← Chapters

ချစ်ခြင်းမေတ္တာ

Vol. 18 Ch. 269

ချစ်ခြင်းမေတ္တာ

Vol. 18 Ch. 269

“လူသေဓာတ်ပုံလား ၊ မွေးကင်းစကလေးလား”

ခွဲစိတ်ခန်းသည် ဘဝနှင့်သေခြင်း နှစ်မျိုးလုံးကို ကြိုဆိုနေသည်။ လူသေဓာတ်ပုံထဲတွင် ဘဝနှင့်သေခြင်းတို့သည် ရောယှက်နေ၏။

"အသက်တစ်ချောင်း မွေးဖွားလာတာကို မှတ်တမ်းတင်ထားတဲ့ လူသေဓာတ်ပုံ... ဒီကလေးက အရိပ်ကမ္ဘာထဲက သရဲတစ်ကောင်လား ၊ ငါ သူ့မျက်နှာကို ဘာလို့ ရှင်းရှင်းလင်းလင်း မမြင်ရတာလဲ"

ကောင်းမင်သည် ခွေးကြီး၏ ခန္ဓာကိုယ်အတွင်း ပုန်းကွယ်နေရင်း ဆေးရုံခွဲစိတ်ခန်းအလယ်ဗဟိုဆီသို့ နှစ်ဦးသား ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။

ဆရာဝန်နှစ်ဦးသည် ကလေးပုခက် ထွက်ပေါ်လာသည်ကို သတိပြုမိသောအခါ သူတို့၏မျက်လုံးများက ရူးသွပ်စွာ တောက်ပလာကြသည်။ သူတို့သည် ပြင်ဆင်ခြင်းအကြောင်း ရွတ်ဆိုခြင်းကို ရပ်တန့်လိုက်သည်။ အမျိုးသမီးဆရာဝန်သည် ထိုလှုပ်ရှားမှုကြောင့် ကိုယ့်ကိုကိုယ် နာကျင်စေသော်လည်း သူမ၏ ထုတ်ဖော်ထားသော အူခွေများကို ပုခက်အား ကာကွယ်ရန် စုစည်းလိုက်သည်။ အမျိုးသားဆရာဝန်က ဟိန်းဟောက်လိုက်ပြီး ဓားသွားအမျိုးမျိုးတို့က သူ့လက်မောင်းများမှ ထွက်ပေါ်လာ၏။ အဖြူရောင်ကုတ်အင်္ကျီသည် စုတ်ပြဲသွားသည်။ အမျိုးသားဆရာဝန်၏ လက်မောင်းများသည် ဓားသွားတောင်ပံများအဖြစ် ပြောင်းလဲသွား၏။ သူရွှေ့လျားလိုက်သည်နှင့် သတ္တုမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သားစားကြူးနတ်ဘုရားသည် သူလိုချင်သော နှလုံးသားကို ရှာမတွေ့ခဲ့ပေ။ သူ့အစီအစဉ်မှာ မကောင်းဆိုးဝါး၏ နှလုံးသားကို စားပြီးနောက် ပေါင်းစည်းရန်ဖြစ်သည်။

ကလေးငယ်၏ ငိုကြွေးသံများ ထွက်ပေါ်နေခဲ့သည်။ အမျိုးသားဆရာဝန်က သားစားကြူးနတ်ဘုရား၏ ပခုံးများကို လှီးဖြတ်လိုက်သည်။ နတ်ဘုရား၏လက်တစ်ဖက်သည် အားနည်းစွာ ပြုတ်ကျသွားသည်။လက်သည် အမျိုးသားဆရာဝန်၏ ဖြတ်တောက်ခြင်း ခံရလုနီးပါး ဖြစ်ခဲ့သည်။

ကလေးငယ်၏ အသံကို ကြားလိုက်သောအခါ အမျိုးသမီးဆရာဝန်က အော်ဟစ်လိုက်သည်။ ချည်မျှင်များက သူမ၏ အသားထဲသို့ စိမ့်ဝင်သွားသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်အား ရူးသွပ်စွာ ကုတ်ခြစ်လိုက်သည်။ သူမသည် အသားတောင်ကြီးအား ထိန်းချုပ်ရန်အတွက် မကောင်းဆိုးဝါးများကို သားစားကြူးနတ်ဘုရားနှင့် တိုက်ခိုက်ရန် ဖိအားပေးလိုက်သည်။

အသားများကို ထိုးဖောက်ခံလိုက်ရသည်။ ဤသည်မှာ နတ်ဘုရားအတွက် ထိုကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကိုင်တွယ်ရခြင်းဖြစ်သည်။ ကုန်းစီ၏ ရှင်ခြင်းသဏ္ဌာန်မျက်နှာသည် နာကျင်မှုဖြင့် ရှုံ့မဲ့သွားခဲ့သည်။ သိုးမျက်နှာဖုံးဖြင့် သေခြင်းမျက်နှာက အေးစက်စက် စိုက်ကြည့်နေ၏။ အပြစ်မျက်နှာမှာ ရူးသွပ်စွာ ပြုံးရယ်နေခဲ့သည်။

လက်ခုနစ်ချောင်းသည် အသားတောင်ကြီးအား ဆက်တိုက် ထိုးနှက်နေလေသည်။ ချိန်းကြိုးများကို ဒဏ်ရာများထဲသို့ ထိုးသွင်းလိုက်သည်။ သားစားကြူးနတ်ဘုရားသည် မိမိကိုယ်ကို အသားတောင်ကြီးနှင့် ပေါင်းစည်းလိုက်စဉ် မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြခဲ့ပေ။ မည်သည့်အရာကမှ သူ့ခန္ဓာကိုယ်အား အပြည့်အဝ မဖျက်ဆီးနိုင်သလို သူ့အသားကိုလည်း မည်သည်ကမှ မထိန်းချုပ်နိုင်ပေ။ မျက်နှာလေးခုက ဆရာဝန်နှစ်ဦးကို စိုက်ကြည့်လိုက်သည်။ သားစားကြူးနတ်ဘုရားသည် သူတို့အား တိုက်ရိုက် စားသုံးချင်နေခြင်းဖြစ်သည်။

"ငါတို့ ဆရာဝန်နှစ်ယောက်ရဲ့ ရေဒါကနေ လွတ်သွားပြီနဲ့ တူတယ် ၊ မင်းရဲ့ နတ်ဘုရားက ကြမ်းလိုက်တာ"

ခွေးကြီးက သားစားကြူးနတ်ဘုရားသည် ရက်စက် ရိုင်းစိုင်းကြောင်း ပြောချင်သော်လည်း သားစားကြူးနတ်ဘုရားကို ကြောက်နေခဲ့သည်။

"အမျိုးသမီးဆရာဝန်က မိခင်နဲ့တူပြီးတယ် အမျိုးသားဆရာဝန်က လက်နက်လိုပဲ ၊ လူသေဓာတ်ပုံက အရာအားလုံးကို ထိန်းချုပ်နေတဲ့အရာလား"

ကောင်းမင်က စဉ်းစားလိုက်သည်။

"ပုခက်ကို ခိုးဖို့ ငါ ပိုနီးကပ်ဖို့လိုတယ်"

ကောင်းမင် သားစားကြူးနတ်ဘုရားကို ရရှိခဲ့သောအခါ ကုန်းစီက နတ်ဘုရားကို ရှင်ခြင်းသဏ္ဌာန်မျက်နှာအဖြစ် ထိန်းချုပ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျန် မျက်နှာသုံးခုသည် ပို သန်မာလာခဲ့သည်။ အထူးသဖြင့် သေခြင်းနှင့် အပြစ်မျက်နှာပင်။ သားစားကြူးနတ်ဘုရား၏ ကိုယ်ရည်ကိုယ်သွေးသည် လုံးဝပြောင်းလဲသွားပြီး သရဲတစ်ကောင်နှင့် ပိုပို တူလာခဲ့သည်။

အမျိုးသမီးဆရာဝန်၏ ချည်မျှင်များနှင့် သားစားကြူးနတ်ဘုရား၏ ချိန်းကြိုးများသည် အသားထဲတွင် ရှုပ်ထွေးသွားကြသည်။ တိုက်ပွဲသည် သူတို့ကို ဖျက်ဆီးပစ်နိုင်သော်လည်း မည်သည့်ဘက်ကမျှ နောက်မဆုတ်ခဲ့ကြပေ။ သွေးများ ယိုစီးကျလာသည်။ သားစားကြူးနတ်ဘုရားသည် ကေ၏ အရိုးဖြူကြာပန်းကို ဖျက်ဆီးခဲ့ချိန်က စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့သည်။ သို့သော် သူသည် အနားယူရန် အစီအစဉ်မရှိပေ။ သူ့စွမ်းအင်ကို ပြန်လည်ရရှိရန်အတွက် ရန်သူအား ဝါးမြိုရန် စီစဉ်ခဲ့သည်။ နှစ်ဖက်လုံးသည် သူတို့၏ အသားများ ဖြည်းညှင်းစွာ ပေါင်းစည်းသွားသည်အထိ အရက်စက်ဆုံးရည်ရွယ်ချက်များဖြင့် တိုက်ခိုက်နေခဲ့ကြသည်။

အမျိုးသမီးဆရာဝန်သည် ကာကွယ်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပြီး အမျိုးသားဆရာဝန်ကတော့ တိုက်ခိုက်ရေးအတွက် အားလုံးကို လုပ်ဆောင်ခဲ့သည်။ သားစားကြူးနတ်ဘုရားသည် သူ့ သွေးကို ပုခက်ထဲသို့ စိမ့်ဝင်နိုင်စေရန် မိမိကိုယ်ကို အသားတောင်ကြီးထဲသို့ ထိုးထည့်ရန် ကြိုးစားခဲ့သည်။ သရဲများကြားမှ တိုက်ပွဲသည် ကောင်းမင် စိတ်ကူးထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။ သူတို့၏ စွမ်းအားများသည် ယဇ်ပူဇော်မှု ၊ ကျိန်စာများဖြင့် အများဆုံး သက်ဆိုင်ပေသည်။ တူညီသော စွမ်းအားရှိသည့် သရဲများ တွေ့ဆုံသည့်အခါ အချင်းချင်းဝါးမျိုသော ပုံရိပ်သည် ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

"သူတို့ရဲ့ နာကြည်းခြင်းအခန်းတွေက ထပ်နေကြပြီ! မဟုတ်ဘူး! သားစားကြူးနတ်ဘုရားရဲ့ နာကြည်းခြင်းအခန်းက ခွဲစိတ်ခန်းပေါ်မှာ ကြီးထွားချင်နေတာပဲ"

ခွေးကြီးက အခွင့်အရေးကို တွေ့လိုက်ရသည်။ ခွဲစိတ်ခန်းသည် နှစ်ခြမ်းကွဲသွား၏။ အက်ကြောင်းများက လူ့အရေပြားပေါ်ရှိ ဒဏ်ရာများကဲ့သို့ ဖြစ်နေပေသည်။ ၎င်းတို့သည် အနာဖေးများ စတင်ဖွဲ့စည်းလာသည်။ သို့သော် ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ်အတွင်း အရိပ်များက နာကြည်းခြင်းအခန်းထဲသို့ စိမ့်ဝင်လာ၏။ ခွေးကြီးသည် အရိပ်အသစ်များကြားတွင် ရွေ့လျားနေခဲ့သည်။ သူက ညည်းညူနေသော်လည်း ကောင်းမင်၏ အမိန့်များကို လိုက်နာနေဆဲပင်။ ကောင်းမင်တွင် ရည်မှန်းချက်တစ်ခုသာ ရှိသည်။ အသားတောင်ကြီးရဲ့ နှလုံးနားက ပုခက်ပဲ!။

"မြန်မြန်! ပိုမြန်ဦး!"

သားစားကြူးနတ်ဘုရားသည် နာကျင်မှုများစွာကို ခံစားနေရသည်။ သေခြင်းနှင့် လိုအင်ဆန္ဒမျက်နှာတွင် တုံ့ပြန်မှုများစွာ မရှိပေ။ အပြစ်မျက်နှာက ကျယ်လောင်စွာ ရယ်မောနေသော်လည်း လူသားမျက်နှာမှာ လဲပြိုလုနီးပါး ဖြစ်နေခဲ့သည်။ လူသားမျက်နှာသည် သေခြင်းတရားနှင့် နတ်ဘုရားမျက်နှာအတွင်းမှ လူသားသဘာဝ ဖြစ်သည်။ နတ်ဘုရားသည် ကောင်းမင်၏ စကားကို နားထောင်ပြီး သူ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းမှာ လူသားမျက်နှာကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းမင်သည် လူသားမျက်နှာ ပျောက်ကွယ်သွားမည်ကို ခွင့်မပြုနိုင်ပေ။

ကောင်းမင်သည် ခွေးကြီးအတွင်း ပုန်းကွယ်နေပြီး ချိန်းကြိုးများကို ဆုပ်ကိုင်ထားသည်။ သူက မျက်လုံးများကို မှေးကျဉ်းကာ လှုပ်ယမ်းနေသော ပုခက်ကို စိုက်ကြည့်လိုက်သည်။ ခွေးကြီးသည် ၎င်းမည်မျှ အန္တရာယ်ရှိကြောင်း သိသည်။ ကောင်းမင်အား သူ့ပန်းတိုင်ဆီ ပို့ဆောင်ရန်အတွက် အမျိုးသားဆရာဝန်က သူ့အား ဖော်ထုတ်လိုက်သောအခါ ခွေးကြီးက အရိပ်ထဲမှ ခုန်ထွက်လာပြီး ကောင်းမင်ကို အသားတောင်ကြီးထံ ပစ်လွှင့်လိုက်သည်။ သူသည် သူတို့အား တိုက်ခိုက်နေသော အင်္ဂါအစိတ်အပိုင်းများနှင့် သွေးကြောများကို ကိုက်ဖြတ်လိုက်ပြီး ကောင်းမင်ကို ကာကွယ်ရန် သူ့ခန္ဓာကိုယ်ကြီးကို အသုံးပြုလိုက်သည်။ ခွေးကြီးကို ခြေနင်းခုံအဖြစ် အသုံးပြု၍ ကောင်းမင်သည် သားစားကြူးနတ်ဘုရား အစောပိုင်းက ဆုတ်ဖြဲဖွင့်ထားခဲ့သော ဒဏ်ရာထဲသို့ တွားဝင်သွားတော့သည်။

ကောင်းမင်၏ သားစားကြူးနတ်ဘုရားနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အစောပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ကောင်းမင်သည် သားစားကြူးနတ်ဘုရား ခင်းထားခဲ့သော ချိန်းကြိုးများအတိုင်း လျှောက်သွားလိုက်သည်။ အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်နေသည်။ ဆရာဝန်များ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသည့်အခါ ကောင်းမင်သည် အသားတောင်ကြီးအတွင်း ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သရဲတက်တူးများပါရှိသော ချိန်းကြိုးများက နှိပ်စက်ခန်းထဲမှ တိုးထွက်လာကြသည်။ ဧရာမ သားစားကြူးနတ်ဘုရားနှင့် နှိုင်းယှဉ်လျှင် ကောင်းမင်က ပိုသွက်လက်ပေသည်။ သူမ ကောင်းမင်ကို မတားဆီးနိုင်တော့ကြောင်း တွေ့လိုက်ရသောအခါ အမျိုးသမီးဆရာဝန်က အော်ဟစ်လိုက်သည်။ ပုခက်အနီးရှိ သွေးကြောများမှ သွေးမြူများ ထွက်ပေါ်လာ၏။ ၎င်းသည် ပုခက်ကို ကာကွယ်ရန်အတွက် ပိုးအိမ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

ချိန်းကြိုးများကို သူ့လက်တစ်ဝိုက်တွင် စည်းနှောင်ထားသော ကောင်းမင်သည် သွေးပိုးအိမ်အား ရိုက်ချလိုက်သည်။ သို့သော် သူ မခွဲနိုင်ခဲ့ပေ။ ပါးလွှာသော သွေးပိုးအိမ်သည် အမျိုးသမီးဆရာဝန်၏ စိတ်ခံစားချက်များကို ထည့်သွင်းထားပုံရသည်။ ချုပ်လုပ်ထားသော မကောင်းဆိုးဝါးများက အသားတောင်ကြီးထဲမှ တွားသွားထွက်လာကြသည်။ သူတို့က ကောင်းမင်နှင့် နီးကပ်နေကြသည်။ စေးကပ်သော အနက်ရောင်အရည်များက မျက်နှာကျက်မှ ယိုစီးကျနေ၏။ ၎င်းတို့ထဲမှ အချို့သည် ကောင်းမင်၏ ဦးခေါင်းဆီသို့ တွားသွားနေကြသည်။

"အခွင့်အရေးက တစ်ခါပဲ ရှိတယ်"

ကောင်းမင်က နှိပ်စက်ခန်းထဲသို့ ဝင်ရောက်သွားသည်။ သူ့နှလုံးမှာ ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။ အသားပန်းပဲဖိုက မီးတောက်များ လောင်ကျွမ်းနေ၏။ သူသည် သားစားကြူးနတ်ဘုရား နတ်ဘုရားအလောင်းမှ ဖန်တီးထားသော အရိုးဓားကို ဆုပ်ကိုင်လိုက်သည်။ ဓားလက်ကိုင်ပေါ်ရှိ မျက်လုံးတစ်လုံးသည် ကောင်းမင်၏ ပုံရိပ်ကို ရောင်ပြန်ဟပ်နေသည်။ သူက ဓားကို ဆုပ်ကိုင်လိုက်သောအခါ သူ့ဦးခေါင်းပေါ်တွင် ဆံပင်ဖြူတချို့ ပေါ်လာခဲ့သည်။

ကောင်းမင်က ဓားကို ပိုးအိမ်ထဲသို့ ထိုးစိုက်လိုက်သည်။ သူက ပိုးအိမ်အား ဧရာမအပေါက်တစ်ခု ထွင်းထုတ်လိုက်သည်။ ကောင်းမင်သည် အခြားမကောင်းဆိုးဝါးများ ချဉ်းကပ်မလာမီ ပုခက်အောက်ရှိ သွေးကြောများကို ဆွဲဖြတ်၍ ပုခက်အား ပိုးအိမ်ထဲမှ ဆွဲထုတ်လိုက်တော့သည်။

မိခင်ဖြစ်သူ၏သွေးသည် ကောင်းမင်၏ အဝတ်အစားများကို စိုရွှဲစေသည်။ သူသည် အရိုးဓားကို လူသေဓာတ်ပုံပေါ်တွင် ထိုးစိုက်လိုက်သည်။ ဆရာဝန်နှစ်ဦးလုံးက သူတို့ နှလုံးသားထဲသို့ သံမှို ရိုက်ချလိုက်သကဲ့သို့ တုန်ယင်သွားကြသည်။

သူတို့၏ နှုတ်ခမ်းများမှ သည်းအူလှိုက်မျှသော အော်ဟစ်သံများ လွတ်ထွက်လာလေသည်။ သူတို့၏ နှလုံးသားများတွင် ဓားဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။ သူတို့၏ မျက်နှာအမူအရာများတွင် ထိတ်လန့်မှုများ စွန်းထင်းနေသည်။ သူတို့ အလွန်စိုးရိမ်နေသော်လည်း အင်မတန် နောက်ကျနေပြီဖြစ်သည်။ ဝိညာဉ်များဖြင့် ပြုလုပ်ထားသော ချိန်းကြိုးများသည် ပုခက်နှင့် လူသေဓာတ်ပုံတစ်ဝိုက်တွင် ကျုံ့ဝင်သွားသည်။ ကောင်းမင်က ကောက်ရိတ်တံစဉ်အား ဆွဲထုတ်လိုက်သည်။ ချိန်းကြိုးများမှာ ကျယ်လောင်စွာ မြည်ဟည်းနေ၏။ အမျိုးသမီးဆရာဝန်သည် ငိုကြွေးမြည်တမ်းနေပြီး အမျိုးသားဆရာဝန်က ကောင်းမင်အား အပြေးအလွှား တိုက်ခိုက်လိုက်သည်။ သူတို့၏ တုံ့ပြန်မှုများအရ ၎င်းသည် ပုံတူတစ်ခုမဟုတ်ဘဲ သူတို့၏ ကလေးငယ်က ပုခက်ထဲတွင် ရှိနေသည့်အလား ဖြစ်နေသည်။

"စီတုအန်းနဲ့ လုဇန်တို့ သူတို့ရဲ့ မိဘမေတ္တာကို အလွဲသုံးစား လုပ်ခဲ့ကြတာလား"

ကောက်ရိတ်တံစဉ်က ပုခက်ကို ထိခတ်တော့မည့် ဆဲဆဲတွင် ကောင်းမင်သည် ချိန်းကြိုးများပေါ်သို့ နင်းလိုက်သည်။ သူသည် ကံကြမ္မာ၏ ကောက်ရိတ်တံစဉ်ကို ကိုင်ဆောင်လျက် အမျိုးသားဆရာဝန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"နောက်ဆုတ်စမ်း"

All Chapters