← Chapters

အမှားပြင်ဆင်ခြင်း

Vol. 18 Ch. 267

အမှားပြင်ဆင်ခြင်း

Vol. 18 Ch. 267

"သွေးတိတ်ညှပ်လား"

ကောင်းမင်သည် သွေးထုတ်ခြင်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အရင်က ထောင်စိတ်ရောဂါကုဆရာဝန်ဖြစ်ခဲ့ဖူးသူပီပီ ထိုညှပ်ဆိုသည်ကို သူသိသည်။ သူက လှည့်ပတ်ကြည့်လိုက်ရာ အဖြူရောင်ကုလားကာအပြင်ဘက်တွင် ဧရာမဗီရိုကြီးတစ်လုံးကို သတိပြုမိသည်။ ထိုဗီရိုထဲတွင် ခွဲစိတ်ကိရိယာများစွာ ရှိနေသည်။

"မြန်မြန်! မြန်မြန်လုပ်လေ!"

ကုလားကာနောက်ကွယ်မှ အသံက စိတ်လှုပ်ရှားလာသည်။ ကောင်းမင်က ထိုပစ္စည်းကို အချိန်မီမပေးလျှင် ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်တော့မည့်ပုံပင်။ ကောင်းမင်၏ စိတ်ဗီဇက ကုလားကာနောက်ကွယ်သည် အလွန်အန္တရာယ်များကြောင်း ပြောပြနေသည်။ သူပေါ့ပေါ့ဆဆ ဝင်မရပေ။ အတန်ကြာ စဉ်းစားပြီးနောက် သူက ဗီရိုကိုဖွင့်လိုက်သည်။ ကောင်းမင်သည် ကိရိယာများတွင် ကပ်ညှိနေဆဲ အညစ်အကြေးအစွန်းအထင်းအပိုင်းအစများကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်မိသည်။ ကောင်းမင်က ညှပ်ကို ရှာတွေ့လိုက်သည်။ ထိုပစ္စည်းကို ထိုလူအား မည်သို့ပေးရမည်ကို စဉ်းစားနေစဉ် ကုလားကာနောက်ကွယ်မှ လက်တစ်ဖက်က လှမ်းထွက်လာသည်။ ထိုလက်သည် ဖြူဖျော့ပြီးသွယ်လျသည်။ ၎င်းသည် ရေမွှေးနံ့ ခပ်သင်းသင်း ထွက်နေပေသည်။ ထိုလက်က ညှပ်ကို ရသည်နှင့် ကုလားကာနောက်သို့ လျင်မြန်စွာ ပြန်ဝင်သွားသည်။

"ရွှေ့လိုက် ! အခု မှန်ပြောင်း(Laparocsope)အစုံလိုက်လိုချင်တယ်!"

ထိုလူ၏အသံသည် မကျေနပ်ခြင်း အနည်းငယ် ပါဝင်လာပေသည်။

ကောင်းမင်သည် မှန်ပြောင်း၊ သွေးခွဲစက် ၊ ညှပ်နှင့် အခြားပစ္စည်းများကို ဗီရိုထဲတွင် ရှာတွေ့လိုက်သည်။ ပစ္စည်းများကို ရွှေ့လိုက်စဉ် ဗီရိုထဲ၌ ပိတ်ထားသော သစ်သားသေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။

"အဲဒါတွေပေး!"

ကုလားကာထဲမှ အိုမင်းနေသော လက်တစ်ဖက် လှမ်းထွက်လာ၏။ ထိုလက်၏အရေပြားတွင် ဆေးထိုးအပ်ပေါက်ရာများ၊ အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းက ဒေါသတကြီး ဝှေ့ယမ်းနေ၏။

ကောင်းမင်က ပစ္စည်းများကို သေတ္တာထဲသို့ ထည့်လိုက်သည်။ ထိုလက်က သေတ္တာကိုယူသွားပြီးနောက် ကောင်းမင်အား ကြက်သီးထဖွယ် ချီးကျူးလိုက်သည်။

"မင်းအားလုံးကို ရှာတွေ့ခဲ့တာပဲ ၊ အံ့ဩစရာပဲ... အခု ငါ့ကို အရိုးညှပ်ကလမ့်နဲ့ အသားပုတ်တွေ၊ အသားမာတွေကို ခြစ်ထုတ်တဲ့ ဇွန်းပေးပါဦး"

ထိုသူ၏ ရှုပ်ထွေးပွေလီသော တောင်းဆိုချက်များမှ မည်သည့်ခွဲစိတ်မှုမျိုး ပြုလုပ်နေသည်ကို ခန့်မှန်းရန် ခက်ခဲသည်။ ကောင်းမင် ဗီရိုထဲ စစ်ဆေးလိုက်သည်။ ကိရိယာများကို ရှာတွေ့ပြီးနောက် အဖြူရောင်ကုလားကာဆီသို့ လှမ်းသွားလိုက်သည်။

အဖြူရောင်ပတ်တီးများဖြင့် ဖုံးအုပ်ထားသော လက်တစ်ဖက်က လှမ်းထွက်လာသည်။ ထိုလက်သည် အအေးခံထားပုံရသည်။ နေရာအချို့တွင် နှင်းကိုက်ခံထားရသည်။ ၎င်းက ကိရိယာများကို ဆုပ်ကိုင်၍ လျင်မြန်စွာ ဆွဲယူသွားသည်။

"လက်သုံးချောင်းလုံးက မတူဘူး ၊ ဘယ်လက်က ဆရာဝန်ရဲ့ လက်လဲ ၊ ဒါမှမဟုတ် အားလုံးက ဆရာဝန်တွေလား"

အဖြူရောင်ကုလားကာသည် အစွန်းအထင်းမရှိပေ။၎င်းသည်သန့်ရှင်းပြီး သူတော်စင်တစ်ပါးပမာ ဖြစ်နေသည်။

"နောက်ထပ်သွေးထွက်ပြန်ပြီဟေ့! မြန်မြန်လုပ်! ဒီနေ့ရဲ့ သွေးအိတ်ကို သေတ္တာထဲ ယူခဲ့!"

"ဒီနေ့ရဲ့ သွေးအိတ်လား"

ကောင်းမင်က တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူက ဗီရိုထဲမှ သေတ္တာကိုဖွင့်လိုက်သည်။ သေတ္တာထဲတွင် ဘာမှမရှိပေ၊၊ သွေးစွန်းနေသော စုံစမ်းစစ်ဆေးရေးဌာန ယူနီဖောင်းတချို့သာ ရှိနေသည်။ ကောင်းမင်သည် ညစ်ပေနေသောထိုအဝတ်များကို အဖြူရောင်ကုလားကာဆီသို့ ယူဆောင်သွားလိုက်သည်။ ထိုအချိန်တွင် ကောင်းမင် လက်ပင်မမြှောက်ရသေးချေ အမျိုးသားတစ်ဦး၏လက်တစ်ဖက် လှမ်းထွက်လာသည်။ ထိုအမျိုးသားသည်လည်း ဌာန၏ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်တွင် ပျက်စီးနေသော သွေးရောင်ဆက်သွယ်ရေးစက်ကို ဝတ်ဆင်ထားသည်။

လက်ငါးချောင်းက ကောင်းမင်၏ လက်ကောက်ဝတ်အား ချိတ်တစ်ခုပမာ ဆွဲဆုပ်လိုက်သည်။ ကုလားကာနောက်ကွယ်မှ အသံကား ပုံပျက်ပန်းပျက်ဖြစ်လာချေသည်။ ၎င်းအသံသည် အသက်ကြီးသူ၊ ကလေးနှင့် အမျိုးသမီးတို့၏ အသံများ ရောနှောပါဝင်နေပြီး သူတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"တွေ့ပြီဟေ့! ဒီနေ့ရဲ့ သွေးအိတ်ကို တွေ့ပြီ!"

ကောင်းမင်သည် အသံလာရာအရပ်သို့ ခေါင်းကိုမော့ကြည့်လိုက်သည်။ ကုလားကာနှင့် မျက်နှာကျက်ကြားရှိ နေရာလွတ်တွင် လူ့ဦးခေါင်းအနည်းငယ်က ကောင်းမင်အား ရန်လိုစွာ စိုက်ကြည့်လျက် ပျံဝဲနေကြသည်။ ဆရာဝန်က ကောင်းမင်အား သူ့ သွေးအိတ်အဖြစ် အသုံးပြုရန် ကုလားကာနောက်သို့ ဆွဲခေါ်လိုသော်လည်း ကောင်းမင်သည် အလွယ်တကူ အညံ့ခံမည့်သူမဟုတ်ပေ။ သူသည် မလိုအပ်သည့် ပဋိပက္ခများကို ရှောင်ရှားခဲ့သော်လည်း လီစန်းဆေးရုံအတွင်းမှ သန္ဓေပြောင်းအရာများသည် ထိုသို့သော အတွေးမျိုး မရှိကြသည်မှာ ထင်ရှားနေသည်။

"ပေးစမ်း! ငါ့ကို ဒီနေ့ရဲ့ သွေးအိတ် ပေး!"

မတူညီသော အသံများက တစ်ထပ်တည်းကျသွားသည်။ သူတို့က စူးစူးရှရှအသံဖြင့် အော်ဟစ်လိုက်ကြသည်။

“ငါ့ကိုပေးစမ်း!”

"မင်းကို ဘာပေးရမှာ"

ဝိညာဉ်ချိန်းကြိုးများက နှိပ်စက်ခန်းမှ တွားထွက်လာကြသည်။ ချိန်းကြိုးများက ထိုလက်အား ရစ်ပတ်လိုက်သည်။ ယခုအခါ ကောင်းမင်ကို လက်က ဆွဲနေသည်မဟုတ်ပဲ ပြောင်းပြန်ဖြစ်သွားသည်။ သားစားကြူးနတ်ဘုရား၏ သြဇာလွှမ်းမိုးမှုအောက်တွင် ကောင်းမင်၏ ခန္ဓာကိုယ်သည် ပို၍ သန်မာလာခဲ့သည်။ သူက မြဲမြံစွာ ရပ်လိုက်ပြီး ဆောင့်ဆွဲလိုက်သည်။

အဖြူရောင်ကုလားကာ၏ အဟသည် ကျယ်ပြန့်လာ၏။ ကောင်းမင်က ထိုလက်ပိုင်ရှင်ကို ဆွဲထုတ်လိုက်သည်။ အစောပိုင်းက ထွက်ပြေးခဲ့သော လုံခြုံရေးအဖွဲ့ဝင်မျက်နှာတွင် ထုံထိုင်းသောအမူအရာ ရှိနေပေသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်သည် ချိန်းကြိုးများဖြင့် ထိုးဖောက်ခံထားရပြီး ကျန်တစ်ဝက်မှာမူ သန္ဓေပြောင်းအသားစများဖြင့် ဖောက်လွဲဖောက်ပြန်ဖြစ်နေသည်။ သစ်မြစ်ကဲ့သို့သော သွေးကြောများက သူ့လည်ပင်းနှင့် ဦးခေါင်းကို ဖောက်ဝင်နေပြီး သူ့အား တိရစ္ဆာန်မကျ အပင်မကျ သတ္တဝါတစ်မျိုးအဖြစ် ပြောင်းလဲထားသည်။ထိုထူးဆန်းသော ခွဲစိတ်ခန်းတွင် ဆရာဝန်များသာ လူနာများထံမှ ပစ္စည်းများကို တောင်းဆိုနိုင်သော်လည်း ကောင်းမင်သည် ဆရာဝန်ကို ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။

အန္တရာယ်ကို အာရုံခံမိသည့်နှယ် ခွေးကြီးသည် အရိပ်ထဲမှ ခုန်ထွက်လာပြီး ကောင်းမင်ကို မျိုချကာ ထောင့်ဆီသို့ ဆုတ်ခွာသွားသည်။ စက္ကန့်ဝက်အကြာတွင် အဖြူရောင်ကုလားကာမှာ ပိုင်းဖြတ်ခံလိုက်ရသည်။ ချွန်ထက်သော ခွဲစိတ်ဓားများက သူရပ်နေခဲ့သောနေရာအား အဖြူရောင်ခုတ်ပိုင်းရာများကို ဖြစ်ပေါ်သွားစေခဲ့သည်။ သားစားကြူးနတ်ဘုရားသခင်က ဟိန်းဟောက်လိုက်သည်။ ကုလားကာကို ဆွဲဆုတ်ဖျက်ဆီးလိုက်သည်။ ကုလားကာနောက်ကွယ်မှ မြင်ကွင်းသည် ခွေးကြီးကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် ကောင်းမင်ကို ပြန်အန်ထုတ်လုနီးပါး ဖြစ်သွားသည်။

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို ချုပ်စပ်၍ ဧရာမအသားတောင်ကြီးတစ်ခုအဖြစ် ပုံဖော်ထားသည်။ ထိုကြောက်မက်ဖွယ် အသားတောင်ကြားတွင် အဖြူရောင်ကုတ်အင်္ကျီဝတ်ထားသော ဆရာဝန်နှစ်ဦးတို့က အလုပ်ရှုပ်နေကြသည်။ အမျိုးသားဆရာဝန်သည် စက်ကိရိယာအမျိုးမျိုးဖြင့် ပေါင်းစည်းထားပြီး သူ့ခန္ဓာကိုယ်တွင် ဓားသွားများဖြင့် ဖုံးလွှမ်းနေလေသည်။ အမျိုးသမီးဆရာဝန်၏ လက်များမှာ ကြိုးမျှင်များအဖြစ်သို့ ပျော်ဝင်နေပေသည်။ ဧရာမအသားစများကို ချုပ်ခဲ့သူမှာ သူမပင်ဖြစ်သည်။

ခွဲစိတ်ခန်းအတွင်းရှိ လူနာအားလုံး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို ဖြတ်တောက်၍ ပြန်လည်ချုပ်လုပ်ထားခြင်းဖြစ်သည်။ ဤခွဲစိတ်ခန်းသည် လီစန်းဆေးရုံ၏ အဓိကကျသော နေရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် လီစန်းဆေးရုံ၏တည်ရှိမှုကို အပြည့်အဝ ဖော်ပြနေသည်။ ၎င်းသည် ပုံမှန်အရာအားလုံးကို ပုံမမှန်ဖြစ်အောင် ဖန်တီးပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ကံကြမ္မာအား သတ်ပစ်လိုသည့း လုဇန်၏ ကြိုးပမ်းမှုမှာ ရူးသွပ်သွားပြီဖြစ်သည်။ သူသည် ကံကြမ္မာက ထောက်ပံ့ပေးသည့် အရာမှန်သမျှကို ဆန့်ကျင်လိမ့်မည်ဖြစ်သည်။ လူများစွာကို နိုးထစေရန်အတွက် သူသည် အကြမ်းတမ်းဆုံးနှင့် တိုက်ရိုက်အကျဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။

လူတစ်ယောက်သည် သန္ဓေပြောင်းခြင်းကို နားမလည်နိုင်ခဲ့လျှင်လည်း ပြဿနာမရှိပေ အဘယ်ကြောင့်ဆိုသော် သင် သန္ဓေပြောင်းတစ်ကောင်ဖြစ်သွားသည်နှင့် သင့်အတွေးအခေါ်သည်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ သင့်ရန်သူများသည် သင့်မိတ်ဆွေများ ဖြစ်လာကြပေမည်။

အသားတောင်ကြီးက စတင်လှုပ်ရှားလာ၏။ အမျိုးသမီးဆရာဝန်က သူမ၏အခြေအနေအတိုင်း မြင်တွေ့ခံရလိုခြင်း မရှိပေ။ အမျိုးသားဆရာဝန်လည်း နိုးဆွခံရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားသွားများ ထိုးထွက်လာ၏။

ကြီးမားလှသော နာကြည်းမုန်းတီးမှုများသည် သားစားကြူးနတ်ဘုရားထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ နံရံများပေါ်တွင် ပျက်စီးနေသော ကိုယ်ခန္ဓာအစိတ်အပိုင်းများစွာ ပေါ်ထွက်လာ၏။ ထိုအရာသည် ဆရာဝန်နှစ်ယောက်၏ နာကြည်းခြင်းအခန်းပင် ဖြစ်သည်။

"မင်း ဒီထက်ပို ရူးသွပ်တဲ့အရာတွေ ဘာမှလုပ်တော့မှာ မဟုတ်ဘူးလို့ ငါတွေးလိုက်တိုင်း မင်းက ငါမှားကြောင်း သက်သေပြနေတော့တာပဲ"

ခွေးကြီးက လျင်မြန်စွာ လှည့်ပတ်လိုက်သည်။ ကောင်းမင်သည် ခွဲစိတ်ခန်းအား လေ့လာရန်အတွက် ခွေးကြီး၏ မျက်လုံးများကို ဂရုတစိုက်အသုံးပြုလိုက်သည်။ အသားတောင်ကြီး လှုပ်ရှားနေစဉ်အတွင်း ဆရာဝန်နှစ်ဦးသည် သူတို့၏ နာကြည်းခြင်းအခန်းကို လှုပ်ရှားစေလိုက်ပြီး 'ပြင်ဆင်ခြင်း' ဟူသော ဝေါဟာရအား တီးတိုးရွတ်ဆိုနေသည်ကို ကောင်းမင် တွေ့လိုက်ရသည်။

"သူတို့ဘာကို ပြုပြင်ဖို့ ကြိုးစားနေတာလဲ ၊ သူတို့ရဲ့ ကုသနည်းတွေလား"

All Chapters