မိုးကြိုးကဲ့သို့မြား။ ဓားသွားဖြင့် သွေးနဂါးကို ဖြိုခွဲခြင်း။ (၃)
Vol. 18 Ch. 263
“အားးး လူသတ်နေတယ်။ ဒီမှာလူသတ်နေတယ်။”
အရာအားလုံးသည် အသက်ဆယ်ခါရှူစာအတွင်း ဖြစ်ပွားခဲ့ပြီး ထိုအချိန်မှသာ လူများ ထိတ်လန့်တကြား အော်ဟစ်တုံ့ပြန်ခဲ့ကြသည်။
“ဟိုမှာ..ဟိုဘက်မှာ။ မြားတွေက အဲဒီဘက်ကနေ လာတာ။”
စစ်သားအချို့သည် အဝေးတစ်နေရာကအဆောက်အအုံမြင့်ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။
မြင်ကွင်းတစ်ခုလုံးက ပရမ်းပတာဖြစ်နေပြီး မူလက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော အခမ်းအနားတစ်ခုဖြစ်ခဲ့သည်။ ချန်မျိုးရိုးညီအစ်ကိုများ၏ အသက်ငါးဆယ်ပြည့် မွေးနေ့ပွဲတွင် ဧည့်သည်များကို ဖိတ်ကြားခဲ့သော်လည်း ညီအစ်ကိုနှစ်ဦး ပေါ်လာသည်နှင့် ပစ်သတ်ခံလိုက်ရသည်။
တာ့ဖုန်းသံမဏိမြင်းတပ်တွင် ထောင်စုမှူးရာထူးကို ချုပ်ကိုင်ထားသော ခွန်အားကြီးမားသည့် သိုင်းပညာရှင်နှစ်ဦးသည် အများကြီး မခုခံလိုက်ရဘဲ ကျဆုံးသွားခဲ့သည်။ ဒါက မယုံနိုင်စရာပင်။
“သွားမယ်။”
ချန်မျိုးရိုးညီအစ်ကိုတွေကို သတ်ပြီးတဲ့နောက် စူးချန်းခုန်းဟာ သူ့ရဲ့ သံကောင်းအားသန်လေးကို ပခုံးမှာလွယ်ပြီး လင်းနို့နက်တစ်ကောင်လို ခုန်ကာ လမ်းကြားတွေတစ်လျှောက် လူတွေရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေကို လျစ်လျူရှုလျက် အဆောက်အဦးမြင့်ကနေ တိတ်တိတ်လေး ဆင်းလာခဲ့သည်။
လွန်ခဲ့တဲ့ နှစ်ရက်က စူးချန်းခုန်းဟာ မင်ယွဲ့စားသောက်ဆိုင် အနီးတဝိုက်က မြေပြင်အနေထားကို စူးစမ်းလေ့လာခဲ့ပြီး အခုတော့ လမ်းကြားတွေကြား အလွယ်တကူ ဖြတ်သန်းသွားနေ၏။
"အခု ထွက်လာခဲ့။ ငါ့နောက် ဆက်လိုက်မနေနဲ့တော့"
ခဏကြာတော့ လမ်းကြားတစ်ခုထဲမှာ စူးချန်းခုန်းက အေးစက်စက် ပြောလိုက်သည်။
လမ်းကြားရဲ့ အဆုံးမှာ အရပ်မြင့်မြင့် သန်သန်မာမာနဲ့ ပုံရိပ်တစ်ခု ပေါ်လာပြီး တောက်ပတဲ့ မျက်လုံးတစ်စုံက စူးချန်းခုန်းကို လေးလေးနက်နက် စိုက်ကြည့်နေ၏။
အနှီလူက အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး လေးထောင့်ပုံစံ မျက်နှာနဲ့ သဘာဝအတိုင်း စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမူအရာဖြင့် အဝတ်အစားပွပွချောင်ချောင်ကို ဝတ်ဆင်ထားပြီး ထူးခြားတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေ၏။
စူးချန်းခုန်းက ချန်ညီအစ်ကိုတွေကို ပစ်ခတ်လိုက်တဲ့အချိန်မှာပဲ သူ့ကို ပစ်မှတ်ထားခံရသလို ခံစားခဲ့ရသည်။ လမ်းကြားများတစ်လျှောက် သူရွေ့လျားနေစဉ် ထိုလူသည် အလွန်ကျွမ်းကျင်သောလှုပ်ရှားမှုဖြင့် နီးကပ်စွာလိုက်လာခဲ့ပြီး စူးချန်းခုန်းက သူ့ကို ကိုယ်ထင်ပြဖို့ တွန်းအားပေးလိုက်သည်။
“မင်းဘယ်သူလဲ။ ငါ့ရဲ့လက်အောက်ကလူတွေကို ဘာလို့သတ်တာလဲ။”
ထိုလူသည် စူးချန်းခုန်းကို အသံနက်ကြီးဖြင့်ပြောပြီး စိုက်ကြည့်နေကာ မျက်လုံးများက လေးနက်မှုနှင့် အေးစက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ့ရှေ့ရှိ အသားမည်းမည်းနှင့်လူသည် ရဲတင်းလွန်းပြီး တာ့ဖုန်းပြည်နယ်မြို့တော်အတွင်း လူသတ်မှုကျူးလွန်ရဲသည်။ သူက တာ့ဖုန်းသံမဏိမြင်းတပ်မှ အကြီးအကဲနှစ်ဦးကို သတ်ရဲခဲ့သည်။
“ဒါဆို ကျန်းချန်ပဲ။”
ထိုလူ၏စကားများကို ကြားသောအခါ စူးချန်းခုန်းသည် သူ၏သရုပ်မှန်ကို သဘောပေါက်သွားသည်။
ချန်ညီအစ်ကိုများ၏ အထက်လူကြီး ကျန်းချန်။တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ စစ်သည်တစ်သောင်းခေါင်းဆောင် ကျန်းချန်အကြောင်းကို ကျိုးကျန့်ယဲ့ထံမှ ရရှိသောသတင်းအချက်အလက်များမှ သူ့အကြောင်း သိရှိခဲ့သည်။
ကျန်းချန်သည် အံ့လည်းအံ့ဩပြီး ဒေါသလည်းထွက်ခဲ့သည်။ သူသည် ချန်ညီအစ်ကိုများ၏ အထက်လူကြီးဖြစ်ပြီး သူတို့ရဲ့ ငါးဆယ်နှစ်မြောက်မွေးနေ့အတွက် ဖိတ်ကြားခံခဲ့ရသည်။ ဒါပေမယ့် သူရောက်ခါစမှာပဲ အဝေးကနေ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အသံကို ကြားခဲ့ရသည်။ ချန်ညီအစ်ကိုနှစ်ယောက် နေရာမှာတင် ပစ်သတ်ခံလိုက်ရသည်။
“တာ့ဖုန်းသံမဏိမြင်းတပ်က လူလေးသိန်းထဲမှာ ဒီလိုမြားပစ်စွမ်းရည်မျိုး ငါးယောက်တောင်မရှိဘူး။”
ကျန်းချန် တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည် ချီသွေးဝံပုလွေမြူနယ်ပယ်မှာရှိတဲ့ သိုင်းပညာရှင်နှစ်ယောက်ကို စူးချန်းခုန်းက အချိန်တိုအတွင်းမှာ ပစ်သတ်ခဲ့သည်။
တာ့ဖုန်းသံမဏိမြင်းတပ်မှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပြီး မြားအတတ်လည်း မရှိမဖြစ် ကျွမ်းကျင်ရမယ့်အတတ်တွေထဲက တစ်ခုဖြစ်သည်။ ကျွမ်းကျင်တဲ့ လက်ဖြောင့်သမားတွေ ရှားတော့မရှားပါ။ သို့ပေမယ့် စူးချန်းခုန်းပြသခဲ့တဲ့ မြားပစ်စွမ်းရည်က အလွန်ထူးချွန်တာကြောင့် တာ့ဖုန်းသံမဏိမြင်းတပ်ထဲက လက်တစ်ဆုပ်စာလောက်ပဲ သူ့ကို ယှဉ်နိုင်ပါသည်။
ပြဿနာက စူးချန်းခုန်းဟာ အသက်သုံးဆယ်ကျော်အရွယ်ရှိပုံရပြီး အသားမည်းပြီး အရပ်လည်းမရှည်သလို အရပ်လည်းမပုပါ။ ကျန်းချန် သူဘယ်သူလဲဆိုတာ သူ့မှတ်ဉာဏ်ထဲမှာ လုံးဝမရှိပါ။
ကျန်းချန်ရဲ့ စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်ရင်း စူးချန်းခုန်းက ရယ်ပြီး ပြောလိုက်သည်။ "သူရဲကောင်းအယောင်ဆောင်တဲ့သူတွေက နောက်ဆုံးတော့ မကောင်းမှုကျူးလွန်တဲ့သူတွေပဲ။ ချန်ညီအစ်ကိုတွေက လူသတ်မှုကျူးလွန်ပြီး တခြားသူတွေရဲ့အောင်မြင်မှုကို ခိုးယူခဲ့တယ်လို့ ငါကြားတယ်။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုစာရင်းက အရှည်ကြီးပဲ။ ဒီလိုအရာတွေကို ငါသည်းမခံနိုင်ဘူး။ ဒါကြောင့် သူတို့ကို သတ်တာက မှန်ကန်တဲ့အရာပဲ။"
စူးချန်းခုန်းရဲ့ စကားတွေက လိမ်ညာနေတာမဟုတ်ပေမယ့် သူဟာ မကောင်းမှုတွေကို ဖယ်ရှားဖို့ တရားမျှတမှုအရ လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ သူ့မိသားစုကို လက်စားချေဖို့ ကျိုးကျန်းယယ်နဲ့ သဘောတူညီချက်တစ်ခုကြောင့်ဖြစ်ပြီး ဆုလာဘ်ကတော့ နတ်ဆိုးအမြုတေကိုသန့်စင်သည့် နည်းလမ်းကိုရဖို့ဖြစ်သည်။
ဒီစကားတွေက ကျန်းချန်ရဲ့ မျက်နှာအမူအရာကို အနည်းငယ်ပြောင်းလဲသွားစေခဲ့သည်။ ချန်ညီအစ်ကိုတွေက တခြားသူတွေရဲ့ အောင်မြင်မှုတွေကို ခိုးယူခဲ့တဲ့အကြောင်း ထုံးစံအတိုင်း သူ သိပေမယ့် ကိစ္စတွေပြီးသွားတော့ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အထက်လူကြီးတွေက သူတို့ရဲ့ ဂုဏ်သတင်းကို ထိခိုက်မှာကို စိုးရိမ်တာကြောင့် အခြေအနေကို လျစ်လျူရှုပြီး ချန်ညီအစ်ကိုတွေကို အပြစ်မပေးဘဲ ဆက်ထားဖို့ပဲ ရွေးချယ်စရာရှိတော့သည်။
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူက ချန်ညီအစ်ကိုတွေကို အဲဒီအကြောင်းပြချက်ကြောင့် ပစ်မှတ်ထားတာလား။
“နောက်တစ်ခေါက်မှပေါ့။” စူးချန်းခုန်းက ထွက်သွားဖို့ အဆင်သင့်ပြင်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်သည်။
“မင်းဘယ်ကိုသွားမှာလဲ။ နေစမ်းပါဦး။”
ကျန်းချန်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ တာ့ဖုန်းပြည်နယ်မြို့တော်အတွင်း သူ့ရဲ့ လက်အောက်ငယ်သားတွေကို သတ်ရဲတဲ့ ရဲရင့်တဲ့ လူသတ်သမား စူးချန်းခုန်း ထွက်သွားတာကို သူ ရ ပ်ကြည့်မနေနိုင်ပါ။
အော်သံအကျယ်ကြီးဖြင့် ကျန်းချန်သည် စူးချန်းခုန်းထံ ခုန်တက်ကာ ညာဘက်လက်ဖဝါးဖြင့် စူးချန်းခုန်း၏ ကျောဘက်သို့ ထိုးရိုက်လိုက်ပြီး သူ၏ လက်ဖဝါးအားသည် လှိုင်းလုံးကြီးများကဲ့သို့ မြင့်တက်လာ၏။
ဝူချင်းရှီ။ ကျားခုန်ဆင်းခြင်း။
စူးချန်းခုန်း၏ မျက်နှာအမူအရာသည် သူ့နောက်ကွယ်ရှိ လှုပ်ရှားမှုကြောင့် အေးစက်သွားလျင်မြန်စွာ လှည့်လိုက်သည်။ ဝူချင်းရှီမှ ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သော ကျားခုန်ဆင်း,ခြင်းကို အသုံးပြု၍ သူ၏ အမူအရာတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။ သွားတဝင့်ဝင့်နှင့် ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင် တောင်ထိပ်မှ ခုန်ဆင်းလာသကဲ့သို့ပင်။
“ဝေါင်း”
ကျန်းချန်သည် ကျားတစ်ကောင်၏ ကျယ်လောင်လှသော ဟိန်းဟောက်သံကို အနည်းငယ်ကြားလိုက်ရပြီး သူ့စိတ်ဝိညာဉ်ကို တုန်လှုပ်သွားလေ၏။
“ဝုန်း”
လက်သီးနှင့် လက်ဖဝါးတို့ ထိပ်တိုက်တွေ့သွားပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ မြေပြင်ပေါ်တွင် အုတ်ခဲများနှင့် ကျောက်တုံးများ ပြောင်းပြန်လန်သွားပြီး အက်ကွဲကြောင်းများ ပျံ့နှံ့လျက် လမ်းကြား၏ နှစ်ဖက်စလုံးရှိ နံရံများသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု၏ ရိုက်ခတ်မှုခံရသကဲ့သို့ ကွဲကြေသွားသည်။
“ဘာ… ဘာအသံလဲ။”
လမ်းကြားနှစ်ဖက်စလုံးက အိမ်များရှိလူများသည် ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဘာတွေဖြစ်နေသည်ကို လုံးဝမသိကြပေ။
“အားကောင်းလိုက်တဲ့လက်သီး။”
ထိပ်တိုက်တွေ့ဆုံပြီးနောက် ဆာလောင်နေသော ကျားတစ်ကောင် ခုန်အုပ်လာသကဲ့သို့ လက်ဖဝါးထဲတွင် ကြီးမားသောအားကို ခံစားလိုက်ရသောအခါ ကျန်းချန် ရင်ထဲ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက စူးချန်းခုန်းအား မြားပစ်ဖို့ အခွင့်အရေးမရအောင် လျင်မြန်စွာ တိုက်ခိုက်ခဲ့သော်လည်း စူးချန်းခုန်း၏ မြားပစ်စွမ်းရည်သည် ထူးခြားရုံသာမက သူ၏ သိုင်းပညာစွမ်းရည်ကလည်း အံ့မခန်းအားကောင်းသည်။ ထုတ်ပြဖို့ အားနည်းချက်ပင် မရှိပါ။
“ဂါး”
သူ့ရှေ့ကလူသည် မျှော်လင့်ထားသည်ထက် များစွာပိုမိုအားကောင်းသည်။ သူ့အောက် မနိမ့်ကျသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သဘောပေါက်သောအခါ ကျန်းချန် သတိမလွတ်ရဲတော့ပေ။ သူ၏ ချီနှင့်သွေးသည် ပြင်းထန်စွာ ဆူပွက်လာပြီး နဂါးဟိန်းသံသည် ကွင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး သူ၏ ချီနှင့်သွေးသည် ရှည်လျားသော နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းကာ သူ့ခေါင်းပေါ်တွင် လှည့်ပတ်နေလေ၏။