← Chapters

ကျိချိုးယု

Vol. 69 Ch. 1031

ကျိချိုးယု

Vol. 69 Ch. 1031

နဂါးနက်ခရိုင်၏ အင်အားစုများ ထက်ဝက်ခန့် ချေမှုန်းခံရသည့် သတင်းသည် ခရိုင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

လီရှင်းဟွိုင်နှင့် ပုန်ကန်ရန် ကြိုးစားခဲ့သူများကို ဆွမ်ဧကရာဇ်က ချေမှုန်းလိုက်ကြောင်း ကြားသိရသောအခါ ကျန်ရှိသော ဂိုဏ်းများမှ ကျင့်ကြံသူများလည်း အလွန်စိတ်သက်သာရာ ရသွားကြသည်။

သူတို့သည် ကောလာဟလများကို နားမယောင်ခဲ့ကြပဲ ဆွမ်ဧကရာဇ် ဒဏ်ရာပြင်းထန်စွာ ရနေသည်ဟူသည့် သတင်းကို အမှန်တကယ် မယုံကြည်ခဲ့မိကြသည့်အတွက် စိတ်သက်သာရာ ရမိကြ၏။

ထို့ထက် ပို၍ စိတ်သက်သာရာ ရမိသည်မှာ လီရှင်းဟွိုင်၏ ပုန်ကန်မှုတွင် ပါဝင်ရန် ဖိတ်ခေါ်မှုကို သူတို့ လက်မခံမိခဲ့ကြခြင်း ဖြစ်သည်။

ဆွမ်ဧကရာဇ်က တမင်တကာ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခဲ့ပြီးနောက် ထိုမငြိမ်မသက် ဖြစ်နေသော အင်အားစုများကို အမြစ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်မည်ဟုလည်း ကျင့်ကြံသူများ သံသယဝင်မိကြသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်အား သူ ဒဏ်ရာရ နေသည်ဟူသည့် သတင်းကို ဖြန့်ခိုင်းခဲ့ခြင်း ဖြစ်နိုင်သည်။

ပုန်ကန်သော အင်အားစုများကို ဖြေရှင်းပြီးနောက် ကျန်ရှိသော အင်အားစုများလည်း အလွန် နာခံတတ်သွားကြ၏။

လုချန်း၏ ဂုဏ်သတင်းသည်လည်း အမြင့်ဆုံးအဆင့်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားခဲ့သည်။ ကျင့်ကြံသူ အများအပြားသည် ရှနိုင်ငံတော်၏ စစ်တပ်ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

အရာအားလုံး တည်ငြိမ်သွားသောအခါ ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာတို့ ဆုံရာနေရာသို့ လုချန်း နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။

ယခု သူသည် သူတော်စင်အဆင့် ရုပ်သေးပညာကို ဒုတိယအဆင့်အထိ ကျင့်ကြံပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ ရုပ်သေးများအား ဝေးကွာစွာ သွားလာနိုင်ရန် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ရုပ်သေး၏ အကွာအဝေးအပေါ် ကန့်သတ်ချက်များ မရှိတော့ဟုလည်း မျှော်လင့်ရသည်။

ကြေမွနေသော အက်ကွဲကြောင်းဆီသို့ ရောက်သောအခါ လုချန်းလည်း သူ၏ ရုပ်သေးကို ကျိယန်ကမ္ဘာထဲသို့ ချက်ချင်း စေလွှတ်လိုက်သည်။

ကျိယန်ကမ္ဘာထဲသို့ ဝင်ရောက်သွားသောအခါ ရုပ်သေးသည် ယခင်တစ်ကြိမ်က နေရာသို့ ပြန်ရောက်လာခဲ့သည်။

ထို့နောက် လုချန်းသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် ရုပ်သေးကို အသုံးပြုလိုက်၏။

ဤတစ်ကြိမ်တွင် ရုပ်သေး၏ စူးစမ်းလေ့လာနိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့သည်။ လုချန်းလည်း ရုပ်သေးမှတစ်ဆင့် ထူးကဲစွာ ထူထပ်လှသော နတ်ဆိုးစွမ်းအားများ ရှိနေသည်ကို ချက်ချင်း သိလိုက်ရသည်။

ကျိယန်ကမ္ဘာရှိ ထိုကြီးမားသော တောင်ကြီး၏ အောက်တွင် ကောင်းကင်နတ်ဆိုးတစ်ကောင် ချိတ်ပိတ်ခံထားရနိုင်ခြေ အလွန်များ၏။

ဟုတ်ပါသည်။ ဤအရာအားလုံးသည် ယခုလောလောဆယ်အထိ သိထားသော အချက်အလက်များအရ ခန့်မှန်းချက်မျှသာ ဖြစ်သည်။

ထိုကမ္ဘာထဲသို့ သူကိုယ်တိုင် ဝင်ရောက်မှသာ ဤအရာကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ၎င်းသည် အမှန်တကယ် ကောင်းကင်နတ်ဆိုးတစ်ကောင် ဟုတ်မဟုတ် သို့မဟုတ် ကောင်းကင်နတ်ဆိုးတစ်ကောင်၏ ပူးကပ်ခြင်းကို ခံထားရသော နတ်ဆိုးအကျင့်ကျင့်ကြံသူတစ်ယောက် ဟုတ်မဟုတ်ကို သူ ဝင်ရောက်မှသာ သိရှိနိုင်မည်။

၎င်းသည် ကောင်းကင်နတ်ဆိုး ဖြစ်စေ၊ နတ်ဆိုးကျင့်ကြံသူ ဖြစ်စေ ဤအခြေအနေသည် ထျန်းချန်ကမ္ဘာအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိနိုင်သည်။ အကြောင်းမှာ ကျိယန်ကမ္ဘာမှ လူများသည် ထိုကြီးမားသော တောင်ကြီးထဲသို့ အလွယ်တကူ ဝင်ရောက်ရဲကြမည် မဟုတ်‌ သောကြောင့်ဖြစ်သည်။

သူတို့သည် အက်ကွဲကြောင်းမှတစ်ဆင့် ဤကမ္ဘာသို့ ဖြတ်ကျော် လာရောက်နိုင်မည် မဟုတ်ပေ။

သို့ရာတွင် တောင်အောက်၌ ချိတ်ပိတ်ခံထားရသော အရာသည် ထျန်းချန်ကမ္ဘာထဲသို့ ရံဖန်ရံခါ နတ်ဆိုးစွမ်းအား အချို့ကို ထုတ်လွှတ်နိုင်သည်။ ဤစွမ်းအားက ထျန်းချန် ကမ္ဘာရှိ အချို့သော ကျင့်ကြံသူများကို နတ်ဆိုးကျင့်ကြံသူများအဖြစ် ပြောင်းလဲသွားစေနိုင်၏။

ဤအရာကို အနီးကပ် စောင့်ကြည့်ရန် လိုအပ်သည်။

ခဏခန့် စဉ်းစားပြီးနောက် လုချန်း သူ၏ ရုပ်သေးကို တောင်၏ အခြားတစ်ဖက်သို့ ပျံသန်းသွားရန် ထိန်းချုပ်လိုက်သည်။

ထိုအချိန်တွင် တောင်၏ နက်ရှိုင်းသော အောက်ခြေ၌ ကြီးမားကျယ်ပြန့်သော နန်းတော်တစ်ခု ရှိနေသည်။

နန်းတော်၏ နက်ရှိုင်းသော အတွင်းပိုင်းရှိ အနက်ရောင် မြူခိုးတိမ်တိုက်တစ်ခုအတွင်းမှ ကြက်သွေးရောင် မျက်လုံးတစ်စုံ ရုတ်တရက် ပေါ်ပေါက်လာသည်။

အပေါ်မှ ပျံသန်းနေသော အရာဝတ္ထုကို ကောင်းကင်နတ်ဆိုး ခံစားမိလိုက်ပုံရသည်။ သူက

“နှစ်တစ်ထောင် ကြာသွားခဲ့ပြီ။ နောက်ဆုံးတော့ အစာက တံခါးဝကို ရောက်လာခဲ့ပြီ။ နောက်ဆုံးတော့ စားသောက်ပွဲ ကျင်းပနိုင်ပြီ။”

ဟုပြောရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုစကားများနှင့်အတူ ကောင်းကင်နတ်ဆိုးသည် နတ်ဆိုးစွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူသည် ချိတ်ပိတ်နယ်မြေ၏ အပေါ်မှ ပျံသန်းနေသော အရာဝတ္ထုကို ဆွဲချရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော် သူ၏ နတ်ဆိုးစွမ်းအားသည် ကောင်းကင်ရှိ ရုပ်သေးကို ထိမိသောအခါ စွမ်းအားများ အလိုအလျောက် ပျောက်ကွယ်သွားသည်။ သူသည် ထိုအရာဝတ္ထုကို လုံးဝ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။

ကောင်းကင်နတ်ဆိုး ခဏခန့် ကြက်သေသေသွား၏။

ဘာတွေဖြစ်နေတာလဲ။

ဘာလို့ သူ ဖမ်းလို့မရရတာလဲ။

သူ၏ လေ့လာတွေ့ရှိချက်အရ ကောင်းကင်ပေါ်ရှိ အရာဝတ္ထုသည် ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။

ပုံမှန်အားဖြင့် သူ၏ နတ်ဆိုးစွမ်းအားနှင့် ထိမိသော မည်သည့် ကျင့်ကြံသူမဆို ၎င်း၏ ဖျက်ဆီးခြင်းကို ခံရမည် ဖြစ်သည်။ သူ အင်အား တစ်စုံတစ်ရာ အသုံးပြုရန် မလိုပဲ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် ပြုတ်ကျလာရမည် ဖြစ်သည်။

သို့သော် ယခု ထိုကျင့်ကြံသူ ပြုတ်ကျမလာခဲ့ပေ။ ထို့ပြင် ဘာမှမဖြစ်ခဲ့သကဲ့သို့ ချိတ်ပိတ်နယ်မြေ၏ အပြင်ဘက် ပတ်လည်သို့ ဆက်လက် ပျံသန်းနေခဲ့သည်။

ဒါက လက်မခံနိုင်စရာ ဖြစ်သည်။ ထိုလူသားကျင့်ကြံသူ၏ ပျံသန်းနှုန်းအရသူ ချိတ်ပိတ်နယ်မြေမှ ပျံသန်း ထွက်ခွာသွားရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။

ကောင်းကင်နတ်ဆိုးသည် သူ၏ နတ်ဆိုးစွမ်းအားကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် စွမ်းအားပိုမို များပြားစွာ အသုံးပြုလျက် လုချန်း၏ ရုပ်သေးကို ကောင်းကင်မှ ဆွဲချရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ရလဒ်မှာ ယခင်အတိုင်းသာ ဖြစ်သည်။ ထိုလူသား ကျင့်ကြံသူသည် အဝေးသို့ ဆက်လက် ပျံသန်းနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ထျန်းချန်ကမ္ဘာရှိ လုချန်းသည်လည်း သူ၏ ရုပ်သေးမှတစ်ဆင့် များပြားလှသော နတ်ဆိုးစွမ်းအားများ ချဉ်းကပ်လာနေသည်ကို သိရှိလိုက်ရသည်။

ထို့နောက် ရုပ်သေး၏ အမြင်အာရုံမှတစ်ဆင့် အောက်ရှိ တောင်တန်းကို လှမ်းကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် တောင်၏ တောအုပ်ထဲမှ အနက်ရောင် စွမ်းအားများစွာ ထွက်ပေါ်လာသည်။ ဒါတွေက ကောင်းကင်နတ်ဆိုး၏ စွမ်းအားများ ဖြစ်သည်မှာ ထင်ရှားသည်။ ထိုစွမ်းအားများသည် လူသားများ၏ လက်များကဲ့သို့ ပုံသဏ္ဌာန်ဖြင့် ရုပ်သေးကို ဆွဲချရန် ကြိုးပမ်းနေသည်။

ထိုအရာကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

တောင်အောက်၌ ချိတ်ပိတ်ခံထားရသော အရာသည် အပေါ်မှ ပျံသန်းနေသော အရာဝတ္ထုကို ကျင့်ကြံသူတစ်ဦးဟု ထင်မှတ်နေပုံ ရသည်။ ထို့ကြောင့် ၎င်းကို ဆွဲချရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ရုပ်သေးသည်လည်း နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ စွမ်းအား ထက်ဝက်ကို အမွေဆက်ခံထား၏။

နတ်ဆိုးနှင်အလံ မရှိလျှင်ပင် နတ်ဆိုးမြေမြုပ်ကျင့်စဉ် တစ်ခုတည်းကိုသာ အားကိုးရုံဖြင့် ထိုနတ်ဆိုးစွမ်းအား စီးကြောင်းများသည် သူ၏ ရုပ်သေးထံသို့ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။

လုချန်းသည် နတ်ဆိုးစွမ်းအားဖြင့် ဖွဲ့စည်းထားသော လက်များကို လျစ်လျူရှုပြီး ချိတ်ပိတ်နယ်မြေ၏ အပြင်ဘက်သို့ ဆက်လက် ပျံသန်းခဲ့သည်။

ကောင်းကင်ပေါ်ရှိ ကျင့်ကြံသူအား လုံးဝ အကျိုးသက်ရောက်မှု မရှိသည်ကို မြင်သောအခါ ကောင်းကင်နတ်ဆိုး အလွန် ဒေါသထွက်လာသည်။

“ဘာလို့လဲ။”

“ဘာလို့ ငါ့ရဲ့စွမ်းအားက အဲဒီလူသား ကျင့်ကြံသူကို သက်ရောက်မှု မရှိနိုင်ရတာလဲ။”

ကောင်းကင်နတ်ဆိုး ဒေါသထွက်လာပြီးနောက် တောင်တစ်ခုလုံးလည်း တုန်ခါလာကာ ချိတ်ပိတ်နယ်မြေ၏ အပြင်ဘက်ရှိ လူသားများကို သက်ရောက်မှု ရှိစေခဲ့သည်။

မကြာမီ လုချန်း၏ ရုပ်သေးလည်း ချိပ်ပိတ်နယ်မြေပြင်ပသို့ ပျံသန်းထွက်လာနိုင်ခဲ့သည်။

ချိတ်ပိတ်နယ်မြေ၏ အပြင်ဘက်တွင် လူသားတို့၏ မြို့တစ်မြို့ ရှိ၏။ ဤမြို့သည် မကြီးမားလှသော်လည်း ၎င်း၏ မြို့ရိုးများကို တောင်တန်းတစ်လျှောက် တည်ဆောက်ထားသည်။ ကမ္ဘာပေါ်ရှိ မဟာတံတိုင်းကြီးကဲ့သို့ပင် ဖြစ်သည်။

ကျိယန်ကမ္ဘာမှ လူများသည် ချိတ်ပိတ်နယ်မြေအတွင်း၌ နတ်ဆိုးနှင့် သက်ဆိုင်သော အရာများ တည်ရှိနေသည်ကို သိကြသဖြင့် ထိုကာကွယ်ရေး တံတိုင်းကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်းထင်ရှားသည်။

ဤကမ္ဘာ၏ ကျင့်ကြံသူများ သံသယ မဖြစ်စေရန် လုချန်းလည်း ကောင်းကင်မှ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် မြို့ထဲသို့ လမ်းလျှောက်ဝင်သွားသည်။

သူ မြို့၏ ဝင်ပေါက်သို့ ချဉ်းကပ်လာသောအခါ အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး လုချန်း၏ အရှေ့တွင် ရပ်ကာ သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။

ထိုအမျိုးသမီးသည် ပန်းရောင် တိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ကိုယ်ဟန်မှာ ကျက်သရေ ရှိလှပြီး လေပြေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေသော နူးညံ့သည့် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ဖြစ်သည်။

သူမ၏ မျက်နှာသွင်ပြင်သည် လမင်းကဲ့သို့ ချစ်စဖွယ်ကောင်းသည်။ သူမ၏ မျက်ခုံးနှင့် မျက်လုံးများမှာ တောင်ပေါ်မှ ရေခဲနှင့် နှင်းပွင့်များကဲ့သို့ အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူမသည် သန့်စင်ပြီး မပြစ်မှားချင်စရာဖြစ်၏။

သူမ၏ ဆံနွယ်များသည် ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းနေပြီး တောက်ပ မည်းနက်လျက် ရှိသည်။ ဆံနွယ်တစ်မျှင်ချင်းစီတွင် သက်စောင့်စွမ်းအားများ ပါဝင်နေပုံ ရသည်။

သူမ၏ မျက်လုံးများသည် နက်ရှိုင်းပြီး တောက်ပသည်။ ၎င်းတို့သည် ဉာဏ်ပညာ အလင်းတန်းများဖြင့် တလက်လက် တောက်ပနေသော ညကောင်းကင်ယံမှ အတောက်ပဆုံး ကြယ်များကဲ့သို့ ဖြစ်သည်။

သူမ၏ နှုတ်ခမ်းများသည် နီရဲ စိုပြည်နေပြီး အနည်းငယ် အပေါ်သို့ ကော့တက်နေကာ ဆွဲဆောင်မှု အပြည့် ရှိနေသည်။

သူမ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး ချောမွေ့ နူးညံ့သည်။ ၎င်းသည် သဘာဝတရား၏ အပြည့်စုံဆုံး လက်ရာတစ်ခုကဲ့သို့ ဖြစ်၏။

ထိုအခိုက်အတန့်တွင် “ရုပ်သေး လုချန်း”က ထိုအမျိုးသမီး၏ လက်ထဲမှ ဝိညာဉ်ဓားကို လှမ်းကြည့်လိုက်သည်။

ဤအမျိုးသမီးသည် ကျင့်ကြံသူတစ်ဦး ဖြစ် ကြောင်း ထင်ရှားသည်။

ဆက်လက်၍ လုချန်းက ထိုအမျိုးသမီး၏ အချက်အလက်ကို စစ်ဆေးရန် စနစ်ကို အသုံးပြုလိုက်သည်။

[အမည်: ကျိချိုးယု]

[အချက်အလက်: ကျိယန်ကမ္ဘာရှိ ချူးနိုင်ငံ၏ လနက်မြို့ မြို့သခင်။ အသက် ၉၀၀၊ မူလအစကမ္ဘာ နယ်ပယ်အဆင့်။ သူမသည် သင်၏ အချက်အလက်ကို အလွန် သိချင်နေသည်။ ဤအချိန်တွင် လနက်မြို့သို့ အဘယ်ကြောင့် လာရဲသည်ကို သူမ သိလိုနေသည်။]

[အမှတ်: ၉၆]

[နှစ်သက်မှု: ၃၀]

မျက်နှာသေဖြင့် ကျိချိုးယုက

“ရှင် ဘယ်သူလဲ။”

လုချန်းက

“ယောက်ျားတစ်ယောက်ပါ။”

ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ထိုအရာကို ကြားသောအခါ ကျိချိုးယု စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး အံ့အားသင့်သောအကြည့်ဖြင့် လုချန်းအား ကြည့်လိုက်သည်။ ဒါက မိုက်မဲသော အပြောအဆိုဟု သူမ တွေးတောလိုက်မိသည်။

ဤကမ္ဘာရှိ အခြေအနေကို လုချန်းဘာမှ နားမလည်သေးပေ။ သူ၏ ဇစ်မြစ်ကိုလည်း လူသိသွား၍ မဖြစ်ပေ။ ထို့ကြောင့် သူက

“တောင်ရဲ့ အတွင်းပိုင်းထဲက နတ်ဆိုးစွမ်းအားတွေ ပိုထူထပ်လာတယ်လို့ ကျွန်တော် ခံစားမိတယ်။ ဒါကြောင့် ဒီနေရာက အခြေအနေ ဘယ်လိုရှိလဲ လာကြည့်တာပါ။”

“ဒီနေရာက အခြေအနေက မကောင်းဘူးဆိုရင်တော့ ချူးနိုင်ငံကနေ ထွက်သွားဖို့ အချိန်တန်ပြီလားဆိုတာ ကျွန်တော် စဉ်းစားရတော့မှာပဲ။”

ထိုစကားကို ကြားသောအခါ ကျိချိုးယုလည်း

‘ဒါဆို သူက ချိပ်ပိတ်နယ်မြေရဲ့ အခြေအနေကို လာထောက်လှမ်းတာပေါ့’

ဟု သူမဘာသာ တွေးလိုက်သည်။

ထို့နောက် ကျိချိုးယုက မထီမဲ့မြင် ပြုံးလိုက်ပြီး

“သေမှာကြောက်တတ်တဲ့ နောက်တစ်ယောက်ပဲ။”

All Chapters