အခန်း (၁၀၄၅-၁၀၄၇)
Vol. 70 Ch. 1045-1047
အခန်း (၁၀၄၅) ဒုက္ခခံပေးရသော အစ်ကိုဝမ်းကွဲ
တရုတ်နှစ်သစ်ကူး အကြိုညတွင် မိသားစုလိုက် စုဝေးပြီး နှစ်သစ်ကူး ညစာစားခြင်း၊ နွေဦးပွဲတော် ဂါလာကို ကြည့်ခြင်းတို့သည် ထိုအချိန်က တရုတ်နိုင်ငံရှိ မိသားစု အများစု၏ အလေ့အထဖြစ်ပြီး ဖုန်းယွီတို့ မိသားစု၏ အလေ့အထလည်း ဖြစ်သည်။
ဖုန်းယွီ၏အဘိုးက ဖန်ခွက်ကို မြှောက်၍ ပြောသည်။ "နောက်နှစ်သစ်တစ်ခု ရောက်ပြီ။ ငါတို့ မိသားစုဝင်တွေ စုပေါင်းပြီး ပျော်ရွှင်စရာ ပြန်လည် ဆုံဆည်းခြင်း နှစ်သစ်ကူးကို ဖြတ်သန်းကြရအောင်။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေ”
အိမ်တွင် ဖုန်းယွီသည်လည်း ဝိုင်ဖြူကို သွန်ထည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ မိသားစုဝင်များ ထမင်းစားလျှင် အရက်ခွက်ငယ်များကိုသာ အသုံးပြုကြပြီး ကီရီလန်ကိုကဲ့သို့ အရက်စွဲနေသူများ မရှိပေ။
ဟင်းနှစ်ပန်းကန်မျှသာ စားပြီးချိန်တွင် ဖုန်းရှင်းထိုက်က ဖုန်းယွီအား ကြည့်ကာ ပြောသည်။ "မင်းကတော့ ကောင်းကောင်း စားနေပါလား"
ဖုန်းယွီသည် ဖခင်အား မျက်လုံး ပေကလပ် ပေကလပ်ဖြင့် ကြည့်ကာ ပြန်ဖြေသည်။ "ဟင်းက အရမ်း ကောင်းတာကိုး၊ ကျွန်တော် ကောင်းကောင်း စားတာ ပုံမှန်ပါပဲ"
"ဒီ စားပွဲပေါ်မှာ လူတစ်ယောက် လျော့နေတယ်လို့ မင်း မထင်ဘူးလား" ဖုန်းရှင်းထိုက်သည် ဖုန်းယွီအား စောင်းငဲ့ ကြည့်လိုက်သည်။
"အစ်မကို ပြောတာလား။ သူက လီမိသားစုထဲကို လက်ထပ်ပြီးသားပဲ၊ သူတို့ အိမ်မှာ နှစ်သစ်ကူးတာ ပုံမှန်ပဲ မဟုတ်လား။ လ (၂) ရက်နေ့ မှာ သူတို့ အကုန်လုံး လာကြမှာပဲလေ" လက်ထပ်ပြီးလျှင် ယောက်ျားဘက် အိမ်မှာ နှစ်သစ်ကူးတာ ဘာများ မှားလို့လဲ။
"စကား လမ်းကြောင်း မလွှဲနဲ့၊ ငါ မင်း အစ်မကို ပြောနေတာ မဟုတ်ဘူး"
ဖုန်းယွီသည် မျက်လုံးကို ပေကလပ် ပေကလပ် လုပ်လိုက်ပြီး အစ်မ မဟုတ်ဘူးလား။ ရုတ်တရက် သူ သဘောပေါက်လိုက်သည်၊ လီနာကို ပြောနေတာကိုး။
ဒါပေမဲ့ သူနဲ့ လီနာက လက်မထပ်ရသေးဘူးလေ၊ လီနာက သူ့အိမ်မှာ ဘယ်လိုလုပ် နှစ်သစ်ကူး အကြိုညကို လာဖြတ်သန်းနိုင်မှာလဲ။ သို့သော် ဖုန်းယွီသည် ဒီလို ပြောလို့မရပေ၊ မဟုတ်ရင် ဘာလို့ အမြန် မလက်ထပ်သေးတာလဲ ဆိုပြီး ဆူပူကြဦးမှာ ဖြစ်သည်။
ကံကောင်းစွာနဲ့ပဲ ဒီကိစ္စအတွက် ဖုန်းယွီတွင် အစီအစဉ် ရှိပြီးသား၊ အဲဒါကတော့ အစ်ကိုဝမ်းကွဲကို ထောင်ချောက်ဆင်ခြင်းပင်၊
"အစ်ကိုဒန်ဟွာ ၊ အစ်ကို့ ချစ်သူကို ဘယ်တော့ အိမ် ခေါ်လာပြီး ညစာ စားမှာလဲ"
ခေါင်းငုံ့၍ အာရုံစိုက်မှု မခံရအောင် ကြိုးစားပြီး စားနေသော ဖုန်းဒန်ဟွာသည် ဖုန်းယွီ၏ စကားကို ရုတ်တရက် ကြားလိုက်ရသောအခါ ပါးစပ်ထဲက အစာဖြင့် နင်လုနီးပါး ဖြစ်သွားသည်။
'ဟေ့ကောင် ဖုန်းယွီ၊' ဦးလေးနဲ့ အဒေါ်က မင်းကို ဆူနေတာကို မင်းက ငါ့ကို ဒိုင်းလုပ်ပြီး ဆွဲထုတ်လိုက်တယ်ပေါ့။
ဖုန်းယွီ မေးပြီးသည်နှင့် လူတိုင်း၏ အာရုံသည် ဖုန်းဒန်ဟွာဆီသို့ အမှန်တကယ်ပဲ ရောက်သွားခဲ့သည်။ ဖုန်းဒန်ဟွာသည် ဖုန်းယွီထက် အသက် အနည်းငယ် ပိုကြီးသည်။ ဖုန်းယွီက အနည်းဆုံးတော့ လီနာနဲ့ ဆက်ဆံရေး သေချာနေပြီး နှစ်ဖက် မိဘများကလည်း သဘောတူကြသည်။
ဒါပေမဲ့ ဖုန်းဒန်ဟွာကရော၊ ဒီကောင်လေးက အစိုးရ ဝန်ထမ်းဖြစ်သွားပြီဆိုပြီး မာန်မာနတွေ တက်နေတယ်။ သူ့ကို မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေ အများကြီးထဲက တစ်ယောက်မှ သုံးလထက် ပို မတွဲခဲ့ဘူး၊ အတိုဆုံးဆိုရင် တစ်ပတ်ပဲ ရှိပြီး ဘာပြောလဲဆိုတော့ ခံစားချက် မရှိဘူးတဲ့။
ခံစားချက် မရှိဘူး ဆိုတာ ဘာလဲ။ လူ အနည်းငယ်ပဲ တွေ့ဖူးတာကို ဘယ်လို ခံစားချက် ရှိနိုင်မှာလဲ။ ရွေးချယ် ရွေးချယ်ပြီးတော့ ဘယ်တော့မှ လက်ထပ်မှာလဲ။
ဦးလေးကြီး ဖုန်းရှင်းကော်က နှာခေါင်းရှုံ့ကာ ပြောသည်။ "ဒန်ဟွာ၊ မင်း ညီလေး မေးနေတာကို ဘာလို့ ပြန်မဖြေတာလဲ"
ဖုန်းယွီသည် ခေါင်းငုံ့ကာ သူ၏ ဝိုင်ခွက်ကို ကြည့်နေသည်။ ဝိုင်ခွက်ထဲတွင် သူ့ကို အထူးဆွဲဆောင်နိုင်သော အရာများ ရှိနေသကဲ့သို့ မျက်တောင် မခတ်ဘဲ ကြည့်နေသည်။ သို့သော် သူ၏ နားများသည်မူ နားထောင်ရန်အတွက် ထောင်ထားပြီးသား၊ ပြဇာတ်ကြည့်လို့ရပြီကိုး။
"အဖေ၊ သင့်တော်တဲ့သူနဲ့ မတွေ့သေးလို့ပါ"
"သင့်တော်တဲ့သူ မတွေ့သေးဘူးဆိုတာ ဘာလဲ။ ဒီနှစ်တွေအတွင်း မင်း ချစ်သူ ဘယ်နှစ်ယောက်နဲ့ တွဲခဲ့လဲ။ တခြားသူတွေက မင်းကို ဘယ်လို ပြောနေလဲ၊ ဟမ်။ ဒုတိယ မြို့တော်ဝန်ရဲ့ သမီးတစ်ယောက်တောင် ပါသေးတယ်။ သူကလည်း တက္ကသိုလ်ကျောင်းသူ၊ သူကလည်း အစိုးရ ဝန်ထမ်း၊ အရပ်မြင့်တယ်၊ ရုပ်ကလည်း ချောတယ်၊ ဘယ်နေရာက မင်းနဲ့ မကိုက်ညီလို့လဲ" အဒေါ်ကြီးက ဒေါသတကြီး ပြောသည်။
"အမေ၊ ကျွန်တော် မိန်းမ ရှာတာက တခြား မိသားစုကို ကြည့်ပြီး ရှာတာ မဟုတ်ဘူး။ ဇနီးဆိုတာ တစ်သက်လုံး အတူတူ နေရမှာ၊ တခြား မိသားစု အခြေအနေ ကောင်းတာကို ကြည့်ပြီး သဘောတူလိုက်လို့ မရဘူးလေ။ ဟုတ်ပါတယ်၊ သူ ရုပ်ချောတာ မှန်ပေမဲ့ စိတ်ဓာတ် မကောင်းဘူး၊ စိတ်ကြီးတယ် ၊ ပြီးတော့ ရိုသေမှုမသိဘူး။ သူ့ကို ဒီအိမ်ကို လက်ထပ်ခေါ်လာရင် အမေတို့နဲ့ နေ့တိုင်း ရန်ဖြစ်နေမှာ သေချာတယ်" ဖုန်းဒန်ဟွာက ချဲ့ကား ပြောဆိုလိုက်သည်။
သူ ပြောချင်တာက ဒီမိန်းကလေးဟာ ယောက္ခမတွေကို ရိုသေမှာ မဟုတ်ဘူးလို့ ပြောနေတာကိုး၊ ဒီအချက်ကိုတောင်မှ အမေတို့ သည်းခံနိုင်ရင် သူ ဘာမှ မပြောတော့ဘူး၊ ချက်ချင်း ပြန်သွားပြီး ချိန်းတွေ့မယ်။
"ဒါဆို မူကြို ဆရာမကိုရော။ စိတ်ကောင်း ရှိတာပဲ၊ ကလေးတွေကို ဂရုစိုက်တဲ့သူက စိတ်ထား ဆိုးမလား"
"အဲဒီတစ်ယောက်လည်း မရဘူး၊ သူ ထမင်းတောင် မချက်တတ်ဘူး။ အမေတို့ ပြောပါဦး၊ ကျွန်တော်လည်း ထမင်း မချက်တတ်ဘူး၊ သူကလည်း မချက်တတ်ရင် ကျွန်တော်တို့ရဲ့ အနာဂတ် ဘဝက ဘယ်လို ဖြစ်မလဲ။ နောက်ဆို အမေတို့ကိုပဲ ထမင်း ချက်ခိုင်းရတော့မလား" ဖုန်းဒန်ဟွာက ခိုင်မာသော အကြောင်းပြချက်များဖြင့် ပြောဆိုသည်။
"ဒါဆို သူနာပြုကရော၊ ဒန်ယင် ဆေးရုံက တစ်ယောက်လေ"
"အဲဒီတစ်ယောက်လား၊ အမေတို့ ဒန်ယင်ကို မေးကြည့်ပါလား၊ သူ ကျောင်းတက်တုန်းက ကိုယ်ဝန် ဖျက်ချဖူးတယ်တဲ့"
"ဟင်! အခုခေတ် တက္ကသိုလ်ကျောင်းသားတွေက ဘာလို့ ဒီလောက် ရှက်ကြောက်ခြင်း ကင်းမဲ့နေရတာလဲ။ မလက်ထပ်ရသေးတာကို ထားပါတော့၊ ကျောင်းတက်နေတုန်းကို တခြားသူနဲ့ ပေါင်းသင်းခဲ့သေးတယ်" ဖုန်းရှင်းကော်က ဒေါသတကြီး ဆူပူသည်။ ဒီလို မိန်းကလေးမျိုးကို အပြင်ပန်း ဘယ်လောက်ပဲ ကောင်းမွန်ပါစေ၊ အိမ်ထောင်ပြုလို့ မရဘူး။
ဒီအချိန်မှာ ဖုန်းရှင်းထိုက်နဲ့ ကျန့်မုဟွာတို့ နှစ်ယောက်လုံး ဖုန်းယွီကို လှမ်းကြည့်လိုက်ကြရာ ဖုန်းယွီသည် ခေါင်းကို ပို၍ ငုံ့ထားလိုက်သည်။
"အဟမ်း၊ ရှောင်ယွီ၊ မင်းကို ပြောနေတာ မဟုတ်ပါဘူး" ဦးလေးကြီး၏ ဒီစကားကြောင့် ဖုန်းယွီ ပိုပြီး ရှက်သွားသည်။
"ရပါတယ်၊ ဦးလေးကြီး"
"ဒန်ဟွာ၊ ရှောင်ယွီ၊ မင်းတို့ နှစ်ယောက်လုံး လက်မထပ်ရင် ငါ့ ခန္ဓာကိုယ်လည်း ဘယ်နှစ်နှစ် ခံနိုင်ဦးမလဲမသိဘူး။ ငါ ဘယ်တော့မှ မြစ်ကို ပွေ့ချီရမှာလဲ" အဘိုးက စကား စပြောသည်။
"အဘိုး၊ အဘိုး ခန္ဓာကိုယ်က ကောင်းနေတာပဲ၊ နောက်ထပ် ဆယ်နှစ်၊ နှစ်ဆယ်ကြာလည်း သန်မာနေမှာ" ဖုန်းယွီက ချက်ချင်း မြှောက်ထိုး ပင့်ကော်လုပ်သည်။
ဖုန်းဒန်ဟွာလည်း သဘောပေါက်ပြီး "ဟုတ်တယ် အဘိုး၊ စိတ်မပူပါနဲ့၊ ကျွန်တော် လက်မထပ်သေးရင်တောင် ရှောင်ယွီရှိသေးတယ်လေ။ လီနား ကိုလည်း အဘိုးတွေ့ဖူးတာပဲ၊ သူတို့ နှစ်ယောက်က ဘယ်အချိန်မဆို လက်ထပ်လက်မှတ် ယူလို့ ရတယ် မဟုတ်လား၊ ညီလေး"
"အဟမ်း၊ အစ်ကိုဒန်ဟွာ ၊ အစ်ကိုက အရင် မလက်ထပ်သေးရင် ညီလေးက ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ ဒါက ဓလေ့ပဲ၊ ချိုးဖျက်လို့ မရဘူး။ ဟုတ်ပါတယ်နော် အဘိုး"
ဟားဟား၊ ငါ့ကို ပြန် ထောင်ချောက်ဆင်ချင်တယ်ပေါ့။
"အင်း၊ ဟုတ်တယ်။ ဓလေ့ဆိုတာ ဓလေ့ပဲ၊ အကြီးအငယ် အစဉ်အတိုင်း ရှိတယ်။ ဒန်ဟွာ၊ မင်းက ဒီလို မတည်ငြိမ်လို့ မင်း ညီလေးကို အနှောင့်အယှက် ပေးနေတာပဲ" အဘိုးက ဆူပူသည်။
ဖုန်းဒန်ဟွာသည် မျက်ရည်ကျချင်စိတ် ပေါက်သွားသည်။ ဖုန်းယွီ တကယ် လက်ထပ်ချင်တယ်ဆိုရင် ဘယ်သူကများ ဒီ ရှေးဟောင်း ဓလေ့ကို ဂရုစိုက်မှာလဲ။ အဘိုးတို့ ပြောနေပုံအရဆိုရင် ဖုန်းယွီ လက်မထပ်သေးတာ ငါ့ကြောင့် ဖြစ်နေသလိုပဲ။ ဒါ လုံးဝ မမျှတတဲ့ ဘေးအန္တရာယ်ပဲ၊
သို့သော်လည်း သူ ပြန်လည် ချေပစရာ စကားလုံးကို မရှာနိုင်သေးပေ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး၊ သူ ချိန်းတွေ့ခဲ့တဲ့ မိန်းကလေးတွေ အများကြီးထဲက တစ်ယောက်မှ အဆင်မပြေခဲ့ဘူးလေ။
ဒါပေမဲ့ ဒါက သူ့အပြစ်မှ မဟုတ်တာ။ သူ အကြိမ်တိုင်း အလေးအနက်ထားခဲ့ပေမဲ့ အဲဒီ မိန်းကလေးတွေဟာ လက်ထပ်ဖို့ သင့်တော်တယ်လို့ သူ မယူဆခဲ့ဘူး။ သူက အခု အစိုးရ ဝန်ထမ်း ဖြစ်နေပြီလေ၊ ဌာနခွဲ အဆင့် အရာရှိငယ်လည်း ဖြစ်နေပြီ၊ ဦးလေးနဲ့ ဖုန်းယွီရဲ့ အကူအညီကြောင့် သူ့ရဲ့ မိသားစု အခြေအနေကလည်း အလွန် ကောင်းမွန်နေပြီ မဟုတ်လား။
သူ့အရွယ်လောက် ရှိတဲ့သူတွေထဲမှာ ရာထူးလည်း ရှိတယ်၊ မြစ်ဘေးက အိမ်ကြီးလည်း ရှိတယ်၊ ကားလည်း မောင်းနိုင်တယ်၊ ရုပ်ရည်က ချောမောတာ မဟုတ်ရင်တောင် ရုပ်မဆိုးဘူး၊ အရပ်အမြင့်၊ ခန္ဓာကိုယ် အချိုးအစားက သာမန်ဖြစ်ပေမဲ့ အပြစ်ပြောစရာမဟုတ်ဘူး။
သူက ပိုကောင်းတဲ့ ချစ်သူကို ရှာချင်တာ ဘာလို့ မရနိုင်ရတာလဲ။ အဲဒီ ခေါင်းဆောင်တွေ မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေက ဘာတွေလဲ။ တစ်ယောက်ချင်းစီက သူ့မိသားစုရဲ့ ငွေကြေးကို စိတ်ဝင်စားကြတယ်၊ ဒါမှမဟုတ် သူက ကျန့်ရွေ့ချန်ရဲ့အတွင်းရေးမှူးတစ်ယောက်ဖြစ်လို့ စိတ်ဝင်စားကြတယ်။ အချို့ဆိုရင် သူ့ကို အသုံးချပြီး ဖုန်းယွီနဲ့ အဆက်အသွယ်ရချင်ကြတယ်။
ဒါက တကယ်ကို သူ့နဲ့ ချစ်သူဖြစ်ချင်ကြတာလား။
သူ အမုန်းဆုံးကတော့ အဲဒီ ခေါင်းဆောင်တွေရဲ့ သမီးတွေပဲ၊ တစ်ယောက်ချင်းစီက အလိုလိုက်ခံထားရလို့ နေရာတိုင်းမှာ သူ့ကို သည်းခံခိုင်းတယ်။ လက်ထပ်ပြီးရင် သူ ကြက်သည်းခြေ ကျောက်တည်တဲ့ ယောက်ျား ဖြစ်သွားမှာပေါ့။
သူက မိန်းကလေးကို သူ့စကား နားထောင်ခိုင်းဖို့ မလိုအပ်ပေမဲ့ သူကလည်း မိန်းကလေးရဲ့ စကားကို အရာရာနားထောင်ဖို့ မဖြစ်သင့်ဘူးလေ။
ထားလိုက်ပါတော့၊ နောက်မှ ပြန်ရှာကြည့်မယ်။ ရုပ်ရည် သာမာန်မိန်းကလေးတွေထဲမှာ သူ စိတ်ဝင်စားတဲ့သူတွေ ရှိပါသေးတယ်။
"အဘိုး၊ ကျွန်တော် သိပါပြီ၊ အမြန်ဆုံး ရှာပါ့မယ်၊ ဒီနှစ်ထဲမှာပဲ သေချာပေါက် ရှာတွေ့အောင် လုပ်ပါ့မယ်၊ အမြန်ဆုံး အဘိုးနဲ့ လာတွေ့ပါ့မယ်လို့ အာမခံပါတယ်" ဖုန်းဒန်ဟွာက မတတ်သာဘဲ ကတိပေးလိုက်သည်။
"အေး၊ ဒါမှ ငါ့ မြေး။ မင်း လက်ထပ်မှ ရှောင်ယွီလည်း လက်ထပ်လို့ ကောင်းမှာပေါ့။ လာ လာ လာ၊ ဒီ မြေးကြီး နှစ်ယောက် စောစော လက်ထပ်နိုင်ဖို့”
ဖုန်းယွီသည် ဖန်ခွက်ကို မြှောက်ပြီး အောင်ပါစေဟု အော်ဟစ်လိုက်ရင်း သက်ပြင်းချလိုက်သည်။ အစ်ကိုဝမ်းကွဲ၏ သတ်ဖြတ်မလိုအကြည့်ကို လုံးဝ လျစ်လျူရှုလိုက်သည်။ အင်း၊ အနည်းဆုံးတော့ ဒီနှစ်သစ်ကူးကို သူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပြီပဲ။
******
အခန်း (၁၀၄၆) Los Angeles Fengyu အသင်း
နှစ်သစ်ကူးပြီးနောက် ဖုန်းယွီသည် အမေရိကန်နိုင်ငံသို့ ပြန်လာခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်သို့ ရောက်ရှိလာသည်။ အဘယ်ကြောင့်ဆိုသော် Los Angeles Fengyu အသင်းနှင့် Portland Trail Blazersတို့၏ ပွဲစဉ်တစ်ခု မကြာမီ စတင်တော့မည် ဖြစ်သည်။ ပေါလ် အယ်လန်က ဖုန်းယွီထံ အထူး ဖုန်းခေါ်ဆိုပြီး သူ့အသင်းသည် ပို့ထ်လန်၌ အိမ်ရှင်ပွဲစဉ်ကဲ့သို့ပင် အလွယ်တကူ အနိုင်ရမည်ဟု ပြောခဲ့သည်။
ဖုန်းယွီသည် ထိုစကားကို မထီမဲ့မြင် ပြုလိုက်သည်။ Portlandအသင်းသည် ပြန်လည် တည်ထောင်ရေး လုပ်နေသော ဖုန်းယွီ၏ အသင်းသစ်ထက် အမှန်တကယ် သာလွန်သော်လည်း လွန်ခဲ့သော အကြိမ်က ရှစ်မှတ်သာ အနိုင်ရခဲ့သည် မဟုတ်လော။
ဘတ်စကက်ဘောပွဲတွင် ဆယ်မှတ်အောက်သည် အဆင့်တစ်ခုဖြစ်ပြီး၊ ဆယ့်ငါးမှတ်အထက်သည် နောက်အဆင့်တစ်ခု ဖြစ်သည်။ ဆယ်မှတ်အောက်သာ ကွာခြားပါက ကစားပုံ ကောင်းသွားခြင်း သို့မဟုတ် ကစားသမား တစ်ဦးဦး အစွမ်းပြ နိုင်ပါက အနိုင်ရရှိနိုင်ချေ ရှိသည်။
ယနေ့တွင် ပေါလ်အယ်လန်သည် ဘတ်စကက်ဘောရုံသို့ ကိုယ်တိုင် လာရောက်၍ ပွဲကြည့်ဦးမည် ဖြစ်ပြီး၊ သူ့အသင်း အလွယ်တကူ အနိုင်ရတိုင်း သူ့စိတ်ခံစားချက် ပိုကောင်းလာသည်ဟု ဆိုသည်။
ဖုန်းယွီသည် ပေါလ် အယ်လန်ကို အလွန် မုန်းတီးနေသည်။ အယ်လ်ဂျင် ဘေလာက ဖုန်းယွီအား Trail Blazers အသင်းမှ တမင်တကာ နှောင့်ယှက်ခြင်း မရှိပါက သူတို့၏ ပြန်လည်တည်ထောင်ရေး အစီအစဉ်သည် ပိုမိုအောင်မြင်သင့်သည်ဟု ပြောခဲ့သည်။
သူတို့သည် လိုချင်သော ရွေးချယ်ခွင့်ကို ရရှိခဲ့ပြီး ဖုန်းယွီနှင့် နည်းပြချုပ် ဂျော့ဂျ် ကားလ်တို့၏ သဘောထားအတိုင်း လိုချင်သော ကစားသမားများကို ရွေးချယ်နိုင်ခဲ့သော်လည်း၊ ထိုသို့ ပြုလုပ်ရန်အတွက် အသုံးမဝင်သော စာချုပ် နှစ်ခုကို လက်ခံခဲ့ရသည်။ ယင်းသည် သူတို့၏လစာဖိအားကို အလွန် တိုးမြှင့်စေပြီး၊ ဤသုံးနှစ်အတွင်း အခမဲ့ဈေးကွက်မှ ထိပ်တန်းကြယ်ပွင့်များကို လက်မှတ်ထိုးနိုင်ခြင်း မရှိစေရန် အဟန့်အတား ဖြစ်စေသည်။
အသင်းမန်နေဂျာ အယ်လ်ဂျင်သည် ဖုန်းယွီအား အလွန် လေးစားသည်။ ဒေါ်နယ် စတာလင်လက်ထက်တွင် သူ၏ နှစ်စဉ် လစာသည် ဒေါ်လာ သုံးသိန်းသာ ရှိပြီး၊ Milwaukee၊ Toronto ကဲ့သို့သော အသင်းငယ်များ၏ မန်နေဂျာများ၏ နှစ်စဉ်လစာထက်ပင် နည်းနေသည်။
အနီးနားရှိ Lakers အသင်း မန်နေဂျာ၏ နှစ်စဉ်လစာသည် ဒေါ်လာ နှစ်သန်း ဖြစ်သည်ဟု မပြောဘဲ၊ သာမန် အသင်းမန်နေဂျာများ၏ လစာသည်ပင် ယခုအခါ ဒေါ်လာ ခုနစ်သိန်းမှ ရှစ်သိန်းအထိ တိုးလာခဲ့သည်။ ထို့အပြင် Clippersအသင်းသည် Los Angeles ကဲ့သို့သော မြို့ကြီးတွင် ရှိနေသည် မဟုတ်လော။
သို့သော် ထိုအချိန်က Clippers အသင်း၏ ပွဲကြည့် ပရိသတ် အရေအတွက်သည် အမှန်တကယ်ပင် နည်းပါးခဲ့သည်။ သို့သော် ၎င်းမှာ ပိုင်ရှင်က ငွေပိုသုံး၍ ကောင်းမွန်သော ကစားသမားများကို ခေါ်ယူရန် ဆန္ဒမရှိခြင်းနှင့်လည်း သက်ဆိုင်သည်။ သူက ပိုင်ရှင်ကို ပြန်လည် တည်ထောင်ရေးလုပ်ရန် ပြောသော်လည်း ပိုင်ရှင်က သဘောမတူခဲ့ပေ။
ယခုတွင် ဖုန်းယွီ ရောက်လာသောအခါ သူ၏ နှစ်စဉ် လစာကို ပျမ်းမျှ ဒေါ်လာ ရှစ်သိန်းအထိ တိုးမြှင့်ပေးခဲ့ရုံသာမက၊ သတ်မှတ်ထားသော ပရိသတ် လာရောက်မှု အတိုင်းအတာတစ်ခုသို့ ရောက်ရှိပါက ဆုကြေးများ ပေးမည်ဟုလည်း ကတိပြုခဲ့သည်။ ဤဝင်ငွေသည် သူ၏ ယခင်နှစ် ဝင်ငွေ၏ သုံးဆနီးပါး ရှိသည်။
သို့သော် သူ၏ ယခု လုပ်ဆောင်ချက်များသည်လည်း ကောင်းမွန်နေသည်။ နည်းပြချုပ် ဂျော့ဂျ် ကားလ်သည် ခံစစ်ကို အလေးထားသော နည်းပြဖြစ်သော်လည်း ထိုးဖောက် တိုက်ခိုက်မှုတွင်လည်း အတွေ့အကြုံများစွာ ရှိသည်။ အသင်း၏ အဓိက ကစားသမားများအားလုံးသည် ကစားသမားသစ်များဖြစ်ကြပြီး၊ နံပါတ် (၁) ရွေးချယ်ခွင့်ဖြင့် ရွေးချယ်ခဲ့သော ဗင့်စ် ကာတာကိုမူ လူ အများအပြားက နောင်တရလိမ့်မည်ဟု ပြောခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ကာတာ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပြောစရာ မလိုအောင် ကောင်းမွန်ပြီး၊ သူ၏ ကစားဟန်သည်လည်း အလွန်ကြည့်ရှုပျော်ရွှင်ဖွယ် ကောင်းသည်။ လအနည်းငယ်အတွင်း အားကောင်းသော ဒန်းခ်များများစွာဖြင့် အကောင်းဆုံး ဆယ်ဂိုး စာရင်းတွင် မကြာခဏ ပါဝင်လာကာ အသင်း၏ စံချိန်သည် Playoffs အပြင်ဘက်တွင် ရှိနေသေးသော်လည်း ဘတ်စကက်ဘောရုံ၏ ပရိသတ်လာရောက်မှုသည် လျင်မြန်စွာ တိုးတက်လာသည်။
ပေါလ် ပီးယားစ်အမည်ရှိ ကစားသမားတစ်ဦးသည်လည်း ထိုးဖောက်တိုက်ခိုက်မှု နည်းလမ်းများ စုံလင်ပြီး နည်းပြ ကားလ်၏ ကာတာထက်ပင် ပိုမိုနှစ်သက်ခြင်းကို ခံရသည်။ ထို့အပြင် လူဝီစ်အမည်ရှိ ကစားသမားတစ်ဦးသည် ဂရင်းရွန်းမှ ပထမဆုံးအကျော့ နောက်ဆုံးသို့ ရောက်ရှိခဲ့သည်။ ထိုမျှကြီးမားသော အရပ်ဖြင့် အပြင်ဘက် ကစားသမားအဖြစ် ကစားပြီး ဘောလုံး ပစ်သွင်းခြင်းသည်လည်း အလွန်တိကျသည်။ အားနည်းချက်များ ရှိသော်လည်း ကွင်းလယ်နေရာကို ဖွင့်ပေးနိုင်သောကြောင့် ကာတာနှင့် ပီးယားစ်တို့ကို ပိုမိုလွယ်ကူစွာ ထိုးဖောက်ခြင်း၊ ဘောလုံး ခွဲပေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး သူကိုယ်တိုင်လည်း သုံးမှတ်စည်း ကန်သွင်းခွင့်ရသောအခါ အောင်မြင်စွာ ကန်သွင်းနိုင်သည်။
အယ်လ်စတွန်ဟုခေါ်သော Point Guard ကစားသမားကိုမူ နည်းပြက သိပ်မကြိုက်ပေ။ ၎င်းတို့ ရောင်းဝယ်ဖောက်ကား၍ ရရှိခဲ့သော ပွဲစကစားသမားသည် ဒဏ်ရာရနေသောကြောင့်သာ သူ့ကို အလေးထား အသုံးပြုခြင်း ဖြစ်သည်။
ပွဲစကစားသမားသည် မူလက လွန်ခဲ့သော နှစ်နှစ်က နံပါတ် (၃) ရွေးချယ်ခွင့်ဖြင့် ရွေးချယ်ခံခဲ့ရသူ ဖြစ်သော်လည်း ဒဏ်ရာကြောင့် အသင်းမှ ထွက်ခွာခဲ့ရသည်။ ဖုန်းယွီ အသင်းသည် ကစားသမား အများအပြားကို ရောင်းဝယ်ဖောက်ကားပြီးမှ သူ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ နည်းပြကားလ်က ဘီလပ်စ်ဟုခေါ်သော ဤကစားသမားသည် ကျန်းမာနေပါက နှစ်နှစ်အတွင်း အဆင့်မီ Point Guardတစ်ဦး ဖြစ်လာမည် ဖြစ်ပြီး၊ All-Star ကစားသမား ပေးတန်၏ ပုံစံအတိုင်း ဖြစ်လာမည်ဟု ပြောခဲ့သည်။
ခြောက်ယောက်မြောက်သည် မိုဘလီဟုခေါ်သူ ဖြစ်ပြီး၊ အမှတ်ခိုးယူရာတွင် ကျွမ်းကျင်သူ ဖြစ်ပြီး၊ ကက်ဆဲလ်၏ပုံစံအတိုင်း ဖြစ်သည်။
ကျန်သူများမှာ အတွေ့အကြုံရင့် ကစားသမားအချို့နှင့် နာမည်ကြီး စာချုပ်ဆိုးများရှိသူ အချို့ဖြစ်သော်လည်း သူတို့အားလုံးသည် အသင်း၏ ကစားသမားသစ်များ ကြီးထွားလာစေရန် ကူညီပေးနိုင်သော ပွဲစဉ်အတွေ့အကြုံ၊ Playoff အတွေ့အကြုံများပင် ရှိကြသည်။
ဤ ဝါရင့် ပွိုင့်ဂါဒ်များ ရောက်ရှိလာသောအခါ အယ်လ်ဂျင်က သူတို့အား သတိပေးခဲ့သည်။ အသင်းသည် အပြင်ဘက် ကစားသမားများကို အဓိကထား၍ ကစားသမားသစ်များကို အဓိကထား၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝတ်လဲခန်းတွင် Toxicဖြစ်လာသူ မည်သူမဆို ပွဲပယ်ခံရခြင်းကို စောင့်ဆိုင်းနေရမည်ဖြစ်ပြီး၊ ပွဲပယ်ခံရလျှင် လစာ မရရှိနိုင်ဟု ပြောခဲ့သည်။
ဖုန်းယွီသည် ဤအသင်း၏ ဖွဲ့စည်းပုံကို အလွန် သဘောကျသည်။ မူလက သူ ခေါ်ယူချင်သော ထိပ်တန်း ကြယ်ပွင့်မှာ ပစ်ပန်ဖြစ်သည်။ ဂျော်ဒန်သည် အသင်းပိုင်ရှင်နှင့် ပြဿနာ ဖြစ်ပြီးနောက် အနားယူခဲ့သည်ဟု ဆိုသည်။ ဂျော်ဒန်ကလည်း ငွေကြေး အခက်အခဲ မရှိပေ။
ဂျော်ဒန်ကို ဆုံးရှုံးသွားသော Bullsအသင်းသည်လည်း ချန်ပီယံဆုရ အဖွဲ့ဝင်များကို ဆုံးရှုံးခဲ့သည်။ ပစ်ပန်သည် စာချုပ်ကြီးကို လိုချင်သော်လည်း ဘူးလ်စ်ပိုင်ရှင်က မပေးခဲ့ပေ။
သို့သော် ဖုန်းယွီ၏ အသင်းက စာချုပ်ကြီးကို ကမ်းလှမ်းခဲ့သည်။ ငါးနှစ်အတွက် ဒေါ်လာ ကိုးဆယ်သန်းဖြစ်ပြီး ၎င်းတို့ စာချုပ်အရ ပေးနိုင်သော အမြင့်ဆုံး လစာဖြစ်သည်။ သို့သော် ပစ်ပန်ကို Trail Blazers အသင်းက ကြားဖြတ် ခေါ်ယူသွားခဲ့သည်။ ထရေးလ် ဘလေဇာက ငါးနှစ်အတွက် ဒေါ်လာ သန်းရှစ်ဆယ် ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထရေးလ် ဘလေဇာက "ကျွန်တော်တို့ဆီ လာရင် ချန်ပီယံဆုကို ဆက်လက် ရယူနိုင်ပြီး အနာဂတ်မှာ ဂျော်ဒန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်" ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် ပြောင်းရွေ့ခြင်းဖြင့် Trail Blazers သို့ သွားခဲ့ပြီး Bullsအသင်းအတွက်လည်း ကောင်းမွန်သော ခံစားချက်အချို့ကို ချန်ထားခဲ့သည်။
သို့သော် ဖုန်းယွီ၏ အသင်းသည်လည်း လက်ဗရွန် ရောဒ်မန်ကို ခေါ်ယူနိုင်ခဲ့သည်။ ဘူးလ်စ်မင်းဆက် ပြိုကွဲပြီးနောက် ဘောလုံးဖမ်း ဘုရင်ဖြစ်သော ရောဒ်မန်ကို သုံးနှစ်အတွက် ဒေါ်လာ ငါးသန်းဖြင့် စျေးသက်သက်သာသာ ခေါ်ယူနိုင်ခဲ့သည်။ အခြားအသင်းများကမူ ၎င်း၏ အခြေအနေနှင့် စိတ်နေသဘောထားကို သံသယ ဝင်ခဲ့ကြပြီး ဂျော်ဒန်မရှိလျှင် မည်သူမျှ သူ့ကို ထိန်းချုပ်နိုင်မည် မဟုတ်ဟု စိုးရိမ်ခဲ့ကြသည်။
သို့သော် ဖုန်းယွီက ဆုံးဖြတ်ခဲ့သည်။ "စိတ်မပူပါနဲ့၊ ခင်ဗျားတို့ မထိန်းချုပ်နိုင်ရင် ကျွန်တော် ထိန်းချုပ်ပါ့မယ်" နည်းပြ ကားလ်ကလည်း ရောဒ်မန်ကို သူ ထိန်းချုပ်နိုင်သည်ဟု အာမခံခဲ့သည်။
ရောဒ်မန် သည် အမှန်တကယ်ပင် ကောင်းမွန်ခဲ့ပြီး ယခုအခါ ပွဲစဉ်တိုင်းတွင် ၁၂ကြိမ် ဖမ်းယူပေးနိုင်ခဲ့ပြီး အသင်းအား ကောင်းမွန်သော ခံစစ်ကို ယူဆောင်လာပေးခဲ့ကာ လစာမြင့်ပြီး စွမ်းဆောင်ရည် နိမ့်သောကစားသမားများကို ဆူပူသောင်းကျန်းခြင်း မပြုရဲအောင် လုပ်ဆောင်ပေးခဲ့သည်။
အသင်းသည် ယခုနှစ်တွင် ကောင်းမွန်သော ရွေးချယ်ခွင့်များ ရရှိခဲ့ရုံသာမက လာမည့်နှစ်အတွက် ရွေးချယ်ခွင့်အချို့ကိုလည်း ရရှိခဲ့ပြီး အသင်း၏ အနာဂတ်သည် မျှော်လင့်ချက်ရှိနေသည်။
ဖုန်းယွီသည် အယ်လ်ဂျင်၏ လုပ်ဆောင်ချက်များကိုလည်း အလွန် ကျေနပ်သည်။ အသင်း၏ စံချိန်သည် ယခုအခါ Playoffs အပြင်ဘက်တွင် ရှိနေသေးသော်လည်း အသင်း၏ လေထုသည် အလွန် ကောင်းမွန်နေပြီး လာမည့်နှစ်တွင် ကစားသမားကောင်း နှစ်ဦးကို ရွေးချယ်နိုင်ပါက ၎င်းတို့သည် Playoffsသို့ သေချာပေါက် ဝင်ရောက်နိုင်လိမ့်မည်ဟု လူတိုင်းက ယုံကြည်ကြသည်။
ယခုအခါ ကာတာနှင့် ပီးယားစ်တို့၏ ကိန်းဂဏန်းများသည် အလွန် တောက်ပနေပြီး ၎င်းတို့နှစ်ဦးသည် ပထမဆုံးလ အကောင်းဆုံး ကစားသမားသစ် ဆုကို ပူးတွဲ ရရှိခဲ့သည်။ အသင်းတစ်သင်းတွင် လအကောင်းဆုံး ကစားသမားသစ် နှစ်ဦး ရှိခြင်းသည်လည်း သမိုင်းတွင် ပထမဆုံး ဖြစ်သည်။ ဂျေမီဆန်၊ ဘီဘီ ၊ ဝီလျံ စသည့် ကစားသမားများသည် ကိန်းဂဏန်း အရ ၎င်းတို့ထက် များစွာ နိမ့်ကျနေသည်။
အသင်းသည် ထိုးဖောက် တိုက်ခိုက်မှုကို ပိုမို အလေးပေးသော ကစားဟန်ကြောင့် လူများက ယခင်က လော့စ်အိန်ဂျယ်လိစ် SHOWTIME ကို ပြန်လည် အမှတ်ရစေသည်။ ၎င်းသည် Los Angeles Lakersအသင်း၏ သမိုင်းဖြစ်သော်လည်း လော့စ်အိန်ဂျယ်လိစ် ပရိသတ်များသည် လော့စ်အိန်ဂျယ်လိစ်အသင်း ဖြစ်သရွေ့ ဂရုမစိုက်ကြပေ။
ယနေ့တွင် Los Angeles Fengyu အသင်း၏ ပိုင်ရှင်သည်လည်း ပွဲကြည့်ရန် လာရောက်မည်ဟု ကြားသိရသောအခါ အယ်လ်ဂျင်က လူကြိုက်များအောင်လုပ်ခဲ့ပြီး ဘတ်စကက်ဘောပွဲ လက်မှတ်များ အားလုံး ရောင်းကုန်သွားခဲ့သည်။
ဖုန်းယွီသည် ထိုသူများသည် ဘတ်စကက်ဘော လာကြည့်ကြသလား၊ သို့မဟုတ် သူနှင့် ပေါလ်အယ်လန်တို့ စကားများသည်ကို လာကြည့်ကြသလားဟု သံသယ ဝင်မိသည်။ မီဒီယာများတွင် အသင်းနှစ်သင်းသည် လေလှိုင်းပေါ်မှတစ်ဦးကို တစ်ဦး ပစ်မှတ်ထားခြင်းသည် ပထမဆုံး အကြိမ် မဟုတ်တော့ပေ။
လူ အများအပြားသည်လည်း Microsoft၏ အစုရှယ်ယာရှင်နှစ်ဦးသည် မသင့်မြတ်ကြောင်း ယခုမှ သိရှိခဲ့ကြသည်။
ဘတ်စကက်ဘောကွင်းတွင် ရန်ပွဲများ ဖြစ်ပွားပါက ပရိသတ် အများအပြား စိတ်လှုပ်ရှားကြသော်လည်း အကယ်၍ အသင်းပိုင်ရှင် နှစ်ဦး ရန်ဖြစ်နေသည်ကို မြင်ရပါက ပို၍ပင် ပြည့်စုံသွားမည် ဖြစ်သည်။ လက်မှတ်စျေးနှုန်း နှစ်ဆ တိုးရင်တောင်၊ မဟုတ်ဘူး၊ ဆယ်ဆ တိုးရင်တောင် သူတို့ ဝယ်ကြမည်။
******
အခန်း (၁၀၄၇) ပြေးပါ
"အယ်လ်ဂျင်၊ မင်း ကြော်ငြာဖို့ မီဒီယာ အများကြီးကို ဆက်သွယ်ထားတာ၊ ငါတို့ အနိုင်ရမှာ သေချာရဲ့လား" ဖုန်းယွီသည် အိမ်ကွင်းပွဲကို လာကြည့်ခြင်း၊ အထူးသဖြင့် ပေါလ် အယ်လန် ရဲ့ အသင်းနဲ့ တိုက်ရိုက်ရင်ဆိုင် နေချိန်မှာသာ အကယ်၍ ရှုံးနိမ့်ခဲ့ရင် အရမ်း ရှက်စရာ ကောင်းမှာ သေချာသည်။
"သူဌေး၊ ကျွန်တော် နည်းပြ ကားလ်ကို မေးပြီးပါပြီ၊ သူက ထရေးလ် ဘလေဇာရဲ့ အားနည်းချက်ကို ရှာတွေ့ထားပြီ၊ ဒီတစ်ခါ သေချာပေါက် အနိုင်ရမယ်လို့ ပြောတယ်။ ပြီးတော့ ထရေးလ် ဘလေဇာ ရဲ့ အသင်းဖွဲ့စည်းပုံက အပြည့်အစုံ မဟုတ်သေးဘူး၊ သူတို့ရဲ့ ပွဲစ ပွိုင့်ဂါဒ် နဲ့ ပွဲစ စင်တာတို့ ဒဏ်ရာရနေတယ်၊ အခု ကစားနေတာတွေက အရံကစားသမားတွေဖြစ်လို့ ကျွန်တော်တို့ထက် အားသာချက် ရှိချင်မှ ရှိမှာပါ။ ပစ်ပန် စွမ်းဆောင်ရည် ကလည်း သိသိသာသာ ကျဆင်းနေတယ်၊ ကမ့်ပ် လိုမျိုး မဟုတ်သေးပေမဲ့ ဘူးလ်စ် လက်ထက်ကလို ဟန်ပန် မရှိတော့ဘူး"
ဖုန်းယွီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဒီနှစ် Playoff ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ထရေးလ် ဘလေဇာ ကို ဖိနင်း နိုင်ရင်၊ တစ်ပွဲပဲ နိုင်ရင်တောင် လုံလောက်ပြီ။
ဖုန်းယွီစင်တာ ဘတ်စကက်ဘောရုံကို ဖုန်းယွီ ရောက်ရှိလာသောအခါ ပရိသတ်များထံမှ အားပေးသံများ ထွက်ပေါ်လာသည်။ ပရိသတ် အများအပြားသည် ဖုန်းယွီအား အသင်းကို ပြန်လည် တည်ဆောက်ပေးခြင်း၊ မြို့အတွက် ဘတ်စကက်ဘောရုံသစ်တစ်ခု ယူဆောင်လာပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။
ဖုန်းယွီသည် ဖုန်းယွီစင်တာ ဘတ်စကက်ဘောရုံ၏ အစုရှယ်ယာရှင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။ အစုရှယ်ယာရှင်သုံးဦးထဲတွင် အငယ်ဆုံး ဖြစ်သော်လည်း သူသည်လည်း ပိုင်ရှင် တစ်ဦးပင် ဖြစ်သည်။
ယခုအခါ လေကာ အသင်းသည် ဤဘတ်စကက်ဘောရုံ၌ ကစားနေရသည်မှာ အနည်းငယ် ရှက်စရာ ကောင်းနေသည်။ ဖုန်းယွီ စင်တာ ဘတ်စကက်ဘောရုံ ဟု ကြားသည်နှင့် ဖုန်းယွီ အသင်း ၏ အိမ်ကွင်း ဖြစ်ကြောင်း သိသာနေသည်။ လေကာ အသင်း၏ စွမ်းဆောင်ရည် ပိုကောင်းပြီး သမိုင်းကြောင်း ပို၍ ခမ်းနား နေပါလျက်၊ ဘတ်စ်သည် သူ၏ အသင်းအတွက် ဘာလို့ ဘတ်စကက်ဘောရုံ တစ်ခု မဆောက်နိုင်ရတာလဲ၊ ရင်းနှီးမြှုပ်နှံသူ အဖြစ် ပါဝင်ရင်တောင် ကောင်းမှာပဲ။
မျက်နှာပြင် အကြီးကြီးတွင် ပေါလ် အယ်လန် ၏ ပုံတူ ကို ပြသခဲ့သည်။ ပေါလ် အယ်လန် သည် မာနကြီးသော ပုံစံ ဖြင့် ပွဲမစခင်ကပင် သူ၏ အသင်းသည် အနိုင်ရပြီးပြီဟု ထင်နေပုံရသည်။
သို့သော် ပရိသတ် အများအပြား အံ့အားသင့်သွားသည်မှာ ဖုန်းယွီ အသင်းပိုင်ရှင်သည် သူ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံထားသော ဘတ်စကက်ဘောရုံ၊ သူ၏ အိမ်ကွင်း၌ပင် ကင်မရာမှ တစက္ကန့်မျှသာ ပြသခြင်း ခံရခြင်း ဖြစ်သည်။
ဟုတ်တယ်၊ တခြား ရုပ်သံဌာနများ၏ သတင်းထောက်များက ဖုန်းယွီ ကို အချိန်အကြာကြီး ကင်မရာ ရိုက်ကူး ခဲ့သော်လည်း ဖုန်းယွီ ၏ ဦးခေါင်းပေါ်ရှိ ဘေ့စ်ဘော ဦးထုပ်နှင့် မျက်မှန်အကြီးစားများက သူ့မျက်နှာကို ဖုံးကွယ်ထားသောကြောင့် လူ အများအပြားက ဖုန်းယွီ မျက်နှာ ဒဏ်ရာရ နေခြင်း သို့မဟုတ် တခြား တစ်ခုခု ဖြစ်နေခြင်းကြောင့် မျက်နှာ မပြ ရဲခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း နေကြသည်။
ပရိသတ် အချို့ကလည်း ဖုန်းယွီသည် သူ၏ အသင်း ရှုံးနိမ့်မည်ကို သိသောကြောင့် မျက်နှာမပြ ရဲခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ ဤတစ်ကြိမ်တွင် ပေါလ် အယ်လန် သည် ပို့ထ်လန် မှ ပရိသတ် နှစ်ထောင်ကျော်ကို ခေါ်လာပြီး ထရေးလ် ဘလေဇာ အသင်းကို အားပေးခဲ့ရာ အောင်ပွဲ သေချာနေသော ပုံစံမျိုးဖြင့် ဖုန်းယွီ စင်တာ ဘတ်စကက်ဘောရုံ ၏ လက်မှတ်များ အားလုံး ရောင်းကုန်သွားခဲ့သည်။
ဖုန်းယွီ သည် ဖုန်းကို ထုတ်ယူလိုက်သောအခါ ပေါလ် အယ်လန်က သူ့ထံ စာတို ပို့ထားသည်ကို တွေ့လိုက်ရသည်။
"ဖုန်း၊ မင်း အခု ငါ့ကို တောင်းပန်ရင် ငါ့အသင်းကို ဆယ်မှတ်အောက်ပဲ အနိုင်ယူဖို့ ပြောလို့ ရပါတယ်"
တောက်၊ ဒီလောက်တောင် မောက်မာတာ။
ဖုန်းယွီသည် ထိုစာတိုကို နည်းပြ ကားလ်အား ပြသလိုက်ပြီး ပြောသည်။ "ဒီတစ်ခါ ငါတို့ သေချာပေါက် အနိုင်ရမယ်လို့ ခင်ဗျား ပြောခဲ့တယ်၊ အကယ်၍ ငါတို့ ရှုံးရင် ကျွန်တော် မျက်နှာပျက် ရတော့မယ်"
နည်းပြကားလ်က ဂုဏ်ယူစွာ ပြောသည်။ "အသင်းရဲ့ နည်းဗျူဟာ တွေ ရင့်ကျက်လာပြီ၊ အဲဒီ လူငယ်တွေလည်း ပွဲစဉ်ရဲ့ စည်းချက်ကို စတင် လိုက်လျောညီထွေ ဖြစ်လာပြီ။ ဒီနှစ် ဘောလုံးပွဲ ရပ်နားခြင်း ကြောင့် ပြိုင်ပွဲ အချိန်ဇယားက အရမ်း ကျပ်လာတယ်။ အဲဒီ အသက်ကြီးသူ အများစုဟာ ဒဏ်ရာရနေတယ်၊ ဒဏ်ရာ မရတဲ့သူတွေတောင် ခွန်အား လုံးဝ မလိုက်နိုင်တော့ဘူး။ ကျွန်တော်တို့ လူငယ်တွေဟာ ထိပ်တိုက်ရင်ဆိုင်မှု မှာ နည်းနည်း နိမ့်ကျပေမဲ့ ပြေးလွှား နေမယ်ဆိုရင် အဲဒီ အသက်ကြီးသူ တွေဟာ ဖုန်မှုန့် တွေ နောက်ကနေ စားရုံပဲ ရှိလိမ့်မယ်!"
ပွဲစ ခရာသံ မှုတ်လိုက်သော်လည်း ဖုန်းယွီ အသင်းသည် ဘောလုံး ခုန်လွှားမှု တွင် ရှုံးနိမ့်ခဲ့ပြီး ပထမဆုံး ထိုးဖောက် တိုက်ခိုက်မှု ကို ထရေးလ် ဘလေဇာ အသင်းက စတင်ခဲ့သည်။
ပေါလ် အယ်လန်သည် ဖုန်းယွီဘက်သို့ ဝမ်းသာအားရ ကြည့်လိုက်သည်။ ကွာခြားချက် ရှိတယ်ပေါ့။ သူက အသင်းကို ပွဲစသည်နှင့် ဖုန်းယွီ အသင်းကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။ သူက ဖုန်းယွီကို မျက်နှာပျက် စေချင်သည်။
ပထမဆုံး ဘောလုံးကို ထရေးလ် ဘလေဇာ အသင်းက အလွယ်တကူ သွင်းယူနိုင်ခဲ့သည်။ ဂိုးသွင်းယူခဲ့သော ကစားသမားသည် လက်ခုပ်တီးပြီး အောင်ပွဲခံ နေချိန်တွင် ဖုန်းယွီ အသင်း မှ လူများအားလုံး ကွင်းတစ်ဖက်ခြမ်း သို့ လျင်မြန်စွာ ပြေးသွား ကြသည်ကို မြင်လိုက်ရသည်။
ဖုန်းယွီ အသင်းသည် နောက်ကွင်း မှ ဘောလုံးကို လျင်မြန်စွာ ပေးပို့ခဲ့ပြီး၊ သုံးကြိမ် ဘောလုံး အဝေး ပေးပို့မှု ပြုလုပ်ပြီးနောက် ဘောလုံးသည် ကာတာ ၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ကာတာ ၏ နောက်တွင် သုံးမီတာအတွင်း မည်သူမျှ မရှိတော့ဘဲ သူသည် ကောင်းကင်သို့ ခုန်တက်ကာ သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်ပတ်ပြီး ဒန်းခ် သွင်းယူခဲ့ရာ ပရိသတ်များ၏ လက်ခုပ်သံ ကို ရရှိခဲ့သည်။
ဖုန်းယွီသည် တဖြောင်းဖြောင်း လက်ခုပ်တီးလိုက်သည်။ ဤမျှ ကြည့်ရှု ပျော်ရွှင်ဖွယ်ရာ နှင့် ပရိသတ်၏ နှစ်သက်မှု ကို ကြည့်ခြင်းဖြင့် လူအများ၏ သဘောထားကွဲလွဲမှုကို ကျော်လွန်ကာ ကာတာ ကို နံပါတ် (၁) ရွေးချယ်ခွင့် အဖြစ် ရွေးချယ်ခဲ့ခြင်းသည် အရှုံးမရှိပေ။
ပထမဆုံး ဂိုးသုံးလုံးကို ထရေးလ် ဘလေဇာ သည် တစ်ဝက်ကွင်း တိုက်စစ် ဖြင့် တည်ငြိမ်စွာ ကစားခဲ့ပြီး နည်းဗျူဟာ အသေးစိတ်ကို ကောင်းစွာ အကောင်အထည်ဖော်ကာ အောင်မြင်မှု ရရှိခဲ့သည်။
သို့သော် ဖုန်းယွီ အသင်းသည်လည်း ပထမ သုံးကြိမ်စလုံး အောင်မြင်ခဲ့ပြီး တိုက်စစ်တိုင်းသည် ဆယ်စက္ကန့် ထက် ပိုမကြာခဲ့ပေ။ အတိုဆုံးမှာ ခြောက်စက္ကန့် သာ ရှိပြီး ထရေးလ် ဘလေဇာက ဂိုးသွင်းလိုက်သည်နှင့် ဖုန်းယွီ အသင်း မှ လူများသည် ကွင်းတစ်ဝက်ကို လျင်မြန်စွာ ဖြတ်ကျော်ကာ အလွယ်တကူ ဂိုးသွင်းယူနိုင်ခဲ့သည်။ သူတို့၏ သုံးကြိမ်စလုံးသည် ဒန်းခ် သွင်းယူမှုများ ဖြစ်သည်။
ကာတာ နှင့် ပီးယားစ် နှစ်ဦးစလုံးသည် အသင်းခေါင်းဆောင် ဖြစ်ချင်ကြသည်။ ကာတာ သည် နံပါတ် (၁) ရွေးချယ်ခွင့် ဖြစ်သော်လည်း ပီးယားစ်သည်လည်း နံပါတ် (၈) ရွေးချယ်ခွင့် ဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ငယ်စဉ်ကတည်းက နာမည်ကျော်ကြားခဲ့ကြပြီး ကာတာက ဒန်းခ် သွင်းခြင်းတွင် ပိုကောင်းသော်လည်း ပီးယားစ်သည် ခုန်၍ ပစ်သွင်းခြင်းတွင် ပိုမို တိကျသည်။
ထို့ကြောင့် ၎င်းတို့ နှစ်ဦးစလုံးသည် ပြေးလွှားခြင်းတွင် အလွန် တက်ကြွပြီး လျင်မြန်သော တန်ပြန်တိုက်စစ် ထွက်တိုင်း သူတို့ နှစ်ဦးစလုံးသည် ရှေ့ဆုံးမှ ပြေးလွှားကြသည်။
စတုတ္ထမြောက် ဂိုးတွင် ထရေးလ် ဘလေဇာ အသင်း မအောင်မြင်ခဲ့ဘဲ ရောဒ်မန်က ဘောလုံးဖမ်းယူခြင်း ကို ရယူခဲ့သည်။ ဤတစ်ကြိမ်တွင် ထရေးလ် ဘလေဇာ ၏ ခံစစ်ပြန်ခြင်းသည် မြန်ဆန်ခဲ့သောကြောင့် ကာတာ နှင့် ပီးယားစ် တို့သည် လျင်မြန်သော တန်ပြန်တိုက်စစ် အခွင့်အရေး မရခဲ့ပေ။ သို့သော် ကာတာက ထိုးဖောက် ပြီးနောက် ဘောလုံးကို ကွင်းထောင့်သို့ ပစ်ပေးလိုက်သည်။ လူဝီစ်သည် မည်သည့်အချိန်က ရောက်နေသည် မသိဘဲ ထိုနေရာတွင် ရပ်နေသည်။
လေ့ကျင့်ခန်း ကဲ့သို့ ရိုးရှင်းစွာ ခုန်တက်၊ ပစ်သွင်း၊ ဘောလုံး ဝင်၊ ပြီးတော့ သုံးမှတ်!
ဒူး~~~
ထရေးလ် ဘလေဇာ အသင်းသည် အချိန်တောင်း လိုက်သည်။
ပေါလ် အယ်လန်၏ မျက်နှာသည် မှောင်မဲနေသည်။ မူလက အချိန်တောင်း လိုက်ရမည့် အသင်းသည် ဖုန်းယွီ အသင်း ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း အခုတော့ ပြောင်းပြန် ဖြစ်သွားသည် မဟုတ်လော။
ပွဲစပြီး နှစ်မိနစ်သာ ကြာသေးသော်လည်း ၎င်းတို့သည် နောက်ကျ နေသည်။ ရမှတ်တွင်လည်း သုံးမှတ် နောက်ကျနေသည်၊ ဒါ မဖြစ်နိုင်ဘူး။ Playoff တောင် မဝင်နိုင်တဲ့ ဖုန်းယွီ အသင်း က သူတို့ကို ဘယ်လိုလုပ် ဖိအားပေးနိုင်တာလဲ။
ဖုန်းယွီသည် ထရပ်လိုက်ပြီး ဖုန်းယွီ အသင်း မှ ကစားသမား တစ်ဦးစီတိုင်းကို လက်ခုပ်ရိုက်ကာ ပြောလိုက်သည်။ "ကောင်းတယ်၊ ဒီနေ့ သေချာပေါက် နိုင်ရမယ်"
နည်းပြ ကားလ် က ကစားသမားများကို စုဝေးစေပြီး "အယ်လ်စတွန်၊ မင်းက လမ်းဘေး ဘောလုံး ကလာတာ၊ ဘောလုံး ထိန်းချုပ်မှု နည်းပညာ အရမ်း ကောင်းတယ်၊ ငါ လိုအပ်တာက မင်း လှည့်စား ကစားကွက် အချို့ကို အသုံးပြုပြီး ကွင်းဖွင့်နေသော ကစားသမား တွေကို ဆွဲဆောင်ပြီး မင်းနဲ့ တစ်ယောက်ချင်း ကစားစေဖို့ပဲ။ ဒါပေမဲ့ သတိထား၊ မင်းက ပွိုင့်ဂါဒ် ဖြစ်တယ်၊ ဘောလုံး ပေးပို့ခြင်း ကို အဓိကထားရမယ်။ ကာတာ၊ ပီးယားစ်၊ မင်းတို့ နှစ်ယောက် ကွင်းထဲ ပြေးဝင် ဖို့ အချိန်မရွေး အာရုံစိုက်နေရမယ်။ လူဝီစ်၊ မင်း အယ်လ်စတွန် အတွက် ပိတ်ဆို့ပေးခြင်း ကို လုပ်ဖို့ တာဝန်ယူရမယ်။ ဒဲနစ်၊ ဘောလုံးဖမ်းယူမှု ကို မင်းကို အပ်လိုက်ပြီ။ ပြေးပါ၊ ပြေးဖို့ အာရုံစိုက်ပါ၊ သူတို့အားလုံးကို ပင်ပန်း နွမ်းနယ် သွားအောင် လုပ်ရမယ်!"
ဒါဟာ စင်တာ မပါတဲ့ ဘောလုံး နည်းဗျူဟာ သေးသေး သက်သက်ပဲ။ ရောဒ်မန်က စင်တာဖြစ်ပြီး ပျမ်းမျှ ဂိုးသွင်းယူမှုက တစ်လုံးတည်းသာရှိသော စူပါဘောလုံးဖမ်း သတ္တဝါကြီး ဖြစ်သည်။
အချိန်တောင်းခြင်း ပြီးဆုံးသွားသည်။ ထရေးလ် ဘလေဇာသည် နောက်ထပ် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဤတစ်ကြိမ်တွင် ခံစစ်ကို အလွန် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သောကြောင့် ဖုန်းယွီအသင်းသည် လျင်မြန်သော တန်ပြန်တိုက်စစ် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။
သို့သော် ဖုန်းယွီအသင်းမှ ပွိုင့်ဂါဒ် ကစားသမားသည် အလွန် စိတ်တိုစရာ ကောင်းသည်။ အမျိုးမျိုးသော ဘောလုံးကို ပေါင်ကြား ခေါက်ခြင်း များဖြင့် ထိုးဖောက် ဝင်ရောက်ခဲ့သော်လည်း ရုတ်တရက် လှည့်ထွက်လာပြီး ထရေးလ် ဘလေဇာ ၏ ပွိုင့်ဂါဒ် ကို လက်ညှိုးထိုးပြကာ တစ်ယောက်ချင်း ကစားရန် ဖိတ်ခေါ်လိုက်သည်။
ထရေးလ် ဘလေဇာ ၏ ပွိုင့်ဂါဒ် သည် ရှေ့သို့ တက်လာသော်လည်း ဖုန်းယွီ အသင်းမှ ပွိုင့်ဂါဒ်သည် ဘောလုံးကို ဘတ်စကက် ဆီသို့ ပစ်တင်လိုက်သည်။ ကာတာသည် ကောင်းကင်ပေါ်မှ ရောက်လာပြီး ဘောလုံးကို နောက်ပြန် လှန်၍ ဒန်းခ် သွင်းယူလိုက်သည်။
ဘတ်စကက်ပေါ်တွင် ခဏ ဆွဲခိုနေခဲ့ပြီးနောက် လျင်မြန်စွာ ခံစစ်ပြန် သွားသည်။ တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်ဖြင့် ဆိုင်ကယ်လက်ကိုင်ကို လိမ်ချိုးသည့် ပုံစံ ပြုလုပ်လိုက်ရာ အလွန် မာန်မာနကြီး နေပုံရသည်။
သုံးပွဲ ကြာပြီးနောက် ထရေးလ် ဘလေဇာ ၏ ပွိုင့်ဂါဒ် သည် နည်းဗျူဟာ အတိုင်း မကစားတော့ဘဲ အယ်လ်စတွန် နှင့် တစ်ယောက်ချင်း ကစားရန် မကြာခဏ ကြိုးစားလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ပိုမိုသန်မာသောကြောင့် အားသာချက် ရရှိနေသည်။
သို့သော် ထရေးလ် ဘလေဇာ မှ ကျန်သူများ၊ ပစ်ပန် အပါအဝင် မည်သူမျှ ဘောလုံးကို မရရှိဘဲ ပြေးလိုက် ရုံသာ လုပ်နိုင်တော့သည်။
နည်းပြ ကားလ် ၏ ပါးစပ်ထောင့်သည် ကော့ညွတ် သွားသည်။ ထရေးလ် ဘလေဇာ အသင်းသည် ထောင်ချောက် ထဲ ရောက်သွားပြီ၊ ဒါက ဖုန်းယွီ အသင်း ၏ စည်းချက် ဖြစ်သည်။ ဤ စည်းချက်အတိုင်း ဆက်သွားပါက ထရေးလ် ဘလေဇာမှ အသက်ကြီးသူများသည် မကြာမီ ခွန်အားပြဿနာများ ဖြစ်လာတော့မည်>
******