← Chapters

ဒီည နောင်တမရဖို့ မျှော်လင့်တယ်

Vol. 69 Ch. 1032

ဒီည နောင်တမရဖို့ မျှော်လင့်တယ်

Vol. 69 Ch. 1032

ယနေ့ခေတ်တွင် နတ်ဆိုးများကို ချိပ်ပိတ်ထားသော တားမြစ်နယ်မြေသည် တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာခဲ့၏။ ချူးနိုင်ငံတော် အတွင်း၌လည်း ပြည်တွင်း သဘောထားကွဲလွဲမှုများမှာ အလွန်ပြင်းထန်လျက်ရှိသည်။ အင်အားစုတိုင်းသည် လနက်မြို့ကို ကာကွယ်ရန် သူတို့၏ လူများကို စေလွှတ်လိုခြင်း မရှိကြပေ။

လနက်မြို့၏ မြို့သခင်ဖြစ်သော ကျိချိုးယုသည် ကြီးမားသော ဖိအားကို ခံစားနေရသည်။

အကယ်၍ နတ်ဆိုးဒီ‌ရေ ဆက်လက်၍ ကျယ်ပြန့်လာပါက နတ်ဆိုးကျင့်ကြံသူ အရေအတွက် တိုးပွားလာနိုင်သည်။ ထိုအခါ ချူးနိုင်ငံတော် တစ်ခုလုံးသည် နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုးများအတွက် စပါးကျီ ဖြစ်လာနိုင်သည်။

လုချန်း၏ တုံ့ပြန်မှုကို ကြားပြီးနောက် ကျိချိုးယုလည်း သူ့အား ကြောက်ရွံ့သူတစ်ဦးအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။

အစပိုင်းတွင် ဤအမျိုးသား ဒီညလာမည့် နတ်ဆိုးဒီရေ အကြောင်းကို သိသည်ဟု သူမ ထင်မှတ်ခဲ့သည်။ ထို့ကြောင့် သူက လနက်မြို့အား ခုခံကာကွယ်ရန်ရောက်လာသည်ဟု တွေးခဲ့၏။ သူမ အစက အနည်းငယ် ဝမ်းမြောက်မိသေးသော်လည်း ယခုအခါ သူမ၏ ရှေ့မှ အမျိုးသားအပေါ် ကောင်းသော ခံစားချက် မရှိတော့ချေ။

ထို့နောက် ကျိချိုးယု လှည့်ထွက်ပြီး မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။ သူမက လျှောက်သွားရင်း

“ဒီည နတ်ဆိုးဒီရေ လာလိမ့်မယ်။ ရှင့်လို သတ္တိမရှိတဲ့သူကတော့ ပြန်သွားသင့်တယ်။”

“နတ်ဆိုးဒီရေ” ဟူသော စကားကို ကြားသောအခါ လုချန်းက စူးစမ်းစွာဖြင့်

“နတ်ဆိုးဒီရေဆိုတာ ဘာလဲ”

ဒါက...

လုချန်း၏ ထိုမေးခွန်းကြောင့် ကျိချိုးယု အံ့အားသင့်သွားကာ မယုံကြည်နိုင်သော အကြည့်ဖြင့် သူ့ထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ဤခေတ်ကြီးထဲတွင် နတ်ဆိုးဒီရေဆိုတာ ဘာမှန်းမသိသောသူ အမှန်တကယ် ရှိနေသေးတာလား။

ထို့နောက် ကျိချိုးယုက

“ရှင် နတ်ဆိုးဒီရေဆိုတာ ဘာမှန်းတောင် မသိဘူးလား။”

ကျိယန်ကမ္ဘာတွင် နတ်ဆိုးဒီရေအကြောင်း မသိသောသူ တစ်ယောက်မှ မရှိလောက်ပေ။

လုချန်းက ပြုံးလျက်

“ကျွန်တော်က အချိန်တော်တော်များများကို တံခါးပိတ် ကျင့်စဉ်စခန်းဝင်ရင်း ကုန်ဆုံးခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာတုန်းက ကျွန်တော် ကျင့်စဉ်ဖောက်ပြန်မှုတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းက စိတ်ဝိညာဉ်ကို ထိခိုက်ပြီး မှတ်ဉာဏ်တွေ အများကြီး ဆုံးရှုံးသွားခဲ့တယ်။ ဒါကြောင့် တော်တော်များများကို မေ့နေတာ။”

ကျိချိုးယု လုချန်း၏ စကားများကို အလွန်အကျွံ သံသယမဝင်ခဲ့ပေ။ ကျင့်ကြံသူများသည် ကျင့်စဉ် ဖောက်ပြန်မှုများကြောင့် မှတ်ဉာဏ်များ ဆုံးရှုံးနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။

ကျိချိုးယုက

“အချိန်အတိုင်းအတာတစ်ခုကြာတိုင်း နတ်ဆိုးတွေကို ချိပ်ပိတ်ထားတဲ့ တားမြစ်နယ်မြေက နတ်ဆိုးတွေ ထွက်လာပါတယ်။ သူတို့က လူသားတွေရဲ့ မြို့တွေကို ကျူးကျော်ကြတယ်။ အဲဒါကို ကျွန်မတို့က နတ်ဆိုးဒီရေလို့ ခေါ်တာ။”

နတ်ဆိုးဒီရေအကြောင်း ရှင်းပြပြီးနောက်

ကျိချိုးယုလည်း နောက်သို့ လှည့်ကာ မြို့တံခါးဆီသို့ ဆက်လက် ထွက်ခွာသွားသည်။

လုချန်းက သူမနောက်သို့ လျင်မြန်စွာ လိုက်သွားသည်။ ထို့နောက်

“နတ်ဆိုးတွေကို ချိပ်ပိတ်ထားတဲ့ တားမြစ်နယ်မြေထဲမှာ နတ်ဆိုးတွေ ရှိနေတုန်းပဲလား။”

လုချန်းသည် နတ်ဆိုးများကို ချိပ်ပိတ်ထားသော တားမြစ်နယ်မြေမှ ယခုလေးတင် ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် မည်သည့် နတ်ဆိုးကိုမှ သူ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် ဤနတ်ဆိုးများ မည်သည့်နေရာမှ လာသည်ကို သူ သိချင်နေမိသည်။

ကျိချိုးယုက စိတ်မရှည်စွာဖြင့်

“နတ်ဆိုးတွေကို ချိပ်ပိတ်ထားတဲ့ တားမြစ်နယ်မြေထဲမှာ နတ်ဆိုးတွေ မရှိရင် တခြား ဘယ်နေရာမှာ ရှိမှာလဲ။”

လုချန်းက

“ဒီနတ်ဆိုးတွေရဲ့ အင်အားကကော ဘယ်လိုလဲ”

ဟု ဆက်လက် စုံစမ်းမေးမြန်းပြန်သည်။

ကျိချိုးယုလည်း စိတ်မရှည်သော မျက်နှာဖြင့်

“အဲဒီနတ်ဆိုးတွေရဲ့ အင်အားကို သိချင်ရင် ဒီည ဒီမှာနေပြီး ကိုယ်တိုင် ကြည့်လိုက်ပေါ့။”

လုချန်းက

“ကောင်းပြီလေ။ ကျွန်တော် ဒီည ဒီမှာနေပြီး ကြည့်မယ်။”

လုချန်း ဆက်နေလိုသည်ကို မြင်သောအခါ ကျိချိုးယု ခဏခန့် အံ့အားသင့်သွား၏။ သူမက ခေါင်းလှည့်၍ သူ့အား တစ်ဖန် အကဲခတ်လိုက်သည်။ သူမ၏ အာရုံခံစားမှုမှတစ်ဆင့် ဤအမျိုးသား၌ အနည်းဆုံး မူလအစ ကမ္ဘာနယ်ပယ် အဆင့်၏ စွမ်းအား ရှိကြောင်း သူမ ကောက်ချက်ချမိသည်။ အကယ်၍ ဤအမျိုးသားသာ ဆက်နေပြီး နတ်ဆိုးဒီရေကို ခုခံကာကွယ်ရန် ကူညီမည်ဆိုပါက ဒီည သူမအတွက် ပို၍ လွယ်ကူသွားနိုင်သည်။

ထို့နောက် ကျိချိုးယုက

“ရှင် နေမှာ သေချာလား။”

“ဒီနေ့ နတ်ဆိုးတွေကို ချိပ်ပိတ်ထားတဲ့ တားမြစ်နယ်မြေထဲက နတ်ဆိုးအငွေ့အသက်တွေ ထပ်ပြီး တိုးလာတယ်။ ဒီည နတ်ဆိုးဒီရေက သာမန်ထက် အများကြီး ပိုကြီးလာနိုင်တယ်။”

လုချန်းက

“ဟုတ်ကဲ့။ အခြေအနေ ဘယ်လိုရှိလဲ ကြည့်ဖို့ ကျွန်တော်‌ ဒီမှာနေပါမယ်။”

ကျိချိုးယု နောက်တစ်ကြိမ် လှည့်ကာ မြို့ထဲသို့ ပြန်၍ဦးတည်သွားသည်။ သူမက လျှောက်လှမ်းရင်း

“ဒီည ရှင်နောင်တမရဖို့ မျှော်လင့်ပါတယ်။”

မည်သို့ပင်ဖြစ်စေ သူမ ဤအမျိုးသားကို သတိပေးပြီး ဖြစ်သည်။ သူကသာ နေရန် အခိုင်အမာ တောင်းဆိုပါက သူဘာဖြစ်ဖြစ် သူမ၏ တာဝန် မဟုတ်ပေ။

ရုပ်သေး လုချန်းလည်း ကျိချိုးယုနောက်သို့ လိုက်၍ လနက်မြို့ထဲသို့ ဝင်ရောက်ခဲ့သည်။

လနက်မြို့ အတွင်း၌ မယုံနိုင်လောက်အောင် ခြောက်ကပ်ငြိမ်သက်နေ၏။ လမ်းများပေါ်တွင် လူအလွန်နည်းပါးပြီး ၎င်းတို့အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ စွမ်းအားများမှာ အများအားဖြင့် ကောင်းကင်လူသားအဆင့် ပတ်ဝန်းကျင်တွင်သာ ရှိကြသည်။

ကျိယန်ကမ္ဘာသည် ကျင့်စဉ်လောကတစ်ခု ဖြစ်လျက်နှင့် မူလအစ ကမ္ဘာနယ်ပယ် အဆင့် ကျင့်ကြံသူတစ်ဦးအား မြို့သခင်အဖြစ် ခန့်ထားခြင်းက အံ့အားသင့်ဖွယ် ဖြစ်သည်။ ဤအချက်က ဤကမ္ဘာရှိ ကျင့်ကြံသူများ၏ စွမ်းအားများ အလွန် ကြောက်မက်ဖွယ် မကောင်းကြောင်း ညွှန်ပြနေသည်။

မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ချူးနိုင်ငံတော်မှ စစ်သားတစ်စု ကျိချိုးယုထံ ချဉ်းကပ်လာသည်။

“မြို့သခင်။ ပြင်ဆင်မှုအားလုံး ပြီးပါပြီ။”

ကျိချိုးယုက ခေါင်းညိတ်ပြီး

“နတ်ဆိုးတွေကို ချိပ်ပိတ်ထားတဲ့ တားမြစ်နယ်မြေထဲမှာ နတ်ဆိုးအငွေ့အသက်တွေ တိုးမြင့်လာတဲ့အကြောင်း ချက်ချင်း မင်းကြီးကို သတင်းပို့ပါ။ ပြီးတော့ လူတွေ ထပ်လွှတ်ပေးဖို့ မင်းကြီးကို တောင်းဆိုလိုက်ပါ။”

“ဟုတ်ကဲ့ပါ မြို့သခင်။”

စစ်သားများ ထွက်ခွာသွားပြီးနောက် ကျိချိုးယု မြို့တော်အတွင်းဘက်သို့ ဆက်လက် ထွက်ခွာလာသည်။ ထိုစဉ် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ လျင်မြန်စွာ သတိပြုမိလိုက်သည်။

သူမ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုအမျိုးသားက လိုက်ပါလာပုံရ၏။ သူမက လုချန်းဘက်သို့ လှည့်ကြည့်ကာ

“ရှင် ဘာလို့ ကျွန်မနောက်ကို လိုက်နေတာလဲ။”

လုချန်းက

“ကျွန်တော်က လနက်မြို့နဲ့ မရင်းနှီးဘူးလေ။ ခင်ဗျားနောက် မလိုက်ရင် တခြား ဘယ်သူ့နောက် လိုက်ရမှာလဲ။”

ကျိချိုးယု လုံးဝ ဆွံ့အသွားမိသည်။ ဤအမျိုးသား ဘယ်က ရောက်လာသနည်း။ ပြီးတော့ အဘယ်ကြောင့် သူက အမြဲတမ်း တစ်မျိုးကြီး ဖြစ်နေရသနည်း။

သူမနှင့်သူ ဘာမှမပတ်သက်ပေ။ အဘယ်ကြောင့် သူမနောက်ကို လိုက်နေရသနည်း။

ထို့ပြင် သူ လနက်မြို့နှင့် ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ သူမနှင့် ဘာမှမဆိုင်ပေ။

သူမသည် လနက်မြို့၏ မြို့သခင်ဖြစ်ပြီး ဤလူကို မြို့အနှံ့ လိုက်ပြရန် အချိန်မရှိပေ။

ထိုအခိုက်တွင် ကျိချိုးယု တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ဤလူသည် ကျင့်စဉ်ဖောက်ပြန်မှု ခံစားခဲ့ရပြီး မှတ်ဉာဏ်အချို့ ဆုံးရှုံးသွားခဲ့သည်ဟု ပြောခဲ့ဖူးသည်။

ဤအချက်က သူ၏ စိတ်ဝိညာဉ်တွင် ထိခိုက်မှုအချို့ ခံစားခဲ့ရနိုင်သည်ဟု သူမ တွေးမိလိုက်သည်။ ထိုအချက်က သူ၏ ထူးဆန်းသော အပြုအမူကို ရှင်းပြနိုင်သည်။

ထိုသို့ တွေးမိသဖြင့် ကျိချိုးယုလည်း သူမ၏ ချဉ်းကပ်ပုံကို အနည်းငယ် ပျော့ပြောင်းလိုက်သည်။

“ကျွန်မက လနက်မြို့ရဲ့ မြို့သခင်ပါ။ ရှင်နဲ့ အတူ လျှောက်သွားနေဖို့ အချိန်မရှိဘူး။ ရှင်က မြို့နဲ့ မရင်းနှီးဘူးဆိုရင် လနက်မြို့က လူတစ်ယောက်ယောက်ကို ရှာပြီး လမ်းလိုက်ပြခိုင်းပါ။”

လုချန်းက

“ကျွန်တော်က လျှောက်သွားနေတာ မဟုတ်ပါဘူး။ ခင်ဗျား သွားတဲ့နေရာတိုင်း ကျွန်တော် လိုက်မှာ။”

ကျိချိုးယု မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ဤအမျိုးသား၌ မသမာသော ရည်ရွယ်ချက်များ ရှိနေသလား။

အဘယ်ကြောင့် သူမအပေါ် အမြတ်ထုတ်ရန် ကြိုးစားနေသကဲ့သို့ သူမ ရုတ်တရက် ခံစားလိုက်ရသနည်း။

ကျိချိုးယုက လုချန်းအား သတိပေးရန် ပြင်လိုက်စဉ်မှာပင် သူက ဦးစွာ စကားပြောလာသည်။

“လနက်မြို့ထဲက ကျင့်ကြံသူတွေ သိပ်အားမ‌ ကောင်းဘူးလို့ ကျွန်တော် သတိထားမိတယ်။ ကျွန်တော့်မှာ မူလအစ ကမ္ဘာနယ်ပယ်ရဲ့ တတိယအလွာ အင်အား ရှိတယ်။ အဲဒါက ခင်ဗျားအတွက် အကူအညီ အများကြီး ဖြစ်သင့်တယ်။”

ကျိချိုးယု ခဏခန့် စဉ်းစားပြီးနောက်

“ရှင် လိုက်ချင်ရင်လည်း လိုက်ခဲ့လေ။”

ကျိချိုးယုလည်း လုချန်းနှင့် ဆက်လက် ငြင်းခုံရန် စိတ်မဝင်စားတော့ပဲ မြို့သခင် စံအိမ်သို့ ပြန်သွားလိုက်သည်။

မြို့သခင် စံအိမ်မှ အစေခံများက သူတို့၏ မြို့သခင် အမျိုးသားတစ်ဦးနှင့်အတူ ပြန်လာသည်ကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြသည်။

လနက်မြို့ရှိ လူတိုင်းက သူတို့၏ မြို့သခင်သည် ယောက်ျားများနှင့် ဝေးဝေးနေသော အမျိုးသမီးတစ်ဦး ဖြစ်သည်ကို သိကြ၏။ သို့သော် ယခုမူ သူမက အမျိုးသားတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

ကျိချိုးယုသည် လုချန်းနှင့်အတူ မြို့သခင် စံအိမ်သို့ ပြန်ရောက်လာသည်။ ထို့နောက် အိမ်တော်ထိန်းအား

“သူ့အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးပါ။ မီးဖိုချောင်ကိုလည်း သူ့အတွက် အစားအသောက် နည်းနည်း လုပ်ခိုင်းလိုက်။”

ဤအမျိုးသားက ဒီည သူမကို ကူညီရန် ရည်ရွယ်ထားမှတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းက မှားမည် မဟုတ်ဟု ကျိချိုးယု စဉ်းစားမိ၏။

ချူးနိုင်ငံတော်သည် ဒီည မည်သူ့ကိုမှ စေလွှတ်မည် မဟုတ်ပေ။ လူတစ်ယောက် ပိုရှိခြင်းက နောင်တွင် နတ်ဆိုးဒီရေကို ခုခံရာ၌ ပို၍ လွယ်ကူစေလိမ့်မည်။

စံအိမ်တော်၏ အိမ်တော်ထိန်း လမ်းညွှန်မှုအောက်တွင် ရုပ်သေး လုချန်းလည်း အိပ်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။

အိပ်ခန်းထဲသို့ ရောက်သည်နှင့် လုချန်း အစစ်သည် ရုပ်သေးကို ထိန်းချုပ်ခြင်းအား ရပ်တန့်လိုက်သည်။

ကျိချိုးယုနောက်သို့ လိုက်ပါပြီး သူမ၏ လှုပ်ရှားမှုတိုင်းကို ကြည့်ရှုခဲ့ရသဖြင့် လုချန်း အစစ် အနည်းငယ် စိတ်ကြွလာသကဲ့သို့ ခံစားရသည်။

ထို့ကြောင့် နယ်မြေအတားအဆီးရှိ အက်ကွဲကြောင်းမှ ထွက်ခွာပြီး ရန်ခရိုင်သို့ ပြန်ရန် အစီအစဉ်ဆွဲလိုက်သည်။ ထိုနေရာမှနေ၍ ရုပ်သေးကို ဆက်လက် ထိန်းချုပ်နိုင်ဦးမည်လား ဆိုသည်ကို သူ ကြည့်ရှုလိုသည်။

အကယ်၍ သူ ရန်ခရိုင်သို့ ပြန်ရောက်ပြီးနောက် ရုပ်သေးကို ဆက်လက် ထိန်းချုပ်နိုင်သေးပါက အကျိုးကျေးဇူးများစွာ ရှိသည်။ သူသည် သူ၏ ဇနီးများအား ကျင့်စဉ် လေ့ကျင့်ပေးနိုင်သည်။ တစ်ချိန်တည်းတွင် ကျိယန်ကမ္ဘာကို စူးစမ်းလေ့လာရန် ရုပ်သေးကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ စိတ်ကူးလျက် ဖေးဟုန် နတ်လှေကို သိမ်းဆည်းလိုက်ကာ အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြု၍ ရန်မြို့တော် နန်းတွင်းသို့ ချက်ချင်း ပြန်လာခဲ့ပြီး ချူးချင်လီ၏ အခန်းထဲသို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် ချူးချင်လီသည် ကုတင်ပေါ်တွင် တရားထိုင်နေသည်။ ထိုစဉ် ရုတ်တရက် သူမ၏ ခန္ဓာကိုယ်သည် ကုတင်အစွန်းဘက်သို့ ယိုင်သွားသည်။ သူမ မည်သို့မှ မတုံ့ပြန်နိုင်သေးမီ လုချန်းက သူမကို နမ်းလိုက်သည်။

“အင်း...”

ချူးချင်လီ မျက်လုံး ဖွင့်ကြည့်လိုက်ရာ လုချန်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် သူ့ကို စူးစိုက်ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် စုတ်ဖြဲသံတစ်ခုကို ကြားလိုက်ရပြီး လုချန်း၏ ခန္ဓာကိုယ် နိမ့်ဆင်းသွားသည်။

All Chapters