← Chapters

ဆေးတွေကို အစာစားသလို သောက်ပြီး သိုင်းပညာကို သတင်းစာဖတ်သလိုပဲ သဘောထားတယ်

Vol. 22 Ch. 306

ဆေးတွေကို အစာစားသလို သောက်ပြီး သိုင်းပညာကို သတင်းစာဖတ်သလိုပဲ သဘောထားတယ်

Vol. 22 Ch. 306

“ဓားတွေ ပြန်လာကြ”

ဖန့်ကြွယ်ယွီက အသံခပ်ကျယ်ကျယ်အော်လိုက်ချိန်တွင် မြေပြင်မှာ စိုက်နေသော ဓားများက သူ့မူလနေရာသို့ ပြန်ရောက်လာကြသည်။ ထို့နောက် သူ၏ အနောက်ဘက်မှာ ဓားများ တစ်ချောင်းပြီး တစ်ချောင်း ပျောက်ကုန် ကြသည်။

“ဥက္ကဌဖန့်က ပိုပြီးတော်လာတာပဲ။ အကြီးအကဲအူတောင်မှ သူ့ကို မယှဉ်နိုင်ဘူး”

အရင်တစ်ခေါက်တုန်းက ကူးချန်ဂိုဏ်းခေါင်းဆောင်နှင့် ယှဉ်ပြိုင်ခဲ့တာကို ချန်မုန့်ဟန်က ပြန်ပြီးအမှတ်ရမိသည်။ ထိုအချိန်တုန်းက သူ၏ အစွမ်းက ပါရမီရှင်အဆင့်တောင် မရောက်သေးပေ။

“မိုက်လိုက်တဲ့ဓားသိုင်း။ ဥက္ကဌက ဘယ်လိုသင်ခဲ့လဲဆိုတာ သိချင်လိုက်တာ။ ဒါက ဓားထိန်းချုပ်တဲ့သိုင်းများ လား”

“အခုမှပဲ ဥက္ကဌက အားကုန်ထုတ်သုံးလိုက်တယ်လို့ ထင်တယ်” ပိုင်ယိုက ထောက်ပြပြောဆိုသည်။

“ဥက္ကဌက သူ့ထက်အင်အားကြီးတဲ့ ပြိုင်ဘက်ကိုတွေ့တိုင်း သူက အစွမ်းပိုထုတ်ပြတယ်။ ဒါပေမဲ့ သူ့မှာ နတ်ဘုရားပြောင်းလဲခြင်းအဆင့်ထက်သာတဲ့ အစွမ်းတွေရှိနေလို့ အကြီးအကဲအူကို အနိုင်ယူနိုင်တာ”

“မင်းပြောတာမှန်တယ်”

ပိုင်ယို၏ ရှင်းလင်းပြောဆိုမှုကို အားလုံးက တညီတညွတ်တည်းထောက်ခံကြသည်။

“ဖြစ်နိုင်တာက ဆန်းကြယ်အဆင့်မှာရှိနေတဲ့လူကပဲ ဥက္ကဌရဲ့ အစွမ်းအစအားလုံးကို ထုတ်သုံးနိုင်ပုံပဲ”

“အင်း ဥက္ကဌဘေးနားက အဲ့ဒီ့လူအပြင် ဒီကမ္ဘာပေါ်မှာ ဆန်းကြယ်အဆင့်မှာရှိနေတဲ့ လူကိုရှာတွေ့နိုင်ဦးမလား”

“အင်း ဒါဆို ဥက္ကဌက ပြိုင်ဘက်ကင်းဆိုတဲ့ သဘောပဲပေါ့”

“ဒါကြောင့်မို့ ခေါင်းဆောင်က ဒီကိစ္စကိုဖြေရှင်းဖို့ ဥက္ကဌကို ယုံယုံကြည်ကြည်နဲ့ လွှတ်ပေးလိုက်တာပေါ့လေ။ သူသာ ဝင်ပါရင် မအောင်မြင်တဲ့ကိစ္စဆိုတာရှိလို့လား”

“အခုချိန်ကစပြီး နောက်ပိုင်းတောက်လျှောက် သိုင်းလောကအဖွဲ့မှာ ပြောင်းလဲမှုကြီး ဖြစ်လာတော့မှာပေါ

“ကဲ ရှန်ကွမ်အဖွဲ့ရဲ့ အုပ်ချုပ်မှုကို မနာခံချင်တဲ့လူရှိသေးလား။ ကဲ ခင်ဗျားတို့ကို အခွင့်အရေး နောက်ထပ်တစ်ခါထပ်ပေးမယ်။ ရှန်ကွမ်အဖွဲ့ရဲ့ အုပ်ချုပ်မှုကို နာခံချင်တယ်ဆို လက်နှစ်ချောင်းကို ထုတ်ပြီး အသည်းပုံပုံစံလုပ်ပြပါ”

“ဘာပြောတယ်။ အသည်းပုံလုပ်ပြရမယ်။ ငါတို့က လက်နက်တွေကိုချပြီး အညံ့ခံရမှာ မဟုတ်လား။ ဒါက ဘာဖြစ်လို့ပါလိမ့်”

“အကိုကျိုး..ခင်ဗျားလုပ်မှာလား”

“အင်း အကြံပေးက အရမ်းအင်အားကြီးတယ်။ အကြီးအကဲအူကလည်း ရှုံးနိမ့်ထားတယ်။ ငါတို့ကလည်း ဒဏ်ရာကိုယ်စီနဲ့ဖြစ်နေပြီ။ ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ဦးမှာလဲ”

“ဒါပေမဲ့ သူက တစ်ယောက်ထဲလေ။ ငါတို့မှာ နတ်ဘုရားအဆင့်ရောက်နေတဲ့လူ အများကြီးရှိသလို နတ်ဘုရားပြောင်းလဲခြင်းအဆင့်မှာရောက်နေတဲ့ သုံးဦးလည်းရှိတယ်”

“အဲ့တော့ ဘာတွေများ ပြောင်းလဲသွားမှာမို့လို့လဲ။ နတ်ဘုရားအဆင့်က လူတွေက သူ့ရဲ့ ဓားသိုင်းကို ကာကွယ်နိုင် မယ်လို့ ထင်လား”

“သိပ်သေချာတာတစ်ခုက သူသာ နောက်ထပ်ဒီလိုအကွက်ထပ်သုံးမယ်ဆိုရင် ငါတို့အကုန်လုံး သေကြတော့မှာ”

တစ်ယောက်က စွမ်းအားရှင်အဖွဲ့ကို လက်ညှိုးထိုးပြသည်။

“ဒီလူတွေက ဟန်ပြသက်သက်ပဲလား”

“အခုနကပဲ ဒီလူတွေကို သူသင်ပေးတာလို့ အကြံပေးဖန့်က ပြောခဲ့တယ်လေ။ ငါတို့ခေါင်းဆောင်က အဲ့အဖွဲ့ထဲက အညံ့ဆုံးဆိုတဲ့လူကို ရှုံးခဲ့တာလေ”

“ဒါဆို ငါတို့ခုခံဆန့်ကျင်မဲ့ အတွေးကိုရပ်လိုက်ကြတာပေါ့”

“အဲ့တာကို မေ့လိုက်တော့။ အသည်းပုံလုပ်ပြလိုက်ရအောင်”

“ကောင်းပြီ။ အသည်းပုံလေးလုပ်လိုက်ကြစို့”

….

သိုင်းလောကသားများက တစ်ဦးကိုတစ်ဦးကြည့်ကာ တီတိုးဆွေးနွေးနေကြသည်။ ပြီးနောက် ရှက်ရှက်နှင့် ဖန့်ကြွယ်ယွီလုပ် ခိုင်းသလို အသည်းပုံကို လက်နှစ်ချောင်းဖြင့်ပုံဖော်လိုက်ကြသည်။

ဖန့်ကြွယ်ယွီက ဒီနေရာမှာရှိနေသော လူအားလုံးကို အနိုင်ရခဲ့ပြီးဖြစ်၏။ သိုင်းလောကအဖွဲ့အစည်း ခေါင်းဆောင်နှင့် အကြီးအကဲများလည်း အသည်းပုံလုပ်ပြပြီး အရှုံးပေးလိုက်ကြသည်။

“ခင်ဗျားတို့အကုန်အစထဲကနားထောင်ခဲ့ကြရင် ပိုကောင်းမှာ။ ငါက နိုင်ငံကြီးသားတစ်ဦးပါ။ ခင်ဗျားတို့ကို အတင်းအကြပ်လုပ်ခိုင်းအောင် ခင်ဗျားတို့ပဲ တွန်းပို့ခဲ့ကြတာ”

“နိုင်ငံကြီးသား ဟုတ်လား”

ပိုင်ယိုတို့က ချက်ချင်းဆိုသလို စိတ်ပျက်သည့်အမူအရာပြကြသည်။

လူတစ်ယောက်ကို ငွေနှင့်အနိုင်ယူတတ်သောလူ၏ ပါးစပ်မှ ထိုစကားထွက်လာသဖြင့် ဒီကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရားစောင့်ထိန်းသူများ ကျန်သေးရဲ့လားဟု တွေးမိသည်။

သို့သော် သိုင်းလောကအဖွဲ့အစည်းက အရင်လိုလွတ်လွတ်လပ်လပ် သီးခြားရပ်တည်ခွင့် မရှိတော့ဘဲ တရုတ်ပြည်၏ ထိန်းချုပ်မှုအောက်မှာ ရပ်တည်ရတော့မည်။ ယခင်တုန်းက သိုင်းလောကအဖွဲ့သည် အာဏာကို အလွဲသုံးစားလုပ်ပြီး ဆက်ကြေးကောက်ကြသဖြင့် အဆမတန် ကြွယ်ဝချမ်းသာလာခဲ့သည်။ သို့သော် ယန်ဟွမ်အဖွဲ့နှင့်အတူ နိုင်ငံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရောက်ရှိပါက ထိုအခွင့်အရေးများက ဆက်လက်ရရှိမည် မဟုတ်တော့ပေ။

သူတို့အကောင်းဆုံးမျှော်လင့်လို့ရသည့်အရာက စွမ်းအားရှင်များနှင့် တန်းတူဆက်ဆံခွင့်ရရှိဖို့သာ ဖြစ်၏။ သူတို့၏ ဘဝကလည်း ယခုအနေအထားလောက် လွတ်လပ်ခွင့်ရရှိတော့မည်မဟုတ်သလို ယခုလောက်လည်း ကြွယ်ဝချမ်းသာတော့မည်မဟုတ်ပေ။

ဥစ္စာဓနပေါကြွယ်ဝမှုမရှိလျှင် သူတို့သည် လက်အောက်ငယ်သားများကို လေ့ကျင့်သင်ကြားပေးနိုင် မည်မဟုတ်ပေ။ တဖြည်းဖြည်းနှင့် သိုင်းလောက မိသားစုများနှင့် ဂိုဏ်းများလည်း ဩဇာအာဏာကျ ဆင်းလာတော့မည်။ နောက်ဆုံးတွင် သိုင်းလောကအဖွဲ့အစည်းဆိုသော အရာသည် နာမည်တစ်ခုသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။

“ဟေး ခင်ဗျားတို့ မျက်နှာတွေက ရွှင်ရွှင်ပျပျမရှိဘဲ ဘာလို့ ငူငူငိုင်ငိုင်ဖြစ်နေကြတာလဲ”

ဖန့်ကြွယ်ယွီက သူတို့အားလုံး၏ ခံစားချက်မဲ့နေသောမျက်နှာကို ကြည့်လိုက်သည်။

နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရသည်က အဲ့လောက်တောင်ခက်ခဲလားဟု မေးစရာရှိပေသည်။

“ဟူး အကြံပေးဖန့်က မသိသေးဘူးပဲ”

ချန်မိသားစု၏ခေါင်းဆောင် ချန်ဝေက သူ့အနားကိုကပ်ပြီး သူတို့၏ စိုးရိမ်ပူပန်မှုများကို ရှင်းပြသည်။

သူတို့စိတ်ပူသည့် ကိစ္စများကလည်း ဖြစ်သင့်ပေသည်။ ကိုယ်ခံပညာလေ့ကျင့်သည့် ကုန်ကျစရိတ်များနှင့် ပတ်သက်လျှင် စွမ်းအားရှင်များထက် သိုင်းသမားများက ပိုမိုကုန်ကျသည်။ ယခင်လို ကြွယ်ဝချမ်းသာမှုမရှိပါက သိုင်းပညာဆက်လက်သင်ကြားပေးပြီး တပည့်တပန်းမွေးမြူဖို့က မဖြစ်နိုင်ပေ။

“ဒါလေးတွေက အသေးအဖွဲလေးတွေပါ”

ဖန့်ကြွယ်ယွီက အတွင်းအားကိုသုံးပြီး အသံကိုမြှင့်လိုက်သည်။

“ခင်ဗျားတို့ စိုးရိမ်ပူပန်နေတဲ့ကိစ္စတွေကို ငါနားလည်ပါပြီ”

ထိုစကားကိုကြားရချိန်တွင် အားလုံးက သူ့ကို လှမ်းကြည့်ကြသည်။

“ငါပြောမယ်။ နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်ကိုရောက်တာနဲ့ ခင်ဗျားတို့အနေအထားက အခုထက် သာစေရမယ်”

“ပထမဆုံးအနေနဲ့ ခင်ဗျားတို့ဝင်ငွေက စွမ်းအားရှင်တွေနဲ့ အတူတူပဲဖြစ်မယ်။ ဝင်ငွေကွာခြားချက်က အဆင့်ပေါ်မူတည်မယ်။ ခင်ဗျားတို့မှာရှိတဲ့ ဂိုဏ်းတွေ မိသားစုတွေအတိုင်း အသင်းအဖွဲ့ပြန်ဖွဲ့နိုင်တယ်။ ငါတို့ဘက်က အဲ့တာနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး”

“ဒုတိယအချက်က အကျိုးအမြတ်နဲ့ပတ်သက်တာပေါ့။ ဒါကတော့ ခင်ဗျားတို့ ဝင်ရောက်ပါဝင်မှုစနစ် အပေါ်မူတည်ပြီး ရမယ်”

“ဝင်ရောက်ပါဝင်မှုစနစ်”

ထိုအသုံးအနှုန်းက သိုင်းလောကသားများအတွက် အသစ်အဆန်းဖြစ်နေသည်။

“အားလုံးရဲ့လုပ်ဆောင်ချက်တွေကို ငါတို့ရဲ့ရှန်ကွမ်အဖွဲ့ဝင်တွေက အကဲဖြတ်ပြီး လကုန်ကျရင် အကဲဖြတ်ရလဒ် ပေါ်မူတည်ပြီး ဆုချီးမြှင့်မယ်။ ဆုပေးတဲ့အထဲဘာတွေပါလဲဆိုတော့ အားဖြည့်ဆေးတွေ သိုင်းကျမ်းတွေ ပါဝင်မယ်။ အရမ်းထူးချွန်တဲ့လူအတွက်ကတော့ အထူးဆုရှိလိမ့်မယ်။ ဒါကြောင့်မို့ လူတိုင်းက သူ့လုပ်ဆောင်မှုပေါ်မူတည်ပြီး တစ်ခုခုရလိမ့်မယ်”

“အားဖြည့်ဆေးနဲ့သိုင်းကျမ်းတွေအပါအဝင် အားလုံးက တစ်ခုခုရမယ်”

“မဖြစ်နိုင်ပါဘူး။ ဒီကမ္ဘာပေါ်မှာ သမားတော်ကြီး သုံးဦးပဲရှိတာ။ သူတို့ဖော်တဲ့ဆေးဆိုတာလည်း ဝေမျှဖို့အတွက် လုံလောက်မှာမဟုတ်ဘူး။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ကို လှည့်ဖျားနေတာ”

“ဘာ ခင်ဗျားမယုံဘူးလား..”

“ဟား ခင်ဗျားမယုံရင် သူတို့ကိုမေးကြည့်”

“ဗျာ..အကြံပေးဖန့် ဘာပြောလိုက်တာလဲဗျ”

စွမ်းအားရှင်များက ကြောင်အမ်းအမ်းဖြစ်နေကြသည်။

“ငါက အားဖြည့်ဆေးနဲ့ သိုင်းကျမ်းတွေအကြောင်းပြောနေတာ”

“ဟမ် အကြံပေးဖန့်ငါတို့ကိုနေ့တိုင်းတိုက်နေတဲ့ ဆေးတွေကိုပြောတာလား”

“အကြံပေးဖန့် တိုက်တဲ့ဆေးတွေက အရသာမရှိဘူး။ နှစ်လကြာသောက်ပြီးတဲ့နောက် ငါတို့ပါးစပ်တွေက ဆေးနဲ့ ယဉ်နေပြီ”

“ပြီးတော့ အကြံပေးဖန့် သင်ပေးတဲ့သိုင်းကျမ်းတွေက အရမ်းအဆင့်မြင့်တယ်။ ဒါပေမဲ့ သိုင်းကျမ်းတွေက အရမ်းများတော့ ဖတ်မနိုင်ဘူး။ ဖတ်ရတာများလွန်းလို့ တဖြည်းဖြည်း မျက်စိတောင်မှုန်ချင်လာပြီ”

“ဘာ သူတို့က ဆေးတွေကို အစာစားသလိုစားတာဟုတ်လား”

“ငါ နားကြားမှားသလား သိုင်းကျမ်းတွေက အများကြီးဟုတ်လား”

“ဒါကြောင့်မို့ တရုတ်ပြည်မှာ အရည်းအချင်းမြင့်တဲ့ စွမ်းအားရှင်တွေ အရမ်းများလာတာပေါ့”

“ဒါဆို ငါတို့လည်း သူတို့လက်အောက်ထဲဝင်ရင် အဲ့လိုပဲ အကျိုးခံစားခွင့်ရမှာပေါ့”

“အို ဘုရားရေ မိုက်တာပေါ့”

“ငါတို့က နှစ်တွေအကြာကြီးနေပြီး အခုမှသိကြတာပဲ”

“ဟမ် သူတို့ကိုယ်ကျိုးစီးပွါးအတွက် နှစ်တွေအကြာကြီးရှာခဲ့ကြတာပဲ။ သူတို့က ရှိသမျှ အကုန်သဲ့ယူပြီးချမ်းသာနေတဲ့အချိန် ငါတို့မှာတော့ ဒုက္ခကိုယ်စီနဲ့ပဲ”

ဖန့်ကြွယ်ယွီ၏ စကားများကြောင့် နိုင်ငံ၏ အုပ်ချုပ်မှုအောက်ကို ဝင်ချင်လာသည်က များလာသည့်အပြင် သိုင်းလောကအဖွဲ့အစည်းကိုလည်း တဖြည်းဖြည်းမုန်းတီးလာကြသည်။

သိုင်းလောကသားများ၏ မျက်နှာက စိတ်ပျက်အားငယ်သည့်ပုံစံပေါက်နေသည်။

ဒီနေ့ဒီအချိန်မှစပြီး သိုင်းလောကအဖွဲ့အစည်းဆိုသော အရာသည် တရုတ်ပြည်မှ ထာဝရပျောက်ကွယ်သွား တော့မည်။

စာစဉ်ပြီး၏

All Chapters