ကျိယန်ကမ္ဘာအား စူးစမ်းခြင်း
Vol. 69 Ch. 1021
ရုပ်သေးကို သန့်စင်ပြီးနောက် ကမ္ဘာနှစ်ခု ဖြတ်သန်းဆုံတွေ့ရာ နေရာသို့ လုချန်း တိုက်ရိုက် သွားခဲ့သည်။
ထိုအချိန်တွင် ကျယ်ပြန့်သော ပင်လယ်ပြင်ပေါ်၌ ကြီးမားသော မိုးပျံလှေအချို့ မျောလွင့်နေခဲ့ပြီး ကျွန်းမျောအချို့လည်း ရှိနေသည်။ လုချန်း၏ နတ်လှေ ပင်လယ်ပြင်အထက်၌ ပေါ်လာသည်ကို မြင်သောအခါ ဂိုဏ်း အကြီးအကဲများနှင့် ရှနိုင်ငံတော်မှ ဗိုလ်ချုပ်များ သူ့အား နှုတ်ဆက်ရန် ချက်ချင်း လာရောက်ကြသည်။ ၎င်းတို့သည် အတားအဆီးရှိ အက်ကွဲကြောင်းကို စောင့်ကြပ်ရန် တာဝန်ယူထားသူများ ဖြစ်သည်။
“မင်းကြီး သက်တော်ရာကျော် ရှည်ပါစ။ ထာဝရ အသက်ရှင် နိုင်ပါစေ။”
လုချန်းက
“ထုံးစံတွေ ထားလိုက်ပါ”
ဟု ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
လုချန်း၏ စကားသံဆုံးသည်နှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ ဝေ့ကျိရှင်းသည် လုချန်းရှေ့သို့ ချက်ချင်း ရောက်လာသည်။ သူက
“မင်းကြီး။ ဒီတစ်ကြိမ် မင်းကြီး ဘာကိစ္စနဲ့ ကြွလာတာလဲ ဆိုတာ ကျွန်တော် မေးခွင့်ရှိမလား။”
လုချန်းက
“ဒီအတိုင်း လှည့်လည်ကြည့်ရုံသက်သက်ပါပဲ။ ခင်ဗျားတို့အားလုံး ကျွန်တော့်ကို သိပ်ပြီး ဂရုစိုက်နေစရာ မလိုဘူး။ ကိုယ့်တာဝန်ရှိရာ နေရာအသီးသီးကို ပြန်ကြပါ။”
ထိုအရာကို ကြားသောအခါ အခြားအင်အားစုများမှ အကြီးအကဲများလည်း ပါးနပ်စွာဖြင့် လူစုခွဲသွားကြသည်။ သို့သော် ဝေ့ကျိရှင်းမှာမူ ကျန်ရစ်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် အတားအဆီးကို စောင့်ကြပ်ရန် အဓိက တာဝန်ရှိသူ ဖြစ်သည်။
ဧကရာဇ် ရောက်လာသဖြင့် သဘာဝအတိုင်းပင် သူ၏ ဘေးတွင် အချိန်ပြည့် ရှိနေရမည် ဖြစ်သည်။
ထို့နောက် လုချန်းလည်း အတားအဆီးရှိ အက်ကွဲကြောင်းထံသို့ လာခဲ့သည်။ သူက ထျန်းချန်ကမ္ဘာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော ကျောက်တုံးကို လှမ်းကြည့်လိုက်ပြီးနောက်
“အက်ကွဲကြောင်းမှာ ပုံမှန်မဟုတ်တာတွေတော့ မရှိဘူး မဟုတ်လား။”
ဝေ့ကျိရှင်းက
“ဘာမှ မရှိပါဘူး။ တစ်ဖက်ကမ္ဘာက လူတွေက ဒီအက်ကွဲကြောင်းကို ရှာဖွေတွေ့ရှိပြီးပြီလား ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ ဒီမှာ ရှိနေကတည်းက အက်ကွဲကြောင်းမှာ အသေးငယ်ဆုံး စိတ်ဝိညာဉ် စွမ်းအား လှုပ်ခတ်မှုတောင် မရှိခဲ့ပါဘူး။”
လုချန်းက
“တစ်ဖက်က ကျင့်စဉ်ကမ္ဘာ ဖြစ်တယ်။ ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုကို သူတို့ မအာရုံခံမိဘဲ နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာက သူတို့က နိမ့်ကျတဲ့ ကမ္ဘာတစ်ခုနဲ့ တိုက်မိသွားမှန်း မသိသေးလို့ စူးစမ်းဖို့ လူတွေကို ပေါ့ပေါ့တန်တန် မစေလွှတ်ရဲတာ ဖြစ်မယ်။”
ဝေ့ကျိရှင်းက
“မင်းကြီး ပြောတာ မှန်ပါတယ်”
ထိုအချိန်တွင် အက်ကွဲကြောင်းကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောသွားသည်။သူ ရုပ်သေးတစ်ရုပ်ကို တစ်ဖက်သို့ စေလွှတ်လိုက်လျှင် အခြားဘက်တွင် အက်ကွဲကြောင်းကို စောင့်ကြပ်နေသူများ ရှိနေပါက သူတို့နှင့် ပက်ပင်းတိုးသွားမည် မဟုတ်ပါလား။
တစ်ဖက်မှ မည်သူမှ လာရောက် စမ်းစစ်ခြင်း မရှိသေးသည့် အချက်က ၎င်းတို့သည် ထျန်းချန်ကမ္ဘာအပေါ် သတိထားမှု အချို့ ရှိနေသေးကြောင်း ညွှန်ပြနေသည်။
သူ ရုပ်သေးတစ်ရုပ်သာ စေလွှတ်ခဲ့ကြောင်း ၎င်းတို့ သိရှိသွားသည်နှင့် ဤကမ္ဘာတွင် ကြီးကြီးမားမား စိုးရိမ်စရာ မရှိဟု ၎င်းတို့ ယုံကြည်သွားနိုင်သည်။ ထိုအခါ ဤကမ္ဘာသို့ တစ်ဖက်လူများ ပိုမို ဝင်ရောက်လာစေနိုင်သည်။
ဤသို့ တွေးမိရင်း လုချန်းလည်း ရုပ်သေးကို စေလွှတ်သင့် မသင့် ဝေခွဲမရ ဖြစ်နေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် လုချန်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူတို့ တစ်ဖက်၏ အခြေအနေကို ဘယ်တော့မှ မစုံစမ်းလျှင် ယခုလို အခြေအနေတွင်သာ ဆက်ရှိနေနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် ရုပ်သေးတစ်ရုပ်မျှသာ ဖြစ်သည်။ တစ်ဖက်လူက ရုပ်သေးတစ်ရုပ်ထံမှ များစွာ ထောက်လှမ်း သိရှိနိုင်မည်ဟု သူ မယုံကြည်ပေ။ ထိုအတွေးနှင့်အတူ လုချန်းလည်း နောက်ဆုံးတွင် ရုပ်သေးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
လုချန်းနှင့် တစ်ထပ်တည်း တူညီသော တစ်စုံတစ်ဦး သူ၏ ဘေးတွင် ပေါ်လာသည်ကို မြင်သောအခါ အကြီးအကဲဝေ့ ခဏခန့် မှင်သက်သွားသည်။ သို့သော် ဤ “လူ” တွင် စိတ်ဝိညာဉ် စွမ်းအား လှုပ်ခတ်မှု အနည်းငယ်မျှသာ ရှိပြီး လုချန်း၏ အငွေ့အသက်နှင့် နှိုင်းယှဉ်စရာ မရှိသည်ကို သူ လျင်မြန်စွာ သတိပြုမိလိုက်သည်။
သို့တိုင် အကြီးအကဲဝေ့ အထင်မှားခဲ့သည်။ ထိုနှစ်ဦးမှာ တစ်ပုံစံတည်း တူညီနေသောကြောင့် လုချန်း၏ ဘေးရှိ “လူ” မှာ သူ၏ ကိုယ်ပွားတစ်ခု ဖြစ်သည်ဟု ထင်မှတ်သွားသည်။
ဒါက အကြီးအကဲဝေ့ကို တုန်လှုပ်စေခဲ့သည်။ သူတို့၏ မင်းကြီးသည် နတ်ဘဝပြောင်းလဲခြင်းနယ်ပယ်သို့ မရောက်ရှိသေးပဲ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဒါကို သူ မျှော်လင့်မထားခဲ့ ပေ။
အကြီးအကဲဝေ့ မျက်စိရှေ့တွင်ပင် ရုပ်သေးရုပ်ကို အက်ကွဲကြောင်းထဲသို့ စေလွှတ်လိုက်သည်။ ထို့နောက် ရုပ်သေး၏ မြင်ကွင်းကို ရယူရန် ရုပ်သေးပညာကို အသုံးပြုလိုက်သည်။
ရုပ်သေးသည် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီးနောက် လုချန်း၏ အမြင်အာရုံ၌ ဖြူဖွေးသော နေရာကျယ်ကြီးတစ်ခု သာ ပေါ်နေခဲ့သည်။ အစပိုင်းတွင် သူ ဘာမှ မမြင်ခဲ့ရပေ။ ခဏအကြာတော့မှ ရုပ်သေး၏ ရှုမြင်ကွင်း တဖြည်းဖြည်း ကြည်လင်လာသည်။
ရုပ်သေး၏ ခြေဖဝါးအောက်တွင် တစ်ဆက်တည်း တည်ရှိနေသော တောင်တန်းတစ်ခု ရှိနေသည်။ ထျန်းချန်ကမ္ဘာထဲသို့ ထိုးကျခဲ့သော ဧရာမ ကျောက်တုံးကြီးမှာ ထိုတောင်ထွတ်များထဲမှ တစ်ခု ဖြစ်သည်။
တောင်များအပေါ်၌ အဆုံးမဲ့သော တောအုပ်တစ်ခု ရှိနေခဲ့ပြီး အလွန်အမင်း တိတ်ဆိတ်နေသည်။ အပင်များမှလွဲ၍ အခြား မည်သည့်အရာမှ အနီးအနားတွင် ရှိပုံမပေါ်ပေ။
ဒါက...
ပတ်ဝန်းကျင်ကို ရုပ်သေးမှတစ်ဆင့် အာရုံခံရန် လုချန်း ကြိုးစားခဲ့သော်လည်း ရုပ်သေးသည် အခြေခံ ရုပ်သေးပညာ၏ ထုတ်ကုန်တစ်ခုသာ ဖြစ်သောကြောင့် စိတ်ဝိညာဉ် စွမ်းအား များစွာ ထုတ်လွှတ်နိုင်ခြင်း မရှိသည်ကို သူ သဘောပေါက်လိုက်သည်။
လုချန်း မျက်မှောင်ကြုတ်လိုက်၏။ ဤအခြေအနေတွင် ဤကမ္ဘာအကြောင်း သတင်းအချက်အလက် ရရှိရန် အမြင်အာရုံကိုသာ အားကိုးနိုင်တော့သည်။
ထားလိုက်ပါ။
လူများကို ရှာဖွေခြင်းက ဦးစားပေး ဖြစ်သည်။ ထို့နောက် သူ၏ ရုပ်သေးကို တောင်အောက်သို့ လမ်းလျှောက်ရန် ထိန်းချုပ်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုပ်သေးရုပ်အား ရှေ့ဆက် ရွေ့လျားရန် ထိန်းချုပ်၍ မရတော့သည်ကို တွေ့ရှိလိုက်ရသည်။
ဘာဖြစ်တာလဲ...
သူ ဘယ်လောက်အထိ ရောက်သွားခဲ့လို့လဲ။
ထို့နောက် လုချန်း အကြိမ်ပေါင်းများစွာ ထပ်မံ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ ပေ။ သူ၏ ရုပ်သေးကို ထိုအကွာအဝေးအထိသာ လမ်းလျှောက်ရန် ထိန်းချုပ်နိုင်ပုံရသည်။
ထို့နောက် စနစ်အား မေးလိုက်သည်။
“စနစ်။ ကျွန်တော် ထျန်းချန်ကမ္ဘာမှာတုန်းက ခရိုင်ပေါင်းများစွာ ဖြတ်ပြီး ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်နိုင်ခဲ့တာ။ အခုဘာလို့ မရတော့တာလဲ။”
လုချန်း၏ စကားသံ ဆုံးသည်နှင့် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
“ကမ္ဘာနှစ်ခုက တိုက်မိသွားပုံ ပေါ်ပေမဲ့ ပေါင်းစပ်သွားခြင်း မရှိသေးပါဘူး။ ကမ္ဘာနှစ်ခုရဲ့ နိယာမတွေက မတူညီတဲ့အတွက် ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်နိုင်တဲ့ အကွာအဝေးကလည်း ဒီနိယာမတွေရဲ့ ကန့်သတ်ချက်အောက်မှာ ရှိနေပါတယ်။”
ဒါက…
ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်ပြီး ထိုကမ္ဘာကို စူးစမ်းမည့် သူ၏ အစီအစဉ်ကျရှုံးသွားပြီဆိုသည့် အဓိပ္ပာယ်လား။
ထိုအခိုက်တွင် စာတစ်တန်း လုချန်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။
[ကျိယန်ကမ္ဘာ]
ဒါက ဤကမ္ဘာ၏ အမည် ဖြစ်ပုံရသည်။ သို့သော် အမည်မှလွဲ၍ ဤကမ္ဘာ၏ အခြေအနေများနှင့် ပတ်သက်၍ သူ ဘာမှ မသိရှိသေးပါ။
ထားလိုက်တော့။
လူတွေကို တိုက်ရိုက် စေလွှတ်လိုက်တာက ပိုကောင်းနိုင်၏။
ထိုသို့ တွေးလျက် လုချန်း သူ၏ ရုပ်သေးကို ပြန်ခေါ်လိုက်သည်။
ထိုကမ္ဘာနှင့် ပတ်သက်၍ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု သူ အမြဲ ခံစားနေရ၏။ ၎င်းသည် တောတောင်များဖြင့် ဝန်းရံထားသော တောင်ကြီးတစ်လုံး ဖြစ်သော်လည်း တိရစ္ဆာန် သို့မဟုတ် ပိုးမွှား တစ်ကောင်မှပင် မရှိပဲ သေမင်း၏ နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသည်။
ကမ္ဘာနှစ်ခု တိုက်မိပြီးနောက် ကျိယန်ကမ္ဘာမှ မည်သူ့ကိုမှ စေလွှတ်ခြင်း မရှိတာ အံ့ဩစရာ မဟုတ်ပေ။
ထိုတောင်တန်းနှင့် ပတ်သက်၍ ပြဿနာ အချို့ ရှိနိုင်ပုံရသည်။ ကျိယန်ကမ္ဘာမှ လူများသည် ကမ္ဘာနှစ်ခု တိုက်မိမှုအကြောင်း သတိပြုမိလျှင်ပင် ထိုတောင်ထဲသို့ မည်သူ့ကိုမှ ပေါ့ပေါ့တန်တန် စေလွှတ်ဝံ့မည် မဟုတ်ပေ။
ခဏအကြာတွင် လုချန်း သူ၏ ရုပ်သေးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ လုချန်း၏ ရုပ်သေး ဤမျှ လျင်မြန်စွာ ပြန်ရောက်လာသည်ကို မြင်သောအခါ၊ အကြီးအကဲ ဝေ့ကျိရှင်းက စူးစမ်းစွာ မေးလိုက်သည်။
“မင်းကြီး။ ရန်သူ တစ်ယောက်ယောက်နဲ့များ တွေ့ခဲ့လို့လား။”
လုချန်းက ခပ်ပေါ့ပေါ့ပင်
“မဟုတ်ဘူး။ ကမ္ဘာတွေ တိုက်မိတဲ့ နေရာက တောင်ကြီးတစ်လုံးပဲ။ တောင်ထဲမှာ အပင်တွေကလွဲရင် သက်ရှိ လက္ခဏာ မရှိသလိုပဲ။ အရမ်း တိတ်ဆိတ်ပြီး နည်းနည်း ကြောက်စရာ ကောင်းတယ်။”
“နောက် ရက်နည်းနည်းကြာမှပဲ စူးစမ်းလေ့လာဖို့ လူတွေ စေလွှတ်ဖို့ စီစဉ်ထားတယ်။”
ထိုသို့ ပြောပြီးနောက် လုချန်း လှည့်ထွက်လိုက်သည်။ သူက
“ကောင်းပြီ အကြီးအကဲဝေ့။ ခင်ဗျား ဒီမှာ ဆက်ပြီး ကြီးကြပ်နေပါ။ ကျွန်တော် ပြန်တော့မယ်။”
သူ၏ စကားဆုံးသည်နှင့် လုချန်းနှင့် သူ၏ ရုပ်သေးသည် ဖေးဟုန် နတ်လှေဆီသို့ ပြန်သွားခဲ့သည်။ ထိုနေရာတွင် ဝေ့ကျိရှင်းက ဦးညွှတ်လျက်
“မင်းကြီးကို နှုတ်ဆက်ပါတယ်။”
နတ်လှေသို့ ပြန်ရောက်ပြီးနောက် လုချန်းသည် ရှနိုင်ငံတော် နန်းတွင်းသို့ ပြန်သွားခဲ့သည်။ အနည်းငယ် စိတ်ပျက်အားလျော့နေသလို သူ ခံစားနေရသည်။
ထိုကမ္ဘာရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ရုပ်သေးတစ်ရုပ် စေလွှတ်ကြည့်နိုင်မည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော် ထိုတောင်ကြီးများထဲတွင် ဘာမှမရှိ ဖြစ်နေခဲ့ပြီး ရုပ်သေးရုပ်အား ထိန်းချုပ်နိုင်သည့် အကွာအဝေးမှာလည်း ကန့်သတ်ခံထားရသည်။
ထိုတောင်၏ ထူးဆန်းသော အခြေအနေများကို ထည့်သွင်း စဉ်းစားမိသဖြင့် သူ၏ လူများကို တိုက်ရိုက် စေလွှတ်ခြင်း မပြုရဲပေ။
ထားလိုက်ပါ။
ဒါက သူ့တို့အတွက် ပြင်ဆင်ရန် အချိန် ပိုမို ရရှိစေသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာနှစ်ခု အပြည့်အဝ ပေါင်းစပ်ရန် နှစ်တစ်ရာ ကြာဦးမည် ဖြစ်သည်။
…….
ညနေပိုင်းတွင်။
ရှနိုင်ငံတော်။
ရန်မြို့တော်။
နန်းတော်တွင်းရှိ လေပြင်းမိုးတိမ်ဆောင်၌။
ဤအချိန်တွင် ချူးယုချင်၊ မုကျိရွှမ်းနှင့် ရဲလိနန်ရန်တို့သည် ခန်းမကြီးထဲတွင် ရှိနေကြဆဲ ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ သုံးဦးသည် ဤညတွင် လုချန်းအား အခစားဝင်မည့်သူများ ဖြစ်သောကြောင့်ဖြစ်သည်။
ထိုအခိုက်တွင် လုချန်းက ရဲလိနန်ရန်၏ ခါးကို ထိန်းချုပ်ထားရင်း သူ၏ ကိုယ်ပိုင် ကိစ္စရပ်များကို အလုပ်ရှုပ်စွာ ဆောင်ရွက်နေသည်။ တစ်ချိန်တည်းမှာပင် ဘေးရှိ ချူးယုချင်အား
“ဒေါ်လေးချူး။ ဒီနေ့ ကျွန်တော် အိမ်နီးချင်း ကျင့်စဉ်လောကကို စူးစမ်းဖို့ ရုပ်သေးတစ်ရုပ် လွှတ်ခဲ့တယ်။”
ထိုစကားကို ကြားသောအခါ ချူးယုချင်လည်း မတ်မတ် ထိုင်လိုက်ပြီး လုချန်းကို ကြည့်ကာ
“ တစ်ဖက်ကမ္ဘာက ကျင့်ကြံသူတွေနဲ့ တွေ့ခဲ့လား။”
လုချန်းက
“မတွေ့ခဲ့ဘူး။ ထျန်းချန်ကမ္ဘာနဲ့ ထိစပ်နေတဲ့ နေရာက တောင်ကြီးတစ်လုံးပဲ။ ဒါပေမဲ့ အပင်တွေကလွဲရင် တခြား သက်ရှိသတ္တဝါတွေ မရှိဘူး။”
“ဒေါ်လေးချူး။ အဲဒီတောင်ထဲမှာ ဘာတွေ ရှိနိုင်မယ်လို့ ထင်လဲ။”
သူ၏ စကားဆုံးသည်နှင့် ရဲလိနန်ရန်အပေါ်သို့ အားစိုက်ထုတ်လိုက်သည်။ ခဏခန့် စဉ်းစားပြီးနောက် ချူးယုချင်က
“ဖြစ်နိုင်တာက အဲဒီတောင်အောက်မှာ တစ်ခုခုကို ချိပ်ပိတ် ပိတ်လှောင်ထားလို့ပဲ။ အဲဒါကြောင့်များ တိရစ္ဆာန်တွေနဲ့ တစ်ဖက်ကမ္ဘာက ကျင့်ကြံသူတွေ မချဉ်းကပ်ဝံ့တာများ ဖြစ်နိုင်မလား။”