← Chapters

မွေးကင်းစ

Vol. 18 Ch. 268

မွေးကင်းစ

Vol. 18 Ch. 268

ခွေးကြီးသည် ကောင်းမင်အား မျိုချ၍ အရိပ်ထဲမှတဆင့် လွှားခနဲ ခုန်ထွက်သွားသည်။ သူလှုပ်ရှားလိုက်တိုင်း သူပုန်းအောင်းသည့် အရိပ်သည် အပိုင်းပိုင်းဖြတ်တောက်ခံရသည်။

"မင်း ဒီတစ်ခါ ဘယ်ကြီးကို စိတ်ဆိုးအောင်လုပ်ခဲ့တာလဲ ၊ အရိပ်တွေကိုတောင် ဖြတ်ပစ်နိုင်တဲ့ မကောင်းဆိုးဝါးမျိုးကို ငါတစ်ခါမှ မကြုံဖူးသေးဘူး!"

ခွေးကြီးသည် သူ၏ နာကြည်းခြင်းအခန်းကို ဖွင့်ဖို့ပင် မဝံ့ရဲတော့ပေ။ သူသည် သူ့ 'အပေါက်' ပျက်စီးသွားမည်ကို စိုးရိမ်နေလေသည်။

"လီစန်းဆေးရုံရဲ့ ခွဲစိတ်ခန်းက ဒီဆရာဝန်နှစ်ယောက်ရဲ့ နာကြည်းခြင်းအခန်း ဖြစ်လာတာပဲ ၊ ဒီနေရာက တခြား နာကြည်းခြင်းအခန်းတွေနဲ့ မတူဘူး ၊ နေရာက အရမ်းကျယ်ပြီး လှီးဖြတ်ခြင်းနဲ့ ချုပ်လုပ်ခြင်းဆိုတဲ့ ဆန့်ကျင်ဘက်ဂုဏ်သတ္တိတွေ ရှိနေတယ်"

ကောင်းမင်သည် အတွေ့အကြုံရှိသူ ဖြစ်သည်။ နာကြည်းခြင်းအခန်း ပေါ်ပေါက်လာပုံသည် သရဲနီ၏ မှတ်ဉာဏ်များနှင့် သက်ဆိုင်လေသည်။ ဆရာဝန်နှစ်ဦး မသေဆုံးခင်က ဘာတွေကြုံတွေ့ခဲ့ရတာလဲ ၊ ဘာလို့ ပြင်ဆင်ခြင်းဆိုတဲ့ စကားကိုပဲ ဆက်တိုက်ပြောနေကြတာလဲ။

"ငါ့ကို သတ်လိုက်! ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါ!"

ကိုယ်တစ်ခြမ်း သန္ဓေပြောင်းသွားသော လုံခြုံရေးအဖွဲ့ဝင်က အော်ဟစ်လိုက်သည်။သူ့တွင် ကိုယ်ပိုင်အသိစိတ် ရှိနေသေးသော်လည်း သူ့ခန္ဓာကိုယ်ကိုတော့ မထိန်းချုပ်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်သည် မကောင်းဆိုးဝါး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်ကိုသာ သူကြည့်နေနိုင်တော့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများကို သူရှင်းရှင်းလင်းလင်း ခံစားသိရှိနေသည်။ သွေးရောင်ဆက်သွယ်ရေးစက်က တုန်ခါသွားသည်။ လုံခြုံရေးအဖွဲ့ဝင်က ဆက်သွယ်ရေးစက်ကို မထိတွေ့နိုင်မီမှာပင် သူ့ခန္ဓာကိုယ်အား အသားတောင်ကြီးက ဖုံးအုပ်လိုက်လေတော့သည်။ သူသည် ထွင်းဖောက်မြင်နေရသည့် အရေပြားအောက်တွင် ရေနစ်သူတစ်ဦးပမာ ရုန်းကန်နေ၏။

ပြုပြင်ခံထားရပြီး ပြန်လည်ချုပ်လုပ်ခံထားသော ဝိညာဉ်များစွာသည် သူ့ ဦးခေါင်းခွံထဲသို့ တွားသွားဝင်လာကြသည်။ ရူးသွပ်သော အတွေးများက သူ့အာရုံကြောများကို စိုးမိုးခြယ်လှယ်လာလေသည်။ သူ့မျက်နှာအမူအရာသည် ဖြည်းညင်းစွာပင် ထိုဝိညာဉ်များ၏ ပုံစံနှင့် တူလာခဲ့သည်။ ဆရာဝန်နှစ်ဦးသည် သက်ရှိလူသားတစ်ယောက်အား မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သို့ ဖြည်းညင်းစွာပြောင်းလဲပစ်နေခြင်းဖြစ်သည်။ သူတို့သည် ပုံမှန်အစိတ်အပိုင်းများကို ဖြတ်တောက်ပြီးနောက် သန္ဓေပြောင်းအစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။ ၎င်းသည် ခွဲစိတ်ခန်း၏ ရည်ရွယ်ချက်ဖြစ်သည်။ ခွဲစိတ်ခန်းသည် မကောင်းဆိုးဝါးများ ဖန်တီးရာ နေရာဖြစ်သည်။ ၎င်းသည် လီစန်းဆေးရုံအား သွေးသစ်လောင်းပေးမည့် နှလုံးသားဖြစ်သည်။

"ဒီ နာကြည်းခြင်းအခန်းကို လော့ချထားတယ်ဟ!"

ခွေးကြီးက ထွက်ပေါက်ကို ရှာမတွေ့နိုင်ပေ။ သူသည် စိတ်ပူပန်နေသော်လည်း ကောင်းမင်ကတော့ အေးဆေးတည်ငြိမ်နေ၏။

"မစိုးရိမ်နဲ့"

ကောင်းမင်၏ နှလုံးသားထဲမှ မီးတောက်သည် ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။ လက်ရှစ်ချောင်းပါသော သားစားကြူးနတ်ဘုရားသည် သူ၏ လေးလံလှသော ခန္ဓာကိုယ်ကြီးကို ရွှေ့လျားလိုက်သည်။ သေခြင်းမျက်နှာက ပြုံးနေသော်လည်း အပြစ်မျက်နှာက တွန်းထုတ်လိုက်သည်။

ကောင်းမင်ထံမှ တစ်ခွန်းတစ်ပါဒမှ မဟရဘဲ သားစားကြူးနတ်ဘုရားက အသားတောင်ကြီးကို သားရဲတစ်ကောင်ပမာ တိုက်ခိုက်လိုက်သည်။

"မင်းရဲ့ နတ်ဘုရားက ရူးနေပြီဟ!"

ခွေးကြီး၏ သားမွေးများ လွင့်မျောနေသည်။ အမျိုးသားဆရာဝန်က သူတို့နောက်သို့ လိုက်နေဆဲပင်။ သို့သော် သားစားကြူးနတ်ဘုရားက အမျိုးသမီးဆရာဝန်ကိုသာ အာရုံစိုက်လိုက်သည်။

"သူက မင်းရဲ့လုံခြုံရေးကိုတောင် ဂရုမစိုက်တော့ဘူးနော်!"

"နာကြည်းခြင်းအခန်းတိုင်းမှာ သူ့ရဲ့စည်းမျဉ်းတွေ ရှိတယ် ၊ ချုပ်လုပ်ခြင်းက ကုသပေးတာဖြစ်ပြီး လှီးဖြတ်ခြင်းက တိုက်ခိုက်တာပဲ ၊ တကယ်လို့ သားစားကြူးနတ်ဘုရားက အမျိုးသားဆရာဝန်နဲ့ ဆက်ချနေမယ်ဆိုရင် အမျိုးသမီးဆရာဝန်က သူ့ကို ဆက်ပြီး ကုသပေးနေဦးမှာပဲ ၊ ငါတို့ ဘယ်မှ ရောက်မှာ မဟုတ်ဘူး"

ကောင်းမင်က သားစားကြူးနတ်ဘုရားနှင့် အတူတူပင် စဉ်းစားခဲ့သည်။

"အဲ့ဒါဆိုရင်လဲ ငါ့ကို မင်းနဲ့အတူ ဆွဲမချနဲ့ကွာ!"

ခွေးကြီးက အလွန်မြန်ဆန်နေပြီးသားဖြစ်သော်လည်း ခွဲစိတ်ခန်းထဲတွင် အရိပ်များ နည်းသထက် နည်းလာလေသည်။ သူ့စွမ်းအားသည် အပြင်းအထန် ကန့်သတ်ခံနေရသည်။

"ထိန်းထားဦး"

ကောင်းမင်က ခွဲစိတ်ခန်း၏ အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ သားစားကြူးနတ်ဘုရား၏ လက်ရှစ်ချောင်းသည် အသားတောင်ကြီးကို ထိုးဖောက်လိုက်သည်။ အမျိုးသမီးဆရာဝန်က နာကျင်စွာ မြည်တမ်းနေစဉ် နတ်ဘုရားက အဆုံးမရှိသောပျက်စီးနေသည့် ခန္ဓာကိုယ်များဖြင့် ပြုလုပ်ထားသော မကောင်းဆိုးဝါးကို ဆုတ်ဖြဲပစ်လိုက်သည်။ အမျိုးသမီးဆရာဝန်၏ စွမ်းအားသည် အသားနှင့် ဝိညာဉ်ပေါ်တွင် အလုပ်လုပ်သော်လည်း သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ကိုတော့ မထိန်းချုပ်နိုင်ပေ။ သူမ၏ လက်မှ ချည်မျှင်များက နတ်ဘုရား၏ ခန္ဓာကိုယ်ထံ ချဉ်းကပ်လာသောအခါ ၎င်းတို့က နှေးကွေးသွားကြသည်။ ၎င်းတို့သည် နတ်ဘုရားကို ထိန်းချုပ်နိုင်ရန် မဆိုထားဘိ ယာယီနှေးကွေးစေနိုင်ရုံပင် တတ်နိုင်ခြင်းမရှိပေ။

အသားနံ့ပါသော သွေးများသည် ချည်မျှင်များတစ်လျှောက် စီးဆင်းသွားသည်။ အမျိုးသမီးဆရာဝန်သည် အသားတောင်ပေါ်ရှိ မကောင်းဆိုးဝါးများ ဒုတိယအကြိမ် သန္ဓေပြောင်းခြင်းကို စတင်ကြုံတွေ့နေရကြောင်း သတိပြုမိသည်။ သားစားကြူးနတ်ဘုရား၏ ရှုထောင့်မှကြည့်လျှင် သူ့ရှေ့ရှိ မကောင်းဆိုးဝါးသည် သန့်စင်သော မကောင်းဆိုးဝါးတစ်ကောင် မဟုတ်သေးပေ။ ၎င်းသည် ကြီးထွားလာရန် နေရာများစွာ ရှိနေသေးသည်။ အသား ထိန်းကျောင်းခြင်းနှင့်ပတ်သက်၍ သူမသည် သားစားကြူးနတ်ဘုရားထက် အားနည်းသည်။

ခွေးကြီးကို လိုက်နေသော အမျိုးသားဆရာဝန်သည် အမျိုးသမီးဆရာဝန်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ သူ့မျက်လုံးများက အမျိုးသမီးဆရာဝန်နှင့် ခွေးကြီးကြားတွင် အကြည့်ကစားလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက လိုက်လံခြင်းကို လက်လျှော့လိုက်ပြီး သားစားကြူးနတ်ဘုရားထံသို့ အပြေးအလွှား သွားလိုက်သည်။ စက်ပစ္စည်းအမျိုးမျိုးဖြင့် စွမ်းအားဖြည့်ထားသည့် ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားသွားသည်။ အမျိုးသားဆရာဝန်နှင့် အနီးကပ်ရှိနေသူများ ဒဏ်ရာရသွားကြသည်။ တစ်မိနစ်ပင် မပြည့်မီတွင် သားစားကြူးနတ်ဘုရား၏ ကျော၊ လည်ပင်းနှင့် ခြေထောက်တို့တွင် သွေးများ ဖုံးလွှမ်းနေတော့သည်။

"မင်းရဲ့ နတ်ဘုရားက သိပ်အဆင်မပြေပုံပဲ"

ခွေးကြီးသည် ထောင့်တွင် ဒူးထောက်ထိုင်လိုက်သည်။ သူက ကူညီချင်သော်လည်း များများစားစား မလုပ်နိုင်ပေ။

"အမျိုးသားဆရာဝန်ကို ငါ့ နာကြည်းခြင်းအခန်းထဲမှာ ပိတ်ဖို့ကြိုးစားပြီး သူ့ကို ခဏလောက် ကန့်သတ်နိုင်မလား ကြည့်ရအောင်"

အစီအစဉ်၏ အောင်မြင်မှုနှုန်း မည်သို့ပင်ရှိစေကာမူ ခွေးကြီး၏ နာကြည်းခြင်းအခန်းသည် ရန်သူ၏ အမြင်နှင့် အကြားကို လျော့ပါးသွားစေနိုင်သည်။ သို့သော်လည်း ၎င်းသည် တိုက်ခိုက်သည့် လှုပ်ရှားမှု မဟုတ်ပေ။ အမျိုးသားဆရာဝန်ကို မျိုချခြင်းသည် ဓားကို မျိုချသကဲ့သို့ ဖြစ်ပြီး ခွေးကြီးလည်း ပျက်စီးသွားပေလိမ့်မည်။

"စိတ်ပူစရာမလိုပါဘူး"

ကောင်းမင်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက သားစားကြူးနတ်ဘုရားနှင့် အသံတိတ် ပူးပေါင်းလိုက်သည်။ ဒဏ်ရာများ ပိုမိုများပြားလာသည်နှင့်အမျှ သွေးအခန်းအတွင်း သွေးမိုးရွာနေသည့်အလား ထင်ရသည်။ သားစားကြူးနတ်ဘုရားသည် လျင်မြန်လှသော အမျိုးသားဆရာဝန်အား လိုက်မမီနိုင်ပေ။ သူက နှေးကွေးသော အမျိုးသမီးဆရာဝန်ကိုသာ တိုက်ခိုက်နိုင်သည်။ သားစားကြူးနတ်ဘုရားသည် ချောင်ပိတ်ပိတ်မိနေပြီး လဲပြိုမသွားမီ အမျိုးသမီးဆရာဝန်အား အနိုင်ယူရန် ကြိုးစားနေသည့်ပုံရသည်။ သို့သော် ဆရာဝန်နှစ်ဦး သတိမထားမိခင်တွင် နာကြည်းခြင်းအခန်းတစ်ခုလုံးသည် အသားနံ့များ ထူထပ်စွာဖြင့် စွန်းထင်းနေခဲ့ပြီဖြစ်သည်။

"အချိန်ကျပြီ"

ကောင်းမင်က ခွေးကြီးကို တီးတိုးပြောလိုက်သည်။

"လှုပ်ရှားဖို့ အချိန်ပဲ"

"မင်း ဘာပြောချင်တာလဲ"

ခွေးကြီးက စိတ်ရှုပ်ထွေးနေ၏။ သူတို့သည် လုံးလုံး နောက်ကျနေပြီဖြစ်သည်။

"သားစားကြူးနတ်ဘုရား အချိန်ပိုရအောင် ငါ့ကို အမျိုးသားဆရာဝန်ရဲ့ နောက်ကို ပို့ပေးဖို့ လိုတယ်"

ကောင်းမင် ခွေးကြီးနှင့် ဆက်သွယ်နေစဉ် အမျိုးသမီးဆရာဝန်သည် နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူမသည် ရုတ်တရက် သွေးများ ထွေးထုတ်လိုက်သည်။ ထိုသွေးသည် အသက်ရှိနေသကဲ့သို့ လှုပ်ရှားနေသည်။ ၎င်းက ဆွဲဆောင်မှုရှိသော ရနံ့ကို ထုတ်လွှတ်နေသည်။ အမျိုးသမီးဆရာဝန်၏ သန္ဓေပြောင်းလက်ချောင်းများတွင် အနီရောင် စွန်းထင်းသွားသည်။ ထိုသွေးကို သောက်သုံးခဲ့ကြသော မကောင်းဆိုးဝါးများသည် သူတို့၏ ခန္ဓာကိုယ်များအတွင်း ယားကျိကျိ ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ ပျက်စီးနေသော နှလုံးသားများသည် ဒဏ်ရာများမှ သွေးကြောအသစ်များ စတင်ကြီးထွားလာရာ ပြန်လည်အသက်ဝင်လာသည်။ သားစားကြူးနတ်ဘုရားက အမျိုးသမီးဆရာဝန်အောက်မှ ဧရာမအသားတောင်ကြီးကို သိမ်းပိုက်လိုက်သည်။ နတ်ဘုရားသည် နောက်ဆုံးတွင် သူ၏အသားနာကြည်းခြင်းအခန်းကို ထုတ်လွှတ်မည့် အခွင့်အရေးကို ရှာတွေ့သွားခဲ့သည်။ စီတုအန်း ကလေး၏ နာကြည်းခြင်းအခန်းသည် နယ်မြေလျစ်လျူရှုနိုင်ပြီး နေရာသတ်သတ်မှတ်မှတ် မရှိပေ။ ၎င်းကို အသားရှိသည့်နေရာတိုင်းတွင် အသုံးပြုနိုင်ပေသည်။

ခွဲစိတ်ခန်း၏ နံရံများနှင့် ကြမ်းပြင်ပေါ်တွင် လူ့မျက်နှာများ ထွက်ပေါ်လာသည်။ အသားတောင်ကြီး အပါအဝင် အရာအားလုံးသည် အသားအဖြစ်သို့ ပြောင်းလဲသွားလေသည်။ လူနာများကို ပစ္စည်းများအဖြစ် အသုံးပြု၍ သားစားကြူးနတ်ဘုရားက သူ့သွေးကို အသားတောင်ကြီးထဲသို့ ထိုးသွင်းလိုက်သည်။

အတူတကွ ချုပ်လုပ်ထားသော အသားတောင်ကြီးအား သားစားကြူးနတ်ဘုရားက ခွဲထုတ်ပစ်လိုက်သည်။ အသားစတစ်ခုစီတိုင်းသည် စတင်၍ သိစိတ်ဝင်လာခဲ့သည်။ အသားတောင်ကြီးသည် အတွင်းမှနေ၍ ဆုတ်ဖြဲခံလိုက်ရသည်။

မျက်နှာလေးခုတို့က ဟိန်းဟောက်ကြ၏။ သားစားကြူးနတ်ဘုရားက အသားတောင်ကြီးအား တူးဆွလိုက်သည်။ သူသည် ချုပ်လုပ်ထားသော တောင်ကြီးအတွင်း၌ ထူးခြားသည့် နှလုံးသားတစ်ခုကို တွေ့လိုက်ရသည်။ သွေးကြောများသည် အလယ်ရှိ သွေးနီရောင် ပုခက်တစ်ခုကို ကာကွယ်ရန် ရောယှက်နေကြသည်။ ၎င်းသည် အမျိုးသမီးဆရာဝန်၏ အသက်ရှူနှုန်းနှင့်အတူ လှုပ်ယမ်းနေလေသည်။

"ဒါက မကောင်းဆိုးဝါးကြီးရဲ့ နှလုံးသားလား"

ပုခက်ထဲတွင် ကလေးမရှိပေ။ လူသေဓာတ်ပုံတစ်ခုသာ ရှိသည်။ အမျိုးသားဆရာဝန်သည် အမျိုးသမီးဆရာဝန်ကို ခွဲစိတ်မှု ပြုလုပ်နေခဲ့သည်။ သူသည် အမျိုးသမီးဆရာဝန်၏ ဝမ်းဗိုက်ကို လှီးဖွင့်၍ မွေးကင်းစကလေးတစ်ဦးကို ဆွဲထုတ်နေခြင်းဖြစ်သည်။

လူသေဓာတ်ပုံ၏ နောက်ကျောဘက်တွင် အရိပ်များ ဖုံးလွှမ်းနေသည်။ မွေးကင်းစကလေး၏ မျက်နှာသည် ကျိန်စာသင့်ထားသကဲ့သို့ မှုန်ဝါးနေပေသည်။

All Chapters