← Chapters

အရိုးများ နှင့် နတ်ဘုရားများ

Vol. 18 Ch. 263

အရိုးများ နှင့် နတ်ဘုရားများ

Vol. 18 Ch. 263

“စုံစမ်းစစ်ဆေးရေးဌာနကို ငါ လျှော့တွက်လို့တော့မရဘူး ၊ သူတို့က သရဲတွေကို သတ်တာ သိပ်မတော်ပေမယ့် လူတွေကို သတ်တဲ့နေရာမှာတော့ ဆရာကြီးတွေပဲ”

ကောင်းမင်က သူ့လက်မှ သွေးများကို သုတ်လိုက်သည်။ သူ၏ ပေါ့ပေါ့ပါးပါးပုံစံကြောင့် ကေ၏ မျက်နှာမှာ မည်းမှောင်သွားသည်။

“ငါတို့မှာ ချင်ကျွင်းရန် မွေးဖွားလာတဲ့ အချိန်ကနေ အခုချိန်ထိ အားလုံးရှိတယ် ၊ ဒါက အရမ်း တိကျတာမို့ ငါတို့က သူ့အကြောင်း သိတယ်လို့ ပြောနိုင်တယ်”

ကေက သူ့ ဒေါသကို ထိန်းချုပ်လိုက်သည်။ သူသည် သူ့ နောက်ဆုံးတည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားနေသည်။

“မင်းတို့ရဲ့ အရင်းအမြစ်တွေကို သရဲတွေထက် လူတွေအပေါ် အာရုံစိုက်နေတာက ဖြုန်းတီးတယ်လို့ မထင်ဘူးလား”

ကောင်းမင်သည် စိတ်ပိုင်းဆိုင်ရာ မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်လိုက်သည်။ ရွှမ်ဝမ် ဖန်တီးခဲ့သည့် ထိုမျက်နှာဖုံးကြောင့် သူသည် သူ့ ရန်သူ၏တည်နေရာအား တိတိကျကျ သိရှိနိုင်ခဲ့သည်။

“မင်းက ချင်ကျွင်းရန်မဟုတ်ဘူး ၊ မင်းက သူ့အတန်းဖော်ပဲ ဖြစ်ရမယ် ၊ မင်းရဲ့အချက်အလက်ကို ယာယီ အတည်မပြုနိုင်သေးပေမယ့် ဒါက အရေးမကြီးတော့ဘူး”

ကေက ဓားအိမ်ကို သူ့ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်ပြီး ဓားရိုးကို သူ့ညာဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“သူတို့က မင်းကို သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်လို့ ခေါ်ကြတာပဲ ဒါကြောင့် ဒီမစ်ရှင်အတွက် မင်းကပဲ အမိန့်ပေးနိုင်တာ ၊ မင်းကို ဒီမှာ တွေ့ရတာ ဝမ်းသာပါတယ်”

ကောင်းမင်၏ ပျော်ရွှင်မှုမှာ အစစ်အမှန်ဖြစ်သည်။ဆိုလိုသည်မှာ ကေသည် ရွှမ်ဝမ်အား လိုက်လံရှာဖွေခြင်းကို ရပ်တန့်၍ သူ့ဆီ ရောက်လာခြင်းဟု ဆိုလိုသည်။

“ငါလုပ်ခဲ့တဲ့ ဆူညံပူညံတွေက အဓိပ္ပာယ်ရှိသွားတာပဲ”

“မင်းက တမင်သက်သက် ငါတို့ကို အာရုံစိုက်စေချင်တာလား”

ယဉ်ကျေးပုံရသည့် လုံခြုံရေး အဖွဲ့ဝင်တစ်ဦးက ကေကို တားဆီးချင်နေ၏။

“ခေါင်းဆောင်၊ သူက ဆေးရုံက သရဲတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နိုင်တယ် ၊ ဒီနေရာမှာ လူတွေ နေထိုင်နေတဲ့ ခြေရာလက်ရာတွေကို ကျုပ်တို့ တွေ့ခဲ့တယ် ၊ လီစန်းဆေးရုံက ခြောက်ခြားဂိမ်းကစားသမားတွေရဲ့ အခြေစိုက်စခန်း ဖြစ်နေနိုင်တယ်”

“ကေ၊ သူ့ကြောင့် အရူးလုပ်မခံပါနဲ့”

ထိုအဖွဲ့ဝင်က သူ့ ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။ ကေမှလွဲ၍ သေဆုံးသွားသည့် အသင်းဖော်ကို ဘယ်သူမှ ဂရုမစိုက်ပေ။

“ငါတို့ရဲ့ မစ်ရှင်က ခြောက်ခြားဂိမ်းကစားသမား အကုန်လုံးကို သတ်ပစ်ဖို့ပဲ ၊ ပစ်မှတ်က အခု ငါတို့ရှေ့မှာ ရပ်နေတယ်၊ သူ့ကို လွှတ်ပေးလိုက်ဖို့ အကြောင်းပြချက် မရှိဘူး”

ကေသည် သူ့အသင်းဖော်များကို ပြောနေခြင်း မဟုတ်ဘဲ ဆက်သွယ်ရေးစက်မှ သူတို့ကို ကြည့်နေသည့် လူများကို ပြောနေခြင်းဖြစ်သည်။

အနောက်ဘက် အဆောက်အအုံရှိ အချက်ပြမှု အားလုံးကို ပိတ်ဆို့ထားသော်လည်း သူတို့ အရာအားလုံးကို မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ သူတို့ ထွက်လာခဲ့ပြီးနောက်တွင် ပရော်ဖက်ရှင်နယ်များက မှတ်တမ်းတင်ထားသည်များကို တစ်ဖရိမ်ချင်း စစ်ဆေး၍ မည်သူမှ သရဲတက်တူးများ၏ ဝါးမျိုမခံရတာ သေချာအောင် လုပ်ရမည်ဖြစ်သည်။ တားမြစ်ဂိမ်းမှ ရောက်လာသည့် လုံခြုံရေး အဖွဲ့ဝင် အားလုံးသည် သရဲတက်တူးများ ဖုံးလွှမ်းနေခြင်းဖြစ်သည်။ သရဲတက်တူးများသည် အထက်မြိဆုံး ဓားများ ဖြစ်ပြီး အသုံးပြုသူများပင် သတိထားရလောက်သည်အထိ ထက်မြိပေသည်။

“ကေလား ၊ ထူးဆန်းလိုက်တဲ့ နာမည်ပဲ ၊ ဒါပေမယ့်လည်း မင်း ငါ့ကို လာရှာတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ ဒါက မင်း ဒီလိုလုပ်နိုင်မယ့် နောက်ဆုံး အကြိမ် ဖြစ်နိုင်ပါတယ်”

ကောင်းမင်က ညစ်ပတ်နေသည့် ကုတ်အင်္ကျီကို ကောက်ယူပြီး သွေးထွက်နေသော သူ့နောက်ကျောနှင့် သားစားကြူးနတ်ဘုရား၏ နတ်ဘုရားတက်တူးကို ဖုံးအုပ်ရန် ဝတ်ဆင်လိုက်သည်။

“ဒါက အိပ်မက်တစ်ခုပဲမို့ အရေးမကြီးတော့ပါဘူး”

“ခြောက်ခြားဂိမ်းကစားသမားတွေ မြို့တော်ကို ထိခိုက်စေမယ့် ကပ်ပါးကောင် အုပ်စုတစ်စုပဲ ၊ မင်းကနေ စပြီး မင်းတို့အားလုံးကို ဖယ်ရှားပစ်မယ်”

ကေက ဓားကို ဆုပ်ကိုင်လိုက်ရာ သူ့လည်ပင်းပတ်လည်ရှိ လက်ချောင်း တက်တူးများက ကြာပန်းကဲ့သို့ ပွင့်လန်းလာ၏။ သူသည် ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်နေရင်း မန္တန်တစ်ပုဒ် ရွတ်ဆိုလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အနံ့ဆိုးတစ်ခုက ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုအနံ့ဆိုးသည် အလွန်ပြင်းထန်လွန်းသဖြင့် အနံ့ဆိုးကို ရှူရှိုက်ရုံဖြင့် နှာခေါင်းပေါက်များ နာကျင်သွားစေသည်။

ကေ၏ လည်ပင်းပတ်လည်ရှိ လက်ချောင်းများသည် သူ့အရေပြားထဲမှ တိုးထွက်လာသည်။ လက်ချောင်းများက သူ့အင်္ကျီကို ဆွဲဖြဲပစ်လိုက်သည်။ ကြွက်သားအပြည့်ဖြင့် ခန္ဓာကိုယ်သည် သရဲတက်တူးများ ၊ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းတို့သည် ထူးဆန်းသည့် ဗုဒ္ဓပုံစံတစ်ခုကို ဖွဲ့စည်းထားကြသည်။

လုံခြုံရေး အဖွဲ့ဝင်များသည် တားမြစ်ဂိမ်းထဲတွင် ဖော်ပြလို့မရနိုင်သော အရာတချို့ကို ရှာတွေ့ခဲ့ကြသည်။ ၎င်းအား သူတို့ ရှင်းမပြနိုင်ပေ။ ထို့ကြောင့် သူတို့အတွေးကို သုံး၍ သူတို့ ခန္ဓာကိုယ်ပေါ်တွင် တက်တူးထိုးရုံသာ ကြိုးစားနိုင်ခဲ့ကြသည်။ သာမန်လူအများအပြားသည် နာကျင်မှုကိုသည်းမခံနိုင်သဖြင့် မရှင်သန်ခဲ့ကြပေ။ ဖော်ပြမရသည့် ပုံသဏ္ဌာန်ကို သယ်ဆောင်ထားနိုင်သည့် ကေလို လူမျိုးမှာ အရေအတွက် အကန့်အသတ် ရှိပေသည်။

ကေ၏ ကြွက်သားများ တင်းမာသွားခဲ့သည်။ ထူးဆန်းသောဗုဒ္ဓက ဒေါသထွက်နေသည့် ပုံပန်းသဏ္ဌာန်ကို ပြသလိုက်သည်။ လက်ချောင်းတက်တူးများက အရေပြားအောက်တွင် ကူးခတ်နေကြသည်။ ၎င်းတို့သည် ငါးများ သို့မဟုတ် အမြစ်များသဖွယ် ဖြစ်နေသည်။ ကေ လည်ပင်းပေါ်ရှိ သရဲမျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။ မျက်ဆံအတွင်းပိုင်းတွင် သားစားကြူးနတ်ဘုရားရုပ်တု ရှိနေလေသည်။

ကြောက်ရွံ့မှုများ မရှိပေ။ ယင်းသည် ရန်သူများ တိုက်ခိုက်နေသည်နှင့် တူ၏။ ကေ၏ ပူဇော်သက္ကာပြုခေါ်ဆိုမှုနဲ့အတူ လက်ချောင်းများ အတူတကွနှောင်ဖွဲ့သွားသည်။ သရဲဗုဒ္ဓသည် မျက်လုံးနှစ်လုံးစလုံးကို ဖွင့်လိုက်သည်။ လက်ချောင်း တက်တူးများနှင့် အမာရွတ်များက ထောင်ချီသော အဖြူရောင် လက်များအဖြစ် ပြောင်းလဲသွားပြီး ကေ၏နောက်ကျောဘက်တွင် ပွင့်ဟလာခဲ့သည်။ဗုဒ္ဓ၏ အသွင်ပြင်များထဲမှ ဝေဝါးနေသော အခြားမျက်နှာတစ်ခု ထွက်လာခဲ့သည်။ ၎င်းက ကေ၏ နှလုံးကို ကိုက်လိုက်သည်။ သွေးများစွန်းပေနေသည့် ပါးစပ်ဖြင့် ၎င်းသည် ကေ၏နောက်ကျောဘက်မှ ညှိုးနွမ်းနေသည့် လက်မောင်းများကို ထိန်းချုပ်လိုက်သည်။ အရိုးဖြူများက ဝါးပင်များကဲ့သို့ ကြီးထွားလာပြီး အလွှာလိုက် အလွှာလိုက်ပြန့်ကားသွားတော့သည်။၎င်းသည် ဧရာမ ကြာပန်းတစ်ပွင့်ပုံသဏ္ဌာန်ဖြင့် ပေါက်ကွဲထွက်သွားလေသည်။

တခြား အဖွဲ့ဝင်များသည် ကေနှင့်အတူ အကြိမ်များစွာ အလုပ်လုပ်ဖူးသော်လည်း ယင်းကို မြင်လိုက်ချိန်တွင် သူတို့ ထိတ်လန့်မိနေဆဲဖြစ်သည်။ ကေသည် လူသားတစ်ဦး မထိန်းချုပ်သင့်သည့် တစ်စုံတစ်ခုကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ တစ်ချိန်က တားမြစ်ဂိမ်းထဲတွင် စူးစမ်းရှာဖွေရခြင်း မရှိသေးသည့် နေရာတစ်ခု၏ အတွင်းပိုင်းကို ကေရောက်သွားခဲ့သည်။ ကေမှလွဲ၍ သူ့အပေါ် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ဘယ်သူမှ မသိပေ။ လူတိုင်းက ကေသေဆုံးသွားပြီဟု ထင်နေကြချိန်တွင် ကေက နတ်ဘုရားအလောင်းနဲ့အတူ ပြန်လာခဲ့သည်။

ထိုနတ်ဘုရားသည် အလွန်ရုပ်ဆိုး၍ ရွံစရာကောင်းလှသည်။ သို့သော်လည်း တခြားသူများ မည်သို့ပင်ဆိုစေကာမူ ကေက ထိုနတ်ဘုရားသည် သူ့အား အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့သည်။

“မင်းမှာ ရှိနေတဲ့ တည်ရှိမှုက သရဲအိမ်နဲ့ သရဲနီတစ်ကောင်ရဲ့အဆင့်ကို ကျော်သွားခဲ့ပြီပဲ ၊ ဒါကြောင့် မင်းက ဒီလောက် ယုံကြည်မှု ရှိနေတာကိုး”

ကောင်းမင်က သားစားကြူးနတ်ဘုရားရဲ့ ခေါ်သံကို ကြားနေသည်။ နတ်ဘုရားသည် ထွက်ပေါ်လာရန် မစောင့်နိုင်တော့ပေ။ သူသည် သူ့မျိုးနွယ်၏ တည်ရှိမှုကို ခံစားမိနေခြင်းပင်။

ညှဉ်းပန်းနှိပ်စက်ခန်းထဲရှိ ချိန်းကြိုးများက တချွင်ချွင် မြည်ဟီးလာခဲ့သည်။ သားစားကြူးနတ်ဘုရားမှာ အကြီးအကျယ် လှုံ့ဆော်ခံနေရသည်။ ကောင်းမင်က ကေကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။စုံစမ်းစစ်ဆေးရေးဌာနရှိ လူတိုင်းသည် ကံကြမ္မာက ဖန်တီးထားသည့် စည်းမျဉ်းများကို ထိန်းသိမ်းရန် ကံကြမ္မာဘက်မှ ရပ်တည်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ကောင်းမင်ကဲ့သို့ပင် ကေသည် အရိပ်ကမ္ဘာမှ မိဘတစ်ဦးကဲ့သို ပိုမို ပြုမူနေသည်။ ကောင်းမင်ကဲ့သို့ပင် သူသည် မရဏနတ်ဘုရားတစ်ပါး၏ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

“မင်း အိပ်မက်ထဲကနေ နိုးထမလား ဒါမှမဟုတ် အိပ်မက်ရဲ့ ပိုင်ရှင် ဖြစ်လာမလား”

ထောင်နဲ့ချီသော အရိုးဖြူများ ဖိချလိုက်သည်။ လုံခြုံရေး အဖွဲ့ဝင်များက နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ သူတို့၏ အမြင်အရ ကောင်းမင်မှာ သေလူဖြစ်နေချေပြီ။ကေ၏ တိုက်ခိုက်မှုမှ မည်သူမှ မရှင်သန်နိုင်ပေ။အရိုးလက်ချောင်းများကြားရှိအဟများထဲမှ သိပ်သည်းလှသော အသားနံ့တစ်ခု စိမ့်ထွက်လာခဲ့သည်။ရုတ်တရက် လူတိုင်းသည် ပြင်းထန်သည့် နှလုံးခုန်သံများကို ကြားလိုက်ရသည်။ နှလုံးခုန်သံများသည် လူတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီး အရိုးဖြူများ၏ ဗဟိုအတွင်းနေရာ၌ စုဝေးသွားကြသည်။

နှလုံးခုန်သံများက ဒရမ်တီးသံနှင့် မိုးခြိမ်းသံများကဲ့သို့ တုန်ဟည်းနေ၏။

ထိုအခါမှ လုံခြုံရေးအဖွဲ့ဝင်များသည် နံရံ၊ ကြမ်းပြင်၊ စားပွဲနှင့် အခန်းထဲရှိ အရာအားလုံးမှာ အသားများအဖြစ်သို့ ပြောင်းလဲနေကြောင်းကို သဘောပေါက်သွားသည်။ ဆွဲဆောင်မှုရှိသော အသားရနံ့သည် နေရာတိုင်း ပျံ့လွင့်နေလေသည်။ ထိုရနံ့သည် ဆိုးရွားလှသော အနံ့ဆိုးကို ဝန်းရံထားသည်။

အရိုးဖြူများ ကွဲကြေသွားစဉ် ဧရာမ သွေးလက်ကြီးတစ်ဖက်သည် ကျိုးပဲ့နေသည့် အရိုးများထဲမှ ဆန့်ထွက်လာခဲ့သည်။ ဝိညာဉ်ပုံစံ တံဆိပ်ခတ်နှိပ်ထားသည့် ချိန်းကြိုးများက ကေဆီသို့ တွားဝင်သွားသည်။

အရိုးဖြူများမှာ ပုံရိပ်ယောင်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သရဲတက်တူး၊ ယုံကြည်မှုနဲ့ သေခြင်းတရား၏ စွမ်းအားကို ငှားရမ်း၍ တစ်စိတ်တစ်ပိုင်း အစစ်အမှန် ဖြစ်လာကြခြင်းဖြစ်သည်။ ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲရှိ ချိန်းကြိုးများနှင့် လုံးဝ ကွာခြားသည်။ ချိန်းကြိုးတိုင်းသည် ခြေမွထားသည့် ဝိညာဉ်တစ်ခုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။၎င်းတို့ကို ထိန်းချုပ်ရန် သားစားကြူးနတ်ဘုရား၏ စွမ်းအားကို မလိုအပ်ပေ။ အမုန်းတရားမှဖြင့်ဖန်တီးထားသည့် ဝိဉာည်များသည် သူတို့ရှေ့ရှိ အရာအားလုံးကို အလိုအလျောက် ဖျက်ဆီးပစ်ပေလိမ့်မည်။

“မင်းရဲ့ အလေ့အထအရ မင်းက ဘယ်သန် မဟုတ်ပုံမရဘူး ၊ ဒါပေမယ့် မင်း ဓားကိုင်ပုံက တခြားသူတွေနဲ့ မတူဘူး ၊ မင်းရဲ့ ပိုအားကောင်းတဲ့ ညာလက်က ဓားရိုးကို ကိုင်ထားပြီး ဘယ်လက်က ဓားအိမ်ကို ကိုင်ထားတယ် ၊ ဒါကြောင့် ဓားအိမ်က ဓားထက် ပိုအရေးကြီးတယ်လို့ ဆိုလိုတာပဲ ဖြစ်နိုင်တယ်”

ကောင်းမင်၏ အသံက အရိုးဖြူများထဲမှ တိုးထွက်လာသည်။ သူ့မျက်လုံးများမှာ နီရဲနေ၏။ သူ့ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေ၏။

“ငါက အသွေးအသားကို အရမ်းအာရုံခံစားနိုင်တယ် ၊ မင်းရဲ့ ဓားအိမ်ကို အဲဒီ နတ်ဘုရားရဲ့ အလောင်းနဲ့ လုပ်ထားတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား ၊ ဒါက မင်း ဓားကို ဆွဲထုတ်လိုက်တဲ့အခါ ဘာလို့ ကြောက်စရာကောင်းတဲ့ အနံ့ဆိုးတွေ ထွက်လာတာလဲဆိုတာကို ရှင်းပြနိုင်တယ် ၊ ဒါ့အပြင် အဖြူရောင် အရိုးလက်ချောင်းတွေက အနံ့ဆိုးရှိတဲ့ နေရာအတွင်းမှာပဲ ဘာလို့ လှုပ်ရှားနိုင်သလဲဆိုတာကိုလည်း ရှင်းပြနိုင်တယ်လေ”

ကေသည် စက္ကန့်အနည်းငယ်အတွင်း ကောင်းမင်၏ ဝှက်ဖဲကို မရှာနိုင်သေးသော်လည်း ကောင်းမင်က ကေ၏ အားနည်းချက်ကို သိရှိနေပြီး ဖြစ်သည်။

All Chapters