အတွေ့အကြုံများ အပြည့်အဝ စုပ်ယူပြီးစီးခြင်း
Vol. 32 Ch. 470
ဂျူဘာလီ အာကာသစခန်းရှိ ကြေးစားအဖွဲ့ ခံတပ်သို့ ပြန်ရောက်ပြီးနောက် ဟန်ရှောင်းသည် ပုံရိပ်ယောင် တိုက်ခိုက်ရေးခန်းမထဲသို့ တစ်ယောက်တည်း ဝင်ရောက်ကာ သူ့နောက်မှ သတ္တုစပ် တံခါးကို ပိတ်လိုက်သည်။ သူသည် မစ်ရှင် ပြီးဆုံးစေခြင်းကတ်ကို ထုတ်ယူပြီး သူ၏ အဆင့်တက်ခြင်း မစ်ရှင်ပေါ်တွင် အသုံးပြုလိုက်သည်။
[မစ်ရှင် ပြီးဆုံးစေခြင်းကတ်] ကို အသုံးပြုပြီးပါပြီ။
[အင်အားကြီးသူ၏ စမ်းသပ်မှု] လက်ရှိ တိုးတက်မှု : ၁/၁
အဆင့် ၁၀၀ အဆင့်တက်ခြင်း မစ်ရှင် ပြီးမြောက်ပါပြီ။
ခံနိုင်ရည် အပိုဆု တိုးလာသည်။ ၁ ခံနိုင်ရည် = သွေးအမှတ် ၅၀ = စွမ်းအား ၆၀။
ပြီးပြီ။
အရာအားလုံး အေးချမ်းသွားပြီး ဟန်ရှောင်း သက်ပြင်းချလိုက်သည်။ အဆင့် ၆၀ အဆင့်တက်ခြင်းသည် ပထမဆုံး မျိုးနွယ်စုဆင့်ကဲပြောင်းလဲမှု ဖြစ်ပြီး အဆင့် ၁၀၀ အဆင့်တက်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။
[ဟင်းလင်းပြင် မျိုးရိုးဗီဇ] အရည်အချင်းကို ဟင်းလင်းပြင်နဂါး အဆီအနှစ်ကနေ ငါ ရခဲ့တယ်၊ ဒါကြောင့် မျိုးနွယ်စုဆင့်ကဲပြောင်းလဲမှုအတွင်းမှာ ရွေးချယ်စရာ တစ်ခု ထပ်ပေါင်းပြီး ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းအသစ်ကို ပေးလိမ့်မယ်။
မျိုးနွယ်စုဆင့်ကဲပြောင်းလဲမှုရှိ ရွေးချယ်မှုများကို လိုက်ဖက်မှု ပိုမြင့်သည့် ဆင့်ကဲပြောင်းလဲမှု သစ်ပင်မှ ကျပန်း ရွေးချယ်သည်။ လိုက်ဖက်မှု အလွန်နည်းသော ရွေးချယ်စရာ တစ်ခုလည်း ရှိမည်ဖြစ်ပြီး ကစားသမားများကို လုံးဝကွဲပြားသော လမ်းကြောင်းကို ရွေးချယ်ခွင့် ပေးသည်။
ဤတစ်ကြိမ်တွင် သူ၏ မျက်စိရှေ့မှ အချက်အလက် မျက်နှာပြင်ပေါ်တွင် ဆင့်ကဲပြောင်းလဲမှု သတိပေးချက် ပေါ်လာသည်။
သင်သည် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးလာသည်။ သင်၏ အသက်အဆင့်၏ ပြုပြင်မွမ်းမံမှုကို သင်ရရှိခဲ့သည်။
မျိုးနွယ်စု စစ်ဆေးပြီးပြီ: အမျိုးအစား ၁ ဂလက်ဆီ လူသားမျိုးနွယ်
သင့်လျော်သော ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း ၆ ခုကို ကျပန်း ရွေးချယ်နေသည်...
ရွေးချယ်မှု ပြီးဆုံးပါပြီ။
သင်၏ စတင်ဆင့်ကဲပြောင်းလဲထားသော မျိုးနွယ်အဖြစ် အောက်ပါ ရွေးချယ်စရာ ၆ ခုမှ ၁ ခုကို ရွေးချယ်ပါ။
သတိပေးချက်! ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်သည် ပြန်ပြင်၍မရပါ။ ကျေးဇူးပြု၍ သတိထား၍ ရွေးချယ်ပါ။ [နောက်ဆက်တွဲ – ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း သွင်ပြင်လက္ခဏာများ မိတ်ဆက်]
[အမျိုးအစား ၂ ဂလက်ဆီ လူသားမျိုးနွယ်] – ၉၄% လိုက်ဖက်မှု
[အမျိုးအစား ၃ ဂလက်ဆီ လူသားမျိုးနွယ်] – ၉၂% လိုက်ဖက်မှု
[မြောက်လေနတ်ဘုရား မျိုးနွယ်] – ၇၅% လိုက်ဖက်မှု
[ဟင်းလင်းပြင်လျှောက်လှမ်းသူ (လူသားပုံစံ)] – ၈၁% လိုက်ဖက်မှု
[နဂါးတစ်ပိုင်း မျိုးစပ်] - ၆၄% လိုက်ဖက်မှု
[အလတ်စား စက်ယန္တရားသက်ရှိ] - ၂၂% လိုက်ဖက်မှု
သာမန် အမျိုးအစား ၂ နဲ့ အမျိုးအစား ၃ ကလွဲလို့ ကျန်တာတွေကတော့ ကောင်းသားပဲ၊ ဒါပေမယ့် ဒီတစ်ခုနဲ့ ယှဉ်လို့ မရဘူး... ဟန်ရှောင်း မျက်လုံးကျဉ်းလိုက်သည်။ သူ ဆုံးဖြတ်ပြီးသား ဖြစ်သည်။
ရွေးချယ်မှု ပြီးဆုံးပါပြီ
မျိုးနွယ်စု ဆင့်ကဲပြောင်းလဲနေသည်... ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးပါပြီ။
သင်၏ မျိုးနွယ်သည် : [ဟင်းလင်းပြင်လျှောက်လှမ်းသူ (လူသားပုံစံ)] သို့ ပြောင်းလဲသွားပါပြီ။
ဆဲလ် ဖွဲ့စည်းပုံ ပြုပြင်မွမ်းမံပြီး၊ ကိုယ်တွင်းအင်္ဂါများ အားကောင်းလာပြီး၊ ဇီဝဖြစ်ပျက်မှု ချိန်ညှိပြီး၊ လိုက်လျောညီထွေမှု မြှင့်တင်ပြီး...
သင်၏ အလားအလာ တိုးတက်လာပါပြီ!
သင်သည် ပင်ကိုယ်အရည်အသွေး အပိုဆုများ ရရှိခဲ့သည်: +၂၈ ခွန်အား၊ +၄၅ သွက်လက်မှု၊ +၁၅ ခံနိုင်ရည်၊ +၂၄ ဉာဏ်ရည်၊ +၃၆ လျှို့ဝှက်ဆန်းကြယ်မှု၊ +၂၂ ဆွဲဆောင်မှု၊ စွမ်းအင် +၅၇၀။ စွမ်းအင်အဆင့် ပင်ကိုယ်အရည်အသွေး အပိုဆုများ ပြောင်းလဲသွားပါပြီ။
သင်၏ မျိုးနွယ်စု အထူးစွမ်းရည် [လိုက်လျောညီထွေရှိသော မျိုးစိတ်] ကို ပြောင်းလဲထားသည်။
သင်သည် မျိုးနွယ်စု အထူးစွမ်းရည် [ဗွိုက် ခရီးသွားခြင်း] ကို ရရှိခဲ့သည်။
သင်သည် မျိုးနွယ်စု အထူးစွမ်းရည် [ဗွိုက် မှန်ရိပ်] ကို ရရှိခဲ့သည်။
သင်သည် မျိုးနွယ်စု အထူးစွမ်းရည် [ဗွိုက် အရိပ်] ကို ရရှိခဲ့သည်။
TL Note: Void = ဗွိုက် = ဟင်းလင်းပြင် (အဆင်ပြေသလို ပြန်သွားပါမယ်နော်)
အရေခွံခွာရသည့် နာကျင်မှုသည် ဆူနာမီလှိုင်းကဲ့သို့ ရောက်လာသည်။ ဟန်ရှောင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။ မျိုးနွယ်စုဆင့်ကဲပြောင်းလဲမှုတိုင်းသည် လူတစ်ဦး၏ မျိုးရိုးဗီဇနှင့် ဆဲလ်များအတွက် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ယူဆောင်လာသည်။ ကစားသမားများသည် နာကျင်မှုကို လျစ်လျူရှုနိုင်သော်လည်း သူမလုပ်နိုင်ပေ။ သူ သွားများကို ကျစ်ကျစ်ပါအောင် ကိုက်ထားပြီး၊ သူ၏ မျက်နှာပေါ်ရှိ သွေးပြန်ကြောများ အစုလိုက်အပြုံလိုက် ဖောင်းကားလာကာ မြွေများကဲ့သို့ လှုပ်ယမ်းနေသည်။ သူ၏ မျက်လုံးများ နီရဲနေပြီး မျက်လုံးများရှိ သွေးကြောများ အားလုံး ပေါက်ကွဲသွားသည်။ ဟင်းလင်းပြင် မျိုးရိုးဗီဇမှ ရရှိသော သူ၏ မျက်ခုံးနှစ်ခုကြားရှိ စိန်ပုံသဏ္ဌာန် အရေပြားအပိုင်းအစသည် မီးခိုးရောင် အလင်းကို ထုတ်လွှတ်နေပြီး မီးခိုးရောင်မျဉ်းများက ၎င်းမှ ထွက်ပေါ်လာကာ ဟန်ရှောင်း၏ မျက်နှာတစ်ခုလုံး၊ မကြာမီ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် သူ၏ ဆဲလ်များအားလုံးကို ပြောင်းလဲနေသည်။
ဘပ်ဇ်
သူ၏ ခန္ဓာကိုယ်ထဲရှိ ဧရာမ စွမ်းအင်ကို ထိန်းချုပ်၍ မရတော့ပေ။ လျှပ်စစ်မီးပွားများသည် လျှပ်စီးကြောင်း ဒါဇင်နှင့်ချီကာ ပြောင်းလဲသွားပြီး ရူးသွပ်စွာ ကခုန်နေသည်။ လေထဲတွင် မီးလောင်ထားသည့် အနံ့များ ပြည့်နှက်နေပြီး ကြမ်းပြင်သည် မီးလောင်ထားသကဲ့သို့ မည်းနက်နေသည်။
ဟန်ရှောင်းသည် ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်ပြီး အနီရောင် သွေးများကို ထွေးထုတ်လိုက်ရာ ပွက်ပွက်ဆူနေသကဲ့သို့ ပူဖောင်းများ ထွက်နေသည်။ ၎င်းသည် မြင်နိုင်သောနှုန်းဖြင့် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။
ဤတစ်ကြိမ် နာကျင်မှုသည် ယခင်ကထက် ပိုကြာကြာ ခံစားရသည်။ ဟင်းလင်းပြင်လျှောက်လှမ်းသူသည် လုံးဝ ကွဲပြားသော သက်ရှိပုံစံအဖြစ် သတ်မှတ်နိုင်သောကြောင့် အပြောင်းအလဲသည် ကြီးမားသည်။ ဤသည်မှာ ဟင်းလင်းပြင် မျိုးရိုးဗီဇမှ ပေးအပ်သော အထူး ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း အမှန်ပင်ဖြစ်သည်။ မျိုးနွယ်စု အထူးစွမ်းရည်များ၏ အလှည့်အပြောင်း သို့မဟုတ် အနာဂတ် အလားအလာအရ ဖြစ်စေ၊ ၎င်းသည် ရွေးချယ်စရာ ၆ ခုထဲမှ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
အမျိုးအစား ၂ နှင့် အမျိုးအစား ၃ ဂလက်ဆီ လူသားမျိုးနွယ်တို့သည် ကွဲပြားသော အာရုံစိုက်မှုများရှိသည့် သာမန် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းဖြစ်သော်လည်း ၎င်းတို့သည် အတော်လေး အလယ်အလတ်သာ ဖြစ်သည်။ သူတို့၏ အကျိုးကျေးဇူးမှာ ၎င်းတို့၏ လိုက်ဖက်မှုသည် အလွန်မြင့်မားခြင်းဖြစ်ပြီး ပိုမိုများပြားသော လမ်းကြောင်းများကို ရွေးချယ်နိုင်သည်ဟု ဆိုလိုသည်။ ဟန်ရှောင်းသည် လုံလောက်သော အစွမ်းထက်သည့် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိလိုသောကြောင့် အဆင့် ၆၀ တွင် ဤလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ယခုတွင် သူ ရှာတွေ့ခဲ့သည်။ ဟင်းလင်းပြင်မျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်နှင့် စွမ်းအင်သက်ရှိတို့ကဲ့သို့ သီးသန့်မျိုးနွယ်ဖြစ်သည်၊ သူတို့သည် ရှားပါးကာ၊ အစွမ်းထက်ပြီး အလားအလာများစွာ ရှိသည်။
အခြား ရွေးချယ်စရာများအတွက်၊ [မြောက်လေနတ်ဘုရား မျိုးနွယ်]သည် သဘာဝအတိုင်း ခန္ဓာကိုယ် သန်မာပြီး ခံနိုင်ရည်ရှိသော အထူး လူသားမျိုးနွယ်ဖြစ်ပြီး ၎င်းတို့၏ မျိုးပွားနိုင်စွမ်းသည် အလွန်မြင့်မားသည်။ သူတို့ကိုယ်သူတို့ နတ်ဘုရားမျိုးနွယ်ဟု ခေါ်ကြသည်။ [နဂါးတစ်ပိုင်း မျိုးစပ်]သည်လည်း ခန္ဓာကိုယ် သန်မာမှုကို ကိုယ်စားပြုသည်။ ဤနှစ်ခုလုံးသည် စစ်သည်တော် အတန်းအစားများအတွက် သင့်လျော်သည်။ [အလတ်စား စက်ယန္တရားသက်ရှိ]သည် လုံးဝ ကွဲပြားသော မျိုးနွယ်ဖြစ်သည်။ ၎င်းသည် စွမ်းအင်မရှိသော ယန္တရား သက်ရှိဖြစ်ပြီး လိုက်ဖက်မှုသည်လည်း အလွန်နည်းသောကြောင့် ဟန်ရှောင်းသည် ၎င်းကို ရွေးချယ်မည် မဟုတ်ပေ။
နာကျင်မှုသည် အချိန်အတော်ကြာပြီးမှသာ တဖြည်းဖြည်း မှေးမှိန်သွားသည်။ ဟန်ရှောင်းသည် သွေးပင်လယ်မှ ဖမ်းယူခံထားရသည့် ငါးတစ်ကောင် ပုံပေါက်နေသည်။ နောက်ဆုံးအချိန်တွငါ သူ၏ ချွေးပေါက်များမှ ထွက်လာသည်မှာ ချွေးမဟုတ်တော့ဘဲ သွေးများဖြစ်သည်။ သူ၏ သွေးများအားလုံး အစားထိုးခံခဲ့ရသည်။ သူ၏ အာရုံခံစားမှုများလည်း ကွဲပြားသွားသည်။ လူသား၏ အာရုံ ၅ မျိုးအပြင် သူတွင် နောက်ထပ် အာရုံများစွာ ရှိလာသည်။ သူသည် ပျံ့နှံ့နေသော စွမ်းအင်စီးဆင်းမှုကို ခံစားနိုင်ပြီး ဗွိုက်/ဟင်းလင်းပြင် အမြင်ဖြင့် မြင်နိုင်သည်၊ သူသည် ကမ္ဘာသစ်တစ်ခုသို့ တံခါးဖွင့်လိုက်သကဲ့သို့ ဖြစ်သည်။
ဟန်ရှောင်းသည် မှန်တစ်ချပ်ကို ထုတ်ယူပြီး သူ့ကိုယ်သူ ကြည့်လိုက်သည်။ သူသည် ၁၀လက်မ ပိုရှည်လာသည်။ ကံကောင်းထောက်မစွာ၊ သူ၏ ခန္ဓာကိုယ်သည် လူ့ပုံသဏ္ဌာန်အတိုင်း ရှိနေဆဲဖြစ်ပြီး အမြီးအပို သို့မဟုတ် လက်အပိုကဲ့သို့သော အရာများ မရှိပေ။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်း၌ သူ၏ အရိုးများ၊ ကြွက်သားများနှင့် အင်္ဂါဖွဲ့စည်းပုံများသည် လုံးဝ ပြောင်းလဲသွားသည်၊ ၎င်းသည် လူသားဖွဲ့စည်းပုံထက် အဆများစွာ ပိုမိုရှုပ်ထွေးသည်။
သူသည် ယခင်ကနှင့် သိပ်မကွာခြားဘဲ အမြဲတမ်းလိုလို ခန့်ညားချောမောနေဆဲဖြစ်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားရှိ စိန်ပုံသဏ္ဌာန် အရေပြားသည် မဲနယ်ရောင် သလင်းကျောက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ဗွိုက် အမြင်ကို ခံစားရန် အသုံးပြုသော ထိန်းချုပ်နိုင်သည့် အင်္ဂါအသစ်တစ်ခု ဖြစ်သည်။ သူ၏ အသားအရေသည် ယခင်ကထက် ပိုဖြူလာပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးသည်။
"မဆိုးပါဘူး၊ ငါ လူသားပုံစံ ရှိနေတုန်းပဲ။ ဒီလိုပြောရင် ဒါက ဟင်းလင်းပြင်လျှောက်လှမ်းသူရဲ့ လူသားပုံစံပဲပေါ့။ ဟင်းလင်းပြင်လျှောက်လှမ်းသူ ဖြစ်သွားတဲ့ ဘယ်သူမဆို သူတို့ရဲ့ မူလပုံပန်းသဏ္ဍာန်ကို ထိန်းသိမ်းထားနိုင်တယ်၊ ဒါကြောင့် သက်ရှိအများစုက ဟင်းလင်းပြင်လျှောက်လှမ်းသူ အဖြစ် ပြောင်းလဲနိုင်တယ်"။
ဟန်ရှောင်းသည် အသိပညာ ကြွယ်ဝသည်။ မျိုးနွယ်စု အထူးစွမ်းရည် သုံးခုစလုံးသည် ဟင်းလင်းပြင်လျှောက်လှမ်းသူ၏ သဘာဝ အရည်အချင်းများဖြစ်သည်။ ထိုအထဲတွင် [ဗွိုက် ခရီးသွားခြင်း] သည် အဓိက စွမ်းရည်ဖြစ်သည်။
"ငါ ဘယ်လို ခံစားရလဲဆိုတာ စမ်းကြည့်လိုက်မယ်"။
သူ၏ မျက်လုံးရှေ့မှ ကမ္ဘာကြီး ပြောင်းလဲသွားသည်။ အရာအားလုံး မြူခိုးများ ဖုံးလွှမ်းသွားသကဲ့သို့ ထွင်းဖောက်မြင်ရသော အလွှာတစ်ခုမှတစ်ဆင့် လက်တွေ့ဘဝကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ဗွိုက် အမြင် ဖြစ်သည်၊ သူသည် အချိန်စီးဆင်းမှု ကွဲပြားသော လက်တွေ့ဘဝကို ရောင်ပြန်ဟပ်သည့် မှန်ဒိုင်မန်းရှင်း တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ ဟန်ရှောင်း ရွေ့လျားသောအခါ လက်တွေ့ကမ္ဘာသည် အခြေခံအားဖြင့် ငြိမ်သက်နေသော်လည်း သူသည် လက်တွေ့ဘဝကို မည်သည့်နည်းဖြင့်မျှ မလွှမ်းမိုးနိုင်ဘဲ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများကိုသာ ဖြတ်သန်းသွားမည်ဖြစ်သည်။ ဒိုင်မန်းရှင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ထားရှိထားသော မှန်များကဲ့သို့ဖြစ်သည်၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပေ။ ၎င်းသည် လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုသော လျှို့ဝှက်ပုံစံတစ်ခုနှင့်တူသည်။
[ဗွိုက် ခရီးသွားခြင်း] တွင် ကြာချိန်ကန့်သတ်ချက် မရှိသော်လည်း ၎င်း၏ ကြာချိန်အတွင်း သက်လုံအများအပြားကို အဆက်မပြတ် ကုန်ကျစေသည်။ ၎င်း၏ နောက်တစ်ကြိမ် ပြန်သုံးနိုင်မည့်အချိန်သည် ၅မိနစ် ဖြစ်သည်။
ဟန်ရှောင်းသည် အခန်း၏ ထောင့်တစ်နေရာမှ အခြားတစ်နေရာသို့ လမ်းလျှောက်သွားပြီး သူ၏ခေါင်းထဲတွင် စက္ကန့်အနည်းငယ်ကို ရေတွက်သည်၊ ထို့နောက် ဤစွမ်းရည်ကို ပိတ်ပြီး လက်တွေ့ဘဝသို့ ပြန်လာသည်။ သူသည် နာရီကို ကြည့်လိုက်သည်၊ အချိန် မကုန်ခဲ့သလောက်ပင်။
"ဒါဆိုရင်၊ ဒီစွမ်းရည်က လက်တွေ့ဘဝကနေ မြင်ရရင် တယ်လီပို့တေးရှင်း သို့မဟုတ် ခရီးတို ခုန်ကူးမှု နဲ့ ဆင်တူတယ်" ဟန်ရှောင်းသည် သူ၏ခေါင်းထဲတွင် ခေါင်းညိတ်လိုက်သည်။ သူ၏ အာရုံခံစားမှုများအရ ဤအရည်အချင်းသည် အချိန်ကို နှေးကွေးစေနိုင်သော စိတ်စွမ်းအားရှင်၏ စွမ်းအားများ၏ အားနည်းသော ဗားရှင်းနှင့်တူသည်၊ ကွာခြားချက်မှာ သူသည် လက်တွေ့ဘဝကို မလွှမ်းမိုးနိုင်ခြင်း ဖြစ်သည်။
သူသည် မှန်ကို ပြန်ကြည့်ပြီး သူ၏ ခန္ဓာကိုယ်၏ အပြောင်းအလဲများကို သတိပြုမိသည်။ သူ ဟင်းလင်းပြင်လျှောက်လှမ်းသူ၏ မျိုးနွယ်စု အထူးစွမ်းရည်များကို အသုံးပြုသောအခါ၊ သူသည် သူ၏ ပုံမှန် လူသားပုံစံမှ သွေဖည်ပြီး ဗွိုက် ပုံစံသို့ ဝင်ရောက်သွားသည်၊ ထိုအခါမှသာ သူသည် ဗွိုက်ဒိုင်မန်းရှင်းထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သူ၏ အသားအရေသည် သလင်းကျောက်ကဲ့သို့ ကြည်လင်ပြီး မီးခိုးရောင် ဖြစ်လာသည်။ သူ၏ အရေပြားအောက်တွင် ကြယ်အလင်းကဲ့သို့ မှိန်ဖျော့သော အလင်းတန်းများ ရှိသည်။ သူ၏ အဖြူရောင် အရေပြားသည် အမှတ်အသားများအဖြစ် ပြန်လည်ကျုံ့သွားပြီး သူ၏ အရိုးဖွဲ့စည်းပုံအတိုင်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့သွားသည်။ အဖြူရောင် အမှတ်အသားများသည် သူ၏ မျက်ခုံးနှစ်ခုကြားရှိ ခရစ္စတယ်တွင် ဆုံစည်းသည်။
ဟန်ရှောင်း ခဏစောင့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် ပြန်ပြောင်းသွားသည်။ အဖြူရောင် အမှတ်အသားများသည် ချဲ့ထွင်ပြီး သူ၏ အရေပြားကို ဖုံးအုပ်လိုက်ကာ သူ လူသားပုံစံသို့ ပြန်ရောက်လာသည်။ သူ၏ ဗွိုက် ပုံစံအတွင်းရှိ မီးခိုးရောင် အရေပြားအရောင်ကို မြစ်တစ်စင်းကဲ့သို့ သလင်းကျောက်မှ စုပ်ယူလိုက်သည်။
"ဒီလို မှော်ဆန်တဲ့ သက်ရှိပုံစံပါလား"။
ဟန်ရှောင်းသည် ပုံစံနှစ်မျိုးကြားတွင် အဆက်မပြတ် ပြောင်းလဲပြီး အကျွမ်းတဝင် ဖြစ်အောင် လုပ်ဆောင်နေသည်။
အခြား မျိုးနွယ်စု အထူးစွမ်းရည် နှစ်ခုအတွက်မူ အမည်များက ဖော်ပြသည့်အတိုင်း၊ ဗွိုက် မှန်ရိပ်သည် ရန်သူကို စိတ်ရှုပ်ထွေးစေရန်အတွက် တိုက်ခိုက်နိုင်စွမ်းမရှိသော မှန်ရိပ်တစ်ခုကို ဖန်တီးနိုင်ပြီး ဗွိုက် အရိပ်သည် မိနစ် ၃၀ ကြာ တည်ရှိမည့် ဗွိုက် အရိပ်ကို ခေါ်ယူနိုင်သည့် စွမ်းရည်ဖြစ်သည်။ အရိပ်တွင် အရိပ်၏ ဝိသေသလက္ခဏာများ ရှိသည်၊ ၎င်းသည် ဒဏ်ရာရမည်မဟုတ်၊ တိုက်ခိုက်၍မရဘဲ အလွန်လျင်မြန်စွာ ရွေ့လျားသည်။ ၎င်းကို ကင်းထောက်ရန် သို့မဟုတ် ရန်သူ၏ အမြင်ကို အနှောင့်အယှက်ပေးရန် အသုံးပြုနိုင်သည်။ ဤမျိုးနွယ်စု အထူးစွမ်းရည် နှစ်ခုသည်လည်း သက်လုံ အများအပြားကို ကုန်ကျစေသည်။
မျိုးနွယ်စုအများစုတွင် အထူးစွမ်းရည် တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိသည်၊ သုံးခုသည် ထူးခြားသည်။ ဟင်းလင်းပြင်လျှောက်လှမ်းသူ၏ မျိုးနွယ်စု အထူးစွမ်းရည်များသည် အဓိကအားဖြင့် အနှောင့်အယှက်ပေးခြင်း၊ စိတ်ရှုပ်ထွေးစေခြင်းနှင့် ရှောင်တိမ်းခြင်းတို့ကို အာရုံစိုက်သည်။ [ဗွိုက် ခရီးသွားခြင်း]သည် အရေးအကြီးဆုံးဖြစ်သည်၊ ၎င်းသည် အလွန်အားကောင်းသော ရှောင်တိမ်းခြင်း စွမ်းရည်ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်သုံးနိုင်မည့်အချိန်မှာ ငါးမိနစ်သာ ဖြစ်သည်။
ဂိမ်းမျက်နှာပြင်ပေါ်တွင် သူ၏ အဓိက အမျိုးအစား၏ အမျိုးအစား ရာထူးတက်ခြင်း လိုအပ်ချက်များ ပြည့်မီပြီးသား ဖြစ်သည်။ သတိပေးချက်တစ်ခု ပေါ်လာသည်။
သင်သည် အတန်းအစားအသစ် [စစ်ပွဲ ယန္တရားပညာရှင် အဆင့် ၁] ကို ရရှိခဲ့သည်။
စွမ်းအင် +၁၂၀၊ သွက်လက်မှု +၃၊ ခံနိုင်ရည် +၃၊ ဉာဏ်ရည် +၅။
သင်သည် လွတ်လပ်သော ပင်ကိုယ်အရည်အသွေး အမှတ် ၆ မှတ် ကို ရရှိခဲ့သည်။
သင်သည် အလားအလာပွိုင့် ၁ ခု ကို ရရှိခဲ့သည်။
သင်သည် စွမ်းရည် [အသုံးချအဆင့် စက်ယန္တရား ရင်းနှီးမှု] ကို ရရှိခဲ့သည်။
သင်သည် စွမ်းရည် [စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း] ကို ရရှိခဲ့သည်။
သင်သည် စွမ်းရည် [ယန္တရားစွမ်းအား ဝန်ပို] ကို ရရှိခဲ့သည်။
သင်သည် စွမ်းရည် [ယန္တရားစွမ်းအား တိုက်ခိုက်ရေး နည်းစနစ် (သော့ခတ်ထားသည်)] ကို ရရှိခဲ့သည်။
သင်သည် အရည်အချင်း [စစ်မြေပြင် ဉာဏ်ပညာ] ကို ရရှိခဲ့သည်။
စစ်ပွဲ ယန္တရားပညာရှင်သည် ယန္တရားပညာရှင် အမျိုးအစား၏ ဆဋ္ဌမအဆင့် အတန်းအစား ဖြစ်သည်။ ၎င်းသည် ယန္တရားပညာရှင် အမျိုးအစားက ၎င်း၏ စွမ်းအားကို ပြသသည့်အချိန် ဖြစ်သည်။ ဤအတန်းအစား၏ အမြင့်ဆုံး အဆင့်သည် အဆင့် ၂၀ ဖြစ်သည်။ အမည်က ဖော်ပြသည့်အတိုင်း ယန္တရားပညာရှင် အမျိုးအစားသည် ဤအဆင့်တွင် တိုက်ခိုက်ရေး စွမ်းရည်များကို အာရုံစိုက်လာသည်။ စက်ယန္တရား ရင်းနှီးမှု အသစ်မှအပ ကျန် စွမ်းရည်များအားလုံးသည် တိုက်ခိုက်ရေး စွမ်းရည်များ ဖြစ်သည်။
သူသည် သူ၏ အတွေ့အကြုံအမှတ်ကို အဓိက အတန်းအစားတွင် သုံးစွဲပြီး အဆင့်မြှင့်တင်လိုက်သည်။
[စစ်ပွဲ ယန္တရားပညာရှင်]သည် အဆင့် ၁၆ သို့ အဆင့်တက်သွားပါပြီ။
စွမ်းအင် +၁၂၀၊ သွက်လက်မှု +၃၊ ခံနိုင်ရည် +၂၊ ဉာဏ်ရည် +၅
သင်သည် လွတ်လပ်သော ပင်ကိုယ်အရည်အသွေး အမှတ် ၆ မှတ် ကို ရရှိခဲ့သည်။
သင်သည် အလားအလာပွိုင့် ၁ ခု ကို ရရှိခဲ့သည်။
အဆင့် ၁၀၀ အထက်တွင် အဆင့်တိုင်းသည် အဆင့်တက်ရန်အတွက် အတွေ့အကြုံအမှတ် ပိုမို လိုအပ်သည်။ ဟန်ရှောင်းတွင် ဤအချိန်၌ အတွေ့အကြုံအမှတ် ၁.၆ ဘီလီယံ ခန့် ရှိသည်၊ သူသည် ၁.၃ ဘီလီယံ အတွေ့အကြုံအမှတ်ကို သုံးစွဲပြီး ၎င်းကို အဆင့် ၁၆ သို့ အဆင့်မြှင့်တင်လိုက်သည်။ သူသည် အမြင့်ဆုံး အဆင့် ၂၀ ရောက်ရန် ၄ဆင့်သာ လိုတော့သော်လည်း အတွေ့အကြုံအမှတ်က ကုန်သွားလေပြီ။
ဗားရှင်း ၁.၀ တွင် ကစားသမားများထံမှ သူရရှိခဲ့သော အတွေ့အကြုံအမှတ်များသည် ကုန်လုနီးပါး ဖြစ်နေပြီ!
ငါ့မှာ သန်း ၃၀၀ နီးပါး ကျန်သေးတယ်။ ငါ နောက်တစ်ကြိမ် ထပ်အဆင့်မြှင့်နိုင်ပေမယ့် စွမ်းရည်တွေကို အဆင့်မြှင့်တင်ဖို့ သုံးတာလောက် အကျိုးမရှိဘူး။ ပြီးတော့ ထိပ်တန်းအသိပညာ နှစ်ခုကိုလည်း ဒီဇိုင်းပုံစံအသစ်တွေအဖြစ် ပေါင်းစပ်ဖို့ လိုတယ်။ သိမ်းထားတာ ပိုကောင်းပါတယ်... ဟားဟား၊ ငါ နောက်ဆုံးတော့ ဒီအတွေ့အကြုံအမှတ် အများကြီးကို ကုန်အောင်သုံးတော့မယ်။
ဟန်ရှောင်းသည် ကျေနပ်စွာ ပြုံးလိုက်သည်။ သူ နောက်ဆုံး အတွေ့အကြုံအမှတ် လိုအပ်နေသည်ဟု ခံစားခဲ့ရသည်မှာ အလွန်ကြာခဲ့ပြီ။ သူ စိတ်မပျက်ရုံသာမက ပျော်ရွှင်နေပြီး လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခု သူ့ကို လွှမ်းခြုံသွားသည်။ သူသည် အဆင့် ၁၀၀ အဆင့်တက်ပြီးနောက် အတွေ့အကြုံအမှတ်များအားလုံးကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဟိုးအရင်ကတည်းက တွက်ချက်ထားခဲ့သည်။
ဒါက သတင်းကောင်းပင်။ ဂိမ်းမျက်နှာပြင်ပေါ်ရှိ မည်သည့် အတွေ့အကြုံအမှတ် ပမာဏမဆို နံပါတ်တစ်ခုမျှသာဖြစ်ပြီး ရရှိထားသော ပိုက်ဆံကို မသုံးစွဲခြင်းနှင့် ဆင်တူသည်။ ၎င်းကို သူ၏ တိုက်ခိုက်ရေးစွမ်းရည်များအဖြစ် ပြောင်းလဲခြင်းဖြင့်သာ အပြည့်အဝ အသုံးချနိုင်မည်ဖြစ်သည်။ သူ၏ ယခင်ဘဝတွင် ဂိမ်းကစားခဲ့စဉ်က အကောင်းဆုံး ခံစားချက်မှာ သူ၏ အတွေ့အကြုံအမှတ်များအားလုံးကို သုံးစွဲလိုက်သည့် အချိန်ဖြစ်သည်။
ယခု ဗားရှင်း ၁.၀ တွင် သူလုပ်ခဲ့သည်များကို နောက်ဆုံးတွင် အပြည့်အဝ စုပ်ယူလိုက်သောအခါ ပြည့်စုံမှု ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
ဗားရှင်း အပ်ဒိတ် လုပ်နေစဉ်အတွင်း ကစားသမားများ ရှိမည်မဟုတ်သောကြောင့် အတွေ့အကြုံအမှတ်ကို လျင်မြန်စွာ ရရှိရန် နည်းလမ်းမရှိပေ။ နောက်ဗားရှင်း စတင်သည့်အချိန်သည် သူ အတွေ့အကြုံအမှတ်များ ထပ်မံ၍ စတင်စုဆောင်းမည့်အချိန် ဖြစ်လိမ့်မည်။
ဒီအတွေ့အကြုံအမှတ်ကို သုံးပြီးတော့ ငါ အခု အဆင့် ၁၁၆ ဖြစ်ပြီ။ ကောင်းတယ်။ ကစားသမားတွေ ပြန်ပေါ်လာတဲ့အခါ ငါ ပိုပြီး အများကြီး သန်မာလာဖို့ အခွင့်အရေး ဖြစ်လိမ့်မယ်။
ဟန်ရှောင်း မျက်လုံးကျဉ်းလိုက်သည်။ သူသည် တစ်နှစ်အတွင်း ရောက်ရှိလာမည့် ဗားရှင်း ၂.၀ ကို မျှော်လင့်နေမိသည်။
စာစဉ် (၃၂)၊ အခန်း (၄၇၀) ပြီး၏။
လင်းဆက်
+++++