတ်ဘူး”
“ငါ သူတို့ကို အရမ်းအထင်ကြီးမိသွားတာ ဖြစ်မယ်”
“ဝုန်း”
ထိုအချိန်တွင် တောင်ထိပ်ခံစစ်လိုင်းဆီမှ အသံကျယ်ကြီးကြားလိုက်ရသည်။ အောက်ဘက်တောင်ကြားဆီမှ အရိပ်တစ်ခုတက်လာတာမြင်ရသည်။
“ဝူလီ..မင်းက ဒီမှာဘယ်လိုလုပ်ရောက်နေတာလဲ။ မင်းတာဝန်က ဂိတ်ကို စောင့်ရမှာမဟုတ်လား”
“ဝူလီ နောက်ဆုတ် …မင်းနာချင်ပြီလား”
တောင်ထိပ်ဂိတ်တံခါးဆီမှ အစောင့်အကြပ်များက ပြင်းပြင်းထန်ထန်သတိပေးသည်။
သူတို့က ဝူလီထက်အင်အားနည်းသော်လည်း သိုင်းလောကအဖွဲ့ကြီး၏ အားကိုးဖြင့် ခြိမ်းခြောက်နိုင်ခြင်းဖြစ်၏။
“ဝုတ်”
ဝူလီက ထိုလူများအားလုံးကို လွင့်ထွက်သွားအောင်လုပ်ပစ်သည်။
“ဘာဖြစ်နေတာလဲ ဝူလီစိတ်ဖောက်ပြန်သွားတာလား”
သိုင်းလောကအဖွဲ့အစည်းအကြီးအကဲများက ဆူညံသံများကို သတိပြုမိပြီး ထွက်ကြည့်ချိန်တွင် ဝူလီ၏ ဦးခေါင်းထက်တွင် ခွေးမဲတစ်ကောင် အိပ်နေတာကို မြင်လိုက်ရသည်။
“လူကြီးမင်း..ဒါက အကြံပေးခေါ်လာတဲ့ ခွေးပါ”
“ဘာကြီး”
ထိုစကားကိုကြားပြီးနောက် အားလုံး၏ အမူအရာများလည်း ပြောင်းလဲသွားရသည်။ အကြံပေးက ဂိတ်နှစ်ခုကို ဖြတ်နိုင်ရုံသာမက ဝူလီကိုတောင် ထိန်းကျောင်းနိုင်နေတာလား။
ထိုအချိန်မှာ ထူးထူးဆန်းဆန်းဝတ်ဆင်ထားသော လူငယ်လေးက အနောက်မှာ လူငယ်အဖွဲ့လိုက်ခြံရံပြီး ဂိတ်တံခါးမှာ ပေါ်လာသည်။ သူတို့၏ လက်ထဲတွင် အသားကင်ချောင်းများကိုလည်းကိုင်ထားကြသည်။
“ခဏလေး တဆိဆ်လောက်ပါ..ကျွန်တော်တို့ နောက်ကျကုန်ပြီ”
ဖန့်ကြွယ်ယွီက သူ၏ ပါးစပ်မှာပေကျံနေသော ဆီများကို သုတ်လိုက်သည်။
“ငါတို့က ဗိုက်ဆာဆာနဲ့ အစားအသောက်တွေထိုင်စားနေလို့ နောက်ကျကုန်တာ”
“ငါ့ကိုယ်ငါ အရင်ဆုံးမိတ်ဆက်ပါရစေ။ ငါက ယန်ဟွမ်ဌာနကလွှတ်လိုက်တဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ ဖန့်ကြွယ်ယွီဖြစ်ပါတယ်”
ဆူညံဆူညံအသံများကြောင့် လူအားလုံးလည်း ဂိတ်တံခါးနားမှာ စုဝေးလာကြသည်။
“ဥက္ကဌ..ဥက္ကဌ ရောက်လာတယ်”
“သေစမ်း ငါဘာလို့မသိရတာပါလိမ့်”
ချင်ယွင်က ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်နေသည်။
“မင်းတို့နောက်နေတာလား။ယန်ဟွမ်ဌာနက လွှတ်လိုက်တဲ့အကြံပေးက ဥက္ကဌဆိုတာ ဘယ်သူကသိမှာလဲ”
“တော်တော့ စကားမများကြနဲ့တော့။ ငါတော့ အပေါ့အပါးသွားဖို့ ရေအိမ်ကိုသွားလိုက်ဦးမယ်။ မင်းတို့ရော”
“ငါတို့လည်းသွားမယ်”
“မင်းတို့ဒီကိုဘယ်လိုရောက်လာကြတာလဲ”
သူတို့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုမှ မရှိတာကို စွန်းရှင်ဟဲက အရမ်းအံ့ဩနေသည်။
“ကျစ် ဝင်ပေါက်မှာ အဖမ်းမခံရလို့ ငါတို့ဒီကိုရောက်နေတာပေါ့။ ယန်လီ ထွက်ခဲ့စမ်း”
“အကြံပေးခင်ဗျာ..ကျွန်တော့်ကိုခေါ်လိုက်တာလား”
ယန်လီက ကတုန်ကရီဖြင့် ထွက်လာသည်။
“မင်း”
သူဝတ်ထားသော ဝတ်စုံကိုကြည့်ခြင်းအားဖြင့် ထိုလူက သူတို့အဖွဲ့က ဆိုတာ ပေါ်လွင်နေသည်။ ဖန့်ကြွယ်ယွီက ဒီနေရာထိ တက်လှမ်းနိုင်ခြင်းက ထိုသစ္စာဖောက်ကြောင့်ဖြစ်မည်။
“ငါတို့အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ်လေးနဲ့ မိတ်ဆက်ပေးဦးမယ်။ သူ့နာမည်က ယန်လီလို့ခေါ်ပါတယ်။ ငါတို့အဖွဲ့ထဲဝင်မယ်ဆို အကျိုးခံစားခွင့်ကို ထိုက်ထိုက်တန်တန်ပေးမှာမို့ အားလုံးပဲ သေချာစဉ်းစားကြပါ။ အခွင့်အရေးဆိုတာ နှစ်ခါမလာပါဘူး”