← Chapters

လနက်မြို့၏ အကျပ်အတည်း

Vol. 69 Ch. 1034

လနက်မြို့၏ အကျပ်အတည်း

Vol. 69 Ch. 1034

အချက်ပေးအရာရှိ၏ အသံ မဆုံးသေးမီပင် နတ်ဆိုးစွမ်းအားများ ထုတ်လွှတ်နေသော ထိုတိရစ္ဆာန်များသည် ရူးသွပ်စွာဖြင့် မြို့ရိုးများဆီသို့ တဟုန်ထိုး ပြေးဝင်ကြသည်။

ထို့နောက် မြို့ရိုးများပေါ်မှ စစ်သားများသည် လေးများကို အဆက်မပြတ် ဆွဲ၍ မြားများ ပစ်လွှတ်ကြပြီး နောက်တစ်ခဏတွင် မြားမိုးများ နတ်ဆိုးသတ္တဝါများအပေါ်သို့ ရွာကျသွား၏။

ရွှေနက်ဖြင့် ပြုလုပ်ထားသော မြားများသည် သားရဲများ၏ ခန္ဓာကိုယ်များနှင့် ထိတွေ့သည်နှင့် တပြိုင်နက် ၎င်းတို့သည် နတ်ဆိုးစွမ်းအားများကို ချက်ချင်း တွန်းထုတ်လိုက်သည်။

ထိုသတ္တဝါများသည် မြားများထိမှန်သည့်အခိုက်တွင် ၎င်းတို့၏ နတ်ဆိုးအမြုတေများကိုသာ ချန်ရစ်၍ ထိုနေရာတွင်ပင် ပျောက်ကွယ်သွားကြ၏။

ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။

ဤရွှေနက်မြားများက ဒီလောက်တောင် အစွမ်းထက်လား။

၎င်းတို့သည် နတ်ဆိုးသတ္တဝါများကို အလွယ်တကူ သတ်ဖြတ်နိုင်၏။

၎င်းတို့သည် နတ်ဆိုးကျင့်ကြံသူများအပေါ်တွင်လည်း အလားတူ အကျိုးသက်ရောက်မှု ရှိမလားဟု သူ တွေးမိသည်။

လနက်မြို့မှ ပစ်လွှတ်လိုက်သော မြားများ၏ တရစပ် ပစ်ခတ်မှုအောက်တွင် ပထမဆုံး နတ်ဆိုးဒီရေကို လျင်မြန်စွာ တားဆီးနိုင်ခဲ့သော်လည်း အခြေအနေများမှာ ပြီးဆုံးသွားခြင်း မရှိသေးပေ။

ချိပ်ပိတ်ထားသော နတ်ဆိုးနယ်မြေများအတွင်းမှ နတ်ဆိုးစွမ်းအားများသည် တဖြည်းဖြည်း ပိုမို သိပ်သည်းလာသည်။

ပိုမိုကြီးမားသော နတ်ဆိုးဒီရေတစ်ခု စုစည်းနေသည်မှာ ထင်ရှား၏။

ဤအချိန်တွင် ကျိချိုးယုသည် ပိုင်ဝမ်ပင်းနှင့်အတူ လုချန်း၏ ဘေးသို့ ပြန်လည် ရောက်ရှိလာသည်။

လုချန်းက

“မြို့သခင်ကျိ။ ကျွန်တော့်မှာ ရွှေနက်နဲ့ လုပ်ထားတဲ့ လက်နက် မရှိဘူး။ ရွှေနက်ဓားတစ်လက်လောက် ငှားလို့ရမလား။”

ထိုစကားကို ကြားသောအခါ ပိုင်ဝမ်ပင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“တစ်ကိုယ်တော် ကျင့်ကြံသူကတော့ တစ်ကိုယ်တော် ကျင့်ကြံသူပါပဲ။ ရွှေနက်ဓားတစ်လက်တောင် မတတ်နိုင်လောက်အောင် ဆင်းရဲနေတာပဲ။”

ကျိချိုးယုကတော့ တုံ့ဆိုင်းမနေပဲ အနီးအနားမှ စစ်သားတစ်ဦးထံမှ ဓားတစ်လက်ကို လုချန်းထံသို့ ပစ်ပေးလိုက်သည်။

ဓားကို ဖမ်းယူလိုက်ရင်း လုချန်းက “ကျေးဇူးတင်ပါတယ် မြို့သခင်ကျိ။”

စကားဆုံးသည်နှင့် လုချန်း ဓားကို ဆွဲထုတ်လိုက်ပြီး ရွှေနက်ဓား၏ အခြေအနေကို အလေးအနက် ခံစားကြည့်လိုက်သည်။

ထိုအခိုက်တွင် ရွှေနက်ဓားမှ ထုတ်လွှတ်နေသော အမှောင်အငွေ့အသက်သည် ကောင်းကင်နတ်ဆိုး စွမ်းအား ဖြစ်နေပုံရသည်ကို သူ ရုတ်တရက် သဘောပေါက်လိုက်သည်။

ရွှေနက်ဓားကို ယူလိုက်ပြီးသည်နှင့် သူ၏ အတွင်းမှ နတ်ဆိုးမြေမြုပ်ကျင့်စဉ် သူ့အလိုလို စတင်လည်ပတ်လာပြီး ဓားပေါ်မှ အမှောင်အငွေ့အသက်များသည်လည်း လျင်မြန်စွာ ပျောက်ကွယ်စပြုလာ၏။

ဒါက...

လုချန်းသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

နတ်ဆိုးများကို သတ်ဖြတ်နိုင်သည့် ဤရွှေနက်ဟု ခေါ်သော အရာက နတ်ဆိုးများ ကိုယ်တိုင်ထံမှ ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သလား။

သို့သော် တစ်ဖက်တွင်မူ ဤရွှေနက်ပစ္စည်းများမှ ထုတ်လွှတ်နေသော ကောင်းကင်နတ်ဆိုး စွမ်းအားသည် အဘယ်ကြောင့် ထိုနတ်ဆိုးသတ္တဝါများအတွက် အာဟာရ ဖြစ်သွားကာ ၎င်းတို့ကို ပိုမို အင်အားကြီးမား မသွားစေပဲ ၎င်းတို့ကိုပင် သတ်ဖြတ်နိုင်သော လက်နက်တစ်ခု ဖြစ်နေရသနည်း။

လုချန်း ဇဝေဇဝါဖြစ်နေစဉ် စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

“ကောင်းကင်နတ်ဆိုးတွေနဲ့ နတ်ဆိုးသတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ စွမ်းအား နှစ်မျိုးလုံး ပါဝင်တယ်။ တစ်ခုက နတ်ဆိုးတွေရဲ့ စွမ်းအား ဖြစ်ပြီး နောက်တစ်ခုက နတ်ဆိုးတွေကို ချိတ်ပိတ်တဲ့ စွမ်းအားပါ။”

“တကယ်လို့ နတ်ဆိုးတွေကို ချိတ်ပိတ်တဲ့ စွမ်းအားက ထိန်းချုပ်မထားပဲ နတ်ဆိုးတွေရဲ့ စွမ်းအားပဲ ရှိနေမယ်ဆိုရင် ကောင်းကင်နတ်ဆိုးတွေနဲ့ နတ်ဆိုးသတ္တဝါတွေဟာ အရည်အသွေး အလုံးစုံ ကျဆင်းသွားပြီး အသိဉာဏ်မဲ့တဲ့ နတ်ဆိုးတွေ ဖြစ်သွားလိမ့်မယ်။”

“ရွှေနက်ပေါ်က အရာသည် နတ်ဆိုးစွမ်းအား မဟုတ်ပါ။ ကောင်းကင်နတ်ဆိုး စွမ်းအားလည်း မဟုတ်ပါ။ ဒါက နတ်ဆိုးတွေကို ချိပ်ပိတ်တဲ့ စွမ်းအားပါ။ အစွမ်းထက်တဲ့ ကောင်းကင်နတ်ဆိုးတချို့ စွမ်းအားကျဆင်းသွားတဲ့အခါ သူတို့ ခန္ဓာကိုယ်ထဲက ချိပ်ပိတ်စွမ်းအားသည် ရွှေနက်အဖြစ် ခဲသွားသည်။”

စနစ်၏ ရှင်းပြချက်ကို ကြားသောအခါ လုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။

ဒါကြောင့်ကိုး။

၎င်းသည် လူ့ခန္ဓာကိုယ်တွင် ကင်ဆာမျိုးဗီဇများနှင့် အကျိတ်များအားတားဆီးသော မျိုးဗီဇများ ရှိနေသကဲ့သို့ပင် ဖြစ်၏။

ဆဲလ်များ ပွားခြင်းဖြင့် ကင်ဆာအကျိတ်များ ကြီးထွားနိုင်သော်လည်း ကင်ဆာမျိုးဗီဇများကို အထိန်းအကွပ်မဲ့ ကြီးထွားစေရန် ခွင့်မပြုနိုင်ပေ။

ထိုအချိန်တွင် အကန့်အသတ်များ ချမှတ်ရန် ကင်ဆာအကျိတ်တားဆီးသော မျိုးဗီဇများကို လိုအပ်သည်။

နတ်ဆိုးများကို ချိတ်ပိတ်သည့် စွမ်းအားသည်လည်း အကျိတ်တားဆီးသော မျိုးဗီဇများနှင့် ဆင်တူ၏။ ကောင်းကင်နတ်ဆိုးများနှင့် နတ်ဆိုးသတ္တဝါများအတွင်း နတ်ဆိုးစွမ်းအားများ ရူးသွပ်စွာ တိုးပွားလာခြင်းကို ကန့်သတ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဟန်ချက်ညီမှု ရှိစေသည်။

နတ်ဆိုးများ၏ ခန္ဓာကိုယ်များ ဤမျှရှုပ်ထွေးစွာ တည်ဆောက်ထားသည်ကို သိရသောအခါ လုချန်း စိတ်ထဲ မအံ့သြပဲ မနေနိုင်ခဲ့ချေ။

ထိုအခိုက်အတန့်တွင် ချိတ်ပိတ်ထားသော နတ်ဆိုးနယ်မြေများ အထက်မှ နတ်ဆိုးစွမ်းအားများ ပိုမို သိပ်သည်းလာသော်လည်း ဒုတိယမြောက် နတ်ဆိုးဒီရေလှိုင်း ရောက်မလာသေးပေ။ ထိုအချက်က ကျိချိုးယုအား အလွန် စိတ်မသက်မသာ ဖြစ်စေသည်။

နတ်ဆိုးဒီရေသာ ရပ်တန့်သွားပါက သူမ ဝမ်းမြောက်မိမည် ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းနှင့် ပိုတူနေ၏။

ချိပ်ပိတ်ထားသော နတ်ဆိုးနယ်မြေများ အထက်တွင် ဤမျှ သိပ်သည်းသော နတ်ဆိုးစွမ်းအားများ စုပုံနေသဖြင့် အောက်တွင် နတ်ဆိုးသတ္တဝါ မည်မျှ စုဝေးနေသည်ကို မည်သူမှ မသိနိုင်ပေ။

ထိုသတ္တဝါများသာ အလုံးအရင်းနှင့် ဝင်ရောက်လာပါက လနက်မြို့ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။

ကျိချိုးယု၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

တဖြည်းဖြည်းနှင့် နေသည် လုံးဝ ဝင်သွားပြီး ကောင်းကင်သည် ပိုမို မှောင်မိုက်လာသော်လည်း ထိုနတ်ဆိုးသတ္တဝါများသည် ချိပ်ပိတ်နယ်မြေမှ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထိုအချိန်တွင် လသည် မိုးကုတ်စက်ဝိုင်းမှ ဖြည်းညင်းစွာ တက်လာသော်လည်း တိုးထွက်နေသော နတ်ဆိုးစွမ်းအားများသည် လ၏ အစိတ်အပိုင်း အများစုကို ဖုံးလွှမ်းသွားပြီး အလင်းကွင်းတစ်ကွင်းကိုသာ ကျန်ခဲ့ကာ လနက်မြို့၏ အမည်နှင့်လိုက်အောင် လနက်ကြီးတစ်စင်း ပေါ်ထွက်လာသလို ထင်ရသည်။

နတ်ဆိုးသတ္တဝါများ အတော်ကြာကြာအထိ ထွက်မလာသည့်အတွက် ကျိချိုးယု၏ မျက်နှာအမူအရာလည်း အချိန်နှင့်အမျှ ပိုမို ဆိုးရွားလာသည်။

ဒုတိယမြောက် နတ်ဆိုးဒီရေလှိုင်း မည်မျှ ကြီးမားမည်ကို မည်သူမှ မသိကြပေ။

ထိုအချိန်တွင် လူတိုင်း စိတ်လှုပ်ရှားနေကြပြီး ပိုင်ဝမ်ပင်းပင်လျှင် သူ၏ အာရုံကို ကျိချိုးယုထံ မထားတော့ပဲ ချိပ်ပိတ်နယ်မြေသို့ ပြောင်းလိုက်သည်။

ချိပ်ပိတ်နယ်မြေ၌ နတ်ဆိုးသတ္တဝါ ထကြွမှုများ ရှိခဲ့လျှင်ပင် သိသာထင်ရှားသော နတ်ဆိုးဒီရေကို ဖြစ်စေမည် မဟုတ်ဟု ပိုင်ဝမ်ပင်း ထင်မှတ်ထားခဲ့၏။

မည်သို့ပင်ဆိုစေ ယခင်ကလည်း ချိပ်ပိတ်နယ်မြေတွင် ယခင်က နတ်ဆိုးစွမ်းအား ပေါက်ကွဲထွက်မှုများ ရှိခဲ့ဖူးသော်လည်း ၎င်းတို့မှာ များများစားစား မရှိခဲ့ပေ။

သူ ဤနေရာတွင် ရှိနေခြင်းမှာ ကျိချိုးယုနှင့် ပိုမို ရင်းနှီးလာစေရန်နှင့် သူမနှင့် ဆက်ဆံရေး တည်ဆောက်ဖို့အတွက် ဤအခြေအနေကို အခွင့်ကောင်းယူရန် သက်သက်သာ ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေကို သုံးသပ်ကြည့်လျှင် ချိပ်ပိတ်နယ်မြေမှ ပြဿနာသည် သာမန်အဖြစ်အပျက် မဟုတ်ပဲ တကယ့် ဘေးဆိုးကြီးတစ်ခု၏ အစ ဖြစ်ပုံရ၏။

လူတိုင်း ချိပ်ပိတ်နယ်မြေမှ နတ်ဆိုးသတ္တဝါများ ထွက်ပေါ်လာမည်ကို အသက်ရှုမှားစွာ စောင့်ဆိုင်းနေကြစဉ် ရုတ်တရက် ဧရာမ အရိပ်ကြီးတစ်ခု အတွင်းမှ ပျံသန်းထွက်လာသည်။

စစ်သားများ ချက်ချင်း ဖရိုဖရဲ ဖြစ်သွားကြသည်။

“ နတ်ဆိုးပျံ။ နတ်ဆိုးပျံပဲ။”

“အားလုံး သတိထားကြ။”

“မြန်မြန်... နတ်ဆိုးသတ်မြားကို သုံး။”

စစ်သားများ၏ စကားကို ကြားပြီးနောက် မြို့ရိုးပေါ်ရှိ ဒူးလေးများနှင့် ဆင်တူသော လက်နက်ကြီးများကို လုချန်း သတိပြုမိလိုက်သည်။

၎င်းတို့သည် ဒူးလေးများနှင့် ဆင်တူသော်လည်း ဧရာမ မြားကြီးများမှာ ရွှေနက်ဖြင့် ပြုလုပ်ထားသည်။

ဤ နတ်ဆိုးသတ်မြားဟု ခေါ်သော အရာများသည် ဤသို့သော ကြီးမားသည့် နတ်ဆိုးသတ္တဝါများကို ကိုင်တွယ်ရန် ထုတ်လုပ်ထားကြောင်း ထင်ရှား၏။

စစ်သားများသည် ဒူးလေးများကို ကောင်းကင်မှ ပျံသန်းနေသော နတ်ဆိုးထံသို့ အလျင်အမြန် ချိန်ရွယ်လိုက်ကြသော်လည်း ၎င်းတို့ မြားများ မပစ်လွှတ်မီမှာပင် လေထဲမှ နတ်ဆိုးသည် မြားများကဲ့သို့ ချွန်ထက်သည့် မရေမတွက်နိုင်သည့် အနက်ရောင် အမွေးအတောင်များကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။

တစ်ခဏချင်းတွင် မြို့ရိုးပေါ်မှ စစ်သားအများအပြား အနက်ရောင် အမွေးအတောင်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

မြို့ကို ကာကွယ်နေသော စစ်သားများအားလုံးသည် ကောင်းကင်လူသားအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ၎င်းတို့၏ အင်အားသည် ထျန်းချန်ကမ္ဘာတွင်ဆိုပါက အတော်လေး အဆင့်မြင့်သည်ဟု ယူဆနိုင်၏။

သို့သော် ဤကမ္ဘာတွင်မူ ၎င်းတို့သည် သာမန်လူများနှင့် ဘာမှ မခြားနားပေ။

စစ်သားများ တစ်ဦးပြီးတစ်ဦး ကျဆုံးသွားသည်ကို ကြည့်ရင်း ကျိချိုးယု ဆက်လက် ငြိမ်သက်နေနိုင်ခြင်း မရှိတော့ချေ။

သူမကိုယ်တိုင် လေထဲသို့ ခုန်တက်လိုက်ပြီး နတ်ဆိုးပျံအား ကိုယ်တိုင် သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

ထိုအခိုက်တွင် မြေကြီးသည် စတင် တုန်ခါလာပြီး နောက်တစ်ခဏ၌ နတ်ဆိုးသတ္တဝါများ၏ လှိုင်းလုံးကြီးတစ်ခုသည် ဒီရေအလား ချိပ်ပိတ်နယ်မြေမှ တိုးထွက်လာသည်။

မြို့ရိုးပေါ်မှ စစ်သားများလည်း မြားများအရူးအမူး စတင် ပစ်ခတ်ကြသော်လည်း ဤတစ်ကြိမ်တွင် နတ်ဆိုးသတ္တဝါများမှာ အလွန် များလှသည်။ ၎င်းတို့၏ တစ်ကောင်ချင်း အင်အားမှာလည်း တိုးလာပုံရ၏။

ပထမလှိုင်းမှ သတ္တဝါများသည် အနက်ရောင်ရွှေမြားများနှင့် ထိတွေ့သည်နှင့် သေဆုံးသွားကြသော်လည်း ဤလှိုင်းမှ သတ္တဝါများကို သတ်ရန် မြားပေါင်းများစွာ လိုအပ်သည်။

စစ်သားများ၏ မျက်နှာများလည်း လူသေကဲ့သို့ ဖြူဖျော့သွားကြ၏။ ဤမြင်ကွင်းသည် သူတို့အတွက် အသစ်အဆန်း ဖြစ်နေသည်။

ယခင်က ကြီးမားသော နတ်ဆိုးဒီရေများကို သူတို့မြင်ဖူးသော်လည်း ကြမ်းတမ်းသော သားရဲများ တစ်ကောင်ပေါ်တစ်ကောင် ဆင့်၍ မြို့ရိုးဆီသို့ ပြေးဝင်တိုက်ခိုက်သည့် မြင်ကွင်းမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။

လနက်မြို့၏ မြို့ရိုးများ မြင့်မားသော်လည်း ဤမျှ ကြီးမားလှသော နတ်ဆိုးဒီရေ တက်လာသောအခါတွင်တော့ သူတို့ လုံးဝ အကာအကွယ်မဲ့နေသည်။

မကြာမီပင် နတ်ဆိုးသတ္တဝါ အချို့သည် အခြားသတ္တဝါများ၏ ခန္ဓာကိုယ်များပေါ် တက်နင်းပြီး မြို့ရိုးများပေါ်သို့ တက်လာကြသည်။

စစ်သားများလည်း သူတို့၏ ဓားများဖြင့် နတ်ဆိုးသတ္တဝါများနှင့် အနီးကပ် တိုက်ပွဲဝင်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

ကျိချိုးယုက အံတစ်ချက် ကြိတ်လိုက်ပြီး သူမ၏ ဓားစွမ်းအားကို ထုတ်ဖော်ကာ ကောင်းကင်မှ ပျံသန်းနေသော နတ်ဆိုးကို လျင်မြန်စွာ သတ်ဖြတ်လိုက်ပြီးနောက် မြို့ရိုးပေါ်သို့ ပြန်လာကာ စစ်သားများအား ကူညီပေးလိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဤမျှ များပြားလှသော နတ်ဆိုးသတ္တဝါများ တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားမိသော ပိုင်ဝမ်ပင်းလည်း လုံးဝ ကြက်သေသေသွားသည်။

All Chapters