← Chapters

ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သို့ ရောက်ရှိခြင်း 

Vol. 171 Ch. 2437

ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သို့ ရောက်ရှိခြင်း 

Vol. 171 Ch. 2437

ရီဖူရှင်းသည် အစက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ထိပ်၌ ကျင့်ကြံနေဆဲ ဖြစ်သော်လည်း ဆန္ဒခြောက်ပါးကောင်းကင်အရှင်က သူ့အား ယန်ရှင်းတောင်မှ ဆင်းလာရန် ဖိတ်ခေါ်ခဲ့သည်။

လှေကားများရှေ့တွင် ဆန္ဒခြောက်ပါးအရှင်သခင်နှင့် အခြားအဆင့်မြင့် ကျင့်​ကြံသူများ ရှိနေကြသည်။ အလယ်တွင် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ရှိနေခဲ့၏။ လူတိုင်းက နတ်ဘုရားရုပ်ကြွင်းနှင့် အကွာအဝေးတစ်ခုခြားကာ ရှိနေပေသည်။ ရှင်းလင်းစွာပင် အချိန်တချို့ ကုန်လွန်သွားပြီးသော်လည်း မည်သူကမှ မဟာအင်ပါယာရှန်ကျား၏ လျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်သေးပေ။

ယနေ့ထိတိုင် ဆန္ဒခြောက်ပါးအရှင်သခင် အပါအဝင် မည်သူကမှ ၎င်းကို ယူဆောင်မသွားနိုင်သည့်အတွက် သူက ရီဖူရှင်းအား လူလွှတ်ခေါ်လိုက်ရခြင်း ဖြစ်ပေသည်။

"အရှင်" ရီဖူရှင်းက ရောက်ရှိလာပြီးနောက် ဆန္ဒခြောက်ပါးအရှင်သခင်ကို အရိုအသေပေးလိုက်သည်။

"ဒဏ်ရာတွေ ဘယ်လိုနေလဲ။" ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း၏ ဒဏ်ရာများအကြောင်း မှတ်မိနေဆဲဖြစ်သည်။

"သက်သာလုနီးပါးပါပဲ။ နောက်ရက်အနည်းငယ်လောက်ဆို အပြည့်အဝ သက်သာတော့မှာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

"အင်း။" ဆန္ဒခြောက်ပါးအရှင်သခင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျုပ်နဲ့ တခြားလူတွေ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို တစ်ချိန်လုံး လေ့လာနေခဲ့တယ်။ ဒါပေမယ့် အခုထိ အဲဒါက ဘယ်လိုအလုပ်လုပ်လဲဆိုတာ နားမလည်နိုင်သေးဘူး။ မင်းက မူလဘုံရဲ့ နံပါတ်တစ်အဖြစ် သရဖူဆောင်းနိုင်ပြီး ကောင်းကင်ဒေသရဲ့ အင်အားစုတွေ လိုက်ဖမ်းတာကို ခံရတာ အံ့သြစရာမရှိတော့ပါဘူး။ မင်းရဲ့ ပါရမီက အံ့သြထိတ်လန့်စရာ ကောင်းတယ်။ အရင်တုန်းက မင်း မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းနဲ့ ဘယ်လိုပေါင်းစပ်နိုင်ခဲ့တာလဲ။"

ဆန္ဒခြောက်ပါးအရှင်သခင်၏ အဆင့်အတန်းနှင့် စွမ်းအားအဆင့်အရ ဤသို့သော ကိစ္စမျိုးကို ရီဖူရှင်းအား မေးမြန်းရသည်က ရှက်စရာပင် ဖြစ်သည်။ ရီဖူရှင်းက သူ၏ ဆန္ဒအလျောက်ဖြင့် နတ်ဘုရားရုပ်ကြွင်းအား လေ့လာရန် ဆန္ဒခြောက်ပါးအရှင်သခင်ကို လက်ဆောင်ပေးခဲ့သည်။ သို့သော် သူက ၎င်းကို ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် ရီဖူရှင်းထံမှ အကြံဉာဏ်တောင်းခံ ရသည်။ ဆန္ဒခြောက်ပါးအရှင်သခင်၏ ခံစားချက်များကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။ ၎င်းကို မေးရန် လွယ်ကူလျှင် ထိုစဥ်ကတည်းက လုပ်ဆောင်ပြီးသွားပေလိမ့်မည်။

သို့သော် နေ့ရက်များစွာ ကုန်လွန်သွားပြီးနောက်၌ပင် သူက ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ကောလာလဟအချို့က စတင်ပျံ့နှံ့လာသည့်အတွက် ဆန္ဒခြောက်ပါးအရှင်သခင်က ရွေးချယ်စရာ မရှိဘဲ ရီဖူရှင်းနှင့် တိုင်ပင်ဆွေးနွေးရန် ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ယခင်က သူ ရီဖူရှင်းကို ချီးမွမ်းရန် မမေ့ခဲ့သည့်အတွက်ကြောင့် အနည်းဆုံးတော့ အရှက်တကွဲ ဖြစ်ရလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက ပြန်မဖြေခင် တွေးတောနေပုံပေါ်သည်။ "အရှင် အရင်တုန်းက ကျုပ် ရှန်ချင်းနယ်​မြေမှာ နတ်ဘုရားရုပ်ကြွင်းကို မြင်တွေ့ရဖို့ ကံကြမ္မာ လုံလောက်အောင် ကောင်းခဲ့ပေမယ့် ဘယ်သူမှ အဲဒါနဲ့ မဆက်သွယ်နိုင်ခဲ့ဘူး။ ပြီးတော့ ကြည့်ရင်းနဲ့တောင် ဒဏ်ရာတွေ အများကြီး ရသွားစေခဲ့ပြီး မျက်လုံးကနေ သွေးတွေတောင် ထွက်လာစေတယ်။ ကျုပ်လည်း ထူးမခြားနားပါပဲ။ အဲဒီနောက် သိမြင်နားလည်သဘောပေါက်မှုနဲ့ နတ်ဘုရားရုပ်ကြွင်းထဲက သင်္ကေတအက္ခရာတွေနဲ့ ပေါင်းစပ်နိုင်စွမ်းရှိခဲ့တယ်။ အဲဒါကို ကျုပ်ရဲ့ စိတ်ဝိညာဥ်နဲ့ ပေါင်းစပ် အသက်သွင်းပြီး ရုပ်ကြွင်းကို ထိန်းချုပ်နိုင်စွမ်းရှိခဲ့တယ်။ ဒါပေမယ့် အဲဒါကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ အသေးစိတ်ရှင်းပြဖို့ဆိုရင် ရှင်းရှင်းလင်းလင်း ပြောဖို့ တကယ် ခက်ခဲလိမ့်မယ်။"

ဆန္ဒခြောက်ပါးအရှင်သခင်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း နတ်ဘုရားရုပ်ကြွင်းအတွင်းမှ သင်္ကေတအက္ခရာများ၏ လောကအတွင်း ဝင်ရောက်သွားခဲ့သည်။ သို့သော် ၎င်းက ပျက်စီးခြင်းလမ်းစဥ်၏ နယ်မြေတစ်ခု ​ဖြစ်ပေသည်။ သူ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ သူက တိုက်ခိုက်ခံခဲ့ရသည်။ သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ရန် ကြိုးစားသောအခါ ချက်ချင်းပင် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပေသည်

"အဲဒါကို မြန်မြန် ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုခု မရှိဘူးလား။" ဆန္ဒခြောက်ပါးအရှင်သခင်က ပုံမှန်ထက် အသံကို တိုးကာ မေးလိုက်သည်။

ရီဖူရှင်းက ချင့်ချိန်တွေးဆနေပြီးနောက်မှ ခေါင်းကို ယမ်းလိုက်သည်။ သူက ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်လိုက်သည့်အခါ ထိုသူကလည်း သူ့ကို ပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူက အပေါ်ယံ၌ တည်ငြိမ်အေးဆေးနေပုံပေါ်သော်လည်း ရီဖူရှင်းသည် ယခု လက်ရှိအခြေအနေကို ရှင်းလင်းစွာ နားလည်သဘောပေါက်ပေသည်။ သူနှင့် ဆန္ဒခြောက်ပါးအရှင်သခင်တို့၏ ပတ်သတ်မှုနှင့် သူ့အား အလုံးစုံ ယုံကြည်ရန်မှာ ဖြစ်နိုင်ခြင်း မရှိပေ။ သူတို့က အချင်းချင်း ကြံစည်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သူက ဖြေရှင်းချက် ပေးခဲ့သော်လည်း ဆန္ဒခြောက်ပါးအရှင်သခင်က သူ့ကို မည်သို့ အပြည့်အဝ ယုံကြည်နိုင်ပါမည်နည်း။

ရီဖူရှင်းက ပြောလိုက်သည်။ "အရှင် ကျုပ် အရင်တုန်းက မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းကို ဆက်ခံခဲ့တာအပြင် မဟာအင်​ပါယာရှန့်ရင်းရဲ့ နတ်ဝိညာဥ်တေးသွားနဲ့ စီဝေ့မဟာအင်ပါယာရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကိုလည်း ဆက်ခံခဲ့တယ်။ ဒါပေမယ့် စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအားတွေက ကြယ်ကောင်းကင်ရဲ့ ကြယ်တွေထဲမှာ ပေါင်းစပ်နစ်မြုပ်နေတာကြောင့် အမွေအနှစ်တွေက စီဝေ့ကြယ်ကမ္ဘာပေါ်မှာပဲ တစ်ချိန်လုံး မှီခိုနေခဲ့သည်။ ကျုပ် အဲဒီမှာ ကျင့်ကြံ​နေတုန်းက စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအား တည်ရှိမှုကို ခံစားနိုင်တယ်။ ဒါကြောင့် ကျုပ် လုပ်နိုင်တဲ့အရာ အားလုံးက ကျုပ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ ပတ်သတ်ပြီး အရှင့်ဆီက အကြံဉာဏ်ရယူဖို့ပဲ ရှိတယ်။"

သူက '​အကြံဉာဏ်' ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။

ထင်ထားသလိုပင် ဆန္ဒခြောက်ပါးအရှင်သခင်၏ မျက်နှာထက်၌ ကျေနပ်နှစ်သိမ့်သော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။ သူက ပြောလိုက်၏။ "ကောင်းပြီ။ ကျုပ်က ဂီတလမ်းစဥ်မှာ မကျွမ်းကျင်ပေမယ့် မဟာလမ်းစဥ်အားလုံးက ဆက်စပ်နေတာ။ ကျုပ် မင်းအတွက် အကြံဉာဏ်အချို့ ပေးရင် ပေးနိုင်မှာပါ။ ပြီးတော့ ကျုပ်လည်း နတ်ဝိညာဥ်တေးသွားကို တွေ့ကြုံဖူးချင်တယ်။ စီဝေ့မဟာအင်ပါယာရဲ့ တိုက်ခိုက်ရေး နည်းစနစ်အတွက်ကတော့ အဲဒါနဲ့ ပတ်သတ်ပြီး ထူးခြားတာတစ်ခုခု ရှိမယ်ဆိုတာ သေချာတယ်။"

ရီဖူရှင်းက စိတ်ထဲမှ လှောင်ပြောင်သရော်လိုက်သည်။ သူသည် ထိုဆန္ဒခြောက်ပါးအရှင်သခင်က မည်သည့်အခါမှ အတောသတ်လိမ့်မည် မဟုတ်သည့် လောဘကြီးသူတစ်ယောက်ဖြစ်ကြောင်း သိရှိပေသည်။ ထိုသူက ဂီတတေးသွားနှင့် စီဝေ့မဟာအင်ပါယာ၏ နည်းစနစ်များအားလုံးကို လိုချင်တပ်မက်နေပေသည်။ ရီဖူရှင်းက ၎င်းတို့ကို ထုတ်ပြောလာသရွေ့ သူက ၎င်းတို့အား လိုချင်ပေလိမ့်မည်။

"ကျုပ် နတ်အာရုံကနေတဆင့် အရှင့်ဆီ လွှဲပေးလိုက်ပါ့မယ်။" ရီဖူရှင်းက ပြောလိုက်ပြီး သူ၏ မျက်ခုံးများကြားမှ နတ်အလင်းတန်းတစ်ခု စတင်လင်းလက်လာကာ ဆန္ဒခြောက်ပါးအရှင်သခင်၏ မျက်ခုံးကြားသို့ တိုးဝင်သွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဆန္ဒခြောက်ပါးအရှင်သခင်သည် ရီဖူရှင်းအား ကြောက်ရွံ့ခြင်းမရှိပေ။ မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းမရှိဘဲနှင့် ရီဖူရှင်း၏ နတ်အာရုံက သူ့ကို အလစ်တိုက်ခိုက်၍ ရမည်မဟုတ်သည့်အတွက်ကြောင့် သူက ထိုနတ်အလင်းတို့ မျက်ခုံးများကြား နဖူးအလယ်သို့ ဝင်ရောက်လာသည်အား ခွင့်ပြုထားလိုက်သည်။

မကြာခင်မှာပင် သူတို့နှစ်ယောက်ထံမှ အလင်းများ ပျောက်ကွယ်သွားသည်။ ဆန္ဒခြောက်ပါးအရှင်သခင်၏ မျက်နှာထက် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူက ရီဖူရှင်း သူ့အား လွှဲပြောင်းပေးလာသည့် အချက်အလက်များနှင့် ပတ်သတ်ပြီး အလွန် ကျေနပ်နေသည်မှာ ရှင်းလင်းပေသည်။

နတ်ဝိညာဥ်တေးသွားက သူ့အတွက် အသုံးမဝင်သော်လည်း ၎င်းက သူ၏ တစ်ခေတ်တစ်ခါ၌ အကြီးမြတ်ဆုံး ဂီတလမ်းစဥ်ပညာရှင် မဟာအင်ပါယာရှန့်ရင်း၏ ပျောက်ဆုံးနေသော နတ်ဘုရားတေးသွားတစ်ပုဒ် ဖြစ်သည်။ သူက အနာဂတ်တွင် ၎င်းအား အလဲအလှယ်အဖြစ် အသုံးပြုလျှင်ပင် သူက အခြား ထိပ်တန်းရတနာများကို အလဲအလှယ်အဖြစ် အသုံးပြုနိုင်ပေသည်။ ထို့ပြင် စီဝေ့မဟာအင်ပါယာ၏ တိုက်ခိုက်ရေးနည်းစနစ်သည်လည်း အလွန် အစွမ်းထက်လှသည်။ သူက ၎င်းကို သင်ယူနိုင်လျှင် သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေး နည်းစနစ်အဖြစ် ပေါင်းစည်းနိုင်ပေလိမ့်မည်။

"မင်းရဲ့ ဒဏ်ရာတွေက အပြည့်အဝ မသက်သာသေးဘူးဆိုမှတော့ မင်း အရင်ပြန်သွားပြီး တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းလာ​အောင် အရင် ကြိုးစားသင့်တယ်။ နောက်ပိုင်း ကျုပ် ဒီကျင့်ကြံရေး နည်းစနစ်တွေကို ဂရုတစိုက် လေ့လာကြည့်ထားလိုက်မယ်။ ကျုပ် ဒါကို နားလည်သဘောပေါက်သွားတဲ့အခါ မင်းကို အကြံဉာဏ်တချို့ ပေးနိုင်လိမ့်မယ်။" ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်းကို ပြောလိုက်သည်။ သူ၏ လေသံက ယခင်ကထက် ပို၍ နူးညံ့နေခဲ့ပေသည်။ သူသည် ရီဖူရှင်းထံ၌ အခြားရတနာများ ရှိနေဆဲဖြစ်ကြောင်း သိရှိသော်လည်း ၎င်းတို့ကို ရယူရန် အလျင်လိုခြင်း မရှိပေ။ ရီဖူရှင်းက ၎င်းတို့ကို စိတ်ဆန္ဒအလျောက် လွှဲပြောင်းချင်နေသရွေ့ သူကလည်း ရီဖူရှင်းကို လေးစားမှုအချို့ထားကာ ပြန်လည်ဆက်ဆံမည် ဖြစ်သည်။

သူက ဉာဏ်ကောင်းသော လူများကို နှစ်သက်ပေသည်။

"ကောင်းပြီ။ ဒါဆို ပြဿနာများစေမိပါပြီ။" ရီဖူရှင်းက ပြောလိုက်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်ကို သူက ကျင့်ကြံရေးနည်းလမ်းများ လွှဲပေးခဲ့ရသော်လည်း သူကသာ အကြွေးတင်နေခဲ့သလို ပြုမူနေခဲ့ပေသည်။ သို့ပေမယ့် အနီးရှိ မည်သည့် ကျင့်ကြံသူကမှ မှားယွင်းနေသလို မခံစားရပေ။ ကြည့်ရသည်မှာ ဤသည်က ကိစ္စများ မည်သို့ ဖြစ်ပျက်နေသနည်းဟူသည်ပင် ဖြစ်နိုင်သည်။

ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ နယ်မြေတွင် နေထိုင်ရင်း သူ့အသက်ကို ဆန္ဒခြောက်ပါးအရှင်သခင် လက်ထဲ၌ ပေးအပ်ထားပေသည်။ သူက သူ၏ ပိုင်ဆိုင်မှုအားလုံးကို မည်သို့ လက်လွှဲပေးရဲရပါသနည်း။

ဆန္ဒခြောက်ပါးအရှင်သခင်သည် သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း ဒဏ်ရာများ ကုသခွင့်ပေးထားသည်က အလွန် သဘောထားကြီးနေခဲ့ပြီး ဖြစ်သည်။

ထွက်သွားပြီးနောက် ရီဖူရှင်းက ကျင့်ကြံရန်အတွက် ​ယန်ရှင်းတောင်သို့ ပြန်ရောက်လာခဲ့သည်။ ၎င်းမှာ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှ ကျင့်ကြံသူများ တွေးထားသည့်အတိုင်း အတိအကျပင် ဖြစ်သည်။ သူ မည်သို့သော အခြေအနေအောက်၌ ရောက်နေကြောင်း သိရှိထားပြီး မည်သည်ကို လုပ်သင့်၍ မည်သည်ကို မလုပ်သင့်ကြောင်း နားလည်ပေသည်။

ယခုအချိန်တွင် သူက ကျင့်ကြံခြင်းမှလွဲ၍ အခြားအရာအားလုံးတွင် နှိမ့်ချစွာ နေသင့်ပေသည်။

သူ ဆန္ဒခြောက်ပါးအရှင်သခင်ကို လွှဲပြောင်းပေးလိုက်သည့် နတ်ဘုရားနည်းစနစ်များအတွက်မူ ၎င်းက ထူးခြားပြောင်မြောက်သည်ဟု ထင်မှတ်ရသော်လည်း ပြီးပြည့်စုံခြင်း မရှိပေ။ ဆန္ဒခြောက်ပါးအရှင်သခင်က အစွမ်းထက်သော်လည်း သူသည် ယခင်က ထိုနတ်ဘုရားနည်းစနစ်နှစ်ခုကို မြင်တွေ့ခဲ့ဖူးခြင်းမရှိသည့်အတွက် သူက တစ်ခုခုမှားနေကြောင်း ပြောနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ထိုနည်းစနစ်များက အစစ်အမှန် ဖြစ်ပြီး ပြည့်စုံခြင်း မရှိရုံသာ ဖြစ်သည်။

...

ရက်အနည်းငယ် ပိုကြာပြီးနောက် ဆန္ဒခြောက်ပါးအရှင်သခင်က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၌ ကျင့်ကြံနေဆဲ ဖြစ်သည်။

ရုတ်တရက် အစွမ်းထက်သော အရှိန်အဝါစွမ်းအင်များက နန်းတော်အပေါ်သို့ ကျဆင်းလာပြီး နတ်အရှိန်အဝါတို့ဖြင့် ရစ်သိုင်းလာသည်က ဆန္ဒခြောက်ပါးအရှင်သခင်ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။  သူက လေထဲသို့ အေးစက်စွာ မော့ကြည့်လိုက်ပြီး တည်ငြိမ်သည့် အကြည့်တို့နှင့် ကြည့်ကာ ပြောလိုက်သည်။ "ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို မလာခင် ဘာလို့ ကျုပ်ကို အရင် အကြောင်းမကြားတာလဲ။"

ဆန္ဒခြောက်ပါးအရှင်သခင်၏ စကားများကို ကြားသောအခါ နန်းတော်အတွင်း ကျင့်ကြံနေသည့် ကျင့်ကြံသူများ၏ နှလုံးသားတို့က တုန်ယင်သွားခဲ့ပေသည်။ သူ၏ လေသံကို အခြေခံရလျှင် ရောက်လာသူများက သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော သူများ ဖြစ်ပုံရသည်။

မဟုတ်လျှင် သူတို့က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို မည်သို့ တိုက်ရိုက်ဆင်းသက်လာရဲလိမ့်မည်နည်း။ ထို့ပြင် အရှင်သခင်က ယခုလေးတင် 'အကြောင်းကြား' ဟူသည့် စကားလုံးကို အသုံးပြုခဲ့သည်။

သူနှင့် ကျင့်ကြံဆင့်တူသည့် ​ကျင့်ကြံသူများမဟုတ်လျှင် သူက ထိုလူများကို ရိုက်ချပစ်လိုက်ပြီး ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် ဤနေရာသို့ မည်သူရောက်လာသနည်း။

ကောင်းကင်ထက်တွင် တိမ်တိုက်များက အော်မြည်လှုပ်ခတ်နေကာ အလွန် အစွမ်းထက်သည့် အရှိန်အဝါတို့က အောက်ဘက်သို့ စိမ့်ထွက်ကျဆင်းလာသည်။

ထို့နောက် အသံတစ်ခုက ကောင်းကင်ထက်မှ ထွက်ပေါ်လာပေသည်။ "အသိမပေးဘဲ လာခဲ့မိပြီး ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ ကျင့်ကြံမှုကို အနှောက်အယှက် ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်။" အသံနှင့်အတူ ပုံရိပ်တစ်ခုက ကောင်းကင်ထက် ထွက်ပေါ်လာသည်။ နောက်ထပ်နေရာတစ်ခုမှ အခြားကျင့်ကြံသူနှစ်ယောက်လည်း ရောက်ရှိလာ၏။

ထိပ်သီးကျင့်ကြံသူသုံးယောက်က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သို့ တစ်ချိန်တည်း ရောက်ရှိလာပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်နှင့် တူညီသော ကျင့်ကြံဆင့်မှ ထိုကျင့်ကြံသူသုံးယောက်လုံးသည် တစ်ခုစီ၏ အရှင်သခင်များ ဖြစ်ကြပေသည်။

ထိုအချိန်တွင် ဆန္ဒခြောက်ပါးအရှင်သခင်က သူတို့ မည်သည့်အတွက် ရောက်လာကြောင်း နားလည်သွားခဲ့သည်။

ထိုအဆင့်မှ ကျင့်ကြံသူများက ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် အကြောင်းရင်းမရှိစရာအကြောင်း မရှိပေ။ လတ်တလောတွင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၌ ဖြစ်ပျက်သည့် တစ်ခုတည်းသော အဖြစ်အပျက်အတွက် သူတို့ ရောက်လာကြခြင်း ဖြစ်ရပေမည်။

ထိုကျင့်ကြံသူ သုံးယောက်က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့၏ နှလုံးသားထဲတွင် အံ့သြထိတ်လန့်မှုတို့ ဖြစ်ပေါ်လာသည်။ သို့ဆိုလျှင် ထိုသတင်းက အမှန်တကယ်ပင် ဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က နတ်ဘုရားရုပ်ကြွင်းကို ရရှိခဲ့ပြီး ၎င်းက ရှေးခေတ်အချိန်က ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သည့် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းပင် ဖြစ်သည်။

ယခင်က ဤနတ်ဘုရားရုပ်ကြွင်းသည် ကောင်းကင်ဒေသအတွင်း ပေါ်ပေါက်လာခဲ့ဖူးသည်။ ယခု ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်တွင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်က စိတ်ထဲမှ ကြိတ်ရယ်လိုက်သည်။ သူတို့က ဤနေရာတွင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူတို့က သူ၏ ကျင့်ကြံခြင်းကို အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုလိုသည်လား။

မည်မျှ ဟန်ဆောင်ကောင်းလိုက်သနည်း။

သူက ထိုကျင့်ကြံသူ သုံးယောက်လုံးကို သိရှိပေသည်။

"ကျုပ် အရင်က ဆန္ဒခြောက်ပါးအရှင်သခင် မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းကို ရရှိခဲ့တယ်လို့ သတင်းကြားခဲ့တယ်။ ကြည့်ရတာ ဒါက အမှန်ဖြစ်ပုံပဲ။ ခင်ဗျား နတ်ဘုရားရုပ်ကြွင်းကို ရထားတယ်ဆိုမှတော့ ဘာလို့ အတူတူလေ့လာဖို့ ကျုပ်တို့ကို မဖိတ်ရတာလဲ။ ခင်ဗျားတစ်ယောက်တည်းလည်း ဒါကို မဖော်ထုတ်နိုင်ဘဲနဲ့။ အဲဒါက ပျင်းစရာမကောင်းဘူးလား။" နောက်ထပ်သုံးယောက်က နတ်ဘုရားရုပ်ကြွင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူတို့အားလုံးက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်ရန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကြားဖူးပေသည်။ ယခု အခြေအနေကို ကြည့်လျှင် ၎င်းက အမှန် ဖြစ်ပုံရသည်။ ယခုထိတိုင် ဆန္ဒခြောက်ပါးအရှင်သခင်က နားလည်သဘောမပေါက်နိုင်သေးသည်မှာ ရှင်းလင်းပေသည်။

သူတို့က စကားပြောရင်း သူတို့၏ နတ်အာရုံများက ပတ်ဝန်းကျင်သို့ လျင်​မြန်စွာ ဖြန့်ကျက်လာသည်။ ကြည့်ရသည်မှာ သူတို့က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်တစ်ခွင်ကို သူတို့၏ နတ်အာရုံတို့နှင့် လွှမ်းခြုံရန် ကြိုးစားနေသလို ထင်မှတ်ရပေသည်။

"ခင်ဗျားတို့ နည်းနည်း လွန်လွန်းနေပြီလို့များ မထင်ဘူးလား။" ဆန္ဒခြောက်ပါးအရှင်သခင်သည် ထိုသူတို့၏ နတ်အာရုံများက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို တိုက်ရိုက်ကျူးကျော်လာသည်အား ခံစားမိသည့်အခါ သူ့အသံက အေးစက်လာခဲ့ပေသည်။ ဤသည်က သိသာသော ရန်စခြင်းပင် ဖြစ်သည်။

သို့သော် သူတို့သုံးယောက်က ဂရုမစိုက်ခဲ့ပေ။ သူတို့က ဆန္ဒခြောက်ပါးကောင်းကင်သို့ ရောက်ရှိလာပြီးဖြစ်သောကြောင့် ထိုအကြောင်းနှင့် ပတ်သတ်၍ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူတို့က ဤနေရာသို့ မလာခင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ဆန္ဒခြောက်ပါးအရှင်သခင်က သူတို့ကို ဆန့်ကျင်ရဲလိမ့်မည် မဟုတ်သောကြောင့် သေချာပေါက် ဖိနှိပ်နိုင်ပေသည်။

"မူလဘုံကို လှိုင်းထန်စေခဲ့တဲ့ ရီဖူရှင်းက အခု ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှာ ခင်ဗျားရဲ့ အကျဥ်းချထားတာကို ခံနေရတယ်လို့ ကြားမိတယ်။ ဒါကြောင့် ကျုပ်တို့ဘာသာ လာကြည့်ရုံပါပဲ။ စိတ်မရှိပါနဲ့။" သူတို့က အဖြေကို ရှာတွေ့ပြီး ဖြစ်သည့်အတွက် သူတို့၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူတို့၏ နတ်ဘုရားအာရုံများက ယန်ရှင်းတောင်ပေါ်ကို ဖုံးလွှမ်းလာပြီး သူတို့ ထိုနေရာ၌ ကျင့်ကြံနေသည့် ဆံပင်အဖြူရောင် လူငယ်ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့နိုင်ပေသည်။ သူ၏ အရှိန်အဝါက ထူးခြားပြောင်မြောက်လှသည်။ ထိုသူက ရီဖူရှင်း ဖြစ်နိုင်ပေသည်။

ဆန္ဒခြောက်ပါးအရှင်သခင်က အလွန် အကြင်နာကင်းမဲ့ပြီး ရီဖူရှင်းအား ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်တွင် ချုပ်နှောင်ထားကာ သူ ကျင့်ကြံနေသော နတ်ဘုရားနည်းစနစ်များကို လက်လွှဲပေးရန် ဖိအားပေးခဲ့သည်။ ကောလာဟလများက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရာပ်ကြွင်းအပြင် ဆန္ဒခြောက်ပါးအရှင်သခင်သည် မဟာအင်ပါယာများ၏ အခြားအမွေအနှစ်များကိုလည်း ရရှိထားခဲ့သည်ဟု ဆိုသည်။ သူက အလွန် ရည်မှန်းချက်ကြီးလှပြီး မဟာအင်ပါယာများအောက်မှ အကြီးမြတ်ဆုံး ကျင့်ကြံသူ ဖြစ်လာချင်နေသည်။

ထိုသည်မှာ သူတို့ကဲ့သို့ အဆင့်မှ ကျင့်ကြံသူများအတွက် အခြားထက်ပို၍ လိုချင်တောင့်တရသည့် အိပ်မက်တစ်ခုပင် ဖြစ်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်က ထိုသို့သော အတွေးများရှိနေသည်မှာ သူတို့အတွက် အံ့သြစရာမရှိတော့ပေ။

သို့သော် ယခု သူတို့က ထိုအကြောင်းကို သိရှိသွားပြီဖြစ်ရာ ဆန္ဒခြောက်ပါးအရှင်သခင်က မဟာအင်ပါယာ၏ နတ်ဘုရားရုပ်ကြွင်းနှင့် နတ်ဘုရားနည်းစနစ်များ အားလုံးကို သူတစ်ယောက်တည်း အပိုင်သိမ်းရန် မဖြစ်နိုင်တော့ပေ။ အနည်းဆုံး သူတို့က ရနိုင်သလောက် ရအောင် ယူရပေလိမ့်မည်။

"ရီဖူရှင်းက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို ဝင်ရောက်ကျင့်ကြံပြီး ကျုပ်တို့ထဲက တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိတယ်။ အဲဒါက ဘယ်လိုလုပ် ချုပ်နှောင်ထားတာ ဖြစ်ပါ့မလဲ။ ခင်ဗျားတို့ ပုံကြီးချဲ့ ပြောနေတာဖြစ်မှာပဲ စိုးမိတယ်။"

"ဟုတ်လား။" ထိုကျင့်ကြံသူ သုံးယောက်ထဲမှ တစ်ယောက်က လျစ်လျူရှုဟန်ဖြင့် ပြောလိုက်ပြီး သူ၏ နတ်အာရုံက ယန်ရှင်းတောင်ပေါ်သို့ ဆင်းသက်လာသည်။ သူက ရီဖူရှင်းကို မေးလိုက်၏။ "ရီဖူရှင်း မင်းက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှာ ဝင်ရောက်ပြီး ကျင့်ကြံဖို့ တကယ် လိုလားခဲ့တာလား။"

ယန်ရှင်းတောင်၌ ရှိနေသည့် ရီဖူရှင်းက ခေါင်းမော့ကာ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သို့ ကြည့်လိုက်သည်။ နောက်ဆုံး၌ သူတို့ ဤနေရာသို့ ရောက်လာကြပြီ ဖြစ်၏။

All Chapters