← Chapters

အစာကျွေးခြင်း

Vol. 18 Ch. 262

အစာကျွေးခြင်း

Vol. 18 Ch. 262

လက်ဗွေရာများ ၊ လက္ခဏာပုံစံများ... ကောင်းမင်အတွင်းရှိ ကံကြမ္မာနှင့် သက်ဆိုင်သည့် အရာအားလုံး အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအသစ် ထွက်ပေါ်လာခြင်းသည် သားစားကြူးနတ်ဘုရား၏ ကံကြမ္မာမှ ခွဲထွက်မှုအသစ်ကို ကိုယ်စားပြုပေသည်။ သားစားကြူးနတ်ဘုရားက ရွေးချယ်ထားသူအနေဖြင့် ကောင်းမင်သည်လည်း သက်ရောက်မှုရှိခဲ့သည်။ ချိန်းကြိုးများသည် ချုပ်နှောင်ရန်အတွက်ဖြစ်ပြီး ကိရိယာအသစ်သည် တိုက်ခိုက်ရန်အတွက် ဖြစ်သည်။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့က လူနာအားလုံးကို စုပ်ယူလိုက်ပြီးနောက် သူတို့စွမ်းအားများ တိုးတက်လာခဲ့သည်။

“ဒါက ဘာများလဲ ၊ လုဇန် ငါ့ကိုပေးခဲ့တဲ့ သားစားကြူးနတ်ဘုရားနဲ့ ပတ်သက်တဲ့ ဖိုင်တွေထဲမှာ ကောက်ရိတ်တံစဉ်အကြောင်း ဘာမှပြောပြထားတာ မရှိဘူး”

စီတုအန်းသည် သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။ ပန်းပဲဖိုထဲမှ ထွက်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအသစ်သည် ပန်းပဲဖိုထဲ ပစ်ထည့်ခဲ့သည့် အရာများဖြင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ကောင်းမင်၏ ဘဝနဲ့ပါ ဆက်စပ်နေခြင်းဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခန်းထဲရှိ အရာအားလုံးသည် ကောင်းမင်၏ အစိတ်အပိုင်းများဖြစ်သောကြောင့် ကောင်းမင်နှင့် ဆက်နွယ်မှုရှိပေသည်။

မီးလောင်ကျွမ်းခံရသည့် နာကျင်မှုသည် လက်နှစ်ဖက်လုံးမှ ထွက်ပေါ်လာသည်။ ချိန်းကြိုးများက သွေးကြောများနှင့်အတူ ချည်နှောင်သွား၏။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့၏ ကံကြမ္မာများသည် အချင်းချင်း ရောယှက်စပြုလာလေသည်။ ကံကြမ္မာသည် အရာအားလုံးကို ထိန်းချုပ်နေခြင်းဖြစ်သည်။ လုဇန် ပြောခဲ့သလိုပင် ဤလက်တွေ့ဘဝသည် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါက ထိုအိပ်မက်အား ကံကြမ္မာက ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။ သာမန်လူများမှာ ကံကြမ္မာရှေ့တွင် အရေးမပါကြပေ။ လူအနည်းငယ်ကသာ ကံကြမ္မာ၏ အကြည့်ကို ဆွဲဆောင်နိုင်ပြီး ၎င်း၏ရုပ်သေးများ ဖြစ်လာရန် အခွင့်အရေး ရခဲ့ကြသည်။

ထိုကဲ့သို့သောလောကမျိုးတွင် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားသည် ကံကြမ္မာအား သုတ်သင်ရန် ကိရိယာတစ်ခုကို ပုံဖော်ခဲ့ကြသည်။ သူတို့၏ ရူးသွပ်မှုသည် အနီရောင်မိုးကာအင်္ကျီနှင့် စီတုအန်းကို တုန်လှုပ်စေခဲ့သည်။

အကြမ်းတမ်းဆုံး သရဲနှင့် အရူးသွပ်ဆုံးလူသားတို့ နှစ်ဦးစလုံးအပေါ် သက်ရောက်မှု ရှိခဲ့သည်။ ယင်းသည် ကောင်းမင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။

သူ့နှလုံးခုန်နှုန်းက ဖြည်းညင်းစွာ ပုံမှန်ပြန်ဖြစ်လာ၏။ ကောင်းမင်က အကြောဆန့်လိုက်သည်။ သူ့သွေးသည် မဖော်ပြနိုင်သော သင်းရနံ့တစ်ခု ဖြာထွက်နေလေသည်။ ထိုအနံ့ကို ရလိုက်ပါက မည်သူမဆို ယစ်မူးသွားစေလိမ့်မည်ဖြစ်သည်။

“ငါ့ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းက သားစားကြူးနတ်ဘုရားနဲ့ ပေါင်းစည်းသွားပုံရတယ်…”

အတိတ်က နတ်ဘုရားသည် ကောင်းမင်၏ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင်သာ ရှိနေခဲ့သည်။ ကောင်းမင်တွင် သားစားကြူးနတ်ဘုရား၏ အသားနှလုံးသားနှင့်နတ်ဘုရားနှလုံးသား ရှိသည်။ယခုတွင် ကောင်းမင်၏ ခန္ဓာကိုယ်သည် သားစားကြူးနတ်ဘုရားဖြင့် ဖြည်းညင်းစွာ ပေါင်းစပ်လျက်ရှိသည်။ သူသည် သက်ရှိနတ်ဘုရား ရုပ်တုတစ်ခုကဲ့သို့ပင်။

“ငါဟာ လူသားတစ်ဦးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပို ဝေးကွာလာခဲ့ပြီ ၊ ဒါပေမယ့် ဒါက မဆိုးဘူးလို့ ခံစားရတယ်”

သူ့ အာရုံငါးပါးမှာ ပိုမို ထက်မြက်လာသည်။ ကောင်းမင်သည် အဝေးကနေပင် ကော်ရစ်ဒါမှ တိတ်တဆိတ်ခြေသံများကို ကြားနိုင်သည်။ ကောင်းမင်က ခေါင်းမော့၍ ထွက်ပေါက်အား ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အနံ့ဆိုးတစ်ခုကို ထုတ်လွှတ်နေသည့် စက်ရုပ်လက်တံတစ်ခုက တံခါးကို ဆုပ်ကိုင်လိုက်သည်။ တောက်ပသော အလင်းရောင်က အခန်းထဲသို့ ထိုးကျလာသည်။

“မင်းကို တွေ့ပြီ”

လူ့အရေပြားအောက်မှ စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာလေသည်။ ဟောင်းနွမ်းနေသည့် ယူနီဖောင်းဝတ် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။ နက်မှောင်နေသော မျက်ဆံများတွင် ကောင်းမင်ကို ရောင်ပြန်ဟပ်နေသည်။ ထိုလူက ပါးစပ်ကို ဖွင့်လိုက်ရာ ပါးစပ်အတွင်းရှိ စက်အစိတ်အပိုင်းများနှင့် ချွန်ထက်သော သွားများတွင် ကပ်နေသည့် အသားစများကို ဖော်ပြလိုက်သည်။

လုံခြုံရေး အဖွဲ့ဝင်များသည် အခန်းထဲ ဝင်လာကြပြီး အပြင်ထွက်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။

အနက်ရောင် ဘွတ်ဖိနပ်များက အနီရောင်သွေးများပေါ်သို့ ခပ်ကြမ်းကြမ်းနင်းချလိုက်သည်။ ဓားက လှိုင်းတွန့်များကို ဖြတ်တောက်သွား၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် တံခါးဝတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ့အရေပြား တစ်လက်မတိုင်းတွင် သရဲတက်တူးများ ခတ်နှိပ်ထားပေသည်။

“အသင်း(၇)က လူသုံးယောက်ကို သတ်ခဲ့တာ မင်းပဲ”

ထိုလူက အဖွဲ့ဝင်အားလုံး၏ အလယ်တွင် ရပ်လိုက်သည်။ သူ့မျက်လုံးများက ကောင်းမင်အား စိုက်ကြည့်နေလေသည်။သူ့လည်ပင်းပတ်လည်ရှိ လက်ချောင်းများက ပွင့်ချပ်များကဲ့သို့ ပွင့်ဟလာသည်။ ဝှက်ထားသော သရဲမျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာသည်။

လူများစွာ ဝန်းရံထားသည်ကို မြင်သောအခါ ကောင်းမင်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူသည် ပိုမိုသက်သောင့်သက်သာရှိသည့် ကိုယ်ဟန်အနေအထားသို့ ပြောင်းလဲရန် စားပွဲပေါ် မှီလိုက်သည်။

“စုံစမ်းစစ်ဆေးရေးဌာနက လုံခြုံရေးအဖွဲ့ဝင် အများကြီးကို ငါသတ်ခဲ့ပြီးပြီ ၊ မင်းက သူတို့နဲ့ မတူဘူးနော် ၊ ဘာလို့လဲ”

“မင်းရဲ့ ခြေတွေလက်တွေကို ဖြတ်ပစ်ပြီး လူသားတုတ်ချောင်းအဖြစ် ပြောင်းပြီးမှ မင်းကို ဖြည်းဖြည်းချင်း အဖြေပေးမယ်လေ”

ကေသည် သူ့သွေးရောင်ဆက်သွယ်ရေးမှတစ်ဆင့် တစ်စုံတစ်ယောက် သတ်ဖြတ်ခံရသည်ကို သိသည်။ သူတို့သည် တားမြစ်ဂိမ်းထဲတွင် အလွန်များပြားလှသော လေ့ကျင့်မှုများဖြင့် ရှင်သန်ခဲ့ကြသော်လည်း ဟန်ဟိုင်းရှိ ပထမဆုံး မစ်ရှင်ကို စတင်သည့်အခါ သူတို့ထဲမှ တချို့တဝက်မှာ သေဆုံးခဲ့ပြီးဖြစ်သည်။

“မင်းစကား မင်း ပြန်နားထောင်ကြည့်ပါဦး ၊ မင်းက တရားမျှတမှုဘက်ကလူလို အသံထွက်နေတာလား ၊ မင်းက စုံစမ်းစစ်ဆေးရေးဌာနကို ကိုယ်စားပြုတာလေ”

ကောင်းမင်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။သူသည် လူတိုင်းအား လူသေပုံတူများဖြင့် တိတ်တဆိတ် နှိုင်းယှဉ်နေခြင်းဖြစ်သည်။ဟန်သဲ့ပုဂ္ဂလိကကျောင်းမှ သူထွက်ခွာလာပြီးကတည်းက သူ့စွမ်းအားကို အပြည့်အဝ အသုံးမပြုခဲ့ရသေးပေ။ သူမည်မျှ အားကောင်းသည်ကို သူမသိသလို သူသည် စုံစမ်းစစ်ဆေးရေးဌာန၏ ‘ရန်သူ’ နှင့်ကိုက်ညီမှုရှိမရှိကိုလည်း မသိပေ။

“အချိန်ဖြုန်းနေတာပဲ”

ကေက အခန်းထဲ ပထမဆုံး ဝင်လာသည့် လူကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူက သတင်းစကားကို နားလည်လိုက်ပြီး လက်ဗလာဖြင့် ကောင်းမင်အားတိုက်ခိုက်လိုက်သည်။ ထိုလူ၏ခန္ဓာကိုယ်မှ ဂီယာများ လည်ပတ်နေသည့်အသံ ထွက်ပေါ်လာလေသည်။ ထိုလူသည် ကောင်းမင်နှင့်ငါးမီတာအတွင်း ရောက်ရှိလာသောအခါ ရုတ်တရက် လူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ကျော်လွန်၍ အရှိန်မြှင့်လိုက်သည်။ သူ့အရိပ် ပျောက်ကွယ်မသွားခင် ထိုလူက ကောင်းမင်ရှေ့သို့ ရောက်လာခဲ့သည်။ သူက လက်နှစ်ဖက်ကို မြှောက်၍ ကောင်းမင်၏ဦးခေါင်းကို လက်သီးဖြင့်ထိုးနှက်လိုက်သည်။

ကောင်းမင် ဘေးကို ရှောင်လိုက်သည်။ ကောင်းမင်နောက်က စားပွဲမှာ ကျိုးကြေသွားသည်။ သစ်သားစများ နေရာအနှံ့ လွင့်စဉ်သွား၏။ ထိုလူ့ လက်သီးက ကောင်းမင်မျက်နှာဆီသို့ ထပ်မံ ရွေ့လျားလာသည်။

ကောင်းမင်၏လက်များတွင် ချိန်းကြိုးများ ထွက်ပေါ်လာသည်။သူက ကျောကို နံရံဖြင့်ထိသည်အထိ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သွေးနီရောင်ချိန်းကြိုးများက ထိုလူ၏ လက်သီးများကို ချည်နှောင်လိုက်ပြီး ယူနီဖောင်းမှတဆင့် ဆုတ်ဖြဲပစ်လိုက်သည်။ စုတ်ပြဲနေသည့် နေရာများမှတစ်ဆင့် ထိုလူ၏ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းမှာ စက်ကိရိယာများ ဖြစ်နေသည်ကို ကောင်းမင် သတိပြုမိသည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါဟာ နှလုံးတစ်ခုတည်း အသက်ရှင်ကျန်ခဲ့တဲ့အထိ မကောင်းဆိုးရွားသားရဲတွင်းထဲမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်၊ ငါ့ကို ကယ်တင်ခဲ့တာက အဖွဲ့ခေါင်းဆောင်ပဲ ၊ စိတ်ပျက်အားငယ်မှုက ငါ့ကို ကျိန်စာတွေ ၊ နာကျင်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အများစုကို ခံနိုင်ရည်ရှိစေခဲ့တယ် ၊ လူတစ်ယောက်က သရဲတွေနဲ့ မကောင်းဆိုးဝါးတွေကို ရင်ဆိုင်ရတဲ့အခါ ပထမဆုံး လုပ်ရမယ့်အရာက ကြောက်ရွံ့မှုကို ကျော်လွှားဖို့ပဲ ၊ ဒီလောကမှာ ဘာကိုမှ ငါ မကြောက်ဘူးကွ”

ထိုလူမှာ သက်ရှင်လူသားများ၏ အားနည်းချက်များ မရှိပေ။ သူ၏ ခန္ဓာကိုယ်နဲ့ စိတ်သည် အံ့မခန်း သန်မာပေသည်။ ထူးဆန်းသော စာလုံးများက သူ့နှလုံးကို ဖြတ်ကျော်သွားသည်။ ၎င်းတို့သည် ထူးခြားသည့်သရဲတက်တူးတစ်မျိုးမျိုး ဖြစ်ပေလိမ့်မည်။

“မင်းကို မကောင်းဆိုးရွားတွင်းထဲကို ပစ်ချခဲ့တာက စုံစမ်းစစ်ဆေးရေးဌာနနဲ့ မင်းကိုဒီဇိုင်းထုတ်ခဲ့တဲ့ မင်းရဲ့ အသင်းခေါင်းဆောင်များ ဖြစ်နိုင်မလား”

ကောင်းမင်ရဲ့ အသံက ထိုလူရဲ့ နားထဲ တိုးဝင်သွားသည်။ သူ့နှလုံးသားမှာ စတင်၍နှလုံးခုန်နှုန်း ပြောင်းလဲသွားသည်။ သားစားကြူးနတ်ဘုရား၏ စွမ်းအားသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းပကားသက်သက်ထက် ကျော်လွန်သည်။ အေးစက်စက် စက်ထဲတွင် ရစ်ပတ်ထားသည့် နှလုံးသားသည် တစ်စက္ကန့်မျှ ရပ်တန့်သွားသည်။ နှလုံးသားထဲ ထိုးသွင်းထားသည့် ပြွန်သည် အနည်းငယ် တုန်ယင်သွား၏။ ထိုလူ၏ ရင်ဘတ်မှာ ညည်းသံထွက်လာသည်။

“မင်း နှလုံးသားထဲက အသံကို ငါ ကြားနိုင်တယ် ၊ အဲ့ဒါက ငါ့ကို စားသောက်ဖို့ ဖိတ်ခေါ်နေတာပဲ”

ကောင်းမင်က ဘယ်ဘက်လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။မည်းညစ်နေသော ချိန်းကြိုးများက သူ့နောက်ကျောဘက်မှ ပျံသန်းထွက်လာသည်။ချိန်းကြိုးများက ထိုလူအား လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဝါးမျိုပစ်လိုက်သည်။

“သူ့ကို ကယ်ကြစမ်း”

ကေ အော်ဟစ်လိုက်သော်လည်း သူ နောက်ကျသွားချေပြီ။ ကောင်းမင်၏ လက်သည် ထိုလူ၏ ရင်ဘတ်ပေါ် ရောက်ရှိသွားသည်။ သေးငယ်သော ချိန်းကြိုးများက သူ့ပါးစပ်နှင့် နှာခေါင်းမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲ တွားသွားဝင်ရောက်သွားသည်။

“နာကျင်မှုတွေနဲ့ မင်းရှင်သန်နေစရာ မလိုတော့ပါဘူး”

အသားနံ့ သင်းပျံ့သွားသည်။ ကောင်းမင်က လက်သီးဆုပ်လိုက်သည်။ သူ့လက်ချောင်းများကြားမှ လတ်ဆတ်သော သွေးများ စိမ့်ထွက်လာခဲ့သည်။ ထိုလူသည် သူ့ရင်ဘတ်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

တိုက်တေနီယမ်ဖြင့် ကာကွယ်ထားသည့် နှလုံးမှာ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အဆုံးမရှိသည့် ချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရသည်။ သူသည် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။

“မင်း ငါ့ကို အထင်သေးနေတာပဲ”

ထိုလူက ရူးသွပ်နေသကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ သေသွားလျင်ပင် နောက်ဆုံးတစ်ချက် ထိုးချင်နေသေးသည်။

စက်ကိရိယာများက တဂျိဂျိ ရွေ့လျားသွားသည်။ ချိန်းကြိုးတစ်လျှောက် သရဲတက်တူးများ တွားသွားတက်လာခဲ့သည်။သို့သော် ထိုလူ တစ်ခုခုမလုပ်ဆောင်နိုင်မှီ သူ့နှလုံးသားက သေဆုံးသွားသည့် ပန်းတစ်ပွင့်ကဲ့သို့ ညှိုးနွမ်းသွားလေတော့သည်။

သွေးများ စီးဆင်းသွားသည်။ ချိန်းကြိုးများ ကောင်းမင်ထံ ပြန်ရောက်လာသောအခါ ချိန်းကြိုးတစ်ချောင်း ပိုလာခဲ့ပေသည်။

All Chapters