အဂ္ဂိရတ်ပညာရှင်။ နွားနတ်ဆိုးဘုရင်။ (၁)
Vol. 18 Ch. 268
“ဟုတ်တယ်။”
စူးချန်းခုန်း၏နှလုံးသားလေး လှုပ်ရှားသွားပြီး သူသဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ဘယ်လောက်လဲ။”
သိုးမျက်နှာဖုံးဝတ်ထားသောလူသည် လျှို့ဝှက်အသံထုတ်လွှင့်မှုမှတစ်ဆင့် ထပ်မံမေးမြန်းလိုက်သည်။
“ရှိသလောက်ပေါ့… အနည်းဆုံးတော့ ကျင်းနှစ်ဆယ်လောက်။”
(တစ်ကျင်းကို အနီးစပ်ဆုံး ၁.၁ပေါင်)
စူးချန်းခုန်းသည် သူ၏ရည်ရွယ်ချက်ကို မဖုံးကွယ်ဘဲ လျှို့ဝှက်အသံထုတ်လွှင့်မှုမှတစ်ဆင့် ဖော်ပြခဲ့သည်။
“ဒီလူက ကြယ်ပုံစံရွှေနဲ့ ထူးခြားတဲ့လက်နက်တစ်ခုကို ထုလုပ်ချင်နေတာလား။” သိုးမျက်နှာဖုံးဝတ်ထားသောလူသည် သိသိသာသာ အံ့အားသင့်သွားသည်။
ပုံမှန်အခြေအနေများတွင် တစ်စုံတစ်ယောက်သည် ကြယ်ပုံစံရွှေကို ဝယ်ယူပါက တစ်ခု နှစ်ခုပင် ရလျှင်ပင် အရည်အသွေးကောင်းမွန်သော လက်နက်တစ်ခုကို ထုလုပ်ရန် လုံလောက်ပါသည်။
ကြယ်ပုံစံရွှေဖြင့် လက်နက်တစ်ခုလုံးကို ထုလုပ်ခြင်းအတွက်ကော.. အဲ့တာက တော်တော်လေး စျေးကြီးလိမ့်မည်။
တာ့ဖုန်းပြည်နယ်တစ်မြို့လုံးမှာ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ မဟာစစ်သူကြီးလေးဦး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေးယန်လိုမျိုး လူအနည်းငယ်လောက်ပဲ ဒီလိုဇိမ်ခံပစ္စည်းတွေကို တတ်နိုင်တယ်လို့ ခန့်မှန်းရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေးယန်မှာ ကြယ်ပုံစံရွှေနဲ့ ပြုလုပ်ထားတဲ့ တိုက်ပွဲသံချပ်ကာတစ်စုံကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပြီး အနည်းဆုံး ကြယ်ပုံစံရွှေ သုံးရာကနေ လေးရာကျင်းအထိ ကုန်ကျပြီး လူတစ်ယောက်ကို မေ့လဲသွားစေလောက်အောင် များပြားလွန်းလှသည်။
ကြယ်ပုံစံရွှေ ကျင်းနှစ်ဆယ်ဟာ အဲဒီလောက်အထိ မဟုတ်ပေမယ့် လူအများစု တတ်နိုင်တာထက် ကျော်လွန်နေဆဲပင်။
သိုးမျက်နှာနဲ့လူက ခေါင်းငုံ့ပြီး စဉ်းစားနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှာ စုချန်ကောင်ကို မော့ကြည့်ပြီး လျှို့ဝှက်အသံထုတ်လွှင့်မှုကနေ "ကောင်းပြီ၊ ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်" ဟု ပြောလိုက်သည်။
"ဟင်?"
ထိုလူရဲ့စကားကြောင့် အံ့အားသင့်သွားပြီး စူးချန်ခုန်းဟာ သိုးမျက်နှာဖုံးနဲ့လူမှာ ကြယ်ပုံစံရွှေရှိရင်တောင် သိပ်မရှိနိုင်ဘူးလို့ ထင်ပြီး မျှော်လင့်ချက်သိပ်မရှိခဲ့ပါ။ ဒါပေမယ့် အဲဒီလူမှာ ကြယ်ပုံစံရွှေကို တကယ်ထုတ်လုပ်နိုင်တဲ့ နည်းလမ်းရှိပုံရပေမယ့် သူ့မှာ တခြားအခြေအနေတွေ ရှိနေပါသည်။
"နားထောင်ကြည့်ရအောင်" သိုးမျက်နှာဖုံးနဲ့လူရဲ့အခြေအနေကို သိချင်စိတ်နဲ့ စူးချန်ခုန်း မေးလိုက်သည်။
သိုးမျက်နှာဖုံးစွပ်ထားတဲ့လူရဲ့အသံက ခပ်ဩဩနဲ့ ဆိုလေ၏။ "ငါကြယ်ပုံစံရွှေကို တစ်ပြိုင်နက်တည်းနဲ့ ကျင်း ၂၀ထုတ်မပေးနိုင်ဘူး။ အရောင်းအဝယ်ကို အချိန်ခွဲပြီး ဖြန့်ကျက်ရမယ်။ တစ်လတစ်ခါ အရောင်းအဝယ်လုပ်မယ်။ ကုန်ပစ္စည်းနဲ့ ငွေပေးချေမှု နှစ်ခုစလုံး ပြေလည်တဲ့အထိ တစ်ခါကို ကြယ်ပုံစံရွှေ ၂ ကျင်း ကနေ ၅ ကျင်းအထိ ပေးမယ်။"
သိုးမျက်နှာဖုံးစွပ်ထားတဲ့လူမှာ ကြယ်ပုံစံရွှေကို ရနိုင်ပေမယ့် တစ်ပြိုင်နက်တည်း ကျင်း၂၀ ရအောင်ယူဖို့ မဖြစ်နိုင်တာကြောင့် အချိန်နဲ့ အရောင်းအဝယ်တွေ အများကြီးလုပ်ရမည်။
"အဆင်ပြေပါတယ်" စူးချန်းခုန်းက ကြယ်ပုံစံရွှေကို တစ်ပြိုင်နက်တည်းနဲ့ ကျင်း၂၀ ရအောင်ယူနိုင်မယ်လို့ မမျှော်လင့်ထားတာကြောင့် အများကြီး မစဉ်းစားဘဲ သဘောတူလိုက်သည်။
“ဒုတိယအချက်အနေနဲ့… ကြယ်ပုံစံရွှေ ရယူဖို့ ငါ့အတွက် ကုန်ကျစရိတ်က များပြားပြီး အန္တရာယ်နဲ့ ငွေပေးချေမှုတွေ အများကြီးပါဝင်တယ်။ အရာအားလုံး မှားယွင်းသွားရင် ငါ အရှုံးပေါ်သွားနိုင်တယ်။ ဒါကြောင့် ကြယ်ပုံစံရွှေ တစ်ပြားကို ငွေ ၁၅၀၀၀ ကျတယ်။”
သိုးမျက်နှာဖုံးစွပ်ထားတဲ့လူက သူ့ရဲ့ ဒုတိယလိုအပ်ချက်ကို သတ်မှတ်ခဲ့သည်။
ကြယ်ပုံစံရွှေ တစ်ပြားဟာ ရွှေတစ်ထောင် ဒါမှမဟုတ် ငွေတစ်သောင်းပဲ ကျသင့်ပြီး အဲဒါက မှောင်ခိုဈေးကွက်မှာ လည်ပတ်နေတဲ့နှုန်းနဲ့ ညီမျှပါသည်။ ဒါပေမယ့် စူးချန်းခုန်း လိုအပ်တာက တစ်ပြား နှစ်ပြား မဟုတ်ဘဲ ကျင်းနှစ်ဆယ်ဖြစ်သည်။
အဲဒီလောက်များတဲ့ ကြယ်ပုံစံရွှေကို ရဖို့က အလွန်ကြီးမားတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် သိုးမျက်နှာဖုံးနဲ့လူက ကြယ်ပုံစံရွှေတစ်ပြားကို ငွေ ၁၅၀၀၀ အထိ ချက်ချင်းတိုးမြှင့်လိုက်ပြီး အဲဒါက မှောင်ခိုဈေးကွက်နှုန်းထက် ၅၀ ရာခိုင်နှုန်းပိုများသည်။
"၁၁၀၀၀ ၊ တစ်ပြားမှ မတိုးဘူး" ဟု စူးချန်းခုန်းက အပိုငွေကို မသုံးလိုသောကြောင့် ခိုင်ခိုင်မာမာပြောလိုက်သည်။
"ငါ မင်းကို လျှော့ဈေးပေးနိုင်တယ်။ ၁၄၀၀၀ " သိုးမျက်နှာဖုံးနဲ့အမျိုးသားက စူးချန်းခုန်းနှင့် လဲလှယ်ပြောဆိုခဲ့သည်။
"ဒါဆို မေ့လိုက်တော့။ ငါကြယ်ပုံစံရွှေကိုအဲ့လောက်ကြီးလိုနေတာလဲ မဟုတ်ဘူး။ အဆိုးဆုံးအနေနဲ့ ငါ တခြားနေရာမှာ ဝယ်ဖို့ အချိန်နဲ့ အားထုတ်မှုကို ပိုသုံးရမှာပဲ။ နှုတ်ဆက်ပါတယ်။"
စူးချန်းခုန်းက ထရပ်လိုက်ပြီး သူ့တင်ပါးတွေကို ဖုန်သုတ်ကာ တစ္ဆေဈေးမှ လှည့်ထွက်သွားလိုက်သည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း... ဆယ်လှမ်း။
"နေဦး"
မျှော်လင့်ထားသည့်အတိုင်း သိုးမျက်နှာဖုံးနှင့်လူထံမှ ခေါ်သံသည် သူ့နောက်မှ ထွက်ပေါ်လာသည်။
စူးချန်းခုန်းက သူ့ခြေလှမ်းများ ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
"ကြယ်ပုံစံရွှေတစ်ချပ်ကို ငွေ ၁၂၀၀၀... အဲဒါက ငါတတ်နိုင်တဲ့ အနိမ့်ဆုံးဈေးပဲ။"
လိုအပ်ချက်ကြောင့် သိုးမျက်နှာဖုံးနဲ့လူက သူ့ရဲ့နောက်ဆုံးကမ်းလှမ်းချက်ကို လျှို့ဝှက်အသံထုတ်လွှင့်မှုမှတစ်ဆင့် စူးချန်းခုန်းထံ အင်တင်တင်ဖြင့် ပေးပို့ခဲ့သည်။
“ဒါဆိုလဲ ၁၂၀၀၀ ပေါ့” လို့ စူးချန်ခုန်းက နောက်ထပ်ဈေးဆစ်ခြင်းမရှိဘဲ သဘောတူခဲ့သည်။ ကြယ်ပုံစံရွှေ အများကြီးရဖို့ မလွယ်ကူဘူးဆိုတာ သူသိပါသည်။ သိုးမျက်နှာဖုံးစွပ်ထားတဲ့လူမှာ နည်းလမ်းရှိရင် စူးချန်ခုန်းက အဆင်ပြေစေဖို့အတွက် နည်းနည်းပိုပေးဖို့ ပြင်ထားပါသည်။
“နောက်လ ၁၈ ရက်နေ့မှာ ရောင်းဝယ်ကြမယ်။ ပထမဆုံး အရောင်းဝယ်ကို လေမဟာတောင်ကြောမှာ လုပ်မယ်။ အရောင်းအဝယ်တစ်ခုပြီးတိုင်း နောက်တစ်ကြိမ်တွေ့ဆုံမယ့်နေရာကို စီစဉ်ပေးမယ်” သိုးမျက်နှာဖုံးနဲ့လူက စူးချန်းခုန်းနဲ့ ရောင်းဝယ်ဖို့အတွက် အချိန်နဲ့နေရာကို သတ်မှတ်ခဲ့သည်။
“လက်ခံတယ်။”
စူးချန်းခုန်း ခေါင်းညိတ်လိုက်သည်။ သိုးမျက်နှာဖုံးစွပ်ထားတဲ့လူက သတိထားပြီး အရောင်းအဝယ်များစွာအဖြစ် ပိုင်းခြားရုံသာမက တည်နေရာကိုပါ ပြောင်းလဲလိုသည်။
အရောင်းအဝယ်တည့်ပြီးနောက် စူးချန်းခုန်းက ကြာကြာဆက်မနေတော့ပေ။ သိုးမျက်နှာဖုံးနဲ့လူကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
“ဒီသိုးမျက်နှာဖုံးနဲ့လူမှာကြယ်ပုံစံရွှေကိုရဖို့နည်းလမ်းရှိတယ်… ဒါပေမယ့် ငါ့မှာ ပိုက်ဆံအလုံအလောက်မရှိဘူး။ ကြယ်ပုံစံရွှေ ကျင်းနှစ်ဆယ်အတွက် တစ်ခုကို ငွေ ၁၂၀၀၀ နှုန်းနဲ့ ၂.၄ သန်းပေးရမယ်။ အရင်ကတခြားဆေးဖက်ဝင်ပစ္စည်းတွေကို ဝယ်ယူရင်းနဲ့ ငါ့ရဲ့စုဆောင်းငွေအနည်းငယ် ကုန်သွားခဲ့ပြီ။ ၃၀၀ နှစ်သက်တမ်းရှိတဲ့ သွေးကျောက်စိမ်းဂျင်ဆင်းရဲ့ဈေးနှုန်းဘယ်လောက်ရှိမလဲဆိုတာ မသိသေးဘူး။ ခန့်မှန်းခြေအားဖြင့် ငွေ ငါးသိန်းကနေ ၁ သန်းကြားရှိနိုင်တယ်။”
စူးချန်းခုန်းက သူ့ရဲ့ကုန်ကျစရိတ်ကို တွက်ချက်လိုက်သည်။ ဒီပစ္စည်းတွေကိုရဖို့ ငွေ ၃ သန်းအနည်းဆုံးလိုအပ်ပြီး သူ့မှာ လက်ထဲမှာငွေအလုံအလောက်မရှိဘူးဆိုတာ သိသာပါသည်။
“အဂ္ဂိရတ်ပညာကနေ ငွေရှာနိုင်တာပဲ။ လအနည်းငယ်ကနေ ခြောက်လအထိ ကြိုးစားအလုပ်လုပ်ရင် ငွေ ၃ သန်းရှာဖို့က ပြဿနာမရှိပါဘူး” စူးချန်းခုန်းက သူ့ရဲ့ကျွမ်းကျင်တဲ့အတတ်ပညာကို မမေ့ခဲ့ပါ။
အဂ္ဂိရတ်ပညာက အထူးသဖြင့် အစပိုင်းမှာ ငွေကုန်ကြေးကျများတဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ အောင်မြင်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဟာ အောင်မြင်မှုမရခင်မှာ အရင်းအမြစ်တွေ အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါသည်။
ထို့အပြင် ဧရာမဝေလငါးဂိုဏ်းမှာရှိစဉ်က အဂ္ဂိရတ်ပညာဟာ စူးချန်းခုန်းရဲ့ အဓိကအလုပ်ဖြစ်ခဲ့သည်။ သူ့ရဲ့ အဂ္ဂိရတ်ပညာဟာ အထွတ်အထိပ်ထိ ကျွမ်းကျင်ပြီး ဆဌမ နယ်ပယ်ကို အရင်ကတည်းက ရောက်နေခဲ့တာပင်။ ဒီငွေကိုရဖို့ ဆေးလုံးတွေ ထုတ်လုပ်ရောင်းချခြင်းကို အားကိုးနိုင်သည်။
သိုးမျက်နှာဖုံးနဲ့လူဟာ မကောင်းကြံဖို့၊ သူ့မှာ ကြယ်ပုံစံရွှေ လုံလုံလောက်လောက်မရှိဘဲ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို လိုချင်ပြီး သူ့ကို ချုံခိုတိုက်ခိုက်ဖို့ စီစဉ်တာမျိုး လှည့်ကွက်တွေ အများကြီး ပေါ်ပေါက်လာနိုင်ပါသည်။
ဒါပေမယ့် စူးချန်းခုန်းက သိုးမျက်နှာဖုံးစွပ်ထားတဲ့လူဟာ အဲဒီလိုပဲ လုပ်လိမ့်မယ်လို့ ထင်ပါသည်။ အဲဒီလိုဖြစ်လာရင် ဘယ်သူက ဘယ်သူ့ကို လုယက်မယ်ဆိုတာ သေချာတော့မည်မဟုတ်ပါ။