← Chapters

အထွတ်အထိပ်အစီအရင်

Vol. 2 Ch. 18

အထွတ်အထိပ်အစီအရင်

Vol. 2 Ch. 18

​ခရမ်းရောင်ဝါးခြံဝင်း အိမ်မှ ထွက်လာပြီးနောက် ထန်ထျန်းက ပင်မတောင်ထိပ်သို့ အလွန်လျင်မြန်စွာ တက်သွားလေ သည်။

​ဒါက ချင်းယွဲ့ဂိုဏ်းထဲ ရောက်လာပြီးနောက် ပထမဆုံးအကြိမ် ဂိုဏ်းရဲ့ ပင်မတောင်ထိပ်ကို ရောက်ဖူးခြင်း ဖြစ်သည်။

​တောင်ထိပ်က ခန့်ညားပြီး သစ်ပင်တွေက ကောင်းကင်ကို ဖုံးအုပ်ထားသည်။ ရေတံခွန်တွေ၊ နန်းဆောင်တွေက အထဲမှာ ပုန်းကွယ်နေပြီး မြူ တွေက တိမ်တိုက်တွေလို ဝေ့ဝဲနေတာကြောင့် နတ်ပြည်လိုပင် ဖြစ်နေသည်။

​ကုရှောင်းရွှယ်၏ ဦးဆောင်မှုအောက်တွင် ထန်ထျန်းက တောင်ပေါ်သို့ တက်သွားရာ နောက်ဆုံးတွင် တောင်၏ တစ်ဝက်ရှိ အလွန်ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာသည်။

​မျက်စိရှေ့ က မြင်ကွင်းကြောင့် ထန်ထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

​ဧရာမ ရင်ပြင်ကြီးက အဆုံးကို မမြင်ရပေ။

​ရင်ပြင်ရဲ့ အလယ်ဗဟိုမှာ ကြီးမားသော ရုပ်တုကြီးတစ်တန် မတ်မတ်ရပ်နေသည်။ လူတွေက သူ့ရဲ့ ခြေဖဝါးမှာ ရပ်နေရင်တောင် ခြေချောင်းအမြင့်ကို မမီနိုင်ပေ။

​ရုပ်တုကြီးက မြင့်မားစွာ ရပ်နေပြီး အပေါ်ပိုင်းတစ်ဝက်လုံးက ထူထပ်တဲ့ တိမ်တွေထဲကို ရောက်နေတာကြောင့် သူ့ရဲ့ ဂုဏ်အသရေကို ကောင်းကောင်း မမြင်ရပေ။

​ဒါပေမဲ့ တိမ်တွေရဲ့ အပေါ်ဘက်မှာတော့ အလွန်ကျယ်ပြန့်တဲ့ တာအိုကျောက်စာတချပ်က ကောင်းကင်ယံမှာ ပေါ်လော ပေါ်လော ပျံဝဲနေပြီး ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

​ချင်းယွဲ့ဂိုဏ်းမှ တပည့်တွေက ရုပ်တုပတ်ပတ်လည်မှာ ထပ်ကာထပ်ကာ ထိုင်နေကြသည်။

​တန်းစီပြီးပေါ့

​ဒီမြင်ကွင်းက လူကို အလွန်အမင်း တုန်လှုပ်သွားစေသည်။

​"ဒါက ငါတို့ ဂိုဏ်းရဲ့ ဘိုးဘေးကြီးလား"

​ထန်ထျန်းက ကုရှောင်းရွှယ်ကို မေးသည်။

​ကုရှောင်းရွှယ်က ခေါင်းခါကာ "မဟုတ်ပါဘူး"

​"သူ ဘယ်သူလဲဆိုတာ သိတဲ့သူ နည်းတယ်။ ရှင်လည်း မမေးတာ ကောင်းမယ်"

​"အကြီးအကဲဦးလေးက ကျွန်မကို ပြောပြဖူးတယ်။ သူက တားမြစ်ထားတဲ့ အရာတစ်ခုလိုပဲ။ အလွန်အကျွံတွေး ရင် မကောင်းတာ တွေ ဖြစ်လာနိုင်တယ်" ဟု ပြောသည်။

​ထန်ထျန်း တအံ့တဩဖြစ်သွားသည်။

​ဒါ ဘယ်လိုကြီးလဲ

​ချင်းယွဲ့ဂိုဏ်းရဲ့ ကျင့်ကြံရာနေရာမှာ သူတို့ရဲ့ ဘိုးဘေးကို မထားဘဲ တားမြစ်ထားတဲ့အရာတစ်ခုကို ထားတယ်ပေါ့။

​အသစ်အဆန်းကြီးကို ကစားနေတာလား

​ထန်ထျန်း စဉ်းစားပြီးနောက် ဆက်မတွေးရဲတော့ပေ။

​တကယ်လို့ သူ့ကိုယ်သူ မကောင်းတာတွေ ဖိတ်ခေါ်မိရင် မကောင်းဘူးလေ။

​ဒါပေမဲ့ ဒီချင်းယွဲ့ဂိုဏ်းက တကယ်ပဲ နေရာတိုင်းမှာ ထူးဆန်းမှုတွေ ရှိနေတာပဲ။

​အကြည့်ကို ပြန်ရုပ်သိမ်းပြီး ထန်ထျန်းနဲ့ ကုရှောင်းရွှယ်တို့ တာအိုဘုရားကျောင်း ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားကြသည်။

​ဝင်လာသည်နှင့် ထန်ထျန်းက ခရမ်းရောင်ဝါးခြံဝင်း အိမ်နဲ့ လုံးဝကွဲပြားခြားနားတဲ့ အငွေ့အသက်ကို ခံစားလိုက်ရသည်။

​ကျင့်ကြံခြင်း အငွေ့အသက်က အရမ်း အားကောင်း လွန်းပေသည်။

​ကုရှောင်းရွှယ် ပြောသလိုပဲ တာအိုဘုရားကျောင်း က နေ့စဉ် ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံး နေရာပင်။

​ခရမ်းရောင်ဝါးခြံဝင်း အိမ်လို နေရာမျိုးကတော့ စိတ်တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်ဖို့အတွက် ပိုပြီး သင့်တော်ပေ သည်။

​"သခင်လေးထန်၊ ဘယ်ကိုသွားချင်လဲ"

​ကုရှောင်းရွှယ်က "ရင်ပြင်မှာ ကျင့်ကြံမယ်ဆိုရင် နေရာလွတ်တစ်နေရာ ရှာပြီး ထိုင်လိုက်ရုံပါပဲ" ဟု ပြောသည်။

​"ကျင့်ကြံခန်းကို သွားချင်ရင်တော့ ဝမ်တာအို ခန်းမမှာ သော့ငှားရပါမယ်။"

​"ဝမ်တာအို ခန်းမက ရုပ်တုရဲ့ နောက်ဘက်မှာပါ"

​ထန်ထျန်းက ရယ်မောရင်း "ကျင့်ကြံခန်းကိုပဲပေါ့" ဟု ပြောသည်။

​"အထွတ်အထိပ် အဆင့် ကျင့်ကြံခန်းက ဘယ်လောက်ကုန်မလဲဆိုတာ... မင်း ဘယ်လောက် အစွမ်းထက်တဲ့ ကျင့်ကြံမှု အကျိုးသက်ရောက်မှု ရှိလဲဆိုတာ ကြည့်ချင်သေးတယ်ကွာ"

​ဆုံးဖြတ်ပြီးနောက် သူတို့နှစ်ဦး တာအိုဘုရားကျောင်း ၏ အစွန်းဘက်ရှိ ကျောက်ပြားလမ်းအတိုင်း ဝမ်တာအို ခန်းမသို့ ရောက်ရှိလာခဲ့သည်။

​အခုဆို မနက်ခင်းတစ်ဝက်ကျော်နေပြီ။ လိုအပ်တဲ့ တပည့်တွေက စောစောစီးစီး ငှားရမ်းပြီးသွားပြီဖြစ်ပြီး အထဲမှာ လူသိပ်မရှိတော့ပေ။

​တာဝန်ခံတစ်ဦးကို ချက်ချင်းတွေ့ပြီး ထန်ထျန်းက သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပြသည်။

​ထန်ထျန်းရဲ့ အဝတ်အစားကို မြင်ပြီးနောက် တာဝန်ခံက ယဉ်ကျေးစွာ မေးသည်။ "တာအို မိတ်ဆွေ ဘယ်လို ကျင့်ကြံခန်းကို ငှားချင်ပါသလဲ"

​ထန်ထျန်းက စဉ်းစားပြီး "ကျွန်တော် ပထမဆုံးအကြိမ် လာတာဆိုတော့ အရင်ဆုံး ကြည့်လိုက်ပါဦးမယ်" ဟု ပြောသည်။

​ထို့နောက် တာဝန်ခံက ကျင့်ကြံခန်းအားလုံးရဲ့ အချက်အလက်တွေကို ထန်ထျန်းကို ပေးလိုက်သည်။

​စဉီးပိုင်း ကျင့်ကြံခန်း: တစ်ရက်ကို စိတ်ဝိညာဉ်ကျောက် ၅၀၀။

​အလယ်အလတ် ကျင့်ကြံခန်း: တစ်ရက်ကို စိတ်ဝိညာဉ်ကျောက် ၃၀၀၀။

​အဆင့်မြင့် ကျင့်ကြံခန်း: တစ်ရက်ကို စိတ်ဝိညာဉ်ကျောက် ၂၀,၀၀၀။

​အထွတ်အထိပ် ကျင့်ကြံခန်း: တစ်ရက်ကို စိတ်ဝိညာဉ်ကျောက် ၁၀၀,၀၀၀။

​တာအိုအဆင့် ကျင့်ကြံခန်း: တစ်ရက်ကို စိတ်ဝိညာဉ်ကျောက် ၁,၀၀၀,၀၀၀။

​ဒါ့အပြင် အထက်ပါ ကျင့်ကြံခန်းအားလုံးအတွက် ချီစုစည်းခြင်းအစီအရင် ၊ ချီသန့်စင်ခြင်းအစီအရင် စတဲ့ အဆင့်အမျိုးမျိုးရှိတဲ့ အထောက်အကူပြု အစီအရင် တွေကို တပ်ဆင်နိုင်သည်။ စျေးနှုန်းက တစ်နေ့ စိတ်ဝိညာဉ်ကျောက် ၁၀၀ ကနေ စိတ်ဝိညာဉ်ကျောက် ၁၀၀,၀၀၀ အထိ ကွာခြားသည်။

​စာရင်းမှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေကို ကြည့်ရင်း ထန်ထျန်းရဲ့ နှုတ်ခမ်းထောင့်က တဖြည်းဖြည်း ကော့ညွတ်သွားသည်။

​နောက်ဆုံးတော့ သူက တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော့်ကို အမြင့်ဆုံး အစီအရင် နဲ့ လုပ် ပေးပါ။"

​"တာအိုအဆင့် ကျင့်ကြံခန်း၊ ပြီးတော့ အမြင့်ဆုံးအဆင့် အထောက်အကူပြု အစီအရင် အကုန်လုံး စီစဉ်ပေးပါ "

​သူ့စကားဆုံးတော့ လူအနည်းငယ်မှာ ခဏတာ တိတ်ဆိတ်သွားသည်။

​ထို့နောက် မယုံကြည်နိုင်ဖွယ် အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာသည်။

​"အာ"

​"ဘာလား"

​ကုရှောင်းရွှယ် မျက်လုံးပြူးသွားပြီး တာဝန်ခံကတော့ ကြောင်တောင်တောင် ဖြစ်သွားသည်။

​"အမြင့်ဆုံး အစီအရင် နဲ့ အကုန်လုံး စီစဉ် ပေးပါ"

​ထန်ထျန်းက ထပ်မံ ပြောသည်။

​"အဟမ်း..."

​တာဝန်ခံက စိတ်ကို ပြန်ထိန်းပြီး "တာအို မိတ်ဆွေ၊ စော်ကားလိုစိတ် မရှိပါဘူး" ဟု ပြောသည်။

​"မင်းက ဂုဏ်ထူးဆောင် တပည့်တစ်ဦး ဖြစ်ပေမယ့် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်း အဆင့် (၄) ပဲ ရှိသေးတယ်"

​"ချီသန့်စင်ခြင်း အဆင့်အတွက် အလယ်အလတ် ကျင့်ကြံခန်းကို ရွေးချယ်ဖို့ အကြံပေး ပါတယ်။ ပိုမြင့်တဲ့ အဆင့်တွေက မင်း စွမ်းဆောင်နိုင်တဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး ဘာအကျိုးသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး"

​ထန်ထျန်းက ရယ်မောရင်း "မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

​"ဒါပေမဲ့ မင်း ကျွန်တော့်ကို အကြံမပေးပါနဲ့ "

​"ကျွန်တော် ဘယ်အရာမဆို အမြင့်ဆုံး အစီအရင် နဲ့ သုံးရတာ ပိုပြီး အကျင့်ဖြစ်နေလို့ပါဗျာ "

​တာဝန်ခံက တအံ့တဩဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

​ဒီအချိန်မှာ ကုရှောင်းရွှယ်က ထန်ထျန်းကို အလျင်အမြန် ဆွဲကာ တိုးတိုးလေး ပြောသည်။ "သခင်လေးထန်၊ ရှင် သူ့စကား နားထောင်လိုက်ပါ"

​"အလယ်အလတ် ကျင့်ကြံခန်းရဲ့ အစီအရင် ကို ကျော်လွန်သွားရင် တကယ်ပဲ အကျိုးသက်ရောက်မှု သိပ်မရှိဘူး"

​"တာအိုအဆင့် ... အဲဒါက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သီးသန့် ပြင်ဆင်ထားတာ"

​"ပိုက်ဆံတွေကို ဒီလိုလိုက် မဖြုန်း နဲ့လေ "

​ကုရှောင်းရွှယ်က စိတ်ရင်းမှန်နဲ့ ဆက်လက် တိုက်တွန်းသည်။

​သူမရဲ့ စိတ်ရင်းမှန်တဲ့ အကြည့်ကို ကြည့်ပြီး ထန်ထျန်းက ခေါင်းညိတ်ကာ "မင်း ပြောတာ မှန်တယ်" ဟု ပြောသည်။

​ထို့နောက် သူက တာဝန်ခံဘက်သို့ လှည့်ကာ "ခုနက မင်းကို ပြောခဲ့တဲ့ အမြင့်ဆုံး အစီအရင် က..."

​"နှစ်ခန်းကို ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်တစ်ခန်းစီ ပြင်ပေးပါ ။"

​"အမှား မပါပါ စေနဲ့"

​ကုရှောင်းရွှယ်: ???

​ငါ ပြောတာ မှန်တယ်ဟုတ်လား

​ရှင် ဘာတွေ ပြောနေလဲဆိုတာ နားထောင်ကြည့်ဦး။

​ရှင် နည်းနည်းလေးတောင် နားမထောင်တာပဲ

​"သခင်လေးထန်၊ အဲ့လို မလုပ်ပါနဲ့"

​ကုရှောင်းရွှယ်က စိုးရိမ်တကြီး ပြောသည်။

​ထန်ထျန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ ဒီကလေးမလေးက အရာရာမှာ ကောင်းပေမယ့် အရမ်းဖြူစင်ပြီး အရမ်း ကြင်နာလွန်းသည်။

​တချို့လူမျိုးဆိုရင် သူ မပြောခင်မှာပဲ ကိုယ့်အတွက် တစ်ခန်း ရဖို့အတွက် ရှေ့တိုးပြီး တောင်းဆိုနေလောက်ပြီပေါ့။

​"ထပ်မပြော နဲ့တော့"

​ထန်ထျန်းက တိုးတိုးလေး ပြောသည်။ "ဒီလိုလုပ်တာက တကယ်တော့..."

​"မင်းကြောင့် တစ်ခုတည်း မဟုတ်ဘူး၊ ငါ့မှာ တခြားအကြောင်းပြချက်တွေ ရှိသေးတယ်။"

​"ဒီနေ့ မနက်စာအတွက် ကျေးဇူးတင်လို့ ပေးတာလို့ မှတ်လိုက်ပေါ့ "

​သူ ကုရှောင်းရွှယ်ကို အမှန်တရားကို ပြောပြလို့ မရပေ။ ဒီလိုပဲ ရှင်းပြလို့ ရတော့တာပေါ့လေ။

​ကုရှောင်းရွှယ်က ကြောင်နေသည်။ သူမ စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ မသိရပေ။

​ကောင်းတာတစ်ခုက သူမက နားထောင်တတ်ပြီး ဆက်ပြီး ငြင်းဆန်ခြင်း မရှိတော့ပေ။

​ထန်ထျန်း အနည်းငယ် သက်ပြင်းချလိုက်သည်။ နောင်ဆိုရင် ဒီလိုကိစ္စမျိုးတွေကို ရှောင်ရှားဖို့ ကြိုးစားရမည်။ မဟုတ်ရင် ဒီကလေးမလေး စိတ်ထဲမှာ ဖိအားတွေ ဖြစ်လာမှာ စိုးရိမ်ရလေသည်။

​ကုရှောင်းရွှယ်လို လူမျိုးက ကျေးဇူးတရားကို အရမ်းအလေးထားလေ့ရှိသည်။

​ထန်ထျန်းက ကုရှောင်းရွှယ်အတွက် တမင်လုပ်ပေးခဲ့တာလို့ မျက်နှာပြောင်တိုက်ပြီး ဝန်ခံချင်စိတ် မရှိပေ။

​"မင်း တာအိုအဆင့် ကျင့်ကြံခန်းမှာ ကျင့်ကြံချင်တာ တကယ် သေချာလား"

​တာဝန်ခံက မေးသည်။

​ထန်ထျန်းက ခေါင်းညိတ်ကာ "ဟုတ်ပါတယ်၊ စုစုပေါင်း နှစ်ခန်း အစီအရင် တွေ အကုန်လုံးက လည်း အမြင့်ဆုံးအဆင့်ပဲ ဖြစ်ရမယ် ။"

​"စုစုပေါင်း ဘယ်လောက်ကျ လဲ"

​တာဝန်ခံက တွက်ချက်ပြီးနောက် " မင်းရဲ့ လိုအပ်ချက်အတိုင်းဆိုရင် နေ့တိုင်း စိတ်ဝိညာဉ်ကျောက် လေးသန်းနဲ့ သိန်း၇၀ ကို ပုံမှန်ကုန်ကျစရိတ်အဖြစ် ပေးရပါမယ်" ဟု ပြောသည်။

​ထန်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးသည်။ "တစ်ခါတည်း ရက်အများကြီး ငှားလို့ရလား"

​ငါးသန်း နီးပါးက နည်းနေသေးသည်။

​တာဝန်ခံက အသက်ပြင်းပြင်း ရှူသွင်းပြီး "ရပါတယ်၊ အကြာဆုံး တစ်နှစ်ပါ" ဟု ပြောသည်။

​"ဒါပေမဲ့ ဒီတစ်နှစ်အတွင်းမှာ မင်း ကျင့်ကြံခန်းထဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အချိန်တွက်ချက်မှုထဲ ထည့်တွက်ပါ့မယ် "

​ထန်ထျန်းက သူ့ရဲ့ ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။

​သန်းသုံးရာကျော် ရှိနေပြီပင်။

​တွက်ကြည့်တော့ နှစ်လစာအတွက် အံကိုက်ပင်။

​"ဒါဆို အရင်ဆုံး နှစ်လလောက် စမ်းကြည့်ရအောင်"

​ထန်ထျန်းက ပြောလေ သည်။

All Chapters