← Chapters

ဘာလို့ မကျေမနပ် ဖြစ်နေတာလဲ

Vol. 69 Ch. 1026

ဘာလို့ မကျေမနပ် ဖြစ်နေတာလဲ

Vol. 69 Ch. 1026

လုချန်း တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာသည့် သတင်းသည် နန်းတော်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကြောင့် အမျိုးသမီးများလည်း လေပြင်းမိုးတိမ်ဆောင်မှ ထွက်ခွာခဲ့မိသည်ကို ချက်ချင်း နောင်တရသွားကြပြီး လေပြင်းမိုးတိမ်ဆောင်သို့ ချက်ချင်း ပြန်လာခဲ့ကြ၏။

သို့သော် သူတို့ ရောက်ရှိလာသောအခါ လုချန်း အလုပ်များနေသည်ကို တွေ့လိုက်ရသည်။ ချန်ဝမ်ရွန်သည် သူ၏ စွမ်းအားခံယူရာခန္ဓာ အဖြစ် လုံးဝ ပြောင်းလဲနေခဲ့ပြီး သူမ၏ ပြင်းထန်သော ရှိုက်ငိုခြင်းနှင့် အော်ဟစ်ခြင်းများကို သူတို့ မျက်မြင်တွေ့လိုက်ရသည်။

အမျိုးသမီးများ အတန်ငယ် စိတ်သက်သာရာ ရသွားကြသည်။ သူတို့တွင် စိုးရိမ်မှု အချို့ ရှိခဲ့ကြသည်။ လုချန်း တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာပြီးနောက် ပြောင်းလဲသွားနိုင်ပြီး အချစ်ရေးကိစ္စများကို ဂရုစိုက်တော့မည် မဟုတ်ဟု သူတို့က စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။

တကယ်တော့ သူတို့ အစိုးရိမ်လွန်ခဲ့ကြခြင်း ဖြစ်သည်။ မင်းကြီးသည် အရင်အတိုင်းပင် ရှိနေသေး၏။

ထိုအခိုက်တွင် ဇနီးများ တံခါးပေါက်ဝတွင် စုရုံးနေကြပြီး ထိုမြင်ကွင်းကို ကြည့်ရှုနေကြသည်။ လုချန်းက သူတို့အား လှမ်းကြည့်လိုက်ပြီး ပြုံးလျက်

“ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ ပြန်မသွားရဘူး။ အားလုံး ဒီကို လာခဲ့ကြ။”

ဒါက…

အမျိုးသမီးများ နားမလည်နိုင် ဖြစ်ကာ အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့သည် ဤအရာကို လက်ခံနိုင်သော်လည်း ပါဝင်သော အမျိုးသမီး အရေအတွက်မှာ အလွန် များနေဆဲ ဖြစ်သည်။ လုချန်း စတင်သည်နှင့် တစ်ခါတစ်ရံ လဝက်ခန့် ကြာတတ်သည်ကို သူတို့ သိကြသည်။ ထိုအချက်ကို ထောက်ဆလျှင် ဒီကိစ္စက အချိန်များစွာ ယူရတော့မည် မဟုတ်လား။

ဟုတ်ပါသည်။ လုချန်းတွင်လည်း ထိုသို့သော ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့၏ သူ့အပေါ် လွမ်းဆွတ်မှုကို သက်သာစေရန်သာ အစီအစဉ် ရှိခဲ့သည်။

မည်သို့ပင်ဆိုစေ သူတို့သည် တစ်နှစ်ကြာမျှ သူ့ကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့ မခံမရပ်နိုင် ဖြစ်နေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချင်းစီက စကားတစ်ခွန်းမှ မပြောပဲ လုချန်း၏ ဘေးသို့ ချက်ချင်း ပြေးသွားကာ

“မင်းကြီး နောက်ဆုံးတော့ တံခါးပိတ် ကျင့်စဉ်စခန်းက ထွက်လာပြီ။ ကျွန်မ ရှင့်ကို အရမ်း လွမ်းနေခဲ့တာ…”

ဝမ်ချင်းစီက ဦးဆောင်ကာ မြူစွယ်သော ဟန်ပန် ပြုလုပ်လာသည်ကို ရဲလိနန်ရန်နှင့် အခြားသူများ မြင်လိုက်ရသောအခါ သူတို့လည်း ဆက်လက်ဟန်ဆောင်မနေကြတော့ရန် ဆုံးဖြတ်လိုက်ကြပြီး သူ့ပတ်လည်သို့ တိုးဝှေ့ကာ စုရုံးလိုက်ကြသည်။

နှစ်ရက်ကြာ နှစ်သိမ့်မှု ပြီးနောက် လုချန်း၏ ဇနီးများ၏ လွမ်းဆွတ်မှုများလည်း များစွာ လျော့ပါးသွားခဲ့သည်။ သို့သော် ယွမ်ရှန်ရှန်နှင့် ချူးယုချင်တို့ကတော့ မပါဝင်ခဲ့ကြပေ။

ထိုအမျိုးသမီး နှစ်ဦးလုံး ဤခမ်းနားသော ပွဲကြီးကို မတက်ရောက်ခဲ့ကြပေ။ ချူးယုချင်သည် သူမ၏ ယခင်ဘဝများမှ အမှတ်တရများကို ပြန်လည် ရရှိပြီးနောက် ယခင်ကဲ့သို့ ရှက်ရွံ့မှုများ မရှိတော့‌ပေ။ သူမ မတက်ရောက်ရသည့် အကြောင်းရင်းမှာ ဟန်ဆောင်ချုပ်တည်းနေခြင်းကြောင့် မဟုတ်ပေ။

ယွမ်ရှန်ရှန်ကတော့ တစ်မျိုးဖြစ်သည်။ သူမသည် လုချန်းအား အခြားသူများနှင့် မျှဝေသုံးစွဲရခြင်းကို မနှစ်သက်ပေ။

ဒါက ရွံရှာရာကောင်းသည်ဟု ယွမ်ရှန်ရှန်သ သတ်မှတ်သည်။

“ဒီနေရာတွင်မှာလည်း “သုံး” ဟိုနေရာမှာလည်း သုံး” သည့်လုပ်ရပ်ကို သူမ မကြိုက်ပေ။ သူမသည် သန့်ရှင်းမှုကို စွဲလမ်းသူ တစ်ဦးဖြစ်ပြီး ထိုအရာကို တစ်ဦးတည်း သီးသန့် ပိုင်ဆိုင်လိုသူ ဖြစ်သည်။

လုချန်း၏ ဇနီးများအားလုံး လေပြင်းမိုးတိမ်ဆောင်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီးနောက် မုကျိရွှမ်းနှင့် ပိုင်ချင်းချင်းတို့သာ ကျန်ရစ်ခဲ့သည်။

လုချန်းက အမျိုးသမီး နှစ်ဦးလုံးကို ပွေ့ဖက်ထားရင်း

“ဒီတစ်နှစ်အတွင်း ထျန်းချန်ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ အဓိက အဖြစ်အပျက်တွေအကြောင်း ကိုယ့်ကို ပြောပြကြ။”

အမျိုးသမီးများလည်း ထျန်းချန်ကမ္ဘာတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက် အချို့ကို လုချန်းအား ချက်ချင်း အသိပေးခဲ့ကြသည်။

သူတို့ ပြောသည်ကို နားထောင်ပြီးနောက် လုချန်း တွေးတောသွားခဲ့၏။ ထို့နောက် ခဏအကြာတွင် သူက

“ဖုန်းလေးက တကယ် ကြီးပြင်းလာပြီပဲ။ အခု သူ့ဘာသာသူ ရပ်တည်နိုင်ပြီ။”

“ကိုယ်က တစ်နှစ်ပဲ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လိုက်တာပါ။ ဒီအတောအတွင်း ထျန်းချန်ကမ္ဘာမှာ ဒီလောက် အများကြီး ဖြစ်ပျက်သွားလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး။ တချို့လူတွေက တကယ် မငြိမ်သက် နိုင်ကြဘူး။ သူတို့ကို သင်ခန်းစာတစ်ခု ပေးဖို့ လိုပုံရတယ်။”

ထို့နောက် လုချန်းလည်း မုကျိရွှမ်း နှင့် ပိုင်ချင်းချင်းတို့ကို ဆက်လက်နှစ်သိမ့်ခဲ့၏။ ရေချိုးပြီးနောက်မှ ယွမ်ရှန်ရှန်၏ အိပ်ဆောင်သို့ ဦးတည်လိုက်သည်။

ယွမ်ရှန်ရှန်၏ အိပ်ဆောင်သည် ရေခဲတမျှ အေးစက်နေသည်။ အေးစက်သော လေထုသည် နေရာအနှံ့ ပျံ့နှံ့နေပြီး ပတ်ပတ်လည်တွင် ရေခဲတုံးများ ရှိနေသည်။ အနီးတွင် ခစားနေသော အစေခံများသည် နွေးထွေးသော အဝတ်များ ဝတ်ဆင်ထားသော်လည်း တုန်ရီနေကြသည်။

လုချန်း ရုတ်တရက် ခန်းမကြီးထဲ ပေါ်ထွက်လာသည်ကို မြင်သောအခါ အစေခံများ အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး

“မင်းကြီးကို ဂါရဝပြုပါတယ်။ သက်တော် ရာကျော် ရှည်ပါစေ။”

လုချန်းက သူ၏ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး

“ထကြ။”

ထိုစကားများ ဆုံးသွားသည်နှင့် လုချန်း၏ အကြည့်က ယွမ်ရှန်ရှန်၏ ကုတင် ဆီသို့ လှည့်သွားသည်။ ထိုအခိုက်တွင် ယွမ်ရှန်ရှန်သည် သူမ၏ မျက်လုံးများကို မှိတ်ထားပြီး သူ ရှိနေခြင်းကို လုံးဝ လျစ်လျူရှုထားပုံရသည်။

သို့သော် သူ ရှိနေသည်ကို ယွမ်ရှန်ရှန်သိ‌ကြောင်း ထင်ရှားသည်။ သူမက သူ့ကို မမြင်ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

လုချန်း တစ်ချက် ပြုံးလိုက်သည်။ ထို့နောက် ယွမ်ရှန်ရှန်၏ ကုတင်ဆီသို့ ချက်ချင်း ချဉ်းကပ်သွားကာ သူမ၏ လက်ကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်ပြီး

“ဆရာမ။ ခင်ဗျား နည်းနည်း စိတ်မကျေမနပ် ဖြစ်နေပုံပဲ။”

ယွမ်ရှန်ရှန်က သူမ၏ မျက်လုံးများကို မဖွင့်သေးပဲ အေးစက်စွာ ပြောလိုက်သည်။

“ရှင် စိတ်ထင်နေတာပါ။”

အေးစက်သော နတ်သမီး၏ ခွင့်မပြုလိုသော အမူအရာကို မြင်သောအခါ လုချန်း ရင်ခုန်သွားခဲ့သည်။ သူ စကားဆက်မပြောလိုတော့ပဲ သူမကို တိုက်ရိုက် တွန်းလှဲချလိုက်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။

“အွန်း…”

ဤအချိန်တွင် ယွမ်ရှန်ရှန်သည် နောက်ဆုံးတွင် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် ရုန်းကန်စ ပြုလာသည်။ လုချန်းက အရာရာကို ဖြည်းဖြည်းချင်း လုပ်ဆောင်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူက စစချင်းမှာပင် လှုပ်ရှားလာခဲ့သည်။

ခဏမျှ နမ်းရှိုက်ပြီးနောက် လုံလောက်ပြီဟု လုချန်း ခံစားရကာ ယွမ်ရှန်ရှန်နှင့် ရင်းနှီးစွာ နေထိုင်လိုက်သည်။ ဤလုပ်ရပ်သည် အေးစက်သော နတ်သမီးကို ချက်ချင်း နွေးထွေးသွားစေခဲ့သည်။

ယွမ်ရှန်ရှန် အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားသည်။ ဤပုန်ကန်တတ်သော တပည့်သည် အမှန်တကယ်ပင် သူမ၏ ရှောင်မရသော ဝဠ်ကြွေးတစ်ခုဖြစ်သည်။ သူက သူမကို ဘယ်တော့မှ ဟန်ဆောင်ခွင့် မပေးခဲ့ပေ။

လှုပ်ရှားနေရင်း လုချန်းက

“ဆရာမ ကျွန်‌တော့်ကို တကယ် လွမ်းနေခဲ့တာပဲ။ ကျွန်တော် မရောက်လာခင်ကတည်းက ဆရာမရဲ့ ခန္ဓာကိုယ်ကို ပြင်ဆင်ထားပြီးသားပဲ။”

ရှက်စိတ် ဒေါသစိတ်တို့ဖြင့် ယွမ်ရှန်ရှန် လုချန်းကို စိုက်ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပါ။

လုချန်းလည်း ယွမ်ရှန်ရှန်ကို ဆက်လက်၍ မစနောက်တော့ပဲ ပြုံးလိုက်ပြီး

“ဆရာမ ဒီအတောအတွင်း နဂါးနက်ခရိုင်ကို ထပ်သွားခဲ့သေးလား။”

ယွမ်ရှန်ရှန်က

“ သွားခဲ့တယ်။ အခုလေးတင်... ပြန်ရောက်လာတာ...”

လုချန်းက

“ကျိရွှမ်းနဲ့ ပိုင်တို့ဆီက ကြားတယ်။ နဂါးနက်ခရိုင်က အခြေအနေက နည်းနည်း ဆိုးရွားနေပုံပဲ.....”

ယွမ်ရှန်ရှန်က

“အင်အားစုတွေ တော်တော်များများက ရှင့်ရဲ့အုပ်ချုပ်မှုကို... ဖြုတ်ချချင်ပုံပဲ...”

လုချန်းက

“ကျွန်တော်က ကျင့်စဉ်တစ်ခုကျင့်ဖို့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လိုက်ရုံပါ။ ဒါကို သူတို့က ကျွန်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီလို့ ထင်နေကြပြီ။ သူတို့ တကယ်ပဲ တွေးရဲကြတယ်။”

ယွမ်ရှန်ရှန်က

“ဖြစ်နိုင်တာက.... အဲ့ဒီ အကြောင်းပြချက် တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး...”

“ကျွန်မ ခံစားမိတာက နဂါးနက်ခရိုင်မှာ... နတ်ဆိုးကျင့်ကြံသူတွေ ... ပိုများလာသလိုပဲ...”

“ သူတို့....”

ယွမ်ရှန်ရှန်၏ လှပသော မျက်လုံးများက လုချန်းကို ကြည့်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ပဲ အနည်းငယ် လှုပ်ယမ်းလာသည်။ လုချန်းက ပြုံးလိုက်ပြီး သူ၏ လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်ရင်း

“သူတို့ ဘာဖြစ်လဲ။”

ယွမ်ရှန်ရှန်က

“သူတို့... နောက်ကွယ်ကနေ လှုံ့ဆော်ပေးနေတဲ့ နတ်ဆိုးကျင့်ကြံသူတွေ ရှိနိုင်တယ်။”

လုချန်း ခဏခန့် တွေးတောလိုက်ပြီးနောက် “တကယ်လို့ နတ်ဆိုးကျင့်ကြံသူတွေသာ ဆိုရင် ကိုင်တွယ်ရတာ အတော်လေး လွယ်ကူတယ်။ ဒါပေမဲ့ သူတို့ နောက်ကွယ်က လူရဲ့ အင်အားကို မသိနိုင်ဘူး။”

“သူတို့မှာ ပုန်ကန်ဖို့ ရည်ရွယ်ချက် ရှိနေမှတော့ သူတို့ကို လှုံ့ဆော်နေတဲ့လူက အရမ်း အင်အားကြီးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။”

ယွမ်ရှန်ရှန်

“ရှင့်အတွက်တော့သူတို့က ခြိမ်းခြောက်မှု မသိပ်ဖြစ်စေပါဘူး။”

လုချန်းက

“သူတို့က ခြိမ်းခြောက်မှု မဖြစ်စေပေမဲ့ စိတ်အနှောင့်အယှက်တော့ ဖြစ်စရာပဲ။”

“ကျင့်စဉ်ကျင့်ဖို့ ပထမဆုံးအကြိမ် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လိုက်တာနဲ့ တစ်ယောက်ယောက်က ပေါ်လာပြီး ပြဿနာ ရှာတယ်။”

“အနာဂတ်မှာ ကျွန်တော် မကြာခဏ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်မယ်ဆိုရင် အမြဲတမ်း တစ်ယောက်ယောက်က ပြဿနာ ရှာနေတော့မှာ မဟုတ်ဘူးလား။”

“ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာရမယ်။ ပြီးတော့ ပြင်းပြင်းထန်ထန် သတိပေးပြီး နမူနာတစ်ခု ပြရမယ်။”

ယွမ်ရှန်ရှန် ဘာမျှ မပြောနိုင်မီတွင် လုချန်း ရုတ်တရက် ပိုမို အားပြင်းလာခဲ့သည်။ သူ၏ အာရုံစိုက်မှု တစ်ခုလုံးကို ယွမ်ရှန်ရှန်အပေါ်သို့ ပြောင်းရွှေ့လိုက်ပြီး နဂါးနက်ခရိုင်၏ ပြဿနာများကို ဆွေးနွေးခြင်းမှ ရပ်တန့်လိုက်သည်။

ယွမ်ရှန်ရှန်သည် သူမ၏ အေးစက် နေသော အမူအရာကို ဆက်လက် ထိန်းသိမ်းမထားတော့ပဲ လုချန်းနှင့် လိုက်လျောညီထွေစွာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို စတင် လေ့ကျင့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမသည် ဤပုန်ကန်တတ်သော တပည့်၏ အမျိုးသမီး ဖြစ်နေခဲ့ပြီ ဖြစ်၏။ သူ့ရှေ့တွင် ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။ သူမကိုယ်သူမ လွှတ်ပေးလိုက်ခြင်းက ပိုကောင်းပေမည်။

တစ်ရက်အကြာတွင် လုချန်းသည် ယွမ်ရှန်ရှန်၏ အိပ်ဆောင်မှ ထွက်ခွာခဲ့ပြီး ချူးယုချင်၏ အခန်းသို့ ဦးတည်လိုက်သည်။

ချူးယုချင်သည် လုချန်း လာလိမ့်မည်ကို ကြိုတင် အာရုံခံမိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကုတင်ပေါ်တွင် ထိုင်လျက်စောင့်ဆိုင်းနေခဲ့သည်။

လုချန်းကို မြင်သောအခါ ချူးယုချင်က

“ချန်းလေး။ မင်း ကျင့်စဉ်တစ်ခုခု ကျင့်ဖို့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခဲ့တာလား။”

အလင်းအရိပ်ကျင့်စဉ်ဖြင့် လုချန်းသည် ကုတင်ဘေးသို့ ချက်ချင်း ရောက်သွားကာ ချူးယုချင်၏ ခန္ဓာကိုယ်ကို သူ၏ လက်မောင်းများဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက် ပြုံးလျက်

“ဒေါ်လေးချူးက ကျွန်တော့်ကို အသိဆုံးပဲ။ ကျွန်တော် ဘာလို့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခဲ့လဲဆိုတာ ချက်ချင်း ခန့်မှန်းမိတယ်။”

ချူးယုချင်က ညင်သာစွာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

တွန့်ဆုတ်မနေတော့ပဲ ထိုလှပသော အမျိုးသမီး၏ နှုတ်ခမ်းများကို လုချန်း တိုက်ရိုက် နမ်းရှိုက်လိုက်ပြီး ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ လှဲချလိုက်သည်။

လုချန်းသည် သူ၏ တံခါးပိတ် ကျင့်စဉ်စခန်း အဆုံးသတ်ပြီးပြီးချင်း သူ၏ အာရုံစိုက်မှုကို အမျိုးသမီးများထံသို့ ပြောင်းလိုက်သည်။ သို့သော် မိမိကိုယ်မိမိ အလွန်အမင်း ကာမဂုဏ် လိုက်စားသူဟု သူ မသတ်မှတ်ခဲ့ပေ။ သူ့တွင် ဇနီးအများအပြား ရှိနေသဖြင့် သူတို့အား ကျေနပ်အောင် ဖြည့်ဆည်းပေးရန် လိုအပ်သည်။

သူတို့သည် သူ့ကို အချိန်အကြာကြီး မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့၏ စိတ်နှလုံးများတွင် လွှတ်ထုတ်ရန် လိုအပ်သော လွမ်းဆွတ်မှုများ များစွာဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့ကြောင့် သူ၏ လုပ်ရပ်များသည် ကာမဂုဏ် လိုက်စားခြင်း မဟုတ်ပဲ တာဝန်ယူမှုကို ပြသခြင်းသာ ဖြစ်သည်။ ဤစကြဝဠာတွင် အခြား မည်သည့် အမျိုးသားမှ သူ၏ တာဝန်သိစိတ်ကို ယှဉ်နိုင်မည် မဟုတ်ချေ။

All Chapters