← Chapters

ကောင်းကင်နတ်ဆိုးရဲ့ အစွမ်းကို မြင်တွေ့စေရမယ်

Vol. 69 Ch. 1029

ကောင်းကင်နတ်ဆိုးရဲ့ အစွမ်းကို မြင်တွေ့စေရမယ်

Vol. 69 Ch. 1029

မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေ ရပ်တန့်သွားပြီး‌နောက် လုချန်းနှင့် ဂိုဏ်းမှ အကြီးအကဲ တစ်စုကို ဦးဆောင်ကာ စုဟန်ယန် မိုးပျံလှေပေါ်မှ ဆင်းသက်လာသည်။

ထိုအချိန်တွင် လုချန်းသည် သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသည်။ ထို့ကြောင့် လူအများက သူ့ကို မမှတ်မိကြပေ။ သူတို့က လုချန်းအား မြူခိုးမှော်ဂိုဏ်း၏ အကြီးအကဲများထဲမှ တစ်ဦးဟုသာ ထင်မှတ်နေကြသည်။

စုဟန်ယန် ဆင်းသက်လာသည်နှင့် လီရှင်းဟွိုင် ချက်ချင်း ရှေ့တိုးလာပြီး ပြုံးလျက်

“ဂိုဏ်းချုပ်စု။ ခင်ဗျား လာလိမ့်မယ်လို့ ကျွန်တော် အသေအချာ သိပြီးသားပါ။”

စုဟန်ယန်က

“ဒါက ကလဲ့စားချေဖို့ အခွင့်အရေးပဲလေ။ ကျွန်မ လာရမှာပေါ့။”

ထို့နောက် လီရှင်းဟွိုင်က

“လူစုံတက်စုံ ရောက်နေကြပြီဆိုတော့ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ။”

သူတို့သည် အရေးကိစ္စကို ဆွေးနွေးရမည် ဖြစ်သည်။ ထို့ကြောင့် ဤကွင်းပြင်တွင် ရပ်၍ ဆွေးနွေး၍ မဖြစ်ပဲ နေရာပြောင်းရွှေ့ရန် လိုအပ်သည်။

ထို့နောက်တွင် အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ လီရှင်းဟွိုင်နောက်သို့ လိုက်သွားကြပြီး ပြောင်းလဲမှုတစ်ရာ ဂိုဏ်း၏ အစည်းအဝေး ခန်းမဆီသို့ ဝင်လိုက်ကြသည်။

အားလုံး နေရာယူပြီးသည်နှင့် ဂိုဏ်းချုပ်တစ်ဦးက ထမေးလိုက်သည်။

“ဂိုဏ်းချုပ်လီ။ ဆွမ်ဧကရာဇ် တကယ်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ သေချာလို့လား။”

လီရှင်းဟွိုင်က ချက်ချင်း ပြန်မဖြေဘဲ စုဟန်ယန်ကို ပြုံး၍ကြည့်လိုက်သည်။ ထို့နောက်မှ

“အဲဒီမေးခွန်းကိုတော့ ဂိုဏ်းချုပ်စုကို မေးသင့်တာပါ။”

“ဂိုဏ်းချုပ်စုက ဆွမ်ဧကရာဇ်နဲ့ တစ်ကြိမ် ပူးပေါင်းပြီး တခြားကမ္ဘာက ကျူးကျော်သူတွေကို ခုခံခဲ့ဖူးတယ်လေ။ ဆွမ်ဧကရာဇ်သာ ဒဏ်ရာရခဲ့မယ်ဆိုရင် အဲဒီအချိန်တုန်းကပဲ ဖြစ်ရမှာ။”

လီရှင်းဟွိုင်၏ အသံဆုံးသည်နှင့် မျက်လုံးအားလုံး စုဟန်ယန်ထံသို့ ဝိုင်းရောက်သွားကြသည်။

စုဟန်ယန်က ခပ်ရေးရေး ပြုံးလိုက်ပြီးမှ

“ဂိုဏ်းချုပ်လီရဲ့ တွေးဆချက်က မမှားပါဘူး။ အဲဒီအချိန်တုန်းက ဆွမ်ဧကရာဇ် ကျူးကျော်သူတွေရဲ့ လက်ချက် မိသွားခဲ့တာ အမှန်ပဲ။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလား ဆိုတာကိုတော့ ကျွန်မ မသိပါဘူး။”

စုဟန်ယန်ထံမှ ထိုသို့ ကြားရသောအခါ တက်ရောက်လာသူများသည် ပို၍ပင် ယုံကြည်သွားကြသည်။ ဆွမ်ဧကရာဇ်သည် သူ၏ ပြင်းထန်သော ဒဏ်ရာများကြောင့်သာ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ရမည်ဟု သူတို့က ယူဆလိုက်ကြသည်။

ဆွမ်ဧကရာဇ် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဖြစ်သည့်အတွက် သူတို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

လီရှင်းဟွိုင်က

“ဆွမ်ဧကရာဇ်မှာ နည်းလမ်းပေါင်း သောင်းခြောက်ထောင် ရှိနေရင်တောင်မှ သူ့ရဲ့ ဒဏ်ရာရနေတဲ့ အခြေအနေနဲ့ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ရင်ဆိုင်ရရင် အနိုင်ရဖို့ အခွင့်အလမ်း မရှိပါဘူး။”

“ဒါပေမဲ့ ရန်ခရိုင်မှာ နည်းဗျူဟာ ပုံစံ တစ်ခု ရှိတယ်လို့ ကြားတယ်။ အဲဒါကို ဖျက်ဆီးဖို့က အခက်အခဲ နည်းနည်း ရှိနိုင်တယ်။ ဒါကြောင့် ဒီနည်းဗျူဟာ ပုံစံကို ဖောက်ထွင်းဖို့ ခင်ဗျားတို့အားလုံး အင်အားစိုက်ထုတ် ကူညီပေးကြဖို့ မျှော်လင့်ပါတယ်။”

လုချန်းအား စိုးရိမ်စရာဟု လီရှင်းဟွိုင် မမြင်တော့သော်လည်း ရန်ခရိုင်ရှိ နည်းဗျူဟာ ပုံစံကိုမူ သူ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ ဤဂိုဏ်း ကိုယ်စားလှယ်များအား သူ့အတွက် စမ်းသပ်ထိုးဖောက်စေလိုပြီး နည်းဗျူဟာ ပုံစံ၏ အင်အားကို အကဲဖြတ်စေလိုသည်။

လီရှင်းဟွိုင် စကားဆုံးသည်နှင့် တက်ရောက်လာသူများက လွယ်ကူစွာ သဘောတူလိုက်ကြသည်။

“စိတ်ချပါ ဂိုဏ်းချုပ်လီ။ ဆွမ်ဧကရာဇ်က ကျွန်တော်တို့ရဲ့ ဘုံရန်သူပဲ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။”

“ဂိုဏ်းချုပ်လီ ရန်ခရိုင်ကို တိုက်ခိုက်မယ့်အချိန်ကျရင်သာ ပြောလိုက်ပါ။”

“ဂိုဏ်းချုပ်လီ။ ကျွန်တော်တို့ ရှနိုင်ငံတော်ရဲ့ အာဏာရှင်ဆန်မှုကို တော်တော် ခံစားခဲ့ရပြီးပြီ။ ကျွန်တော်တို့ ခင်ဗျားနဲ့ တစ်ဖွဲ့တည်းပဲ။”

လူအုပ်၏ စကားများကို ကြားသောအခါ လုချန်း ခပ်ဖွဖွ ရယ်လိုက်သည်။ ထို့နောက် လီရှင်းဟွိုင်ထံမှ နတ်ဆိုး စွမ်းအား အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။

လီရှင်းဟွိုင်ထံမှ နတ်ဆိုး စွမ်းအား အငွေ့အသက်က အနည်းငယ် ထူးခြားနေသည်။ ၎င်းသည် သာမန် နတ်ဆိုး စွမ်းအား အငွေ့အသက်နှင့် မတူပဲ ကောင်းကင်နတ်ဆိုး၏ စွမ်းအားနှင့် ပို၍ ဆင်တူနေသည်။

လီရှင်းဟွိုင်၏ နောက်ကွယ်တွင် ကောင်းကင်နတ်ဆိုး တစ်ကောင် ရှိရမည် ဖြစ်သည်။ ကျိယန်ကမ္ဘာသည် ကောင်းကင်နတ်ဆိုး တစ်ကောင်ကို ချိပ်ပိတ်ထားသည်။

လီရှင်းဟွိုင် နယ်နိမိတ်စည်းနံရံကို စောင့်ကြပ်နေစဉ် ကောင်းကင်နတ်ဆိုး၏ အငွေ့အသက် သက်ရောက်မှုကို ခံလိုက်ရတာလား။

ထို့ကြောင့် သူ နတ်ဆိုးကျင့်ကြံသူ အဖြစ်သို့ ပြောင်းလဲသွားခဲ့တာလား။

သို့သော် မည်သို့ပင်ဖြစ်စေ အရေးမကြီးပါ။ မည်သည့် နတ်ဆိုး သို့မဟုတ် နတ်ဆိုးကျင့်ကြံသူမဆို သူ၏ ရှေ့မှောက်တွင် ချေမှုန်း ခံရမည့် ကံကြမ္မာသာ ရှိသည်။

ရှန်ဟွေ ချပ်ဝပ် ဝတ်ဆင်လိုက်ပါက ဥပဒေ နိယာမ အလုံးစုံအဆင့်၏ အင်အားကို သူ ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။ ချပ်ဝပ် မရှိလျှင်ပင် သူ လီရှင်းဟွိုင်ကို လွယ်ကူစွာ ရှင်းပစ်နိုင်ပေသည်။ နတ်ဆိုးနှင် အလံနှင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကိုသာ သူ အားကိုးရန် လိုသည်။

သို့သော် ချက်ချင်း လှုပ်ရှားရန် လုချန်း မရည်ရွယ်ပေ။ လီရှင်းဟွိုင်ထံမှ သတင်းအချက်အလက် ပိုမို ရယူလိုသေးသည်။

ထိုစဉ် စုဟန်ယန်၏ ဘေးတွင် ရယ်မောနေသော လုချန်းကို လီရှင်းဟွိုင် သတိပြုမိသွားသည်။ သူက ချက်ချင်းပင်

“ဒီ ကျင့်ကြံသူမိတ်ဆွေ ဘာကို သဘောကျပြီး ရယ်နေတာလဲလို့ မေးခွင့်ရှိမလား။”

လီရှင်းဟွိုင်၏ စကားကို ကြားသောအခါ ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံး လုချန်းထံသို့ စုပြုံ ရောက်ရှိလာသည်။

လုချန်းက ခပ်ပေါ့ပေါ့ပင်

“ကျွန်တော်က ဒီလို တွေးမိလို့ပါ။ ဆွမ်ဧကရာဇ်ရဲ့ အခြေအနေ အပြည့်အစုံကို ကျွန်‌ တော်တို့ မသိကြဘူး။ ဒီလိုအခြေအနေမှာ သူ သေများသေသွားပြီလားလို့ သတ်မှတ်လိုက်တာက နည်းနည်း လက်လွတ်စပယ်နိုင်လွန်းတယ်လို့ ထင်တယ်။ ဒါက သက်သက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေတဲ့ ကိစ္စတစ်ခုပဲ ဖြစ်နေလို့ ကျွန်တော် ရယ်လိုက်တာပါ။”

ထိုစကားများကို ကြားသောအခါ ခန်းမထဲမှ လူများ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားကြသည်။

“ခင်ဗျား အဲဒါ ဘာသဘောနဲ့ ပြောတာလဲ။”

“ဆွမ်ဧကရာဇ်ဘက်ကို ဒီလောက် ဘက်လိုက်ပြောရအောင် ခင်ဗျားက ဆွမ်ဧကရာဇ်ရဲ့ လူတစ်ယောက်များ ဖြစ်နေသလား။”

“ဂိုဏ်းချုပ်စု။ ဒီလိုလူမျိုးက ခင်ဗျားတို့ မြူခိုးမှော်ဂိုဏ်းရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လို့ ဖြစ်နိုင်ပါ့မလား။”

ခဏအကြာတွင် ခန်းမအတွင်းမှ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး လီရှင်းဟွိုင် လုချန်းအား တစ်ချက် ထပ်ကြည့်လိုက်သည်။

အကြောင်းရင်းကို သူ မသိသော်လည်း ဤလူငယ် အကြီးအကဲသည် သူ့အား အလွန် အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းနေသည်။ ထို့ကြောင့် လီရှင်းဟွိုင် အတော်လေး မသက်မသာ ဖြစ်နေသည်။

မြူခိုးမှော်ဂိုဏ်းအတွင်း ဤမျှ အန္တရာယ်များသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်ကို သူ ယခင်က သတိမထားမိခဲ့ပေ။

လီရှင်းဟွိုင်က မျက်မှောင်ကြုတ်လျက်

“ကျင့်ကြံသူမိတ်ဆွေ။ ခင်ဗျား ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ လက်ရှိ အင်အားနဲ့တောင် ဆွမ်ဧကရာဇ်ကို ရင်မဆိုင်နိုင်သေးဘူးလို့ ပြောချင်တာလား။”

လုချန်းက တိုက်ရိုက်ပင်

“ဟုတ်ပါတယ်။ ဂိုဏ်းချုပ်လီမှာ တခြားနည်းလမ်းတွေ မရှိဘူးဆိုရင်တော့ ကျွန်တော် စိုးရိမ်မိတယ်။ ဥပဒေ နိယာမ အလုံးစုံအဆင့် အားသာချက် တစ်ခုတည်းနဲ့ ဆွမ်ဧကရာဇ်ကို ကျွန်တော်တို့ တကယ်ပဲ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။”

“ဆွမ်ဧကရာဇ်က သူ့ရဲ့ ကိုယ်ပိုင်အင်အားတစ်ခုတည်းနဲ့ တခြားကမ္ဘာက ကျူးကျော်သူတွေကို တွန်းလှန်နိုင်ခဲ့တာ။ သူ တကယ်ပဲ ဒဏ်ရာရခဲ့တယ် ဆိုဦးတော့ သူက သာမန် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ယောက် နိုင်နိုင်တဲ့လူစားမျိုး မဟုတ်ဘူး။”

လုချန်း စကားဆုံးသောအခါ စုဟန်ယန်က ဖြည့်စွက်လိုက်သည်။

“ဂိုဏ်းချုပ်လီ။ အကြီးအကဲချန် ပြောတာ အတိုင်းအတာတစ်ခုအထိ မှန်တယ်လို့ ကျွန်မ ထင်တယ်။ အဲဒီနေ့က ဆွမ်ဧကရာဇ် လှုပ်ရှားတာကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။ သူ့ရဲ့ အင်အားက နတ်ဘဝပြောင်းလဲခြင်း အဆင့်ကို နီးကပ်နေပါပြီ။ ကျွန်မတို့လက်ထဲမှာ တစ်ခုခု ကြိုတင်ပြင်ဆင်ထားတာ မရှိဘူးဆိုရင် ဆွမ်ဧကရာဇ်ကို တကယ်ပဲ ယှဉ်နိုင်မှာ မဟုတ်လောက်ပါဘူး။”

စုဟန်ယန်ကပင် ထိုသို့ ပြောသည်ကို မြင်သောအခါ ခန်းမထဲမှ လူများသည် တစ်ဖန် ပြန်လည်၍ စိတ်လှုပ်ရှား ယိမ်းယိုင်လာကြသည်။

နတ်ဘဝပြောင်းလဲခြင်း အဆင့်တဲ့လား။

ဆွမ်ဧကရာဇ်သာ နတ်ဘဝပြောင်းလဲခြင်း အဆင့်မှ အင်အားကို အမှန်တကယ် ပိုင်ဆိုင်ထားပါက သူတို့ငြိမ်ငြိမ်နေလိုက်ခြင်းက အကောင်းဆုံး ဖြစ်နိုင်သည်။

ဒဏ်ရာရနေသော နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ နှစ်ဦးဖြင့် ခုခံနိုင်မည် မဟုတ်ပေ။ ထို့ပြင် ဆွမ်ဧကရာဇ်ထံတွင် အခြားသော နည်းလမ်းများ ရှိနေနိုင်သေးသည်ကို ထည့်တွက်ရန် လိုသေးသည်။

ခန်းမထဲမှ လူများ သဘောထား စတင် ယိမ်းယိုင်နေသည်ကို လီရှင်းဟွိုင် မြင်လိုက်အခါ သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုး စွမ်းအား အငွေ့အသက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ထိုအငွေ့အသက်က ခန်းမထဲရှိ လူတိုင်းကို ချက်ချင်းပင် ခြိမ်းခြောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။

လီရှင်းဟွိုင်က အားရပါးရ ရယ်မောလျက် “ဟားဟားဟား။ သူက နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ။”

လီရှင်းဟွိုင်ထံမှ ကြောက်မက်ဖွယ် နတ်ဆိုး စွမ်းအား အငွေ့အသက်ကို ခံစားရသောအခါ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ အံ့အားသင့်သွားကြသည်။

လီရှင်းဟွိုင် နတ်ဆိုးကျင့်ကြံသူ ဖြစ်လာသည်ကို သူတို့ သိထားကြသော်လည်း ဤမျှ ပြင်းထန်သော နတ်ဆိုး စွမ်းအား အငွေ့အသက်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ထို့ပြင် လီရှင်းဟွိုင်ထံမှ နတ်ဆိုး စွမ်းအား အငွေ့အသက်သည် သာမန် နတ်ဆိုးတစ်ကောင်၏ အငွေ့အသက်နှင့် မတူသည်မှာ ထင်ရှားလှသည်။

လီရှင်းဟွိုင်ထံမှ နတ်ဆိုး စွမ်းအား အငွေ့အသက်သည် လူတိုင်း၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားကို ဖိနှိပ်နေသည်။ ဤသို့သော နတ်ဆိုး စွမ်းအား အငွေ့အသက်မျိုးသည် ကောင်းကင်နတ်ဆိုး၏ နတ်ဆိုး စွမ်းအား အငွေ့အသက် ဖြစ်သည်မှာ ရှင်းလင်းလှ၏။

လီရှင်းဟွိုင် ကောင်းကင်နတ်ဆိုးတစ်ကောင်နှင့် ပူးပေါင်းလိုက်ပြီဟူသော အတွေးများ လူအများခေါင်းထဲ ဝင်လာသည်။ ထိုအခါ ခန်းမထဲရှိ လူတိုင်း၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြသည်။

ထို့နောက် လီရှင်းဟွိုင်က

“ ကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိပဲနဲ့ ဆွမ်ဧကရာဇ်ကို တိုက်ခိုက်ရဲမယ်လို့ ခင်ဗျားတို့ တကယ်ပဲ ထင်နေတာလား။”

“ကျွန်တော့်နောက်ကွယ်မှာ ကောင်းကင်နတ်ဆိုး ရှိတယ်။ ကောင်းကင်နတ်ဆိုးရဲ့ အင်အားနဲ့ဆိုရင် ဆွမ်ဧကရာဇ်က နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ အမှန်တကယ် ဖြစ်နေရင်တောင်မှ အရေးမကြီးဘူး။ သူ ကျွန်တော့်ရှေ့မှာ နတ်ဘဝပြောင်းလဲခြင်း အဆင့်ရဲ့ အင်အားကို ထုတ်ပြနိုင်မှာ မဟုတ်ဘူး။”

“ကဲ။ အခု ကျွန်တော် ဆွမ်ဧကရာဇ်ကို မယှဉ်နိုင်ဘူးလို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် စိုးရိမ်နေသေးလား။”

ဤအချိန်တွင် လီရှင်းဟွိုင်၏ နီရဲသော မျက်ဝန်းများက ရှိနေသူအားလုံးကို ဝေ့ကြည့်လိုက်သည်။ သူ၏ အကြည့်အဓိပ္ပာယ်က သူတို့သာ နောက်ဆုတ်မည် ဆိုပါက ချက်ချင်းပင် သတ်ပစ်တော့မည် အလား ဖြစ်နေသည်။

တက်ရောက်လာသူများ ကြောက်လန့်တကြား တိတ်ဆိတ်သွားကြသည်။

ကောင်းကင်နတ်ဆိုးသည် ကျင့်ကြံသူများ၏ ရန်သူကြီး ဖြစ်သည်။ လီရှင်းဟွိုင်၏ နောက်ကွယ်တွင် ကောင်းကင်နတ်ဆိုး ရှိနေသည် ဆိုသည့်အဓိပ္ပာယ်က သူ ကောင်းကင်နတ်ဆိုး၏ ပူးကပ်ခြင်းကို ခံလိုက်ရပြီးပြီလားဟု အားလုံးကို တွေးတောသွားစေသည်။

လီရှင်းဟွိုင်သာ စိတ်မကျေမနပ် ဖြစ်သွားပါက သူတို့ကို အစာအဖြစ် သဘောထားကာ စားသုံးပစ်လိုက်နိုင်ပေသည်။

ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ထာဝရကာလနီးပါး ကြာသည်ဟု ထင်ရပြီးနောက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ခန်းမ၏ တိတ်ဆိတ်မှုကို တစ်ဖန် ပြန်လည် ဖြိုခွင်းလိုက်သည်။

“ကောင်းကင်နတ်ဆိုး ဟုတ်လား။ ဂိုဏ်းချုပ်လီက ကျွန်တော်တို့ကို နောက်နေတာလား။”

“ထျန်းချန်ကမ္ဘာမှာ ကောင်းကင်နတ်ဆိုးက ဘယ်က ရောက်လာတာလဲ။”

လီရှင်းဟွိုင်၏ အကြည့်က ချက်ချင်းပင် လုချန်းထံသို့ ရောက်သွားသည်။ သူ့ကို ဆန့်ကျင်နေသူမှာ ဤလူပင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ထိုအခါ လီရှင်းဟွိုင်၏ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ မြင့်တက်လာသည်။

ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား မယုံကြည်မှတော့ ကောင်းကင်နတ်ဆိုးရဲ့ အင်အားကို ကျွန်တော် ပြပေးတာပေါ့။”

All Chapters