မုကျိရွှမ်း ရင်သွေးကမ္ဘာ ပျိုးထောင်ခြင်း
Vol. 69 Ch. 1023
ကမ္ဘာ၏ ကံကြမ္မာသည် မယုံနိုင်လောက်အောင် သိပ်သည်းသည်။ သူ စုပ်ယူခဲ့သော ကံကြမ္မာအားလုံးကို မုကျိရွှမ်းထံသို့ လွှဲပြောင်းပေးရန် လုချန်းအတွက် လဝက်ကြာ အချိန်ယူခဲ့ရသည်။
သို့သော်လည်း မုကျိရွှမ်းသည် ယခုအချိန်တွင် ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ရန် လိုအပ်သော အခြေအနေများကိုသာ ပိုင်ဆိုင်ထားသေးသည်။ ၎င်း အမှန်တကယ် ပေါ်ထွက်လာစေရန်အတွက် လုချန်း၏ ကြိုးပမ်းမှုများကို လိုအပ်နေဆဲ ဖြစ်သည်။
နောက်ဆက်တွဲ ခြောက်လတာ ကာလအတွင်း လုချန်း၏ အာရုံစိုက်မှုသည် မုကျိရွှမ်းအပေါ်တွင်သာ လုံးလုံး ရှိနေခဲ့သည်။ ထိုအရာက သူမကို အနည်းငယ် ဆင်းရဲဒုက္ခ ရောက်စေသည်။
ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ခြင်းသည် ကလေးတစ်ဦးကို လွယ်ရသကဲ့သို့ လွယ်ကူလိမ့်မည်ဟု အစက သူမ ထင်ခဲ့သည်။ သို့သော် ခြောက်လ ကြာမြင့်ခဲ့သည့်တိုင် တိုးတက်မှု အရိပ်အယောင် တစ်စုံတစ်ရာ မရှိခဲ့ပေ။
ဤအချိန်အတောအတွင်း သူမ၏ ခန္ဓာကိုယ် ပို၍ ပြည့်ဖြိုးဆင်းလာသည်ဟုသာ ခံစားမိ၏။ ဒါက လုချန်းသူမထံ စိတ်ဝိညာဉ် စွမ်းအားများ နေ့စဉ် လွှဲပြောင်းပေးနေသောကြောင့်လားဟု သူမ မသေချာပေ။
နေ့စဉ် လေ့ကျင့်ခန်း လုပ်နေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ပို၍ပင် ကောက်ကြောင်းထင်ရှားလာပုံရသည်။
…….
လေပြင်းမိုးတိမ်ဆောင်။
အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော တည်ကြည်သိမ်မွေ့သည့် မုကျိရွှမ်းသည် ကုတင်ကြီးတစ်ခုပေါ်တွင် လှဲလျောင်းနေသည်။ လွန်ခဲ့သော ခြောက်လအတွင်း သူမ၏ အတွေ့အကြုံများအရ လုချန်း ဤညလည်း လေပြင်းမိုးတိမ်ဆောင်သို့ ထပ် ရောက်ရှိလာနိုင်သည်။
ဝင်လုဆဲဆဲ နေမင်းကြီးသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး နီညိုရောင် ဆည်းဆာအလင်းရောင်က ခန်းမအတွင်းသို့ ဖြာကျလာသည်။ ထိုအချိန်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ခန်းမ၏ အလယ်တွင် ပေါ်လာသည်။
ထိုသူမှာ လုချန်း ဖြစ်သည်ကို မှတ်မိသွားသောအခါ မုကျိရွှမ်း၏ မျက်နှာသည် မျှော်လင့်ခြင်းနှင့် ကြောက်ရွံ့ခြင်း အနည်းငယ်တို့ဖြင့် ပြည့်နှက်ကာ ရှုပ်ထွေးသွားသည်။ ထို့နောက် အပြုံးတစ်ခုကို မနည်း ညှစ်ထုတ်လိုက်ပြီး ဖြည်းညင်းစွာ ထရပ်လိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။”
လုချန်းက ပြုံးလျက် မုကျိရွှမ်းထံ ချဉ်းကပ်သွားလိုက်ကာ သူမ၏ လက်မောင်းကို ကိုင်ကာ
“ထုံးစံတွေ လုပ်ပြန်ပြီ။ ကိုယ်တို့က လင်မယား အရင်းကြီးတွေ ဖြစ်နေပြီပဲ။”
စကားဆုံးသည်နှင့် မုကျိရွှမ်း မတုံ့ပြန်နိုင်မီမှာပင် လုချန်း၏ လက်များက သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ကာ ကုတင်ပေါ်သို့ လှဲချလိုက်သည်။
မုကျိရွှမ်းသည် ကုတင်ပေါ်တွင် လဲလျောင်းလျက် သူမ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသော လုချန်းအား စေ့စေ့ကြည့်နေသည်။
လုချန်းက
“ကျိရွှမ်း။ မင်း ဒီခြောက်လအတွင်း တော်တော် ဒုက္ခရောက်ခဲ့ရတယ်။”
မုကျိရွှမ်းက
“ကျွန်မက ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ။”
မုကျိရွှမ်း အနည်းငယ် မနိုင်ဝန် ထမ်းနေရသည်ကို လုချန်း နားလည်သည်။ လွန်ခဲ့သော ခြောက်လအတွင်း ကံကြမ္မာ၏ လွှမ်းမိုးမှုကြောင့် သူမ၏ ကျင့်စဉ်အဆင့်များ တိုးတက်လာခဲ့သည်။ သူမသည် ကောင်းကင်လူသား ဒုတိယအလွှာသို့ပင် ရောက်ရှိသွားခဲ့သည်။
သို့သော် သူ၏ ကိုယ်ပိုင် အင်အားကို လုချန်း သိသည်။ ယွမ်ရှန်ရှန်နှင့် စုဟန်ယန်ပင်လျှင် သူ၏ ပြင်းထန်သော ထိုးနှက်မှုများကို မခံနိုင်ပေ။ ကောင်းကင်လူသား တစ်ဦး ဖြစ်လာခါစ မုကျိရွှမ်းက သူ့အား မည်သို့ ယှဉ်နိုင်မည်နည်း။
လုချန်း မုကျိရွှမ်းအပေါ် သနားစိတ် တစ်ချက် ဝင်သွား၏။ သူတို့ အတူတကွ ကျင့်ကြံကြသည့် အခါတိုင်း သူ့ကိုယ်သူ ထိန်းချုပ်ရန် ခက်ခဲသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် မုကျိရွှမ်းဘက်ကလည်း လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံနေသောကြောင့် ဖြစ်သည်။
ဟုတ်ပါသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ပြန်လည်သန်စွမ်းစေသောစွမ်းအားကို တတ်မြောက်ကြသောကြောင့် မည်သည့်အခါမှ မသက်မသာ မခံစားခဲ့ရပေ။ သို့သော် မုကျိရွှမ်း ရုန်းကန်ရသည့် အဓိက အကြောင်းရင်းမှာ ကျင့်ကြံခြင်းမှ ရရှိသော သာယာမှုက သူမ၏ အာရုံများကို ဖုံးလွှမ်းသွားသောကြောင့် ဖြစ်သည်။
အထူးသဖြင့် ထိုအပြုအမူ ပြီးနောက် ထိုခံစားချက်က ကျန်ရှိနေသေးတတ်ပြီး သူမ လမ်းလျှောက်လျှင် မျောလွင့်နေသကဲ့သို့ ခံစားရသည်။ ထိုခံစားချက်သည် ပြန်လည်သန်စွမ်းစေသောစွမ်းအားကပင် မဖယ်ရှားနိုင်သည့် ခံစားမှု ဖြစ်သည်။
ထိုအခိုက်တွင် မုကျိရွှမ်းက
“မင်းကြီး။ ဒေါ်လေးချူးက ရင်သွေးကမ္ဘာထဲမှာ မွေးဖွားလာတဲ့ သတ္တဝါတွေ အားလုံးကို ကျွန်မတို့ရဲ့ သားသမီးတွေလို့ သတ်မှတ်နိုင်တယ်လို့ ပြောတယ်။”
လုချန်းက ပြုံးလျက်
“ဟုတ်တယ်။ ဒါပေမဲ့ ရင်သွေးကမ္ဘာရဲ့ သားသမီးတွေက ဖုန်းလေးတို့နဲ့ မတူဘူး။ ကိုယ်တို့နဲ့ ရင်သွေးကမ္ဘာရဲ့ သားသမီးတွေကြားမှာ သွေးသားတော်စပ်မှု မရှိဘူး။”
လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ အကြောင်းပြချက် တစ်ခုခုကြောင့် မုကျိရွှမ်း၏ အတွင်း၌ မိခင်စိတ်များ တိုးပွားလာသည်။ ရုတ်တရက် သူမနှင့် လုချန်း၏ သားသမီးများဖြင့် ရင်သွေးကမ္ဘာ တစ်ခုလုံး ပြည့်နှက်သွားသည်ကို သူမ မြင်ယောင်မိသည်။ မရေမတွက်နိုင်သော လူများက သူမကို မိခင်ဟု ခေါ်ဝေါ်ကြသည်ကို သူမ မြင်ယောင်လိုစိတ် ဖြစ်သွားသည်။
မုကျိရွှမ်း အတွေးထဲ နစ်မြောနေစဉ် လုချန်း၏ လက်များ စတင်ရွေ့လျားလာသည်။ မုကျိရွှမ်း အနည်းငယ် မျက်နှာ နီမြန်းသွားပြီး လုချန်းအား ချစ်ခင်စွာ စိုက်ကြည့်လိုက်ကာ နောက်ထပ် မေးခွန်းများ မမေးတော့ပေ။
သူတို့သည် ယခုအခါ လင်မယား အရင်းကြီးများ ဖြစ်နေကြပြီ ဖြစ်သည်။ နောက်ဆက်တွဲ ဘာလုပ်ရမည်ကို နှစ်ဦးစလုံး ကောင်းစွာ သိကြသည်။
ထို့နောက် လုချန်း သူမအပေါ်သို့ ကိုင်းညွှတ်လိုက်သည်။ ထိုစဉ် မုကျိရွှမ်းထံမှ ညင်သာသော ညည်းညူသံ ထွက်ပေါ်လာသည်။ လုချန်းလည်း သူ၏ ပါးစပ်ဖြင့် သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်ရာ သူတို့၏ နှုတ်ခမ်းများနှင့် သွားများသည် တစ်သားတည်း ထိစပ်သွားသည်။
လှုပ်ရှားနေရင်း သူ၏ စိတ်ထဲတွင် စနစ်အား တိတ်တဆိတ် မေးလိုက်သည်။
“စနစ်။ ခြောက်လတောင် ရှိနေပြီ။ ဘာလို့ မုကျိရွှမ်းက ရင်သွေးကမ္ဘာတစ်ခုကို မပျိုးထောင်နိုင်သေးတာလဲ။ အခုဆို သူက အခြေအနေတွေနဲ့ ကိုက်ညီနေလောက်ပြီ မဟုတ်လား။”
စနစ်က
“ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ခြင်းက သားသမီး ဖွားမြင်ခြင်းနဲ့ ဆင်တူပါတယ်။ သခင့်ရဲ့ ကျင့်စဉ်အဆင့် ပိုမြင့်လေလေ ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ရနိုင်ခြေ ပိုနည်းလေလေ ဖြစ်တယ်။ သင် ပိုပြီး ကြိုးစားဖို့ လိုအပ်ပါတယ်။”
စနစ်၏ တုံ့ပြန်မှုကို ကြားသောအခါ လုချန်း စိတ်ထဲ သက်ပြင်းချလိုက်သည်။
ကောင်းပြီ။
သူ မုကျိရွှမ်းကို ပို၍ပင် ဖိအားပေးရတော့မည်ဟု ထင်ရသည်။
လုချန်း ထိုသို့ တွေးလိုက်သည်နှင့် စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးတစ်ခုက မုကျိရွှမ်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
နောက်ထပ် လဝက်ခန့် ကြာမြင့်သွားပြီးနောက် နောက်ဆုံးတွင် သူ၏ နားထဲ၌ စနစ်၏ အေးစက်သော အချက်ပေးသံကို ကြားလိုက်ရသည်။
“ရင်သွေးကမ္ဘာတစ်ခု ပဋိသန္ဓေ တည်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ သူတော်စင်အဆင့် ရုပ်သေးပညာကို ဆုချီးမြှင့်လိုက်ပါတယ်။”
ထိုအရာကို ကြားသောအခါ လှုပ်ရှားမှုများ၏ အလယ်တွင် ရှိနေသော လုချန်း ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူ၏ စိတ်ဓာတ်သည် အလွန် မြင့်တက်လာပြီး ပိုမို ပြင်းထန်လာသည်။
“မင်းကြီး... ကျွန်မကို အသက် ချမ်းသာပေးပါ...”
စိတ်ဝိညာဉ် စွမ်းအားများ မုကျိရွှမ်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် လုချန်းလည်း သူမအား ဆက်လက် နှိပ်စက်ခြင်း မပြုတော့ပေ။
မုကျိရွှမ်း၏ နှုတ်ခမ်းများ အနည်းငယ် ဟနေသည်။ သူမ အသက်ပြင်းပြင်း ရှူနေရပြီး သူမ၏ ရင်ဘတ်လည်း အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
သူမ ရင်သွေးကမ္ဘာတစ်ခု ပဋိသန္ဓေ မတည်နိုင်ခြင်းက လုချန်းအား ဒေါသထွက်စေခဲ့လား ဟု တွေးတောလာမိ၏။ သူ ဤမျှ ပြင်းထန်ခြင်း မရှိခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်၏။ သူမ၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားတော့မလားဟုပင် ခံစားလိုက်ရသည်။
မုကျိရွှမ်း ခဏခန့် အနားယူပြီးနောက် လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ သူ၏ ရင်ဘတ်ပေါ်တွင် လှဲလျောင်းစေလိုက်၏။ ထို့နောက် သူ၏ လက်ဖြင့် သူမ၏ မွှေးကြိုင်သော ပခုံးကို ပွေ့ဖက်ထားသည်။
“ကျိရွှမ်း။ မင်းအတွက် သတင်းကောင်းတစ်ခု ရှိတယ်။”
ထိုအရာကို ကြားသောအခါ အနားယူနေသော မုကျိရွှမ်း၏ နှလုံးထဲ တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။ အဘယ်အရာ ဖြစ်နိုင်သည်ကို သူမ ချက်ချင်း ခန့်မှန်းမိလိုက်သည်။
သူမအတွက် သတင်းကောင်း ဖြစ်နိုင်တာက တစ်ခုတည်းသော အရာသာ ရှိသည်။ ၎င်းမှာ သူမ ရင်သွေးကမ္ဘာတစ်ခု ပဋိသန္ဓေ တည်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လုချန်း၏ အာရုံစိုက်မှု အားလုံးကို သူမအပေါ်၌ ထားရှိရန် မလိုအပ်တော့ပေ။
စိတ်လှုပ်ရှားစွာဖြင့် မုကျိရွှမ်းက
“ဒါ... ဒါက ကိုယ်ဝန် ရှိသွားတာလား။”
သတင်းကောင်းကို မပြောရသေးပဲ သူမ၏ စိတ်လှုပ်ရှားနေပုံကို မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး
“ဟုတ်တယ်။ မင်း ကိုယ်ဝန် ရှိသွားပြီ။”
လုချန်း၏ အတည်ပြုမှုကို ကြားသောအခါ မုကျိရွှမ်း အလွန်ပျော်ရွှင် သွားသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း ပျော်ရွှင်မှုဖြင့် တုန်ယင်နေတော့သည်။
ထို့နောက် သူမ၏ ကိုယ်ပိုင် အခြေအနေကို အာရုံခံရန် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုလိုက်သည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်း အနည်းငယ် ဖောင်းကြွလာခြင်းမှလွဲ၍ သူမ၏ ခန္ဓာကိုယ်တွင် ထူးခြားမှု တစ်စုံတစ်ရာ မရှိသည်ကို တွေ့ရှိရသည်။
ထို့နောက် မုကျိရွှမ်းက
“မင်းကြီး။ ကျွန်မရဲ့ ခန္ဓာကိုယ်မှာ ဘာမှ ထူးထူးခြားခြား မရှိသလိုပဲ။”
လုချန်းက ပြုံးလျက်
“မျက်လုံးမှိတ်ပြီး သေချာ အာရုံခံကြည့်ပါ။ မင်း မကြာခင် ရင်သွေးကမ္ဘာကို ခံစားနိုင်လိမ့်မယ်။”
မုကျိရွှမ်း သူမ၏ မျက်လုံးများကို လျင်မြန်စွာ ပိတ်လိုက်ကာ သူမ၏ မငြိမ်သက်သော စိတ်နှလုံးသား ထိန်းချုပ်ရန်နှင့် လျင်မြန်စွာ တည်ငြိမ်စေရန် အားထုတ် ကြိုးစားလိုက်သည်။
ခဏအကြာတွင် သူမ၏ ကိုယ်ပိုင် ကမ္ဘာအတွင်း၌ မှော်ဆန်သော နေရာတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ထိုကမ္ဘာသည် အလွန် မှောင်မိုက်နေဆဲ ဖြစ်သည်။ မြေပေါ်တွင် ဘာမျှ မရှိပဲ ဟင်းလင်းပြင်ဖြစ်နေသည်။
‘ဒါက ရင်သွေးကမ္ဘာလား’ ဟု မုကျိရွှမ်း စိတ်ထဲမှ တွေးလိုက်သည်။
ခဏခန့် လေ့လာကြည့်ရှုပြီးနောက် မုကျိရွှမ်း သူမ၏ အာရုံကို ပြန်လွှဲလိုက်သည်။ ထိုအခါ လုချန်းက
“ရင်သွေးကမ္ဘာက အစပိုင်းမှာ သက်ရှိ မရှိနိုင်ပေမဲ့ သက်ရှိက သူ့ဘာသာသူ ဖြစ်ပေါ်လာလိမ့်မယ်။ ဆယ်စုနှစ်တစ်ခု အတွင်းမှာ လူသားတွေလိုမျိုး အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ပေါ်လာသင့်တယ်။”
မုကျိရွှမ်းက
“ကျွန်မ နားလည်ပါပြီ”
မုကျိရွှမ်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမ နောက်ဆုံးတွင် ကိုယ်ဝန် ရှိသွားသည့်အတွက် ပျော်ရွှင်နေ၏။ ယခု သူမ ကောင်းကောင်း အနားယူနိုင်ပြီ ဖြစ်သည်။
မုကျိရွှမ်း ထိုသို့ တွေးလိုက်သည်နှင့် လုချန်းက ကောက်ကျစ်သော အပြုံးဖြင့်
“ကိုယ့်အလှလေး။ ရင်သွေးကမ္ဘာတစ်ခု ပဋိသန္ဓေ တာက ကလေးတစ်ယောက် ပဋိသန္ဓေ တည်တာနဲ့ မတူဘူး။ မင်း ရင်သွေးကမ္ဘာတစ်ခုကို မွေးဖွားပြီးသွားရင်တောင် ကိုယ် မင်းနဲ့ ချစ်တင်းနှောလို့ ရသေးတယ်။”
ဒါက...
မုကျိရွှမ်း၏ ခန္ဓာကိုယ်နှင့် စိတ်တို့ တုန်လှုပ်သွားသော်လည်း လုချန်းက သူမကို စနောက်နေခြင်းမျှသာ ဖြစ်ကြောင်း သူမ လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ထားစဉ် ချစ်တင်းနှောဖို့ ဖြစ်နိုင်လျှင်ပင် ယခု သူမ ကိုယ်ဝန် ရှိနေပြီ ဖြစ်၏။ မိဖုရား များစွာ ရှိသော လုချန်းအနေနှင့် သူမ တစ်ဦးတည်းကိုသာ သီးသန့် နှိပ်စက်ရန် မလိုအပ်ပေ။
ထို့နောက် မုကျိရွှမ်းက
“ကျွန်မက မင်းကြီးရဲ့ အမျိုးသမီးပါ။ မင်းကြီးကို ပြုစုရတာ ကျွန်မရဲ့ အခွင့်အရေးပါ။”
မုကျိရွှမ်း မကြောက်ရွံ့သည်ကို မြင်သောအခါ လုချန်း ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ ထို့နောက် သူမကို ပွေ့ဖက်ကာ နောက်တစ်ကြိမ် လှည့်လိုက်ပြီး သူမအား သူ၏ အောက်သို့ နေရာချလိုက်သည်။