← Chapters

ထူးဆန်းသော လုပ်ရပ်

Vol. 2 Ch. 20

ထူးဆန်းသော လုပ်ရပ်

Vol. 2 Ch. 20

​အချိန်က လျင်မြန်စွာ ကုန်လွန်သွားသည်။

​မျက်တောင်တစ်ခတ်အတွင်း ညနေစောင်းသို့ ရောက်လာခဲ့သည်။

​တာအိုဘုရားကျောင်း ၊ တာအိုအဆင့် ကျင့်ကြံခန်း။

​ထန်ထျန်းက ထိုင်ခုံလေးပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး ပါရမီစက်ဝန်း ငါးလွှာက သူ့ခန္ဓာကိုယ်ပတ်လည်မှာ တိတ်ဆိတ်စွာ ပျံဝဲနေကာ မှိန်လိုက် တောက်ပလိုက် ဖြစ်နေသည်။

​အသက်ရှူလိုက်တိုင်း သန့်စင်သော ဝိညာဉ်စွမ်းအင် အမြောက်အမြား ကိုယ်ထဲသို့ စီးဝင်လာပြီး ချီသန့်စင်ခြင်း အဆင့် (၄) မှ အသစ်ရောက်ရှိခဲ့သော ကျင့်ကြံမှုအဆင့်က ဆက်တိုက် တိုးတက်နေသည်။

​ခဏအကြာတွင် ထန်ထျန်း မျက်လုံးဖွင့်လိုက်သည်။

​"နည်းနည်းလေး လိုသေးတယ်"

​တစ်နေ့တာ ကျင့်ကြံပြီးနောက် ဆေးလုံးအမျိုးမျိုးရဲ့ အကူအညီနဲ့ ထန်ထျန်းက ချီသန့်စင်ခြင်း အဆင့် (၄) ရဲ့ အကန့်အသတ် သို့ ရောက်ရှိလာခဲ့ပြီး မကြာခင် ချီသန့်စင်ခြင်း အဆင့် (၅) ကို အောင်မြင်စွာ ချိုးဖျက် နိုင် တော့မည်။

​ဒီလို မြန်ဆန်တဲ့ တိုးတက်မှုနှုန်းက သာမန် ပါရမီစက်ဝန်း ငါးလွှာ ကျင့်ကြံသူတွေထက် အများကြီး သာလွန်နေပြီပင်။

​သူ့မှာ အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်တွေ ရှိနေတာကြောင့် ရှောင်လွှဲလို့ မရနိုင်ပေ။

​တာအိုအဆင့် ကျင့်ကြံခန်း ရဲ့ အကျိုးသက်ရောက်မှုက သူ့ကို ချီသန့်စင်ခြင်း အဆင့်မှာ အကန့်အသတ် သို့ တိုက်ရိုက် ရောက်စေခဲ့သည်။

​ဒါ့အပြင် ပုံသဏ္ဌာန်မရှိတဲ့ တာအိုအဆင့် လှိုင်းလုံးတွေက ထန်ထျန်းရဲ့ ကိုယ်ခန္ဓာပတ်လည်မှာ လွှမ်းခြုံနေသည်။

​ဒါတွေက အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သီးသန့်ပေးထားတဲ့ အစီအရင် တွေပင်။ ထန်ထျန်းက အခုချိန်မှာ အသုံးမပြုနိုင်သေးပေမယ့် သူ့အပေါ်မှာတော့ အကျိုးသက်ရောက်မှု ရှိနေတုန်းပင်။

​ခရမ်းရောင်ဝါးခြံဝင်း အိမ်ထက်တော့ အများကြီး ပိုကောင်းပေ သည်။

​"ထားလိုက်ပါတော့၊ မနက်ဖြန်မှပဲ ဆက်ကျင့်ကြံ တော့မယ်"

​အချိန်ကို ကြည့်ပြီးနောက် ထန်ထျန်းက ဒီနေ့ ကျင့်ကြံခြင်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။

​ကျင့်ကြံခန်းကနေ ထွက်လာပြီး ထန်ထျန်းက ကုရှောင်းရွှယ်ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ဖွင့်လိုက်သည်။

​မကြာခင်မှာပဲ ကုရှောင်းရွှယ်၏ ပုံရိပ်က နောက်ထပ် ကျင့်ကြံခန်းတစ်ခန်းကနေ ထွက်လာသည်။

​"ရှင် နောက်ထပ် နည်းနည်းလေး ကျင့်ကြံဖို့ စိတ်ကူးမရှိဘူးလား"

​"ဒါ တာအိုအဆင့် ကျင့်ကြံခန်း လေ"

​ကုရှောင်းရွှယ်က မေးသည်။

​သူမ ပြန်ပြီး အရင်ပုံစံမျိုး ပြန်ရောက်သွားတာကို မြင်တော့ ထန်ထျန်းက ဒေါသထွက်စွာဖြင့် "ညဉ့်နက်တဲ့အထိ မအိပ် ရင် ကျောက်ကပ်ကို ထိခိုက်စေ တယ်"

​"အိမ်ပြန်မယ်"

​ပြောပြီးသည်နှင့် သူက ဒီနေရာမှ အရင် ထွက်သွားပြီး ကုရှောင်းရွှယ်ကတော့ နောက်ကနေ လိုက်ပါသွားသည်။

​ခဏလောက် တိတ်ဆိတ်နေပြီးနောက် ထန်ထျန်းက မေးစရာမရှိဘဲ မနေနိုင်ဘဲ မေးလိုက်သည်။ "ဘယ်လို ခံစားရလဲ"

​ကုရှောင်းရွှယ်က "အင်း" ဟု ဆိုပြီး "အရမ်းကောင်းတယ်" ဟု ပြောသည်။

​"အရင်က ကျွန်မက အဆင့်မြင့် ကျင့်ကြံခန်းတွေက သာမန် ကျင့်ကြံခန်းတွေထက် ဝိညာဉ်စွမ်းအင် ပိုများရုံပဲလို့ ထင်ခဲ့တာ"

​" အထဲမှာ တာအို နိယာမနဲ့ ဥပဒေ တွေ အများကြီးပါဝင်တယ်။ နိယာမ တွေရဲ့ လမ်းညွှန်မှုနဲ့ ကျွန်မရဲ့ ချို့ယွင်းချက်တွေ အများကြီးကို ရှာတွေ့လိုက်တယ်"

​"ဒါတွေအပြင် တာအိုအဆင့် ကျင့်ကြံခန်း က ကောင်းကင်၊ မြေကြီး၊ နေ၊ လ၊ ကြယ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်ပြီးတော့ ကမ္ဘာလောကရဲ့ အလယ်ဗဟိုမှာ ရှိနေသလိုမျိုး ခံစားရတယ်"

​"တကယ့်ကို အံ့ဩစရာကောင်းတယ်"

​ကုရှောင်းရွှယ်က ချီးကျူးမဆုံး ဖြစ်နေသည်။

​ထန်ထျန်းကတော့ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

​ဟုတ်လား

​မင်းနဲ့ ငါ အဆင့်တစ်ခု တည်း ကျင့်ကြံခန်းထဲ ဝင်ခဲ့တာ သေချာရဲ့လား

​သူ ချက်ချင်း စိတ်ဓာတ်ကျသွားသည်။ ဒီကောင်မလေးက အမှတ်မထင်ပဲ သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်တတ်လေသည် ။

တာအိုဘုရားကျောင်း ​အပြင်ဘက် သို့ ရောက်သောအခါ ထန်ထျန်းက ဝမ်တာအို ခန်းမထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်။

​အရင်က တာဝန်ခံက ရှိနေဆဲပင်။ ထန်ထျန်း ပြန်လာတာကို မြင်တော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

​"တာအို မိတ်ဆွေ ကျင့်ကြံတာ ပြီးသွားပြီလား"

​"ဘယ်လို ခံစားရလဲ"

​သူက ယဉ်ကျေးစွာ မေးသည်။

​ထန်ထျန်းက သူ့ကိုကြည့်ပြီး ကုရှောင်းရွှယ်ရဲ့ လေသံနဲ့ ပြောလိုက်သည်။ "အရမ်းကောင်းတယ်"

​"ဒါကြောင့် နှစ်လက အရမ်းတိုတယ်လို့ ခံစားရတယ်။ နောက်ထပ် လေးလ ထပ်တိုးပေးပါ"

​တာဝန်ခံ: ...

​တကယ်တော့ သူ ပိုပြီး မြင်ချင်တာက ထန်ထျန်းက သူ့ရဲ့ ရွေးချယ်မှုကို နောင်တရပြီး ရင်ဘတ်စည်တီး နာကြည်းနေတဲ့ ပုံစံမျိုးပင်။

​ကံမကောင်းစွာနဲ့ပဲ သူ စိတ်ပျက်ခဲ့ရသည်။

​"မင်း ဆန္ဒအတိုင်းပါပဲ"

​မကြာခင်မှာပဲ အရောင်းအဝယ် ပြီးစီးသွားသည်။

​ထန်ထျန်းက သူ့ရဲ့ ပိုက်ဆံအိတ်ကို ကြည့်ပြီး ထပ်ပြောသည်။ "မဖြစ်ဘူး၊ ဒီခံစားချက်က အရမ်းကောင်းတယ်"

​"လေးလက မလုံလောက်ဘူး၊ နောက်ထပ် ခြောက်လ ထပ်လုပ်ပေးပါ။ စုစုပေါင်း တစ်နှစ် ပြည့်အောင်လို့"

​တာဝန်ခံက နောက်တစ်ကြိမ် စကားမပြောနိုင်ဖြစ်သွားသည်။

ဂိုဏ်းတူ​ညီလေး ၊ မင်း ဒါ ဘာလုပ်နေတာလဲ။ နံပါတ် ကို ပြည့်အောင် လုပ်နေတာလား

​တံခါးပိတ် ကျင့်ကြံဖို့ ပြင်နေတဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် ဒီလို မလုပ်ကြပေ။

​သူတို့က အများဆုံး ခြောက်လလောက် ငှားပြီး မအောင်မြင်မှသာ နောက်ထပ် ခြောက်လ ထပ်တိုးလေ့ရှိသည် ။

​ထန်ထျန်းက နောက်ပြောင်နေပုံ မရတာကို မြင်တော့ တာဝန်ခံ ခေါင်းညိတ်လိုက်ရသည်။

​ကောင်းပြီ၊ မင်းက ပိုက်ဆံရှိတာကိုး

​သက်တမ်းတိုးခြင်း အောင်မြင်စွာ ပြီးစီးပြီးနောက် ထန်ထျန်း၏ ပိုက်ဆံအိတ်က နောက်တစ်ကြိမ် လျင်မြန်စွာ တိုးတက်လာပြီး ဘီလီယံ နှစ်ရာကျော်သို့ ရောက်ရှိသွားလေ သည်။

​သုံးစွဲမှုအမှတ် လည်း အလားတူပင်၊ တစ်သိန်းခြောက်သောင်းကျော် ရရှိခဲ့သည်။

​ပါရမီစက်ဝန်း ခြောက်လွှာ က မကြာခင် ရတော့မည်။

​ထန်ထျန်း စိတ်ကြည်နူးသွားပြီး တာဝန်ခံကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ကုရှောင်းရွှယ်နဲ့အတူ တာအိုဘုရားကျောင်း မှ ထွက်လာခဲ့သည်။

​ဒါပေမဲ့ ထွက်လာပြီးနောက် သူ ခရမ်းရောင်ဝါးခြံဝင်း အိမ်ကို အလျင်အမြန် ပြန်မသွားဘဲ တောင်အောက်သို့ ဆင်းပြီး အပြင်စည်းတပည့်တွေနဲ့ တာဝန်ခံတပည့်တွေရဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရိယာကို ရောက်ရှိလာသည်။

​တပည့်ခန်းမ။

​ဒီနေရာက အပြင်စည်းတပည့်အဖြစ် အဆင့်တက် ဖို့ နေရာပင်။

အ​ပြင်စည်းတပည့်အဖြစ် အဆင့်တက်ရန် စည်းကမ်းက အလွန်ရိုးရှင်းသည်။ ချီသန့်စင်ခြင်း အဆင့် (၄) သို့ ရောက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာ မရှိရင် အောင်မြင်စွာ အဆင့်တက်နိုင်သည်။

​ထန်ထျန်းက သတ်မှတ်ချက် ပြည့်မီနေပြီပင်။

​သို့သော်လည်း သူ ပေါ်လာတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသည်။

​နောက်ဆုံးတော့ အဆင့်မြင့် ဂုဏ်ထူးဆောင် တပည့် တစ်ဦးက အပြင်စည်းတပည့်အဆင့်ကို တက်ဖို့ လာတာက တကယ့်ကို ထူးဆန်းတဲ့ ကိစ္စပင်။

​အကြောင်းပြချက်က ရိုးရှင်းပါသည်။

​ဒီလောက် ပိုက်ဆံအများကြီးရှိရင် အရင်းအမြစ်တွေနဲ့တောင် အုတ်မြစ်ချ ခြင်းအဆင့်ကို ကျော်လွန်ပြီး တက်နိုင်ပေသည် ။

​ဘယ်သူဌေးသားက ၁၈ နှစ်အရွယ်မှာ သူငယ်တန်းမှာ ရှိနေသေးတာလဲ

​သို့သော်လည်း သူတို့ မထင်မှတ်ထားသည်က ဒီလိုလူမျိုး ရှိနေရုံသာမက စစ်ဆေးပြီးနောက် ထန်ထျန်း၏ ကျင့်ကြံမှုအဆင့်က သနားစရာကောင်းတဲ့ ချီသန့်စင်ခြင်း အဆင့် (၄) သာ ရှိနေခြင်းဖြစ်သည်။

​"အော် ---"

​"သူ သာမန်သေမျိုး ပဲလား?"

​"ဘယ်သူသိမှာလဲ၊ အသက်ကလည်း သိပ်မငယ်တော့ဘူး။ ချီသန့်စင်ခြင်း အဆင့် (၄) ပဲ ရှိသေးတာ"

​"ဒီလိုလူမျိုးအတွက် သူ့မိသားစုက ဒီလောက် အရင်းအမြစ်တွေ ဆက်ရင်းနှီးမြှုပ်နှံရဲသေးတာလား"

​"အဆင့်မြင့် ဂုဏ်ထူးဆောင် တပည့် အတွက် စိတ်ဝိညာဉ်ကျောက် ၅ သန်း၊ ဒီကမ္ဘာကြီးက တကယ်ကို ကြောက်စရာကောင်းလောက်အောင် မတရားဘူးကွာ"

​နောက်ဆုံးတော့ ဒါက ကျင့်ကြံသူတွေရဲ့ လောက ဖြစ်ပြီး လူတွေက ခွန်အားကို အလေးထားဆုံးပင်။

​ထန်ထျန်းက ငွေကြေးအင်အား ကြီးမားပုံရပေမယ့် သူ့ကို လှောင်ပြောင်တဲ့ အကြည့်တွေ အများကြီး ရခဲ့သည် ။

​ထန်ထျန်းက ဂရုမစိုက်ပေ။

​တကယ်တော့ ဒီလိုအခြေအနေမျိုး ဖြစ်တာကို သူ ကျေနပ်နေသေးသည်။

​ဘာလို့လဲဆိုတော့ ဒီလိုဖြစ်မှပဲ လူတွေက သူ့ရဲ့ တကယ့်ခွန်အားကို မှားယွင်းစွာ ဆုံးဖြတ်နိုင်ပြီး တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ကိုယ်သူ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ထားနိုင်မှာ ဖြစ်လေ သည်။

​ဟုတ်ပေသည် သူက သေရမှာကို ကြောက်၏

​ဒါကို ဝန်ခံဖို့ မခက်ခဲပေ။

​ကျင့်ကြံခြင်းလောက မှာ အန္တရာယ်တွေ နေရာတိုင်းမှာ ရှိနေသည်။ အနည်းငယ် ပေါ့ဆမိရင်တောင် အသက်ဆုံးရှုံးနိုင်ပေသည်။

​အသက်က အဖိုးအတန်ဆုံးအရာပင်။ ထန်ထျန်းက သူ့ရဲ့ ပေါ့ဆမှုကြောင့် လွယ်လွယ်နဲ့ အသက်ကို စွန့်လွှတ်ချင်စိတ် မရှိပေ။

​သူ လုံလောက်အောင် မပျော်ရွှင်ရ သေးဘူးလေ။

​ဖြစ်နိုင်ရင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းမဖြစ်မချင်း သူ ပုန်းအောင်းနေချင်သေးသည်။

​ကျင့်ကြံမှု စစ်ဆေးခြင်းကို အောင်မြင်ပြီးနောက် ထန်ထျန်းက အပြင်စည်းတပည့်တစ်ဦး ဖြစ်လာခဲ့သည်။

​ထို့နောက် ကုရှောင်းရွှယ်နဲ့အတူ ခရမ်းရောင်ဝါးတောသို့ ပြန်လာခဲ့သည်။

​နက်ရှိုင်းတဲ့ လမ်းငယ်လေးအတိုင်း လျှောက်လာပြီး အစီအရင် ရှေ့သို့ ရောက်လာသည်။

​ရုတ်တရက် အစီအရင် ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုံရိပ်တစ်ခုက ထန်ထျန်းရဲ့ အာရုံကို ဖမ်းစားလိုက်သည်။

​အဲဒါက ပိုးသားပါးပါး အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အစီအရင် ရဲ့ အစွန်းဘက်မှာ မလှုပ်မယှက်ဘဲ ဘေးတိုက်လဲလျောင်းနေသည်။ ကိုယ်ပေါ်က အဝတ်အစားတွေက နည်းနည်း ရှုပ်ပွနေပြီး မကောင်းတဲ့ အရာတစ်ခုခု ကြုံခဲ့ရပုံရသည်။

​"သွားကြည့်လိုက်ပါ"

​ထန်ထျန်းက ကုရှောင်းရွှယ်ကို ရှေ့ကိုသွားပြီး စစ်ဆေးခိုင်းသည်။

​ကုရှောင်းရွှယ် လျှောက်သွားသည်။ ဒါပေမဲ့ မကြာခင်မှာပဲ သူမရဲ့ မျက်နှာက ထူးဆန်းသွားပြီး ထန်ထျန်းကို အန္တရာယ်မရှိကြောင်း အချက်ပြကာ သူ့ကို လာခိုင်းသည်။

​ထန်ထျန်း လျှောက်သွားကာ အဲဒီအမျိုးသမီးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူ အံ့အားသင့်စွာဖြင့် အော်လိုက်သည်။

​"အာ..."

​"သူမ ဖြစ်နေတာလား"

​အဲဒီအမျိုးသမီးက ဖန်းဖေး ပင် ဖြစ်သည်။

​ကုရှောင်းရွှယ်က အံ့ဩစွာဖြင့် "ရှင် သိလို့လား" ဟု မေးသည်။

​ထန်ထျန်းက ခေါင်းညိတ်ကာ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ခါဆုံဖူးတယ်။သူ့အပေါ် အမြင်ကောင်းမရှိ ဘူး"

​"သူမ ဘာဖြစ်တာလဲ"

​"ဒဏ်ရာရပြီး မေ့မျောနေပုံရတယ်"

​ကုရှောင်းရွှယ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ "အင်း..."

​"အပေါ်ယံကတော့ ဒီလိုပဲ ထင်ရတယ်"

​"ဒါပေမဲ့ တကယ်တော့ သူမက သွေးကြောဖုံးကွယ်ဆေးလုံး လို့ ခေါ်တဲ့ ဆေးလုံးတစ်မျိုးကို သောက်ထားပတယ့်ပုံပဲ"

​"ဒီဆေးလုံးက အရမ်းကို ရှားပါးတယ်။ ကျွန်မလည်း မတော်တဆ သိခဲ့ရတာ"

​"သွေးကြောဖုံးကွယ်ဆေးလုံး ကို စားပြီးရင် သွေးကြောတွေ ထိခိုက်ပြီး ခန္ဓာကိုယ် အားနည်းတဲ့ လက္ခဏာ အတုကို ပြသတယ်။ ဖြေဆေး သောက်လိုက်ရင် ချက်ချင်း ပြန်ကောင်းနိုင်တယ်"

​ထန်ထျန်း ခဏလောက် ကြောင်သွားသည်။ ဒီလိုဆေးလုံးမျိုးလည်း ရှိသေးတာလား

​ဖန်းဖေး ဒါကို ဘာကြောင့် စားတာလဲ

​ထန်ထျန်းက ခေါင်းငုံ့ပြီး ဖန်းဖေးရဲ့ ရှုပ်ပွနေတဲ့ မပေါ့်တပေါ် အဝတ်အစားတွေနဲ့ အသားဖြူဖြူတွေကို မြင်တော့ စကားမပြောနိုင်ဖြစ်သွားသည်။

​ဒီကောင်မလေး...

​သူမ ဘာထူးဆန်းတဲ့ အရာတွေ လုပ်နေတာလဲ

All Chapters