← Chapters

မင်းကို ရိုက်ဖို့ အကြောင်းပြချက်တစ်ခုပေးပါ

Vol. 22 Ch. 302

မင်းကို ရိုက်ဖို့ အကြောင်းပြချက်တစ်ခုပေးပါ

Vol. 22 Ch. 302

“ဘယ်လို ဘယ်လို မစ္စတာဖန့်က အကြံပေးဟုတ်လား”

“မဟုတ်တာ…အထင်လွဲနေတာပဲဖြစ်ရမယ်”

ပိုင်မိသားစုနှင့် ချန်မိသားစုတို့လည်း ဒွိဟဖြစ်ကုန်ကြသည်။ ယန်ဟွမ်ဌာနက လွှတ်လိုက်သောအကြံပေးသည် ဖန့်ကြွယ်ယွီဆိုတာ သိခဲ့ပါလျှင် ဤအရှုပ်အရှင်းထဲ ဝင်ပါကြမည်မဟုတ်ပေ။

သူတို့မိသားစုနှစ်ခုလုံးက ဖန့်ကြွယ်ယွီနှင့် ရင်းနှီးသော်လည်း သူ့ကိုဆန့်ကျင်ပြီး သိုင်းလောကအဖွဲ့အစည်း ဘက်မှာတော့ မရပ်တည်ရဲကြပေ။ ဖန့်ကြွယ်ယွီ၏ သူမတူပြိုင်ဘက်ကင်းလှသည့် အစွမ်းနှင့်ဆို သိုင်းလောကအဖွဲ့အစည်းတစ်ခုလုံး ခေါင်းမထောင်ရဲအောင် ဖြစ်တော့မည်ဆိုတာလည်း သိနေကြသည်။

အစိုးရက ဘာကြောင့်များ စွမ်းအားရှင် (၃၀)ဦးနှင့် ခွေးတစ်ကောင်ကိုပဲ သိုင်းလောက အဖွဲ့အစည်းထံလွှတ် လိုက်လဲဆိုတာ အခုမှပဲ နားလည်သဘောပေါက်တော့သည်။ သူတို့ကအကွက်ကျကျ စီစဉ်ပြီးမှ ရောက်လာကြခြင်းဖြစ်သည်။

သို့သော် ဒီကိစ္စမှာ ဖန့်ကြွယ်ယွီက ဘာကြောင့်များ ပါဝင်လာရသလဲဆိုတာ ဝေခွဲမတတ်ဖြစ်နေကြသည်။ ဖန့်ကြွယ်ယွီက ယန်ဟွမ်အဖွဲ့ဘက်က ဘာကြောင့်များ ရပ်တည်နေရသနည်း။

ဘာတွေပဲဖြစ်နေပါစေ ဒီနေ့မှာတော့ သူတို့လည်း ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချဖို့လိုပေသည်။ သူတို့က သိုင်းလောကအဖွဲ့မှ ဆိုသော်လည်း ဖန့်ကြွယ်ယွီကို မဆန့်ကျင်ရဲကြပေ။ ပဋိပက္ခဖြစ်လာခဲ့ပါက သူတို့သည် ဖန့်ကြွယ်ယွီဘက်မှ ရပ်တည်မှာဖြစ်သည်။

“ဆရာ..အခုပဲ သခင်လေးကပြောခိုင်းလိုက်လို့ပါ။ ဘာတွေပဲဖြစ်ဖြစ် ဥက္ကဌဖန့်ကို ဆန့်ကျင်ပြီး သိုင်းလောကအဖွဲ့ဘက်က မပါဖို့ မှာလိုက်ပါတယ်”

ချင်မိသားစုမှ ချင်ယွင်တစ်ဦးသာ ဖန့်ကြွယ်ယွီကို ကောင်းကောင်းကြီးသိသည်။ သူ့မိသားစုကို ဖန့်ကြွယ်ယွီနှင့် ထိပ်တိုက်တိုးမည့်အဖြစ်ကို သူမလိုလားပေ။

ယခင်တုန်းက ချင်ယွင်၏ စကားက အရာရောက်သည်။ သို့သော် သိုင်းလောကအဖွဲ့အစည်း၏ လွတ်လပ်မှုနှင့် ပတ်သက်နေသဖြင့် အကြီးအကဲများက လွယ်လွယ်နှင့် အလျော့မပေးလိုကြပေ။ သို့သော် ချင်မိသားစုထဲမှာ ချင်ယွင်က အတော်ဆုံးဖြစ်နေသဖြင့် အကြီးအကဲများက သူပေးသည့်အကြံကို လက်ခံကောင်း လက်ခံပေမည်။

“ဆရာ..သခင်လေးက အသေးစိတ်အကြောင်းပြချက်ကို မပြောလိုက်ပေမဲ့ အကြံပေးဖန့်အတွက် သိုင်းလောကအဖွဲ့အစည်းတစ်ခုလုံးကို ဖျက်စီးဖို့ အလွယ်လေးဆိုတာ မှာလိုက်ပါတယ်”

“ဒါက..”

ချင်မိသားစု၏ အကြီးအကဲဖြစ်သူက တစ်စုံတစ်ရာကို အလေးအနက်တွေးတောပြီး သူ့တပည့်များကို

မှာကြားသည်။

“ဟုတ်ပြီ..ငါပြောမယ်။ တစ်ခုခုဖြစ်လာခဲ့ရင်တောင်မှ ဘယ်သူမှ ဘာမှမလုပ်ကြနဲ့”

…

“ဒီတစ်ခေါက်လည်း သူပဲလား”

ကူးချန်ဂိုဏ်းကလည်း ယနေ့ပွဲမှာ ရောက်နေခဲ့သည်။ ကူးမိုက ဖန့်ကြွယ်ယွီကို မြင်လိုက်သည်နှင့် သူ့လက်များက တုန်ရီလာသည်။ ဒီကောင်လေးက သူ့အတွက် နတ်ဆိုးနှင့်တူပေသည်။

ကူးချန်ဂိုဏ်းဘေးနားမှာရှိနေသော ဟွမ်မိသားစုလည်း မျက်စိမျက်နှာပျက်နေသည်။ ချန်မိသားစု၏ မွေးနေ့ပွဲကို သူတက်ရောက်ခဲ့စဉ်က ထူးခြားဆန်းပြားသည့် စွမ်းအားရှင်တစ်ဦးက သူ့ကိုကြက်လေးငှက်လေးသဖွယ် ကိုင်ပေါက်ပြီး လွှင့်ပစ်ခဲ့သည်။ထိုအဖြစ်အပျက်က သူ့စိတ်ထဲမှာ သံမှိုဆွဲသလို ကျန်ရစ်နေသည်။

ထိုအခိုက်အတန့်မှာပင် နောက်ပြန်ဆုတ်ချင်စိတ်များ တဖွားဖွားပေါ်လာကြသည်။ထို စွမ်းအားရှင်က အခုမရှိသေးဘူးဆိုသော်လည်း တစ်နေရာရာမှာ ပုန်းလျှိုးကွယ်လျှိုးရှိနေလောက်သည်။ သူသာ ထွက်လာပါက သိုင်းလောကအဖွဲ့က ဘယ်လိုများ ခုခံနိုင်မည်နည်း။

သို့သော် သိုင်းလောကအဖွဲ့၏ ဥက္ကဌဖြစ်သူ စွန်းရှင်ဟဲက ထိုအကြောင်းများကို မသိပေ။ကူးရီကို မြင်ဖူးကြသော လူများကသာ ထိုလျှို့ဝှက်ချက်ကို သူတို့ရင်ထဲ သိမ်းဆည်းထားကြသည်။ ဖန့်ကြွယ်ယွီက ထိုအကြောင်းများကို မည်သူ့ကိုမှ မပြောဖို့ ခြိမ်းခြောက်ထားသဖြင့် မပြောရဲကြပေ။

“ဝူလီ..မင်းက ငါတို့ သိုင်းလောကအဖွဲ့အစည်းကို သစ္စာဖောက်တော့မှာပေါ့လေ ဟုတ်လား”

စွန်းရှင်ဟဲက ဝူလီကို တည့်တည့်စိုက်ကြည့်ပြီး ထိုမေးခွန်းကို မေးသည်။

ဝူလီ၏ မျက်ဝန်းထဲတွင် စိုးရွံ့စိတ်များ မြူမှုန်လောက်တောင် မမြင်ရပေ။ စွန်းရှင်ဟဲက သိုင်းလောက၏ ဥက္ကဌဖြစ်သော်လည်း သူ့အတွက် ထိုရာထူးက ဘာမှမဟုတ်ပေ။

စွန်းရှင်ဟဲက နတ်ဘုရားအဆင့်မှာရှိနေသော်လည်း ဝူလီက သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။

“ဟေး ဘာတွေလျှောက်မေးနေတာလဲ။ သူက ငါ့ခွေး အားကောရဲ့ ဇနီးဖြစ်သွားပြီ။ သူက အခုဆို ငါ့စကားနဲ့ အားကောစကားကိုပဲ နားထောင်တော့တာ။ ဒါကြောင့်မို့ လေကုန်ပါတယ်ကွာ။ ထပ်မမေးပါနဲ့တော့”

“အမှိုက်လိုကောင်”

သူ့ကို ဖန့်ကြွယ်ယွီက အရူးတစ်ယောက်လို ဆက်ဆံနေသည့်အပေါ် စွန်းရှင်ဟဲက ဒေါသထွက်သွားသည်။ သူပြောတာ​တွေက အမှန်တွေပဲလား။

“ဒါနဲ့ မင်းက သိုင်းလောကအဖွဲ့ရဲ့ခေါင်းဆောင်လား”

ဖန့်ကြွယ်ယွီက အရှေ့ကို လျှောက်လာသည်။

“ဟုတ်တယ် သိုင်းလောကအဖွဲ့ကြီးရဲ့ ခေါင်းဆောင် စွန်းရှင်ဟဲ ဆိုတာ ငါပဲ”

“ဥက္ကဌ စွန်း ကျွန်တော်မေးပါရစေ။ လွန်ခဲ့တဲ့သုံးရက်တုန်းက သိုင်းလောကအဖွဲ့အစည်းကို စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က လက်လွှဲယူမယ်ဆိုတဲ့ အကြောင်းကြားစာ ခင်ဗျားကို ပို့ပေးခဲ့ပါ တယ်။အဲ့တာကို ခင်ဗျားဘက်က တစ်ဖက်သတ်ငြင်းဆန်ပြီး ငါတို့ကို ဒုက္ခပေးဖို့ ထောင်ချောက်တွေနဲ့ သားရဲတိရစ္ဆာန်တွေပါ လွှတ်ပြီး အနှောင့်အယှက်ပြုခဲ့တယ်”

“ဟား အကြံပေးဖန့် အဲ့ထောင်ချောက်နဲ့ ဝူလီဆိုတာက လန်ယာတောင်ကို ကာကွယ်ဖို့ ဟိုးအရင်ထဲက ရှိခဲ့တာပါ။ အဲ့တာတွေကို နေ့ချင်းညချင်းဖယ်ရှားပစ်ဖို့ ငါတို့မေ့နေခဲ့တာပါ။ ဒါပေမဲ့ ဒီအတားအဆီးတွေကို ဖြတ်ကျော်ပြီး ဒီနေရာထိ ရောက်အောင် တက်လှမ်းနိုင်ခဲ့တဲ့ အကြံပေးဖန့်တို့ကို ကျွန်တော်တကယ်ပဲ လေးစားပါတယ်”

“ဟုတ်ပါပြီ အဲ့အကြောင်းတွေကို ထပ်မပြောတော့ပါဘူးလေ။ အခုလာတယ်ဆိုတာကလည်း ခေါင်းဆောင်ပြော ခိုင်းလိုက်တဲ့ သတင်းစကားကို ပါးချင်တာပါ။ကဲ ဒီမှာလူစုံတတ်စုံရှိနေတာဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့”

“အကြံပေးဖန့် အဲ့တာဆိုလည်း ပြောပါဗျာ။ခေါင်းဆောင်က ပြောခိုင်းလိုက်တာဆိုတော့ သေချာလေး နားထောင် ရမှာပေါ့”

“ဒီလိုပါ။ ငါတို့တိုင်းပြည်က သိုင်းသမားတွေအပေါ် မအုပ်ချုပ်နိုင်ခဲ့ဘူး။ အထူးသဖြင့် သိုင်းလောကအဖွဲ့ အစည်း တွေက စီမံခန့်ခွဲခဆိုပြီး ဆက်ကြေးဆန်ဆန်တောင်းခံနေမှုကို ငါတို့က ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့်မို့လို့ သိုင်းလောကသားတွေကိုလည်း စွမ်းအားရှင်တွေလိုပဲ စီမံခန့်ခွဲဖို့ ခေါင်းဆောင်က ကြံစည်နေတယ်။ အဲ့တာကို ဥက္ကဌစွန်းတို့ဘက်က ပူးပေါင်းလုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်”

“ဒါ..ဒါက”

ဖန့်ကြွယ်ယွီဘက်က ထိုကဲ့သို့ ဒဲ့တိုးပြောလာလိမ့်မည်ဟု စွန်းရှင်ဟဲ မတွေးထားမိပေ။ သူပြောချင်သည့် သဘောက သိုင်းလောကအဖွဲ့အစည်းကို နိုင်ငံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန်ဖြစ်သည်။

သိုင်းလောကအဖွဲ့အစည်း၏ ချမ်းသာကြွယ်ဝမှုကမပြောပလောက်သော်ငြား သူတို့အနေဖြင့် လွတ်လပ်ခွင့်ကို ဆုံးရှုံးရပေဦးမည်။ ထိုအရာက သိုင်းလောကမိသားစုများနှင့် သိုင်းလောက ဂိုဏ်းများ လက်မခံနိုင်သော အရာဖြစ်သည်။

“အကြံပေးဖန့်…ခေါင်းဆောင်ရဲ့အကြံကိုလက်ခံပါတယ်။ ဒါပေမဲ့ အခုအနေအထားနဲ့ကတော့ အဆင်မပြေ လောက်ဘူးထင်တယ်။ ငါတို့အဖွဲ့က ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေနဲ့ လွတ်လွတ်လပ်လပ်ရပ်တည်လာခဲ့ကြ တာ။ ရုတ်ချည်းပြောင်းလဲလိုက်မယ်ဆို မငြိမ်မသက်တွေဖြစ်ကုန်မှာစိုးရတယ်”

စွန်းရှင်ဟဲက ဒဲ့တိုးမငြင်းဆန်သော်ငြား သူ့ရပ်တည်ချက်ကရှင်းလင်းနေသည်။ ဖန့်ကြွယ်ယွီက သူတို့အဖွဲ့၏

အုပ်ချုပ်မှုကို ဝင်ရောက်စွက်ဖက်ပါက ဆန့်ကျင်ဖို့ ဝန်မလေးချေ။

“ကြည့်ရတာ ဥက္ကဌစွန်းက ပူးပေါင်းချင်စိတ်မရှိတဲ့ပုံပဲ”

ဖန့်ကြွယ်ယွီ၏ အကြည့်က ရုတ်ချည်းဆိုသလို မာကျောခက်ထန်လာသည်။

“ဟေ့လူကြီး..ငါတို့ရဲ့ အကြံပေးက ခင်ဗျားကို အေးအေးဆေးဆေး ညှိနှိုင်းနေတာ။ အဲ့အပေါ်မှာတော့ အခွင့်ကောင်းယူဖို့ မကြံလေနဲ့”

ဖန့်ကြွယ်ယွီ၏ စွမ်းအားရှင်အဖွဲ့ထဲမှ တစ်ယောက်က မနေနိုင်တော့သဖြင့် ထပြောသည်။

“ဟုတ်တယ် အကြံပေးက ခင်ဗျားကိုမျက်နှာသာပေးနေတာဗျ။အဲ့တာကို ခင်ဗျားက အားနာမှုမရှိဘဲ ငြင်းချက်နေသေးတယ်”

“အကြံပေးဆိုတဲ့ကောင်က ဘာတွေများ တော်နေလို့ ငါတို့က ကြောက်နေရမှာလဲ”

သိုင်းလောကဂိုဏ်းခေါင်းဆောင်တစ်ဦးက ဝင်ပြောပြန်သည်။ ယန်ဟွမ်အဖွဲ့က မလောက်လေး မလောက်စားကောင်ကို လွှတ်ပြီး သူတို့ကို စော်ကားနေသလို ခံစားရသည်။

“ငါတို့အဖွဲ့ကို အရမ်းအုပ်ချုပ်ချင်နေတယ်ပေါ့။ ပြောစမ်းပါဦး မင်းမှာဘာအရည်အချင်းတွေရှိနေလို့လဲ”

“အကြံပေးဖန့် ငါက နတ်ရေကန်ဂိုဏ်းရဲ့ ခေါင်းဆောင် ကျွမ်းယွီချီ ပါ။ မင်း ဒီနေ့ ငါတို့အဖွဲ့တွေကို နိုင်အောင်တိုက်နိုင်ရင် မင်းကိုသစ္စာခံပါ့မယ်”

“ဒါပေမဲ့ မင်းက နိုင်အောင်မတိုက်နိုင်ဘူးဆို လာလမ်းအတိုင်းသာ လှည့်ပြန်ပါကွာ”

“ကျွမ်းယွီချီ ဟုတ်လား။ ဆိုးလိုက်တဲ့နာမည်ကွာ”

ဖန့်ကြွယ်ယွီက တိုးတိုးလေးရေရွတ်သည်။

“ကောင်းပြီ။ ငါက မင်းတို့ကို ပညာပေးချင်နေတာနဲ့ အတော်ပဲ။ ဟုတ်ပြီ။ ပိုင်ယွင်ယောင် ဒီလူ့ကို မင်း သေချာဆုံးမပေးလိုက်”

“ဟုတ်ကဲ့ပါ အကြံပေး”

ပိုင်ယွင်ယောင်က ရှေ့ကိုထွက်လာသည်။

“ခေါင်းဆောင်ကျွမ်း..ငါတို့အကြံပေးက ရှင့်ကို ဆုံးမခိုင်းလိုက်တာပါ”

All Chapters