← Chapters

နဂါးဟောက်သံ... ဖီးနစ်တွန်သံ...

Vol. 18 Ch. 267

နဂါးဟောက်သံ... ဖီးနစ်တွန်သံ...

Vol. 18 Ch. 267

“အိုး...”

လော့ချန်သည် ကောင်းကင်နဂါးစွမ်းရည်ကျင့်စဉ်ကို အပြည့်အဝလည်ပတ်လိုက်ရာ ခပ်ရေးရေးအကြားတွင် နဂါးအုပ်စုတစ်ခုလုံး ဟိန်းဟောက်သံ ပေးနေသည့်အလား ဝိညာဉ်ပင် အက်ကွဲတော့မည့်နှယ် ခံစားလိုက်ရသည်။

ထို့နောက် အပြောင်းအလဲတစ်ခုထပ်မံ ဖြစ်ပေါ်လာသည်။

လော့ချန်တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော ကြယ်တာရာ လှိုင်းဝဲသည် အနည်းငယ်တုန်ခါလျက် ထွင်းထုထားသည့်နဂါးချီစွမ်းအင်နှင့်အတူ ဒျန်တန်အတွင်းသို့ ပြန်လည်ဆုတ်သွားသည်။

ကြယ်တာရာလှိုင်းဝဲသည် ရောင်စဉ်ကိုးသွယ်ရတနာနှင့် ထိတွေ့လိုက်သည့်အခါ ချက်ချင်းဆိုသလို ပြင်းထန်လှသော ရောင်စဉ်ကိုးသွယ်မှော်အလင်းဖြာထွက်လာပြီး တဖြည်းဖြည်း ကျုံ့သွားကာ နောက်ဆုံးတွင် ရောင်စဉ်ကိုးသွယ်သိုင်းဝိညာဉ်ဥတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ဤရောင်စဉ်ကိုးသွယ်သိုင်းဝိညာဉ်ဥသည် လော့ချန်၏ သိုင်းဝိညာဉ်နှင့် အလွန်တူညီလျက် မှော်အလင်းဖျတ်လတ်စွာ ထွက်ပေါ်နေပြီး အရိပ်အရောင်မမြင်နိုင်သော အလွှာတစ်ခုနှင့် စွမ်းအင်လှိုင်းကိုးခုအထက်တွင် ဖြည်းညင်းစွာ ဝဲပျံနေသည်။

တချိန်တည်းမှာပင် သိုင်းကျင့်ကြံကွင်းအလယ်တွင် ထိုင်နေသော လော့ချန်သည် တစ်ကိုယ်လုံး၏ မွေးညှင်းပေါက်များမှ ရောင်စဉ်ကိုးသွယ်အလင်းတန်းများ လင်းလက်ထွက်ပေါ်လာပြီး သူ၏ အသားအရေသည် တစ်ဝက်တစ်ပျက်ဖြည့်စုံလာကာ ရွှေနှင့်ကျောက်စိမ်းပေါင်းစပ်ထားသည့်နှယ် အရောင်အလှဖြာထွက်နေသည်။

ဤအခိုက်အတန့်တွင် လော့ချန်သည် မိမိကိုယ်ကို မေ့လျော့လိုက်ပြီး ထူးခြားဆန်းကြယ်သော အခြေအနေတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။

ဤအခြေအနေအောက်တွင် သူ၏ တစ်ကိုယ်လုံးရှိ သက်ရှိစွမ်းအင်သည် အံ့အားသင့်ဖွယ်ရာ အဆင့်တစ်ခုအထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အသက်ရှူသံများသည် ဆယ်ဆပိုမိုနှေးကွေးလာပြီး နှလုံးခုန်သံသည်လည်း ရပ်တန့်သွားသည့်နှယ် လူတစ်ယောက်လုံးသည် သစ်ကိုင်းခြောက်တစ်ခုနှယ်၊ ကျောက်တုံးကြီးတစ်တုံးနှယ် ဖြစ်သွားသည်။

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွားသည်။

သုံးရက်အတွင်း ချန်လင်းယူသည် လော့ချန်ထံ တစ်ကြိမ်လာရောက်ပြီး အပြင်စည်းပြိုင်ပွဲကြီးတွင် ပါဝင်မှုအတွက် သေချာစဉ်းစားရန် အကြံပေးချင်ခဲ့သည်။

သို့သော် အကြိမ်ပေါင်းများစွာ ခေါ်သံပေးသော်လည်း မည်သည့်ပြန်ဖြေသံမျှ မထွက်ပေါ်လာသဖြင့် နောက်ဆုံးတွင် ပြန်လည်ထွက်ခွာသွားရသည်။

အပြင်စည်းပြိုင်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ အပြင်စည်းတပည့်များအားလုံး၏ အခြေအနေသည်လည်း တင်းမာလာသည်။

အပြင်စည်းတပည့်များစွာသည် အာရုံစူးစိုက်ကျင့်ကြံရင်း နောက်ဆုံးအဆင့် အားထုတ်မှုများကို ပြုလုပ်နေကြသည်။

စတုတ္ထညအခါ၌...။

သိုင်းကျင့်ကြံကွင်းအတွင်း၌ လော့ချန်သည် သိုင်းကျင့်ကြံဖျာပေါ်တွင် ဒူးထောက်ထိုင်နေပြီး သူ၏ တစ်ကိုယ်လုံးရှိ ရောင်စဉ်ကိုးသွယ်မှော်အလင်းသည် အားလုံး ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည်။ ဖုံးအုပ်မထားသော အသားအရေများမှ ရွှေနှင့်ကျောက်စိမ်းအလင်းတန်းများ လင်းလက်ထွက်ပေါ်နေပြီး ကြွက်သားမျဉ်းကြောင်းများသည် ရှင်းလင်းပြတ်သားလျက် ကြေးနီသွန်းလောင်းထားသည့်နှယ် ဖြစ်ပေါ်နေသည်။

ညဉ့်နက်လာပြီး လမင်းသည် ပန်းကန်ပြားတစ်ခုလို ဝိုင်းစက်လျက် ကြယ်အလင်းများသည် တောက်ပလှသည်။

ခြံဝင်းငယ်လေးအတွင်း၌ တည်ငြိမ်အေးချမ်းမှုတစ်ခုသာ ရှိနေသည်။

ရုတ်တရက်။

“ချွမ်...”

လော့ချန်၏ ခန္ဓာကိုယ်အတွင်းမှ ကြည်လင်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လော့ချန်၏ ဒျန်တန်အတွင်း၌ ရောင်စဉ်ကိုးသွယ်သိုင်းဝိညာဉ်ဥ၏ မျက်နှာပြင်တွင် ရှင်းလင်းသော အက်ကွဲရာတစ်ခု ပေါ်ထွက်လာသည်။

အက်ကွဲရာများသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ထွန်းလင်းသော မှော်အလင်းတန်းများသည် ထိုအတွင်းမှ ဖြာထွက်လာကာ ထိုအလင်းတန်းများသည် ရုပ်လုံးပေါ်သော အသွင်အပြင်ဖြင့် တောက်ပလာသည်။

ထို့နောက်တစ်ဆင့်...။

ရောင်စဉ်ကိုးသွယ်သိုင်းဝိညာဉ်ဥသည် အပြည့်အဝအက်ကွဲသွားပြီး ပြင်းထန်သော အလင်းတန်းများသည် လော့ချန်၏ ဒျန်တန်အတွင်း ပြည့်လျှံလာသည်။

ချက်ချင်းဆိုသလို မသိမမြင်နိုင်သော ကြီးကျယ်ခမ်းနားသည့် စွမ်းအင်တစ်ခုသည် လော့ချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပင်လယ်လှိုင်းလုံးကြီးများ ဒေါသတကြီး အလိပ်လိုက် တက်နေသည့်နှယ် သိုင်းကျင့်ကြံကွင်းတစ်ခုလုံး၏ အတားအဆီးစွမ်းအင်ကို ပြင်းထန်စွာ တိုက်ခတ်လှုပ်ခတ်စေသည်။

ဤမသိမမြင်နိုင်သော စွမ်းအင်သည် လော့ချန်၏ ဦးခေါင်းထက်တွင် ဝဲပျံနေပြီး တဖြည်းဖြည်း နဂါးပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်။

နဂါးချီစွမ်းအင်၏ အကြေးခွံနှင့် ခြေသည်းများသည် လျင်မြန်စွာ ရှင်းလင်းလာပြီး ဦးခေါင်းတွင် ဦးချိုနှစ်ချောင်း ပေါက်ဖွားလာကာ ခြေလေးဖက်တွင် ခြေသည်းများငါးခုစီ ရှိလျက် ထွင်းထုထားသည့်အလား ကျက်သရေရှိပြီး ဘုန်းတန်ခိုးပြည့်ဝလျက် မည်သည့်ခံစားချက်မှ မပါဝင်သော မျက်လုံးများဖြင့် တစ်နေရာသို့ အကြည့်ပို့လိုက်ရာ ထိုနေရာရှိ အာကာသသည် ပုံပျက်ပန်းပျက်ဖြစ်သွားသည်။

“အိုး...”

ရုတ်တရက် ပုံသဏ္ဍာန်ပြည့်စုံလာသော ထွင်းထုထားသည့်နဂါးချီစွမ်းအင်သည် ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်ရာ အာကာသသို့ ထိုးဖောက်သွားသော ခပ်ရေးရေးလှိုင်းသံများသည် ရှေးဟောင်းကြီးကျယ်သော အရိပ်အရောင်များဖြင့် ပြည့်နှက်နေပြီး ယင်နှင့်ယန်ကို ပြောင်းပြန်လှန်လိုက်ကာ ကောင်းကင်ယံ၏ စည်းမျဉ်းများကို ဖရိုဖရဲဖြစ်စေသည်။

ဤအခိုက်အတန့်တွင် ရွှမ်ယွမ်ဂိုဏ်း၏ ဆရာကြီးများစွာသည် ကျင့်ကြံမှုမှ ရုတ်တရက်နိုးကြားလာကြပြီး မျက်နှာထက်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားကြသည်။

ယခုအချိန်က သူတို့ခံစားလိုက်ရသည့် ကြီးကျယ်ခမ်းနားပြီး မသိမမြင်နိုင်သော စွမ်းအင်တစ်ခုသည် သူတို့၏ ဝိညာဉ်များကိုပင် တုန်လှုပ်စေခဲ့သည်။

သို့သော် သေသေချာချာ စူးစမ်းရှာဖွေကြည့်သောအခါ မည်သည့်သဲလွန်စမျှ မတွေ့ရှိခဲ့ပေ။

ထို့နောက်တစ်ဆင့်...။

“ရှူး... ရှူး...”

တောက်ပသော အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသော လူရိပ်များသည် ကောင်းကင်ယံသို့ ထိုးတက်သွားကြပြီး အချို့သူများသည် အာကာသယံကို ဆုတ်ဖြဲကာ မှော်အလင်းတန်းများကို နင်းလျက် ထွက်ပေါ်လာကာ နက်ရှိုင်းပြီး မဖြစ်နိုင်သော စွမ်းအားအဆင့်ကို ပြသနေသည်။

ချက်ချင်းဆိုသလို ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံး၏ ကောင်းကင်ယံတွင် တိမ်များလှုပ်ခတ်ကာ မှော်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။

“ဘာဖြစ်သွားတာလဲ...”

ကောင်းကင်ယံထက်တွင် အာကာသများသည် ခပ်ရေးရေးပေါ်လာပြီး ဘယ်ဘက်အက်ကွဲရာမှ အေးစက်သော မေးမြန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် အလွန်အိုမင်းနေပြီး စကားလုံးတစ်လုံးချင်းစီတွင် အံ့အားသင့်ဖွယ်ရာ စွမ်းအင်များပါဝင်နေကာ အာကာသပင် အနည်းငယ်တုန်ခါသွားသည်။

ထိုအသံကိုကြားလိုက်ရသည့်အခါ အလင်းတန်းများဖြင့် တောက်ပလျက် ကြယ်စုံအင်အားပြည့်ဝသော လူရိပ်များသည် ဦးညွှတ်လိုက်ကြပြီး ပြည့်စုံသော ရိုသေမှုကို ပြသလိုက်ကြသည်။

တစ်ဦးက ရိုသေစွာဖြင့် တင်ပြလိုက်သည်။

“အကြီးအကဲတွေကို တင်ပြပါတယ်... ယခုအခါ ကျွန်ုပ်တို့ ဂိုဏ်းအတွင်းမှာ မသိမမြင်နိုင်တဲ့ စွမ်းအင်တစ်ခုကို ခံစားမိတဲ့အတွက် စူးစမ်းရှာဖွေဖို့ ထွက်လာကြတာပါ... အကြီးအကဲနှစ်ဦး ဘာကြောင့် ရုတ်တရက် ထွက်ပေါ်လာရပါသလဲ...”

သူ၏ စကားကို ကြားလိုက်ရပြီးနောက် ညာဖက်အက်ကွဲရာမှ နူးညံ့သော အမျိုးသမီးအသံတစ်ခုက ထွက်ပေါ်လာသည်။

“ဒီစွမ်းအင်ကို ငါတို့လည်း ခံစားမိတယ်... ဒါက သာမန်မဟုတ်ဘဲ ငါတို့တောင် သူ့ရဲ့ ဇာတ်မြစ်ကို မသိနိုင်ကြဘူး...”

“ယခုအချိန်မှာ ချူဧကရီ ပျော်ကဆုံးနေပြီး အခြေအနေတွေ မတည်မငြိမ်ဖြစ်နေပါတယ်... မကြာခင်ကပဲ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အကြီးအကဲတစ်ဦး ရုတ်တရက် ကျွန်ုပ်တို့ဂိုဏ်းကို ရောက်ရှိလာပြီး တပည့်တစ်ဦးကို ခေါ်ဆောင်သွားခဲ့ပါတယ်... အခုတစ်ခါ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြန်တယ်... ဒီအရာအားလုံး တစ်ခုနဲ့တစ်ခု ဆက်စပ်နေမျာကို စိုးရိမ်ပါတယ်...”

ဘုန်းတန်ခိုးပြည့်ဝသော သူအိုကြီး၏အသံ ထွက်ပေါ်လာသည်။

“စုံစမ်းလိုက်...”

“ဟုတ်ကဲ့ပါ...”

ထိုအသံ ထွက်ပေါ်လာသည်နှင့်အမျှ လူရိပ်များသည် နတ်သမီးများကဲ့သို့ လေးမျက်နှာအားလုံးသို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

လူအားလုံး ထွက်ခွာသွားပြီးနောက် နူးညံ့သော အမျိုးသမီးအသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

“အကြီးအကဲ... ဒီစွမ်းအင်က အမှန်တကယ် ဘာလဲ...”

သူအိုကြီးက ခါးသီးစွာ ရယ်မောလိုက်သည်။

“ငါ့စွမ်းရည်က မင်းထက် အဆင့်တစ်ဝက်လောက်ပဲ ပိုမြင့်တယ်... ဝိညာဉ်စွမ်းအင်ပိုင်းမှာဆိုရင် မင်းက ငါ့ထက်တောင် သာလွန်နေသေးတယ်... မင်းတောင်မသိနိုင်တဲ့အရာကို ငါက ဘယ်လိုသိနိုင်မှာလဲ... ဒါပေမယ့် ဒီစွမ်းအင်က အလွန်ထူးခြားပြီး အချိန်နဲ့ အာကာသကို ကျော်လွန်နေသလိုပဲ... သာမန်မဟုတ်ဘူး... ဒါဟာ ဘေးဒုက္ခတစ်ခု မဖြစ်အောင်ပဲ ဆုတောင်းရမယ်... မဟုတ်ရင်...”

“အင်း...”

နူးညံ့သော အမျိုးသမီးအသံသည်လည်း တိတ်ဆိတ်သွားသည်။

ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံး၏ ကောင်းကင်ယံတွင် မှော်အလင်းတန်းများဖြင့် တောက်ပလျက်ရှိပြီး ဂိုဏ်းအကြီးအကဲများသည် ထူးခြားဆန်းကြယ်သော စွမ်းအင်၏ ဇာစ်မြစ်ကို သေသေချာချာ စူးစမ်းရှာဖွေနေကြသည်။

လူအများသည် ချင်းရွှမ်တောင်ထိပ်ကို ဖြတ်သန်းသွားလာရင်း လော့ချန်ရှိရာ မှော်အိမ်တော်သို့ မတော်တဆ အကြည့်ပို့လိုက်ကြသည်။

သိုင်းကျင့်ကြံကွင်းအတွင်း၌ လူရိပ်တစ်ခုမှ မရှိသည့်နှယ် မည်သူမှ လော့ချန်၏ တည်ရှိမှုကို မခံစားမိကြပေ။ ထိုနေရာတစ်ခုလုံးသည် ဤကမ္ဘာလောကနှင့် မသက်ဆိုင်တော့သည့်နှယ် ဖြစ်နေသည်။

ထိုအချိန်မှာပင်...။

မန်လီတောင်ထိပ်...။

ဤတောင်ထိပ်သည် ယွမ်မန်လီ စစ်မှန်သောတပည့်ဖြစ်လာပြီးနောက် ရွှမ်ယွမ်ဂိုဏ်းမှ ချီးမြှောက်ပေးအပ်ထားသော နေထိုင်ရာနေရာဖြစ်သည်။

မန်လီတောင်ထိပ်ရှိ လျှို့ဝှက်အခန်းတစ်ခုအတွင်း၌...။

ယွမ်မန်လီသည် ဒူးထောက်ထိုင်နေပြီး ဆီးနှင်းဖြူဝတ်ရုံဖြင့် ဖုံးလွှမ်းထားကာ လှပသော မျက်နှာသည် သန့်စင်ပြီး လောကီကိစ္စများနှင့် မထိတွေ့သည့်နှယ် ဖြစ်နေသည်။

ဤအချိန်တွင် သူမ၏ တစ်ကိုယ်လုံးသည် အပြာရောင်မီးလျှံများဖြင့် ဖုံးလွှမ်းထားပြီး သူမ၏ တောက်ပသော မျက်လုံးများအတွင်းတွင်ပင် မီးလျှံများ လှုပ်ရှားနေသည်။

သူ၏ ရှေ့တွင် ကြယ်ဆယ်ပွင့်အပြာရောင် ကြိုးကြာငှက်သိုင်းဝိညာဉ်သည် ပြင်းထန်သော မီးလျှံများဖြင့် တောက်လောင်နေပြီး ကျောက်စိမ်းတိုင်တစ်ခုကို ဝဲပျံနေသည်။

ကျောက်စိမ်းတိုင်ပတ်လည်တွင် ထူးခြားသော မီးလျှံမှော်အမှတ်အသားများဖြင့် တောက်ပလျက်ရှိပြီး အပေါ်ဆုံးတွင် ဝိညာဉ်အပင်တစ်ပင် ရှိနေသည်။

ထိုဝိညာဉ်အပင်အတွင်း၌ ကြယ်ဆယ်တစ်ပွင့်ပါဝင်ပြီး ဖီးနစ်အမြီးပုံသဏ္ဍာန်ရှိကာ တစ်ကိုယ်လုံးသည် ဖန်သားပြင်နှယ် တောက်ပလျက် အလင်းတန်းများသည် ဖီးနစ်ပုံသဏ္ဍာန်အဖြစ် ပတ်လည်တွင် ဝဲပျံနေပြီး စွမ်းအင်သည် အလွန်အာဏာရှိလျက် အနီးတစ်ဝိုက်ရှိ အာကာသကို ပျက်ယွင်းသွားစေသည်။

ထိုဝိညာဉ်အပင်ကို ကြည့်ရင်း ယွမ်မန်လီ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ကွေးသွားသည်။

“နှစ်လေးထောင်မီးသင့်ထားတဲ့ ဖီးနစ်အမြီးပန်းက ထင်မထားသလောက်ပဲ... ငါ့အဆင့်က မလုံလောက်လို့ လေးလလုံးလုံး အာရုံစူးစိုက်ထားပေမယ့် ဒီပန်းကို သန့်စင်နိုင်ဖို့ တစ်စွန်းတစ်စမှ မရသေးဘူး...”

လေးလအကြာတွင် သူမသည် စစ်မှန်သောတပည့်ဆယ်ဦးထဲမှ ယွမ်ချင်ယင်နှင့် လေတောင်ကျောက်ကျွန်းတွင် တိုက်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး တစ်ဦးစီသည် ရတနာတစ်ခုကို လောင်းကြေးထပ်ခဲ့ကြသည်။

ယွမ်ချင်ယင် လောင်းကြေးထပ်ထားသည့် ရတနာသည် ဤဖီးနစ်အမြီးပန်းပင်ဖြစ်သည်။

ဤဖီးနစ်အမြီးပန်းတွင် စစ်မှန်သော ဖီးနစ်စွမ်းအင်တစ်စွန်းပါဝင်ပြီး အပြာရောင်ကြိုးကြာငှက်သိုင်းဝိညာဉ်၏ ဇာစ်မြစ်ကို သန်မာစေနိုင်ကာ သိုင်းဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ရန်ပင် မျှော်လင့်ချက်ရှိသည်။

သို့ရာတွင် ယွမ်မန်လီသည် လေးလအာရုံစူးစိုက်ထားပြီးနောက်ပင် ဤဖီးနစ်အမြီးပန်းကို သန့်စင်နိုင်ခြင်း မရှိခဲ့သည်ကို မထင်မှတ်ထားခဲ့ပေ။

“နောက်ထပ် သုံးလလောက် ထပ်ကြိုးစားကြည့်မယ်... မရရင်တော့ တခြားနည်းလမ်းတွေ ထပ်ရှာရမှာပဲ...”

အတွေးများစွာ ဖြတ်သန်းသွားပြီးနောက် ယွမ်မန်လီသည် စိတ်ကို တည်ငြိမ်စေပြီး အပြာရောင်ကြိုးကြာငှက်သိုင်းဝိညာဉ်ကို အပြည့်အဝ လှုံ့ဆော်လိုက်သည်။

ထိုအချိန်တွင် ခပ်ရေးရေး နဂါးဟောက်သံတစ်ခုသည် အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်။

ယွမ်မန်လီသည် ထူးခြားမှုတစ်ခုကို ခံစားမိလိုက်ပြီး နဂါးဟောက်သံထဲတွင် အပြာရောင်ကြိုးကြာငှက်သိုင်းဝိညာဉ်သည် ခန္ဓာကိုယ်အနည်းငယ် တုန်ခါသွားပြီး ရုတ်တရက် ကြည်လင်သော မြည်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုမြည်သံသည် နဂါးဟောက်သံကို တုံ့ပြန်နေသည့်နှယ် ဖြစ်ပေါ်နေသည်။

ထို့နောက် အပြာရောင်ကြိုးကြာငှက်သိုင်းဝိညာဉ်သည် အပြာရောင်အလင်းတန်းများဖြင့် ပြင်းထန်စွာ တောက်ပလာပြီး ပေါက်ကွဲထွက်လာသော မီးလျှံများသည် လျှို့ဝှက်အခန်းတစ်ခုလုံးကို ရောင်စဉ်တန်းများဖြင့် ထွန်းလင်းစေကာ အပူချိန်သည် တဟုန်ထိုး မြင့်တက်လာသည်။

အခန်း (၂၆၇) ပြီးပါပြီ။

All Chapters