တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးသာ
Vol. 69 Ch. 1033
လုချန်းသည် ချူးချင်လီအပါ် ပြင်းထန်စွာ လှုပ်ရှားရင်း ကျိယန်ကမ္ဘာမှ ရုပ်သေးရုပ်ကို လည်း ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။
ရုပ်သေးရုပ်၏ လှုပ်ရှားမှုကို များစွာ မထိခိုက်စေခဲ့သော်လည်း အကွာအဝေး တိုးလာသည်နှင့်အမျှ ရုပ်သေး၏ အင်အား အနည်းငယ် လျော့ကျသွားပုံရ၏။
လုချန်း အာရုံအပြည့်အဝ စူးစိုက်မထားသည်ကို ချူးချင်လီ ရှင်းလင်းစွာ ခံစားမိ၏။ သူသည် ရံဖန်ရံခါသာ လှုပ်ရှားလိုက် ရပ်တန့်လိုက်ဖြင့် အတွေးထဲနစ်မြောနေဟန် တူသည်။
သူသည် သူမနှင့် ရင်းနှီးရန် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့သည်မှာ ထင်ရှားသော်လည်း ထိုသို့ပြုမူနေစဉ်မှာပင် စိတ်မပါခဲ့ပေ။ အလေးအနက်ထားရမည့် အချိန်တွင် သူ၏စိတ်သည် အခြားအရာများဆီသို့ လွင့်မျောနေခဲ့၏။ ဤအချက်က ချူးချင်လီအား အတော်လေး မကျေမနပ် ဖြစ်စေခဲ့သည်။
ထို့နောက် ချူးချင်လီ သူမ၏ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
လုချန်း အာရုံလွင့်နေစဉ်မှာပင် ဖိနှိပ်ချုပ်ချယ်သော စွမ်းအားတစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရသည်။ သူချက်ချင်း သတိပြန်ဝင်လာကာ ချူးချင်လီ၏ မျက်နှာကို စူးစိုက်ကြည့်လိုက်၏။
သူမ၏ မျက်လုံးများထဲမှ မကျေနပ်မှုများကို မြင်သောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် သူ၏ အာရုံစိုက်မှုကို ချူးချင်လီအပေါ်သို့ ပို့လိုက်သည်။
မကြာမီပင် ချူးချင်လီ အသနားခံ တောင်းပန်စပြုလာသည်။
သူမသည် လုချန်း အခြားနေရာသို့ အာရုံလွှဲနေခြင်းကို မလိုလားခဲ့ပေ။ သို့သော် သူ အာရုံစိုက်လိုက်သည်နှင့် တပြိုင်နက် သူမ မခံနိုင်တော့ပေ။
မကြာမီ ကျိယန်ကမ္ဘာတွင် ညနေစောင်းသို့ ရောက်ရှိလာသည်။
ချိပ်ပိတ်ထားသော နေရာမှ နတ်ဆိုးစွမ်းအားများ တိုးထွက်လာသည်ကို ခံစားမိပြီးနောက် လုချန်း၏ ပင်မခန္ဓာကိုယ်သည် သူလုပ်ဆောင်နေသည့်အရာကို ရပ်တန့်လိုက်သည်။
လုချန်းက ချူးချင်လီအား ပွေ့ဖက်ထားရင်း သူ၏ ရင်ဘတ်ပေါ်တွင် အနားယူစေကာ
“ကိုယ် လုပ်စရာကိစ္စတစ်ခု ရှိတယ်။ မင်း ထပ်လိုချင်သေးရင် ကိုယ့်ဆီ လာခဲ့လို့ရတယ်။”
ထိုစကားကို ကြားသောအခါ ချူးချင်လီနှာခေါင်းရှုံ့လိုက်၏။
အရေးမပါတဲ့ စကားတွေ။
သူမ၏ စိတ်အာရုံများ ဝေဝါးနေဆဲ ဖြစ်သည်။
ထို့နောက် ချူးချင်လီ သူမ၏ လက်မောင်းကို မြှောက်လိုက်ပြီး လုချန်း၏ ခါးကို ပွေ့ဖက်လိုက်ကာ သူ၏ ရင်ဘတ်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ လဲလျောင်းနေလိုက်သည်။
ဒီလိုနေရတာကလည်း အတော်လေး ကောင်း၏။ ထိုသို့ ရင်းနှီးစွာ ထိတွေ့နေခြင်းက ပြင်းထန်သော ခံစားမှုများ မရှိစေပဲ တစ်ဦးနှင့်တစ်ဦး ခံစားသိရှိနိုင်စေသည်။
သို့သော် ချူးချင်လီစိတ်ထဲ စပ်စုနေမိသည်။ လုချန်းက သူ့မှာ လုပ်စရာရှိသည်ဟု ဆို၏။ ထိုအရာက အဘယ်အရာ ဖြစ်နိုင်မည်နည်း။
သူ လုပ်စရာရှိလျှင် ဤနေရာတွင် အဘယ်ကြောင့် ရှိနေသေးသနည်း။
သူသည် အစောကတည်းက စိတ်မပါခဲ့ပေ။
စပ်စုချင်သော်လည်း ချူးချင်လီ ဘာမှမမေးခဲ့ချေ။ ဤသို့ သူနှင့် တစ်သားတည်း ရှိနေခြင်းသည်ပင် အတော်လေး ကောင်းမွန်လှသည်။
…..
တစ်ချိန်တည်းမှာပင်။
ကျိယန်ကမ္ဘာ။
လနက်မြို့၌။
လုချန်း၏ ရုပ်သေးရုပ် အခန်းထဲမှ မထွက်ခွာသေးမီ အစေခံတစ်ဦး တံခါးဝသို့ လျှောက်လာသည်။ သူက
“သခင်လေး။ နတ်ဆိုးဒီရေ လာနေပါပြီ။ မြို့သခင်က သခင်လေးကို မြို့ရိုးမျှော်စင်ကို လာခဲ့ဖို့ ပြောခိုင်းလိုက်ပါတယ်။”
ထိုသို့ ကြားသောအခါ လုချန်းက ချက်ချင်းပင်
“ကောင်းပြီ ကျွန်တော် လာခဲ့မယ်။”
ထို့နောက် လုချန်းသည် ရုပ်သေးရုပ်ကို ထိန်းချုပ်၍ လနက်မြို့၏ မြို့ရိုးမျှော်စင်ဆီသို့ ဦးတည်စေလိုက်သည်။
လုချန်း ကျိချိုးယု၏ ဘေးသို့ ရောက်ရှိသွား သောအခါ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မျက်နှာချိုသွေးသော အပြုံးဖြင့် သူမ၏ ဘေးတွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
“ချိုးယု။ ချိပ်ပိတ်ထားတဲ့ နတ်ဆိုးနယ်မြေမှာ ပြဿနာရှိတယ်လို့ ကြားလို့ ကျွန်တော် ချက်ချင်း လူတွေခေါ်လာခဲ့တယ်။ စိတ်မပူပါနဲ့။ ကျွန်တော် ရှိနေတာပဲ။ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။”
ထိုစကားကို ကြားသောအခါ လုချန်း ကျိချိုးယု၏ မျက်နှာအမူအရာကို ထပ်မံ အကဲခတ်လိုက်သည်။ သူမ၏ စိတ်မရှည်သော အမူအရာကို တွေ့မြင်လိုက်ရသဖြင့် အခြေအနေကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။
ဤအမျိုးသားသည် ကျိချိုးယုအား ပိုးပန်းနေသူများထဲမှ တစ်ဦး ဖြစ်ပုံရ၏။
ထို့နောက် လုချန်း ကျိချိုးယုထံ ချဉ်းကပ်ပြီး
“မြို့သခင်ကျိ။ ကျွန်တော် ရောက်ပါပြီ”
လုချန်း၏ စကားကို ကြားသောအခါ ပိုင်ဝမ်ပင်း မကျေမနပ် ဖြစ်သွားသည်။ သူက
“ကျုပ် မြို့သခင်ကျိနဲ့ နတ်ဆိုးဒီရေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးနေတာ ခင်ဗျား မမြင်ဘူးလား။ ဘာလို့ ဝင်နှောင့်ယှက်နေရတာလဲ။”
သူ စကားဆုံးသည်နှင့် ပိုင်ဝမ်ပင်း လုချန်းအား လှည့်၍ စိုက်ကြည့်လိုက်သည်။ သို့သော် လုချန်းထံမှ ထုတ်လွှတ်နေသော အငွေ့အသက်ကို ခံစားမိသောအခါ သူ မျက်မှောင် ကျုံ့သွားသည်။
ဤလူတွင်လည်း မူလအစ ကမ္ဘာ အဆင့် အင်အား ရှိနေသည်ကို သူ သိလိုက်ရသည်။
သူတို့အား ဝင်နှောင့်ယှက်သူက အလိုက်ကန်းဆိုးမသိသော စစ်သားတစ်ဦး ဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုသူမှာ မူလအစ ကမ္ဘာ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ဤအသိတရားက ပိုင်ဝမ်ပင်းအား ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားစေသည်။
အရေးကြီးဆုံးအချက်မှာ သူ ဤလူကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ခြင်း ဖြစ်၏။
ပိုင်ဝမ်ပင်းက မည်းမှောင်သော မျက်နှာဖြင့်
“ခင်ဗျား ဘယ်သူလဲ”
လုချန်းက ပြုံးလျက်
“ကျွန်တော့်နာမည် လုချန်းပါ။ ကျွန်တော်က ချိပ်ပိတ်ထားတဲ့ နတ်ဆိုးနယ်မြေက အခြေအနေကို လာစုံစမ်းတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပါ။”
လုချန်း၏ အဖြေကို ကြားသောအခါ ထိုသူက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်ကို ပိုင်ဝမ်ပင်း သိလိုက်ပြီး စိုးရိမ်စရာ မရှိတော့သဖြင့် သူ သက်ပြင်းချလိုက်သည်။
တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက သူနှင့် အမျိုးသမီးတစ်ဦးအတွက် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
မည်သို့ပင်ဆိုစေ သူသည် ချူးမင်းဆက်၏ ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ထို့ပြင် သူသည် ချင်းရွှေခရိုင်တွင် စစ်သား တစ်သိန်းကျော်ကို အုပ်ချုပ်နေသူ ဖြစ်သည်။
ထိုအခိုက်တွင် ကျိချိုးယုလည်း လှည့်လာပြီး လုချန်းအား လှမ်းကြည့်လိုက်သည်။ သူမက
“ကျင့်ကြံဖော်လု။ ဒီညတော့ ရှင့်ကို ဒုက္ခပေးရပြီ။”
ကျိချိုးယု၏ စကားကို ကြားသောအခါ ပိုင်ဝမ်ပင်း ချက်ချင်း မပျော်မရွှင် ဖြစ်သွား၏။ သူသည် လနက်မြို့အား ကူညီရန်အတွက် တပ်ဖွဲ့ဝင် သောင်းချီ ခေါ်ဆောင်လာခဲ့သည်။ သို့သော် ကျိချိုးယုက သူ့ကိုတော့ လျစ်လျူရှုခဲ့ပြီး တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကိုတော့ ကျေးဇူးတင်စကား ဆိုနေသည်။
ထို့နောက် ပိုင်ဝမ်ပင်းက
“ချိုးယု။ သူက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ။ သူက ဘယ်လို အခန်းကဏ္ဍကနေများ ပါဝင်နိုင်မှာလဲ။”
ကျိချိုးယုက ခပ်ပေါ့ပေါ့ပင်
“မူလအစ ကမ္ဘာနယ်ပယ် အဆင့် တစ်ယောက် ပိုလာတာက အင်အားတစ်ခု တိုးလာတာပါပဲ။”
“ကဲ။ ကျွန်မ ကင်းလှည့်လိုက်ဦးမယ်။”
သူမ စကားဆုံးသည်နှင့် ကျိချိုးယု ပျံသန်းထွက်ခွာသွားပြီး ပိုင်ဝမ်ပင်းနှင့် လုချန်းတို့အား ထားခဲ့၏။ ပိုင်ဝမ်ပင်းက လုချန်းအား အထင်သေးမှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။
သို့သော် လုချန်းထံမှ မကောင်းသော ရည်ရွယ်ချက်များကို ပိုင်ဝမ်ပင်း မတွေ့ရပေ။ ထို့အပြင် ဤတစ်ကိုယ်တော် ကျင့်ကြံသူအား ပြိုင်ဘက်တစ်ဦးအဖြစ် မသတ်မှတ်သောကြောင့် လုချန်းအား စကားများများစားစား မပြောတော့ပေ။ လုချန်းက ခုနက သူ့အား အနှောင့်အယှက် ပေးခဲ့သည့်အတွက်သာ လုချန်းအပေါ် မကျေနပ်မှုအချို့ ခံစားနေရခြင်း ဖြစ်သည်။
ပိုင်ဝမ်ပင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ချက်ချင်းပင် ကျိချိုးယုနောက်သို့ လိုက်ပါသွားသည်။
ပိုင်ဝမ်ပင်းက ကျိချိုးယု၏ နောက်သို့ လိုက်သွားသည်ကို မြင်သောအခါ လုချန်း ရယ်မောလိုက်သည်။
ကျိချိုးယုသည် သူ ကျိယန်ကမ္ဘာတွင် တွေ့ဆုံခဲ့ဖူးသမျှထဲ၌ အမှတ် ကိုးဆယ်ကျော် ရှိသည့် ပထမဆုံး အမျိုးသမီး ဖြစ်၏။ သူမသည် သူ၏ အမျိုးသမီး ဖြစ်လာရန် ကံကြမ္မာ ပါလာသူ ဖြစ်သည်။ ပိုင်ဝမ်ပင်း မည်မျှမျက်နှာချို သွေးစေကာမှုအထောက်အကူ ဖြစ်မည် မဟုတ်ပေ။
သို့သော် သူ၏ ပင်မခန္ဓာကိုယ်သည် ထျန်းချန်ကမ္ဘာတွင် ရှိနေဆဲဖြစ်ရာ ကျိချိုးယုအား သူ၏ အမျိုးသမီးအဖြစ် ပြောင်းလဲရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။
ထိုအခိုက်တွင် လုချန်းလည်း နတ်ဆိုးနယ်မြေများဘက်သို့ လှည့်ကြည့်လိုက်၏။ နတ်ဆိုးစွမ်းအားများသည် ကောင်းကင်ယံသို့ တိုးထွက်နေသည်။ တောအုပ်အတွင်းမှ အနက်ရောင် ပုံရိပ်များသည် လနက်မြို့ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားလာနေကြသည်။
လုချန်း ဂရုတစိုက် စူးစမ်းကြည့်သောအခါ ထိုအနက်ရောင် ပုံရိပ်များသည် တိရစ္ဆာန်မျိုးစုံ ဖြစ်ကြောင်း တွေ့ရှိရသည်။ တောင်ပေါ်တွင် သက်ရှိသတ္တဝါများ မရှိခြင်းမှာ ဤတိရစ္ဆာန်များ နတ်ဆိုးအသွင် ပြောင်းသွားခြင်းကြောင့်လားဟု သူ တွေးမိလိုက်သည်။
နတ်ဆိုးသတ္တဝါများ ဒီရေအလား တိုးတက်လာခြင်းကြောင့် ၎င်းကို နတ်ဆိုးဒီရေဟု ခေါ်ခြင်းဖြစ်နိုင်သည်။
ထိုစဉ် စစ်သားများ၏ လက်နက်များ သာမန်မဟုတ်သည်ကို လုချန်း သတိပြုမိလိုက်၏။ လက်နက်အားလုံးမှာ အနက်ရောင်ဖြစ်ပြီး အနက်ရောင် မြားခေါင်းများမှ အနက်ရောင် စွမ်းအားများ ထုတ်လွှတ်နေပုံရသည်။
ထို့နောက် လုချန်းက စစ်သားတစ်ဦးအား
“ညီလေး။ မင်းတို့ရဲ့ လက်နက်တွေက ဘာပစ္စည်းနဲ့ လုပ်ထားတာလဲ။”
ဤလက်နက်များအား မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို အဘယ်ကြောင့် မသိသနည်းဟု ထိုစစ်သား နားမလည်နိုင်ပဲ ပဟေဠိဖြစ်သွားပုံ ရသည်။ သို့သော်လည်း သူက ရိုးသားစွာပင်
“သခင်လေး။ ကျွန်တော်တို့ လက်နက်တွေက ရွှေနက်နဲ့ လုပ်ထားတာပါ။”
လုချန်းက စူးစမ်းစွာဖြင့်
“ရွှေနက်။ အဲ့ဒါက ဘာအတွက် သုံးတာလဲ။”
စစ်သားက
“ရွှေနက်က နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်တယ်။ ဒီလိုမျိုး...”
စစ်သား၏ စကားမဆုံးမီ လုချန်းက
“ဪ သိပြီ။ ကိုယ် နားလည်သွားပြီ”
နတ်ဆိုးစွမ်းအားကို ဖိနှိပ်န်ုင်သည်ဟု ဆိုလိုက်သည်နှင့် လုချန်း အကြောင်းစုံကို နားလည်သွား၏။ ထို့နောက် စစ်သား၏ မြားကျဉ်တောက်မှ မြားတစ်စင်းကို ယူပြီး မြားခေါင်းပေါ်ရှိ ရွှေနက်ကို အနီးကပ် စစ်ဆေးကြည့်ရှုလိုက်သည်။
ထိုသို့သော ပစ္စည်းမျိုးသည် ထျန်းချန်ကမ္ဘာတွင် မရှိပေ။
ကမ္ဘာနှစ်ခု ပေါင်းစည်းသွားသောအခါ ရှနိုင်ငံတော် စစ်တပ်အား ရွှေနက် သတ္တုဖြင့် ပြုလုပ်ထားသော လက်နက်များ တပ်ဆင်ပေးရမည် ဖြစ်၏။ ဗုံးများ၊ကျည်ဆန်များတွင် ရွှေနက်များ ထည့်သွင်းနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နတ်ဆိုးကျင့်ကြံသူများနှင့် တွေ့ဆုံသည့်အခါ ရှနိုင်ငံတော် စစ်တပ် အနေနှင့် ကြောက်ရွံ့နေစရာ မလိုတော့ပေ။
လုချန်း ရွှေနက်အကြောင်း တွေးတောနေစဉ် မြို့ရိုးများပေါ်မှ ကျယ်လောင်သော ဗုံသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် အချက်ပေးအရာရှိက ကျယ်လောင်စွာဖြင့်
“နတ်ဆိုးဒီရေ ရောက်လာပြီ။ တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။”
ဟု အော်ဟစ်လိုက်သည်။