သူက ဒီအဖွဲ့ထဲမှာ အညံ့ဆုံးပဲ
Vol. 22 Ch. 303
ပီယွင်ယောင်၏ နာမည်က ထူးခြားသည့်အပြင် သူ၏ ဟန်ပန်သွင်ပြင်နှင့် ပေါင်းစပ်သောအခါ အားလုံးလည်း တအံ့တဩဖြစ်ကုန်ကြသည်။ ပီယွင်ယောင်သည် စွမ်းအားရှင်မဖြစ်ခင်တုန်းက ဝက်သားသည်တစ်ဦးဖြစ်သည်။ သူက အရပ်မြင့်ပြီး လူကောင်ကြီးမားသည်။ မျက်နှာတစ်ပြင်လုံး ပါးသိုင်းမွှေးများဖြင့် ပြည့်နေသည်။ သို့သ်ော တစ်ခါတုန်းက သူသည် အပြင်းဖျားနေချိန်တွင် ဝက်သတ်ဖို့ပြင်ဆင်နေမိသည်။ အဖျားဒဏ်ကြောင့် ရုတ်တရက် မေ့မြောသတိလစ်သွားချိန်တွင် ဝက်များက သူတို့နှင့် မျိုးတူသည့် ဝက်ဟုထင်ပြီး ဝက်ခြံထဲ အတင်းတွန်း ထုတ်ကြသည်။သူက ထိုသို့ဖြစ်နေသည့်အပေါ် မည်သူကမှ သတိမထားမိကြပေ။
သူက သုံးရက်တိုင်တိုင် သတိလစ်မေ့မြောနေခဲ့သည်။ သူက ပြန်ပြီး သတိရချိန်တွင် သူ၏ အစွမ်းက သိသိသာသာတိုးတက်နေတာကို ခံစားမိသည်။ တခြားသူက တစ်ကြိမ်မှာ ဝက်တစ်ကောင်ထဲကို သတ်နိုင်ချိန်မှာ သူက ဝက်ဆယ်ကောင် သို့ အကောင်၂၀ကို တစ်ပြိုင်တည်း ဇီဝိန်ခြွေနိုင်သည်။
သူ၏ အစွမ်းတွေ တစစမြင့်လာချိန်တွင် သူ့ကို ယန်ဟွမ်အဖွဲ့က အဖွဲ့ထဲမှာ ခန့်အပ်ထားခဲ့သည်။နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားပြီးနောက်သူသည် SSSအဆင့် စွမ်းအားရှင်တစ်ဦးဖြစ်လာခဲ့သည်။
“ဝှစ်”
အရောင်တလက်လက် တောက်ပနေသော ဓားရှည်တစ်ချောင်းက စွန်းရှင်ဟဲ၏ လက်ထဲမှာ ပေါ်လာခဲ့သည်။ စွန်းရှင်ဟဲသည် ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏ ဓားသိုင်းသည် ကူးချန်ဂိုဏ်းထက်ပင် သာလွန်သည်။
သူ၏ ဓားကို ကြယ်စစ်မြစ်ဖျားဓားဟုခေါ်ပြီး ဆံချည်မျှင် တစ်မျှင်ကိုတောင် ဖြတ်တောက်နိုင်သည်အထိ အစွမ်းထက်လှသော လက်နက်တစ်ခုဖြစ်သည်။
“ချွမ် ချွမ်”
ပီယွင်ယောင်၏ လက်ထဲမှာ ဓားနှစ်လက်ပေါ်လာသည်။ ထိုဓားများ၏ ပုံစံက ကြောက်စရာကောင်း ပေသည်။သိုင်းလောက အဖွဲ့ထဲက မည်သူကမှ သူ့လက်နက်ကို မမြင်ဖူးကြပေ။
“မင်းတို့ဘာတွေ ကြောင်ပြီး ကြည့်နေကြတာလဲ။ ဝက်သားခုတ်တဲ့ ဓားကို မမြင်ဖူးဘူးလား”
ပိုင်ယွင်ယောင်က ပြောရင်းဆိုရင်း ဓားနှစ်လက်ကို အသာအယာ ပွတ်တိုက်နေသည်။
“ငါက နှစ်ပေါင်းများစွာ ဝက်သတ်သမားလုပ်လာခဲ့တော့ ဒီဓားတွေနဲ့ ငါက အကျွမ်းတဝင်အဖြစ်ဆုံးပဲ။ ကျန်တဲ့လက်နက်တွေကျ ငါမသုံးတတ်တော့ဘူး”
“မခန့်လေးစားနဲ့”
သူ့ကိုရင်ဆိုင်ရန် ဝက်သတ်သမားကို အကြံပေးဖန့်က ပွဲထုတ်ခဲ့သည်။ သူ့လို အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင် ကို ဝက်သတ်သမားနှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းခြင်းက စော်ကားနေသလိုပင် ဖြစ်၏။
“ငါက နတ်ဘုရားအဆင့်ရဲ့ တစ်ဝက်ကို ရောက်နေပြီဆိုတာ မင်းတို့မသိဘူးမဟုတ်လား”
စွန်းရှင်ဟဲက သူ့ကိုယ်ထဲမှ ကိုယ်ယောင်ကိုယ်ဝါများကို ထုတ်လွှတ်လိုက်သည်။
စွန်းရှင်ဟဲ၏ အနေအထားသည် အဆင့်ငါး စွမ်းအားရှင်တစ်ဦးနှင့် ညီမျှပြီး ပီယွင်ယောင်က အဆင့်၂ စွမ်းအားရှင်တစ်ဦးမျှသာ ဖြစ်၏။
“ပေါက်ရတွေ လျှောက်ပြောမနေနဲ့ကွာ”
ပီယွင်ယောင်က သူ၏ ဓားနှစ်လက်ကို စွန်းရှင်ဟဲထံ ပစ်လိုက်သည်။ ပီယွင်ယောင်က ဓားကိုပစ်လိုက်သည့်အားက အလွန်ပြင်းထန်ပြီး ဓားပျံသွားသည့် အမြန်နှုန်းကလည်း အလွန်မြန်ဆန်သည်။
သို့သော်ငြား စွန်းရှင်ဟဲကလည်း ခေသူတော့ မဟုတ်ခဲ့ပေ။ သူက ဓားကိုမြှောက်ပြီး ပီယွင်ယောင်၏ ဓားကို ကာလိုက်သည်။
ပီယွင်ယောင်၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာချိန်တွင် စွန်းရှင်ဟဲ၏ အနောက်မှာ ရောက်နေခဲ့သည်။ သူ၏ ဓားနှစ်လက်ကို ပြန်ဖမ်းပြီး စွန်းရှင်ဟဲထံ အားကုန်ပစ်လိုက်သည်။
“ဘယ်လိုကြောင့် သူက တအားမြန်ဆန်နေရတာလဲ”ပီယွင်ယောင်က သူ၏အနောက်ကို ဘယ်လိုလုပ်ပြီး ရောက်နေလဲဆိုတာ စွန်းရှင်ဟဲ သတိမထားမိလိုက်ပေ။
“ချလွမ်”
ဓားနှစ်လက်က ထိရိုက်မိပြီးနောက် မီးတွေပွင့်ထွက်လာသည်။ ပီယွင်ယောင်၏ အစွမ်းက စွန်းရှင်ဟဲထက် သာလွန်နေပုံရသည်။ စွန်းရှင်ဟဲလည်း အနောက်ဘက်ကို ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။
ပီယွင်ယောင်က တဖန်ပြန်ပြီးပျောက်ကွယ်သွားပြီးနောက် စွန်းရှင်ဟဲ၏ အနောက်တွင် ပြန်ပေါ်လာပြန်သည်။ စွန်းရှင်ဟဲတစ်ယောက်တော့ သူ၏ အစွမ်းများကို ထုတ်လို့မရသဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေသည်။ ပီယွင်ယောင်က အလွန်မြန်ဆန်သဖြင့် စွန်းရှင်ဟဲလည်း ဖမ်းမမိတော့ပေ။
တစ်ခုရှိတာက ပီယွင်ယောင်သည် ပေါင်၂၀၀ကျော်သည့် လူဝကြီးတစ်ဦးဖြစ်သည်။ လူဝကြီးတစ်ဦးက ထိုကဲ့သို့ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာနိုင်တာကို မမြင်ဖူးကြပေ။ စွမ်းအားရှင်များအတွက်တောင်မှ အထူးအဆန်းဖြစ်ပေသည်။
“မင်းကလည်း ညံ့လိုက်တာကွာ”
ပီယွင်ယောင်၏ ခနဲ့တဲ့တဲ့ပြောသည့်အသံက စွန်းရှင်ဟဲ၏ နားအနောက်ဘက်မှ ထွက်လာသည်။
“မရဏကြာပန်း”
ပီယွင်ယောင်၏ ခန္တာကိုယ်က အဆမတန် တဟုန်ထိုး ကြီးထွားလာသည်။ သူကိုင်ထားသော ဝက်သားခုတ် ဓားနှစ်လက်အပြင် ဓားပေါင်းများစွာက သူ့ကိုယ်ထဲမှ ထွက်လာသလို ဖြစ်နေ၏။
ပထမတော့ စွန်းရှင်ဟဲက ခုခံနိုင်သေးသည်။ သို့သော် မုန်တိုင်းသဖွယ်ပြင်းထန်သောတိုက်ခိုက်မှုများက ခပ်စိတ်စိတ်ဖြစ်လာသည်။ ပီယွင်ယောင်၏ “မရဏကြာပန်း” အကွက်ကို သူက ငါးစက္ကန့်တောင် တောင့်မခံနိုင်ဘဲ တစစီဖြစ်ခဲ့ရသည်။ ထို့အပြင် သူ့တစ်ကိုယ်လုံး ဓားချက်ပေါင်းများစွာနှင့် ပြည့်နှက်နေသည်။
“ဒီအကွက်ကို ဘယ်နေရာမှာ ရင်းရင်းနှီးနှီး မြင်ဖူးနေတာပါလိမ့်”
အောက်မှာရှိနေသော သိုင်းလောကသားများက တီတိုးပြောနေကြသည်။
“မင်းမေ့သွားပြီလား။ ဟိုးအရင်တစ်ခေါက် တောင်အောက်ကို ဂိမ်းပြိုင်ပွဲအတွက် တိတ်တဆိတ်သွားခဲ့ကြ သေးတယ်လေ။ အဲ့ပွဲတုန်းက ငါတို့ပြိုင်ဘက်က ဒီအကွက်နဲ့ပဲ ငါတို့ကို ရှင်းပစ်ခဲ့တာလေ။ အဲ့အချိန်တုန်းက သူသုံးခဲ့တာလည်း ဒီအကွက်ပဲ”
“ဝိုး ဂိမ်းထဲက အကွက်တွေက ပြင်ပကမ္ဘာထဲကို ရောက်လာကြပြီပေါ့။ သူက ဒါကို ဘယ်လိုလေ့ကျင့်ခဲ့တာလဲ”
“ဒါတော့ ငါလည်း ဘယ်သိမလဲကွ။ ဒီလူက စွမ်းအားရှင်တစ်ဦးလိုပဲ။ သူတို့အစွမ်းတွေက မျိုးစုံရှိတယ်လေ။ ငါတို့ကဘယ်လိုသိနိုင်မှာလဲ”
“မဆိုးပါဘူး ဒီကောင်တော်သားပဲ”
ဖန့်ကြွယ်ယွီက စွမ်းအားရှင်များကို နတ်ဘုရားအကယ်ဒမီဆီ မခေါ်လာခဲ့ပေ။ ကိုယ်ပျောက်သိုင်း နှင့် မရဏကြာပန်းတို့ကို သူကိုယ်တိုင်သင်ပေးခဲ့ခြင်းဖြစ်၏။
ပီယွင်ယောင်၏ အမြန်နှုန်းက အချိန်ခဏလေးအတွင်း အဆမတန်မြင့်တက်လာခဲ့သည်။ ခွန်အားကြီးပြီး မြန်ဆန်ခြင်းအပြင် သူက ဓားတွေကိုပါ ထုတ်နိုင်စွမ်းရှိသည်။ ထိုအစွမ်းက အလွန်အဆင့်မမြင့်သေးသော်လည်း သူ့မှာ လက်နက်တချို့ကို ဖန်ဆင်းနိုင်စွမ်းရှိနေသည်။ ထိုအချက်ကြောင့်ပင် ဖန့်ကြွယ်ယွီက သူ့ကို မရဏကြာပန်းအကွက်ကို သင်ပေးခဲ့သည်။
“ချလွမ်”
စွန်းရှင်ဟဲ၏ ဓားက သူ့လက်ထဲမှ လွတ်ကျသွားသည်။ သူ့အကျီကလည်း စုတ်ပြဲကုန်ပြီး သူ့တစ်ကိုယ်လုံး နေရာအနှံ့ ဒဏ်ရာရသွားတော့သည်။
“အကြံပေးဖန့်..ကျွန်တော်ပြန်လာပါပြီ”
ပီယွင်ယောင်က အဖွဲ့ထဲကို ပြန်ရောက်လာသည်။
“အင်း နားလိုက်ဦး”
ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြသည်။ ပီယွင်ယောင်၏ လုပ်ဆောင်ချက်များကို သူအလွန်ပဲ စိတ်တိုင်းကျသည်။ အဖွဲ့ခေါင်းဆောင်ဖြစ်သူကို ပထမအချီမှာတင် အနိုင်ရလိုက်ခြင်းက သူတို့အဖွဲ့၏ စိတ်ဓာတ်ကို တက်ကြွ စေသည်။
“ခင်ဗျားလက်ခံပြီလား”
ဖန့်ကြွယ်ယွီက စွန်းရှင်ဟဲထံသို့ လျှောက်လှမ်းလာသည်။
“ဪ ပြောဖို့တစ်ခုကျန်နေသေးတာ။ ခင်ဗျားတို့မြင်နေရတဲ့ စွမ်းအားရှင်အုပ်စုကို ငါကိုယ်တိုင်လေ့ကျင့် ပေးခဲ့တာ။ ခုနကတစ်ယောက် အဖွဲ့ထဲမှာဆို အားအနည်းဆုံးလို့ပြောရမယ်”
စွန်းရှင်ဟဲလည်း ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူလိုလူကို အနိုင်ရခဲ့သော ဝက်သတ်သမားက အားအနည်းဆုံးလူဖြစ်နေသည်။ ဒါဆို တွေ့မြင်နေရသော စွမ်းအားရှင်အယောက် ၃၀က နတ်ဘုရားအဆင့် သိုင်းသမားများနှင့် တန်းတူဖြစ်လောက်မည်။
“ခဏလေး ငါတို့မှာ နတ်ဘုရားပြောင်းလဲမှုအဆင့်မှာရှိနေတဲ့ အကြီးအကဲလေးဦးတောင်ရှိသေးတယ်။ မင်းရဲ့ လူတွေဘယ်လောက်ပဲတော်တော် ငါတို့လူလေးဦးကို မှီနိုင်ပါ့မလား”
“ကောင်းပြီ။ ဒါဆို အခွင့်အရေးတစ်ခုကို အရင်ဆုံးပေးမယ်။ယန်ဟွမ်အဖွဲ့ရဲ့ အုပ်ချုပ်မှုကို လက်ခံပါတယ် ဆိုတဲ့လူတွေ ငါတို့ဘက်မှာလာရပ်ပေးပါ။ မင်းတို့မှာ အချိန်တစ်မိနစ်ရမယ်”
ဖန့်ကြွယ်ယွီက ခပ်ကျယ်ကျယ်အော်ပြောပေးသည်။
“အကြံပေးဖန့် ပိုင်မိသားစုက ယန်ဟွမ်အဖွဲ့အုပ်ချုပ်မှုကိုနာခံဖို့ အသင့်ပါပဲ”
ပိုင်ယုဟိုင်နှင့် ပိုင်မိသားစုက အရင်ဆုံး ရှေ့ကိုထွက်လာသည်။
“ခေါင်းဆောင်ပိုင်..ခင်ဗျား”
ဘေးနားမှာရှိနေသော သိုင်းလောကသားများလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကြသည်။
သိုင်းလောကအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးက ရောက်မလာသေးပေ။ သူတို့က ဘာကြောင့်များ ဒီအကြံပေးဆိုသူကို ကြောက်နေရသနည်း။
“အို ခေါင်းဆောင်ပိုင်လည်း ဒီကိုရောက်နေတာကိုး”
ဖန့်ကြွယ်ယွီက သူ့ကို အခုမှပဲ မြင်တော့သည်။
“ငါတို့လည်း အတူတူပဲ”
ချန်ဝေနှင့် သူ့မိသားစုလည်း ဖန့်ကြွယ်ယွီ၏ အနောက်မှာရပ်လိုက်သည်။
ထို့နောက် ချင်မိသားစု၊ ကူးချန်ဂိုဏ်းနှင့် ဟွမ်မိသားစုတို့လည်း ထွက်လာကြသည်။ သူတို့အပြင် သိုင်းလောက ဂိုဏ်းကြီး ဂိုဏ်းသေးများလည်း အသီးသီးထွက်လာကြသည်။ တချို့က သူဘယ်သူလဲဆိုတာ သေချာမသိပေ။ သို့သော် သူ့နောက်ကွယ်မှာ အစွမ်းထက်အင်အားတစ်ခုခုရှိနေမှာကိုသိပြီး လာရောက်ပူးပေါင်းကြခြင်းဖြစ်သည်။
“အကြံပေးဖန့်တစ်ခုတော့ပြောရဦးမယ်။ ကျုပ်တို့တွေ ထန်ထန်အရှုပ်တော်ပုံထဲတော့ မပါချင်ဘူးဗျာ”
“အကြံပေးဖန့် ကျုပ်တို့ကိုအရေးယူမှာတော့ မဟုတ်ဘူးမလား”
“ဟား မစိုးရိမ်ပါနဲ့ဗျာ။ ခင်ဗျားတို့ ကျုပ်ရဲ့စီမံခန့်ခွဲမှုကို နာခံနေသရွေ့တော့ အရင်ကိစ္စတွေကို နေုာက်ကြောင်းပြန် မလှန်ပါဘူး”
တဖြည်းဖြည်းနဲ့ သိုင်းလောကအဖွဲ့အစည်း၏ လူတစ်ဝက်ကျော်လောက်က သူတို့ဆီကို လာရောက်ပူးပေါင်း ကြသည်။ထို့ကြောင့် အဖွဲ့ခေါင်းဆောင်များနှင့် အကြီးအကဲများက အခက်တွေ့ကုန်ကြသည်။ တစ်ခေါက်ပဲတိုက်ခိုက်ရုံဖြင့် ဘာကြောင့်များအလွယ်တကူ ဘက်ပြောင်းသွားကြသနည်း။
“မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ။ ပြန်လာခဲ့ကြ”
စွန်းရှင်ဟဲက သူတို့ကိုကြည့်ပြီး အော်ဟစ်ကျိန်းမောင်းသည်။
“ငါတို့မှာ နတ်ဘုရားပြောင်းလဲခြင်းအဆင့်အကြီးအကဲတွေရှိနေတာ မေ့ကုန်ကြပြီလား။ ဟိုမိန်းမတောင် ငါတို့ကို မထိရဲတာ သူတို့က ဘာများလုပ်နိုင်မှာလဲ”
ထိုအချိန်မှာ ခေါင်းဆောင်ချန်က အရှေ့ကိုထွက်လာသည်။
“ဥက္ကဌ ငါတစ်ခုလောက်အကြံပေးပါရစေ။ အကြံပေးဖန့်ရဲ့ အုပ်ချုပ်မှုကို လက်ခံလိုက်ပါ။ မင်းတို့တစ်ဖွဲ့လုံး ပေါင်းရင်တောင် သူ့ကိုမနိုင်ဘူး”