← Chapters

တကယ် သဘောကျခဲ့တာလား

Vol. 70 Ch. 1048

တကယ် သဘောကျခဲ့တာလား

Vol. 70 Ch. 1048

လုချန်း ကျိချိုးယု၏ အခန်းတံခါးဝသို့ ရောက်ရှိသောအခါ အထဲမှ ထူးဆန်းသော အသံအချို့ကို ကြားလိုက်ရသည်။

“လုချန်း... ရှင် ဘာလို့ မသွားခင် စကားတစ်ခွန်းတောင် မပြောခဲ့ရတာလဲ။”

“အနည်းဆုံးတော့ စာတစ်စောင်လောက် ထားခဲ့လေ။”

ထိုအခိုက်တွင် တံခါးဝရှိ အစေခံသည် အခန်းထဲမှ အသံကို ကြားသောအခါ ခေါင်းခါ၍ သက်ပြင်းချလိုက်၏။ ကျိချိုးယုသည် အလွန် ထိခိုက်ခံစားနေရပြီး သူမ၏ အခန်းထဲတွင် အလုံပိတ်နေကာ တစ်ယောက်တည်း စကားပြောရင်း နေ့ရက်များကို ကုန်ဆုံးနေရပုံရသည်။

သို့သော်လည်း ထိုအချိန်တွင်ပင် တံခါးဝရှိ အစေခံမလေး နှစ်ယောက် အဆောင်အတွင်းသို့ ဝင်ရောက်လာသော လုချန်းကို မြင်လိုက်၏။ ချက်ချင်းပင် သူတို့၏ မျက်နှာများ ဖြူဖျော့သွားသည်။

“သရဲ... သရဲ...”

လုချန်းက ချက်ချင်း လက်မြှောက်လိုက်ပြီး “ရှူး”

ဟူသော အမူအရာ ပြုလုပ်လိုက်သည်။

ထိုအခိုက်တွင် ကျိချိုးယုထံမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။

“လုချန်း။ ကျွန်မ ရှင် ပြန်လာတဲ့အထိ စောင့်မယ်။ အဲ့ဒီအခါကျမှ ရှင့်ကို ကျွန်မ ဘယ်လို အပြစ်ပေးမလဲဆိုတာကြည့်။”

ထိုအသံကို ကြားသောအခါ လုချန်း ခပ်ဖွဖွပြုံးလိုက်သည်။ ထို့နောက် သူက တံခါးဝတွင်

“ကျွန်တော် အခု ပြန်လာပြီ။ မြို့သခင်က ကျွန်တော့်ကို ဘယ်လို အပြစ်ပေးဖို့ စီစဉ်ထားလဲ ဆိုတာကို တကယ်ပဲ တွေ့ချင်နေပြီ။”

ထိုအခိုက်တွင် အခန်းထဲ၌ ဆံပင် ဖရိုဖရဲ ဖြစ်လျက် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကျိချိုးယုတစ်ယောက် ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ လုချန်း၏ အသံကို ကြားသောအခါ သူမ ရုတ်တရက် ခေါင်းမော့လိုက်သည်။

သူမ၏ စိတ်ကို ပြန်လည် တည်ငြိမ်စေပြီးနောက် လျင်မြန်စွာ လက်ဝှေ့ယမ်းလိုက်ရာ အခန်းတံခါး ဝုန်းခနဲ ပွင့်ထွက်သွားပြီး ထိုနေရာတွင် ရပ်နေသော လုချန်း ပေါ်လာ၏။

ကျိချိုးယု ခဏခန့် ကြက်သေသေသွားသည်။

ကျိချိုးယု၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကို မြင်သောအခါ လုချန်း စိတ်မကောင်း ဖြစ်သွားသည်။ သူ၏ ရုပ်သေး ပေါက်ကွဲမှုက ကျိချိုးယုကို ဤမျှ နက်ရှိုင်းစွာ ထိခိုက်စေခဲ့မည်ဟု သူ မထင်ထားမိခဲ့ပေ။ သူမက သူ့ကို သူမ၏ ကျင့်ကြံဖော်အဖြစ် အမှန်တကယ် သတ်မှတ်ထားပုံ ရသည်။

ထို့နောက် လုချန်းက

“ချိုးယု။ တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားကို မပြောပြခဲ့တဲ့ ကိစ္စတချို့ ရှိနေလို့ပါ။ ဒါက ခင်ဗျားကို စိတ်ပူစေခဲ့တယ်။”

ထိုသို့ ပြောရင်း လုချန်းက တံခါးဝရှိ အစေခံမလေး နှစ်ယောက်ကို ထွက်သွားရန် လက်ဝှေ့ယမ်း ပြလိုက်သည်။ အစေခံမလေးများလည်း လုချန်းနှင့် ကျိချိုးယုကြားမှ ဆက်ဆံရေးကို နားလည်ပြီးဖြစ်သဖြင့် ဉာဏ်ရှိစွာ အဆောင်အတွင်းမှ ထွက်ခွာသွားကြသည်။

လုချန်း အခန်းထဲသို့ ဆက်လျှောက်သွား၏။ သူ ဝင်လိုက်သည်နှင့် ကျိချိုးယုက ရုတ်တရက်

“ရှင်ဘယ်သူလဲ”

ဟု အေးစက်စွာ ဆိုလိုက်သည်။

သူမ၏ စကားသံ ဆုံးသွားသည်နှင့် ကျိချိုးယု၏ အိပ်ရာဘေးမှ ဓားကပျံထွက်လာပြီး လုချန်း၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားကာ ဓားသွားထိပ်က သူ၏ လည်ပင်းကို ချိန်ရွယ်ထား၏။

လုချန်း အသက်ရှင်နေသေးမည်ဟု ကျိချိုးယု အချိန်တိုင်း မျှော်လင့်ခဲ့သော်လည်း သူ ပေါက်ကွဲသွားနိုင်ခြေ အလွန်များသည်ကို သူမ စိတ်ထဲ သိနေခဲ့သည်။ ယခု လုချန်းကို မြင်သောအခါ သူမ၏ ယုတ္တိဗေဒ အတွေးများ ပြန်လည်ရှင်းလင်းလာသည်။

လုချန်း မတုံ့ပြန်နိုင်မီ ကျိချိုးယုက

“လုချန်း ပုံစံ ဟန်ဆောင်ရတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။”

ကျိချိုးယု သတိကြီးကြောင်း မြင်သောအခါ လုချန်းက စိတ်ချသွားဟန်ဖြင့် ပြုံးကာ

“ချိုးယု ခင်ဗျား ဒီလောက် သတိကြီးတာကို မြင်ရတာက ကျွန်တော့်ကို စိတ်သက်သာရာ ရစေတယ်။”

ကျိချိုးယုက အေးစက်သော လေသံဖြင့်

“ရင်းနှီးချင်ယောင်ဆောင် မနေနဲ့။

ကျွန်မရဲ့ မေးခွန်းကို အခု ဖြေ။ မဟုတ်ရင် ရှင်သေမယ်။”

ခြိမ်းခြောက်မှုကို လျစ်လျူရှုလျက် လုချန်းက

“အဲ့ဒီနေ့က လူသတ်သမား ကျွန်တော့်အခန်းကို လာတဲ့အချိန်မှာ ကျွန်တော်က ကျင့်ကြံနေရင်း သတိလစ်နေလို့ လူသတ်သမားကို သတိမထားမိခဲ့ဘူး။ ကျွန်တော် စိုးရိမ်ပြီး အပြေးအလွှား သွားကြည့်တဲ့အခါ ကျွန်တော့်ရဲ့ ရုပ်သေး ပုံတူပွားက ဓားနဲ့ထိုးခံထားရပြီ။ ဒါနဲ့ ကျွန်တော်ရဲ့ ရုပ်သေး ပုံတူပွားကို ဖောက်ခွဲလိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။”

“ခင်ဗျားကို စိတ်မပူစေချင်လို့ ကျွန်တော် ဒီ ရုပ်သေး ပုံတူပွားကို ခင်ဗျားဆီ ချက်ချင်း လွှတ်လိုက်တာပါ။”

လုချန်း၏ ရှင်းပြချက်ကို ကြားသောအခါ ကျိချိုးယု ခဏခန့် ကြက်သေသေသွားသည်။

ရုပ်သေး။

တိုက်ပွဲများတွင် ရုပ်သေးများကို ထိန်းချုပ်ခြင်း အကြောင်းကို သူမ ကြားဖူး၏။ ထို့ကြောင့် သူ၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သွားသော်လည်း သူမ ရုပ်သေးတစ်ရုပ်နှင့် အမြဲတမ်း ပူးကပ်နေခဲ့သည်ကို ယုံနိုင်ရန် ခက်ခဲနေသည်။

ထိုတစ်ခဏအတွင်း ကျိချိုးယုထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်လာသည်။

“ရှင် ဆိုလိုတာက အရင်က လုချန်းက ရှင့်ရဲ့ ရုပ်သေးတွေထဲက တစ်ခု ပဲလား။”

လုချန်းက

“ခင်ဗျားလည်း သတိထားမိမှာပါ။ တကယ်လို့သာ ဒါက ကျင့်ကြံသူတစ်ယောက် ကိုယ်တိုင် ဖောက်ခွဲတာဆိုရင် အခင်းဖြစ်ပွားရာနေရာမှာ ခန္ဓာကိုယ် အပိုင်းအစတွေ ဒါမှမဟုတ် သွေးတွေ ကျန်နေခဲ့မှာ သေချာတယ်။”

ကျိချိုးယု ဤအချက်ကို နားလည်သည်မှာ သေချာ၏။ ထိုအချက်ကြောင့်ပင် လုချန်း အသက်ရှင်နေသေးမည်ဟု မျှော်လင့်ချက် သဲ့သဲ့ကို သူမ ဆက်လက် ထားရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမသိထားသော လုချန်းသည် အမှန်တကယ်တော့ ရုပ်သေးတစ်ရုပ်သာ ဖြစ်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူ့အား စူးစိုက် ကြည့်နေသော ကျိချိုးယု၏ မျက်နှာပေါ်မှ ခက်ထန်အေးစက်မှုကို မြင်သောအခါ လုချန်းက အလျင်အမြန် ဆက်ပြောလိုက်သည်။

“ချိုးယု။ အစကတည်းက ခင်ဗျားကို မပြောပြမိတဲ့အတွက် ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ်က လက်ရှိမှာ နေရာ တစ်ခုမှာ ပိတ်မိနေပြီး ခင်ဗျားနဲ့ မတွေ့နိုင်ဘူး။ ဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့ ဒီနည်းလမ်းနဲ့ပဲ တွေ့ဆုံနိုင်ခဲ့တာပါ။”

ကျိချိုးယုသည် လုချန်းကို အေးစက်စွာ ဆက်လက် ကြည့်ရှုနေဆဲ ဖြစ်ပြီး လုချန်းက သူ ကျင့်စဉ်တစ်ခု ကျင့်ကြံနေသဖြင့် ကျင့်ကြံဖော်များ၏ ကိစ္စရပ်များတွင် မပါဝင်နိုင်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို သူမ နောက်ဆုံးတွင် နားလည်သွားသည်။

သူမ လုချန်းကို ပွေ့ဖက် နမ်းရှုပ်သည့် အကြိမ်တိုင်း သူ၏ ခန္ဓာကိုယ် အနည်းငယ် ထူးဆန်းနေသည်ဟု အဘယ်ကြောင့် ခံစားခဲ့ရပြီး လုချန်း၏ နှလုံးခုန်သံကို သူမ ဘယ်သောအခါကမှ မခံစားခဲ့ရသည် အကြောင်းအရင်းကိုလည်း သူမ နားလည်သွားသည်။

သူမ ပွေ့ဖက် နမ်းရှုပ်နေခဲ့သော သူသည် တကယ့် လူအစစ် မဟုတ်ပဲ ရုပ်သေးတစ်ရုပ် ဖြစ်နေခဲ့သည်။ သူမ၏ စိတ်အားထက်သန်မှု အားလုံးကို ရုပ်သေးတစ်ရုပ်ထံ မြှုပ်နှံခဲ့သည်ဟူသော အသိက ကျိချိုးယုအား အလွန်အမင်း ရှက်ရွံ့ ဒေါသထွက်စေသည်။

ကျိချိုးယု စကားမပြောသည်ကို မြင်သောအခါ လုချန်း စကားဆက်မပြောတော့ပဲ သူမ၏ မျက်လုံးများထဲသို့သာ ကြည့်နေလိုက်သည်။

ထာဝရ ကာလတစ်ခုဟု ထင်မှတ်ရလောက်အောင် ကြာမြင့်ပြီးနောက် ကျိချိုးယုကနောက်ဆုံးတွင်

“ဒီနေ့ကစပြီး။ ကျွန်မတို့ ကျင့်ကြံဖော် မဟုတ်တော့ဘူး။”

လုချန်း ပြောသည်ကို ကျိချိုးယု သဘာဝကျစွာ ယုံကြည်ခဲ့သော်လည်း ရုပ်သေးတစ်ရုပ်နှင့် ချစ်သူဖြစ်ရသည်ကိုတော့ သူမ လက်မခံနိုင်ပေ။

ကျိချိုးယု၏ စကားကို ကြားသောအခါ လုချန်း သက်ပြင်းချလိုက်ပြီး

“ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် အခုပဲ လနက်မြို့ကနေ ထွက်သွားပါမယ်။ခင်ဗျားရှေ့မှာ ထပ်ပေါ်မလာတော့ပါဘူး။”

ထိုသို့ပြောပြီးနောက် လုချန်း လှည့်ထွက်သွားသည်။

လုချန်းတွင် ဇနီးများစွာရှိပြီး အမျိုးသမီးများနှင့် နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ဖူးသူ ဖြစ်သဖြင့် လက်ရှိ အခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို သူ သဘာဝကျစွာ သိ၏။ စနစ်ကို စစ်ဆေးကြည့်ရာ ကျိချိုးယု၏ သူ့အပေါ် နှစ်သက်မှုက ကျန်ရှိနေသေးသည်။ ယခု ကျိချိုးယုသည် လှည့်ဖြားခံရသည်ဟု ခံစားနေရပြီး အနည်းငယ် ဒေါသထွက်နေသောကြောင့် ထိုစကားများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူက သူမကို ယခု ဆက်လက် နှောင့်ယှက်နေပါက ကျိချိုးယု၏ သူ့အပေါ် နှစ်သက်မှုကို ဆက်လက် လျော့ကျသွားစေနိုင်၏။ ယခု အခြေအ‌နေတွင် ထွက်သွားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ဟုတ်ပါသည်။ သူတကယ် ထွက်သွားခြင်း မဟုတ်ပေ။

လုချန်း ထွက်ခွာသွားသော ပုံရိပ်ကို မြင်သောအခါ ကျိချိုးယု ခဏခန့် ကြက်သေသေသွားသည်။ သူမသည် လုချန်း၏ လှည့်ဖြားမှုကို လက်မခံနိုင်ခဲ့သော်လည်း သူမ၏ ရည်ရွယ်ချက်မှာ သူတို့ ကျင့်ကြံဖော် မဟုတ်တော့ရန်သာ ဖြစ်သည်။ ထို့ကြောင့် လုချန်း လနက်မြို့မှ ထွက်သွား စေရန် သူမ မလိုလားပေ။

လုချန်းကို အစကတည်းက နေခိုင်းခဲ့သူမှာ သူမ ဖြစ်သည်ကို ကျိချိုးယု လျင်မြန်စွာ သတိရသွားသည်။

ယခု သူမနှင့် လုချန်းသည် ကျင့်ကြံဖော် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီ ဖြစ်သောကြောင့် လုချန်း အနေနှင့် လနက်မြို့၌ ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အရာအားလုံးကို သူမကပင် စတင်ခဲ့ပြီး ယခု သူမက အဆုံးသတ်လိုက်သောကြောင့်ဖြစ်သည်။

လုချန်း၏ ပုံရိပ် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း ကျိချိုးယု၏ နှလုံးသားထဲတွင် စူးရှသော နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး အလွန်မသက်မသာ ဖြစ်သွားသည်။

သူမသည် ဤလှည့်ဖြားမှုကို လက်မခံနိုင်သော်လည်း လုချန်း သူမကို ကယ်တင်ခဲ့သည်ကတော့ အမှန်တရား ဖြစ်၏။ လုချန်း မရှိပါက သူမ ထိုစဉ်ကတည်းက နတ်ဆိုးများ၏ ဝါးမျိုခြင်းကို ခံရပြီးပြီဖြစ်သည်။

ထို့ပြင် သူသည် ရုပ်သေးတစ်ရုပ်သာ ဖြစ်ခဲ့သော်လည်း လုချန်းအပေါ် ထားရှိသော သူမ၏ ခံစားချက်များက စစ်မှန်ခဲ့၏။ ရုပ်သေး၏ နောက်ကွယ်မှ လူသားက ဖော်ပြသော အချစ်ကို သူမ အမှန်တကယ် ခံစားနိုင်ခဲ့သည်။

ခဏခန့် ကျိချိုးယု၏ နှလုံးသား စုတ်ပြဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

လုချန်း အဆောင်အပြင်သို့ လျှောက်ထွက်တော့မည်ကို မြင်သောအခါ ကျိချိုးယု ဆက်လက် မထိန်းထားနိုင်တော့ပဲ

“နေဦး...”

လုချန်းက သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း နောက်ပြန် လှည့်မကြည့်ခဲ့ပေ။

ကျိချိုးယုက

“ရှင် ကျွန်မကို တကယ် သဘောကျခဲ့ဖူးလား။”

ခေါင်းမလှည့်ပဲ လုချန်းက

“တကယ်လို့ ကျွန်တော် သဘောမကျခဲ့ဘူးဆိုရင် လနက်မြို့မှာ နေဖို့ အစကတည်းက သဘောတူခဲ့မှာ မဟုတ်ဘူး။”

ကျိချိုးယုက

“ရှင့်မှာ တခြား ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။”

“ဒါပေမဲ့ ရှင် ကျွန်မကို မလိမ်ခဲ့သင့်ဘူး။”

လုချန်းက

“တကယ်လို့ ကျွန်တော်က ရုပ်သေးတစ်ရုပ်လို့ အစကတည်းက ခင်ဗျားကို ပြောခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကျင့်ကြံဖော်တွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။”

All Chapters