← Chapters

လုချန်း၏ ပထမဆုံး တံခါးပိတ် ကျင့်ကြံခြင်း

Vol. 69 Ch. 1024

လုချန်း၏ ပထမဆုံး တံခါးပိတ် ကျင့်ကြံခြင်း

Vol. 69 Ch. 1024

မုကျိရွှမ်းနှင့် နောက်ထပ် တစ်ရက် အတူ ဖြတ်သန်းပြီးနောက် လုချန်းသည် နောက်ဆုံးတွင် သူမအား လေပြင်းမိုးတိမ်ဆောင်မှ ထွက်ခွာခွင့် ပြုလိုက်သည်။

မုကျိရွှမ်း ထွက်ခွာသွားသောအခါ လုချန်းသည် ရေချိုးကန်ထဲတွင် တစ်ယောက်တည်း စိမ်နေခဲ့သည်။ သူ၏ မျက်လုံးများသည် စနစ် မျက်နှာပြင်ကို စိုက်ကြည့်နေသည်။

[သူတော်စင်အဆင့် ရုပ်သေးပညာ: သူတော်စင်အဆင့် ရုပ်သေးပညာ၌ စုစုပေါင်း အဆင့် လေးဆင့် ရှိသည်။ ဤရုပ်သေးပညာကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံပါက သင်နှင့် ရုပ်သေးတို့သည် အင်အားနှင့် အာရုံခံနိုင်စွမ်း ရာနှုန်းပြည့် ဆက်သွယ်နိုင်သည်။ ဤစကြာဝဠာအတွင်း အကွာအဝေး ကန့်သတ်ချက် မရှိပဲ ရုပ်သေးကို ထိန်းချုပ်နိုင်သည်။”

ရုပ်သေးပညာ၏ လုပ်ဆောင်ချက်ကို မြင်သောအခါ လုချန်း အံ့အားသင့်သွားသည်။ သူ၏ ပထမဆုံး အတွေးမှာ ကျိယန်ကမ္ဘာကို စူးစမ်းလေ့လာဖို့ ရုပ်သေးကို အသုံးပြုရန် ဖြစ်သည်။ အစကတော့ သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူများလာပြီးမှသာ ကျိယန်ကမ္ဘာကို စတင်ထောက်လှမ်းရန် သူစဉ်းစားထားခဲ့သည်။

စနစ်က သူ့အား ထိန်းချုပ်မှု အကွာအဝေး ကန်သတ်ချက်ကင်းသော ရုပ်သေးပညာတစ်ရပ်ကို ဤမျှ လျင်မြန်စွာ ဆုချလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း...

ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာ တစ်ဝက်ကို သူတော်စင်အဆင့် ရုပ်သေးပညာတစ်ခုနှင့် လဲလှယ်ခြင်းက အနည်းငယ် ဈေးနှိမ်ခံရသည်ဟု လုချန်းခံစားရသည်။

ဟုတ်ပါသည်။ ရင်သွေးကမ္ဘာတစ်ခုကို ပဋိသန္ဓေတည်ခြင်းသာမက ၎င်းကို ပျိုးထောင်ခြင်းအတွက်ပါ သူ ဆုလာဘ်များ ရရှိနိုင်သည်။ စနစ်ထံမှ လက်ရှိ ဆုလာဘ်သည် မုကျိရွှမ်းက ရင်သွေးကမ္ဘာတစ်ခု ပဋိသန္ဓေတည်ခြင်းအတွက်သာ ဖြစ်၏။ သူမ ရင်သွေးကမ္ဘာကို ပျိုးထောင်ပြီးသည်နှင့် နောက်ထပ် ဆုတစ်ခု ရရှိနိုင်သည်။

ချူးယုချင် ရင်သွေးကမ္ဘာတစ်ခု ပဋိသန္ဓေတည်ခဲ့စဉ်က ဆုလာဘ်မှာ ထျန်းချန်ကမ္ဘာကို ပြုပြင်ရန် လိုအပ်သော ပုံသဏ္ဌာန်မဲ့သဲမျှသာ ဖြစ်သည်ကို သူ မှတ်မိနေသည်။ သူတော်စင်အဆင့် ရုပ်သေးပညာနှင့် နှိုင်းယှဉ်ပါက ပုံသဏ္ဌာန်မဲ့သဲသည် ဘာမှ မဟုတ်ပေ။

မုကျိရွှမ်း ဤတစ်ကြိမ် ရင်သွေးကမ္ဘာ ပဋိသန္ဓေတည်ခြင်းအတွက် ဤမျှ ကြီးမားသော ဆုလာဘ်ကို ရရှိခဲ့၏။ သူမရင်သွေးကမ္ဘာကို ပျိုးထောင်နိုင်သောအခါ ဆုလာဘ်များ ပို၍ပင် ကောင်းမွန်လာမည်လား မသိနိုင်ပေ။

ထိုသို့ တွေးမိသောအခါ လုချန်း စိတ်လှုပ်ရှားမှု အနည်းငယ်ကို ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူသည် ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာ တစ်ဝက်ကို သုံးစွဲခဲ့ပြီး ဖြစ်၏။ ကောင်းမွန်သော အကျိုးအမြတ်အချို့ကို သူရထိုက်သည်။

ထျန်းချန်ကမ္ဘာ၏ ကံကြမ္မာ တစ်ဝက်ကို စုပ်ယူလိုက်ကတည်းက ထျန်းချန်ကမ္ဘာ၏ ကျင့်ကြံသူများ ပို၍ ကံဆိုးလာခဲ့ကြသည်။ ၎င်းတို့၏ အဆင့်တက်ခြင်းများတွင် သိသိသာသာ ပိုမို မြင့်မားသော ကျရှုံးမှုနှုန်းများ ရှိလာခဲ့၏။ သို့သော် သာမန်လူများအပေါ်တွင်တော့ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။

ထျန်းချန်ကမ္ဘာက ၎င်း၏ ကိုယ်ပိုင် ကံကြမ္မာအတွက် ပြန်လည် ဖြည့်တင်းနေသည်ဟု လုချန်း သံသယဝင်လာခဲ့သည်။ ၎င်းသည် ကျင့်ကြံသူများ၏ ကံကြမ္မာကို စုပ်ယူခြင်းဖြင့် ထိုသို့ပြုလုပ်နေခြင်း ဖြစ်၏။ ထိုအရာက ကျင့်ကြံသူများ၏ ကျင့်စဉ်ခရီးစဉ်များအား များစွာခက်ခဲ စေခဲ့သည်။

ဟုတ်ပါသည်။ ဒါက လုချန်း၏ ထင်မြင်ချက်မျှသာ ဖြစ်၏။ သူ့တွင် သက်သေ အထောက်အထား မရှိပါ။

ထို့နောက် လုချန်းလည်း စနစ် မျက်နှာပြင်ကို ပိတ်လိုက်ပြီး ရေချိုးခြင်းကို လျင်မြန်စွာ အဆုံးသတ်လိုက်၏။ ထို့နောက် နန်းတွင်းရှိ မြေအောက် နန်းဆောင်တစ်ခုသို့ ဦးတည်လိုက်သည်။

ယခုနှစ်များတစ်လျှောက် နန်းတော်အတွင်း ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ခဲ့သည်။ ထိုအထဲတွင် ကျယ်ပြန့်သော မြေအောက် နန်းဆောင်တစ်ခု တည်ဆောက်ခြင်းလည်း ပါဝင်သည်။

ဤနန်းဆောင်ကို သူ၏ မိဖုရားငယ်များနှင့် သားသမီးများ တံခါးပိတ် ကျင့်ကြံရန်အတွက် အဓိက အသုံးပြုသည်။ လုချန်း၏ မိဖုရားများနှင့် သားသမီးများသည် ၎င်းကို မကြာခဏ အသုံးပြုကြသည်။ သို့သော် သူကိုယ်တိုင်ကတော့ တစ်ခါမှ အသုံးပြုခဲ့ခြင်း မရှိပေ။ သူ၏ ယခင် ကျင့်ကြံခြင်း နည်းလမ်းမှာ အမျိုးသမီးများမှတစ်ဆင့်သာ ဖြစ်ခဲ့သည်။ ထို့ကြောင့် တံခါးပိတ် ကျင့်ကြံဖို့ မလိုအပ်ခဲ့ပေ။

သို့သော် ဤတစ်ကြိမ်တွင်‌တော့ ရုပ်သေးပညာကို ပြီးပြည့်စုံသည်အထိ သူ လျင်မြန်စွာ ကျင့်ကြံလိုသည်။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံရန် သူဆုံးဖြတ်လိုက်သည်။

စနစ် အဆင့်မြှင့်တင်ပြီးကတည်းက သူသည် အမျိုးသမီးများမှတစ်ဆင့် ကျင့်ကြံခြင်းဖြင့် ကြီးမားသော တိူးတက်မှုများ မရတော့ပေ။ သူကိုယ်တိုင် ကျင့်ကြံခြင်းက အမျိုးသမီးများမှတစ်ဆင့် ကျင့်ကြံခြင်းထက် ပိုမို မြန်ဆန်သည်ဟု စနစ်က ရှင်းပြခဲ့သည်။

လုချန်း မြေအောက် နန်းဆောင်ထဲသို့ ဝင်ရောက်လာသောအခါ အစေခံမလေးများက သူ့ကို အံ့ဩစွာ ကြည့်လိုက်ကြသည်။

သူတို့၏ မင်းကြီးက ယနေ့ မြေအောက် နန်းဆောင်သို့ သူ့အလိုလို ကြွလာခဲ့ပါလား။

မင်းကြီးက မြေအောက် နန်းဆောင်တွင် ဘာလုပ်နေပါသနည်း။

မိဖုရား တစ်ပါးပါးနှင့် ရင်းရင်းနှီးနှီး နေလိုပြီး သူမက အပေါ်တွင် မရှိသောကြောင့် ကိုယ်တိုင် ဆင်းလာခဲ့ခြင်းလား။

ဤနေရာတွင် တစ်‌ယောက်ယောက်ကို ရှာဖွေပြီး တိုက်ရိုက် ပျော်ပါးရန် ရည်ရွယ်ခြင်း ဖြစ်နိုင်လား။

မြေအောက် နန်းဆောင်သည် အပေါ်ပိုင်းနန်း ဆောင်များကဲ့သို့ပင် ခမ်းနားထည်ဝါသည်။ အလင်းရောင် အားနည်းခြင်းလည်း မရှိပေ။

ယခု ရှနိုင်ငံတော်၏ စက်မှုလုပ်ငန်းသည် အဆင့်တစ်ခုသို့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးဖြစ်သည်။ ထိုအချက်က သူတို့ ထုတ်လုပ်လိုက်သော မီးသီးများ၏ အရည်အသွေးများကို မြှင့်တင်ပေးခဲ့သည်။ ထို့ပြင် ဧကရာဇ် အသုံးပြုသော ပစ္စည်းများ ဖြစ်သဖြင့် အကောင်းဆုံး အရည်အသွေးများ ရှိကြသည်။

လုချန်းသည် မြေအောက် နန်းဆောင်၏ စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားလိုက်ပြီး အောက်ရှိ လေပြင်းမိုးတိမ်ဆောင်သို့ ရောက်ရှိလာသည်။ ထို့နောက် စောင့်ကြပ်နေသော အစေခံမလေးအား

“ငါ တံခါးပိတ် ကျင့်ကြံတော့မယ်။ အရေးကြီးတဲ့ ကိစ္စ တစ်ခုခု မရှိရင် ဘယ်သူမှ ငါ့ကို မနှောင့်ယှက်စေနဲ့။”

လုချန်း၏ စကားကို ကြားပြီးနောက် အစေခံမလေးလည်း အံ့ဩတုန်လှုပ်သွားသည်။ သို့သော်လည်း သူမက

“ဟုတ်... ဟုတ်ကဲ့ပါ၊ မင်းကြီး”

ဟု လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

မင်းကြီးက တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဒါက အမှန်တကယ်ပင် ထူးခြားသည့် သတင်းကြီး ဖြစ်၏။ နန်းတွင်းရှိ လူတိုင်းသည် လုချန်း မည်သို့သော လူစားမျိုး ဖြစ်သည်ကို သိကြသည်။ သို့သော်လည်း ယခု သူက တံခါးပိတ် ကျင့်ကြံလိုသည်ဟု အမှန်တကယ် ပြောဆိုနေသည်။

ယနေ့ နေက အနောက်အရပ်မှ ထွက်လာခဲ့ပြီလား။

အစေခံမလေးများ၏ အံ့ဩတုန်လှုပ်နေသော အကြည့်များကို လုချန်း ဂရုမစိုက်ပါ။ သူက လေပြင်းမိုးတိမ်ဆောင်ထဲသို့ တည့်တည့် လျှောက်ဝင်သွားသည်။ နန်းဆောင် တံခါးများ ပိတ်သွားသည်နှင့် သူတော်စင်အဆင့် ရုပ်သေးပညာကို စတင် ကျင့်ကြံ‌ တော့သည်။

မကြာမီတွင် လုချန်း တံခါးပိတ် ကျင့်စဉ်စခန်းဝင်သည့် သတင်းသည် ရန်မြို့ နန်းတွင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ လုချန်း တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ရန် ရည်ရွယ်သည်ကို ကြားသောအခါ သူ၏ ဇနီးများအားလုံး အံ့အားသင့်သွားကာ လျင်မြန်စွာ စုရုံးမိကြသည်။

……

လေပြင်းမိုးတိမ်ဆောင် အတွင်း၌။

အမျိုးသမီးများသည် တစ်ယောက်ကိုတစ်ယောက် စူးစမ်းစွာ ကြည့်နေကြသည်။

ထိုစဉ် မုကျိရွှမ်းက စတင်၍ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ ဒေါ်လေးချူး။ မင်းကြီးက ဘာလို့ ရုတ်တရက် တံခါးပိတ် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာလဲ။ တစ်ခုခု ဖြစ်လို့လား။”

ချူးယုချင်က

“တို့လည်း မသိဘူး။ ချန်းလေးက ဒေါ်လေးကို မပြောပဲ မြေအောက် လေပြင်းမိုးတိမ်ဆောင်ကို သွားခဲ့တာ။”

“သူ တံခါးပိတ် မကျင့်ကြံခင် နောက်ဆုံး တွေ့ခဲ့တဲ့ မိန်းမက ညီမ ထင်တယ်။ သူ ညီမကို အဲဒီအကြောင်း တစ်ခုခု ပြောမသွားဘူးလား။”

မုကျိရွှမ်း ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက်

“မပြောပါဘူး။ သူ ကျွန်မကို ဘာမှ မပြောခဲ့ဘူး။”

ထိုစဉ် အမျိုးသမီးများ ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချူးယုချင်က ပိုင်ချင်းချင်းကို လှည့်ကြည့်လိုက်သည်။ ပိုင်ချင်းချင်းသည် လုချန်း၏ လက်ထောက်ဖြစ်၏။ သူမ တစ်ခုခု သိရမည်မှာ သေချာသည်။

“ပိုင်။ ချန်းလေး ဘာလို့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားလဲ ဆိုတာ မင်း သိသင့်တယ် မဟုတ်လား။”

ပိုင်ချင်းချင်းက ခေါင်းခါလိုက်ပြီး

“ကျွန်မလည်း ဘာမှ မသိပါဘူး။”

ရဲလိနန်ရန်က ဝင်ပြောလိုက်သည်။

“မင်းကြီးက ညီမပိုင်ကိုတောင် မပြောဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ မကောင်းတာ တစ်ခုခု ဖြစ်သွားပြီး မင်းကြီးက ကျွန်မတို့ကို စိတ်မပူစေချင်လို့ မပြောခဲ့တာ ဖြစ်နိုင်မလား။”

ထိုမှတ်ချက်ကို ကြားသောအခါ အမျိုးသမီးများ အားလုံး၏ မျက်နှာများပေါ်တွင် စိုးရိမ်သော အမူအရာတစ်ခု ပေါ်လာသည်။

မည်သို့ပင်ဖြစ်စေ လုချန်းသည် ယခင်က တံခါးပိတ် ကျင့်ကြံခြင်း လုပ်ခဲ့ဖူးသူ တစ်ယောက် မဟုတ်ပေ။ သူ၏ ပုံမှန် ကျင့်ကြံခြင်း နည်းလမ်းမှာ သူ၏ ဇနီးများနှင့် စုံတွဲ ကျင့်ကြံခြင်း ဖြစ်သည်။ သူ ယခုလို ရုတ်တရက် တံခါးပိတ် ကျင့်ကြံခြင်းက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။

အဓိက ပြဿနာမှာ ဘယ်သူ့ကိုမှ ဘာမှ ကြို မပြောခဲ့ခြင်း ဖြစ်သည်။ အစေခံမလေးများကိုလည်း ဘာမှမှာကြားခြင်း မရှိခဲ့ပေ။

ထို့ကြောင့် သူတို့ စိတ်မပူပဲ နေဖို့က မဖြစ်နိုင် ပေ။

ချူးယုချင် လုချန်း၏ နောက်ခံအကြောင်းကို ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက်

“တို့တတွေ အရမ်း မတွေးကြရအောင်။

ချန်း‌ လေးက တံခါးပိတ် ကျင့်ချင်ရုံ သက်သက် ဖြစ်နိုင်ပါတယ်။ ဘာမှ မှားနေတာ ရှိမှာ မဟုတ်ပါဘူး။”

လုချန်းသည် မဟာဧကရာဇ်၏ သားတော် ဖြစ်ကြောင်း ချူးယုချင် ပြန်သတိရလိုက်သည်။ သူ၏ ယခင်ဘဝတုန်းက သူသည် အလွန်တင်းကြပ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။ သူသည် အချစ်ရေးကိစ္စများကို ပင် လျစ်လျူရှုခဲ့သူဖြစ်သည်။ အမျိုးသမီးများကို ရှောင်ကြဉ်ကာ ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သည်။

ယခု ဒါက တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သည့် ကိစ္စမျှသာ ဖြစ်သည်။ သူတို့ အတွေးလွန်နေဖို့ မလိုပေ။

ချူးယုချင်၏ စကားကို ကြားပြီးနောက် ဝမ်ချင်းစီက

“ ဒေါ်လေးချူး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းကြီး တံခါးပိတ် ကျင့်ကြံတာဘယ်လောက် ကြာမလဲ ဆိုတာကိုတော့ ကျွန်မတို့ မသိကြဘူး။ “

လုချန်း သူမထံ မလာရောက်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း ဝမ်ချင်းစီ စိတ်ထဲ တွေးလိုက်သည်။ သို့သော် သူမကြောင့် မဟုတ်မှန်း သူမ သိသည်။ သူမ၏ အလှည့် မရောက်သေးရုံသာ ဖြစ်သည်။

ယခုတော့ သူမ၏ အလှည့် နီးကပ်လာချိန်တွင်မှ လုချန်းက တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားခဲ့သည်။ သူမ မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

ကျောင်းယိုယိုကလည်း

“မင်းကြီးရဲ့ တံခါးပိတ် ကျင့်စဉ်စခန်းက နှစ်တစ်ရာလောက် ကြာသွားနိုင်မှာ မဟုတ်ဘူး မဟုတ်လား။”

ရှောင်ဝမ်ယောင်က

“ပြောရခက်တယ်။ အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေက တစ်ခါတလေ နှစ်တစ်ရာလောက် တံခါးပိတ် ကျင့်ကြံတတ်ကြတယ်လို့ ကျွန်မ ကြားဖူးတယ်။”

ထို့နောက် ချူးချင်လီက

“သူ တကယ် နှစ်တစ်ရာလောက် တံခါးပိတ် ကျင့်ကြံနေမယ်ဆိုရင် ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ။”

လုချန်း၏ ဇနီးများအားလုံး စိုးရိမ်နေပုံရသည်ကို မြင်သောအခါ ချူးယုချင် ပြောစရာ စကားမရှိ ဖြစ်သွားသည်။ လုချန်းသည် ယခုလေးတင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားခြင်း ဖြစ်သည်။ သူတို့ကတော့ သူ ဘယ်တော့ ပြန်ထွက်လာမှာလဲ တွေး၍ ပူပန်နေကြပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် သူတို့သည် ထိုမျှ စိတ်အားထက်သန်ကြသည်တော့ မဟုတ်ပေ။ အိပ်ရာထဲ ရောက်ပြီး မကြာမီမှာပင် အသနားခံ တတ်ကြသည်။ ယခုမူ သူတို့က လုချန်း၏ တံခါးပိတ် ကျင့်ကြံမှု အလွန် ကြာသွားမည်ကို စိုးရိမ်နေကြပြန်သည်။

All Chapters