← Chapters

စကားဆက်မပြောနဲ့တော့

Vol. 70 Ch. 1050

စကားဆက်မပြောနဲ့တော့

Vol. 70 Ch. 1050

ကျိချိုးယု ခဏခန့် တွေးတောလိုက်ပြီး ပိုင်ဝမ်ပင်းကို ချက်ချင်း သတိရသွား၏။

လုချန်း ထွက်သွားစေလိုသူမှာ မည်သူဖြစ်သနည်းဟု စဉ်းစားကြည့်လျှင် ပိုင်ဝမ်ပင်းပင် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။

ပိုင်ဝမ်ပင်း လနက်မြို့သို့ နောက်ဆုံးအကြိမ် လာရောက်လည်ပတ်စဉ်က လုချန်းနှင့် သူမ၏ ဆက်ဆံရေးကို သိသွားခဲ့ခြင်း ဖြစ်နိုင်၏။

သူမနှင့် လုချန်းသည် ရင်းနှီးခြင်း မရှိခဲ့သော်လည်း သူတို့သည် ညများကို အတူတကွ မကြာခဏ ကုန်ဆုံးခဲ့ကြသည်။

ထိုကိစ္စက ပေါက်ကြားသွားနိုင်ပြီး ပိုင်ဝမ်ပင်းလည်း ထိုအကြောင်းကို သိရှိသွားနိုင်ခြေ ရှိသည်။

ထို့ကြောင့် သူက လုချန်းကို ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် သွေးသက်တံ ရဲတိုက်၏ လူသတ်သမားများကို ငှားရန် အလျင်အမြန် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေးမိသောအခါ ကျိချိုးယု အပြစ်ရှိသလို အနည်းငယ် ခံစားလိုက်ရ၏။ သူမကြောင့်သာ မဟုတ်လျှင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို သူ ရင်ဆိုင်ရမည် မဟုတ်ပေ။

လုချန်း၏ ရုပ်သေး ခန္ဓာကိုယ်သာ ဤနေရာတွင် ရှိနေခဲ့သည့်အတွက်လည်း သူမ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။

အကယ်၍ ဤနေရာတွင် သူ၏ ခန္ဓာကိုယ် အစစ် ရှိနေခဲ့ပါက သူ ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရနိုင်၏။

ထိုအတွေးနှင့်အတူ လုချန်းအပေါ်ရှိနေသော သူမ၏ နှလုံးသားထဲရှိ နာကြည်းများ အများအားဖြင့် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကျိချိုးယုက

“ရှင့်ကို ဘယ်သူ သတ်ချင်နေလဲဆိုတာ ကျွန်မ ခန့်မှန်းလို့ရပြီ ထင်တယ်။”

လုချန်းက စူးစမ်းလိုဟန် ဟန်ဆောင်ကာ

“ဘယ်သူလဲ”

ကျိချိုးယုက ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး

“ပိုင်ဝမ်ပင်း”

လုချန်းက အံ့ဩဟန် ပြုလိုက်ပြီး

“အဲ့ဒါဆို သူကိုး။ ကျွန်တော့်ကို သေစေချင်တဲ့ အကြောင်းပြချက်တွေ သူ့မှာ တကယ် ရှိနေတာပဲ။”

စကားပြောနေရင်း လုချန်း၏ အကြည့်က ကျိချိုးယု၏ လှပသော ခန္ဓာကိုယ်ပေါ်သို့ ဝေ့ဝဲသွား၏။

လုချန်း၏ ဤသို့ ပေါ်တင် စိုက်ကြည့်ခြင်းကို ခံရခြင်းက သူမ၏ ခန္ဓာကိုယ်ကို ခဏခန့် ပူနွေးလာစေသည်။

ကျိချိုးယု သူမ၏ စိတ်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဒါက လုချန်း၏ ရုပ်သေးရုပ်များထဲမှ တစ်ခုသာ ဖြစ်သည်ဟု မိမိကိုယ်ကိုယ် သတိပေးလိုက်သည်။ ရုပ်သေးတစ်ရုပ်အပေါ် သူမက ဘယ်လိုမျိုး ထိုအတွေးများ ထားရှိနိုင်မည်နည်း။

ထို့နောက် လုချန်းက

“ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ။ သူက ကျွန်တော့်ကို လုပ်ကြံဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မှတော့ သူ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို သိသွားနိုင်ခြေ အရမ်းများနေပြီ။”

“ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။ ကျွန်တော်က ရုပ်သေး ပုံတူပွား တစ်ခုပဲလေ။ သူ ဒီပုံတူပွားကို သတ်လိုက်ရင်တောင်။ ကျွန်တော့်မှာ တခြားဟာတွေ ရှိသေးတယ်။”

“ဒါပေမဲ့ တကယ်လို့ သူက မရတဲ့ အချစ်ကြောင့် စိတ်နာသွားပြီး ခင်ဗျားဆီကို လူသတ်သမား လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။”

ကျိချိုးယုက

“သူ ကျွန်မကို ထိခိုက်ရဲမှာ မဟုတ်ပါဘူး။ ကျွန်မက နတ်ဆိုး ချိပ်ပိတ် နယ်မြေကို စောင့်ကြပ်ဖို့ ကျိရှောင်နိုင်ငံကနေ တာဝန်ပေးအပ်ခြင်း ခံထားရတာ။”

“ကျွန်မ တစ်ခုခု ဖြစ်သွားရင် ကျိရှောင်နိုင်ငံက ချက်ချင်း သိသွားလိမ့်မယ်။ ဒါ့အပြင် ကျွန်မကိုယ်ပေါ်မှာ ဝိညာဉ်လိုက်ကျိန်စာ ရှိတယ်။”

“တစ်စုံတစ်ယောက်က ကျွန်မကို သတ်လိုက်တာနဲ့ အဲ့ဒီလူအပေါ်မှာ အမှတ်အသားတစ်ခု ကျန်ခဲ့လိမ့်မယ်။ ပြီးရင် ကျိမိသားစုနဲ့ ကျိရှောင်နိုင်ငံကပါ ကျွန်မကို တိုက်ခိုက်တဲ့သူကို လက်စားချေဖို့ လူတွေ လွှတ်ကောင်း လွှတ်နိုင်တယ်။”

ကျိရှောင်မင်းဆက်သည် အတွင်းပိုင်း ပြဿနာများကြောင့် နတ်ဆိုး ချိပ်ပိတ်မြေသို့ နှစ်ပေါင်းများစွာအတွင်း မည်သူ့ကိုမှ မစေလွှတ်ခဲ့သော်လည်း ၎င်းက ကျိရှောင်နိုင်ငံနှင့် သူမ၏ အထူး အဆင့်အတန်းက အရေးမကြီးတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူမသည် နတ်ဆိုး ချိပ်ပိတ်မြေကို စောင့်ကြည့်ရန် ကျိရှောင်နိုင်ငံကို ကိုယ်စားပြု၍ ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။

သူမ တစ်ခုခု ဖြစ်ခဲ့ပါက မည်သည့် မင်းသား အာဏာရလာသည် ဖြစ်စေ သူမအတွက် လက်စားချေပေးဦးမည်သာ ဖြစ်သည်။

ပိုင်ဝမ်ပင်းက သွေးသက်တံ ရဲတိုက်၏ လူသတ်သမားများကို ငှားရမ်းခဲ့လျှင်ပင် ထိုလုပ်ရပ်အတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည် ဖြစ်သည်။ သူလုပ်ရဲမည် မဟုတ်ပေ။

လုချန်းက

“ဒါလည်း ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ပိုင်ဝမ်ပင်းက အစွန်းရောက်တဲ့အထိ လုပ်မလုပ် ဆိုတာကို ဘယ်သူမှ သေချာ မပြောနိုင်ဘူး။”

ကျိချိုးယုက

“သူက အရမ်း တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပါ။ နတ်ဆိုးဒီရေ ပြင်းထန်လာတုံးက အရင်ဆုံး ထွက်ပြေးတာ သူပဲ။”

“သူ့ကိုယ်သူ အန္တရာယ်အဖြစ်ခံပြီး ကျွန်မကို တိုက်ခိုက်တဲ့အထိ‌တော့ သူ လုပ်မှာ မဟုတ်ဘူး။”

လုချန်းက

“ဒါလည်း ဟုတ်တာပဲ။ ဒီလိုဆိုရင်တော့ ကျွန်တော် စိတ်ချ လက်ချ နေလို့ရပြီ။ ခင်ဗျား ဘေးကင်းနေဖို့ပဲ အရေးကြီးတယ်။”

ထိုသို့ ဆိုရင်း လုချန်း ကျိချိုးယု၏ ခါးကို နောက်တစ်ကြိမ် လှမ်းဖက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် သူ၏ ပွေ့ဖက်မှုအောက်တွင် အနည်းငယ် တုန်ယင်သွားသော်လည်း သူမ၏ ရှေ့မှ လုချန်းသည် ရုပ်သေးတစ်ရုပ်မျှသာ ဖြစ်ကြောင်း သူမကိုယ်သူမ လျင်မြန်စွာ ထပ်မံ သတိပေးလိုက်သည်။

ကျိချိုးယုက

“ရှင့်ရဲ့ ရုပ်သေး ခန္ဓာကိုယ်က ရှင့်ရဲ့ ခန္ဓာကိုယ် အစစ်နဲ့ အတူတူပဲလား။”

လုချန်းက

“ကျွန်တော့်ရဲ့ ရုပ်သေးက ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ်ကို ပုံတူပွားထားတာ။ ရုပ်ရည်သွင်ပြင်က တစ်ထေရာတည်း တူပါတယ်။”

လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ ကျိချိုးယု၏ စိတ်ထဲ တစ်ဖန် ပေါ့ပါးသွားသည်။ သူတို့ တစ်ထေရာတည်း တူညီ‌နေပါက အနာဂတ်တွင် လုချန်း၏ ခန္ဓာကိုယ် အစစ်နှင့် တွေ့ဆုံပါက သူမ သူ့ကို လျင်မြန်စွာ လက်ခံနိုင်မည်ဖြစ်သည်။ မသက်မသာ ခံစားရခြင်းမျိုး ရှိနိုင်မည် မဟုတ်ပေ။

ထို့နောက် လုချန်းက ကျိချိုးယု၏ နားနားကပ်၍

“ချိုးယု ခင်ဗျားရဲ့ ကိုယ်သင်းနံ့က မွှေးလိုက်တာ။ ကျွန်တော် အခု ခင်ဗျားရဲ့ ဘေးမှာ ရှိနေပြီး ခင်ဗျားနဲ့အတူ စုံတွဲ ကျင့်စဉ်ကျင့်ချင်လိုက်တာ။”

ထိုစကားကို ကြားသောအခါ ကျိချိုးယု၏ ပါးပြင်များ ချက်ချင်းပင် မခံမရပ်နိုင်အောင် ပူနွေးလာသော်လည်း သူမ လျင်မြန်စွာ ပြန်လည် ပုံမှန် ဖြစ်သွားသည်။

ရနံ့။

သူမ၏ ရှေ့မှ တစ်ယောက်သည် မည်သို့ပင် ဖြစ်စေ ရုပ်သေးတစ်ရုပ်မျှသာ ဖြစ်သည်။ ၎င်းက သူမ၏ ကိုယ်ပေါ်မှ ရနံ့ကို မည်သို့ အနံ့ခံနိုင်မည်နည်း။

ထိုအတွေးနှင့်အတူ ကျိချိုးယုက မကျေမနပ်ဟန်ဖြင့်

“စကားတတ်လိုက်တာ။ ရှင့်ရဲ့ ခန္ဓာကိုယ် အစစ်က ဒီမှာ ရှိနေတာတောင် မဟုတ်ဘူး။ ရှင်က ကျွန်မဆီက အနံ့ကို ဘယ်လိုလုပ် ရနိုင်မှာလဲ။”

လုချန်းက ရယ်လျက်

“ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ်က ဒီမှာ မရှိပေမဲ့ ကျွန်တော့်ရဲ့ စိတ်အာရုံ တစ်မျှင်က ဒီရုပ်သေး ပုံတူပွားထဲမှာ တည်ရှိနေတယ်။ ရုပ်သေးက ဘာပဲ ခံစားသိရှိရ သိရှိရ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ်ကလည်း ချိတ်ဆက်ထားတဲ့ စိတ်အာရုံကနေတစ်ဆင့် အာရုံခံနိုင်တယ်။”

ဒါက...

ကျိချိုးယု သူမဘာသာ တွေးလိုက်သည်။

ဒါက ရုပ်သေးတစ်ရုပ်ကို ရင်ဆိုင်နေရပေမဲ့ လုချန်း၏ ခန္ဓာကိုယ် အစစ်ကလည်း သူမ ခန္ဓာကိုယ်၏ ထိတွေ့မှုကို ခံစားခဲ့ရတယ် ဆိုတဲ့ အဓိပ္ပာယ်လား။

ဤအတွေးဖြင့် ကျိချိုးယု၏ မျက်နှာလည်းတဖြည်းဖြည်း ရှက်သွေးများဖြင့် ပန်းရောင် သန်းသွားသည်။

သူမ ဆုံတွေ့နေရသော လုချန်းက ရုပ်သေး ပုံတူပွားသာ ဖြစ်သည်ဟူသောအချက်က သူမအား အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ အကြောင်းမှာ သူမသည် သူမ၏ စိတ်ခံစားချက် အားလုံးကို အသက်မရှိသောအရာဝတ္ထု တစ်ခုဖြစ်သည့် ရုပ်သေးရုပ် တစ်ရုပ်ပေါ်သို့ သွန်းလောင်းခဲ့ရသည်ဟု ခံစားခဲ့ရပြီး လုချန်း၏ ခန္ဓာကိုယ် အစစ်ကမူ ထိုအရာ တစ်ခုတစ်လေကိုမှ မခံစားခဲ့ရပဲ သူမ၏ ကြိုးစားမှုများကို အချည်းနှီး ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။

ယခု လုချန်း၏ ခန္ဓာကိုယ် အစစ်က သူမ၏ ခန္ဓာကိုယ်ကို ရုပ်သေးမှ တစ်ဆင့် ခံစားသိရှိနိုင်သည်ဟု တွေးမိသောအခါ သူမ၏ ကြိုးစားမှုများ နောက်ဆုံးတွင် အချည်းနှီး မဖြစ်ခဲ့နိုင်ကြောင်း သူမ သဘောပေါက်သွားသည်။

ကျိချိုးယု၏ မျက်နှာ ရှက်သွေးများဖြင့် နီမြန်းနေသည်ကို မြင်သောအခါ လုချန်းက

“ချိုးယု။ စိတ်ချပါ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ် ခင်ဗျားရဲ့ ဘေးကို ရောက်လာတဲ့နေ့မှာ ကျွန်တော် ခင်ဗျားကို သေချာပေါက် ကျေနပ်စေပါ့မယ်။”

လုချန်း၏ ပွင့်လင်းသော စကားများကို ကြားသောအခါ ကျိချိုးယုက အလျင်အမြန်ပင်

“ရှင်... ရှင် ဆက်မပြောနဲ့တော့”

လုချန်းလည်း စကားဆက်မပြောတော့ပဲ ကျိချိုးယု၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

ထိုအခိုက်တွင် လုချန်း၏ ခန္ဓာကိုယ် အစစ်၏ ဆန္ဒများသည် ကျိချိုးယုကြောင့် လုံးဝ နိုးကြွလာခဲ့ပြီး မဆိုင်းမတွပင် နဂါးနက်မြို့ နန်းတော်သို့ ချက်ချင်း ပြန်လာခဲ့သည်။

စုဟန်ယန်သည် ကုတင်ပေါ်တွင် လဲလျောင်း နေသည်။ သူမ၏ အကြည့်သည် အဝါရောင် ကုတင် လိုက်ကာများပေါ်တွင် စူးစိုက်ကာ အတွေးထဲ နစ်မြောနေ၏။

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျွန်တော့်ရဲ့ အလှလေးကို စောင့်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”

လုချန်း၏ အသံကို ကြားသောအခါ စုဟန်ယန်၏ ခန္ဓာကိုယ် အလိုအလျောက် တုန်ယင်သွားသည်။

ထို့နောက် ကုတင်၏ ဘေးဘက်သို့ ကြည့်ရန် ခေါင်းလှည့်လိုက်ရာ သူမထံသို့ တည့်တည့် တိုးဝင်လာသော လုချန်းကိုသာ တွေ့လိုက်ရသည်။

သူမ သူ့ကို တစ်စုံတစ်ခု မေးမြန်းနိုင်ခြင်း မရှိမီတွင်ပင် လုချန်း၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။

စုဟန်ယန်သည် သူမ၏ ငွေသွားများကို ကိုက်လိုက်ကာ ဖိနှိပ်ထားသော စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း လုချန်းကို လက်ခံလိုက်သည်။

ထိုအချိန်တွင် စုဟန်ယန်က

“ရှင်... ခုနက ဘယ်မှာ ရှိနေခဲ့တာလဲ”

ဟု စူးစမ်းစွာ မေးလိုက်သည်။

လုချန်းက လက်တစ်ဖက်ဖြင့် စုဟန်ယန်၏ ခါးကို ပွေ့ဖက်ထားပြီး သူ၏ ရင်ဘတ်ကို သူမ၏ ကျောပြင်နှင့် ကပ်ထားလျက် အမှန်အတိုင်း ပြန်ဖြေပေးလိုက်သည်။

“ကိုယ် အခုလေးတင် အိမ်နီးချင်း ကျိယန်ကမ္ဘာကို ရုပ်သေးတစ်ရုပ် လွှတ်လိုက်တယ်။”

သူမ၏ အတွင်းစိတ် ဂယက်ထမှုများကို ထိန်းချုပ်ရန် မိမိကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးလိုက်ပြီး

“မင်းကြီး စီစဉ်ထားတာက.... အဲ့ဒီကမ္ဘာကို ဘယ်တော့ သိမ်းပိုက်ဖို့ စီစဉ်ထားလဲ။”

လုချန်းက

“အလျင်လိုစရာ မရှိပါဘူး။ အဲ့ဒီကမ္ဘာက ကျယ်လွန်းတယ်။ ကိုယ် အဲ့ဒီမှာရှိတဲ့ အခြေအနေကို အပြည့်အဝ နားမလည်နိုင်သေးဘူး။”

ထိုသို့ ပြောပြီးနောက် လုချန်းက

“ဟန်ယန် မင်းရဲ့ မြူခိုးမှော်ဂိုဏ်းက ကျင့်စဉ် သင်တန်းကျောင်း တစ်ခု ထူထောင်နေတာဆိုတော့ ကိုယ့်ရဲ့ အကူအညီ လိုသေးလား”

ဟု စကားလမ်းကြောင်း လွှဲလိုက်သည်။

စုဟန်ယန်က

“... မင်းကြီးရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူး အများကြီး တင်ပါတယ်။

ဒါပေမဲ့ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် စီမံနိုင်ပါတယ်။ မင်းကြီး အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ မင်းကြီး လုပ်ပေးဖို့ လိုတာက ကျွန်မတို့ကို နေရာတချို့ ခွဲဝေပေးဖို့ပါပဲ။”

လုချန်း၏ မျက်နှာသာပေးမှုအား တောင်းခံရန် လွယ်ကူလှသည် မဟုတ်ပေ။ သူတို့က ရှနိုင်ငံတော်အား ကျင့်စဉ် သင်တန်းကျောင်း ထူထောင်ရာတွင် ကူညီခွင့် ပြုလိုက်လျှင် ဤလူက မည်သို့သော စည်းကမ်းချက်များကို ချမှတ်မည်ကို မည်သူ သိနိုင်မည်နည်း။

နေရာ အနည်းငယ် ရရှိရန်အတွက်ပင် သူမသည် သူမ၏ အပျိုစင်ဘဝကို နှစ်ကြိမ်တိုင်တိုင် ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူမထံတွင် ဆုံးရှုံးစရာ အပျိုစင်ဘဝ အမှန်တကယ် မရှိတော့ပေ။

အကယ်၍ သူမက လုချန်းကို အကူအညီ ထပ်မံ တောင်းခံဦးမည် ဆိုပါက သူ သူမအပေါ် မည်သို့သော နည်းလမ်းများကို အသုံးပြုရန် ကြံစည်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။

စုဟန်ယန် လျင်မြန်စွာ ငြင်းဆန်သည်ကို မြင်သောအခါ လုချန်းက စုဟန်ယန်၏ ခါးကို ဆုပ်ကိုင်လျက်

“ရှနိုင်ငံတော်က မင်းတို့ရဲ့ ကျင့်စဉ် သင်တန်းကျောင်း ဖွဲ့စည်းတည်ထောင်ဖို့ ကူညီပေးမယ်ဆိုရင် အဲ့ဒီ သင်တန်းကျောင်းက ရှနိုင်ငံတော် နန်းတွင်းရဲ့ ထောက်ခံချက် ရထားတယ်လို့ ကျင့်ကြံသူ တွေကို ခံစားရစေနိုင်တယ်။ ဒီနည်းနဲ့ အရည်အချင်းရှိသူတွေကို ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်။”

All Chapters