← Chapters

ပစ္စုပန်အား ပြင်ဆင်ခြင်း

Vol. 18 Ch. 259

ပစ္စုပန်အား ပြင်ဆင်ခြင်း

Vol. 18 Ch. 259

ကောင်းမင်သည် လက်များကို ဆန့်တန်းလိုက်ပြီး ထိုမကောင်းဆိုးဝါးအား ပွေ့ဖက်တော့မည့် ပုံပေါ်နေသည်။ သူ၏ ပေါ့ပါးသောပုံစံနှင့် နူးညံ့သော အကြည့်တို့သည် မကောင်းဆိုးဝါး၏ မျက်စိသူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေခဲ့သည်။

“မင်း ရှက်နေတာလား”

ကောင်းမင်သည် မကောင်းဆိုးဝါးနှင့် နှစ်မီတာအကွာတွင် ရပ်နေခဲ့သည်။ မကောင်းဆိုးဝါးသည် တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။ သူက ခေတ္တရပ်တန့်သွားသည်။ နောက်တစ်ခဏတွင် ကောင်းမင်၏ ကျောပြင်မှ ကြီးမားသော လက်ရှစ်ချောင်း ဆန့်ထွက်လာလေသည်။ ထိုမကောင်းဆိုးဝါးသည် နေရာတွင် ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ မည်မျှပင် ရုန်းကန်သော်လည်း လွတ်မြောက်နိုင်ခြင်း မရှိပေ။ အသားနံ့သည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး လက်များက ၎င်း၏ အသားထဲသို့ နစ်ဝင်သွား၏။သားစားကြူးနတ်ဘုရားသည် ၎င်း၏ ဝိညာဉ်ကို ပွေ့ဖက်လိုက်သည်။ ၎င်းသည် အသားနှင့် တစ်သားတည်း မဖြစ်မချင်း နတ်ဘုရား၏ပွေ့ဖက်မှုထဲသို့ လျှောကျသွားခဲ့သည်။

“အသားသန္ဓေပြောင်းမှုရှိတဲ့ ဘယ်မကောင်းဆိုးဝါးမဆို ကုန်းစီရဲ့ အစိတ်အပိုင်း မဖြစ်မချင်း သားစားကြူးနတ်ဘုရားရဲ့ ဖိနှိပ်တာကို ခံရလိမ့်မယ်”

သားစားကြူးနတ်ဘုရားသည် အလွန် ကျေနပ်နေပုံရသည်။ သူလွှတ်လိုက်သောအခါ မကောင်းဆိုးဝါးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် စုတ်ပြတ်နေသော လူနာဝတ်စုံသာ ကျန်ရစ်ခဲ့သည်။

“ငါ အကြာကြီး အိပ်ပျော်နေတာမဖြစ်နိုင်ဘူး”

ရွှမ်ဝမ်နှင့်ပတ်သက်သော ကောင်းမင်၏ သဲလွန်စများသည် ထိုနေရာတွင် အဆုံးသတ်သွားခဲ့သည်။ သို့သော်လည်း သူသည် ရွှမ်ဝမ်မှာ သူနှင့် အတူတူ အဆောက်အအုံထဲတွင် ပိတ်မိနေသည်ဟု ခံစားမိသည်။

“လုဇန်က ကမ္ဘာနှစ်ခု အကြီးအကျယ်ထပ်နေတဲ့ နေရာတွေမှာပဲ ပေါ်လာနိုင်တယ် ၊ လီစန်းဆေးရုံရဲ့ အနောက်ဘက်အဆောက်အအုံကို သူတို့က ပြုပြင်မွမ်းမံထားတယ် ၊ဒါက စီတုအန်းရဲ့ အိမ်တင် မကဘဲ အရိပ်ကမ္ဘာကို သွားတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်”

ကောင်းမင်သည် သူ၏ အိပ်မက်ထဲတွင် လူနာများစွာကို တွေ့ခဲ့သည်။ သူတို့သည် လုဇန်နှင့် စီတုအန်းတို့ နှစ်ပေါင်းများစွာ စုဆောင်းထားသူများ ဖြစ်ကြသည်။ သူတို့သည် စီတုအန်း၏ ပိုင်ဆိုင်မှုများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။

“စီတုအန်းက ငါ့ကို မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနအကြောင်း ပြောခဲ့တယ် ၊သူ့ရဲ့ အဓိက လက်အောက်ငယ်သား သုံးယောက်ဆီကနေ သူ့အိမ်ရဲ့ တည်နေရာရှိတဲ့ မြေပုံကို ငါ ရခဲ့တယ်”

စီတုအန်းသည် ကြင်နာမှုကြောင့် ကောင်းမင်အား ကူညီမည် မဟုတ်ပေ။ သူသည် ကောင်းမင်အား ဆေးရုံသို့ ဆွဲဆောင်ရန် အရာများစွာ လုပ်ဆောင်ခဲ့သည်။ယင်းသည် ထိုနေရာတွင် သူ့အား လွတ်မြောက်မှု ပြန်လည်ရရှိစေမည့် တစ်စုံတစ်ရာ ရှိနေသည်ဟု ဆိုလိုသည်။

“အန္တရာယ်အရှိဆုံး အရာကို ဘယ်သူက သူတို့ကိုယ်ပိုင် အိမ်မှာ ထားမှာလဲ”

သဲလွန်စများ ပြတ်တောက်သွားခဲ့သည်။ ကောင်းမင်သည် စိတ်ရောဂါကု အကြံပေးဆောင်မှ၍ ကော်ရစ်ဒါလမ်းထဲသို့ ဝင်ရောက်သွားသည်။အနောက်ဘက်အဆောက်အအုံသည် မူမမှန်ဖြစ်ရပ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

“ကမ္ဘာတစ်ခုလုံး မူမမှန်ဖြစ်နေတဲ့အခါ ပုံမှန်လူတွေကို မကောင်းဆိုးဝါးအဖြစ် ရှုမြင်ခံရမှာဖြစ်ပြီး ယေဘုယျအတွေးတွေကိုတော့ ရူးသွပ်တဲ့ အတွေးတွေအဖြစ် ရှုမြင်ခံရလိမ့်မယ် ၊ရှင်းပါတယ် ၊ ဒါက ငါ ကြုံတွေ့နေရတဲ့ အရာပဲ”

ကောင်းမင် သက်ပြင်းချလိုက်သည်။ သူ နိုးထပြီးနောက် ပိုပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် တွန့်လိမ်နေသော ကော်ရစ်ဒါလမ်းများအတိုင်း လျှောက်သွားလိုက်သည်။ သူသည် သူ့သခင်၏ ဥယျာဉ်တွင် ပန်းများကိုပြုစုနေသော ဥယျာဉ်မှူးတစ်ယောက်နှင့် တူ၏။ သူ့အား လိုက်ဖမ်းခဲ့သော ဖိနပ်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းမင်သည် သူ့ပတ်ဝန်းကျင်ကို နားထောင်ရန် နားကို စွင့်လိုက်သည်။ သူ မသိဘဲ ခုနှစ်လွှာသို့ ရောက်လာခဲ့သည်။ အိပ်မက်နှင့် နှိုင်းယှဉ်လျှင် ထိုနေရာသည် ပိုမို မှောင်မိုက်၍ ပို ကြောက်မက်ဖွယ်ကောင်းပေသည်။ လူနာများ ထုပ်ပိုးရန် အချိန်မရလိုက်သော ကိုယ်ပိုင်ပစ္စည်းများစွာကို ကြမ်းပြင်ပေါ်တွင် ချန်ထားခဲ့သည်။ ညှိုးနွမ်းနေသော ပန်းများကို နင်းမိသွားခဲ့သည်။ မြူးဇစ်ဘောက်သည် အပေါ်အောက်လှန်နေပြီး လည်နေသော အရုပ်များ၏ ဦးခေါင်းများ ပြတ်တောက်နေခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသာ အဆုံးမရှိသော သီချင်းသံဖြင့် ဝဲလည်နေလေသည်။

သူက လူနာဆောင် ၇၀၀၁ ၏ တံခါးကို တွန်းဖွင့်လိုက်သည်။ ကပ်စေးနေသော သွေးများက အခန်းကို လိမ်းကျံထားသည်။ မျက်နှာကျက်မှ သွေးများ ယိုစီးကျနေ၏။ ပုံမှန်မဟုတ်သော ခြေရာများက ကြမ်းပြင်ကို ဖုံးနေသည်။ ဧရာမကုတင်အား မှောက်လှန်ထားသည်။ အဖြူရောင် မွေ့ယာအခင်းသည် ဓားတစ်လက်ဖြင့် လှီးဖြတ်ခံထားရသည်။ အခန်းထဲတွင် ချိတ်ဆွဲထားသော သွေးသွင်းအိတ်များကို ထိုးဖောက်ထားသည်။ ဒိတ်လွန်နေသော ဆေးဝါးများသည် သွေးများနှင့် ရောယှက်နေသည်။ ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာန၏ သင်္ကေတပါသော အင်္ကျီလက်စကို ကောက်ယူ၍ ကုတင်ရှေ့တွင် ရပ်နေခဲ့သည်။

“လူနာဆောင် ၇၀၀၁ က လူနာက ဆေးရုံကနေ ထွက်မသွားခဲ့ဘူး ၊ သူက မကြာသေးခင်အထိ ဒီမှာ နေခဲ့တယ် ၊ ငါ အနောက်ဘက်အဆောက်အအုံကို မဝင်ခင်မှာ သူ သေသွားခဲ့တာ”

ရင်းနှီးသော သွေးသွင်းအိတ်များနှင့် ရောယှက်နေသော အစာပိုက်များကို ကြည့်ရင်း ကောင်းမင်သည် သူတို့ ရင်းနှီးနေသည်ဟု ခံစားမိသည်။

“ငါ့ရဲ့ အတိတ်အကြောင်း အိပ်မက်က ပြန့်ကျဲနေတယ် ၊ လုဇန်က ငါ့ကို အရာအားလုံး မပြောပြခဲ့ဘူး ၊ သူက သူ့ကို ရှာဖွေအောင် ဆွဲဆောင်ဖို့ အရေးအကြီးဆုံး အပိုင်းတွေကို ဖုံးကွယ်ထားခဲ့တယ်”

ကောင်းမင်က အင်္ကျီလက်စကို ပြန်ချထားလိုက်သည်။ သူက ကော်ရစ်ဒါလမ်းသို့ ပြန်လှည့်လိုက်သည်။ သူက သူ့ ဖိနပ်များမှ သွေးများကို သုတ်လိုက်ပြီး လူနာဆောင် ၇၀၀၂ သို့ လှည့်လိုက်သည်။

တံခါးအား ဖွင့်လျက် ချန်ထားခဲ့သည်။ ညစ်ပတ်နေသော အခန်းထဲတွင် အခန်းအလယ်တွင် အမျိုးသမီး အလောင်းတစ်လောင်း လဲလျောင်းနေလေသည်။ သူမ၏ ဒဏ်ရာများသည် တက်ကြွစွာ ကုစားနေကြသည်။ သူမ၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းမှုတိုင်းနှင့်အတူ ပိုမို သန်မာလာခဲ့သည်။ သို့သော်လည်း သူမ၏ စိတ်သည် လုံးဝ ကျိုးပျက်သွားခဲ့ပြီ ဖြစ်သည်။

“ဒီ လုံခြုံရေး အဖွဲ့ဝင်တွေမှာ သနားကြင်နာစိတ် လုံးဝ မရှိဘူး။”

ဖြစ်ကောင်းဖြစ်နိုင်သည်က ကံကြမ္မာသည် အမှားများကို ပြုပြင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ကောင်းမင်၏ အိပ်မက်ထဲတွင် တွေ့ဆုံခဲ့သော လူနာအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“လူနာဆောင် ၇၀၀၃ က မစ်စတာမေးခွန်း အသက်ရှင်နေသေးလား မသိဘူး ၊ သူ ဒီဆေးရုံကနေ လွတ်မြောက်သွားခဲ့သင့်ပြီ”

ကောင်းမင်သည် မျှော်လင့်ချက်ဖြင့် လူနာဆောင် ၇၀၀၃ ၏ တံခါးကို တွန်းဖွင့်လိုက်သည်။

နံရံများနှင့် မျက်နှာကျက်တစ်လျှောက် သွေးများ ပေကျံနေသည်ကို တွေ့သောအခါ ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ နေရာတိုင်းတွင် ထိုးဖြတ်ထားသော အရာများနှင့် ထွင်းထုထားသော အရာများလည်း ရှိနေသည်။

“ဒီအခန်းက မေးခွန်းရဲ့ တွက်ချက်မှုတွေနဲ့ ပြည့်နေသင့်တယ် ၊ ဒါပေမဲ့ ဒါတွေကို စုံစမ်းစစ်ဆေးရေးဌာနက တမင်တကာ ဖုံးကွယ်ထားခဲ့တာပဲ ၊ သူတို့ ဘာကို ကြောက်နေကြတာလဲ ၊ သူတို့က ဘာလို့ ဒီအရာတွေကို ဖုံးကွယ်ထားရတာလဲ။ မေးခွန်းပြောတာ အမှန်လား”

ကောင်းမင်သည် အလယ်တွင် ရပ်လျက် ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်လိုက်သည်။ သူက နံရံများကို စူးစမ်းလိုက်သည်။ နံရံတစ်ခုပေါ်တွင် နေရာလွတ်တစ်ခု ရှိနေလေသည်။ တစ်စုံတစ်ခုကို ထိုနေရာတွင် ကပ်ထားခဲ့ပြီး မကြာသေးမီက ခွာချထားခဲ့ခြင်းဖြစ်သည်။ မေးခွန်းနှင့် သူ့အတွေ့အကြုံကို ပြန်စဉ်းစားရင်း ကောင်းမင်က ကုတင်ဆီသို့ လျှောက်သွားခဲ့သည်။ သူက အိပ်ရာခင်းကို ခွာလိုက်ပြီး သူ့ လက်ချောင်းများက ကုတင်ဘောင်များကြားတွင် လှည့်ပတ်စမ်းလိုက်ပြီး ခုနှစ်ခုမြောက် အဟကြားတွင် ရပ်တန့်သွားခဲ့သည်။

“ဒါက ငါ့အိပ်မက်နဲ့ တူတယ်”

ကောင်းမင်သည် ဘောင်ကို ဆွဲထုတ်ပြီး လက်ဖြင့် ရေးဆွဲထားသော မြေပုံဟောင်းတစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ အိပ်မက်ထဲတွင် ကောင်းမင်သည် မေးခွန်းကို ကူညီရန် ကမှတိပေးပြီးနောက် ထိုလူသည် ထိုနေရာမှ မြေပုံတစ်ခုကို ထုတ်ယူခဲ့သည်။ ကောင်းမင်သည် ဆေးလုံးများ ပြန်ယူလာပါက အိပ်မက် နိုးထရန် ကူညီပေးမည်ဟု သူ ကျိန်ဆိုခဲ့သည်။

ကောင်းမင်၏ မျက်လုံးများ တဖျတ်ဖျတ်ဖြစ်သွားပြီး သူ့အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူက မြေပုံ နောက်ကျောရှိ မှတ်စုကို စိုက်ကြည့်လိုက်သည်။ ထိုမှတ်စုသည် လွန်ခဲ့သော နှစ်ဝက်က ရေးထားပုံရသည်။

“အိပ်မက်ထဲမှာ ရှင်သန်ပါ ၊ မနိုးထပါနဲ့ ၊ နိုးထနေတဲ့ ကမ္ဘာမှာ မျှော်လင့်ချက် မရှိဘူး”

“လုဇန်က လူတွေကို အိပ်မက်ကနေ နိုးထပြီး တကယ့်ကမ္ဘာကို ပြန်လာဖို့ တတ်နိုင်သမျှ အရာအားလုံး လုပ်နေတယ် ၊ အခု မေးခွန်းက ငါ့ကို မနိုးထဖို့ သတိပေးနေတယ် ၊ ဒါက သူငါ့အတွက် ပေးခဲ့တဲ့ မက်ဆေ့ချ်လား”

ကောင်းမင်သည် တွန့်ကြေနေသော မြေပုံကို ကိုင်ထား၏။ သူ စိတ်ရှုပ်ထွေးနေခဲ့သည်။

“သူ နိုးထပြီးနောက် ဘာတွေ မြင်ခဲ့တာလဲ”

ဘယ်သူကမှ သူတို့သည် ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည် မဟုတ်ချေ။ မြို့ထဲရှိ လူတိုင်းက သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များဆီသို့ ဦးတည် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ကံကြမ္မာ၊ လုဇန်၊ စုံစမ်းစစ်ဆေးရေးဌာနနှင့် အရိပ်ကမ္ဘာ…ကောင်းမင်သည် အလယ်တွင် ညှပ်နေခဲ့သည်။ ဘယ်လို အနာဂတ်မျိုးက အကောင်းဆုံး အနာဂတ်ဖြစ်မည်ကို သူမသိပေ။

“အခုတော့ နိုးထပြီးတဲ့ ကမ္ဘာကို ငါပို စိတ်ဝင်စားသွားပြီ”

ကောင်းမင်က မြေပုံကို လှန်လိုက်သည်။ ယင်းသည် လီစန်းဆေးရုံ၏ မြေပုံငယ်လေးတစ်ခု ဖြစ်သည်။ ၎င်းတွင် ထွက်ပေါက် ငါးခုကို မှတ်သားထားသည်။ သုံးခုကို အနီရောင် ကြက်ခြေခတ်ဖြင့် ခြစ်ထားလေသည်။ အနောက်ဘက်အဆောက်အအုံ၏ မြေအောက်ရေခဲတိုက်ကိုတော့ အနီရောင် မေးခွန်းအမှတ်အသားဖြင့် မှတ်သားထားပေသည်။

All Chapters