← Chapters

မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခု!!

Vol. 22 Ch. 304

မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခု!!

Vol. 22 Ch. 304

“ခေါင်းဆောင်ချန်၊ ခေါင်းဆောင်ပိုင်..မင်းတို့ဘာတွေဖြစ်နေကြတာလဲ။ မင်းတို့ ဒီ အကြံပေးဆိုတဲ့ကောင်ကို အရမ်းကြောက်နေကြတာလား”

စွန်းရှင်ဟဲက ဒီလိုမျိုးတစ်ဖက်သတ် အခြေအနေကို မမှန်းဆဘူးပေ။ သူ့လူ၏ သုံးပုံပုံလျှင် နှစ်ပုံလောက်က ဖန့်ကြွယ်ယွီ၏ ဘက်မှာရှိနေကြသည်။

အကယ်၍ သစ္စာဖောက်ခဲ့လျှင်တောင်မှ အနည်းငယ် တွေဝေသင့်သည် မဟုတ်ပါလော။ သူတို့အကုန်လုံး တစ်ချက်လေးတောင် မစဉ်းစားပဲ ရန်သူဘက်ကို လိုလိုချင်ချင်နှင့် ပြောင်းခဲ့ကြသည်။ ဒီလိုမျိုး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရလောက်အောင် ဖြစ်စေသည့် ကိစ္စတစ်ခုကို သူမသိခဲ့တာလားဟု စွန်းရှင်ဟဲ တွေးနေမိသည်။

“မင်းတို့ ပုန်းလျှိုးကွယ်လျှိုးနေနေတာတွေ ရပ်ကြတော့။ ငါ မင်းတို့အကုန်လုံးကို မြင်ရတယ်”

ဖန့်ကြွယ်ယွီက တောင်ထိပ်ဂိတ်တံခါးမှာရှိသော မိုးမျှော်ရုပ်တုနားကနေပြီး အော်လိုက်သည်။

“ဟဲဟဲဟဲ ဥက္ကဌဖန့် ငါတို့ကိုမြင်နေရတာလား”

ချင်ယွင်က ပြုံးစိစိလုပ်ပြီး ထွက်လာသည်။ပိုင်ယိုနှင့် ချန်မုန့်ဟန်တို့၏ ပုံစံကလည်း ရှက်ကိုးရှက်ကန်း ဖြစ်နေကြသည်။

“မင်းတို့အနေအထားလောက်နဲ့ ငါ့ကို ရှောင်ပုန်းလို့ရမယ်ထင်နေလား”

ဖန့်ကြွယ်ယွီက သူ့လက်ကို ခါရမ်းပြသည်။

“သွားသွား..မင်းတို့အကြီးအကဲတွေဆီပြန်သွားကြ။ ငါ့အလုပ်ကို မနှောင့်ယှက်ကြနဲ့”

သူတို့သုံးဦးလည်း ချက်ချင်းဆိုသလို မိသားစုရှိရာဆီ ပြန်လာကြသည်။

“ဒီလူတွေဘာဖြစ်နေကြတာလဲ”

“မသိဘူး။ သူတို့ပုံစံကြည့်ရတာတော့ အကြံပေးဖန့်ကို တကယ်ကြောက်ကြတဲ့ပုံပဲ”

“မဟုတ်ဘူး။ သူတို့ရဲ့ အကြည့်တွေထဲမှာ လေးစားမှုတွေမြင်နေရတယ်”

“မင်းတို့သတိထားမိကြလား။ သူတို့က အကြံပေးဖန့်ကို ဥက္ကဌလို့ခေါ်ကြတာ။ သူတို့တွေက တစ်နည်းနည်းနဲ့များ ဆက်စပ်နေကြမလား”

“မင်းမသိဘူးလား။ အကြံပေးဖန့်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လေ။ ပြီးတော့ သူက ဆေးရုံလည်း ပိုင်သေးတာ။ ဒီခေတ်ကြီးနဲ့ မင်း အတော်လေးကို အဆက်သွယ်ပြတ်နေတာပဲ”

သိုင်းလောက အဖွဲ့အစည်းဘက်မှာ ကျန်နေခဲ့ကြသူများက ဇဝေဇဝါဖြစ်နေကြ၏။ ချင်ယွင်တို့ သုံးဦးသည် နာမည်ကြီးလာကတည်းက တဖြည်းဖြည်း မောက်မာလာကြပြီး ထိုကဲ့သို့ အမိန့်နာခံတတ်သည့်ပုံစံကို မပြကြ တော့ပေ။သူတို့နှင့် အကြံပေးဖန့်၏ ကြားထဲမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိနေကြတာလဲ။

သို့သော်လည်း သိုင်းလောကအဖွဲ့အစည်းဘက်မှာ ကျန်နေခဲ့သောလူများကလည်း သူတို့အဖွဲ့အပေါ် အပြည့် အဝယုံကြည်ကြသည်။ သူတို့၏ အကြီးအကဲသုံးဦးက မရှုံးနိမ့်သရွေ့ ယန်ဟွမ်အဖွဲ့က သူတို့ကို အုပ်ချုပ်ခွင့် မရနိုင်ပေ။

“မင်းတို့က ဒုက္ခတွင်းထဲကို ခုန်ဆင်းချင်ကြတာပဲ”

ဖန့်ကြွယ်ယွီ၏ အနောက်မှာရပ်နေသော သူ့လူများကို တစ်ချက်ကြည့်ပြီး စွန်းရှင်ဟဲက ပြောသည်။

“မင်းတို့တွေ သက်တောင့်သက်သာ အေးအေးလူလူနဲ့ အချိန်အကြာကြီးနေခဲ့ရတော့ အရင်တုန်းက ဒီလိုမျိုး နေရဖို့ အရေးဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ မေ့သွားပုံရတယ်။ အခုချိန်ကစပြီး သိုင်းလောကအဖွဲ့အစည်းဆိုတာ ဘာလဲဆိုတာ သိအောင်ပြရတော့မှာပေါ့”

စွန်းရှင်ဟဲသည် သူ့အိတ်ကပ်ထဲမှ သစ်သားပြားလေးတစ်ခုကိုထုတ်ပြီး ရိုက်ချလိုက်သောအခါ ထိုသစ်သားပြား လေးက ချက်ချင်းဆိုသလို ကျိုးပဲ့သွားသည်။ အစိမ်းရောင်ခပ်ဖျော့ဖျော့အလင်းတန်းတစ်ခုကို သိုင်းလောကအဖွဲ့ မှာရှိနေသော မိုးမျှော်စင်၏ ထိပ်ကို ပစ်ခွင်းလိုက်သည်။

“အကြံပေး ဒီမျှော်စင်ဆိုတာ ငါတို့အဖွဲ့ရဲ့ ခေါင်းဆောင်ကြီး သိုင်းလေ့ကျင့်တဲ့နေရာဖြစ်ပါတယ်။ တရုတ်ပြည် မှာဆို သူတစ်ဦးတည်းကပဲ နတ်ဘုရားပြောင်းလဲခြင်းအဆင့်ရဲ့ တစ်ဝက်ကို ရောက်ရှိနေတာပါ”

ယန်လီက သူတို့အဖွဲ့နှင့် ပတ်သက်သည့်အရာများကို ဖန့်ကြွယ်ယွီအား အသေးစိတ်ရှင်းပြပေးသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကို ယန်ဟွမ်ဥက္ကဌအပါအဝင် စွမ်းအားရှင်ပေါင်းများစွာ ရောက်လာခဲ့ကြတယ်။ ဒါပေမဲ့ သိုင်းလောကအဖွဲ့ခေါင်းဆောင်ကြီးကို အရေးနိမ့်ပြီးနောက် သူမလည်း ချက်ချင်းဆိုသလို လှည့်ပြန်သွားခဲ့တယ်”

“အို..မင်းက အတော်သိတာပဲ”

ဖန့်ကြွယ်ယွီက ယန်လီကို တအံ့တဩကြည့်နေမိသည်။ ပုံမှန်ဆို ပြင်ပဂိုဏ်းသားတစ်ဦးက သိရမည့်အကြောင်း အရာများမဟုတ်နေပေ။

“ဟဲဟဲ ဒီလိုပါ အကြံပေးဖန့်။ ငါတို့ ပြင်ပဂိုဏ်းသားတွေက ကျင့်ကြံမှုအားနည်းပေမဲ့ အဖွဲ့တစ်ခုလုံးမှာ ဖြန့်ကျက်ပြီးရှိနေကြပါတယ်။ ရံဖန်ရံခါ ဟိုတစ်စ ဒီတစ်စ အတွင်းသတင်းလေးတွေ ကြားရတာပေါ့။ ငါတို့အချင်းချင်း အဆက်အသွယ်မပြတ်ရှိနေတာကြောင့်လည်း ပါပါတယ်”

“ခေါင်းဆောင်ကြီးရဲ့ နာမည်က အူမူဖန့်လို့ခေါ်ပါတယ်။ သူ့အသက်က ၂၇၀ ရှိပြီလို့တော့ ကြားဖူးတာပဲ။ သူက ဓားသိုင်းသမားဖြစ်ပြီးတော့ သူက ဓားသိုင်းအစီအရင်တွေကိုလည်း လေ့လာတယ်။ သူတစ်ဦးတည်းနဲ့ ဓားပျံလေးချောင်းကို ထိန်းချုပ်နိုင်တာမို့ သူ့အစွမ်းက အံ့မခန်းပဲ”

“အို..ဓားသိုင်းအစီအရင်ဟုတ်လား။ ဒါမျိုးက အရမ်းရှားတယ်”

သူသည် ဓားသိုင်းအစီအရင်အကြောင်းကို နတ်ဘုရားအကယ်ဒမီမှာသာ ကြားဖူးခဲ့သည်။ ဤစကြာဝဠာရှိ လူစွမ်းကောင်းများက ဓားပျံများစွာကို ထိန်းချုပ်နိုင်ပြီး မိုးမြေတစ်ခုလုံးကို ဖျက်စီးနိုင်စွမ်းရှိ၏။

ထိုကဲ့သို့ လူစွမ်းကောင်းမျိုးက ဤကမ္ဘာမြေမှာရှိနေခြင်းက ထူးဆန်းပေသည်။

“ရှင်ဟဲ..အရေးကြီးကိစ္စမဟုတ်ဘူးဆိုလျှင် ငါ့ကို မနှောင့်ယှက်နဲ့လို့ မှာထားတယ်မလား။ကဲ ပြော ဘာကိစ္စတွေ ဖြစ်နေပြန်ပြီလဲ”

ထိုအချိန်မှာပင် ရှေးခေတ်အသံတစ်သံက မျှော်စင်မှ ထွက်လာခဲ့သည်။ထိုမျှော်စင်မှာ အသံချဲ့စက်တပ်ထားသည့်အလား အသံက အလွန်ကျယ်လောင်၏။

ထိုအသံကို ချီတန်ခိုးဖြင့် ထုတ်လွှင့်သဖြင့် ထိုအသံကို ကြားရသော အဆင့်နိမ့်ကျင့်ကြံသူများအဖို့ နားကွဲမတတ် ခံစားနေရသည်။

“သေစမ်းကွာ…အဲ့လောက်ကျယ်ရလား။ ငါလည်း အသံချဲ့စက်ယူလာခဲ့ရမှာ”

ဖန့်ကြွယ်ယွီက ဆိုသည်။

“ခေါင်းဆောင်ကြီး..ယန်ဟွမ်အဖွဲ့က လူတွေ ထပ်လွှတ်လိုက်ပြန်ပြီ။ ငါ့ကျင့်ကြံခြင်းက အဆင့်နိမ့်နေလို့ သူတို့ကို မရှင်းနိုင်ဘူးဖြစ်နေတယ်။ သူတို့ကို နှိမ်နင်းပေးဖို့ ခေါင်းဆောင်ကြီးကိုပဲ အကူညီတောင်းရမှာပဲ”

“လာပြန်ပြီ ယန်ဟွမ်အဖွဲ့ပဲလား”

ထိုနာမည်ကို ကြားရပြီးနောက် အူမူဖန့်၏ အသံက ဒေါသသံလွှမ်းသွားသည်။ အူမူဖန့်သည် သိုင်းလောကတွင် နှစ်တစ်ရာမှာ တစ်ယောက်မတွေ့နိုင်သော ပါရမီရှင်ဖြစ်၏။ သူသည် သိုင်းလောကမှာ ဆန်းကြယ်အဆင့်ကို ဖြတ်သန်းနိုင်မည့် နောက်ဆုံးသော မျှော်လင့်ချက်ရောင်ခြည်လည်းဖြစ်၏။

သိုင်းပါရမီရှင်များအတွက် နှစ်၃၀၀က အမြင့်ဆုံး သက်တမ်းဖြစ်၏။ ပုံမှန်ဆို အူမူဖန့်သည် အသက် ၃၀၀မပြည့််ခင် ဆန်းကြယ်အဆင့်ကိုတက်လှမ်းနိုင်မည့် အခွင့်အရေးရှိနေသည်။ထိုကိစ္စသာ အောင်မြင်ပါက သူသည် သိုင်းလောကအတွက် အမြင့်အမြတ်ဆုံးသော လူဖြစ်လိမ့်မည်။

သို့သော် သူက ယန်ဟွမ်အဖွဲ့၏ အကြီးအကဲနှင့် တိုက်ခိုက်ခဲ့ချိန်တွင် ဒဏ်ရာရခဲ့သည်။ ထိုဒဏ်ရာများက သူ့ကို နတ်ဘုရားပြောင်းလဲခြင်းအဆင့်ထံတက်လှမ်းနိုင်မည့် အနေအထားကို အနှောင့်အယှက်အဟန့်အတားဖြစ်စေခဲ့ သည်။ထို့ကြောင့် နတ်ဘုရားပြောင်းလဲခြင်းအဆင့်မှာပင် သူသည် ရပ်တန့်သွားခဲ့ရသည်။ ထို့ကြောင့် သူသည် ယန်ဟွမ်အဖွဲ့ကို လွန်စွာမုန်းတီးနေမိတော့သည်။

“ယန်ဟွမ်..ဟုတ်လား။ အချိန်ကိုက်ပဲ။ အရင်တုန်းက သွေးကြွေးတွေ ဒီနေ့အပြီးဆပ်ရတော့မှာပေါ့”

အူမူဖန့်က မီးခိုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဓားရှည်ကိုကိုင်ကာ အရှေ့ကို လှမ်းလာသည်။

“အင်း ပြင်းလိုက်တဲ့ တန်ခိုးပါလား”

ဖန့်ကြွယ်ယွီက သူ့ရှေ့မှာရှိနေသော လူကို တစ်ချက်စိုက်ကြည့်သည်။ ထိုလူသည် သူရင်ဆိုင်လာခဲ့ရသမျှထဲတွင် အင်အားအကြီးဆုံးပြိုင်ဘက်တစ်ဦးဖြစ်သည်။

“ဟင် ဘယ်ကကောင်လေးလဲ”

အူမူဖန့်က သူ့ပြိုင်ဘက်သည် ယန်ဟွမ်အဖွဲ့ခေါင်းဆောင်ဟု ထင်ခဲ့သည်။

“လုံထင်က ဘယ်မှာလဲ”

“ခေါင်းဆောင်ကြီး ဒီလူက ယန်ဟွမ်အဖွဲ့က လွှတ်လိုက်တဲ့ အကြံပေးဆိုတဲ့လူပါ။ သူ့အစွမ်းအစကိုတော့ သေချာမသိပါဘူး။ ဒါပေမဲ့ သူ့အနောက်မှာရှိနေတဲ့ အယောက်၃၀ကတော့ စွမ်းအားရှင်တွေဖြစ်ကြပါတယ်”

စွန်းရှင်ဟဲကရှင်းပြသည်။

“မင်းကို ဒဏ်ရာရအောင်လုပ်တာ သူတို့လား”

အူမူဖန့်က မေးလိုက်သည်။

“ဟို ဝက်သားခုတ်တဲ့ဓားကိုင်ထားတဲ့ လူထွားကြီးကြောင့် ဒဏ်ရာရခဲ့တာပါ”

“ဟမ်..မင်းက အဆင့်-၂စွမ်းအားရှင်ကိုတောင် မနိုင်ဘူးလား။ မင်းရောက်နေတဲ့ အလယ်အလတ် နတ်ဘုရားအဆင့်က ဟန်ပြသပ်သပ်ပဲလား”

“ခေါင်းဆောင်ကြီး..ဒီလူတွေက အဆင့်မြင့်ရုံသာမကပဲ သာမန်စွမ်းအားရှင်တွေထက်လည်း ပိုပြီး အင်အားကြီးပါ တယ်။ သူတို့ရဲ့ သိုင်းကွက်တွေကလည်း ထူးခြားပါတယ်”

“အင်း မင်းတို့ဖယ်နေကြ။ ငါတို့အဖွဲ့ကို အရမ်းအုပ်ချုပ်ချင်နေတဲ့ အကြံပေးဆိုတဲ့ လူရဲ့ အစွမ်းအစကို တစ်ချက် ကြည့်ကြသေးတာပေါ့လေ”

ယန်ဟွမ်အဖွဲ့နှင့် ရန်ငြိုးရှိခဲ့တာမို့ အူမူဖန့်သည် ဒေါသထွက်နေပြီး ဖန့်ကြွယ်ယွီနှင့် ညှိုနှိုင်းချင်စိတ်များ မရှိ တော့ပေ။

“နတ်ဘုရားဓားလေးချောင်းသိုင်းကွက်”

“ဝှစ် ဝှစ် ဝှစ်”

အူမူဖန့်၏ အနောက်ဘက်ဆီမှ ဓားလေးချောင်းထွက်လာသည်။ အူမူဖန့်၏ ဓားလေးချောင်းသည် တော်ဝင်နဂါး၊ ကျားဖြူ၊ ငှက်ဆိုးနှင့် လိပ်နက်တို့ ဖြစ်ကြပြီး ဓားတစ်ချောင်းချင်းစီက ခုခံနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်း မြင့်ကြ သည်။ ထိုဓားလေးချောင်းသိုင်းကွက်နှင့် ယန်ဟွမ်ခေါင်းဆောင်ကို အနိုင်ရခဲ့ခြင်းဖြစ်၏။

“ဟမ် ဒုတိယအဆင့်ဓားသိုင်းကြီးပါလား။ တကယ့်ဓားသိုင်းစစ်စစ်ဆိုတာ ဘာလဲဆိုတာ မင်းကိုပြရမှာပေါ့”

နတ်ဘုရားပြောင်းလဲခြင်းအဆင့်မှာရှိနေသော သိုင်းသမားနှင့် ရင်ဆိုင်ရချိန်တွင် သူ့ဘက်မှ အစွမ်းကုန်ထုတ်သုံးလာခဲ့သည်။

“ဝှစ် ဝှစ် ဝှစ်”

ဓားတွေက တစ်ချောင်းပြီးတစ်ချောင်း သူ့အနောက်ဘက်မှ ထွက်လာသည်။ ထိုဓားများက ဘယ်ကနေထွက်လာတာကို မမြင်ရဘဲ လေထဲမှ သူ့အလိုလို ထွက်လာသည့်ပုံစံဖြစ်နေသည်။

၁၀၊ ၂၀၊ ၅၀၊ ၁၀၀..

ဓားအချောင်း ၁၀၀လောက်က ကောင်းကင်ယံထက်မှာ ဝဲပျံနေကြသည်။

“ဟမ် အဆင့်-၄ ဓားသိုင်း”

အူမူဖန့်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထိုကဲ့သို့ ဓားအချောင်း ၁၀၀ ထုတ်နိုင်စွမ်းက အဆင့်-၄ ဓားသိုင်းမှာသာ လုပ်နိုင်သည်။ သူက ဘယ်ကနေများ အဆင့်-၄ ဓားသိုင်းကို ရခဲ့သနည်း။ သူက ဓားအချောင်းပေါင်းများစွာကို ထိန်းချုပ်နိုင်စွမ်းကို ဘယ်ကနေများ ရခဲ့သနည်း။

“ဟဲဟဲ”

ထိတ်ထိတ်ပျာပျာဖြစ်နေသော အူမူဖန့်ကိုကြည့်ပြီး သူရယ်ပြလိုက်သည်။

“ဘယ်လိုထင်လဲ။ ထင်မထားတဲ့အရာတွေမို့လို့ အံ့အားသင့်နေပြီလား”

All Chapters