← Chapters

မိုးကြိုးကဲ့သို့မြား။ ဓားသွားဖြင့် သွေးနဂါးကို ဖြိုခွဲခြင်း။ (၁)

Vol. 18 Ch. 261

မိုးကြိုးကဲ့သို့မြား။ ဓားသွားဖြင့် သွေးနဂါးကို ဖြိုခွဲခြင်း။ (၁)

Vol. 18 Ch. 261

ထို့နောက် ဤမျောက်ဝံမျက်နှာဖုံးနှင့်အမျိုးသားက မိစ္ဆာနတ်ဆိုး၏ သတင်းအချက်အလက််များ၊ သူ၏ သရုပ်မှန်နှင့် နည်းလမ်းများကို မေးမြန်းခဲ့ပြီး ကျိုးကျန့်ယဲ့အတွက် လုံးဝဆန်းကြယ်မှုတစ်ခုအဖြစ် ရှိနေခဲ့သည်။ သူလုပ်နိုင်တာက အနှီစက်ဆုပ်ရွံရှာဖွယ်ရာ လူယုတ်မာနှစ်ဦးကို ငရဲသို့ ကျရောက်စေမည့် အံ့ဖွယ်အမှုတစ်ခုကို မျှော်လင့်ရင်း စောင့်ဆိုင်းရန်သာ ဖြစ်သည်။

ချန်မျိုးရိုးညီအစ်ကိုများ၏ အသက် ၅၀ ပြည့်မွေးနေ့ပွဲက ငါးရက်အတွင်း ဖြစ်သည်။ စူးချန်းခုန်းသည်လည်း အချိန်ဖြုန်းမနေပါ။ ဘေးကင်းစေရန်အတွက် သူ တစ္ဆေဈေးမှ ထွက်ခွာပြီးနောက် ကျိုးကျန့်ယဲ့ပြောပြခဲ့သည့် မေပယ်ရွက်ရွာသို့ ခရီးထွက်ခဲ့သည်။

ကျိုးကျန့်ယဲ့က ညာနေပုံမပေါ်သော်လည်း စူးချန်းခုန်းသည် စိတ်ချရစေရန် ကိုယ်တိုင်စစ်ဆေးကြည့်ဖို့ လိုသည်။

ကျိုးကျန့်ယဲ့ပြောပြခဲ့သည့် မေပယ်ရွက်ရွာသို့ စူးချန်းခုန်း ရောက်ရှိချိန်တွင် မနက်အစောပိုင်းသို့ ရောက်နေပြီသည်။

ကျိုးကျန့်ယဲ့ ပြောသည့်အတိုင်း မေပယ်ရွက်ရွာတစ်ခုလုံးတွင် သက်ရှိတစ်ကောင်တစ်မြီးမျှ မရှိပါ။ ပေါင်းပင်များ ပေါက်ရောက်ပြီး မြွေများနှင့် အင်းဆက်ပိုးမွှားများက ကြားထဲတွင် ပုန်းအောင်းနေကာ လူသူကင်းမဲ့သော မြင်ကွင်းတစ်ခုဖြစ်သည်။

မေပယ်ရွက်ရွာတစ်ဝိုက်တွင် ခဏတာ စုံစမ်းမေးမြန်းပြီးနောက် ငွေဒင်္ဂါးအနည်းငယ် သုံးစွဲခဲ့သည်။ ထို့နောက် ထင်းရှာရန် တောင်ပေါ်သို့ရောက်လာသော အဘိုးကြီးတစ်ဦးက သက်ပြင်းချကာ “ကံမကောင်းစွာနဲ့… လွန်ခဲ့တဲ့ သုံးနှစ်က မေပယ်ရွက်ရွာကို စစ်သားတွေက ဖျက်ဆီးခဲ့တယ်။ သူတို့က သူပုန်စခန်းလို့ ပြောကြတယ်။ အဖိုးဒီမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး မေပယ်ရွက်ရွာကို တစ်ကြိမ်ထက်မက ရောက်ဖူးတယ်။ သူတို့အားလုံးဟာ ရိုးသားတဲ့ လယ်သမားတွေ၊ ကျိုးနွံပြီးယဉ်ကျေးကြတဲ့ သာမန်လူတွေပါ။ ဘယ်လိုလုပ်ပြီး သူပုန်တွေဖြစ်နိုင်မှာလဲ” ဟု ပြောပြခဲ့သည်။

ကျိုးကျန့်ယဲ့ ပြောခဲ့တာတွေ အများစု မှန်တယ်လို့ ပိုယုံကြည်လာကာ စူးချန်းခုန်းက ခေါင်းညိတ်ပြလိုက်သည်။

လွန်ခဲ့သော သုံးနှစ်က သူပုန်များကို လိုက်လံရှာဖွေရာတွင် ချန်မျိုးရိုးညီအစ်ကိုများသည် ဂုဏ်သတင်းရရှိရန် မေပယ်ရွက်ရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြပြီး အပြစ်မဲ့သူများကို သတ်ဖြတ်ကာ မလျော်ကန်သော ဂုဏ်သတင်းကို ရယူခဲ့ကြသည်။ နောက်ပိုင်းတွင် ကျိုးကျန့်ယဲ့က ဤကိစ္စကို သတင်းပို့သောအခါတွင်ပင် တာ့ဖုန်းသံမဏိမြင်းတပ်သည် ချန်မျိုးရိုးညီအစ်ကိုများကို မည်သည့်အရေးယူမှုမျှ မပြုလုပ်ခဲ့ဘဲ အမှားကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

ချန်မျိုးရိုးညီအစ်ကိုများသည် သေဒဏ်ထိုက်သည်မှာ သေချာပါသည်။ စူးချန်းခုန်းဟာ သူတော်ကောင်းတစ်ယောက်မဟုတ်သလို ချန်မျိုးရိုးညီအစ်ကိုတွေရဲ့လုပ်ရပ်တွေကို သိပြီးတဲ့နောက်မှာတောင် တရားမျှတမှုကို ရယူဖို့ အဲဒီကိုသွားဖို့ ရည်ရွယ်ချက်မရှိပါ။ ဒီကိစ္စကို သူဂရုစိုက်ခဲ့တာက ကျိုးကျန့်ယဲ့ လက်ထဲမှာရှိတဲ့ ဆေးပြားချက်နည်းကို အရယူဖို့ဖြစ်သည်။

“ဒါဆိုရင် ငါ ရက်အနည်းငယ်စောင့်နေလိုက်မယ်။”

စူးချန်းခုန်း ထွက်ခွာပြီး တာ့ဖုန်းပြည်နယ်မြို့တော်ကို ပြန်သွားခဲ့သည်။ စတုတ္ထမြောက်တဲ့နေ့ကိုစောင့်ဆိုင်းရင်း တိတ်တဆိတ် အနားယူနေခဲ့သည်။

အချိန်တွေ မြန်မြန်ကုန်ဆုံးသွားပြီး ပဉ္စမမြောက်နေ့ကလည်း မြန်မြန်နီးကပ်လာခဲ့သည်။

တာ့ဖုန်းပြည်နယ်မြို့တော်မှာရှိတဲ့ မင်ယွဲ့ စားသောက်ဆိုင်ဟာ ချမ်းသာတဲ့သူတွေသာ ပျော်ရွှင်မှုကို ရှာဖွေနိုင်တဲ့နေရာတစ်ခုဖြစ်ပေမယ့် ဒီနေ့မှာတော့ စားသောက်ဆိုင်က အပြင်လူတွေကို မဧည့်ခံဘဲ တောက်တောက်ပပနှင့် ပွဲတော်တစ်ခုလို အလှဆင်ထားသည်။

“ဒီနေ့ မင်ယွဲ့စားသောက်ဆိုင်မှာ မင်္ဂလာဆောင်ရှိတာလား။ အတော်လေးစည်ကားတာပဲ။”

မင်ယွဲ့စားသောက်ဆိုင်ရဲ့ဝင်ပေါက်ကနေ ဖြတ်သွားတဲ့သူတွေ စပ်စုပြီး အထဲကို ချောင်းကြည့်နေကြသည်။

“ချန်မျိုးရိုးညီအစ်ကိုတွေလို့ ကြားတယ်။ သူတို့နှစ်ယောက်က အမွှာတွေဖြစ်ပြီး သူတို့ရဲ့ ၅၀ နှစ်မြောက်မွေးနေ့ကို ကျင်းပနေကြတာ။ မင်ယွဲ့ စားသောက်ဆိုင်တစ်ခုလုံးကို ကြိုတင်မှာယူဖို့ ငွေအများကြီးသုံးခဲ့ကြတယ်တဲ့။”

"ဆိုတော့သူတို့ပဲပေါ့။"

အကြားအမြင်များတဲ့ လူတချို့က မင်ယွဲ့စားသောက်ဆိုင်ကို ကြိုတင်မှာယူခဲ့သူတွေရဲ့ နာမည်ကို သိကြသည်။ သူတို့က တာ့ဖုန်း သံမဏိမြင်းတပ်က ထောင်စုမှူးနှစ်ယောက်ပင်။

နေဝင်ရီတရောအချိန်တွင် ထိုလမ်းတစ်ခုလုံးကို အစောင့်အကြပ်များဖြင့် ဝိုင်းရံပိတ်ဆို့ထားသည်။ လက်နက်များ ကိုင်ဆောင်ထားသော သံချပ်ကာစစ်သားများသည် တည်တည်ကြည်ကြည် ခံ့ခံ့ညားညား ရပ်နေကြသည်။ တစ်ဦးချင်းစီက ထင်းရှူးပင်များကဲ့သို့ ခိုင်ခိုင်မာမာရပ်နေကြပြီး စွမ်းအားရှိသော အရှိန်အဝါများ ထွက်ပေါ်နေကာ တင်းတင်းကျပ်ကျပ် ထွင်းထုထားသော ကျောက်တုံးများကဲ့သို့ ထင်ရသည်။

သူတို့အားလုံးသည် ချန်မျိုးရိုးညီအစ်ကိုများ၏ အမိန့်အောက်ရှိ တာ့ဖုန်းသံမဏိမြင်းတပ်သားများဖြစ်ကြသည်။ သူတို့သည် ယနေ့တွင် ၅၀ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို ပွဲစည်အောင်လို့ ရောက်လာကြတာပင်။

ဧည့်သည်များသည် မွေးနေ့လက်ဆောင်များ၊ ဖိတ်ကြားစာများဖြင့် တဖွဲဖွဲရောက်ရှိလာပြီး မင်ယွဲ့စားသောက်ဆိုင်က ဧည့်ခံကြိုဆိုကာ ပွဲတော်တစ်ခုလုံး၏ ပတ်ဝန်းကျင်က သာသာယာယာပင်။

မင်ယွဲ့ စားသောက်ဆိုင်မှ မီတာ ၃၀၀ အကွာရှိ အဆောက်အဦးမြင့်တစ်ခု၏ အမိုးပေါ်တွင် စူးချန်ခုန်းသည် တိတ်တဆိတ် ထိုင်နေ၏။

ဤအချိန်တွင် စူးချန်းခုန်းသည် လိပ်အသက်ရှူနည်းပညာကို အသုံးပြုထားရုံသာမက ဧရာမဝေလငါးဂိုဏ်းတွင် သူ သင်ယူခဲ့သော ရုပ်ဖျက်နည်းပညာကိုလည်း အသုံးပြုခဲ့သည်။ အပြင်ဘက်မှ စောင့်ကြည့်သူအတွက် သူသည် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အသားအနည်းငယ်မည်းကာ လူအုပ်ကြားတွင် မမြင်သာသောပုံပေါက်သည်။

“ချန်မျိုးရိုး ညီအစ်ကိုတွေ ပေါ်မလာသေးဘူးလား”

စူးချန်းခုန်းသည် မြားတစ်ချောင်းကို လက်ထဲတွင် ပွတ်သပ်ကာ မြားဦးကို အရောင်ထွက်သည်အထိ ပွတ်သပ်ရင်း သူ့ကိုယ်သူ တွေးနေမိသည်။

စူးချန်းခုန်းသည် မနက်ကတည်းက မြင်ကွင်းကျယ်သည့် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့တာဖြစ်သည်။ ချန်မျိုးရိုးညီအစ်ကိုများ ပေါ်လာပါက သူတို့ကို ဤနေရာမှ ပစ်သတ်ပြီး ချက်ချင်း ထွက်သွားမှာပင်။

ကောင်းကင်ကြီးက မှောင်မိုက်လာပြီး ကြယ်များနှင့် လများ ထွက်ပေါ်လာကာ လှပသော ညတစ်ညကို ဖန်တီးပေးနေ၏။ မွေးနေ့ပွဲသို့ တက်ရောက်လာသော ဧည့်သည်များသည် စိတ်ဓာတ်တက်ကြွနေကြပြီး အများစုမှာ တာ့ဖုန်းသံမဏိမြင်းတပ်မှ ချန်မျိုးရိုးညီအစ်ကိုများ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။

“သူတို့ ရောက်လာပြီ။”

စူးချန်းခုန်းသည် စောင့်ဆိုင်းနေစဉ် မျက်လုံးများ အရောင်တောက်လာသည်။ လမ်းအတိုင်း ရထားလုံးတစ်စင်း မောင်းလာသည်ကို သူမြင်လိုက်ရသည်။ ရထားလုံးနီးကပ်လာသည်နှင့် လမ်းနှစ်ဖက်စလုံးရှိ စစ်သားများသည် အနည်းငယ် ဦးညွှတ်အလေးပြုလိုက်ကြသည်။ စားသောက်ဆိုင်ဝင်ပေါက်တွင် ရောက်ရှိနေပြီဖြစ်သော ဧည့်သည်အချို့က စောင့်ဆိုင်းနေကြသည်။

ရထားလုံးရပ်သွားပြီး လူနှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။

သူတို့ထဲက တစ်ယောက်က အပြာရောင်ဝတ်ထားပြီး အသက်လေးဆယ်ထက် မပိုဘူးလို့ ထင်ရသည်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ စစ်သားတွေရဲ့ အသွင်အပြင်ရှိပြီး ကြမ်းတမ်းတဲ့ မျက်နှာနဲ့ ဒေါသမဲ့တဲ့ ကြောက်စရာကောင်းသည့် အာဏာရှိတဲ့ပုံ ပေါ်လွင်နေသည်။ နောက်တစ်ယောက်က အစိမ်းရောင်ဝတ်ထားပြီး ကြွက်သားတောင့်တောင့်နဲ့အမျိုးသားနှင့် မျက်နှာ ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်လောက် တူပေမယ့် သူ့ရဲ့ အမူအရာကတော့ ပိုပြီး ယဉ်ကျေးတယ်လို့ ထင်ရသည်။

“ချန်ရှင်းဝမ်နဲ့ ချန်ရှင်းဝူ ညီအစ်ကိုတွေပဲ။”

ကျိုးကျန့်ယဲ့အစောပိုင်းက ပေးခဲ့တဲ့ ပုံတူတွေကို မြင်ပြီးတဲ့နောက် စူးချန်းခုန်းက သူတို့နှစ်ယောက်ဟာ ချန်မျိုးရိုးညီအစ်ကိုတွေဖြစ်ကြောင့် မှတ်မိလိုက်သည်။ သူ့တာဝန်ရဲ့ ပစ်မှတ်တွေဖြစ်သည်။

“တာ့ကောချန်၊ အာ့ကောချန်၊ ဘာလို့ အခုမှ ရောက်လာတာလဲ။ ကျွန်တော်တို့ကို အတော်လေး စောင့်ခိုင်းထားတာပဲ။”

စားသောက်ဆိုင်ဝင်ပေါက်မှာ လှောင်ပြောင်တဲ့ အသံတွေ ပဲ့တင်ထပ်နေ၏။

အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသား ချန်ရှင်းဝမ်က တောင်းပန်တဲ့ပုံစံနဲ့ ဆိုသည်။ “တပ်စခန်းမှာ ဖြေရှင်းရမယ့် ကိစ္စတွေကြောင့် နောက်ကျသွားတာပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေက တောင်းပန်တဲ့အနေနဲ့ သုံးခွက်စီ သောက်ပါ့မယ်။”

"ဟားဟားဟား သုံးခွက်သောက်ရုံနဲ့ မလုံလောက်ဘူး။ ဒီနေ့က ငါတို့ရဲ့ ပျော်စရာနေ့ကောင်းနေ့မြတ်ပဲ။ ပင်လယ်တွေခြောက်ပြီး ကျောက်တုံးတွေ ကြေမွသွားတဲ့အထိ သောက်ရမယ်။" ချန်ရှင်းဝူဟု အမည်ရသောလူက ရယ်မောလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့အားလုံး မမူးမချင်း မပြန်ရဘူး။"

ဧည့်သည်လူအုပ်ကြီးက သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟင်... သတိထား။"

ထိုအချိန်တွင် ချန်ရှင်းဝူနှင့် ချန်ရှင်းဝူ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူတို့၏နှလုံးသားများ တဒုတ်ဒုတ်ခုန်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်နေရသော စစ်သည်တော်တစ်ဦး၏ ပင်ကိုဗီဇအရ ကြိုတင်ခန့်မှန်းချက်ဖြစ်သည်။ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေ၏။

All Chapters