← Chapters

အဆင့်တက်ခြင်း

Vol. 2 Ch. 16

အဆင့်တက်ခြင်း

Vol. 2 Ch. 16

​ညစာစားပြီးသော် ကောင်းကင်က တဖြည်းဖြည်း မှောင်စပြုလာသည်။

​ဝမ်အန်းနင်က ပြင်ဆင်ရမယ့် ပစ္စည်းတွေ အများကြီးရှိတာကြောင့် အလျင်မြန်ဆုံးဆိုရင်တောင် မနက်ဖြန် မနက်မှ ရောက်နိုင်မယ်လို့ ကျောက်စိမ်းပြားကနေတစ်ဆင့် ထန်ထျန်းကို ပြောခဲ့သည်။

​ဒါကြောင့် ထန်ထျန်းလည်း ဆက်မစောင့်တော့ဘဲ သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။

​ကုရှောင်းရွှယ်ကလည်း ပင်မအိမ်ရဲ့ ညာဘက်ဘေးက အခန်းမှာ ဝင်လိုက်လေသည်။

​ကျင့်ကြံခန်းထဲ ရောက်လာသောအခါ ထန်ထျန်းက မျက်ခုံးပင့်လိုက်သည်။ ဒီနေရာက တကယ့်ကို တိတ်ဆိတ်ငြိမ်သက်ပြီး နေ့စဉ် ကျင့်ကြံဖို့အတွက် အလွန်သင့်တော်လှသည်။

​ ထိုင်ချလိုက်ပြီး မကြာမီပင် တည်ငြိမ်မှုရသွားသည်။

​ထို့နောက် ထန်ထျန်းက အကန့်အသတ်မဲ့ သုံးစွဲနိုင်သော စနစ်ကို ကြည့်လိုက်သည်။

​ဒီနေ့ အိမ်ဝယ်တဲ့ သုံးစွဲမှုအမှတ် က တစ်သောင်းကျော်သွားပြီး တစ်သောင်းသုံးထောင်ကျော် ရရှိထားလေ သည်။

​ပိုမိုမြင့်မားတဲ့ အဆင့်ရှိတဲ့ အရာတွေကို လဲလှယ်ဖို့အတွက် လုံလောက်နေပြီပင်။

​စဉ်းစားပြီးနောက် ထန်ထျန်းက ပါရမီ လဲလှယ်ခြင်းကို ရွေးချယ်လိုက်သည်။

​ပါရမီစက်ဝန်း ငါးလွှာ : သုံးစွဲမှုအမှတ် တစ်သောင်း။

​လဲလှယ်လိုက်သည်နှင့် ရင်းနှီးသော ခံစားမှုက ပြန်လည်ရောက်ရှိလာပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသွားသည်။

​အားလုံး ငြိမ်သက်သွားသောအခါ ထန်ထျန်း စတင်ကျင့်ကြံလေ သည်။

​ကျင့်ကြံသည်နှင့်အမျှ အဖြူရောင် ပါရမီစက်ဝန်းငါးလွှာက ခန္ဓာကိုယ်ပတ်လည်တွင် ဖြည်းဖြည်းချင်း တက်လာပြီး မှိန်လိုက် တောက်ပလိုက်ဖြင့် ကောင်းကင်နှင့်မြေကြီး နှင့် ဆက်နွှယ်နေသည်။

​ထို့နောက် ဝိညာဉ်စွမ်းအား အမြောက်အမြားက ဦးတည်ရာများစွာ မှ ထန်ထျန်း၏ ကိုယ်ခန္ဓာထဲသို့ စီးဝင်လာသည်။

​ဒီအရေအတွက်နဲ့ အရည်အသွေးက သူ မနေ့ညက ကျင့်ကြံခဲ့တာထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသည်။

​ပါရမီတိုးတက်လာခြင်းအပြင် ဒီနေရာရဲ့ ဝိညာဉ်စွမ်းအားသိပ်သည်းဆကလည်း အလွန်မြင့်မားတာကြောင့် ဒီလိုအဆင့်ကို ကျော်လွန်တဲ့ တိုးတက်မှုမျိုး ရရှိခဲ့တာပင် ဖြစ်သည်။

​ပါရမီနဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်ဟာ ကျင့်ကြံသူတွေအတွက် တကယ့်ကို မရှိမဖြစ်ပင်။

​ဒီလိုအခြေအနေမျိုးမှာ ကျင့်ကြံခြင်းအမြန်နှုန်း က တကယ့်ကို ကြောက်စရာကောင်းလှသည်။

​ထန်ထျန်းက သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အထိ လျင်မြန်စွာ တိုးတက်နေတာကို ရှင်းရှင်းလင်းလင်း ခံစားရသည်။

​သူ စိတ်ကိုတည်ငြိမ်ပြီး အာရုံစိုက်ကာ အလေးအနက် ကျင့်ကြံလေ သည်။

​နာရီအနည်းငယ်ကြာပြီးနောက် ချီသန့်စင်ခြင်း အဆင့် (၃) မှ သိသိသာသာ တိုးတက်လာသော်လည်း ထန်ထျန်း မျက်လုံးဖွင့်လိုက်သည်။

​"သိပ်မကောင်းသေးဘူး"

​"ဒီအမြန်နှုန်း အတိုင်းဆိုရင် ဒီညတော့ ချီသန့်စင်ခြင်း အဆင့် (၄) ကို ရောက်မှာ မဟုတ်ဘူး"

​သူက အနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည်။

​ဒီလိုပုံစံကို တခြားသာမန် ကျင့်ကြံသူတွေသာ မြင်ခဲ့ရင် သူ့ကို ဆွဲပြီး ရိုက်ပစ်ချင်ကြမှာ သေချာသည်။

​တစ်ညတည်းနဲ့ အဆင့်တစ်ခု တက်ချင်တယ်ပေါ့။

ချီ​သန့်စင်ခြင်းအဆင့် အစောပိုင်းမှာ လိုအပ်တဲ့ ဝိညာဉ်စွမ်းအား မများရင်တောင် မင်း လိုချင်တာက များလွန်းတယ်ကွ

​ဒါပေမဲ့ ထန်ထျန်းက ဒီလို မထင်ပေ ။ အထူးသဖြင့် ကုရှောင်ရွှယ်လို အဆင့်မြင့် ပါရမီရှင်ကို မြင်ပြီးနောက်မှာ သူ ပိုပြီး အလျင်လိုလာခဲ့သည်။

​အများကြီး နောက်ကျနေကာ မကြိုးစား ရင် ကွာခြားချက်က ပိုပြီး ကြီးလာရုံပဲ ရှိမယ်လေ ။

​"ပါရမီကိုတော့ ချက်ချင်းတိုးလို့ မရဘူး။ ဒါဆို တခြားနည်းလမ်းတွေ စဉ်းစားရမယ်"

​ထန်ထျန်း စဉ်းစားပြီးနောက် သိုလှောင် လက်စွပ်ထဲကနေ ကြွေပုလင်း တွေ အများကြီးကို ထုတ်လိုက်သည်။

​အဆင့်မြင့် ချီသန့်စင်ခြင်းဆေးလုံး၊ အဆင့်မြင့် ကိုယ်ခန္ဓာမာကြော ဆေးလုံး၊ အဆင့်မြင့် ချီကျင့်ကြံခြင်း ဆေးလုံး။

​ဒါတွေက သူ ကျင်းယွီ ခန်းမကနေ ဝယ်လာခဲ့တာဖြစ်ပြီး ချီသန့်စင်ခြင်း ကျင့်ကြံသူများ အတွက် အသင့်တော်ဆုံး ဆေးလုံးတွေပင်။

​"မသုံးဘဲနဲ့တော့ မနေနိုင်ဘူး"

​"သူတို့က ဈေးနှုန်းနဲ့ ထိုက်တန်မလားဆိုတာ ကြည့်ရသေးတာပေါ့။"

​ထန်ထျန်းက အဆင့်မြင့် ချီသန့်စင်ခြင်းဆေးလုံးတစ်ပုလင်းကို ဖွင့်ကာ အဖြူရောင် ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။

​ပြင်းထန်တဲ့ ရနံ့က ချက်ချင်း တိုးဝင်လာပြီး ယွမ်ယန်ဆေးလုံးထက် အဆပေါင်းများစွာ ပိုပြီး အားကောင်းသည်။

​သူက ချက်ချင်း မျိုချလိုက်သည်။

​ချက်ချင်းပင် ပြင်းထန်သော ဝိညာဉ်စွမ်းအား မုန်တိုင်းတစ်ခုက ထန်ထျန်း၏ ဝမ်းဗိုက်ထဲတွင် ပေါက်ကွဲသွားသည်။

​ဒီမုန်တိုင်းမှာ ဖျက်ဆီးနိုင်တဲ့ စွမ်းအား မရှိဘဲ သွေးကြောတွေတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရုတ်တရက် တရှိန်ထိုးတက်လာ သည်။

​ထန်ထျန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာတယ်လို့ ခံစားရပြီး ဆေးလုံးရဲ့ စွမ်းအားက အသက်ရှူချိန်တစ်ခုအတွင်းမှာ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

​ခဏအကြာတွင် ဝိညာဉ်စွမ်းအား အားလုံး ဒန်ထျန်ထဲသို့ ပြန်ရောက်သွားပြီး ကျင့်ကြံမှုအဆင့်ကို အနည်းငယ် တိုးမြှင့်လာသည်။

​"တကယ်ကို ကောင်းတာပဲ"

​ထန်ထျန်းက ချီးကျူးမဆုံး ဖြစ်နေသည်။ ဒီလိုအကျိုးသက်ရောက်မှုမျိုးက ယွမ်ယန်ဆေးလုံးနဲ့ ယှဉ်လို့မရပေ။

​ဒီဆေးလုံးမှာ အသန့်စင်ဆုံး ဝိညာဉ်စွမ်အား တွေ ပါဝင်သည်။ သန့်စင်ဖို့တောင် မလိုဘဲ ဒန်ထျန်ထဲ ချက်ချင်းထည့်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ခွန်အားကို မြှင့်တင်ပေးလေသည် ။

​တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက် ၁၀၀၊ ဆေးလုံး ၁၀ လုံးပါတာ တကယ့်ကို မရှုံးပေ။

​"ထပ်လာစမ်း "

​ထန်ထျန်းက ချီသန့်စင်ခြင်းဆေးလုံးတစ်လုံးကို ထပ်ထုတ်ကာ ပုံမှန်ကျင့်ကြံမှုနဲ့ ပေါင်းစပ်ပြီး မျိုချလိုက်သည်။

​မကြာခင်မှာပဲ ချီသန့်စင်ခြင်းဆေးလုံးတစ်ပုလင်း ကုန်သွားလေသည်။

​ထန်ထျန်း၏ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်း အဆင့် (၃) ၏ အကန့်အသတ် သို့ ရောက်ရှိသွားပြီး တစ်လှမ်းသာ လိုတော့သည်။

​ဒါပေမဲ့ ဒီအချိန်မှာ သူ ဆက်မလုပ်တော့ဘဲ ကိုယ်ခန္ဓာမာကြော ဆေးလုံးနဲ့ ချီကျင့်ကြံ ခြင်းဆေးလုံးကို မျိုချဖို့ ရွေးချယ်လိုက်သည်။

​ဝိညာဉ်စွမ်းအင် တစ်ခုတည်းနဲ့တော့ မရပေ။ အခြေခံကောင်းကောင်းလည်း ရှိဖို့ လိုသည်။

​ကိုယ်ခန္ဓာမာကြော ဆေးလုံးက ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တိုးမြှင့်ပေးပြီး လေ့ကျင့်ခန်းလုပ်စရာ မလိုပေ။

​ချီကျင့်ကြံ ခြင်းဆေးလုံးကတော့ ဝိညာဉ်စွမ်းအားရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့ပင်။

​တူညီတဲ့ ဝိညာဉ်စွမ်းအား ပမာဏမှာ အရည်အသွေး မြင့်မားလေ၊ သဘာဝအတိုင်း ပိုပြီး အားကောင်းလေ ဖြစ်သည်။

​ထန်ထျန်းက တစ်လုံးချင်းစီ မျိုချပြီး သူ့ရဲ့ ခွန်အားကို အတတ်နိုင်ဆုံး မြှင့်တင်လိုက်သည်။

​လုံလောက်ပြီလို့ ထင်ရတဲ့အခါ သူ ချီသန့်စင်ခြင်းဆေးလုံး ဒုတိယပုလင်းကို ဖွင့်လိုက်သည်။

​တစ်လုံးတည်းနဲ့တင် ချီသန့်စင်ခြင်း အဆင့် (၃) ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ချီသန့်စင်ခြင်း အဆင့် (၄) ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်။

​"ဟူး ~"

​ထန်ထျန်းက သက်ပြင်းချလိုက် သည်။

​နောက်ဆုံးတော့ အဆင့်တက်နိုင်ခဲ့ပြီကွ။

​အခုဆိုရင် သူက သာမန် တပည့် အဆင့်အတန်းကနေ လုံးဝ ရုန်းထွက်နိုင်ခဲ့ပြီး ချင်းယွဲ့ဂိုဏ်းရဲ့ တကယ့် အပြင်စည်းတပည့်တစ်ဦး ဖြစ်လာခဲ့ပြီပင်။

​"အချိန်ရရင်တော့ အဆင့် မြှင့်ရမယ် "

​"ပိုက်ဆံပေးဝယ်ထားတဲ့ အဆင့်အတန်းနဲ့ ကိုယ့်ခွန်အားနဲ့ တရားဝင်ရရှိတဲ့ အဆင့်အတန်းက နည်းနည်းတော့ ကွာခြားတယ်။"

​"များလေ ပိုကောင်းလေပဲကွ"

​ထန်ထျန်း ဒီလိုပဲ တွေးနေသည်။

​ကျင့်ကြံခြင်းပြီးနောက် အခု...... ညဉ့်နက်နေပြီပင်။

​ထန်ထျန်း ထပြီး ကျင့်ကြံအခန်းကနေ ထွက်ကာ သူ့ရဲ့ အိပ်ခန်းဆီ ပြန်လာခဲ့သည်။

​နူးညံ့တဲ့ အိပ်ရာပေါ် လဲလျောင်းလိုက်ပေမယ့် အိပ်ချင်စိတ် သိပ်မရှိပေ ။

ချီ​သန့်စင်ခြင်း အဆင့် ကျင့်ကြံသူတွေက တစ်လလောက် အိပ်စရာမလိုဘဲ နေနိုင်ကြသည် ။

​ဒါပေမဲ့ ထန်ထျန်းက ဘဝက အရမ်းရိုးရှင်းလွန်းတာကို မကြိုက်ပေ။

​အခြေအနေပေးရင် ပျင်းရိစွာ အနားယူတာကလည်း ပျော်စရာတစ်ခုပဲပင်။

​တစ်နေကုန် တံခါးပိတ် ကျင့်ကြံနေပြီး မစား၊ မအိပ် တာက တကယ့်ကို ပျင်းစရာကောင်းလွန်းလှသည်။

​အတွေးပေါင်းများစွာ နဲ့အတူ ထန်ထျန်း တဖြည်းဖြည်း အိပ်ပျော်သွားသည်။

​နောက်တစ်နေ့။

​မိုးသောက်ချိန်မှာ တောင်တွေနဲ့ သစ်တောတွေကြား ငှက်တွေ၊ တိရစ္ဆာန်တွေရဲ့ အသံတွေ ကြားရပြီး ထန်ထျန်း နိုးလာခဲ့သည်။

​ခဏလောက် အိပ်ရာထဲ လူးလိမ့်နေပြီးနောက် သူ ထကာ မျက်နှာသစ်၊ အဝတ်အစားလဲပြီး တံခါးဖွင့် ထွက်လာသည်။

​လေကောင်းလေသန့်က ချက်ချင်း တိုးဝင်လာပြီး သူ့ကို လန်းဆန်းစေသည်။

​ရှေ့ခြံဝင်းကို ရောက်တော့ ထန်ထျန်း အံ့သြသွားသည်။ ကုရှောင်းရွှယ်က ဘယ်အချိန်ကတည်းက မသိလိုက်ဘဲ မနက်စာ ပြင်ပြီး ကျောက်စားပွဲမှာ သူ့ကို စောင့်နေခဲ့သည်။

​"ရှင် နိုးလာပြီပေါ့ "

​"လာ၊ မနက်စာ စားရအောင်"

​ကုရှောင်းရွှယ်က ဟီးဟီးရယ် ရင်း ပြောသည်။

​ထန်ထျန်းက ပြုံးပြီး ရှေ့ကိုသွား ထိုင်ကာ "မင်းပဲ စားစရာမလိုတော့ဘူးဆို " ဟု ပြောသည်။

​ကုရှောင်းရွှယ်က ပန်းကန်နဲ့တူ တွေကို ချ ပေးရင်း "ရှင် ပဲပြောတယ်မလား၊ ထမင်းစားတာက လူ့ဘဝရဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုပဲတဲ့" ဟု ပြောသည်။

​"အလွယ်တကူ စွန့်လွှတ်လိုက်ရင် ဘယ်လောက်တောင် နစ်နာလိုက်မလဲ။"

​ထန်ထျန်း ပြုံးလိုက်သည်။ ဒီကလေးမလေးက တကယ်ကို ဖြူစင်ပြီး ချစ်စရာကောင်းလှသည်။

​တကယ်တော့ သူက မနေ့က ရုတ်တရက် စိတ်ကူးပေါက်လို့ ပြောလိုက်တာ၊ သူမက တကယ်ကြီး မှတ်ထားတာပဲ။

​စားပွဲပေါ်မှာ ဆန်ပြုတ်နဲ့ အိမ်ချက်ဟင်းလေးတွေ ရှိနေဆဲပင်။ ထန်ထျန်း မြည်းစမ်းကြည့်တော့ အရသာက ကောင်းနေတုန်းပင်။

​"ချက်ပြုတ် တာက သက်တော် စောင့်စည်းမျဉ်းတွေထဲမှာ ပါမှာ..... မဟုတ်ဘူး ထင်တယ်နော်"

​ထန်ထျန်းက နောက် လိုက်သည်။

​ကုရှောင်းရွှယ် မျက်နှာနီမြန်းသွားသည်။ သူမက သက်တော် စောင့်စည်းမျဉ်းတွေကို ကျက်ထားရုံနဲ့ ရပြီလို့ အရင်က ထင်ခဲ့တာ။

​ဒါပေမဲ့ မနေ့က အတွေ့အကြုံအရ အဲဒီထဲက တစ်ခုမှ အသုံးမဝင်ခဲ့ပေ ။

​ထန်ထျန်းက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ "တကယ်တော့ ငါ တို့က အလုပ်ခန့်ထားတဲ့ ဆက်ဆံရေးပဲ"

​"မင်း ငါ့ အပေါ် ဒီလောက် ကောင်းနေဖို့ မလိုပါဘူး။"

​ကုရှောင်းရွှယ်က ဟင်းတွေကို စားရင်း တိုးတိုးလေး ရေရွတ်သည်။ " ကျွန်မအပေါ် ကောင်တယ့်သူ အပေါ် ပြန်ကောင်းပေး တာပေါ့ရှင့်။"

​"ဘာပြောလိုက်တာလဲ"

​ထန်ထျန်းက ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။

​ဒါပေမဲ့ ကုရှောင်းရွှယ်ကလည်း ထပ်မပြောတော့ဘဲ စားစရာ တွေ မအေးခင် အမြန်စားဖို့ ထန်ထျန်းကို အချက်ပြသည်။

​နွေဦးလေညင်းက ဖြတ်တိုက်သွားသည်။

​ဘယ်အချိန်ကမှန်း မသိလိုက်ရပေမယ့် မန်ကျည်းပင်အိုကြီးပေါ်က အပင်ငယ်လေးတွေက စတင် ပွင့်လန်းနေကြပြီပင်။

​

All Chapters