← Chapters

လုံးဝ စိတ်မကူးနဲ့

Vol. 70 Ch. 1046

လုံးဝ စိတ်မကူးနဲ့

Vol. 70 Ch. 1046

စုဟန်ယန် သဘောတူသည်ကို မြင်သောအခါ နောက်တစ်ကြိမ် လှုပ်ရှားမှုကို လုချန်း စတင်လိုက်၏။

“အော်... ဟုတ်သားပဲ။ နောက်... ဟူး... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။”

ဤအချိန်တွင် လုချန်း အခြားအရာတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူသည် သင့်လျော်သောလမ်းကြောင်းမှ မသွားခဲ့သောကြောင့် စုဟန်ယန်သည် ဤအချိန်တွင် အလွန်သတိရှိနေဆဲ ဖြစ်သည်။ သူမက

“ဘာ... ကိစ္စလဲ”

လုချန်းက ပြုံးလျက်

“ကိုယ် ထွက်သွားပြီးရင် မင်း ဘာမှ မစားရဘူးနော်။”

စုဟန်ယန် လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။ သူမက သူ၏စကားကို ပြန်မတုံ့ပြန်ပဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက်တွင် လုချန်းလည်း နောက်ထပ် စကားမဆိုတော့ပေ။ စုဟန်ယန် အနေဖြင့် မည်သို့ပြုလုပ်ရမည်ကို သိရှိလိမ့်မည်ဟု သူ ယုံကြည်ပြီးနောက် လုချန်း တစ်ဖန်ပြန်၍ အလုပ်များသွား၏။

လုချန်းသည် သူ၏ တရားဝင်ကိစ္စ ပြီးစီးသွားပြီးနောက် အနီးအနားရှိ ရေချိုးခန်းသို့ သွား၍ ရေချိုးကာ အဝတ်အစားသစ်တစ်စုံ လဲလှယ်လိုက်သည်။

ယွမ်ရှန်ရှန်သည် သန့်ရှင်းမှုကို အလွန်အမင်း စွဲလမ်းသူဖြစ်ပြီး သူ၏ကိုယ်ပေါ်မှ အခြားအမျိုးသမီးများ၏ ရနံ့ကို မနှစ်မြို့ပေ။ မည်သို့ပင်ဖြစ်စေ ယွမ်ရှန်ရှန်ထံ အကူအညီ တောင်းခံရမည်ဖြစ်ရာ သူမကို စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်၍ မဖြစ်ချေ။

လုချန်း ယွမ်ရှန်ရှန်၏ အခန်းသို့ ရောက်ရှိသွားသောအခါ ယွမ်ရှန်ရှန်သည် အိပ်ရာပေါ်၌ တည့်မတ်စွာ ထိုင်လျက် တရားထိုင်နေ၏။

လုချန်း ရောက်ရှိလာသည်ကို အာရုံခံမိသော်လည်း ယွမ်ရှန်ရှန်က မျက်လုံးပင် ဖွင့်မကြည့်ပဲ

“စုဟန်ယန်က ရှင့်ကို နည်းလမ်းပေါင်းစုံနဲ့ ပြုစုဖို့ ဆန္ဒရှိနေတော့ အခုချိန်မှာ ဒီမှာ လာနှောင့်ယှက်ရမယ့်အစား ပျော်ပျော်ပါးပါး ကစားနေရမှာ မဟုတ်ဘူးလား။”

ယွမ်ရှန်ရှန်သည် စုဟန်ယန်၏ အခန်းထဲတွင် ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာ အပါအဝင် နန်းတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိနေ၏။

သူမသည် ထိုအပေါ်တွင် သဝန်တိုခြင်း သို့မဟုတ် စိတ်ဆိုးခြင်း မရှိပေ။ သူမ နားမလည်သည်မှာ ပျော်ရွှင်ဖွယ်အချိန်များကို ပိုင်ဆိုင်နေသော လုချန်း အဘယ်ကြောင့် သူမထံသို့ ရောက်လာရသနည်း ဆိုသည့်အချက် ဖြစ်သည်။

ဤလူယုတ်မာသည် စုဟန်ယန်နှင့် ပျော်ပါးနေရင်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မထိတွေ့ရသေးသော နေရာနှစ်ခုကို သတိရသွားပြီး လိုလားနေခြင်း ဖြစ်နိုင်လား။

ထိုသို့ တွေးမိလိုက်ချိန်တွင် ယွမ်ရှန်ရှန် မသိမသာ မျက်မှောင်ကြုတ်မိသွားပြီး သူမ၏ ပတ်ဝန်းကျင်ရှိ အေးစက်မှုလည်း ပို၍ပင် ပြင်းထန်လာခဲ့သည်။

ထိုအတွက် ဆိုလျှင်တော့ ဤတပည့် အိပ်မက်သာ မက်နေနိုင်ပေလိမ့်မည်။

သူမသည် သူ၏အမျိုးသမီး ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း သူမထံတွင် ဂုဏ်သိက္ခာ ရှိသည်။ ထိုကဲ့သို့ အရှက်ရဖွယ် လုပ်ရပ်ကို သူမအား လုပ်ဆောင်စေရန် မျှော်လင့်နေခြင်းသည် လုံးဝ မဖြစ်နိုင်သည့်အရာ ဖြစ်၏။

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်းက နောက်ပြောင်လိုသော အပြုံးဖြင့်

“ဆရာမ သဝန်တိုနေတာလား...”

လုချန်း စကားမဆုံးမီတွင် ယွမ်ရှန်ရှန် သူမ၏ ခရမ်းရောင် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး သူ့အား စူးစိုက်ကြည့်ကာ

“ရှင့်ကို သတိပေးလိုက်မယ်။ လုံးဝ စိတ်မကူးနဲ့။”

“စုဟန်ယန်က စုဟန်ယန်ပဲ။ ကျွန်မက ကျွန်မပဲ။”

ယွမ်ရှန်ရှန် အဘယ်ကြောင့် ဤသို့ ပြင်းထန်စွာ တုံ့ပြန်သည်ကို လုချန်း လျင်မြန်စွာ သဘောပေါက်သွားသည်။

ယွမ်ရှန်ရှန် အဘယ်ကြောင့် ဒေါသထွက်နေသည်ကို သိသွားသောအခါ လုချန်းက ရယ်ကျဲကျဲ လုပ်လိုက်ပြီးနောက်

“ဆရာမ။ ကျွန်တော်က ဆရာမကို ဟန်ယန်လိုမျိုး လုပ်စေချင်တယ်လို့ ထင်နေတာလား။”

ယွမ်ရှန်ရှန်က ခပ်ပေါ့ပေါ့ပင်

“အဲ့ဒီလို မဟုတ်လို့လား။ ရှင့်ရဲ့ အကျင့်အရဆိုရင် အာသာမပြေမချင်း ဘာလို့ ထွက်လာမှာလဲ။ ဒီကိုလာတာ ကျွန်မအပေါ်မှာ အကြံအစည် ရှိလို့ မဟုတ်လား။”

လုချန်းက ပြုံးလျက်

“ဆရာမက တကယ်ကို စိတ်ကူးဉာဏ် ကွန့်မြူးတတ်တာပဲ။”

“ဒါပေမဲ့ ပြောရရင်တော့ ဆရာမက ဆန္ဒမရှိဘူးလို့ ပြောနေပေမဲ့ ကျွန်တော်ရဲ့ လှုပ်ရှားမှုတွေကို အချိန်တိုင်း ချောင်းကြည့်နေခဲ့တာပဲ။ ဒါက ဆရာသခင်မရဲ့ စိတ်ထဲမှာ ဒီအကြောင်းကို နည်းနည်းပါးပါး တွေးနေတယ် ဆိုတာကို ပြနေသလိုပဲ။”

ထိုသို့ ကြားလိုက်ရသောအခါ ယွမ်ရှန်ရှန် တုန်လှုပ်သွားသည်။

အမှန်တကယ်ပင် သူမသည် စုဟန်ယန်၏ အခန်းထဲတွင် ဖြစ်ပျက်နေသမျှကို သူမ၏ စိတ်အာရုံဖြင့် အာရုံခံနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လုချန်း အာသာမပြေသေးသည်ကို သူမ သိရှိနေခြင်း ဖြစ်၏။

စုဟန်ယန်က ဤလမ်းလွဲနေသော တပည့်အား မည်သို့ ပြုစုသည်ကို သိချင်စိတ် ပြင်းပြနေခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ထိုသို့ ထောက်ပြခံလိုက်ရခြင်းက သူမတွင်လည်း ထိုကဲ့သို့သော ဆန္ဒများ ရှိနေသလို ထင်မှတ်စေသဖြင့် ယွမ်ရှန်ရှန်၏ ပါးပြင်များထက်တွင် ရှက်သွေးများ ပျံ့နှံ့သွား၏။

ထို့နောက် ယွမ်ရှန်ရှန်က

“ရှင် စကားလမ်းကြောင်း လွှဲစရာ မလိုဘူး။ ဒီနေ့ ရှင် ဘာပဲပြောပြော အဲ့ဒီလို ကိစ္စမျိုး လုပ်ဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။”

ယွမ်ရှန်ရှန်၏ အေးစက်ပြီး လှပသော မျက်နှာထက်တွင် ရှက်သွေးဖြန်းကာ ဒေါသထွက်နေသည့် အမူအရာကို မြင်သောအခါ လုချန်း ယွမ်ရှန်ရှန်အား ဆက်လက် မစနောက်တော့ပဲ တိုက်ရိုက် စကားဆိုလိုက်သည်။

“ဆရာမ။ ကျွန်တော် ဒီနေ့ ဆရာမဆီ လာခဲ့တာက အဓိကကတော့ အကူအညီ တောင်းချင်လို့ပါ။”

ယွမ်ရှန်ရှန်က

“ရှင့်ကို ကူညီဖို့ အဲ့ဒီ ‘နေရာတွေ’ကို ဘယ်လိုမှ သုံးမှာ မဟုတ်ဘူးလို့ ပြောပြီးသားပဲ”

လုချန်း မရယ်ပဲ မနေနိုင်တော့ပေ။

“ဆရာမက ကျွန်တော့်ကို ဘယ်လို လူစားမျိုးလို့ ထင်နေတာလဲ။ ကျွန်တော်က ဘာကိစ္စလဲဆိုတာတောင် မပြောရသေးဘူးလေ။”

လုချန်းက သူမအား နောက်ပြောင်လိုသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်သောအခါ လုချန်းထံတွင် အမှန်တကယ် အရေးကြီးသော ကိစ္စတစ်ခု ရှိနိုင်ကြောင်း ယွမ်ရှန်ရှန် နောက်ဆုံးတွင် သဘောပေါက်သွား၏။

ခဏခန့် ယွမ်ရှန်ရှန်၏ မျက်နှာပေါ်ရှိ ရှက်သွေးများသည် ပိုမို နက်ရှိုင်းသွားပြီး သူမ၏ ဖြူဖွေးသော လည်တိုင်ပင် နီမြန်းသွားသည်။

လုချန်းက

“ဆရာမကို ကျွန်တော့်အတွက် ရုပ်သေးတချို့ ဖန်တီးပေးဖို့ တောင်းဆိုချင်တာပါ။”

ထိုသို့ ကြားသောအခါ ယွမ်ရှန်ရှန် သက်ပြင်းချမိသည်။ ဒါက တကယ့် အရေးကိစ္စ ဖြစ်နေသည်။ ဤစကားနားမထောင်သော တပည့်က စုဟန်ယန်နှင့် ပျော်ပါးရသည်ကို အားမရသေးပဲ သူမနှင့် ဆက်လက် ပြုလုပ်ရန် ကြံစည်နေသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။

ယွမ်ရှန်ရှန်က

“ကျွန်မ ရှင့်အတွက် အရင်က ရုပ်သေးတစ်ရုပ် လုပ်ပေးခဲ့ဖူးတယ်လို့ မှတ်မိနေတယ်။”

လုချန်းက ယွမ်ရှန်ရှန်၏ ရှေ့သို့ လာထိုင်ပြီးနောက် ယွမ်ရှန်ရှန်၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည်။

လုချန်း တကယ့် အရေးကိစ္စဖြင့် လာခြင်းဖြစ်ကြောင်း ယခုအခါ သိသွားပြီ ဖြစ်သောကြောင့် ယွမ်ရှန်ရှန်လည်း လုချန်း၏ ထိတွေ့မှုအပေါ် တုံ့ပြန်မှု အနည်းငယ်သာ ပြသခဲ့သည်။ ထို့ကြောင့် လုချန်းက စုဟန်ယန်အပေါ် ပြုလုပ်ခဲ့သကဲ့သို့ သူမအပေါ် ပြုလုပ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ထိုအချိန်တွင် လုချန်းက

“ကျွန်တော့်ရဲ့ ရုပ်သေးကို ကျိယန်ကမ္ဘာမှာ တစ်ယောက်ယောက်က ဖျက်ဆီးလိုက်လို့။”

ယွမ်ရှန်ရှန်က စူးစမ်းစွာ မေးလိုက်သည်။

“ရှင့်ရဲ့ ရုပ်သေး ကျိယန်ကမ္ဘာထဲ ဝင်သွားပြီးနောက် အဟန့်အတား တချို့ ကြုံခဲ့ရသေးလား။ ထိန်းချုပ်ရ ခက်တာမျိုးလေ။”

လုချန်းက

“ကျွန်တော့်ရဲ့ ရုပ်သေးပညာက အများကြီး တိုးတက်လာခဲ့ပြီ။ ဒါကြောင့် ရုပ်သေးကို ထိန်းချုပ်တဲ့နေရာမှာ ဘာပြဿနာမှ မရှိခဲ့ဘူး။”

လုချန်း အစပိုင်းတွင် သူမထံသို့ လက်ဆင့်ကမ်းပေးစဉ်က ရုပ်သေးပညာ အချို့ကို ချန်ထားခဲ့တာ ဖြစ်ရမည်ဟု ယွမ်ရှန်ရှန်က သူမဘာသာ တွေးလိုက်သည်။

ယွမ်ရှန်ရှန်က ထပ်မံ၍ မေးမြန်းခြင်း မပြုတော့ပဲ

“ပစ္စည်းတွေ ထုတ်လိုက်။”

လျှို့ဝှက်လဝန်းနန်းတော် နတ်လှေ၏ အပိုင်းအစများကို လုချန်း မဆိုင်းမတွ ထုတ်ယူလိုက်ပြီးနောက် ယွမ်ရှန်ရှန်လည်း ချက်ချင်းပင် ရုပ်သေးများကို စေ့စပ်သေချာစွာ စတင် ထုလုပ်တော့သည်။ လုချန်းက သူမ၏ ခါးကို ဆက်လက် ပွေ့ဖက်ထားသော်လည်း အခြားသော ကျူးကျော်မှုများ မပြုလုပ်ခဲ့ပေ။

ခဏအကြာတွင် လုချန်းနှင့် တစ်ထေရာတည်း တူညီသော ရုပ်သေးသုံးခု သူတို့၏ ရှေ့မှောက်တွင် ပေါ်လာသည်။ ယွမ်ရှန်ရှန်က

“ရုပ်သေး သုံးခုစလုံးကို ကျိယန်ကမ္ဘာဆီ ပို့ချင်တာလား။”

လုချန်းက

“လောလောဆယ်တော့ မဟုတ်သေးဘူး။ ကျွန်တော် တစ်ချိန်တည်းမှာ ရုပ်သေး အများကြီးကို ထိန်းချုပ်နိုင်စွမ်း မရှိသေးဘူး။”

အမှန်တော့ သူ ရုပ်သေးများစွာကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်သော်လည်း ထိုသို့ ပြုလုပ်ခြင်းသည် သူ့အား အာရုံပျံ့လွင့်စေနိုင်ပြီး ရုပ်သေးများ၏ အင်အားကို သိသိသာသာ လျော့ကျစေမည် ဖြစ်သည်။

သူ၏ ရုပ်သေးပညာ ပိုမို ပြည့်စုံလာသည့် အချိန်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းလိမ့်မည်။ လောလောဆယ်တွင် ရုပ်သေး တစ်ခုချင်းစီကိုသာ ထိန်းချုပ်ခြင်းက အကောင်းဆုံး ဖြစ်သည်။ ရုပ်သေးတစ်ရုပ် ပျက်စီးသွားပါက နောက်တစ်ရုပ်ကို ဆက်လက်၍ စေလွှတ်နိုင်၏။

ထို့နောက် လုချန်း မတ်တပ်ထရပ်လိုက်ပြီး ရုပ်သေးသုံးခု၏ ရှေ့သို့ လာကာ တစ်ခုစီ၏အပေါ်သို့ သူ၏ သွေးတစ်စက်စီ ချလိုက်ပြီး သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။ မကြာမီပင် ရုပ်သေးများ သူနှင့် လုံးဝ တစ်ထေရာတည်း တူညီသွားကြ၏။

ဟုတ်ပါသည်။ ရုပ်သေးသည် ရုပ်သေးသာ ဖြစ်နေဆဲဖြစ်ပြီး အချို့သော လုပ်ဆောင်ချက်များ ချို့တဲ့နေဆဲ ဖြစ်သည်။

လုချန်း ရုပ်သေးများကို သန့်စင်ပြီးစီးသွားသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း သူမ၏ နဂိုအေးစက်သော အမူအရာသို့ ပြန်ပြောင်းသွားပြီး

“ရှင့် တောင်းဆိုတဲ့အတိုင်း ကူညီပေးပြီးပြီ။ အခု သွားလို့ရပြီ။”

ထိုသို့ ကြားသောအခါ လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူက သူမအပေါ် မလျော်ကန်သော အရာများကို ပြုလုပ်လာမည်ကို ယွမ်ရှန်ရှန် စိုးရိမ်နေဆဲ ဖြစ်ကြောင်း သူ သိနေသည်။

သူသည် သူ၏ ဇနီးများများစွာတို့နှင့် အမှန်တကယ်ပင် ရင်းနှီးခဲ့ဖူးသော်လည်း မည်သည့်အခါကမှ ထိုသို့ အတင်းအကျပ် မပြုလုပ်ခဲ့ပေ။ အမျိုးသမီးတိုင်းက ထိုကဲ့သို့သော ကိစ္စရပ်များကို လက်ခံနိုင်ကြတာ မဟုတ်ကြောင်း သူ ကောင်းစွာ သတိပြုမိ၏။

ရန်ခရိုင် နန်းတွင်းရှိ ဇနီးများတွင် နှစ်ဦး သို့မဟုတ် သုံးဦးခန့်သာ ထိုကဲ့သို့သော အတွေ့အကြုံများ ရှိခဲ့ဖူးသည်။

ထိုအခိုက်တွင် လုချန်းက

“ဆရာမ။ ကျွန်တော့်ကို ဒီလို အရေးကြီးတဲ့ ကိစ္စကြီး ကူညီပေးပြီးတဲ့နောက်မှာ...”

လုချန်း စကားမဆုံးသေးခင်မှာပင် ယွမ်ရှန်ရှန်က

“ဒါ ဘာမှ မဟုတ်ဘူး။ ပြောပလောက်တဲ့ ကိစ္စ မဟုတ်ဘူး။ ရှင့် အလုပ် ရှင် ဆက်လုပ်”

ဟု အလျင်အမြန် ဖြတ်ပြောလိုက်သည်။

ဒါက ယွမ်ရှန်ရှန် အလွန် ရင်းနှီးနေသော စကားအသွားအလာပုံစံ ဖြစ်၏။ လုချန်း၏ နောက်ဆက်တွဲ စကားလုံးများသည် သူမအား ကျေးဇူးဆပ်လိုခြင်း အကြောင်း ဖြစ်လိမ့်မည်ဖြစ်ပြီး သူ၏ ကျေးဇူးဆပ်ခြင်းက မည်သည့်ပုံစံ ဖြစ်မည်ကို သူမ ကောင်းကောင်းကြီး ရှင်းရှင်းလင်းလင်း သိနေသည်။

သူနှင့် အတူ နေထိုင်ခဲ့တာ နှစ်များစွာ ကြာပြီးနောက် သူမ ထိုကဲ့သို့ ကိစ္စမျိုးကို သိပ်ပြီး ဂရုမစိုက်တော့‌သော်လည်း သူ့အား သူမအပေါ်၌ ထင်တိုင်းကြဲခွင့် ပြုလိုစိတ် လုံးဝ မရှိတာတော့ သေချာ၏။

All Chapters