← Chapters

ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာကို စုပ်ယူခြင်း

Vol. 69 Ch. 1022

ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာကို စုပ်ယူခြင်း

Vol. 69 Ch. 1022

ချူးယုချင်၏ စကားများကို ကြားသောအခါ လုချန်း လှုပ်ရှားရင်း စဉ်းစားလိုက်သည်။ ထို စကားတွင် အမှန်တရား အချို့ ရှိသည်ဟု သူ ခံစားမိသည်။

ထိုတောင်သည် အမှန်တကယ်ပင် အနည်းငယ် ထူးဆန်းသည်။ သူက တောင်ထဲသို့ စေလွှတ်လိုက်သည်မှာ ရုပ်သေးတစ်ရုပ် သာဖြစ်သည်။ သို့သော် ရုပ်သေးမှတစ်ဆင့် သူ့ထံ ပြန်လည် ပို့လွှတ်လိုက်သော ခံစားမှုများသည် ဖိနှိပ်မှု အနည်းငယ် ရှိနေဆဲ ဖြစ်သည်။

အဓိက ပြဿနာမှာ ရုပ်သေး၏ အာရုံခံနိုင်စွမ်းသည် အလွန် တစ်ဖက်သတ်ဆန်ခြင်း ဖြစ်၏။ တိကျသော အခြေအနေကို နားလည်ရန်အတွက် သူ ကိုယ်တိုင် ထိုနေရာသို့ သွားရောက်ရနိုင်‌မည်ဖြစ်သည်။

သို့သော် သူသည် သတိကြီးသော လူတစ်ယောက် ဖြစ်သည်။ တစ်ဖက်ကမ္ဘာသည် လုံးဝ ဘေးကင်းလုံခြုံကြောင်း မသေချာမချင်း သူ ကိုယ်တိုင် ထိုနေရာသို့ သွားရန် အစီအစဉ် မရှိပေ။

ဤအချိန်တွင် ရဲလိနန်ရန်ကတော့ လုချန်း၏ အတွေးလမ်းကြောင်းကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူမ အသံကျယ်ကျယ် မပြုလုပ်ဝံ့ပဲ တိုးတိုးသာ ညည်းညူရေရွတ်နိုင်ခဲ့သည်။

သို့သော် ထို့နောက် လုချန်းလည်း သူ၏ ကြိုးပမ်းမှုများကို ရုတ်တရက် ပိုမို ပြင်းထန်စေလိုက်သည်။ ထိုအခါ ရဲလိနန်ရန်လည်း ထပ်မံ ထိန်းမထားနိုင်တော့ဘဲ “အ” ဟူသော အော်သံတစ်ချက် ထွက်ပေါ်လာသည်။

လုချန်းက

“အဲဒီတောင်အောက်မှာ တံဆိပ်ခတ်ထားတဲ့ အရာက ဘယ်အဆင့် အင်အားမျိုး ပိုင်ဆိုင်ထားလဲ ဆိုတာလည်း မသိရဘူး။”

ချူးယုချင်က

“တစ်ယောက်ယောက်ကို စုံစမ်းဖို့ လွှတ်လိုက်ပါလား။”

လုချန်းက ရဲလိနန်ရန်ကို သူ့ဘက်သို့ မျက်နှာမူစေရန် လှန်လိုက်ပြီး

“ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေခဲ့တာ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ကမ္ဘာနှစ်ခု ပေါင်းစည်းဖို့ဆိုရင် အနည်းဆုံး နှစ်တစ်ရာလောက် ကြာလိမ့်မယ်။ တစ်ဖက်ကမ္ဘာက ဘယ်သူမှ မလာဘူးဆိုရင် သန့်ရှင်းသော နဂါးနက် နယ်မြေက လူတွေ ရောက်လာတဲ့အထိ ကျွန်တော် အချိန်ဆွဲထားဖို့ စီစဉ်ထားတယ်။”

ယင်ကျန်းယဲ့သည် နတ်ဘဝပြောင်းလဲခြင်းအဆင့်မှ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သန့်ရှင်းသော နဂါးနက် နယ်မြေတွင် အစွမ်းထက် ပုဂ္ဂိုလ်များ ရှားပါးခြင်း မရှိပါ။

ကျိယန်ကမ္ဘာ၌ ကြောက်မက်ဖွယ် သတ္တဝါအချို့ အမှန်တကယ် ရှိနေနိုင်သည်။ သို့သော် သန့်ရှင်းသော နဂါးနက် နယ်မြေ ပါဝင်လာပါက ကြီးမားသော ပြဿနာတစ်ခု မဖြစ်သင့်ပေ။

လုချန်းတွင် သူ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိသည်ကို မြင်သောအခါ ချူးယုချင်လည်း များများစားစား မပြောတော့ပေ။ ထိုအချိန်တွင် ရဲလိနန်ရန် ရုတ်တရက် မျက်လုံးများ လန်သွားသည်။

ထို့နောက် လုချန်း နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်ပြီး သူ၏ အကြည့်က ကောင်းကင်သို့ ငေးမောနေသော မုကျိရွှမ်းထံသို့ ချက်ချင်း လှည့်သွားသည်။

မုကျိရွှမ်းသည် လုချန်းအား ပါးစပ် အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။ သူ၏ အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်းမှာ ပို၍ ပို၍ အားကောင်းလာသည်ကို သူမ သဘောပေါက်လာသည်။ သူသည် ထိုသို့သော လှုပ်ရှားမှုများတွင် ပါဝင်နေသော်လည်း အရေးကိစ္စများကို ပုံမှန်အတိုင်း ချူးယုချင်နှင့် ဆွေးနွေးနိုင်နေသေးသည်။

မုကျိရွှမ်း မျက်နှာ နီမြန်းလာပြီး သူ့ကို ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်သည်။ သူက

“ကျိရွှမ်း မင်းက ဆက်ကြည့်နေတုန်းပဲလား။ မင်း ဆက်ကြည့်နေရင် နန်ရန် တစ်ယောက် ဒေါသထွက်ပြီး ပေါက်ကွဲသွားနိုင်တယ်။”

မုကျိရွှမ်းလည်း လုချန်း၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး သူ၏ ရှေ့တွင် ဖြည်းညင်းစွာ လှဲလျောင်းလိုက်သည်။ ဤအချိန်တွင် ချူးယုချင်က

“ချန်းလေး။ မင်း ဒေါ်လေးရဲ့ ရင်သွေးကမ္ဘာကို မကြာသေးခင်က သွားကြည့်သေးလား။ ဟိုမှာ တိရစ္ဆာန်တွေစပြီး ပေါ်လာနေပြီ ထင်တယ်။”

လုချန်းက

“သွားကြည့်ခဲ့တယ်။ ရင်သွေးကမ္ဘာထဲက အချိန်စီးဆင်းမှုက ကျွန်တော်တို့နဲ့ မတူဘူး။ မကြာခင်မှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ဟိုမှာ ပေါ်လာတော့မှာ။”

ရင်သွေးကမ္ဘာထဲမှ တစ်နှစ်သည် သူတို့၏ ကမ္ဘာမှ တစ်ရက်နှင့် ညီမျှသည်။ နှစ်များ ကုန်လွန်သွားခဲ့ပြီးဖြစ်သဖြင့် ရင်သွေးကမ္ဘာအတွင်း၌ နှစ်ပေါင်း ထောင်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

လုချန်း စကားပြောပြီးသည်နှင့် သူနှင့် မုကျိရွှမ်းတို့ နောက်တစ်ကြိမ် ပြန်လည် စတင်လိုက်ကြသည်။

ထိုအချိန်တွင် ချူးယုချင်က ဆက်လက်၍

“ ဒေါ်လေးရဲ့ အင်အား တိုးတက်လာတာ အရမ်းမြန်တယ်လို့ အခုတလော ခံစားရတယ်။ ဒါက ရင်သွေးကမ္ဘာထဲမှာ သက်ရှိတိရစ္ဆာန်တွေ ပေါ်ပေါက်လာတာနဲ့ ဆက်စပ်နေနိုင်တယ်။”

လုချန်းက

“ဟူး...အဲ့ဒါ ဟုတ်တယ်။ ရင်သွေးကမ္ဘာထဲမှာ အပင်တွေနဲ့ တိရစ္ဆာန်တွေ ပိုများလာလေပင်မခန္ဓာကိုယ်က ပိုပြီး အားကောင်းလာလေပဲ။”

ထိုသို့ ပြောပြီးနောက် ဆွဲဆောင်မှုများဖြင့် ဝေ့ဝဲနေသော မျက်လုံးများ ရှိသည့် မုကျိရွှမ်းကို လုချန်း ငုံ့ကြည့်လိုက်သည်။ သူက

“ကျိရွှမ်း။ မင်းလည်း ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ချင်လား။ မင်းက လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အပြည့်အဝ အသက်သွင်းပြီးပြီ။”

ဟု ရယ်မောရင်း မေးလိုက်သည်။

မုကျိရွှမ်းက ပြန်မဖြေပဲ လုချန်းအား သူ့ သဘောကျသလို ပြုလုပ်ခွင့် ပေးထားသည်။

ချူးယုချင်က

“ဒါဆို ကျိရွှမ်းတို့က ရင်သွေးကမ္ဘာတွေကို ဘယ်လို ပျိုးထောင်နိုင်မှာလဲ။”

မုကျိရွှမ်း၏ ပါရမီသည် လုံလောက်မှု မရှိသဖြင့် သူမ၏ အင်အား တိုးတက်မှုက နှေးကွေးလျက်ရှိသည်။ အကယ်၍ သူမသာ ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်နိုင်ပြီး ၎င်း၏ စွမ်းအားကို ငှားယူသုံးစွဲ နိုင်ပါက ပါရမီနည်းပါးမှုကို အစားထိုးပေးနိုင်မည် ဖြစ်သည်။

ထိုအခါ လုချန်းက

“ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ဖို့ဆိုရင် ကမ္ဘာရဲ့ ကံကြမ္မာ အများအပြား လိုအပ်တယ်။ အနည်းဆုံးတော့ နိမ့်ကျတဲ့ ကမ္ဘာတစ်ခုရဲ့ ကံကြမ္မာ တစ်ဝက်လောက်ကို စုပ်ယူဖို့ လိုတယ်။ ကျိရွှမ်းတို့က ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ဖို့ မစွမ်းဆောင်နိုင်သေးဘူး”

ထို့နောက် ချူးယုချင်က

“ဒါဆို ထျန်းချန်ကမ္ဘာရဲ့ ကံကြမ္မာကရော။”

ထိုမေးခွန်းကို ကြားသောအခါ လုချန်း ခဏခန့် ရပ်တန့်သွားပြီး ခဏအကြာမှ ပြန်လည် လှုပ်ရှားလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် စနစ်အား မေးလိုက်သည်။

“စနစ်။ ငါ့ရဲ့ ဇနီးတွေကို ထျန်းချန်ကမ္ဘာရဲ့ ကံကြမ္မာ တစ်ဝက်လောက် စုပ်ယူခိုင်းလိုက်ရင် သူတို့ ရင်သွေးကမ္ဘာတွေ ပျိုးထောင်နိုင်မှာလား။”

စနစ်က

“ဟုတ်ကဲ့။ လုပ်နိုင်ပါတယ်”

ဤတုံ့ပြန်မှုကို ကြားသောအခါ လုချန်း ချက်ချင်း စိတ်အားထက်သန်သွားပြီး သူ၏ လှုပ်ရှားမှုများလည်း ပို၍ပင် ပြင်းထန်လာသည်။

မုကျိရွှမ်းက အသက်ကို မနည်းရှူရင်း “မင်း... မင်းကြီး။ ကျွန်မကို အသက် ချမ်းသာပေးပါ...”

တိုးမြင့်လာသော စိတ်ဝိညာဉ် စွမ်းအားများကို မုကျိရွှမ်း၏ ခန္ဓာကိုယ်ထဲသို့ သွန်ချလိုက်ပြီးနောက် လုချန်း သူ၏ စိတ်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်သည်။

လုချန်း ပြန်စဉ်းစားကြည့်လိုက်သည်။ မုကျိရွှမ်းက ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာ တစ်ဝက်ကို အမှန်တကယ် စုပ်ယူလိုက်ပါက ထျန်းချန်ကမ္ဘာသည် ထိုအချိန်မှစ၍ ကံဆိုးသွားမည် မဟုတ်ပါလား။

ထိုသို့ တွေးလျက် လုချန်းက စနစ်အား

“ငါ့ရဲ့ ဇနီးတွေက ထျန်းချန်ကမ္ဘာရဲ့ ကံကြမ္မာ တစ်ဝက်ကို စုပ်ယူလိုက်ရင် ကမ္ဘာကြီး ဘာဖြစ်သွားနိုင်လဲ။”

စနစ်က

“ကမ္ဘာပေါင်းများစွာနဲ့ တိုက်မိတာမျိုးတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကမ္ဘာတစ်ခုရဲ့ ကံကြမ္မာက အထဲမှာရှိတဲ့ လူတွေနဲ့ ချိတ်ဆက်ထားတာပါ။ ကံကြမ္မာ ဆုံးရှုံးသွားရင်တောင် အချိန်တန်ရင် ပြန်ကောင်းလာလိမ့်မယ်။”

လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ သူ ပိုမို အားကောင်းလာရန် လိုအပ်၏။ သူပိုအားကောင်းဖို့ အတွက်စနစ်၏ အကူအညီကို လိုအပ်သည်။ စနစ်ထံမှ ဆုလာဘ်တစ်ခုအတွက် ကမ္ဘာ၏ ကံကြမ္မာ တစ်ဝက်ကို လောင်းကြေးထပ်ခြင်းက တန်ပုံရ၏။ အကယ်၍ သူ ကံကောင်းပါက အဖိုးတန်ဆုလာဘ် တစ်ခု ရရှိနိုင်မည်။

ဤစိတ်ကူးနှင့်အတူ လုချန်းက စနစ်အား “ကမ္ဘာရဲ့ ကံကြမ္မာကို ငါ ဘယ်လို စုပ်ယူရမလဲ”

စနစ်က

“ဒီကမ္ဘာရဲ့ သခင် ဖြစ်လာအောင် လုပ်ပါ။ ထျန်းချန်ကမ္ဘာရဲ့ သခင် တစ်ယောက်အနေနဲ့ သင်ဟာ သူ့ရဲ့ ကံကြမ္မာကို ကြိုက်တဲ့အချိန် စုပ်ယူနိုင်ပါတယ်။”

ထို့နောက် လုချန်း မုကျိရွှမ်းကို ငုံ့ကြည့်လိုက်ပြီး ကမ္ဘာ၏ ကံကြမ္မာကို ခံစားကြည့်ရန် ကြိုးစားလိုက်သည်။ နောက်တစ်ခဏတွင် သူသည် ကောင်းကင်ယံ၌ ရွှေရောင်တိမ်တိုက်များကဲ့သို့ အရာများကို တွေ့လိုက်ရသည်။

ဒါက ကမ္ဘာရဲ့ ကံကြမ္မာလား။

ထိုမေးခွန်း လုချန်း၏ စိတ်ထဲတွင် ပုံပေါ်လာသည်နှင့် စနစ်၏ အချက်ပေးသံက

“ဟုတ်ပါတယ်”

“ဒါပေမဲ့ ဒါက ရှနိုင်ငံတော်ရဲ့ နိုင်ငံ့ကံကြမ္မာ ဖြစ်တယ်။ ကမ္ဘာ့ကံကြမ္မာက ပိုဝေးတဲ့ နေရာက အဖြူရောင် တိမ်တိုက်တွေပါ။”

လုချန်း သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး အသေအချာ အာရုံစိုက်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ စိတ်အာရုံသည် ထျန်းချန်ကမ္ဘာမှ ခုန်ထွက်သွားပုံရသည်။ သူသည် အဖြူရောင် တိမ်တိုက်များ အတွင်း၌ မျောလွင့်နေသော စက်လုံးပုံ ကမ္ဘာလုံးတစ်ခု၏ အထက်တွင် ဝဲပျံနေသည်။

ဒါက ထျန်းချန်ကမ္ဘာရဲ့ ကံကြမ္မာလား။

စနစ်၏ အချက်ပေးသံက

“ဟုတ်ပါတယ်”

ဟု ထပ်မံ ထွက်ပေါ်လာသည်။

ထို့နောက် လုချန်း ကမ္ဘာ၏ ကံကြမ္မာကို စုပ်ယူရန် ကြိုးပမ်းလိုက်သည်။ အတွေးတစ်ချက်မျှဖြင့် အဖြူရောင် တိမ်တိုက်များသည် သူ၏ထံသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။

ခဏမျှသော အချိန်အတွင်း ထျန်းချန်ကမ္ဘာ၏ အဖြူရောင် တိမ်တိုက် တစ်ဝက်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

လုချန်း ဂရုတစိုက် ခံစားကြည့်လိုက်ရာ ဤကံကြမ္မာ၌ မည်သည့် သက်ရောက်မှုမှ မရှိသကဲ့သို့ ထင်ရကြောင်း သဘောပေါက်လိုက်သည်။ ဤမျှ များပြားသော ကံကြမ္မာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော်လည်း ဖိစီးမှုကို မခံစားရပေ။ ၎င်းသည် လုံးဝ မတည်ရှိသကဲ့သို့ အလွန် ထူးဆန်းနေသည်။

ဤအချိန်တွင် သူ၏ ဦးခေါင်းအထက်ရှိ ခရမ်းရောင် မြူခိုးများ ရုတ်တရက် လှုပ်ရှားလာသည်။ ထိုအရာက ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာ သူ၏ ကိုယ်ပိုင် ကံကြမ္မာအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ရမည်ဟု လုချန်း သဘောပေါက်လိုက်သည်။

ဒါက အမှန်တကယ်ကော အလုပ်ဖြစ်နိုင်လား။

ဒါဆို ကလေးများ ယူခဲ့၍ သူ ဆုံးရှုံးခဲ့သော ကံကြမ္မာကို ဤနည်းလမ်းဖြင့် ပြန်လည် ဖြည့်တင်းနိုင်လား။

ထိုစဉ် လုချန်း ရပ်တန့်သွားသည်ကို သဘောပေါက်လိုက်ပြီး လုချန်းအား နက်ရှိုင်းပြီး တိတ်ဆိတ်သော မျက်လုံးများဖြင့် မုကျိရွှမ်း စိုက်ကြည့်နေသည်။ သူမ ယခုလေးတင် အသနားခံခဲ့သော်လည်း ဒါက လုချန်းအား လုံးဝ ရပ်တန့်သွားစေရန် အမှန်တကယ် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။

ခဏအကြာတွင် လုချန်း၏ အကြည့်က မုကျိရွှမ်းထံသို့ ပြန်လည် ရောက်ရှိလာသည်။

လုချန်းက

“ကျိရွှမ်း။ မင်းလည်း ကိုယ့်ကို ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ဖို့ ကူညီပေးမှာလား။”

ရင်သွေးကမ္ဘာ ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို သူမ နားမလည်ခဲ့သော်လည်း လုချန်းက သူမကို အန္တရာယ် ပေးမည်မဟုတ်မှန်း သူမ သိသည်။ ထို့ကြောင့် သူမ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

နောက်ထပ် တွန့်ဆုတ်မနေတော့ပဲ လုချန်း ကိုင်းညွှတ်လိုက်ပြီး မုကျိရွှမ်း၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ ထို့နောက် သူမအပေါ်၌ သူ၏ စိတ်နှလုံးကို အပြည့်အဝ မြှုပ်နှံလိုက်သည်။

ထို့နောက်တွင် သူ ထျန်းချန်ကမ္ဘာမှ စုပ်ယူထားသော ကံကြမ္မာကို ခရမ်းရောင် ကံကြမ္မာအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ပြီးနောက် ၎င်းတို့ကို မုကျိရွှမ်း၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး သွင်းပေးလိုက်သည်။

လုချန်း ရုတ်တရက် ဤမျှ ပြင်းထန်လာသည်ကို မြင်သောအခါ ဘေးတွင် ရပ်နေသော ရဲလိနန်ရန်လည်း ကြောက်စိတ် အကြွင်းအကျန်တစ်ချို့ ပြန်ခံစားလိုက်ရသည်။ သူမ၏ အလှည့် ပြီးဆုံးသွားပြီ ဖြစ်သည့်အတွက်လည်း ကျေးဇူးတင်မိသွားသည်။

All Chapters